ကမာၻ႔သမုိင္းထဲက မွတ္မွတ္ရရ စစ္သူရဲေကာင္း ၅ေယာက္

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

ကမာၻ႔သမုိင္းတေလွ်ာက္မွာ ေနရာေပါင္းမ်ားစြာမွာ စစ္ပြဲေတြျဖစ္ပြားခဲ့သလုိ ေနရာအသီးသီးက သူရဲေကာင္းမ်ားစြာ မေရမတြက္ႏုိင္ေအာင္ ေပၚထြက္ခဲ့ပါတယ္။ ဒီလုိမ်ားစြာရွိတဲ့အထဲမွာ ဒီတစ္ခါမွာေတာ့ လူအမ်ားစု မသိတဲ့ စစ္သူရဲေကာင္း နာမည္ေက်ာ္ ၅ေယာက္ အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေ၀မွ်လုိက္ပါတယ္။

၅။ Shivaji Maharaj

အိႏၵိယႏိုင္ငံသားတိုင္း သူအေၾကာင္းကိုျပန္ေျပာတဲ့အခါတိုင္း Maharaj ဆိုတဲ့စကားလံုးကို သူ႔နာမည္မွာထည့္ေခၚေလ့႐ွိတဲ့အထိ သူ႔အ႐ွိန္အဝါဟာႀကီးျမတ္လွပါတယ္။ ၁၇ ရာစုမွာ Maratha အင္ပါယာကုိ ထူေထာင္ခဲ့တဲ့ ပထမဆုံးဘုရင္ျဖစ္ပါတယ္။ သူဟာဘုရင္တစ္ပါးျဖစ္ေပမယ့္ အာဏာကို မမက္ေမာပဲ ျပည္သူေတြလြတ္ေျမာက္ေရးအတြက္သာဦးစားေပးၿပီး တိုက္ပြဲဆင္ႏႊဲခဲ့တာျဖစ္ပါတယ္။ သူဟာ ကုိယ္ခႏၶာအလြန္ႀကံခိုင္ေတာင့္တင္းသူ တစ္ေယာက္မဟုတ္ေပမယ့္ နည္းပရိယာယ္အလြန္ၾကြယ္၀တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ စစ္ဗ်ဴဟာခ်မွတ္ရာမွာ ဆရာတစ္ဆူျဖစ္ၿပီး ရန္သူဗုိလ္ခ်ဳပ္တစ္ေယာက္ျဖစ္တဲ့ Afzal Khan နဲ႔ တစ္ေယာက္ခ်င္းစီးခ်င္းထုိးရာမွာ အင္အားမမွ်ေပမယ့္ သူ႔ရဲ႕ပရိယာယ္နဲ႔ အႏုိင္ယူသတ္ျဖတ္ပစ္ႏုိင္ခဲ့ပါတယ္။

အိႏိၵယျပည္က ပေဒသရာဇ္ဘုရင္အမ်ားစု ထီးနန္းစည္းစိမ္နဲ႔ ယစ္မူးေနခ်ိန္မွာ သူဟာ ေရတပ္ ခံတပ္ နဲ႔ စစ္သေဘာၤေတြကို တည္ေဆာက္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူ႔ကို အိႏိၵယေရတပ္ရဲ႕ဖခင္ႀကီး လို႔လည္းေခၚပါေသးတယ္။ သူဟာ ေဒသရဲ႕ပထဝီဝင္အေနအထားကို ေကာင္းစြာနားလည္သေဘာေပါက္ၿပီးေျပာက္က်ားစနစ္နဲ႔ ႐ုတ္တရတ္ဝင္ေရာက္တိုက္ခိုက္ျခင္း ခ်ံဳခိုတိုက္ခိုက္ျခင္း မထင္မွတ္တဲ့ေနရာေတြကေန မထင္မွတ္တဲ့အေနအထားနဲ႔ တိုက္ခိုက္ျခင္းတို႔ေၾကာင့္ သူ႔ကို Mountain Rat(ေတာင္ႂကြက္)လို႔နာမည္ေျပာင္ေပးထားပါတယ္။ ဒါ့အျပင္ သူဟာ အဲဒီေခတ္က အမ်ိဳးသမီးေတြရဲ႕အခြင့္အေရးေတြကို အမ်ိဳးသားနည္းတူ တန္းတူေပးထားတဲ့ တပါးတည္းေသာ ဘုရင္ျဖစ္ပါတယ္။ တရားမ်ွတျခင္းကိုအေလးထားသူျဖစ္ကာ သူသိမ္းပုိက္တဲ့နယ္ေျမမ်ားက အမ်ိဳးသမီးမ်ားအေပၚ သူ႔စစ္သားေတြ အေၾကာင္းမဲ့ ေစာ္ကားမႈေတြျပဳလုပ္ပါက ျပင္းျပင္းထန္ထန္အျပစ္ေပးအေရးယူေလ့႐ွိပါတယ္။

၄။ Melankomas of Caria

သူဟာ ဂရိႏုိင္ငံမွာ ေအဒီ ၁ရာစု၀န္းက်င္က အလြန္ေက်ာ္ၾကားတဲ့ လက္ေဝွ႔သမားတစ္ဦးျဖစ္ၿပီး အဲဒီေခတ္က သူ႔ကိုႏုိင္ေအာင္ထုိးသတ္ႏုိင္တဲ့သူ မရွိပါဘူး။ သူရဲ႕တိုက္ခိုက္ရည္ေကာင္းမြန္မႈ နဲ႔ သူရဲေကာင္းဗီဇေၾကာင့္ သူ႔အေၾကာင္းကို မ်က္ကြယ္ျပဳထားလို႔မရပါဘူး။ သူဟာစစ္သည္ေတြနဲ႔ အတူတူႏွစ္ရက္တိတိမနားပဲ ဦးေဆာင္တုိက္ခုိက္ခဲ့တဲ့ၿမိဳ႕တြင္းတိုက္ပြဲတစ္ခုမွာ ေက်ာ္ၾကားလာပါတယ္။ သူဟာလက္ေဝွ႔ထိုးသတ္ရာမွာ အထူးဆန္းဆုံးနည္းနဲ႔ ထုိးသတ္ေလ့ရွိပါတယ္။ ဒါကေတာ့ လက္ေ၀ွ႔ပြဲတုိင္းမွာ သူဟာ အျခားၿပဳိင္ဘက္ကို လုံး၀မထုိးပဲ ကာေဆာ့ ေရွာင္ေဆာ့ကာေနာက္ဆုံးတစ္ဖက္က လုံး၀လက္ပန္းက်ၿပီး အရႈံးေပးသြားရတာပဲျဖစ္ပါတယ္။

သူထုိးသတ္တဲ့ပြဲတုိင္းဟာ လက္ေ၀ွ႔ပြဲနဲ႔မတူပဲ ကစားပြဲတစ္ခုနဲ႔ ပိုတူေနပါတယ္။ ဒါေၾကာင့္လည္း သူထုိးသတ္တဲ့ပြဲအမ်ားစုဟာ တစ္ေန႔လုံးနီးပါးအခ်ိန္ကုန္ေလ့ရွိပါတယ္။ သူဟာ ၂၀၇ႀကိမ္ေျမာက္အုိလံပစ္ပြဲ (အဲဒီတုန္းက Olympiad လုိ႔ေခၚပါတယ္) ရဲ႕ ခ်န္ပီယံလည္းျဖစ္ပါတယ္။ သူဟာငယ္ရြယ္စဥ္မွာပဲ ကြယ္လြန္ခဲ့ေပမယ့္ ထူးဆန္းတဲ့ ထုိးသတ္နည္းေၾကာင့္ သူ႔ရဲ႕နာမည္ဟာ သမုိင္းပညာရွင္ေတြရဲ႕ မွတ္တမ္းတင္ထားျခင္းကုိခံရၿပီး ေပ်ာက္ကြယ္မသြားျခင္း ျဖစ္ပါတယ္။

၃။ The Flame

Gladiator လုိ႔ဆုိလုိက္တာနဲ႔ ေရာမက ဂေလာ့ဆီယမ္လုိ လူသတ္ကြင္းႀကီးထဲမွာ လူအခ်င္းခ်င္းယွဥ္ၿပဳိင္ တုိက္ခုိက္သတ္ျဖတ္တတ္တဲ့ သူေတြကုိ ဆုိလုိမွန္း သိၿပီးျဖစ္မွာပါ။ သူတုိ႔ဟာ လူလူခ်င္း (သို႔) တိရစာၦန္ေတြနဲ႔ တိုက္ခိုက္သတ္ျဖတ္ျပၿပီး လာၾကည့္တဲ့ပရိတ္သတ္ကို ေဖ်ာ္ေျဖရတဲ့ ကြၽန္တိုက္ခိုက္ေရးသမားေတြျဖစ္ပါတယ္။ သူတုိ႔ကုိ အာဏာရွိသူေတြ ခ်မ္းသာၾကြယ္၀သူေတြက ပုိင္ဆုိင္ထားၿပီး ပြဲေပါင္းမ်ားစြာ ႏုိင္တဲ့သူေတြကို ကြ်န္အျဖစ္မွ လႊတ္ေပးေလ့ရွိပါတယ္။ Gladiator ေတြထဲမွာ လူသိအမ်ားဆုံးကေတာ့ စပါတာကတ္ျဖစ္ပါတယ္။ စပါတာကတ္လုိ လူသိမမ်ားေပမယ့္ စပါတာကတ္ထက္ ပိုၿပီးေအာင္ပြဲေတြကို ရယူႏုိင္ခဲ့တဲ့ Gladiator တစ္ေယာက္ရွိပါေသးတယ္။ သူကေတာ့ မီးေတာက္လုိ႔ တင္စားေခၚေ၀ၚခံရတဲ့ Flamma ျဖစ္ပါတယ္။ သူဟာ တခ်ိန္ကဆီးရီိးယန္းစစ္သားတစ္ေယာက္ျဖစ္ခဲ့ပမယ့္ ေရာမေတြရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ရၿပီးတဲ့ေနာက္ ကြ်န္ျဖစ္ၿပီး Gladiator ျဖစ္လာခဲ့တာျဖစ္ပါတယ္။

သူဟာေသြးဆာတဲ့သူတစ္ေယာက္ျဖစ္ၿပီး ဒီလုိတုိက္ခုိက္ရတာကုိ အလြန္ႏွစ္သက္သူျဖစ္ပါတယ္။ သူဟာၿပဳိင္ဘက္ေပါင္းမ်ားစြာကို မေရမတြက္ႏုိင္ေအာင္သတ္ျဖတ္ခဲ့ေပမယ့္ သူ႔ရဲ႕လက္နက္ကေတာ့ ဒါးငယ္တစ္ေခ်ာင္းသာျဖစ္ၿပီး သံခ်ပ္ကာ၀တ္ရုံ၀တ္ကာ ဒုိင္းတစ္ခုနဲ႔ တုိက္ခုိက္ေလ့ရွိပါတယ္။ ပြဲကိုအျမန္ဆုံး အဆုံးသတ္တတ္ၿပီး ရက္စက္ၾကမ္းၾကဳတ္သူျဖစ္တာေၾကာင့္ Gladiator တုိင္းက သူ႔ကိုေၾကာက္လန္႔ေလ့ရွိပါတယ္။ သူဟာ ၁၇ႏွစ္သားတည္းက Gladiator ျဖစ္လာခဲ့ၿပီး ႏွစ္ေပါင္း ၁၃ႏွစ္ၾကာ တုိက္ပြဲမ်ားစြာတုိက္ရင္း Gladiator ေလာကကုိ စုိးမုိးခဲ့ပါတယ္။ သူေသေတာ့ အသက္ ၃၀အရြယ္ပဲရွိပါေသးတယ္။ တုိက္ပြဲေပါင္းမ်ားစြာကို အႏုိင္ရခဲ့တာေၾကာင့္ သူ႔ကို ကြ်န္အျဖစ္ကေန လြတ္လပ္ခြင့္ေပးခဲ့ေပမယ့္ သူဟာျငင္းပယ္ခဲ့ၿပီး Gladitor တစ္ေယာက္အျဖစ္သာ တုိက္ပြဲေတြကို ဆက္တုိက္ေနခဲ့ပါတယ္။ ဒီလုိျငင္းပယ္ခဲ့တာ တစ္ႀကိမ္တည္း မဟုတ္ပါဘူး ၄ႀကိမ္တိတိျဖစ္ပါတယ္။

၂။ Xiahous Dun

Xiahous Dun ဆုိတာနဲ႔ Dynasty Warrior ေဆာ့ဖူးသူေတြကေတာ့ Wei ဘုရင္ Cao Cao ရဲ႕ စစ္ဗုိလ္ခ်ဳပ္တစ္ဖက္လပ္ႀကီးကိုေျပာမွန္း သိၾကမွာပါ။ တ႐ုတ္လူမ်ိဳးေတြအတြက္ေတာ့ သူဟာစစ္ပြဲတိုင္းကို သူမ်ားထက္ ပိုထူးခြၽန္ေအာင္တိုက္ခိုက္ႏိုင္ခဲ့တာမို႔ အ႐ူးအမူးႏွစ္သက္ျခင္းကိုခံခဲ့ရပါတယ္။ Dun ဟာသူ႕တပ္ဖြဲ႔ဝင္ေတြနဲ႔ တိုက္ပြဲမ်ားစြာေအာင္ျမင္ၿပီးေနာက္ Wei ရဲ႕ စစ္ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္လို႔လာပါတယ္။ ေအဒီ ၁၉၀ခုႏွစ္ Lü Bu ရဲ႕တပ္နဲ႔ တုိက္ခုိက္တဲ့ တိုက္ပြဲတစ္ခုမွာေတာ့ သူဟာ ရန္သူျမႇားေၾကာင့္ မ်က္စိတစ္ဖက္ဆံုးရံူးခဲ့ရၿပီး တစ္ဖက္လပ္တစ္ဦးျဖစ္သြားခဲ့ပါတယ္။

တစ္ဖက္လပ္ျဖစ္ၿပီးကာမွ သူ႔ရဲ႕တုိက္ခုိက္မႈေတြဟာ ပုိမုိႀကမ္းတမ္းခဲ့ၿပီး တုိက္ပြဲေပါင္းမ်ားစြာမွာ ေအာင္ျမင္မႈေတြကို ရယူႏုိင္ခဲ့ပါေသးတယ္။ ဘုရင္ Cao Cao ရဲ႕ အယုံၾကည္ရဆုံး နဲ႔ အားအကုိးရဆုံးစစ္ဗုိလ္ခ်ဳပ္တစ္ေယာက္ျဖစ္ခဲ့ၿပီး Cao Cao ကြယ္လြန္ၿပီးတဲ့ေနာက္မွာေတာ့ သားျဖစ္သူ Cao Pi ရဲ႕လက္ေအာက္မွာ အမႈထမ္းခဲ့ပါေသးတယ္။ Cao Pi လက္ထက္မွာေတာ့ သူဟာ စစ္ေသနာပတိရာထူးအထိ တုိးျမွင့္ခန္႔ထားခံရေပမယ့္ လအနည္းငယ္အၾကာမွာပဲ သူကြယ္လြန္ခဲ့ပါတယ္။ Xiahous Dun ဟာ တရုတ္ႏုိင္ငံေရွးေဟာင္း သမုိင္းေတြထဲက အထင္ကရ စစ္သူႀကီးတစ္ဦးအျဖစ္ သတ္မွတ္ခံရပါတယ္။

၁။ Pyrrhus of Epirus

သူဟာဂရိႏိုင္ငံ Epirus နယ္ရဲ႕ ဘုရင္တစ္ပါးအျဖစ္သာမက စစ္သူႀကီးတစ္ဦးအျဖစ္ ဟယ္လင္းနစ္ေခတ္တေလ်ာက္ထင္႐ွားခဲ့ပါတယ္။ သူဟာ ေကာင္းမြန္တဲ့ဘုရင္တစ္ေယာက္လုိ႔ ဆုိလုိ႔မရေပမယ့္ စစ္သူႀကီးေကာင္းတစ္ဦးအျဖစ္ေတာ့ ေျပာစမွတ္ တြင္ခဲ့သူျဖစ္ပါတယ္။ သူဟာ စစ္ပြဲနဲ႔ပတ္သတ္ရင္ ဘာကိုမွ အေရးမထားတတ္သူပါ။ တိုက္ပြဲတစ္ခုမွာ သားျဖစ္သူ က်ဆံုးသြားခဲ့တာေတာင္မွ ခ်က္ခ်င္းဆိုသလို ၿမိဳ႕ေတာ္ Argos မွာျဖစ္တဲ့ အဓိက႐ုဏ္းမွာ ပါ၀င္ခဲ့ပါေသးတယ္။ လွ်င္ျမန္ျဖတ္လတ္ၿပီး ေအာင္ပြဲယူတတ္တဲ့သူ႔ရဲ႕စြမ္းေဆာင္ရည္ ေတြေၾကာင့္ သူ ့ကို လင္းယုန္ၾကီးလို ့ေခၚခဲ့ၾကပါတယ္။

သူဟာ ေရာမအင္ပါယာကို အၿခိမ္းေျခာက္ႏိုင္ဆံုး စစ္သူႀကီးတစ္ဦးျဖစ္ခဲ့ၿပီး သူသာမေသဆံုးခဲ့ပါက ေရာမသမိုင္းဟာေျပာင္းလဲသြားႏိုင္ပါတယ္။ ေရာမတပ္ေတြကုိ သူ႔ရဲ႕ဆင္တပ္နဲ႔ ႏွစ္ႀကိမ္ခံတုိက္ကာ အႏုိင္ယူႏုိင္ခဲ့ပါတယ္။ ဒုတိယအႀကိမ္ ေရာမစစ္တပ္နဲ႔ ျဖစ္ပြားခဲ့တဲ့ Asculum တုိက္ပြဲမွာ သူ႔ရဲ႕ဗ်ဴဟာေတြေၾကာင့္ ေအာင္ျမင္ခဲ့တာေၾကာင့္ သူ႔ကုိအားလုံးက ၀ုိင္း၀န္းခ်ီးက်ဴးခဲ့ၾကပါတယ္။ ဒါေပမယ့္ သူ၀မ္းမသာခဲ့ပါဘူး။ အေၾကာင္းကေတာ့ ဒီတုိက္ပြဲမွာ အႏုိင္ရရွိခဲ့ေပမယ့္ သူအားကိုးရတဲ့ အရာရွိေပါင္းမ်ားစြာ က်ဆုံးခဲ့လုိ႔ပါ။ ဒါေၾကာင့္ အၾကီးအက်ယ္ေပးဆပ္ၿပီးမွ ရရွိလာေသာ ေအာင္ၿမင္မႈ မ်ားကို Pyrrhic Victory ဟု တင္စားသံုးႏႈန္းခဲ့တာကို ယေန႔တုိင္အသုံးျပဳေနၾကပါေသးတယ္။

သုတဇုန္

———————-

ကမ္ဘာ့သမိုင်းတလျှောက် မှတ်မှတ်ရရ စစ်သူရဲကောင်း ၅ယောက် (unicode)

ရေးသားသူ – အောင်ကောင်းထက်(GAD)

ကမ္ဘာ့သမိုင်းတလျှောက်မှာ နေရာပေါင်းများစွာမှာ စစ်ပွဲတွေဖြစ်ပွားခဲ့သလို နေရာအသီးသီးက သူရဲကောင်းများစွာ မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့ပါတယ်။ ဒီလိုများစွာရှိတဲ့အထဲမှာ ဒီတစ်ခါမှာတော့ လူအများစု မသိတဲ့ စစ်သူရဲကောင်း နာမည်ကျော် ၅ယောက် အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။

၅။ Shivaji Maharaj

အိန္ဒိယနိုင်ငံသားတိုင်း သူအကြောင်းကိုပြန်ပြောတဲ့အခါတိုင်း Maharaj ဆိုတဲ့စကားလုံးကို သူ့နာမည်မှာထည့်ခေါ်လေ့ရှိတဲ့အထိ သူ့အရှိန်အဝါဟာကြီးမြတ်လှပါတယ်။ ၁၇ ရာစုမှာ Maratha အင်ပါယာကို ထူထောင်ခဲ့တဲ့ ပထမဆုံးဘုရင်ဖြစ်ပါတယ်။ သူဟာဘုရင်တစ်ပါးဖြစ်ပေမယ့် အာဏာကို မမက်မောပဲ ပြည်သူတွေလွတ်မြောက်ရေးအတွက်သာဦးစားပေးပြီး တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်ခန္ဓာအလွန်ကြံခိုင်တောင့်တင်းသူ တစ်ယောက်မဟုတ်ပေမယ့် နည်းပရိယာယ်အလွန်ကြွယ်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စစ်ဗျူဟာချမှတ်ရာမှာ ဆရာတစ်ဆူဖြစ်ပြီး ရန်သူဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Afzal Khan နဲ့ တစ်ယောက်ချင်းစီးချင်းထိုးရာမှာ
အင်အားမမျှပေမယ့် သူ့ရဲ့ပရိယာယ်နဲ့ အနိုင်ယူသတ်ဖြတ်ပစ်နိုင်ခဲ့ပါတယ်။ အိန္ဒိယပြည်က ပဒေသရာဇ်ဘုရင်အများစု ထီးနန်းစည်းစိမ်နဲ့ ယစ်မူးနေချိန်မှာ သူဟာ ရေတပ် ခံတပ် နဲ့ စစ်သဘောၤတွေကို တည်ဆောက်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ကို အိန္ဒိယရေတပ်ရဲ့ဖခင်ကြီး လို့လည်းခေါ်ပါသေးတယ်။ သူဟာ ဒေသရဲ့ပထဝီဝင်အနေအထားကို ကောင်းစွာနားလည်သဘောပေါက်ပြီးပြောက်ကျားစနစ်နဲ့ ရုတ်တရတ်ဝင်ရောက်တိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်း မထင်မှတ်တဲ့နေရာတွေကနေ မထင်မှတ်တဲ့အနေအထားနဲ့ တိုက်ခိုက်ခြင်းတို့ကြောင့် သူ့ကို Mountain Rat(တောင်ကြွက်)လို့နာမည်ပြောင်ပေးထားပါတယ်။ ဒါ့အပြင် သူဟာ အဲဒီခေတ်က အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို အမျိုးသားနည်းတူ တန်းတူပေးထားတဲ့ တပါးတည်းသော ဘုရင်ဖြစ်ပါတယ်။ တရားမျှတခြင်းကိုအလေးထားသူဖြစ်ကာ သူသိမ်းပိုက်တဲ့နယ်မြေများက အမျိုးသမီးများအပေါ် သူ့စစ်သားတွေ အကြောင်းမဲ့ စော်ကားမှုတွေပြုလုပ်ပါက ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူလေ့ရှိပါတယ်။

၄။ Melankomas of Caria

သူဟာ ဂရိနိုင်ငံမှာ အေဒီ ၁ရာစုဝန်းကျင်က အလွန်ကျော်ကြားတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အဲဒီခေတ်က သူ့ကိုနိုင်အောင်ထိုးသတ်နိုင်တဲ့သူ မရှိပါဘူး။ သူရဲ့တိုက်ခိုက်ရည်ကောင်းမွန်မှု နဲ့ သူရဲကောင်းဗီဇကြောင့် သူ့အကြောင်းကို မျက်ကွယ်ပြုထားလို့မရပါဘူး။ သူဟာစစ်သည်တွေနဲ့ အတူတူနှစ်ရက်တိတိမနားပဲ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့မြို့တွင်းတိုက်ပွဲတစ်ခုမှာ ကျော်ကြားလာပါတယ်။ သူဟာလက်ဝှေ့ထိုးသတ်ရာမှာ အထူးဆန်းဆုံးနည်းနဲ့ ထိုးသတ်လေ့ရှိပါတယ်။ ဒါကတော့ လက်ဝှေ့ပွဲတိုင်းမှာ သူဟာ အခြားပြိုင်ဘက်ကို လုံးဝမထိုးပဲ ကာဆော့ ရှောင်ဆော့ကာနောက်ဆုံးတစ်ဖက်က လုံးဝလက်ပန်းကျပြီး အရှုံးပေးသွားရတာပဲဖြစ်ပါတယ်။ သူထိုးသတ်တဲ့ပွဲတိုင်းဟာ လက်ဝှေ့ပွဲနဲ့မတူပဲ ကစားပွဲတစ်ခုနဲ့ ပိုတူနေပါတယ်။ ဒါကြောင့်လည်း သူထိုးသတ်တဲ့ပွဲအများစုဟာ တစ်နေ့လုံးနီးပါးအချိန်ကုန်လေ့ရှိပါတယ်။ သူဟာ ၂၀၇ကြိမ်မြောက်အိုလံပစ်ပွဲ (အဲဒီတုန်းက Olympiad လို့ခေါ်ပါတယ်) ရဲ့ ချန်ပီယံလည်းဖြစ်ပါတယ်။ သူဟာငယ်ရွယ်စဉ်မှာပဲ ကွယ်လွန်ခဲ့ပေမယ့် ထူးဆန်းတဲ့ ထိုးသတ်နည်းကြောင့် သူ့ရဲ့နာမည်ဟာ သမိုင်းပညာရှင်တွေရဲ့ မှတ်တမ်းတင်ထားခြင်းကိုခံရပြီး ပျောက်ကွယ်မသွားခြင်း ဖြစ်ပါတယ်။

၃။ The Flame

Gladiator လို့ဆိုလိုက်တာနဲ့ ရောမက ဂလော့ဆီယမ်လို လူသတ်ကွင်းကြီးထဲမှာ လူအချင်းချင်းယှဉ်ပြိုင် တိုက်ခိုက်သတ်ဖြတ်တတ်တဲ့ သူတွေကို ဆိုလိုမှန်း သိပြီးဖြစ်မှာပါ။ သူတို့ဟာ လူလူချင်း (သို့) တိရစ္ဆာန်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်ပြပြီး လာကြည့်တဲ့ပရိတ်သတ်ကို ဖျော်ဖြေရတဲ့ ကျွန်တိုက်ခိုက်ရေးသမားတွေဖြစ်ပါတယ်။ သူတို့ကို အာဏာရှိသူတွေ ချမ်းသာကြွယ်ဝသူတွေက ပိုင်ဆိုင်ထားပြီး ပွဲပေါင်းများစွာ နိုင်တဲ့သူတွေကို ကျွန်အဖြစ်မှ လွှတ်ပေးလေ့ရှိပါတယ်။ Gladiator တွေထဲမှာ လူသိအများဆုံးကတော့ စပါတာကတ်ဖြစ်ပါတယ်။ စပါတာကတ်လို လူသိမများပေမယ့် စပါတာကတ်ထက် ပိုပြီးအောင်ပွဲတွေကို ရယူနိုင်ခဲ့တဲ့ Gladiator တစ်ယောက်ရှိပါသေးတယ်။ သူကတော့ မီးတောက်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Flamma ဖြစ်ပါတယ်။ သူဟာ တချိန်ကဆီးရိးယန်းစစ်သားတစ်ယောက်ဖြစ်ခဲ့ပမယ့် ရောမတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးတဲ့နောက် ကျွန်ဖြစ်ပြီး Gladiator ဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူဟာသွေးဆာတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလိုတိုက်ခိုက်ရတာကို အလွန်နှစ်သက်သူဖြစ်ပါတယ်။ သူဟာပြိုင်ဘက်ပေါင်းများစွာကို မရေမတွက်နိုင်အောင်သတ်ဖြတ်ခဲ့ပေမယ့် သူ့ရဲ့လက်နက်ကတော့ ဒါးငယ်တစ်ချောင်းသာဖြစ်ပြီး သံချပ်ကာဝတ်ရုံဝတ်ကာ
ဒိုင်းတစ်ခုနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။ ပွဲကိုအမြန်ဆုံး အဆုံးသတ်တတ်ပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်တာကြောင့် Gladiator တိုင်းက သူ့ကိုကြောက်လန့်လေ့ရှိပါတယ်။ သူဟာ ၁၇နှစ်သားတည်းက Gladiator ဖြစ်လာခဲ့ပြီး နှစ်ပေါင်း ၁၃နှစ်ကြာ တိုက်ပွဲများစွာတိုက်ရင်း Gladiator လောကကို စိုးမိုးခဲ့ပါတယ်။ သူသေတော့ အသက် ၃ဝအရွယ်ပဲရှိပါသေးတယ်။ တိုက်ပွဲပေါင်းများစွာကို အနိုင်ရခဲ့တာကြောင့် သူ့ကို ကျွန်အဖြစ်ကနေ လွတ်လပ်ခွင့်ပေးခဲ့ပေမယ့် သူဟာငြင်းပယ်ခဲ့ပြီး Gladitor တစ်ယောက်အဖြစ်သာ တိုက်ပွဲတွေကို ဆက်တိုက်နေခဲ့ပါတယ်။ ဒီလိုငြင်းပယ်ခဲ့တာ တစ်ကြိမ်တည်း မဟုတ်ပါဘူး ၄ကြိမ်တိတိဖြစ်ပါတယ်။

၂။ Xiahous Dun

Xiahous Dun ဆိုတာနဲ့ Dynasty Warrior ဆော့ဖူးသူတွေကတော့ Wei ဘုရင် Cao Cao ရဲ့ စစ်ဗိုလ်ချုပ်တစ်ဖက်လပ်ကြီးကိုပြောမှန်း သိကြမှာပါ။ တရုတ်လူမျိုးတွေအတွက်တော့ သူဟာစစ်ပွဲတိုင်းကို သူများထက် ပိုထူးချွန်အောင်တိုက်ခိုက်နိုင်ခဲ့တာမို့ အရူးအမူးနှစ်သက်ခြင်းကိုခံခဲ့ရပါတယ်။ Dun ဟာသူ့တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲများစွာအောင်မြင်ပြီးနောက် Wei ရဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်လို့လာပါတယ်။ အေဒီ ၁၉ဝခုနှစ် Lü Bu ရဲ့တပ်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ခုမှာတော့ သူဟာ ရန်သူမြှားကြောင့် မျက်စိတစ်ဖက်ဆုံးရူံးခဲ့ရပြီး တစ်ဖက်လပ်တစ်ဦးဖြစ်သွားခဲ့ပါတယ်။ တစ်ဖက်လပ်ဖြစ်ပြီးကာမှ သူ့ရဲ့တိုက်ခိုက်မှုတွေဟာ ပိုမိုကြမ်းတမ်းခဲ့ပြီး တိုက်ပွဲပေါင်းများစွာမှာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါသေးတယ်။ ဘုရင် Cao Cao ရဲ့ အယုံကြည်ရဆုံး နဲ့ အားအကိုးရဆုံးစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပြီး Cao Cao ကွယ်လွန်ပြီးတဲ့နောက်မှာတော့ သားဖြစ်သူ Cao Pi ရဲ့လက်အောက်မှာ အမှုထမ်းခဲ့ပါသေးတယ်။ Cao Pi လက်ထက်မှာတော့ သူဟာ စစ်သေနာပတိရာထူးအထိ တိုးမြှင့်ခန့်ထားခံရပေမယ့် လအနည်းငယ်အကြာမှာပဲ သူကွယ်လွန်ခဲ့ပါတယ်။ Xiahous Dun ဟာ တရုတ်နိုင်ငံရှေးဟောင်း သမိုင်းတွေထဲက အထင်ကရ စစ်သူကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။

၁။ Pyrrhus of Epirus

သူဟာဂရိနိုင်ငံ Epirus နယ်ရဲ့ ဘုရင်တစ်ပါးအဖြစ်သာမက စစ်သူကြီးတစ်ဦးအဖြစ် ဟယ်လင်းနစ်ခေတ်တလျောက်ထင်ရှားခဲ့ပါတယ်။ သူဟာ ကောင်းမွန်တဲ့ဘုရင်တစ်ယောက်လို့ ဆိုလို့မရပေမယ့် စစ်သူကြီးကောင်းတစ်ဦးအဖြစ်တော့ ပြောစမှတ် တွင်ခဲ့သူဖြစ်ပါတယ်။ သူဟာ စစ်ပွဲနဲ့ပတ်သတ်ရင် ဘာကိုမှ အရေးမထားတတ်သူပါ။ တိုက်ပွဲတစ်ခုမှာ သားဖြစ်သူ ကျဆုံးသွားခဲ့တာတောင်မှ ချက်ချင်းဆိုသလို မြို့တော် Argos မှာဖြစ်တဲ့ အဓိကရုဏ်းမှာ ပါဝင်ခဲ့ပါသေးတယ်။ လျှင်မြန်ဖြတ်လတ်ပြီး အောင်ပွဲယူတတ်တဲ့သူ့ရဲ့စွမ်းဆောင်ရည် တွေကြောင့် သူ့ကို လင်းယုန်ကြီးလို့ခေါ်ခဲ့ကြပါတယ်။ သူဟာ ရောမအင်ပါယာကို အခြိမ်းခြောက်နိုင်ဆုံး စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီး သူသာမသေဆုံးခဲ့ပါက ရောမသမိုင်းဟာပြောင်းလဲသွားနိုင်ပါတယ်။ ရောမတပ်တွေကို သူ့ရဲ့ဆင်တပ်နဲ့ နှစ်ကြိမ်ခံတိုက်ကာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရောမစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ Asculum တိုက်ပွဲမှာ သူ့ရဲ့ဗျူဟာတွေကြောင့် အောင်မြင်ခဲ့တာကြောင့် သူ့ကိုအားလုံးက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။ ဒါပေမယ့် သူဝမ်းမသာခဲ့ပါဘူး။ အကြောင်းကတော့ ဒီတိုက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် သူအားကိုးရတဲ့ အရာရှိပေါင်းများစွာ ကျဆုံးခဲ့လို့ပါ။ ဒါကြောင့် အကြီးအကျယ်ပေးဆပ်ပြီးမှ ရရှိလာသော အောင်မြင်မှု များကို Pyrrhic Victory ဟု တင်စားသုံးနှုန်းခဲ့တာကို ယနေ့တိုင်အသုံးပြုနေကြပါသေးတယ်။

သုတဇုန်

Leave a Reply