ၿဗိတိသၽွတုိ႔ရဲ႕ စံခ်ိန္ကုိ ခ်ိဳးဖ်က္ခဲ့သူ (သုိ႔) တေခတ္တခါက ျမန္မာ့လူသန္ႀကီး ေဇာ္၀ိတ္

Posted on

ေတာင္ဥကၠလာပၿမိဳ႕ သစၥာလမ္းထိပ္တြင္ သစ္သား ၂ ထပ္အိမ္တစ္လုံးရွိသည္။ ထိုအိမ္၌ တစ္ခါက ေတာေရာၿမိဳ႕ပါမက်န္ လူသိမ်ား၍ ထင္ရွားေက်ာ္ၾကားခဲ့ေသာ ပုဂၢိဳလ္ႀကီးတစ္ဦး ေနထိုင္ခဲ့သည္။ ထိုပုဂၢိဳလ္မွာ အျခားသူမဟုတ္။ လူသန္ႀကီး ဦးေဇာ္ဝိတ္ပင္ ျဖစ္ေလသည္။ ဦးေဇာ္ဝိတ္သည္ ျမန္မာႏိုင္ငံတြင္သာလူသန္ႀကီးအျဖစ္ ထင္ရွားသည္ မဟုတ္ေခ်။ အိႏၵိယႏိုင္ငံႏွင့္ ၿဗိတိသၽွ အင္ပါယာတစ္ခုလုံး၌လည္း လူသန္ႀကီးအျဖစ္ ထင္ရွားသူျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ျမန္မာႏိုင္ငံသာမက အိႏၵိယႏိုင္ငံႏွင့္ ၿဗိတိသၽွအင္ပါယာ တစ္ခုလုံးတြင္ပါ အေလးမ တံခြန္စိုက္ဘြဲ႕ကို ရရွိခဲ့ေသာေၾကာင့္ ျဖစ္သည္။ ထို႔ျပင္ ကမၻာ့အိုလံပစ္ အားကစားပြဲေတာ္သို႔ ျမန္မာလူမ်ိဳးမ်ား သြားေရာက္ယွဥ္ၿပိဳင္ရန္ အိမ္မက္မၽွပင္ မမက္ဖူးစဥ္ ဦးေဇာ္ဝိတ္သည္ ျမန္မာလူမ်ိဳးမ်ားထဲမွ ပထမဆုံးသြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့သူျဖစ္ေပသည္။

( ၁၁ ) ႀကိမ္ေျမာက္ ကမၻာ့အိုလံပစ္ အားကစားၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံမွ ပထမဆုံးသြားေရာက္ ယွဥ္ၿပိဳင္ခဲ့သူ ျမန္မာ့ဂုဏ္ေဆာင္ ကာယဗလ ဦးေဇာ္ဝိတ္ကို အဖ ေျမပိုင္ရွင္ ဦးေပေတ၊ အမိေဒၚေလးေမတို႔က ၁၉၁၁ ခုႏွစ္၊ မတ္လ ( ၇ ) ရက္ေန႔တြင္ ဟံသာဝတီခ႐ိုင္၊ ကြမ္းၿခံကုန္းၿမိဳ႕အပိုင္ ေကာ့မႉးၿမိဳ႕နယ္၊ နတ္စင္ကုန္းေက်း႐ြာေတာင္ပိုင္း၌ ဖြားျမင္သည္။ မိဘႏွစ္ပါးမွာ ကရင္လူမ်ိဳးမ်ား ျဖစ္ၾကသည္။ ေမြးခ်င္းသုံးဦးအနက္ အငယ္ဆုံး ျဖစ္သည္။ ေမြးခ်င္းအစ္မမ်ားမွာ အစ္မႀကီး မလွေဗ်ာ္၊ အစ္မငယ္ မေဇာ္ရွိန္တို႔ ျဖစ္သည္။

ေဇာ္ဝိတ္ဟူေသာ အမည္သည္ ႀကီးျပင္းေသာအခါမွ ေျပာင္းလဲမွည့္ေခၚသည္ မဟုတ္ေခ်။ ငယ္စဥ္ကပင္ မွည့္ေခၚလာေသာ အမည္ျဖစ္သည္။ အဘိုးျဖစ္သူမွာ ပညာရွိတစ္ဦးျဖစ္၍ ေျမးငယ္မ်ားကို အမည္ထူးထူးဆန္းဆန္း မွည့္ေခၚေသာေၾကာင့္ ျဖစ္သည္။ အဘိုးျဖစ္သူသည္ ဦးေဇာ္ဝိတ္တို႔ကိုသာမက အျခားေသာ ေဆြမ်ိဳးသားခ်င္းမ်ားကိုလည္း အံ့ခ်ီး၊ ေတာ္ဦး၊ သာေတာ္၊ ေဝၿဖိဳး စသည္ျဖင့္ အမည္ထူး အမည္ဆန္းမ်ား ေပးခဲ့သူျဖစ္သည္။ ဦးေဇာ္ဝိတ္သည္ ႀကီးျပင္းမွသာ လူသန္ႀကီးျဖစ္ေသာ္လည္း ငယ္စဥ္ကမူ အလြန္ ခ်ဴခ်ာခဲ့သည္။ ၄ႏွစ္သား အ႐ြယ္ေရာက္မွ မတ္တတ္သြားႏိုင္သည္။

အသက္ ( ၇ ) ႏွစ္အ႐ြယ္ေရာက္မွ နတ္စင္ကုန္း႐ြာလယ္ ဦးခ်င္းလယ္ေက်ာင္းတြင္ ပညာစတင္သင္ယူသည္။ စာက်က္ပ်င္းေသာ္လည္း မွတ္ဉာဏ္ေကာင္း၍ တစ္ႏွစ္တစ္တန္းမွန္မွန္စာေမးပြဲေအာင္သည္။ အလယ္တန္းပညာကို ဆရာတင္ခုႏွစ္တန္းေက်ာင္း၌ သင္ယူ၍ ခုႏွစ္တန္းေအာင္ျမင္သည္။ ဦးေဇာ္ဝိတ္သည္ ၁၉၂၇ ခုႏွစ္တြင္ ဦးေလးျဖစ္သူ၏ အကူအညီျဖင့္ ဗိုလ္တေထာင္ စိန္ဗားနီဗတ္ ဟိုက္စကူးေက်ာင္းသို႔ တက္ေရာက္ သင္ယူခြင့္ရရွိသည္။ ျမန္မာစာ ခုႏွစ္တန္းေအာင္ေသာ္လည္း အဂၤလိပ္စာမတတ္သျဖင့္ တတိယတန္းက စတင္သင္ယူရသည္။ မိခင္ႀကီး ႐ုတ္တရက္ မီးယပ္ေရာဂါျဖင့္ ကြယ္လြန္၍ ဇာတိ႐ြာသို႔ ျပန္၍ လယ္ယာလုပ္ကိုင္သည္။

ထို႔ေနာက္ ဦးေဇာ္ဝိတ္သည္ ၁၉၂၈ ခုႏွစ္တြင္ ရန္ကုန္ ဘက္ပတစ္ေနာ္မန္ဆရာအတတ္သင္ေက်ာင္း၌ E.T.C အီးတီစီ ဆရာျဖစ္သင္တန္း တက္ေရာက္ခြင့္ရရွိသည္။ ၁၉၂၉ ခုတြင္ ဆရာျဖစ္သင္တန္းေအာင္ျမင္ၿပီး ၾကည့္ျမင္တိုင္ ဦးဘြင္ယူ မူလတန္းေက်ာင္း၌ မူလတန္းျပဆရာ အျဖစ္ လုပ္ကိုင္သည္။ ၾကည့္ျမင္တိုင္သို႔ေက်ာင္းတက္ရာ နံနက္ေက်ာင္းတက္လၽွင္ မဂၤလာေတာင္ၫြန္႔ ၁၀၃ လမ္းမွ ရန္ကုန္ဘူတာႀကီးသို႔ ေျခလ်င္ေလၽွာက္ၿပီး ဘူတာႀကီးမွ ဟုမ္းလမ္းသို႔ ရထားစီးသည္။ ဟုမ္းလမ္းဘူတာမွ ေတာလမ္းရွိ ဦးဘြင္ယူမူလတန္းေက်ာင္းသို႔ ေျခလ်င္ေလၽွာက္သည္။ အျပန္တြင္လည္း ထိုသို႔ပင္ျပန္သည္။

ေက်ာင္းမွ အိမ္သို႔ အျပန္ေန႔စဥ္လိုလို ရန္ကုန္ဘူတာႀကီးအနီး ဦးအုန္းခိုင္လမ္း မီးရထား အမႈထမ္းမ်ားေနေသာ အိမ္တစ္အိမ္ေရွ႕တြင္ လူငယ္တစ္စု အားကစား ေလ့က်င့္ေနသည္ကို ေတြ႕ျမင္ရၿပီး ထိုအိမ္ေရွ႕တြင္ က်န္းမာသန္စြမ္းေရး ကလပ္ Strength and Health Club ဆိုေသာ အမည္ျဖင့္ အဂၤလိပ္လို ဆိုင္းဘုတ္ကေလး ခ်ိတ္ထားသည္။ အခ်ိဳ႕က အေလးျပားႀကီးမ်ား ပင့္ၾက၊ မၾက၊ အခ်ိဳ႕က သံကြင္းဘား၊ အခ်ိဳ႕က ႏွစ္တန္းဘား ေလ့က်င့္ၾကသည္။ သူတို႔၏ ကိုယ္လုံး ကိုယ္ထည္မ်ားမွာ ႂကြက္သားႀကီးမ်ား အဖုအထစ္ျဖင့္ အားက်စရာျဖစ္သည္။

ေက်ာင္းဆရာအျဖစ္ ဝင္ေရာက္လုပ္ကိုင္ေနစဥ္ အတြင္း ကာယဗလ ဝါသနာထုံခဲ့ေသာ ဦးေဇာ္ဝိတ္သည္ ရန္ကုန္ဘူတာႀကီးအနီး ဦးအုန္းခိုင္လမ္းရွိ မီးရထားအမႈထမ္း ရိပ္သာ၌ ဖြင့္လွစ္ထားေသာ က်န္းမာသန္စြမ္းေရးကလပ္ ( Strength and Health Club ) သို႔ ဝင္ေရာက္ေလ့က်င့္သည္။ ဦးေဇာ္ဝိတ္သည္ ၁၉၂၉ ခုႏွစ္တြင္ အလုံ ဧရာဝတီလမ္းရွိ အေလးမနည္းျပဆရာ ကာယဗလဦးရွိန္ထံ၌ အေလးမ စတင္ေလ့က်င့္သည္။ ၁၉၃၀ ျပည့္ႏွစ္တြင္ ကာယဗလဦးရွိန္၏ ျမန္မာျပည္ ကာယဗလအဖြဲ႕က ႀကီးမႉး၍ အာရွစံခ်ိန္အေလးမပြဲကို က်င္းပရာ ဦးေဇာ္ဝိတ္သည္ ပရိသတ္ ေရွ႕တြင္ ပထမဆုံး အစြမ္းျပသသည္။ ေပါင္ ( ၂၈၀ ) ျဖင့္ အာရွစံခ်ိန္ကို ေအာင္ျမင္စြာ ခ်ိဳး၍ အားကစားေလာကႏွင့္ ျပင္ပ ေလာကတြင္ ထင္ရွားေက်ာ္ၾကားသြားသည္။

၁၉၃၁ ခုႏွစ္တြင္ ေဇာ္ဝိတ္တစ္ကိုယ္ေတာ္ အစြမ္းျပ အေလးမပြဲကို ျမန္မာျပည္ အေလးမ အသင္းတိုက္၌ က်င္းပရာ ၿပိဳင္ပြဲဝင္ အိုလံပစ္ ႏွစ္ဆင့္မ နည္းျဖင့္ အာရွတိုက္တြင္ မည္သူမၽွ မ မႏိုင္ေသာ ( ၁၄၄ ) ေပါင္ခြဲကို အလြယ္တကူ မျပႏိုင္ခဲ့သည္။ ျမန္မာျပည္ အေလးမ အသင္း ဥကၠ႒ ဝတ္လုံေတာ္ရ ဦးဘဒြန္းႏွင့္ အဖြဲ႕ဝင္မ်ားက ဦးေဇာ္ဝိတ္ကို ျမန္မာျပည္တြင္ အမ်ားဆုံး မႏိုင္ေသာ လူသန္ႀကီး အျဖစ္ အသိအမွတ္ျပဳၾကသည္။ ဦးေဇာ္ဝိတ္သည္ ၁၉၂၃ ခုႏွစ္တြင္ ျမန္မာျပည္အေပ်ာ္တမ္း အမ်ိဳးသားရဲတပ္ကပြဲ၌ အေလးမျပသည္။ ႂကြက္သားႀကီးမ်ား လႈပ္ျပသည္။ လူသုံးေယာက္ကို လက္တစ္ဖက္တည္းျဖင့္ မ၍ ဇာတ္ခုံတစ္ဖက္စြန္းသို႔ ေလၽွာက္ျပသည္။ ကိုးေပစင္ျမင့္ေပၚမွ အေလးမခ်ိန္ပီယံ ကိုစံသင္က ေဇာ္ဝိတ္ႀကီး၏ ဗိုက္ေပၚသို႔ခုန္ခ်ရာ ေဇာ္ဝိတ္က ၿပဳံး႐ႊင္စြာထလာၿပီး ပရိသတ္ကို လက္ေျမႇာက္ႏႈတ္ဆက္ျပသည္။ ထို႔ျပင္ ေဇာ္ဝိတ္၏ လည္ပင္းကို တစ္ဖက္လၽွင္ လူ၁၀ေယာက္စီ ႀကိဳးခ်ည္ဆြဲကာ အစြမ္းျပသည္။

ဦးေဇာ္ဝိတ္သည္ ၁၉၃၃ ခုႏွစ္တြင္ ၿဗိတိသၽွစံခ်ိန္ခ်ိဳးပြဲကို ၿမိဳ႕မအမ်ိဳးသားေက်ာင္းေရွ႕၌ က်င္းပရာ ၿဗိတိသၽွစံခ်ိန္ ၁၇၅ ေပါင္ကို တစ္ႀကိမ္တည္းေပါင္ ၁၈၀မကာ စံခ်ိန္ခ်ိဳးလိုက္သည္။ အျမန္မတြင္လည္း ၿဗိတိသၽွစံခ်ိန္ေပါင္ ၂၀၀ ကို ၂၀၅ ေပါင္မၿပီး ထပ္မံစံခ်ိန္ခ်ိဳးလိုက္ျပန္သည္။ ၿဗိတိသၽွအင္ပါယာ အျမင့္ဆုံးစံခ်ိန္ ၆၅၅ ေပါင္ကို ဦးေဇာ္ဝိတ္က စံခ်ိန္သစ္ ၆၆၁ ေပါင္ျဖင့္ အစြမ္းျပသြားသည္။ ဦးေဇာ္ဝိတ္သည္ ၁၉၃၄ ခုႏွစ္တြင္ ၆၉၅ ေပါင္အထိမ၍ ၿဗိတိသၽွစံခ်ိန္ကို ထပ္မံခ်ိဳးလိုက္သည္။ ၁၉၃၄ ခုႏွစ္ ဒုတိယအႀကိမ္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အမ်ိဳးသားရဲတပ္ဖြဲ႕ညီလာခံကို ၿမိဳ႕မအမ်ိဳးသားေက်ာင္းတြင္ က်င္းပရာ ဦးေဇာ္ဝိတ္သည္ ဆရာျဖစ္သူ ကာယဗလ ဦးရွိန္ႏွင့္အတူ ပါဝင္ေဟာေျပာသည္။

ထို႔ျပင္ လူငယ္မ်ားႀကီးပြားေရးအသင္းက ေက်းလက္ျပဳျပင္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ဇာတိမာန္ကဗ်ာႏွင့္ ေဇာ္ဝိတ္ႀကီး၏ ဓာတ္ပုံ၊ ကိုယ္လက္က်န္းမာေရးစာတမ္းမ်ား ျဖန္႔ေဝသည္။ ဦးေဇာ္ဝိတ္ကိုယ္တိုင္ ေက်းလက္သို႔ သြားေရာက္၍ ကာယဗလအေၾကာင္းေဟာေျပာသည္။ ထိုစဥ္က စိန္သရဖူ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးစဥ္ ဦးေဇာ္ဝိတ္၏ ကာယဗလျပခန္းျပကြက္မ်ားကို ထည့္သြင္း႐ိုက္ကူးသည္။ ကြမ္းၿခံကုန္းၿမိဳ႕နယ္ ကိုးေတာင္႐ြာသို႔ တူျဖစ္သူ၏ အသုဘကိစၥ သြားေရာက္စဥ္ ေက်းလက္လူငယ္မ်ား၏ ေတာင္းဆိုမႈေၾကာင့္ အသုဘမ႑ပ္အလယ္တြင္ ကာယဗလျပပြဲ ဆင္ႏႊဲျပသရသည္။

ဦးေဇာ္ဝိတ္သည္ ၁၉၃၅ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ နယူးေဒလီ ၿမိဳ႕၌ က်င္းပေသာ အိႏၵိယႏိုင္ငံလုံးဆိုင္ရာ အေလးမၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္သည္။ ၁၂ စတုံတန္းတြင္ အိႏၵိယခ်ိန္ပီယံဆု၊ ဟဲဗီးဝိတ္တန္းတြင္ ေပါင္ ၂၈၀ မ၍ အိႏၵိယအင္ပါယာ ခ်န္ပီယံဆုမ်ားရရွိၿပီး မ,နည္းသုံးနည္းျဖင့္ ေပါင္ ၆၈၀ မကာ အိႏၵိယစံခ်ိန္သစ္တင္ ဗိုလ္စြဲသည္။ ၁၉၃၅ ခုႏွစ္ အိႏၵိယႏိုင္ငံ နယူးေဒလီ ၿမိဳ႕၌ က်င္းပေသာ အာရွ အေလးမ ႏွင့္ ကာယဗလေမာင္ၿပိဳင္ပြဲတြင္ အလတ္တန္း အေလးမေမာင္ ပထမႏွင့္ အႀကီးတန္း အေလးမေမာင္ပါ ဆက္ၿပိဳင္ခြင့္ ရခဲ့သည့္ အတြက္ အႀကီးတန္း အေလးမ ပထမဆု ကိုလည္း ဆြတ္ခူးခဲ့သည့္ အျပင္ ၿဗိတိသၽွအင္ပါယာ စံခ်ိန္ကိုလည္း တင္ခဲ့သည္။

အိႏၵိယႏိုင္ငံလုံးဆိုင္ရာ ကာယဗလအဖြဲ႕က ဦးေဇာ္ဝိတ္ကို (၁၁)ႀကိမ္ေျမာက္ ကမၻာ့အိုလံပစ္ အေလးမၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္ရန္ ေ႐ြးခ်ယ္ခဲ့ရာ ၁၉၃၆ ခုႏွစ္၊ ဩဂုတ္လ ၂ရက္တြင္ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕၌ က်င္းပေသာ ကမၻာ့အိုလံပစ္အေလးမၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္သည္။ ဦးေဇာ္ဝိတ္သည္ အဆင့္ ၁၄ သာ ရရွိခဲ့ေသာ္လည္း အျမန္တြင္အေကာင္းဆုံးမျပႏိုင္သည္။ ထုိပြဲသုိ႔ ဂ်ာမနီေခါင္းေဆာင္ႀကီးဟစ္တလာ ကိုယ္တုိင္လာၾကည့္ၿပီး ဦးေဇာ္၀ိတ္အေလးမသည့္ အလွည့္တြင္ အားရ၀မ္းသာ လက္ခုပ္ထတီးသည္ ဟုသိရသည္။ ကမၻာ့အိုလံပစ္ အေလးမၿပိဳင္ပြဲမွ ျပန္လာေသာ ဦးေဇာ္ဝိတ္ကို ျမန္မာအားကစားပရိသတ္က ရန္ကုန္ဆိပ္ကမ္းတြင္ ကမ္းလုံးၫႊတ္မၽွ ႀကိဳဆိုၾကသည္။ ထို႔ျပင္ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ႀကီးမႉး၍ အိုလံပစ္ျပန္ေဇာ္ဝိတ္ႀကီး ေဟာေျပာပြဲက်င္းပခဲ့ရာ ၿမိဳ႕ေတာ္ခန္းမတစ္ခုလုံး ပရိသတ္ျပည့္လၽွံသြားသည္။

ဦးေဇာ္ဝိတ္သည္ ၁၉၃၄ ခုႏွစ္တြင္ ၿမိဳ႕မ အမ်ိဳးသားေက်ာင္းဆရာႀကီး ဦးဘလြင္ေခါင္းေဆာင္ေသာ ေလ့လာေရးအဖြဲ႕ျဖင့္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ေလ့လာခဲ့ရာ ထိုင္း၊ မေလးရွား၊ စင္ကာပူ၊ ထိုင္ဝမ္၊ ေဖာ္မိုဆာ၊ ဖိလစ္ပိုင္သို႔လည္း ဝင္ေရာက္ေလ့လာသည္။ ၁၉၄၅ ခုႏွစ္တြင္ အာရွလူငယ္အစည္းအ႐ုံး၌ ကာယဗလ တာဝန္ခံအျဖစ္ ေဆာင္႐ြက္သည္။ ဂ်ပန္ေခတ္အတြင္း ျမန္မာႏိုင္ငံ အသံလႊင့္ဌာနက ဦးေဇာ္ဝိတ္စီစဥ္သည့္ က်န္းမာေရးေလ့က်င့္ခန္းမ်ားကို ေန႔စဥ္ လႊတ္ထုတ္ေပးသည္။ ဦးေဇာ္ဝိတ္သည္ ေဒါက္တာဘေမာ္ အစိုးရလက္ထက္တြင္ ဗမာ့ဝန္ထမ္းအားကစားဌာန၌ ဒုတိယ ၫႊန္ၾကားေရးဝန္ အျဖစ္ထမ္းေဆာင္သည္။

၁၉၄၆ ခုႏွစ္တြင္ စစ္ၿပီးစ လူမ်ိဳးျပန္လည္ထူေထာင္ေရးဟူေသာ ေႂကြးေၾကာ္သံျဖင့္ ဗမာ့အားမဂၢဇင္းအမွတ္ ( ၁ ) ကို ဇြန္လ၌ စတင္ထုတ္ေဝသည္။ ထိုႏွစ္တြင္ပင္ ကာယဗလ ဦးရွိန္၊ မစၥတာ ဖရင့္ဟတ္စတင္း၊ ဦးေသာ္ဇင္၊ ဦးေဇာ္ဝိတ္တို႔၏ ႀကိဳးပမ္းမႈျဖင့္ ဗမာျပည္အိုလံပစ္အသင္းႀကီးကို ဖြဲ႕စည္းသည္။ ၁၉၄၈ ခုႏွစ္ ဦးေမာင္ကေလး၊ ဦးထြန္းၿငိမ္း၊ ဦးေဇာ္ဝိတ္တို႔ ပါဝင္ေသာ ေလ့လာေရးအဖြဲ႕သည္ ဥေရာပႏိုင္ငံမ်ားႏွင့္ အေမရိကန္ ျပည္ေထာင္စုသို႔ သြားေရာက္ေလ့လာသည္။ ၁၉၅၀ ျပည့္ႏွစ္ အမ်ိဳးသားကိုယ္လက္ႀကံ႕ခိုင္ေရးေကာင္စီဖြဲ႕စည္းခဲ့ရာ ၁၉၅၁ ခုႏွစ္တြင္ ဦးေဇာ္ဝိတ္ကို စည္း႐ုံးေရးမႉးခ်ဳပ္ရာထူး ခန္႔အပ္တာဝန္ေပးသည္။ ၁၉၅၄ ခုႏွစ္ ဂုဏ္ထူးေဆာင္ဘီေအဘြဲ႕ႏွင့္ ဝဏၰေက်ာ္ထင္ဘြဲ႕ ခ်ီးျမႇင့္ျခင္းခံရသည္။ ၁၉၅၅ ခုႏွစ္တြင္ ၫႊန္ၾကားေရးဝန္အျဖစ္ တိုးျမႇင့္ခန္႔အပ္သည္။ ၁၉၆၅ ခုႏွစ္တြင္ၫႊန္ၾကားေရးဝန္ အျဖစ္မွ အၿငိမ္းစားယူသည္။

ဦးေဇာ္ဝိတ္သည္ ဂ်ာနယ္ေက်ာ္၊ ႀကီးပြားေရး၊ တိုးတက္ေရး၊ မ႑ိဳင္၊ မိုးႀကိဳး၊ ဟံသာဝတီ မဂၢဇင္းမ်ားတြင္ ေဆာင္းပါးမ်ား ေရးသားသည္။ ထို႔ျပင္ အိုလံပစ္ စာေစာင္ႏွင့္ အားကစားစာေစာင္မ်ားကို ထုတ္ေဝသည္။ အားကစားႏွင့္ စိတ္ပညာစာအုပ္ကိုလည္း ေရးသားထုတ္ေဝသည္။ ဟံသာဝတီ သတင္းစာတြင္ ပင္တိုင္ ေဆာင္းပါးရွင္အျဖစ္ ေဘာလုံးကစားနည္းကို ေရးသားခဲ့သည္။ ဦးေဇာ္ဝိတ္အား ၁၉၈၀ ျပည့္ႏွစ္ ႏိုင္ငံေတာ္ေကာင္စီက ႏိုင္ငံ့ဂုဏ္ရည္ဘြဲ႕ ( ဒုတိယ အဆင့္ ) ကို ခ်ီးျမႇင့္ခဲ့သည္။ ၁၉၉၀ ျပည့္ႏွစ္တြင္ ယူနက္စကိုမွ အာရွႏွင့္ ပစိဖိတ္ဆိုင္ရာ အားကစားထူးခၽြန္ဆု ( ယူပုဂၢိဳလ္ဆု) ကို ကေနဒါႏိုင္ငံ ေအာ့တဝါၿမိဳ႕၌ ခ်ီးျမႇင့္ေပးအပ္ျခင္း ခံရသည္။ ၁၉၉၂ ခုႏွစ္တြင္ ကမၻာ့အိုလံပစ္ ေကာ္မတီ မွ အားကစား ဗိသုကာ ဂုဏ္ျပဳဆု တံဆိပ္ကို လက္ခံရရွိသည္။ အားကစားျဖင့္ ျမန္မာ့ဂုဏ္ကိုေဆာင္ခဲ့ေသာ ဝဏၰေက်ာ္ထင္ ကာယဗလ ဦးေဇာ္ဝိတ္သည္ ၂၀၀၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ( ၂၅ ) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။ ကြယ္လြန္ခ်ိန္၌ သားသမီးႏွစ္ဦးႏွင့္ ေျမး ( ၈ ) ဦး က်န္ရစ္သည္။

ပထမျမန္မာမ်ား – မင္းယုေ၀
ျမန္မာ့စြယ္စုံက်မ္း
Myanmar Wikipedia
——————————-

ဗြိတိသျှတို့ရဲ့ စံချိန်ကို ချိုးခဲ့သူ (သို့) တခေတ်တခါက မြန်မာ့လူသန်ကြီး ဇော်ဝိတ် (unicode)

တောင်ဥက္ကလာပမြို့ သစ္စာလမ်းထိပ်တွင် သစ်သား ၂ ထပ်အိမ်တစ်လုံးရှိသည်။ ထိုအိမ်၌ တစ်ခါက တောရောမြို့ပါမကျန် လူသိများ၍ ထင်ရှားကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး နေထိုင်ခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ်။ လူသန်ကြီး ဦးဇော်ဝိတ်ပင် ဖြစ်လေသည်။ ဦးဇော်ဝိတ်သည် မြန်မာနိုင်ငံတွင်သာလူသန်ကြီးအဖြစ် ထင်ရှားသည် မဟုတ်ချေ။ အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတစ်ခုလုံး၌လည်း လူသန်ကြီးအဖြစ် ထင်ရှားသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှအင်ပါယာ တစ်ခုလုံးတွင်ပါ အလေးမ တံခွန်စိုက်ဘွဲ့ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်သို့ မြန်မာလူမျိုးများ သွားရောက်ယှဉ်ပြိုင်ရန် အိမ်မက်မျှပင် မမက်ဖူးစဉ် ဦးဇော်ဝိတ်သည် မြန်မာလူမျိုးများထဲမှ ပထမဆုံးသွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သူဖြစ်ပေသည်။

( ၁၁ ) ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံးသွားရောက် ယှဉ်ပြိုင်ခဲ့သူ မြန်မာ့ဂုဏ်ဆောင် ကာယဗလ ဦးဇော်ဝိတ်ကို အဖ မြေပိုင်ရှင် ဦးပေတေ၊ အမိဒေါ်လေးမေတို့က ၁၉၁၁ ခုနှစ်၊ မတ်လ ( ၇ ) ရက်နေ့တွင် ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့အပိုင် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာတောင်ပိုင်း၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံး ဖြစ်သည်။ မွေးချင်းအစ်မများမှာ အစ်မကြီး မလှဗျော်၊ အစ်မငယ် မဇော်ရှိန်တို့ ဖြစ်သည်။

ဇော်ဝိတ်ဟူသော အမည်သည် ကြီးပြင်းသောအခါမှ ပြောင်းလဲမှည့်ခေါ်သည် မဟုတ်ချေ။ ငယ်စဉ်ကပင် မှည့်ခေါ်လာသော အမည်ဖြစ်သည်။ အဘိုးဖြစ်သူမှာ ပညာရှိတစ်ဦးဖြစ်၍ မြေးငယ်များကို အမည်ထူးထူးဆန်းဆန်း မှည့်ခေါ်သောကြောင့် ဖြစ်သည်။ အဘိုးဖြစ်သူသည် ဦးဇော်ဝိတ်တို့ကိုသာမက အခြားသော ဆွေမျိုးသားချင်းများကိုလည်း အံ့ချီး၊ တော်ဦး၊ သာတော်၊ ဝေဖြိုး စသည်ဖြင့် အမည်ထူး အမည်ဆန်းများ ပေးခဲ့သူဖြစ်သည်။ ဦးဇော်ဝိတ်သည် ကြီးပြင်းမှသာ လူသန်ကြီးဖြစ်သော်လည်း ငယ်စဉ်ကမူ အလွန် ချူချာခဲ့သည်။ ၄နှစ်သား အရွယ်ရောက်မှ မတ်တတ်သွားနိုင်သည်။

အသက် ( ၇ ) နှစ်အရွယ်ရောက်မှ နတ်စင်ကုန်းရွာလယ် ဦးချင်းလယ်ကျောင်းတွင် ပညာစတင်သင်ယူသည်။ စာကျက်ပျင်းသော်လည်း မှတ်ဉာဏ်ကောင်း၍ တစ်နှစ်တစ်တန်းမှန်မှန်စာမေးပွဲအောင်သည်။ အလယ်တန်းပညာကို ဆရာတင်ခုနှစ်တန်းကျောင်း၌ သင်ယူ၍ ခုနှစ်တန်းအောင်မြင်သည်။ ဦးဇော်ဝိတ်သည် ၁၉၂၇ ခုနှစ်တွင် ဦးလေးဖြစ်သူ၏ အကူအညီဖြင့် ဗိုလ်တထောင် စိန်ဗားနီဗတ် ဟိုက်စကူးကျောင်းသို့ တက်ရောက် သင်ယူခွင့်ရရှိသည်။ မြန်မာစာ ခုနှစ်တန်းအောင်သော်လည်း အင်္ဂလိပ်စာမတတ်သဖြင့် တတိယတန်းက စတင်သင်ယူရသည်။ မိခင်ကြီး ရုတ်တရက် မီးယပ်ရောဂါဖြင့် ကွယ်လွန်၍ ဇာတိရွာသို့ ပြန်၍ လယ်ယာလုပ်ကိုင်သည်။

ထို့နောက် ဦးဇော်ဝိတ်သည် ၁၉၂၈ ခုနှစ်တွင် ရန်ကုန် ဘက်ပတစ်နော်မန်ဆရာအတတ်သင်ကျောင်း၌ E.T.C အီးတီစီ ဆရာဖြစ်သင်တန်း တက်ရောက်ခွင့်ရရှိသည်။ ၁၉၂၉ ခုတွင် ဆရာဖြစ်သင်တန်းအောင်မြင်ပြီး ကြည့်မြင်တိုင် ဦးဘွင်ယူ မူလတန်းကျောင်း၌ မူလတန်းပြဆရာ အဖြစ် လုပ်ကိုင်သည်။ ကြည့်မြင်တိုင်သို့ကျောင်းတက်ရာ နံနက်ကျောင်းတက်လျှင် မင်္ဂလာတောင်ညွန့် ၁၀၃ လမ်းမှ ရန်ကုန်ဘူတာကြီးသို့ ခြေလျင်လျှောက်ပြီး ဘူတာကြီးမှ ဟုမ်းလမ်းသို့ ရထားစီးသည်။ ဟုမ်းလမ်းဘူတာမှ တောလမ်းရှိ ဦးဘွင်ယူမူလတန်းကျောင်းသို့ ခြေလျင်လျှောက်သည်။ အပြန်တွင်လည်း ထိုသို့ပင်ပြန်သည်။ ကျောင်းမှ အိမ်သို့ အပြန်နေ့စဉ်လိုလို ရန်ကုန်ဘူတာကြီးအနီး ဦးအုန်းခိုင်လမ်း မီးရထား အမှုထမ်းများနေသော အိမ်တစ်အိမ်ရှေ့တွင် လူငယ်တစ်စု အားကစား လေ့ကျင့်နေသည်ကို တွေ့မြင်ရပြီး ထိုအိမ်ရှေ့တွင် ကျန်းမာသန်စွမ်းရေး ကလပ် Strength and Health Club ဆိုသော အမည်ဖြင့် အင်္ဂလိပ်လို ဆိုင်းဘုတ်ကလေး ချိတ်ထားသည်။ အချို့က အလေးပြားကြီးများ ပင့်ကြ၊ မကြ၊ အချို့က သံကွင်းဘား၊ အချို့က နှစ်တန်းဘား လေ့ကျင့်ကြသည်။ သူတို့၏ ကိုယ်လုံး ကိုယ်ထည်များမှာ ကြွက်သားကြီးများ အဖုအထစ်ဖြင့် အားကျစရာဖြစ်သည်။

ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ် အတွင်း ကာယဗလ ဝါသနာထုံခဲ့သော ဦးဇော်ဝိတ်သည် ရန်ကုန်ဘူတာကြီးအနီး ဦးအုန်းခိုင်လမ်းရှိ မီးရထားအမှုထမ်း ရိပ်သာ၌ ဖွင့်လှစ်ထားသော ကျန်းမာသန်စွမ်းရေးကလပ် ( Strength and Health Club ) သို့ ဝင်ရောက်လေ့ကျင့်သည်။ ဦးဇော်ဝိတ်သည် ၁၉၂၉ ခုနှစ်တွင် အလုံ ဧရာဝတီလမ်းရှိ အလေးမနည်းပြဆရာ ကာယဗလဦးရှိန်ထံ၌ အလေးမ စတင်လေ့ကျင့်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ကာယဗလဦးရှိန်၏ မြန်မာပြည် ကာယဗလအဖွဲ့က ကြီးမှူး၍ အာရှစံချိန်အလေးမပွဲကို ကျင်းပရာ ဦးဇော်ဝိတ်သည် ပရိသတ် ရှေ့တွင် ပထမဆုံး အစွမ်းပြသသည်။ ပေါင် ( ၂၈၀ ) ဖြင့် အာရှစံချိန်ကို အောင်မြင်စွာ ချိုး၍ အားကစားလောကနှင့် ပြင်ပ လောကတွင် ထင်ရှားကျော်ကြားသွားသည်။

၁၉၃၁ ခုနှစ်တွင် ဇော်ဝိတ်တစ်ကိုယ်တော် အစွမ်းပြ အလေးမပွဲကို မြန်မာပြည် အလေးမ အသင်းတိုက်၌ ကျင်းပရာ ပြိုင်ပွဲဝင် အိုလံပစ် နှစ်ဆင့်မ နည်းဖြင့် အာရှတိုက်တွင် မည်သူမျှ မ မနိုင်သော ( ၁၄၄ ) ပေါင်ခွဲကို အလွယ်တကူ မပြနိုင်ခဲ့သည်။ မြန်မာပြည် အလေးမ အသင်း ဥက္ကဋ္ဌ ဝတ်လုံတော်ရ ဦးဘဒွန်းနှင့် အဖွဲ့ဝင်များက ဦးဇော်ဝိတ်ကို မြန်မာပြည်တွင် အများဆုံး မနိုင်သော လူသန်ကြီး အဖြစ် အသိအမှတ်ပြုကြသည်။ ဦးဇော်ဝိတ်သည် ၁၉၂၃ ခုနှစ်တွင် မြန်မာပြည်အပျော်တမ်း အမျိုးသားရဲတပ်ကပွဲ၌ အလေးမပြသည်။ ကြွက်သားကြီးများ လှုပ်ပြသည်။ လူသုံးယောက်ကို လက်တစ်ဖက်တည်းဖြင့် မ၍ ဇာတ်ခုံတစ်ဖက်စွန်းသို့ လျှောက်ပြသည်။ ကိုးပေစင်မြင့်ပေါ်မှ အလေးမချိန်ပီယံ ကိုစံသင်က ဇော်ဝိတ်ကြီး၏ ဗိုက်ပေါ်သို့ခုန်ချရာ ဇော်ဝိတ်က ပြုံးရွှင်စွာထလာပြီး ပရိသတ်ကို လက်မြှောက်နှုတ်ဆက်ပြသည်။ ထို့ပြင် ဇော်ဝိတ်၏ လည်ပင်းကို တစ်ဖက်လျှင် လူ၁၀ယောက်စီ ကြိုးချည်ဆွဲကာ အစွမ်းပြသည်။

ဦးဇော်ဝိတ်သည် ၁၉၃၃ ခုနှစ်တွင် ဗြိတိသျှစံချိန်ချိုးပွဲကို မြို့မအမျိုးသားကျောင်းရှေ့၌ ကျင်းပရာ ဗြိတိသျှစံချိန် ၁၇၅ ပေါင်ကို တစ်ကြိမ်တည်းပေါင် ၁၈ဝမကာ စံချိန်ချိုးလိုက်သည်။ အမြန်မတွင်လည်း ဗြိတိသျှစံချိန်ပေါင် ၂၀၀ ကို ၂၀၅ ပေါင်မပြီး ထပ်မံစံချိန်ချိုးလိုက်ပြန်သည်။ ဗြိတိသျှအင်ပါယာ အမြင့်ဆုံးစံချိန် ၆၅၅ ပေါင်ကို ဦးဇော်ဝိတ်က စံချိန်သစ် ၆၆၁ ပေါင်ဖြင့် အစွမ်းပြသွားသည်။ ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် ၆၉၅ ပေါင်အထိမ၍ ဗြိတိသျှစံချိန်ကို ထပ်မံချိုးလိုက်သည်။ ၁၉၃၄ ခုနှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရဲတပ်ဖွဲ့ညီလာခံကို မြို့မအမျိုးသားကျောင်းတွင် ကျင်းပရာ ဦးဇော်ဝိတ်သည် ဆရာဖြစ်သူ ကာယဗလ ဦးရှိန်နှင့်အတူ ပါဝင်ဟောပြောသည်။

ထို့ပြင် လူငယ်များကြီးပွားရေးအသင်းက ကျေးလက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇာတိမာန်ကဗျာနှင့် ဇော်ဝိတ်ကြီး၏ ဓာတ်ပုံ၊ ကိုယ်လက်ကျန်းမာရေးစာတမ်းများ ဖြန့်ဝေသည်။ ဦးဇော်ဝိတ်ကိုယ်တိုင် ကျေးလက်သို့ သွားရောက်၍ ကာယဗလအကြောင်းဟောပြောသည်။ ထိုစဉ်က စိန်သရဖူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် ဦးဇော်ဝိတ်၏ ကာယဗလပြခန်းပြကွက်များကို ထည့်သွင်းရိုက်ကူးသည်။ ကွမ်းခြံကုန်းမြို့နယ် ကိုးတောင်ရွာသို့ တူဖြစ်သူ၏ အသုဘကိစ္စ သွားရောက်စဉ် ကျေးလက်လူငယ်များ၏ တောင်းဆိုမှုကြောင့် အသုဘမဏ္ဍပ်အလယ်တွင် ကာယဗလပြပွဲ ဆင်နွှဲပြသရသည်။

ဦးဇော်ဝိတ်သည် ၁၉၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ၁၂ စတုံတန်းတွင် အိန္ဒိယချိန်ပီယံဆု၊ ဟဲဗီးဝိတ်တန်းတွင် ပေါင် ၂၈၀ မ၍ အိန္ဒိယအင်ပါယာ ချန်ပီယံဆုများရရှိပြီး မ,နည်းသုံးနည်းဖြင့် ပေါင် ၆၈၀ မကာ အိန္ဒိယစံချိန်သစ်တင် ဗိုလ်စွဲသည်။ ၁၉၃၅ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အာရှ အလေးမ နှင့် ကာယဗလမောင်ပြိုင်ပွဲတွင် အလတ်တန်း အလေးမမောင် ပထမနှင့် အကြီးတန်း အလေးမမောင်ပါ ဆက်ပြိုင်ခွင့် ရခဲ့သည့် အတွက် အကြီးတန်း အလေးမ ပထမဆု ကိုလည်း ဆွတ်ခူးခဲ့သည့် အပြင် ဗြိတိသျှအင်ပါယာ စံချိန်ကိုလည်း တင်ခဲ့သည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကာယဗလအဖွဲ့က ဦးဇော်ဝိတ်ကို (၁၁)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ရာ ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၂ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့အိုလံပစ်အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ဦးဇော်ဝိတ်သည် အဆင့် ၁၄ သာ ရရှိခဲ့သော်လည်း အမြန်တွင်အကောင်းဆုံးမပြနိုင်သည်။ ထိုပွဲသို့ ဂျာမနီခေါင်းဆောင်ကြီးဟစ်တလာ ကိုယ်တိုင်လာကြည့်ပြီး ဦးဇော်ဝိတ်အလေးမသည့် အလှည့်တွင် အားရဝမ်းသာ လက်ခုပ်ထတီးသည် ဟုသိရသည်။ ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲမှ ပြန်လာသော ဦးဇော်ဝိတ်ကို မြန်မာအားကစားပရိသတ်က ရန်ကုန်ဆိပ်ကမ်းတွင် ကမ်းလုံးညွှတ်မျှ ကြိုဆိုကြသည်။ ထို့ပြင်ရန်ကုန်မြို့တော်ဝန်က ကြီးမှူး၍ အိုလံပစ်ပြန်ဇော်ဝိတ်ကြီး ဟောပြောပွဲကျင်းပခဲ့ရာ မြို့တော်ခန်းမတစ်ခုလုံး ပရိသတ်ပြည့်လျှံသွားသည်။

ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် မြို့မ အမျိုးသားကျောင်းဆရာကြီး ဦးဘလွင်ခေါင်းဆောင်သော လေ့လာရေးအဖွဲ့ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ရာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဖော်မိုဆာ၊ ဖိလစ်ပိုင်သို့လည်း ဝင်ရောက်လေ့လာသည်။ ၁၉၄၅ ခုနှစ်တွင် အာရှလူငယ်အစည်းအရုံး၌ ကာယဗလ တာဝန်ခံအဖြစ် ဆောင်ရွက်သည်။ ဂျပန်ခေတ်အတွင်း မြန်မာနိုင်ငံ အသံလွှင့်ဌာနက ဦးဇော်ဝိတ်စီစဉ်သည့် ကျန်းမာရေးလေ့ကျင့်ခန်းများကို နေ့စဉ် လွှတ်ထုတ်ပေးသည်။ ဦးဇော်ဝိတ်သည် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် ဗမာ့ဝန်ထမ်းအားကစားဌာန၌ ဒုတိယ ညွှန်ကြားရေးဝန် အဖြစ်ထမ်းဆောင်သည်။

၁၉၄၆ ခုနှစ်တွင် စစ်ပြီးစ လူမျိုးပြန်လည်ထူထောင်ရေးဟူသော ကြွေးကြော်သံဖြင့် ဗမာ့အားမဂ္ဂဇင်းအမှတ် ( ၁ ) ကို ဇွန်လ၌ စတင်ထုတ်ဝေသည်။ ထိုနှစ်တွင်ပင် ကာယဗလ ဦးရှိန်၊ မစ္စတာ ဖရင့်ဟတ်စတင်း၊ ဦးသော်ဇင်၊ ဦးဇော်ဝိတ်တို့၏ ကြိုးပမ်းမှုဖြင့် ဗမာပြည်အိုလံပစ်အသင်းကြီးကို ဖွဲ့စည်းသည်။ ၁၉၄၈ ခုနှစ် ဦးမောင်ကလေး၊ ဦးထွန်းငြိမ်း၊ ဦးဇော်ဝိတ်တို့ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်လေ့လာသည်။ ၁၉၅၀ ပြည့်နှစ် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီဖွဲ့စည်းခဲ့ရာ ၁၉၅၁ ခုနှစ်တွင် ဦးဇော်ဝိတ်ကို စည်းရုံးရေးမှူးချုပ်ရာထူး ခန့်အပ်တာဝန်ပေးသည်။ ၁၉၅၄ ခုနှစ် ဂုဏ်ထူးဆောင်ဘီအေဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၅ ခုနှစ်တွင် ညွှန်ကြားရေးဝန်အဖြစ် တိုးမြှင့်ခန့်အပ်သည်။ ၁၉၆၅ ခုနှစ်တွင်ညွှန်ကြားရေးဝန် အဖြစ်မှ အငြိမ်းစားယူသည်။

ဦးဇော်ဝိတ်သည် ဂျာနယ်ကျော်၊ ကြီးပွားရေး၊ တိုးတက်ရေး၊ မဏ္ဍိုင်၊ မိုးကြိုး၊ ဟံသာဝတီ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားသည်။ ထို့ပြင် အိုလံပစ် စာစောင်နှင့် အားကစားစာစောင်များကို ထုတ်ဝေသည်။ အားကစားနှင့် စိတ်ပညာစာအုပ်ကိုလည်း ရေးသားထုတ်ဝေသည်။ ဟံသာဝတီ သတင်းစာတွင် ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဘောလုံးကစားနည်းကို ရေးသားခဲ့သည်။ ဦးဇော်ဝိတ်အား ၁၉၈၀ ပြည့်နှစ် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ဒုတိယ အဆင့် ) ကို ချီးမြှင့်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယူနက်စကိုမှ အာရှနှင့် ပစိဖိတ်ဆိုင်ရာ အားကစားထူးချွန်ဆု ( ယူပုဂ္ဂိုလ်ဆု) ကို ကနေဒါနိုင်ငံ အော့တဝါမြို့၌ ချီးမြှင့်ပေးအပ်ခြင်း ခံရသည်။ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အိုလံပစ် ကော်မတီ မှ အားကစား ဗိသုကာ ဂုဏ်ပြုဆု တံဆိပ်ကို လက်ခံရရှိသည်။ အားကစားဖြင့် မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သော ဝဏ္ဏကျော်ထင် ကာယဗလ ဦးဇော်ဝိတ်သည် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ( ၂၅ ) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ သားသမီးနှစ်ဦးနှင့် မြေး ( ၈ ) ဦး ကျန်ရစ်သည်။

ပထမမြန်မာများ – မင်းယုဝေ
မြန်မာ့စွယ်စုံကျမ်း
Myanmar Wikipedia

Leave a Reply