ကမာၻ႔အဆိပ္အျပင္းဆုံး ေျမြ (၁၀) မ်ဳိး နဲ႔ ေျမြကုိက္ခံရတဲ့ လုပ္သင့္ မလုပ္သင့္သည္မ်ား

Posted on

ေျမြဆုိတဲ့ သတၱ၀ါကုိ ေယာက်ၤားမိန္းမ လူႀကီးလူငယ္မေရြး အမ်ားစုေၾကာက္လန္႔ၾကပါတယ္။ ေျမြတုိင္းကေတာ့ လူေတြကုိ အႏၱရာယ္မေပးႏုိင္ေပမယ့္ အဆိပ္ရွိေျမြေတြကေတာ့ အသက္ေသဆုံးေစတဲ့အထိ ဒုကၡေပးႏုိင္ပါတယ္။ ဒီတစ္ခါေတာ့ ကမာၻေပၚက အဆိပ္အျပင္းဆုံးေျမြ ၁၀ မ်ဳိးအေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားထံ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

၁၀။ ခေလာက္ေျမြ (Rattlesnake)

ခေလာက္ေျမြကိုေတာ့ အမ်ားစုၾကားဖူးၾကမွာပါ။ အၿမီးမွာ တဂ်စ္ဂ်စ္ျမည္တဲ့ ခေလာက္ပုံစံေလးပါလုိ႔ ခေလာက္ေျမြလုိ႔ေခၚတာျဖစ္ၿပီး အေမရိကမွာ အမ်ားဆုံးေတြ႔ရတတ္ပါတယ္။ ခေလာက္သံကိုေတာ့ ရန္သူနဲ႔ ရင္ဆုိင္တဲ့အခါမွာ အာရုံလႊဲဖုိ႔ အသုံးျပဳေလ့ရွိပါတယ္။ အဆိပ္အလြန္ျပင္းတဲ့ ေျမြမ်ဳိးျဖစ္ၿပီး ငွက္ နဲ႔ ၾကြက္ ၊ ရွဥ့္ စတဲ့သတၱ၀ါငယ္ေလးေတြဟာ သူ႔ရဲ႕အစာျဖစ္ပါတယ္။ ခေလာက္ေျမြအကုိက္ခံရတဲ့အခါ လူေတြခႏၶာကုိယ္ထဲက တစ္သ်ဴးေတြပ်က္စီးလာၿပီး ႏွလုံးခုန္ရပ္ကာ ခ်က္ခ်င္းေသေစႏုိင္ပါတယ္။ ေျမာက္အေမရိကရဲ႕ အဆိပ္အျပင္းဆုံးေျမြတစ္မ်ဳိးအျဖစ္ သတ္မွတ္ထားပါတယ္။

၉။ အက္ဒါေျမြေပြး (death adder)

နာမည္မွာကိုတည္းက ေသမင္းဆုိတဲ့စကားလုံးပါတာေၾကာင့္ အဆိပ္ျပင္းတဲ့ေျမြျဖစ္မွန္း ရိပ္မိၾကမွာပါ။ ၾသစေၾတးလွ် နဲ႔ နယူးဂီနီတုိ႔မွာ ေတြ႔ရတတ္တဲ့ ေျမြအမ်ဳိးအစားျဖစ္ပါတယ္။ ခႏၶာကုိယ္ဖြဲ႔စည္းတည္ေဆာက္ပုံ တုိတုိတုတ္တုတ္ျဖစ္ေပမယ့္ သူတုိ႔ရဲ႕အဆိပ္ကေတာ့ ပ်ံႏွံ႔မႈအလြန္ျမန္ပါတယ္။ ဒီေျမႊအကုိက္ခံရရင္ေတာ့ အာရုံေၾကာပ်က္စီးေစတဲ့ သူ႔အဆိပ္ေၾကာင့္ သြပ္ခါပါဒျဖစ္ၿပီး အသက္ရႈစနစ္ကုိပါ ပ်က္စီးေစမွာျဖစ္ပါတယ္။ ပိုိၿပီးေၾကာက္ဖုိ႔ေကာင္းတာကေတာ့ ဒီေျမြေတြအကုိက္ခံရတဲ့အခါ ေရာဂါလကၡဏာခ်က္ခ်င္း မျပတတ္တာပဲ ျဖစ္ပါတယ္။ အခ်ိန္မီကုသမႈ မခံယူရင္ေတာ့ အခ်ိန္အနည္းငယ္ကေန ၆နာရီအတြင္း ေသဆုံးသြားမွာျဖစ္ပါတယ္။

၈။ ေျမြေပြး (Vipers)

ေျမြေပြးကိုေတာ့ ျမန္မာမွာသာမက ကမာၻအႏွံ႔မွာ ေတြ႔ႏုိင္ပါတယ္။ အဓိကအားျဖင့္ အာရွတုိက္ နဲ႔ ပူျပင္းတဲ့ သဲကႏာၱရအစပ္ေတြမွာ အမ်ားဆုံးေတြ႔ရတတ္ပါတယ္။ ေနရာေဒသအလုိက္ ေျမြအေရာင္ ၊ အရြယ္အစား နဲ႔ အဆိပ္ျပင္းထန္မႈေတြ ကြာျခားတတ္ပါတယ္။ ေရႊအုိေရာင္ေျမြေပြးကုိေတာ့ ၾသစေတးလွ်၊ အုိင္ယာလန္၊ နယူးဇီလန္၊ ေတာင္ကုိရီးယားတုိ႕မွာ ေတြ႔ရတတ္ပါတယ္။ ေျမြေပြးအမ်ားစုဟာ အေပြးအကြက္ေတြနဲ႔ျဖစ္ေပမယ့္ ကႏၱာရေျမြေပြးမ်ိဳးက်ေတာ့ ေၾကးနီေရာင္နဲ႔ အညိဳေရာင္၊ အကြက္မေပါ့တေပၚျဖစ္ပါတယ္။ ေျမြေပြးအကိုက္ခံရတဲ့အခါ ေသြးအဆိပ္တက္ၿပီး မ်က္ႏွာျပာႏွမ္းလာကာ အသက္ရႈက်ပ္ျခင္း ၊ ဦးေႏွာက္ေသြးယုိျခင္း နဲ႔ ခႏၶာကုိယ္ေသြးစိမ့္ျခင္း စတဲ့လကၡဏာေတြျပတတ္ပါတယ္။ တခ်ဳိ႕ေျမြေပြးေတြက ခ်က္ခ်င္း အဆိပ္လကၡဏာျပတတ္ေပမယ့္ တခ်ဳိ႕ကေတာ့ျပေလ့မရွိပါ။ အခ်ိန္မီမကုသမိပါက တစ္ရက္ကေန ႏွစ္ပတ္အတြင္း ေသဆံုးတက္ပါတယ္။

၇။ ေျမြေဟာက္ (Cobra)

ေျမြေဟာက္ေတြဟာ အလြန္အဆိပ္ျပင္းတယ္ဆုိတာကိုေတာ့ သိၾကၿပီးျဖစ္မွာပါ။ ျမန္မာအပါအ၀င္ အာရွ အာဖရိကတုိက္နဲ႔ အပူပုိင္းေဒသေတြမွာေတြ႔ရေလ့ရွိပါတယ္။ အရြယ္အစားႀကီးမားတတ္ၿပီး တခ်ဳိ႕အေကာင္ႀကီးေတြဆုိရင္ အရွည္ ၉ေပ ကေန ၁၃ေပ အထိ ရွိတတ္ပါတယ္။ ေျမြေဟာက္ေတြဟာ သူတုိ႔ရဲ႕အဆိပ္ကုိ ၁၀ေပအကြာခန္႔က မႈတ္ထုတ္ႏုိင္စြမ္းရွိပါတယ္။ ေျမြေဟာက္အကုိက္ခံရတဲ့အခါ ေအာ့အန္ျခင္း ဗုိက္နာျခင္း နဲ႔ တက္ျခင္း စတဲ့လကၡဏာေတြျပတတ္ၿပီး အသက္ရႈစနစ္နဲ႔ ခႏၶာကိုယ္တစ္သွ်ဴးေတြကို ပ်က္စီးေစမွာပါ။ အဆိပ္အျပင္းဆုံးေျမြေဟာက္ အမ်ဳိးအစား အကုိက္ခံရရင္ေတာ့ နာရီ၀က္အတြင္းေသဆုံးသြားမွာ ျဖစ္ပါတယ္။

၆။ က်ားေျမြ (Tiger Snake)

ၾသစေၾတးလ် နဲ႔ နယူးဇီလန္ေတြမွာအေတြ႔ရမ်ားတဲ့ ေျမြမ်ဳိးျဖစ္ၿပီး က်ားေျမြဆုိတဲ့အတုိင္း အ၀ါစင္းေတြကုိ ပုိင္ဆုိင္ထားပါတယ္။ ရန္မလုိပဲ ေအးေအးေဆးေဆး ေနတတ္တဲ့ေျမြမ်ဳိးျဖစ္ေပမယ့္ စိတ္အေႏွာက္အယွက္ျဖစ္ၿပီဆုိရင္ေတာ့ အတင္းတုိက္ခိုက္တတ္တဲ့ေျမြမ်ဳိးပါ။ အလြန္အဆိပ္ျပင္းၿပီး အကုိက္ခံရတဲ့အခါ အလြန္အမင္းနာက်င္ျခင္း နဲ႔ အသက္ရႈက်ပ္တာ အာရုံေၾကာပ်က္စီးတာေတြျဖစ္တတ္ပါတယ္။ အခ်ိန္မီ မကုသပါက နာရီ၀က္အတြင္းေသဆုံးတတ္ၿပီး ဒီေျမြအကုိက္ခံရတဲ့ လူ ၁၀ေယာက္မွာ ၆ေယာက္ဟာ ေသဆုံးသြားတတ္ပါတယ္။

၅။ အနက္ေရာင္ မန္ဗာေျမြ (Black Mamba)

အနက္ေရာင္ Mamba ေျမြလုိ႔ အမည္ေပးရတာကေတာ့ သူရဲ႕အာေခါင္အတြင္းဘက္အေရာင္ဟာ အနက္ေရာင္ျဖစ္လုိ႔ပါ။ ဒီေျမြေတြဟာ အာဖရိကရဲ႕အဆိပ္အျပင္းဆံုးေျမြေတြျဖစ္ၿပီး သူတို႔ဟာ ရန္လိုကာ တိုက္ခိုက္မူျမန္ဆန္လြန္းပါတယ္။ တခါတုိက္ခုိက္တဲ့အခါ ၁၂ႀကိမ္အထိ တုိက္ခုိက္ႏုိင္စြမ္းရွိၿပီး တစ္ခ်က္ကုိက္ရုံနဲ႔ ေသေစေလာက္တဲ့အထိ အဆိပ္သင့္ပါတယ္။ အခ်က္ေပါင္းမ်ားစြာ တဆက္တည္းကုိက္တတ္တာေၾကာင့္ ဒီေျမြကုိက္တဲ့အခါ အဆိပ္အလြန္ျပင္းထန္ၿပီး ခ်က္ခ်င္းမကုသႏုိင္ပါက ၁၅ မိနစ္အတြင္းေသဆုံးတတ္ပါတယ္။ သူ႔ရဲ႕အဆိပ္က ေသြးနီဥေတြကုိ ပ်က္စီးေစၿပီး အာရုံေၾကာကို ပ်က္စီးေစကာ ႏွလုံးကိုရပ္တန္႔ႏုိင္စြမ္းရွိပါတယ္။

၄။ တုိင္ပန္ေျမြ (Taipan)

ၾသစေၾတးလ်မွာ အေတြ႔ရမ်ားတတ္တဲ့ေျမြမ်ဳိးျဖစ္ၿပီး အရြယ္အစားကေတာ့ လင္းေျမြအရြယ္ေလာက္သာ ရွိတတ္ပါတယ္။ အေကာင္ငယ္ေပမယ့္ အဆိပ္အလြန္ျပင္းထန္ၿပီး တုိက္ခုိက္မႈျမန္ဆန္တဲ့ေျမြမ်ဳိးျဖစ္ပါတယ္။ ဒီေျမြကုိက္တဲ့အခါ ေသြးလည္ပတ္မႈရပ္တန္႔သြားမွာျဖစ္ၿပီး ၁နာရီအတြင္း ေသဆုံးတတ္ပါတယ္။ တခ်ိန္ကေတာ့ ေျဖေဆးမရွိတာေၾကာင့္ ဒီေျမြအကုိက္ခံရတဲ့သူတုိင္း ေသဆုံးတတ္ေပမယ့္ အခုေတာ့ ေျဖေဆးေတြရွိလာၿပီျဖစ္တာေၾကာင့္ ကုသလုိ႔ရေနပါၿပီ။ ဒါေပမယ့္ ရက္ေပါင္းမ်ားစြာ ဆက္လက္ကုသၿပီးမွ ပုံမွန္လူတစ္ေယာက္လုိ ျပန္က်န္းမာလာႏုိင္မွာ ျဖစ္ပါတယ္။

၃။ အျပာေရာင္ခရိတ္ေျမြ (Blue Krait)

အေရွ႕ေတာင္အာရွ နဲ႔ အေရွ႕အာရွႏုိင္ငံေတြမွာ အေတြ႔ရမ်ားတတ္တဲ့ေျမြျဖစ္ၿပီး အမ်ားအားျဖင့္ မေလးရွွားႏုိင္ငံမွာ အမ်ားဆုံးေတြ႔တတ္တာေၾကာင့္ မေလးခရိတ္ေျမြ(Malayan krait) လုိ႔လည္း ေခၚၾကပါေသးတယ္။ ျမန္မာႏုိင္ငံက ငန္းေတာ္က်ားနဲ႔ အနည္းငယ္ဆင္ေပမယ့္ သူ႔အေရာင္ကေတာ့ အျပာအနက္၊ အဝါအနက္ အစင္းက်ားျဖစ္ပါတယ္။ အကုိက္ခံလုိက္ရတာနဲ႔ လူ(၁၀) ေယာက္မွာ (၅) ေယာက္ဟာ ေဆးမမီၾကပါဘူး။ ညဘက္မွထြက္တတ္တဲ့ ေျမြမ်ဳိးျဖစ္ၿပီး သူတုိ႔ေနတဲ့ေနရာနဲ႔ နီးေလ ရန္လုိၿပီး တုိက္ခုိက္တတ္ေလပါ။ ေျမြေဟာက္ထက္ အဆိပ္ (၁၆)ဆ ျပင္းအားရွိၿပီး ဆင္ကုိေတာင္ေသေစႏုိင္တဲ့ အထိ အဆိပ္ျပင္းထန္ပါတယ္။ အကုိက္ခံရပါက ခ်က္ခ်င္း ေလျဖတ္သလုိ၊ ေလငန္းဖမ္းသလုိ၊ အေၾကာေတြေသကုန္ကာ မိနစ္အနည္းငယ္အတြင္း အသက္ေသဆုံးႏုိင္တဲ့အထိ အဆိပ္ျပင္းပါတယ္။ ထူးျခားတာ တစ္ခုကေတာ့ ၎ေျမြေတြ ေဒါသထြက္တဲ့အခါ အုပ္စုလုိက္ တုိက္ခုိက္ ရန္ျပဳတတ္တာပဲ ျဖစ္ပါတယ္။

၂။ အေရွ႕ပုိင္းအညဳိေရာင္ေျမြ (Eastern Brown Snake)

ဒီေျမြကိုေတာ့ ၾသစေၾတးလ်ႏုိင္ငံရဲ႕ လူေနထူထပ္တဲ့ေနရာေတြမွာ ေတြ႔ရတတ္ၿပီး အဆိပ္အျပင္းဆုံးေျမြမ်ဳိး စာရင္း၀င္ျဖစ္ပါတယ္။ ဒီေျမြရဲ႕ အဆိပ္ တစ္ေအာင္စရဲ႕ (၁၄၀၀)ပုံ တစ္ပုံေသာ အဆိပ္ရည္ဟာ အားေကာင္းေမာင္းသန္ လူတစ္ဦးကို ေသေစႏုိင္ပါတယ္။ လႈပ္ရွားမႈအလြန္ျမန္ဆန္ၿပီး၊ အဆိပ္မရွိတဲ့ ေျမြမ်ဳိးနဲ႔ မွားယြင္းတတ္ပါတယ္။ လူနဲ႔ တိရစာၦန္ေတြကို ရန္လုိတုိက္ခုိက္တတ္ၿပီး ရန္လုိတဲ့ ေျမြမ်ိဳးပါ။ အရြယ္ေရာက္ၿပီးေျမြေတြတင္ အဆိပ္ျပင္းတာမဟုတ္ပဲ ေျမြေပါက္ေလးေတြကေတာင္ လူကိုေသေစႏုိင္ပါတယ္။ သူ႔အဆိပ္ဟာ အာရုံေၾကာကို ပ်က္စီးေစၿပီး ေသြးခဲသြားေစတာပါ။ ၾသစေၾတးလ်မွာ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း ေႁမြေပါက္လို႔ ေသဆုံးရသူ ၃၅ ေယာက္ရွိခဲ့ၿပီး အဲဒီအထဲမွာမွ eastern brown ေႁမြေၾကာင့္ ေသဆုံးရမႈက ၂၃ ေယာက္ေတာင္ ရွိခဲ့ပါတယ္။

၁။ အင္လန္းတုိင္ပန္ေျမြ (Inland Taipan)

ဒီေျမြရဲ႕ နာမည္ေနာက္တစ္မ်ဳိးက Fierce Snake (အလြန္ရက္စက္ၾကမ္းၾကဳတ္တဲ့ေျမြ) ျဖစ္ပါတယ္။ ကမာၻ႔အဆိပ္အျပင္းဆုံးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေျမြျဖစ္ပါတယ္။ ၾသစေတးလ်ႏိုင္ငံ အေရွ ႔အလယ္ပိုင္းမွာ ရွင္သန္ေပါက္ဖြားျပီး ေႏြရာသီမွာ ညိဳဝါဝါ အေရာင္ ေျပာင္းျပီး ေဆာင္းရာသီမွာ အနက္ေရာင္၊ ညိဳရင့္ေရာင္ တုိ႔ကုိ ေျပာင္းလဲသြားပါတယ္။ အရွည္ ၆ေပကေန ၈ေပ ေက်ာ္အထိ ရွိတတ္တဲ့ေျမြမ်ဳိးျဖစ္ၿပီး ပ်မ္းမွ်အဆိပ္ထုတ္ႏုိင္တဲ့ ပမာဏကေတာ့ ၄၄မီလီဂရမ္ ျဖစ္ၿပီး အမ်ားဆုံးထုတ္ႏုိင္တဲ့ပမာဏကေတာ့ ၁၁၀ မီလီဂရမ္ျဖစ္ပါတယ္။ ဒီအဆိပ္ ၁၁၀ မီလီဂရမ္ ပမာဏဟာ လူေပါင္း ၁၀၀ ကိုေသေစႏုိင္တဲ့ အစြမ္းရွိတယ္လုိ႔ ပညာရွင္မ်ားက ဆုိပါတယ္။ ရန္လုိတဲ့ေျမြမ်ဳိးမဟုတ္ပဲ သူတုိ႔ကုိ ထိခုိက္မွသာ ျပန္လည္တုိက္ခုိက္တတ္တဲ့ေျမြမ်ဳိးျဖစ္ပါတယ္။

အေပၚက အေၾကာင္းေတြကေတာ့ အဆိပ္အျပင္းဆုံးေျမြေတြအေၾကာင္းျဖစ္ၿပီး ေျမြကုိက္တဲ့အခါ လုပ္သင့္ မလုပ္သင့္တာေတြကုိ ဗဟုသုတ အေနနဲ႔ ဆက္လက္ေ၀မွ်လုိက္ပါတယ္။

ေႁမြကိုက္ခံရတဲ့အခါ လုပ္ေဆာင္သင့္တဲ့ အရာမ်ားနဲ႔ မလုပ္ေဆာင္သင့္တဲ့ အရာမ်ား

နီးစပ္ရာ ေဆး႐ုံး၊ ေဆးခန္းသို႔ အျမန္ဆုံးသြားေရာက္ပါ။
ကိုက္တဲ့ေႁမြက အဆိပ္မရွိဘူးဆိုရင္ေတာင္ ကိုက္ခံရတဲ့ ဒါဏ္ရာကေန ျပင္းထန္တဲ့ ဘတ္တီးရီးယား ကူးစက္ေရာဂါ ျဖစ္တဲ့ ေမးခိုင္ ေရာဂါ (tetanus) ကူးစက္ခံရႏိုင္တာေၾကာင့္ ဘာေႁမြကိုက္ကိုက္ ေဆး႐ုံေဆးခန္းသြားျပသင့္ပါတယ္။

အကိုက္ခံရတဲ့ လက္၊ ေျခေထာက္ကို အတတ္ႏိုင္သမွ် မလႈပ္ရွားပဲေနပါ။
ဒီလို ေနျခင္းျဖင့္ အဆိပ္မ်ားပ်ံ႕ႏွံ႔ျခင္းကို ေႏွးေကြးေစလာပါလိမ့္မယ္။

ေႁမြရဲ႕ ပုံပန္းသြင္ျပင္ကို မွတ္လာခဲ့ပါ။
ေႁမြရဲ႕ ပုံပန္းသြင္ျပင္ကိုမွတ္လာခဲ့ျခင္းျဖင့္ ဆရာဝန္က ဘယ္ေႁမြကိုက္လိုက္သလဲဆိုတာကို အလြယ္တကူ ခြဲျခားေစႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘယ္ေဒသမွာ အကိုက္ခံရသလဲဆိုတာကလည္း အေထာက္ အကူျဖစ္ေစႏိုင္ပါတယ္။

ေႁမြကိုက္ခံရတဲ့ အခ်ိန္ ကို မွတ္ထားပါ။
ဒီလို မွတ္ထားျခင္းျဖင့္ ဆရာဝန္က အခ်ိန္ဘယ္ေလာက္ ကုန္သြားၿပီလဲဆိုတာ သိလာမွာ ျဖစ္ပါတယ္။

လက္ဝတ္ရတနာေတြကို ခြၽတ္ထားပါ။
ေႁမြကိုက္ခံရၿပီး ဒဏ္ရာနားတစ္ဝိုက္ မေရာင္ကိုင္းလာခင္ ေသြးစီးဆင္းမႈကို ေႏွာင့္ယွက္ေစႏိုင္တဲ့ လက္ဝတ္ရတနာေတြကို ခြၽတ္ထားပါ။

ေႁမြကို အတင္းမရမက လိုက္မဖမ္းပါနဲ႔။
ေႁမြကိုက္ခံရၿပီးေနာက္ ေႁမြကို အတင္းမရမက လိုက္မဖမ္းပါနဲ႔။ သင့္အေနနဲ႔ ဒုတိယ အႀကိမ္ ထပ္အကိုက္ခံရႏိုင္ေသးတာ ေၾကာင့္မို႔ပါ။

အဆိပ္ေတြကို ပါးစပ္ကေန စုပ္ထုတ္တာမ်ိဳး မလုပ္ပါနဲ႔။
ဒီလို အဆိပ္ေတြကို ပါးစပ္နဲ႔ စုပ္ထုတ္တာမ်ိဳး မလုပ္ပါနဲ႔။ ဒီလို လုပ္တာက အလုပ္မျဖစ္ပါဘူး။ ဒါ့အျပင္ ပါးစပ္ထဲမွာ အဆိပ္ေတြ ျပည့္လာႏိုင္ပါေသးတယ္။ အက္စပရင္၊ အိုင္ဗ်ဴ ပ႐ိုဖင္ ( ibuprofen) နဲ႔ တစ္ျခားေသာ အကိုက္အခဲေပ်ာက္ ေဆးမ်ားဟာ ေသြးမ်ားကို က်ဲေစၿပီး ေသြးထြက္လြန္ေစႏိုင္တဲ့ အတြက္ ဒီေဆးေတြ မေသာက္သင့္ပါဘူး။

ပတ္တီးၾကပ္ၾကပ္မစည္းပါနဲ႔။
အရင္က ေႁမြကိုက္ခံရင္ ဒဏ္ရာရဲ႕ အထက္ကို ပတ္တီးၾကပ္ၾကပ္စည္းရမယ္လို႔ လူအမ်ားသိခဲ့ၾကေပမဲ့ ဒီလို ေသြးစီးဆင္းမႈကို ပိတ္ခ်လိုက္ျခင္းဟာ တစ္ရႈးပ်က္ဆီးမႈကို ပိုျဖစ္ေစၿပီး အကိုက္ခံရတဲ့ ေျခ၊ လက္ေတြ လုံးဝ သုံးမရေတာ့တာမ်ိဳး အထိပါ ျဖစ္ေစႏိုင္ပါတယ္။

ေႁမြကိုက္ခံရရင္ ဘယ္လို ကုသရမလဲ။
ေႁမြကိုက္ခံရင္ ဘယ္လို ကုသရမလဲဆိုတာက ဘာေႁမြ အကိုက္ခံလိုက္ရလဲဆိုတဲ့ အခ်က္နဲ႔ သင္ခႏၶာကိုယ္က ေႁမြဆိပ္ကို ဘယ္ေလာက္ အထိ တုံ႔ျပန္သလဲဆိုတဲ့ အခ်က္အေပၚ မူတည္ပါတယ္။ အဆိပ္မျပင္းထန္တဲ့ ျဖစ္ရပ္ေတြမွာဆိုရင္ အကိုက္ခံရတဲ့ ဒဏ္ရာကို ေဆးေၾကာျခင္းနဲ႔ ေနာက္ထပ္ ဘာအႏၲရာယ္မွ မရဘူးဆိုတာ ေသခ်ာေအာင္လို႔ စစ္ေဆးခ်က္လုပ္႐ုံ အျပင္ တစ္ျခား ဘာမွကို လုပ္စရာမလိုပါဘူး။

ႀကိဳတင္ကာကြယ္မႈမ်ား။

ေႁမြကိုက္ခံရဖို႔ အတြက္ ႀကိဳတင္ကာကြယ္မႈ လုပ္ႏိုင္တဲ့ နည္းလမ္းတစ္ခုကေတာ့ ေႁမြေတြကို သြားမစဖို႔ပါပဲ။ ကမာၻတစ္ဝွမ္းက ေႁမြေတာ္ေတာ္မ်ားမ်ားက ရန္လိုေလ့မရွိဘဲ သူတို႔ေတြကို ၿခိမ္းေျခာက္တယ္လို႔ ခံစားရတဲ့ အခ်ိန္မွာသာ ကိုက္တတ္ၾကတာ ျဖစ္ပါတယ္။

ဒါအျပင္ ေႁမြအကိုက္ခံရႏႈန္းမ်ားျပားတဲ့ အခ်ိန္ေတြမွာ လုပ္ကိုင္ႏိုင္တဲ့ အခ်က္ေတြကေတာ့-

လမ္းေလွ်ာက္တဲ့ အခ်ိန္ ဂ႐ုစိုက္ပါ။ ေႁမြေတြဟာ လမ္းမွာေတြ႕ရင္ေတာင္ သင္ မတက္နင္းသ၍ မကိုက္တတ္ၾကပါဘူး။ သတိရွိေနဖို႔ အတြက္ အရက္ေသာက္တာကို ေရွာင္ရွားပါ။ ေျမြေပါတဲ့လမ္းေတြမွာ လမ္းေလွ်ာက္ရင္ လမ္းေလွ်ာက္တုတ္ေလးတစ္ေခ်ာင္းေဆာက္သြားပါ။ အကယ္၍ လမ္းေလွ်ာက္တုတ္နဲ႔ ေႁမြကို သြားထိမိမယ္ဆိုရင္ ဒီတုတ္ေခ်ာင္းကိုသာ ေႁမြက တိုက္ခိုက္ၾကမွာ ျဖစ္ပါတယ္။

ေျခခ်င္းဝတ္နားတစ္ဝိုက္ လုံလုံၿခဳံၿခဳံရွိေစဖို႔ အတြက္ လည္ရွည္ဖိနပ္မ်ားနဲ႔ ေဘာင္းဘီရွည္မ်ားကို ဝတ္ဆင္ပါ။ ညဘက္ လမ္းသြားလမ္းလာ လုပ္ေဆာင္တဲ့ အခါ ေႁမြကိုေတြ႕ရင္ ေရွာင္ႏိုင္ေစဖို႔ အတြက္ လက္ႏွိပ္ဓာတ္မီး၊ သို႔ စမတ္ဖုန္းမွမီး အလင္းေရာင္ကို အၿမဲတမ္း အသုံးျပဳပါ။ ေႁမြေတာ္ေတာ္မ်ားမ်ားက လူကသူ႔ကိုေၾကာက္တာထက္ ေႁမြေတြက ပိုေၾကာက္ၾကပါတယ္။ ဒါ့ေၾကာင့္ ေႁမြကို ေျပးဖို႔ ေနရာေပးျခင္းျဖင့္ ေႁမြကိုက္ခံရျခင္းမွ ေရွာင္ရွားႏိုင္ပါတယ္။

အဆိပ္ရွိတဲ့ ေျမြေတြနဲ႔ အဆိပ္ရွိမွန္း မသိရတဲ့ ေႁမြေတြကို ဖမ္းဆီးတာမ်ိဳး၊ သြားစတာမ်ိဳး မျပဳလုပ္ပါနဲ႔။ ေနထိုင္တဲ့ ေနရာက ေႁမြအႏၲရာယ္မ်ားတဲ့ ေနရာျဖစ္မယ္ဆိုရင္ ေႁမြအေၾကာင္း ေကာင္းေကာင္းသိေအာင္လုပ္ထားၿပီး အမ်ိဳးအစားခြဲျခားတတ္ေအာင့္ ေလ့က်င့္ထားသင့္ပါတယ္။

Via : Hello Health Group
သုတဇုန္


ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ (၁၀) မျိုး နဲ့ မြွေကိုက်ခံရတဲ့ လုပ်သင့် မလုပ်သင့်သည်များ (unicode)

မြွေဆိုတဲ့ သတ္တဝါကို ယောင်္ကျားမိန်းမ လူကြီးလူငယ်မရွေး အများစုကြောက်လန့်ကြပါတယ်။ မြွေတိုင်းကတော့ လူတွေကို အန္တရာယ်မပေးနိုင်ပေမယ့် အဆိပ်ရှိမြွေတွေကတော့ အသက်သေဆုံးစေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီတစ်ခါတော့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးမြွေ ၁၀ မျိုးအကြောင်းကို သုတဇုန် မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

၁၀။ ခလောက်မြွေ (Rattlesnake)

ခလောက်မြွေကိုတော့ အများစုကြားဖူးကြမှာပါ။ အမြီးမှာ တဂျစ်ဂျစ်မြည်တဲ့ ခလောက်ပုံစံလေးပါလို့ ခလောက်မြွေလို့ခေါ်တာဖြစ်ပြီး အမေရိကမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခလောက်သံကိုတော့ ရန်သူနဲ့ ရင်ဆိုင်တဲ့အခါမှာ အာရုံလွှဲဖို့ အသုံးပြုလေ့ရှိပါတယ်။ အဆိပ်အလွန်ပြင်းတဲ့ မြွေမျိုးဖြစ်ပြီး ငှက် နဲ့ ကြွက် ၊ ရှဉ့် စတဲ့သတ္တဝါငယ်လေးတွေဟာ သူ့ရဲ့အစာဖြစ်ပါတယ်။ ခလောက်မြွေအကိုက်ခံရတဲ့အခါ လူတွေခန္ဓာကိုယ်ထဲက တစ်သျူးတွေပျက်စီးလာပြီး နှလုံးခုန်ရပ်ကာ ချက်ချင်းသေစေနိုင်ပါတယ်။ မြောက်အမေရိကရဲ့ အဆိပ်အပြင်းဆုံးမြွေတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။

၉။ အက်ဒါမြွေပွေး (death adder)

နာမည်မှာကိုတည်းက သေမင်းဆိုတဲ့စကားလုံးပါတာကြောင့် အဆိပ်ပြင်းတဲ့မြွေဖြစ်မှန်း ရိပ်မိကြမှာပါ။ ဩစတြေးလျှ နဲ့ နယူးဂီနီတို့မှာ တွေ့ရတတ်တဲ့ မြွေအမျိုးအစားဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ တိုတိုတုတ်တုတ်ဖြစ်ပေမယ့် သူတို့ရဲ့အဆိပ်ကတော့ ပျံနှံ့မှုအလွန်မြန်ပါတယ်။ ဒီမြွှေအကိုက်ခံရရင်တော့ အာရုံကြောပျက်စီးစေတဲ့ သူ့အဆိပ်ကြောင့် သွပ်ခါပါဒဖြစ်ပြီး အသက်ရှုစနစ်ကိုပါ ပျက်စီးစေမှာဖြစ်ပါတယ်။ ပိုပြီးကြောက်ဖို့ကောင်းတာကတော့ ဒီမြွေတွေအကိုက်ခံရတဲ့အခါ ရောဂါလက္ခဏာချက်ချင်း မပြတတ်တာပဲ ဖြစ်ပါတယ်။ အချိန်မီကုသမှု မခံယူရင်တော့ အချိန်အနည်းငယ်ကနေ ၆နာရီအတွင်း သေဆုံးသွားမှာဖြစ်ပါတယ်။

၈။ မြွေပွေး (Vipers)

မြွေပွေးကိုတော့ မြန်မာမှာသာမက ကမ္ဘာအနှံ့မှာ တွေ့နိုင်ပါတယ်။ အဓိကအားဖြင့် အာရှတိုက် နဲ့ ပူပြင်းတဲ့ သဲကန္တာရအစပ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ နေရာဒေသအလိုက် မြွေအရောင် ၊ အရွယ်အစား နဲ့ အဆိပ်ပြင်းထန်မှုတွေ ကွာခြားတတ်ပါတယ်။ ရွှေအိုရောင်မြွေပွေးကိုတော့ ဩစတေးလျှ၊ အိုင်ယာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့မှာ တွေ့ရတတ်ပါတယ်။ မြွေပွေးအများစုဟာ အပွေးအကွက်တွေနဲ့ဖြစ်ပေမယ့် ကန္တာရမြွေပွေးမျိုးကျတော့ ကြေးနီရောင်နဲ့ အညိုရောင်၊ အကွက်မပေါ့တပေါ်ဖြစ်ပါတယ်။ မြွေပွေးအကိုက်ခံရတဲ့အခါ သွေးအဆိပ်တက်ပြီး မျက်နှာပြာနှမ်းလာကာ အသက်ရှုကျပ်ခြင်း ၊ ဦးနှောက်သွေးယိုခြင်း နဲ့ ခန္ဓာကိုယ်သွေးစိမ့်ခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။ တချို့မြွေပွေးတွေက ချက်ချင်း အဆိပ်လက္ခဏာပြတတ်ပေမယ့် တချို့ကတော့ပြလေ့မရှိပါ။ အချိန်မီမကုသမိပါက တစ်ရက်ကနေ နှစ်ပတ်အတွင်း သေဆုံးတက်ပါတယ်။

၇။ မြွေဟောက် (Cobra)

မြွေဟောက်တွေဟာ အလွန်အဆိပ်ပြင်းတယ်ဆိုတာကိုတော့ သိကြပြီးဖြစ်မှာပါ။ မြန်မာအပါအဝင် အာရှ အာဖရိကတိုက်နဲ့ အပူပိုင်းဒေသတွေမှာတွေ့ရလေ့ရှိပါတယ်။ အရွယ်အစားကြီးမားတတ်ပြီး တချို့အကောင်ကြီးတွေဆိုရင် အရှည် ၉ပေ ကနေ ၁၃ပေ အထိ ရှိတတ်ပါတယ်။ မြွေဟောက်တွေဟာ သူတို့ရဲ့အဆိပ်ကို ၁၀ပေအကွာခန့်က မှုတ်ထုတ်နိုင်စွမ်းရှိပါတယ်။ မြွေဟောက်အကိုက်ခံရတဲ့အခါ အော့အန်ခြင်း ဗိုက်နာခြင်း နဲ့ တက်ခြင်း စတဲ့လက္ခဏာတွေပြတတ်ပြီး အသက်ရှုစနစ်နဲ့ ခန္ဓာကိုယ်တစ်သျှူးတွေကို ပျက်စီးစေမှာပါ။ အဆိပ်အပြင်းဆုံးမြွေဟောက် အမျိုးအစား အကိုက်ခံရရင်တော့ နာရီဝက်အတွင်းသေဆုံးသွားမှာ ဖြစ်ပါတယ်။

၆။ ကျားမြွေ (Tiger Snake)

ဩစတြေးလျ နဲ့ နယူးဇီလန်တွေမှာအတွေ့ရများတဲ့ မြွေမျိုးဖြစ်ပြီး ကျားမြွေဆိုတဲ့အတိုင်း အဝါစင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ရန်မလိုပဲ အေးအေးဆေးဆေး နေတတ်တဲ့မြွေမျိုးဖြစ်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်ပြီဆိုရင်တော့ အတင်းတိုက်ခိုက်တတ်တဲ့မြွေမျိုးပါ။ အလွန်အဆိပ်ပြင်းပြီး အကိုက်ခံရတဲ့အခါ အလွန်အမင်းနာကျင်ခြင်း နဲ့ အသက်ရှုကျပ်တာ အာရုံကြောပျက်စီးတာတွေဖြစ်တတ်ပါတယ်။ အချိန်မီ မကုသပါက နာရီဝက်အတွင်းသေဆုံးတတ်ပြီး ဒီမြွေအကိုက်ခံရတဲ့ လူ ၁၀ယောက်မှာ ၆ယောက်ဟာ သေဆုံးသွားတတ်ပါတယ်။

၅။ အနက်ရောင် မန်ဗာမြွေ (Black Mamba)

အနက်ရောင် Mamba မြွေလို့ အမည်ပေးရတာကတော့ သူရဲ့အာခေါင်အတွင်းဘက်အရောင်ဟာ အနက်ရောင်ဖြစ်လို့ပါ။ ဒီမြွေတွေဟာ အာဖရိကရဲ့အဆိပ်အပြင်းဆုံးမြွေတွေဖြစ်ပြီး သူတို့ဟာ ရန်လိုကာ တိုက်ခိုက်မူမြန်ဆန်လွန်းပါတယ်။ တခါတိုက်ခိုက်တဲ့အခါ ၁၂ကြိမ်အထိ တိုက်ခိုက်နိုင်စွမ်းရှိပြီး တစ်ချက်ကိုက်ရုံနဲ့ သေစေလောက်တဲ့အထိ အဆိပ်သင့်ပါတယ်။ အချက်ပေါင်းများစွာ တဆက်တည်းကိုက်တတ်တာကြောင့် ဒီမြွေကိုက်တဲ့အခါ အဆိပ်အလွန်ပြင်းထန်ပြီး ချက်ချင်းမကုသနိုင်ပါက ၁၅ မိနစ်အတွင်းသေဆုံးတတ်ပါတယ်။ သူ့ရဲ့အဆိပ်က သွေးနီဥတွေကို ပျက်စီးစေပြီး အာရုံကြောကို ပျက်စီးစေကာ နှလုံးကိုရပ်တန့်နိုင်စွမ်းရှိပါတယ်။

၄။ တိုင်ပန်မြွေ (Taipan)

ဩစတြေးလျမှာ အတွေ့ရများတတ်တဲ့မြွေမျိုးဖြစ်ပြီး အရွယ်အစားကတော့ လင်းမြွေအရွယ်လောက်သာ ရှိတတ်ပါတယ်။ အကောင်ငယ်ပေမယ့် အဆိပ်အလွန်ပြင်းထန်ပြီး တိုက်ခိုက်မှုမြန်ဆန်တဲ့မြွေမျိုးဖြစ်ပါတယ်။ ဒီမြွေကိုက်တဲ့အခါ သွေးလည်ပတ်မှုရပ်တန့်သွားမှာဖြစ်ပြီး ၁နာရီအတွင်း သေဆုံးတတ်ပါတယ်။ တချိန်ကတော့ ဖြေဆေးမရှိတာကြောင့် ဒီမြွေအကိုက်ခံရတဲ့သူတိုင်း သေဆုံးတတ်ပေမယ့် အခုတော့ ဖြေဆေးတွေရှိလာပြီဖြစ်တာကြောင့် ကုသလို့ရနေပါပြီ။ ဒါပေမယ့် ရက်ပေါင်းများစွာ ဆက်လက်ကုသပြီးမှ ပုံမှန်လူတစ်ယောက်လို ပြန်ကျန်းမာလာနိုင်မှာ ဖြစ်ပါတယ်။

၃။ အပြာရောင်ခရိတ်မြွေ (Blue Krait)

အရှေ့တောင်အာရှ နဲ့ အရှေ့အာရှနိုင်ငံတွေမှာ အတွေ့ရများတတ်တဲ့မြွေဖြစ်ပြီး အများအားဖြင့် မလေးရှားနိုင်ငံမှာ အများဆုံးတွေ့တတ်တာကြောင့် မလေးခရိတ်မြွေ(Malayan krait) လို့လည်း ခေါ်ကြပါသေးတယ်။ မြန်မာနိုင်ငံက ငန်းတော်ကျားနဲ့ အနည်းငယ်ဆင်ပေမယ့် သူ့အရောင်ကတော့ အပြာအနက်၊ အဝါအနက် အစင်းကျားဖြစ်ပါတယ်။ အကိုက်ခံလိုက်ရတာနဲ့ လူ(၁၀) ယောက်မှာ (၅) ယောက်ဟာ ဆေးမမီကြပါဘူး။ ညဘက်မှထွက်တတ်တဲ့ မြွေမျိုးဖြစ်ပြီး သူတို့နေတဲ့နေရာနဲ့ နီးလေ ရန်လိုပြီး တိုက်ခိုက်တတ်လေပါ။ မြွေဟောက်ထက် အဆိပ် (၁၆)ဆ ပြင်းအားရှိပြီး ဆင်ကိုတောင်သေစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။ အကိုက်ခံရပါက ချက်ချင်း လေဖြတ်သလို၊ လေငန်းဖမ်းသလို၊ အကြောတွေသေကုန်ကာ မိနစ်အနည်းငယ်အတွင်း အသက်သေဆုံးနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။ ထူးခြားတာ တစ်ခုကတော့ ၎င်းမြွေတွေ ဒေါသထွက်တဲ့အခါ အုပ်စုလိုက် တိုက်ခိုက် ရန်ပြုတတ်တာပဲ ဖြစ်ပါတယ်။

၂။ အရှေ့ပိုင်းအညိုရောင်မြွေ (Eastern Brown Snake)

ဒီမြွေကိုတော့ ဩစတြေးလျနိုင်ငံရဲ့ လူနေထူထပ်တဲ့နေရာတွေမှာ တွေ့ရတတ်ပြီး အဆိပ်အပြင်းဆုံးမြွေမျိုး စာရင်းဝင်ဖြစ်ပါတယ်။ ဒီမြွေရဲ့ အဆိပ် တစ်အောင်စရဲ့ (၁၄၀၀)ပုံ တစ်ပုံသော အဆိပ်ရည်ဟာ အားကောင်းမောင်းသန် လူတစ်ဦးကို သေစေနိုင်ပါတယ်။ လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး၊ အဆိပ်မရှိတဲ့ မြွေမျိုးနဲ့ မှားယွင်းတတ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေကို ရန်လိုတိုက်ခိုက်တတ်ပြီး ရန်လိုတဲ့ မြွေမျိုးပါ။ အရွယ်ရောက်ပြီးမြွေတွေတင် အဆိပ်ပြင်းတာမဟုတ်ပဲ မြွေပေါက်လေးတွေကတောင် လူကိုသေစေနိုင်ပါတယ်။ သူ့အဆိပ်ဟာ အာရုံကြောကို ပျက်စီးစေပြီး သွေးခဲသွားစေတာပါ။ ဩစတြေးလျမှာ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြွေပေါက်လို့ သေဆုံးရသူ ၃၅ ယောက်ရှိခဲ့ပြီး အဲဒီအထဲမှာမှ eastern brown မြွေကြောင့် သေဆုံးရမှုက ၂၃ ယောက်တောင် ရှိခဲ့ပါတယ်။

၁။ အင်လန်းတိုင်ပန်မြွေ (Inland Taipan)

ဒီမြွေရဲ့ နာမည်နောက်တစ်မျိုးက Fierce Snake (အလွန်ရက်စက်ကြမ်းကြုတ်တဲ့မြွေ) ဖြစ်ပါတယ်။ ကမ္ဘာ့အဆိပ်အပြင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ မြွေဖြစ်ပါတယ်။ ဩစတေးလျနိုင်ငံ အရှေ့အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။ အရှည် ၆ပေကနေ ၈ပေ ကျော်အထိ ရှိတတ်တဲ့မြွေမျိုးဖြစ်ပြီး ပျမ်းမျှအဆိပ်ထုတ်နိုင်တဲ့ ပမာဏကတော့ ၄၄မီလီဂရမ် ဖြစ်ပြီး အများဆုံးထုတ်နိုင်တဲ့ပမာဏကတော့ ၁၁၀ မီလီဂရမ်ဖြစ်ပါတယ်။ ဒီအဆိပ် ၁၁၀ မီလီဂရမ် ပမာဏဟာ လူပေါင်း ၁၀၀ ကိုသေစေနိုင်တဲ့ အစွမ်းရှိတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ရန်လိုတဲ့မြွေမျိုးမဟုတ်ပဲ သူတို့ကို ထိခိုက်မှသာ ပြန်လည်တိုက်ခိုက်တတ်တဲ့မြွေမျိုးဖြစ်ပါတယ်။

အပေါ်က အကြောင်းတွေကတော့ အဆိပ်အပြင်းဆုံးမြွေတွေအကြောင်းဖြစ်ပြီး မြွေကိုက်တဲ့အခါ လုပ်သင့် မလုပ်သင့်တာတွေကို ဗဟုသုတ အနေနဲ့ ဆက်လက်ဝေမျှလိုက်ပါတယ်။

မြွေကိုက်ခံရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အရာများနဲ့ မလုပ်ဆောင်သင့်တဲ့ အရာများ

နီးစပ်ရာ ဆေးရုံး၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပါ။
ကိုက်တဲ့မြွေက အဆိပ်မရှိဘူးဆိုရင်တောင် ကိုက်ခံရတဲ့ ဒါဏ်ရာကနေ ပြင်းထန်တဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါ ဖြစ်တဲ့ မေးခိုင် ရောဂါ (tetanus) ကူးစက်ခံရနိုင်တာကြောင့် ဘာမြွေကိုက်ကိုက် ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။
အကိုက်ခံရတဲ့ လက်၊ ခြေထောက်ကို အတတ်နိုင်သမျှ မလှုပ်ရှားပဲနေပါ။ ဒီလို နေခြင်းဖြင့် အဆိပ်များပျံ့နှံ့ခြင်းကို နှေးကွေးစေလာပါလိမ့်မယ်။

မြွေရဲ့ ပုံပန်းသွင်ပြင်ကို မှတ်လာခဲ့ပါ။
မြွေရဲ့ ပုံပန်းသွင်ပြင်ကိုမှတ်လာခဲ့ခြင်းဖြင့် ဆရာဝန်က ဘယ်မြွေကိုက်လိုက်သလဲဆိုတာကို အလွယ်တကူ ခွဲခြားစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဒေသမှာ အကိုက်ခံရသလဲဆိုတာကလည်း အထောက် အကူဖြစ်စေနိုင်ပါတယ်။

မြွေကိုက်ခံရတဲ့ အချိန် ကို မှတ်ထားပါ။
ဒီလို မှတ်ထားခြင်းဖြင့် ဆရာဝန်က အချိန်ဘယ်လောက် ကုန်သွားပြီလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်။

လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။
မြွေကိုက်ခံရပြီး ဒဏ်ရာနားတစ်ဝိုက် မရောင်ကိုင်းလာခင် သွေးစီးဆင်းမှုကို နှောင့်ယှက်စေနိုင်တဲ့ လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။

မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။
မြွေကိုက်ခံရပြီးနောက် မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။ သင့်အနေနဲ့ ဒုတိယ အကြိမ် ထပ်အကိုက်ခံရနိုင်သေးတာ ကြောင့်မို့ပါ။

အဆိပ်တွေကို ပါးစပ်ကနေ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။
ဒီလို အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် ပါးစပ်ထဲမှာ အဆိပ်တွေ ပြည့်လာနိုင်ပါသေးတယ်။ အက်စပရင်၊ အိုင်ဗျူ ပရိုဖင် ( ibuprofen) နဲ့ တစ်ခြားသော အကိုက်အခဲပျောက် ဆေးများဟာ သွေးများကို ကျဲစေပြီး သွေးထွက်လွန်စေနိုင်တဲ့ အတွက် ဒီဆေးတွေ မသောက်သင့်ပါဘူး။

ပတ်တီးကြပ်ကြပ်မစည်းပါနဲ့။
အရင်က မြွေကိုက်ခံရင် ဒဏ်ရာရဲ့ အထက်ကို ပတ်တီးကြပ်ကြပ်စည်းရမယ်လို့ လူအများသိခဲ့ကြပေမဲ့ ဒီလို သွေးစီးဆင်းမှုကို ပိတ်ချလိုက်ခြင်းဟာ တစ်ရှုးပျက်ဆီးမှုကို ပိုဖြစ်စေပြီး အကိုက်ခံရတဲ့ ခြေ၊ လက်တွေ လုံးဝ သုံးမရတော့တာမျိုး အထိပါ ဖြစ်စေနိုင်ပါတယ်။

မြွေကိုက်ခံရရင် ဘယ်လို ကုသရမလဲ။
မြွေကိုက်ခံရင် ဘယ်လို ကုသရမလဲဆိုတာက ဘာမြွေ အကိုက်ခံလိုက်ရလဲဆိုတဲ့ အချက်နဲ့ သင်ခန္ဓာကိုယ်က မြွေဆိပ်ကို ဘယ်လောက် အထိ တုံ့ပြန်သလဲဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်။ အဆိပ်မပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာဆိုရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ဆေးကြောခြင်းနဲ့ နောက်ထပ် ဘာအန္တရာယ်မှ မရဘူးဆိုတာ သေချာအောင်လို့ စစ်ဆေးချက်လုပ်ရုံ အပြင် တစ်ခြား ဘာမှကို လုပ်စရာမလိုပါဘူး။

ကြိုတင်ကာကွယ်မှုများ။

မြွေကိုက်ခံရဖို့ အတွက် ကြိုတင်ကာကွယ်မှု လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ မြွေတွေကို သွားမစဖို့ပါပဲ။ ကမ္ဘာတစ်ဝှမ်းက မြွေတော်တော်များများက ရန်လိုလေ့မရှိဘဲ သူတို့တွေကို ခြိမ်းခြောက်တယ်လို့ ခံစားရတဲ့ အချိန်မှာသာ ကိုက်တတ်ကြတာ ဖြစ်ပါတယ်။

ဒါအပြင် မြွေအကိုက်ခံရနှုန်းများပြားတဲ့ အချိန်တွေမှာ လုပ်ကိုင်နိုင်တဲ့ အချက်တွေကတော့

လမ်းလျှောက်တဲ့ အချိန် ဂရုစိုက်ပါ။ မြွေတွေဟာ လမ်းမှာတွေ့ရင်တောင် သင် မတက်နင်းသ၍ မကိုက်တတ်ကြပါဘူး။ သတိရှိနေဖို့ အတွက် အရက်သောက်တာကို ရှောင်ရှားပါ။ မြွေပေါတဲ့လမ်းတွေမှာ လမ်းလျှောက်ရင် လမ်းလျှောက်တုတ်လေးတစ်ချောင်းဆောက်သွားပါ။ အကယ်၍ လမ်းလျှောက်တုတ်နဲ့ မြွေကို သွားထိမိမယ်ဆိုရင် ဒီတုတ်ချောင်းကိုသာ မြွေက တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

ခြေချင်းဝတ်နားတစ်ဝိုက် လုံလုံခြုံခြုံရှိစေဖို့ အတွက် လည်ရှည်ဖိနပ်များနဲ့ ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။ ညဘက် လမ်းသွားလမ်းလာ လုပ်ဆောင်တဲ့ အခါ မြွေကိုတွေ့ရင် ရှောင်နိုင်စေဖို့ အတွက် လက်နှိပ်ဓာတ်မီး၊ သို့ စမတ်ဖုန်းမှမီး အလင်းရောင်ကို အမြဲတမ်း အသုံးပြုပါ။ မြွေတော်တော်များများက လူကသူ့ကိုကြောက်တာထက် မြွေတွေက ပိုကြောက်ကြပါတယ်။ ဒါ့ကြောင့် မြွေကို ပြေးဖို့ နေရာပေးခြင်းဖြင့် မြွေကိုက်ခံရခြင်းမှ ရှောင်ရှားနိုင်ပါတယ်။

အဆိပ်ရှိတဲ့ မြွေတွေနဲ့ အဆိပ်ရှိမှန်း မသိရတဲ့ မြွေတွေကို ဖမ်းဆီးတာမျိုး၊ သွားစတာမျိုး မပြုလုပ်ပါနဲ့။ နေထိုင်တဲ့ နေရာက မြွေအန္တရာယ်များတဲ့ နေရာဖြစ်မယ်ဆိုရင် မြွေအကြောင်း ကောင်းကောင်းသိအောင်လုပ်ထားပြီး အမျိုးအစားခွဲခြားတတ်အောင့် လေ့ကျင့်ထားသင့်ပါတယ်။

Via : Hello Health Group
သုတဇုန်

Leave a Reply