႐ံုးတင္ကာ တရားစြဲခံရတဲ့ နတ္ဘုရားမ်ား

Posted on

ၿပီးခဲ့သည့္ ႏွစ္အနည္းငယ္က အေမရိကန္ အထက္လႊတ္ေတာ္ အမတ္တစ္ဦးက ဘုရားသခင္ကို တရားစြဲဆိုဖူးသည္။ ဘုရားသခင္ ဟူသည္ ေနရပ္လိပ္စာ အတိအက် မရွိေသာေၾကာင့္ တရားစြဲဆို၍ မျဖစ္ႏုိင္ဟုဆိုကာ တရား႐ံုးက ပယ္ခ်ခဲ့ရဖူးသည္။

အိႏၵိယတြင္ကား ဟိႏၵဴ နတ္ဘုရားမ်ား၊ နတ္ဘုရားမမ်ားသည္ လူအမ်ား၏ ယံုၾကည္ ကိုးကြယ္မႈကို ခံရသူမ်ား ျဖစ္သလို လူအမ်ားႏွင့္လည္း နီးစပ္သူမ်ား ျဖစ္ေသာေၾကာင့္ အိႏၵိယ တရား႐ံုး အခ်ဳိ႕သည္ နတ္ဘုရားမ်ားကို တရားစြဲဆိုႏိုင္ေသာ အေနအထား ရွိသည္ဟု သတ္မွတ္ေပးေလ့ရွိသည္။ သို႔ျဖစ္ေသာေၾကာင့္ပင္ အိႏ္ၵိယတြင္ နတ္ဘုရား မ်ားကို ႐ံုးတင္ တရားစြဲဆိုမႈမ်ား ရွိေနသည္။

လူသားတို႔ တရားဥပေဒႏွင့္ နတ္ဘုရားတို႔ ၿငိစြန္းမိခဲ့သည့္ ျဖစ္စဥ္ အခ်ဳိ႕ကို ေဒလီၿမိဳ႕ ဘီဘီစီ သတင္းဌာနခြဲမွ သတင္းသမား ဂီတပန္ေဒက မွတ္တမ္းတင္ထားသည္မ်ားကို တစ္ဆင့္ျပန္လည္ ေဖာ္ျပပါမည္။

ေျမယာ က်ဴးေက်ာ္မႈ

ေဖေဖာ္၀ါရီ လဆန္းပိုင္းကပင္ အိႏ္ၵိယ ေျမာက္ပိုင္း ဘီဟာျပည္နယ္တြင္ တရား႐ံုး တစ္႐ံုးသည္ ဟာႏုမန္ေမ်ာက္ နတ္ဘုရားကို အစိုးရ ေျမယာ က်ဴးေက်ာ္မႈျဖင့္ ႐ံုးေတာ္သို႔ ဆင့္ေခၚခဲ့သည္။ အမ်ားျပည္သူပိုင္ ကားလမ္းေဘးတြင္ ဟာႏုမန္ နတ္ကြန္းတစ္ခု ေပၚလာၿပီး ထိုနတ္ကြန္းသည္ ယာဥ္အသြားအလာကို အေႏွာင့္အယွက္ေပးေနသျဖင့္ သက္ဆိုင္ရာ အစိုးရဌာနက ႐ံုးေတာ္သို႔ ေလွ်ာက္ထားကာ နတ္ကြန္းကို ဖယ္ခိုင္းျခင္း ျဖစ္သည္။

တရား႐ံုးသည္ ဟာႏုမန္ကို ႐ံုးေတာ္သို႔ ဆင့္ေခၚသည့္ အမိန္႔စာ ထုတ္ျပန္ခဲ့သလို နတ္ကြန္းရွိ ဟာႏုမန္႐ုပ္တုေပၚတြင္လည္း အမိန္႔စာကို ကပ္ထားခဲ့သည္။ ထိုကိစၥကို လူအမ်ား ေ၀ဖန္မႈမ်ားထြက္ေပၚလာရာ ႐ံုးေတာ္က ၎တို႔သည္ ဟာႏုမန္နတ္ကြန္းကို ေဆာက္လုပ္ကိုးကြယ္သူမ်ားကိုသာ ရည္ညႊန္းျခင္း ျဖစ္ေၾကာင္း၊ ဟာႏုမန္နတ္ကို ရည္ညႊန္းျခင္း မဟုတ္​ေၾကာင္​း ျပန္လည္ေျဖရွင္းခဲ့သည္။ ဟာႏုမန္ ေမ်ာက္မင္း၏ ႐ုပ္တုမွ အမိန္႔စာကိုလည္း ျပန္လည္ ႐ုပ္သိမ္းခဲ့သည္။

ဇနီးသည္ကို ႏွိမ့္ခ် ဆက္ဆံမႈ

ဇနီးသည္ သီတာကို ႏွိမ့္ခ် ဆက္ဆံမႈျဖင့္ ဟိႏၵဴတို႔၏ အထင္ကရနတ္ဘုရား ရာမကို လူသားေရွ႕ေနတစ္ဦးက တရားစြဲဆိုဖူးေသးသည္။ ခ်န္ဒန္ကူးမား ဆင္းဂ်္ ဆိုေသာေရွ႕ေနျဖစ္သည္။ သူသည္ အိႏ္ၵိယႏုိင္ငံႏွင့္ ကမၻာတစ္၀န္းက သန္းေပါင္းမ်ားစြာေသာ ဟိႏၵဴမ်ားနည္းတူ ရာမနတ္ကို ယံုၾကည္ ကိုးကြယ္သူသာ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ရာမက သီတာကို ႏွိမ့္ခ် ဆက္ဆံမႈမ်ားကိုေတာ့ သူခြင့္လႊတ္နားလည္ေပးလို႔ မရေၾကာင္း မစၥတာဆင္းဂ်္က ေျပာသည္။

႐ံုးေတာ္က ထိုတရားစြဲဆိုမႈကို ပယ္ခ်ခဲ့သည္။ လက္ေတြ႕မက်ေသာ တရားစြဲဆိုမႈဟုလည္း ဆိုခဲ့သည္။ မစၥတာ ဆင္းဂ်္၏ မိတ္ေဆြမ်ားကလည္း ဆင္းဂ်္သည္ နာမည္ႀကီးခ်င္၍ သပ္သပ္ စတန္႔ထြင္ျခင္း ျဖစ္သည္ဟု ျပစ္တင္ခဲ့ၾကသည္။ မိတ္ေဆြ တစ္ေယာက္က ဆိုလွ်င္ ရာမနတ္မင္းကို သိကၡာခ်ေသာ ဆင္းဂ်္ကိုပင္ တန္ျပန္ တရားစြဲဆိုခဲ့သည္။ မစၥတာ ဆင္းဂ်္ကမူ မတုန္လႈပ္။ တရားစြဲႏုိင္ေအာင္ သူဆက္လက္​ ႀကိဳးစားမည္ဟု ဆိုထားသည္။ ရာမသည္ သီတာအား ႏွိမ့္ခ် ဆက္ဆံခဲ့မႈမ်ားကို အိႏ္ၵိယျပည္သူမ်ား အမွန္အတိုင္း သိေအာင္သူ ဆက္လက္​ ႀကိဳးပမ္းမည္ဟု ဆိုထားသည္။

ေျမပိုင္ရွင္ ဘယ္သူလဲ

၂၀၀၇ ခုႏွစ္ ဒီဇင္ဘာလကလည္း ရာမႏွင့္ ဟာႏုမန္တို႔ကို ႐ံုးေတာ္က ဆင့္ေခၚခဲ့ဖူးသည္။ ေျမပိုင္ဆိုင္မႈ အျငင္းပြားမႈေၾကာင့္ျဖစ္သည္။ အိႏ္ၵိယ အေရွ႕ပိုင္း ဂ်ာခန္း ျပည္နယ္တရား႐ံုးက ရာမႏွင့္ ဟာႏုမန္တို႔ ႐ံုးေတာ္သို႔ ကိုယ္တိုင္ကိုယ္က် လာေရာက္ေစဟု ဆင့္ေခၚခဲ့သည္။ ရာမႏွင့္ ဟာႏုမန္တို႔ ႐ံုးေတာ္သို႔ လာေရာက္ဖို႔ ပ်က္ကြက္သည္တြင္ ေနာက္တစ္ႀကိမ္အျဖစ္ ႐ံုးေတာ္ဆက္သားျဖင့္ အေၾကာင္းၾကားစာ ​ေပးပို႔ခဲ့သည္။ ထိုအႀကိမ္တြင္လည္း လာေရာက္ရန္ ပ်က္ကြက္သည္တြင္ စာတိုက္မွ တစ္ဆင့္ေပးပို႔ခဲ့သည္။

နတ္ဘုရားတို႔ထံ ေပးပို႔ေသာလိပ္စာသည္ မတိက်သျဖင့္ဟု ဆိုကာ စာတိုက္က ႐ံုးေတာ္သို႔ ျပန္ပို႔ခဲ့သည္။ ဒါဟန္ဘတ္ၿမိဳ႕ရွိ (၁ ဒသမ ၄) ဧက က်ယ္ေသာ ေျမကြက္ေပၚတြင္ ရာမနတ္ကြန္းႏွင့္ ဟာႏုမန္ နတ္ကြန္းႏွစ္ခု ကိစၥျဖစ္သည္။ ေဒသခံမ်ားက ထိုေျမသည္နတ္ဘုရားႏွစ္ပါး ပိုင္ဆိုင္သည္ဟု ဆိုၾကသည္။ နတ္ကြန္းလူႀကီးကမူ သူ႔ေျမဟု ဆိုသျဖင့္ အမႈျဖစ္ပြားရျခင္း ျဖစ္သည္။

Ref: When gods were hauled into Indian courts by BBC
Messenger News Journal


 ရုံးတင်ကာ တရားစွဲခံရတဲ့ နတ်ဘုရားများ (unicode)

ပြီးခဲ့သည့် နှစ်အနည်းငယ်က အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက ဘုရားသခင်ကို တရားစွဲဆိုဖူးသည်။ ဘုရားသခင် ဟူသည် နေရပ်လိပ်စာ အတိအကျ မရှိသောကြောင့် တရားစွဲဆို၍ မဖြစ်နိုင်ဟုဆိုကာ တရားရုံးက ပယ်ချခဲ့ရဖူးသည်။

အိန္ဒိယတွင်ကား ဟိန္ဒူ နတ်ဘုရားများ၊ နတ်ဘုရားမများသည် လူအများ၏ ယုံကြည် ကိုးကွယ်မှုကို ခံရသူများ ဖြစ်သလို လူအများနှင့်လည်း နီးစပ်သူများ ဖြစ်သောကြောင့် အိန္ဒိယ တရားရုံး အချို့သည် နတ်ဘုရားများကို တရားစွဲဆိုနိုင်သော အနေအထား ရှိသည်ဟု သတ်မှတ်ပေးလေ့ရှိသည်။ သို့ဖြစ်သောကြောင့်ပင် အိန္ဒိ်ယတွင် နတ်ဘုရား များကို ရုံးတင် တရားစွဲဆိုမှုများ ရှိနေသည်။

လူသားတို့ တရားဥပဒေနှင့် နတ်ဘုရားတို့ ငြိစွန်းမိခဲ့သည့် ဖြစ်စဉ် အချို့ကို ဒေလီမြို့ ဘီဘီစီ သတင်းဌာနခွဲမှ သတင်းသမား ဂီတပန်ဒေက မှတ်တမ်းတင်ထားသည်များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။

မြေယာ ကျူးကျော်မှု

ဖေဖော်ဝါရီ လဆန်းပိုင်းကပင် အိန္ဒိ်ယ မြောက်ပိုင်း ဘီဟာပြည်နယ်တွင် တရားရုံး တစ်ရုံးသည် ဟာနုမန်မျောက် နတ်ဘုရားကို အစိုးရ မြေယာ ကျူးကျော်မှုဖြင့် ရုံးတော်သို့ ဆင့်ခေါ်ခဲ့သည်။ အများပြည်သူပိုင် ကားလမ်းဘေးတွင် ဟာနုမန် နတ်ကွန်းတစ်ခု ပေါ်လာပြီး ထိုနတ်ကွန်းသည် ယာဉ်အသွားအလာကို အနှောင့်အယှက်ပေးနေသဖြင့် သက်ဆိုင်ရာ အစိုးရဌာနက ရုံးတော်သို့ လျှောက်ထားကာ နတ်ကွန်းကို ဖယ်ခိုင်းခြင်း ဖြစ်သည်။

တရားရုံးသည် ဟာနုမန်ကို ရုံးတော်သို့ ဆင့်ခေါ်သည့် အမိန့်စာ ထုတ်ပြန်ခဲ့သလို နတ်ကွန်းရှိ ဟာနုမန်ရုပ်တုပေါ်တွင်လည်း အမိန့်စာကို ကပ်ထားခဲ့သည်။ ထိုကိစ္စကို လူအများ ဝေဖန်မှုများထွက်ပေါ်လာရာ ရုံးတော်က ၎င်းတို့သည် ဟာနုမန်နတ်ကွန်းကို ဆောက်လုပ်ကိုးကွယ်သူများကိုသာ ရည်ညွှန်းခြင်း ဖြစ်ကြောင်း၊ ဟာနုမန်နတ်ကို ရည်ညွှန်းခြင်း မဟုတ်​ကြောင်​း ပြန်လည်ဖြေရှင်းခဲ့သည်။ ဟာနုမန် မျောက်မင်း၏ ရုပ်တုမှ အမိန့်စာကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဇနီးသည်ကို နှိမ့်ချ ဆက်ဆံမှု

ဇနီးသည် သီတာကို နှိမ့်ချ ဆက်ဆံမှုဖြင့် ဟိန္ဒူတို့၏ အထင်ကရနတ်ဘုရား ရာမကို လူသားရှေ့နေတစ်ဦးက တရားစွဲဆိုဖူးသေးသည်။ ချန်ဒန်ကူးမား ဆင်းဂ်ျ ဆိုသောရှေ့နေဖြစ်သည်။ သူသည် အိန္ဒိ်ယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ဟိန္ဒူများနည်းတူ ရာမနတ်ကို ယုံကြည် ကိုးကွယ်သူသာ ဖြစ်ကြောင်း၊ သို့သော် ရာမက သီတာကို နှိမ့်ချ ဆက်ဆံမှုများကိုတော့ သူခွင့်လွှတ်နားလည်ပေးလို့ မရကြောင်း မစ္စတာဆင်းဂ်ျက ပြောသည်။

ရုံးတော်က ထိုတရားစွဲဆိုမှုကို ပယ်ချခဲ့သည်။ လက်တွေ့မကျသော တရားစွဲဆိုမှုဟုလည်း ဆိုခဲ့သည်။ မစ္စတာ ဆင်းဂ်ျ၏ မိတ်ဆွေများကလည်း ဆင်းဂ်ျသည် နာမည်ကြီးချင်၍ သပ်သပ် စတန့်ထွင်ခြင်း ဖြစ်သည်ဟု ပြစ်တင်ခဲ့ကြသည်။ မိတ်ဆွေ တစ်ယောက်က ဆိုလျှင် ရာမနတ်မင်းကို သိက္ခာချသော ဆင်းဂ်ျကိုပင် တန်ပြန် တရားစွဲဆိုခဲ့သည်။ မစ္စတာ ဆင်းဂ်ျကမူ မတုန်လှုပ်။ တရားစွဲနိုင်အောင် သူဆက်လက်​ ကြိုးစားမည်ဟု ဆိုထားသည်။ ရာမသည် သီတာအား နှိမ့်ချ ဆက်ဆံခဲ့မှုများကို အိန္ဒိ်ယပြည်သူများ အမှန်အတိုင်း သိအောင်သူ ဆက်လက်​ ကြိုးပမ်းမည်ဟု ဆိုထားသည်။

မြေပိုင်ရှင် ဘယ်သူလဲ

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကလည်း ရာမနှင့် ဟာနုမန်တို့ကို ရုံးတော်က ဆင့်ခေါ်ခဲ့ဖူးသည်။ မြေပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့်ဖြစ်သည်။ အိန္ဒိ်ယ အရှေ့ပိုင်း ဂျာခန်း ပြည်နယ်တရားရုံးက ရာမနှင့် ဟာနုမန်တို့ ရုံးတော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်စေဟု ဆင့်ခေါ်ခဲ့သည်။ ရာမနှင့် ဟာနုမန်တို့ ရုံးတော်သို့ လာရောက်ဖို့ ပျက်ကွက်သည်တွင် နောက်တစ်ကြိမ်အဖြစ် ရုံးတော်ဆက်သားဖြင့် အကြောင်းကြားစာ ​ပေးပို့ခဲ့သည်။ ထိုအကြိမ်တွင်လည်း လာရောက်ရန် ပျက်ကွက်သည်တွင် စာတိုက်မှ တစ်ဆင့်ပေးပို့ခဲ့သည်။

နတ်ဘုရားတို့ထံ ပေးပို့သောလိပ်စာသည် မတိကျသဖြင့်ဟု ဆိုကာ စာတိုက်က ရုံးတော်သို့ ပြန်ပို့ခဲ့သည်။ ဒါဟန်ဘတ်မြို့ရှိ (၁ ဒသမ ၄) ဧက ကျယ်သော မြေကွက်ပေါ်တွင် ရာမနတ်ကွန်းနှင့် ဟာနုမန် နတ်ကွန်းနှစ်ခု ကိစ္စဖြစ်သည်။ ဒေသခံများက ထိုမြေသည်နတ်ဘုရားနှစ်ပါး ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ နတ်ကွန်းလူကြီးကမူ သူ့မြေဟု ဆိုသဖြင့် အမှုဖြစ်ပွားရခြင်း ဖြစ်သည်။

Ref: When gods were hauled into Indian courts by BBC
Messenger News Journal

Leave a Reply