စင္ကာပူႏိုင္ငံရဲ႕ ထူျခားတဲ့ အေၾကာင္း ၁၀ ခ်က္

Posted on

ေရးသားသူ – Mg Thant

က်ေနာ္လက္ရွိ ေနထိုင္ေနတဲ့ စင္ကာပူႏိုင္ငံ ဆိုတာ ၁၉၆၅ခုႏွစ္မွာ မေလးရွားႏိုင္ငံကေန ခြဲထြက္ခဲ့တဲ့ ကြ်န္းႏိုင္ငံပိစိေလးေပါ႔။ ဒါေပမယ့္ သူက First World Country လို႔ေခၚတဲ့ အလြန္အမင္း ခ်မ္းသာတဲ့ ကမၻာ့ပထမတန္းစား ႏိုင္ငံထဲမွာပါတယ္။ ဒါကေတာ့ လူတိုင္းလိုလို သိမွာပါ။ ဒါေပမယ့္ လူတိုင္းလိုလို မသိေသးတဲ့ စင္ကာပူႏိုင္ငံရဲ႕ ထူးျခားတဲ့ အခ်က္ေတြ ရွိပါတယ္။ အဲဒါကို ဗဟုသုတ အလို႔ငွာ အပ်င္းေျပေစေၾကာင္း အလို႔ငွာ ေအာက္မွာ ေဖာ္ျပေပးလိုက္ရပါတယ္။

၁. စင္ကာပူႏိုင္ငံဟာ ကြ်န္းမၾကီး ၁ ခု၊ ကြ်န္းငယ္ေလးေပါင္း ၆၃ ခု ပါ၀င္တဲ့ ႏိုင္ငံငယ္ေလးပါ။ စင္ကာပူႏုိင္ငံရဲ႕ စုစုေပါင္း အက်ယ္အ၀န္းကေတာ့ စတုရန္းမုိင္ ၂၇၈မုိင္ပဲ ရွိပါတယ္။

၂. မိုနာကို ႏိုင္ငံေလးျပီးရင္ စင္ကာပူႏိုင္ငံဟာ ကမၻာေပၚမွာ ဒုတိယ လူေနထူထပ္ဆံုး ႏိုင္ငံပါတဲ့။ ၂၀၁၇ခုႏွစ္စာရင္းအရ လူဦးေရ ၅.၆သန္း ရွိၿပီး လူသိပ္သည္းမႈကေတာ့ ၁စတုရန္းမုိင္မွာ ၂၀၁၉၁ေယာက္ ေနထုိင္ပါတယ္။ ႏိုင္ငံကက်ဥ္း လူေနတာကမ်ားေတာ့ ဟုတ္တာေပါ႔။ ျမန္မာေတြကလည္း ဒီအထဲမွာ အားျဖည့္ထားတယ္။

၃. စင္ကာပူႏိုင္ရဲ႕ ရံုးသံုးစာနဲ႔ စကားဟာ အဂၤလိပ္စာနဲ႔ စကား ျဖစ္ၿပီး အျခားအဓိကဘာသာစကားေတြကေတာ့ တရုတ္ ၊ မေလး နဲ႔ တမီဘာသာစကားေတြ ျဖစ္ပါတယ္။ “Majulah Singapura” ဆိုတဲ့ စင္ကာပူႏိုင္ငံေတာ္ သီခ်င္းကေတာ့ ‘မေလး’ လို စပ္ဆိုထားပါတယ္။ သီခ်င္းေခါင္းစဥ္ နာမည္ကေတာ့ “Onward Singapore” ပါတဲ့။ ဒီသီခ်င္းကို သီဆိုတဲ့အခါ ‘မေလး’ လိုပဲ သီဆိုရမယ္လို႔ ဥပေဒနဲ႔ကို သတ္မွတ္ထားပါတယ္။

၄. “The Merlion” လို႔ေခၚတဲ့ ျခေသၤ့တစ္ပိုင္း၊ ငါးတစ္ပိုင္း အရုပ္ဟာ စင္ကာပူႏိုင္ငံ သေကၤတအရုပ္ျဖစ္ျပီး၊ ျခေသၤ့အရုပ္က စင္ကာပူကို စတင္ေတြ႔ရွိခဲ့တဲ့ မင္းသားေလးက ဒီကြ်န္းမွာ ျခေသၤ့နဲ႔တူတဲ့ သတၱ၀ါေတြ ေတြ႔ရွိခဲ့တာကို အစြဲျပဳပံုေဖာ္ျပီးေတာ့၊ ငါး ကိုတာ့ စင္ကာပူႏိုင္ငံ စဦးကာလဟာ တံငါရြာေလး ျဖစ္ခဲ့တာကို အစြဲျပဳျပီး ေပါင္းစပ္ပံုေဖာ္ထားတယ္လို႔ ဆိုပါတယ္။ စင္ကာပူက အပန္းေျဖ စခန္း ‘ဆန္တိုစာ’ (Sentosa) ကို သြားေရာက္လည္ပတ္ရင္ေတာ့ ဒီပံုျပင္ေလးကို ၾကည့္ရမွာပါ။

၅. စင္ကာပူႏိုင္ငံမွာ အေဆာက္အဦးေတြ အားလံုး မီတာ ၂၈၀ထက္ ပိုျမင့္ျပီးတည္ေဆာက္လို႔ မရပါဘူးတဲ့။ အခုလက္ရွိ အဲေလာက္ျမင့္ေအာင္ ေဆာက္ထားတဲ့ အေဆာက္အဦး ၄ခုပဲ ရွိပါတယ္။ အဲဒါေတြကေတာ့ Tanjong Pagar Centre, One Raffles Place Tower 1, Republic Plaza နဲ႔ UOB Plaza တို႔ပဲ ျဖစ္ပါတယ္။

၆. စင္ကာပူႏိုင္ငံရဲ႕ အျမင့္ဆံုးေနရာဟာ Bukit Timah လို႔ ေခၚတဲ့ ေတာင္ကုန္းေလးတစ္ခု ျဖစ္ျပီး အျမင့္ေပ ၁၆၄မီတာ(၅၃၆ေပ)သာ ျမင့္ပါတယ္။ စင္ကာပူရဲ႕ Bukit Panjang နယ္ေျမထဲမွာတည္ရွိပါတယ္။

၇. Suntec City လို႔ ေခၚတဲ့ တာ၀ါ အေဆာက္အဦး ငါးခုဟာ စင္ကာပူကို လာဘ္လာဘ ရႊင္ေစေၾကာင္း ယၾတာေကာင္းေခ်လို႔ ဖုန္းေရႊ ပညာနဲ႔ လက္ဖ၀ါး ပံုစံ ေဆာက္လို႔ထားပါတယ္။ တာ၀ါ ငါးခုကို လက္ေခ်ာင္းငါေခ်ာင္း သ႑ာန္ အနိမ့္အျမင့္အတိုင္း တည္ေဆာက္ထားျပီး အလယ္မွေတာ့ လက္ဖ၀ါး သ႑ာန္ ေရပန္းၾကီး တစ္ခု ျပဳလုပ္ထားပါတယ္။ အဲဒီ ေရပန္း တစ္ခုတည္းတင္ အေမရိကန္ေဒၚလာ ၆သန္း ကုန္က်ခံကာ ၁၉၉၇ခုႏွစ္မွာ တည္ေဆာက္ထားပါတဲ့။

၈. စင္ကာပူႏိုင္ငံတြင္းမွာ ပီေက (Chewing Gum) ကို စားသံုးျခင္း၊ သယ္ေဆာင္ျခင္း၊ လက္၀ယ္ ထားရွိျခင္းျပဳလွ်င္ ၾကိမ္ဒဏ္၊ ေထာင္ဒဏ္ စသည္ျဖင့္ ၾကီးေလးေသာ ျပစ္ဒဏ္မ်ား ခံရႏိုင္ပါတယ္။ ပီေက အား ဆရာဝန္ရဲ႕ေထာက္ခံခ်က္အရစားသံုးသူမွအပ တျခားသူမ်ား ေရာင္းခ်ျခင္းစားသံုးျခင္းျပဳလုပ္ပါက ဒဏ္ေငြ တစ္သိန္းမွ ေထာင္၂ ႏွစ္အထိပါတဲ့။

၉. ကမၻာေပၚမွာ မီလ်ံနာ သူေဌးအမ်ားဆံုး ႏိုင္ငံကို ျပပါဆိုရင္ စင္ကာပူႏိုင္ငံကိုပဲ ျပရမွာ ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္က စားရင္းဇယားမ်ားအရ စင္ကာပူႏိုင္ငံသား အေယာက္ ၃၅ေယာက္မွာ ၁ေယာက္ဟာ မီလ်ံနာ သူေဌးျဖစ္ၿပီး စုစုေပါင္းမီလ်ံနာေပါင္း ၁၅၄၀၀၀ ေယာက္ျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ အျခားႏုိင္ငံႀကီးေတြနဲ႔ယွဥ္ရင္နည္းေပမယ့္ ရွိတဲ့လူဦးေရနဲ႔ အခ်ဳိးခ်ရင္ စင္ကာပူက အမ်ားဆုံးျဖစ္ပါတယ္။

၁၀. စင္ကာပူမွာ အေရာင္းေကာင္းဆံုး စာအုပ္ကေတာ့ သရဲ ဇာတ္လမ္းစာအုပ္ ျဖစ္ျပီးေတာ့ Russell Lee လို႔ အမည္၀ွက္နဲ႔ ေရးခဲ့တဲ့ စာေရးဆရာရဲ႕ “True Singapore Ghost Stories” (စင္ကာပူ၏ သရဲ ျဖစ္ရပ္မွန္ ဇတ္လမ္းမ်ား) ဆိုတဲ့ စာအုပ္ကေတာ့ အတြဲ ၂၅တြဲထိ ထြက္ခဲ့ျပီး အုပ္ေရ ၁.၅သန္းနီးပါး ေရာင္းခ်ခဲ့ရပါတယ္။

Mg Thant


စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက် (unicode)

ရေးသားသူ – Mg Thant

ကျနော်လက်ရှိ နေထိုင်နေတဲ့ စင်ကာပူနိုင်ငံ ဆိုတာ ၁၉၆၅ခုနှစ်မှာ မလေးရှားနိုင်ငံကနေ ခွဲထွက်ခဲ့တဲ့ ကျွန်းနိုင်ငံပိစိလေးပေါ့။ ဒါပေမယ့် သူက First World Country လို့ခေါ်တဲ့ အလွန်အမင်း ချမ်းသာတဲ့ ကမ္ဘာ့ပထမတန်းစား နိုင်ငံထဲမှာပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိမှာပါ။ ဒါပေမယ့် လူတိုင်းလိုလို မသိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ဗဟုသုတ အလို့ငှာ အပျင်းပြေစေကြောင်း အလို့ငှာ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁. စင်ကာပူနိုင်ငံဟာ ကျွန်းမကြီး ၁ ခု၊ ကျွန်းငယ်လေးပေါင်း ၆၃ ခု ပါဝင်တဲ့ နိုင်ငံငယ်လေးပါ။ စင်ကာပူနိုင်ငံရဲ့ စုစုပေါင်း အကျယ်အဝန်းကတော့ စတုရန်းမိုင် ၂၇၈မိုင်ပဲ ရှိပါတယ်။

၂. မိုနာကို နိုင်ငံလေးပြီးရင် စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူနေထူထပ်ဆုံး နိုင်ငံပါတဲ့။ ၂၀၁၇ခုနှစ်စာရင်းအရ လူဦးရေ ၅.၆သန်း ရှိပြီး လူသိပ်သည်းမှုကတော့ ၁စတုရန်းမိုင်မှာ ၂၀၁၉၁ယောက် နေထိုင်ပါတယ်။ နိုင်ငံကကျဉ်း လူနေတာကများတော့ ဟုတ်တာပေါ့။ မြန်မာတွေကလည်း ဒီအထဲမှာ အားဖြည့်ထားတယ်။

၃. စင်ကာပူနိုင်ရဲ့ ရုံးသုံးစာနဲ့ စကားဟာ အင်္ဂလိပ်စာနဲ့ စကား ဖြစ်ပြီး အခြားအဓိကဘာသာစကားတွေကတော့ တရုတ် ၊ မလေး နဲ့ တမီဘာသာစကားတွေ ဖြစ်ပါတယ်။ “Majulah Singapura” ဆိုတဲ့ စင်ကာပူနိုင်ငံတော် သီချင်းကတော့ ‘မလေး’ လို စပ်ဆိုထားပါတယ်။ သီချင်းခေါင်းစဉ် နာမည်ကတော့ “Onward Singapore” ပါတဲ့။ ဒီသီချင်းကို သီဆိုတဲ့အခါ ‘မလေး’ လိုပဲ သီဆိုရမယ်လို့ ဥပဒေနဲ့ကို သတ်မှတ်ထားပါတယ်။

၄. “The Merlion” လို့ခေါ်တဲ့ ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်း အရုပ်ဟာ စင်ကာပူနိုင်ငံ သင်္ကေတအရုပ်ဖြစ်ပြီး၊ ခြင်္သေ့အရုပ်က စင်ကာပူကို စတင်တွေ့ရှိခဲ့တဲ့ မင်းသားလေးက ဒီကျွန်းမှာ ခြင်္သေ့နဲ့တူတဲ့ သတ္တဝါတွေ တွေ့ရှိခဲ့တာကို အစွဲပြုပုံဖော်ပြီးတော့၊ ငါး ကိုတာ့ စင်ကာပူနိုင်ငံ စဦးကာလဟာ တံငါရွာလေး ဖြစ်ခဲ့တာကို အစွဲပြုပြီး ပေါင်းစပ်ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ စင်ကာပူက အပန်းဖြေ စခန်း ‘ဆန်တိုစာ’ (Sentosa) ကို သွားရောက်လည်ပတ်ရင်တော့ ဒီပုံပြင်လေးကို ကြည့်ရမှာပါ။

၅. စင်ကာပူနိုင်ငံမှာ အဆောက်အဦးတွေ အားလုံး မီတာ ၂၈ဝထက် ပိုမြင့်ပြီးတည်ဆောက်လို့ မရပါဘူးတဲ့။ အခုလက်ရှိ အဲလောက်မြင့်အောင် ဆောက်ထားတဲ့ အဆောက်အဦး ၄ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ Tanjong Pagar Centre, One Raffles Place Tower 1, Republic Plaza နဲ့ UOB Plaza တို့ပဲ ဖြစ်ပါတယ်။

၆. စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံးနေရာဟာ Bukit Timah လို့ ခေါ်တဲ့ တောင်ကုန်းလေးတစ်ခု ဖြစ်ပြီး အမြင့်ပေ ၁၆၄မီတာ(၅၃၆ပေ)သာ မြင့်ပါတယ်။ စင်ကာပူရဲ့ Bukit Panjang နယ်မြေထဲမှာတည်ရှိပါတယ်။

၇. Suntec City လို့ ခေါ်တဲ့ တာဝါ အဆောက်အဦး ငါးခုဟာ စင်ကာပူကို လာဘ်လာဘ ရွှင်စေကြောင်း ယတြာကောင်းချေလို့ ဖုန်းရွှေ ပညာနဲ့ လက်ဖဝါး ပုံစံ ဆောက်လို့ထားပါတယ်။ တာဝါ ငါးခုကို လက်ချောင်းငါချောင်း သဏ္ဍန် အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားပြီး အလယ်မှတော့ လက်ဖဝါး သဏ္ဍာန် ရေပန်းကြီး တစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီ ရေပန်း တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၆သန်း ကုန်ကျခံကာ ၁၉၉၇ခုနှစ်မှာ တည်ဆောက်ထားပါတဲ့။

၈. စင်ကာပူနိုင်ငံတွင်းမှာ ပီကေ (Chewing Gum) ကို စားသုံးခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်းပြုလျှင် ကြိမ်ဒဏ်၊ ထောင်ဒဏ် စသည်ဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ခံရနိုင်ပါတယ်။ ပီကေ အား ဆရာဝန်ရဲ့ထောက်ခံချက်အရစားသုံးသူမှအပ တခြားသူများ ရောင်းချခြင်းစားသုံးခြင်းပြုလုပ်ပါက ဒဏ်ငွေ တစ်သိန်းမှ ထောင်၂ နှစ်အထိပါတဲ့။

၉. ကမ္ဘာပေါ်မှာ မီလျံနာ သူဌေးအများဆုံး နိုင်ငံကို ပြပါဆိုရင် စင်ကာပူနိုင်ငံကိုပဲ ပြရမှာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်က စားရင်းဇယားများအရ စင်ကာပူနိုင်ငံသား အယောက် ၃၅ယောက်မှာ ၁ယောက်ဟာ မီလျံနာ သူဌေးဖြစ်ပြီး စုစုပေါင်းမီလျံနာပေါင်း ၁၅၄၀၀၀ ယောက်ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ အခြားနိုင်ငံကြီးတွေနဲ့ယှဉ်ရင်နည်းပေမယ့် ရှိတဲ့လူဦးရေနဲ့ အချိုးချရင် စင်ကာပူက အများဆုံးဖြစ်ပါတယ်။

၁၀. စင်ကာပူမှာ အရောင်းကောင်းဆုံး စာအုပ်ကတော့ သရဲ ဇာတ်လမ်းစာအုပ် ဖြစ်ပြီးတော့ Russell Lee လို့ အမည်ဝှက်နဲ့ ရေးခဲ့တဲ့ စာရေးဆရာရဲ့ “True Singapore Ghost Stories” (စင်ကာပူ၏ သရဲ ဖြစ်ရပ်မှန် ဇတ်လမ်းများ) ဆိုတဲ့ စာအုပ်ကတော့ အတွဲ ၂၅တွဲထိ ထွက်ခဲ့ပြီး အုပ်ရေ ၁.၅သန်းနီးပါး ရောင်းချခဲ့ရပါတယ်။

Mg Thant

Leave a Reply