ဂ်ပန္လူမ်ိဳးတုိ႔၏ ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္မ်ား

Posted on

ေရးသားသူ – NayAung (မွတ္စုၾကမ္း)

၁- အလုပ္ကို ႀကိဳးစားလုပ္မႈ

ဂ်ပန္ေတြဟာ အလုပ္ကို ႀကိဳးစားလုပ္တဲ့ေနရာမွာ (၂)ေယာက္မရွိဘူးေျပာရေလာက္ေအာင္ကို အလုပ္လုပ္ၾကသူမ်ားျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ လွ်ိဳ႕ဝွက္ခ်က္ မရွိပါဘူး။ ဂ်ပန္အလုပ္သမားေတြရဲ႕ တစ္ႏွစ္ကို အလုပ္လုပ္ခ်ိန္နာရီေပါင္းဟာ (၂၄၅၀)နာရီျဖစ္ၿပီးေတာ့ ကမာၻမွာ အလုပ္လုပ္ၾကတယ္လို႔ နာမည္ႀကီးတဲ့ အေမရိကန္ေတြရဲ႕ (၁၉၅၇) နာရီ၊ အဂၤလန္ရဲ႕ (၁၉၁၁) နာရီ၊ ဂ်ာမဏီေတြရဲ႕ (၁၈၇၀)နာရီ နဲ႔ ျပင္သစ္ေတြရဲ႕ (၁၆၈၀)နာရီေတြထက္ မ်ားစြာေက်ာ္လြန္ေနတာကို ေတြ႕ရပါလိမ့္မယ္။

ကမာၻမွာ သတ္မွတ္ထားတဲ့ ပံုမွန္အလုပ္လုပ္နႈန္းစံေတြအရ အလုပ္သမားတစ္ဦးဟာ ကားတစ္စီးတည္ေဆာက္ဖို႔ (၄၇)ရက္ေလာက္ လိုအပ္ပါတယ္။ ဂ်ပန္အလုပ္သမားေတြကေတာ့ ကားတစ္စီးကို (၉)ရက္နဲ႔ အၿပီးတည္ေဆာက္ႏိုင္ၾကတယ္။ ဒီစစ္တမ္းအရ ဂ်ပန္အလုပ္သမားတစ္ေယာက္ရဲ႕လုပ္အားဟာ က်န္ႏိုင္ငံေတြက အလုပ္သမား (၅)ေယာက္ရဲ႕လုပ္အားနဲ႔ညီတယ္လို႔ေတာင္ ေျပာလို႔ရႏိုင္ပါတယ္။

၂- အရွက္တရားႀကီးျခင္း

အရွက္တရားႀကီးျခင္းဟာ မိ႐ိုးဖလာအရေရာ၊ ယဥ္ေက်းမႈဓေလ့ထံုးစံအရပါ ဂ်ပန္လူမ်ိဳးေတြကို မ်ားစြာလႊမ္းမိုးေနတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ တိုက္ပြဲမွာ ႐ွဳံးနိမ့္ခဲ့ရင္ ဟာရာကိရိလို႔ေခၚတဲ့ အစာအိမ္ကို ဓားျဖင့္ ကန္႔လန္႔ျဖတ္ျဖတ္ကာ မိမိကိုယ္ကိုအဆံုးစီရင္ျခင္း ဟာလည္း ဂ်ပန္ႏိုင္ငံမွာ ဆာမူ႐ိုင္းေတြေခတ္ကတည္းက ထြန္းကားခဲ့တဲ့ အရွက္တရားကို အသက္နဲ႔သက္ေသျပတဲ့ နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။ ယေန႔မ်က္ေမွာက္မွာေတာ့ အရွက္တရားနဲ႔ တာဝန္ယူမႈဟာမိမိကိုယ္ကို အဆံုးစီရင္ျခင္းပံုစံကေန ရာထူးမွ တရားဝင္နႈတ္ထြက္ျခင္းစတဲ့ အျပဳအမူမ်ိဳးကို ေျပာင္းလဲလာခဲ့တယ္။

မိမိယူရတဲ့ တာဝန္ကိုလစ္ဟင္းတဲ့အခါ ေအာင္ျမင္ေအာင္မစြမ္းေဆာင္ႏိုင္တဲ့အခါမွာ ရာထူးမွတရားဝင္ႏွဳတ္ထြက္ၾကတယ္။ ဒီလိုတာဝန္ယူမႈနဲ႔ အရွက္တရားႀကီးမားမႈဟာ ေက်ာင္းသူေက်ာင္းသားအရြယ္ကေလးေတြရဲ႕ စိတ္ထဲထိေတာင္ေရာက္ရွိေနတာျဖစ္ၿပီး အဆင့္မေကာင္းလို႔ တိုးတက္မႈမရွိလို႔ဆိုၿပီး ကိုယ္ကိုယ္ကို အဆံုးစီရင္ၾကတဲ့ ကေလးေတြေတာင္ရွိပါတယ္။ မိမိတို႔ေနထိုင္ရာ ပတ္ဝန္းက်င္ကို အေႏွာက္အယွက္ျပဳမိျခင္း၊ ဖ်က္ဆီးမိျခင္း၊ စည္းကမ္းေတြကို မလိုက္နာႏိုင္ျခင္းဟာ အလြန္ရွက္စရာေကာင္းတဲ့ အျပဳအမူမ်ိဳးျဖစ္တယ္လို႔ အားလံုးရဲ႕အသိစိတ္ကေန ခံယူထားႏိုင္ျခင္းကလဲ ဂ်ပန္လူမ်ိဳးေတြအေပၚေလးစားစရာေကာင္းတဲ့ အခ်က္တစ္ခ်က္ ျဖစ္လို႔ေနျပန္ပါတယ္။

၃- ေခြ်တာတတ္ျခင္း

ဂ်ပန္လူမ်ိဳးေတြရဲ႕ ေခြ်တာတတ္တဲ့စိတ္ဟာ ေန႔စဥ္လူမႈဘဝထဲမွာကို ကိန္းေအာင္းေနတာျဖစ္ပါတယ္။ တတ္ႏိုင္သေလာက္ နည္းနည္းပဲဝယ္မယ္ဆိုတဲ့ စိတ္ဟာ ဂ်ပန္လူမ်ိဳးေတြရဲ႕ အလႊာအသီးသီးမွာ စိမ့္ဝင္ေနဟန္ရွိပါတယ္။ ကြ်န္ေတာ္ ဂ်ပန္ကို စေရာက္ေတာ့ ဂ်ပန္အမ်ားစုဟာ ည ၇:၃၀နာရီဆိုရင္ ေရွာ့ပင္းစင္တာေတြဆီထြက္ကာ ေစ်းဝယ္ၾကတယ္။ ေနာက္ပိုင္းမွာ သိလာရတာက ေရွာ့ပင္းစင္တာေတြဟာ မပိတ္ခင္နာရီဝက္အလိုမွာ ေစ်းက္ု ထက္ဝက္ေလ်ာ့ခ်ၿပီး ေရာင္းၾကတယ္။ ဒီလိုည ၇:၃၀မွာ အစုလိုက္အျပံဳလိုက္ ေစ်းလိုက္ၾကတဲ့အေၾကာင္းက ေရွာ့ပင္းစင္တာေတြဟာ ည ၈:၀၀နာရီမွာ ပိတ္တာေၾကာင့္ပါပဲ။

၄- သစၥာရွိျခင္း

ဂ်ပန္အလုပ္ရွင္ေတြနဲ႔ အလုပ္သမားေတြဟာ သူတို႔ကုမၸဏီကို သစၥာရွိမႈေတြနဲ႔ အျပန္အလွန္တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ဥေရာပက အလုပ္သမားေတြနဲ႔မတူတာက သူတို႔ဟာ ေတာ္ရံုတန္ရံုနဲ႔ အလုပ္မေျပာင္းၾကဘူး။ သူတို႔ဘဝမွာ ပင္စင္ယူတဲ့အထိအလုပ္တစ္ခု ႏွစ္ခုထက္ ပိုေျပာင္းတာမ်ိဳး ေတြ႕ရခဲပါတယ္။ ဂ်ပန္ကုမၸဏီဟာ သူတို႔ရဲ႕အရည္အေသြးျပည့္ အလုပ္သမားေတြကို ထိုက္သင့္တဲ့ရာထူးလစာကိုလဲေပးတယ္။ ပညာကိုလဲ ဆက္လက္သင္ေပးတယ္။ ဒီအတြက္ အလုပ္သမားေတြကလဲ ကုမၸဏီကို ျပန္လည္သစၥာရွိတယ္။ ဒါဟာ အလုပ္ရွင္နဲ႔ အလုပ္သမားတို႔ရဲ႕ ခိုင္မာမွန္ကန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ထားႏိုင္တယ္ဆိုတာကို ေဖာ္ျပေနပါတယ္။

၅- ဆန္းသစ္ တီထြင္ျခင္း

တကယ္ေတာ့ ဂ်ပန္ႏိုင္ငံဟာ ေရွ႕ဦးတီထြင္မႈေတြအစျပဳတဲ့ ႏိုင္ငံမဟုတ္ပါဘူး။ ဒါေပမယ့္ ဂ်ပန္ေတြဟာ ေစ်းကြက္ရဲ႕လိုအပ္ခ်က္ရွာေဖြတတ္ၿပီး အဲဒီေစ်းကြက္ကို ဆန္းသစ္တဲ့နည္းပညာေတြနဲ႔ လႊမ္းမိုးတတ္တဲ့ေနရာမွာေတာ့ဘတစ္ဖက္ကမ္းခတ္ေအာင္ကို ကြ်မ္းက်င္ၾကပါတယ္။

ဥပမာေျပာရရင္ ကက္ဆက္တိပ္ေလာကရဲ႕ ေရွးဦးဖန္တီးသူေတြထဲ မပါဝင္ခဲ့တဲ့ အာကီယို မိုရီတာရဲ႕ ဆိုနီကုမၸဏီဟာ နားၾကပ္ကက္ဆက္ ေလာကမွာေတာ့ ၿပိဳင္ဘက္မရွိတဲ့ သမိုင္းဝင္ကုမၸဏီတစ္ခုျဖစ္လာခဲ့ပါတယ္။ တကယ္ေတာ့ဘကက္ဆက္တိပ္ေလာကကို ဖန္တီးဦးေဆာင္ခဲ့သူက ဖီးလစ္ကုမၸဏီပါ။ ဆိုနီကုမၸဏီဟာ ဆယ္စုႏွစ္တစ္ခုအတြင္းမွာပဲ ဖီးလစ္ ကိုေက်ာ္တက္ႏိုင္မယ့္ နားၾကပ္ကက္ဆက္ ေမာ္ဒယ္ေပါင္း (၃၀၀)ေက်ာ္ေလာက္ကို ဖန္တီးျပဳလုပ္ကာ ေစ်းကြက္မွာ နားၾကပ္ကက္ဆက္ေပါင္း သန္း ၁၅၀ေက်ာ္ေလာက္ကို ေရာင္းခ်ႏိုင္ခဲ့တယ္။ ေလးဘီးကားေတြကို စတင္ထုတ္လုပ္တဲ့ႏိုင္ငံဟာလဲ ဂ်ပန္ႏိုင္ငံမဟုတ္ပါဘူး။ အေမရိကန္က စတင္ထုတ္လုပ္ေရာင္းခ်ခဲ့တာပါ။ ယေန႔မ်က္ေမွာက္မွာေတာ့ ဂ်ပန္ေတြဟာ ပိုမိုဆန္းသစ္ၿပီး ေစ်တန္တဲ့ ကားေတြနဲ႔ ေစ်းကြက္ကို လႊမ္းမိုးထားလိုက္ေတာ့တယ္။

၆- အလြယ္တကူ အ႐ႈံးမေပးတတ္ျခင္း

ဂ်ပန္ေတြဟာ အလြယ္တကူအ႐ႈံးေပးတတ္သူေတြမဟုတ္ဘူးဆိုတာကို သမိုင္းေတြက သက္ေသျပေနပါတယ္။ တိုကုဂါဝါ ေခတ္က အလံုပိတ္စနစ္က်င့္သံုးခဲ့တဲ့အတြက္ ဂ်ပန္ေတြဟာ နည္းပညာမွာ ေခတ္ေနာက္က်ခဲ့ရတယ္။ပြင့္လင္းတဲ့ မီဂ်ီေခတ္ေရာက္လာတဲ့အခါမွာေတာ့ သင္ယူတတ္လြယ္တဲ့ဂ်ပန္ေတြဟာ ေနသားက်ျမန္လာတယ္။ သဘာဝသယံဇာတနည္းပါျခင္းဟာ ဂ်ပန္ေတြကို အလဲမထိုးႏိုင္ခဲ့ဘူး။ ဂ်ပန္ႏိုင္ငံရဲ႕ ၈၅ရာခိုင္နႈန္းေသာစြမ္းအင္ဟာ တျခားႏိုင္ေတြက တင္သြင္းတဲ့ ဓာတ္ဆီ၊ ေက်ာက္မီးေသြးစတဲ့ သြင္းကုန္ပစၥည္းေတြကေန ရယူထားတာပါ။

ကပ္ေရာဂါက်ေရာက္မႈ၊ ဟီ႐ိုရွီးမားနဲ႔ နာဂါဆာကီၿမိဳ႕ေတြမွာ အႏုျမဴဗံုးအႀကဲခံရမႈ၊ စစ္ရႈံးမႈနဲ႔ ႀကီးမားတဲ့ တိုက်ိဳငလ်င္လႈပ္မႈ စတဲ့ ျပင္းထန္တဲ့ ဆိုးက်ိဳးနဲ႔ က်ရႈံးမႈေတြဟာ ဂ်ပန္ႏိုင္ငံကို ေအာက္ဆံုးထိဆြဲခ်ခဲ့ေပမယ့္ ဂ်ပန္ေတြကေတာ့ အလြယ္တကူ အရႈံးမေပးခဲ့ဘူး။ ေႏွာက္ႏွစ္အနည္းငယ္အၾကာမွာပဲ စက္မႈလက္မႈလုပ္ငန္းေတြျပန္လည္တိုးတက္လာၿပီး ရွင္ကန္ဆန္က်ည္ဆန္ရထားကို ပထမဆံုးထုတ္လုပ္ႏိုင္တဲ့အထိ ျပန္လည္ႏိုးထလာႏိုင္ခဲ့တယ္။

၇- စာဖတ္ျခင္းဓေလ့

သင္ဂ်ပန္ကိုေရာက္သြားလို႔ ရထားတို႔ ကားတို႔ စီးသြားရတဲ့အခါ ႀကီးသည္ငယ္သည္မေရြး ဂ်ပန္လူမ်ိဳးအားလံုးဟာ မဂၢဇင္းပဲျဖစ္ျဖစ္ သတင္းစာကိုပဲ ျဖစ္ျဖစ္ဖတ္႐ႈေနတာကို ေတြ႕ခဲ့ရမယ္ဆိုရင္ အံ့ၾသမေနပါနဲ႔။ ထိုင္ခံုရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ရထားေပၚကလူေတြအားလံုးဟာ ေဘးဘီကိုဂ႐ုမစိုက္ပဲ စာကိုသာ သည္းသည္းမည္းမည္းဖတ္ေနၾကတာကို ေတြ႕ျမင္ၾကရမွာပါ။ ဂ်ပန္ေတြဟာ သူတို႔ကေလးေတြကို စာဖတ္ျခင္းအက်င့္ရွိလာေစဖို႔ “မန္ဂ”လို႔ ေခၚတဲ့ နာမည္ႀကီး႐ုပ္ျပပန္းခ်ီေတြကို ဖန္တီးၿပီး မူလတန္းနဲ႔ အလယ္တန္းသင္႐ိုးၫႊန္းတန္းမွာ ထည့္သြင္းျပဌါန္းခဲ့ၾကပါတယ္။

ေနာက္ထပ္စာဖတ္ျခင္းအေလ့အထကို ျမႇင့္တင္ေပးတဲ့အခ်က္တစ္ခုကေတာ့ ႏိုင္ငံတကာက စာအုပ္ေတြကို အစိုးရအေနနဲ႔ အလ်င္အျမန္ဘာသာျပန္ၿပီး ထုတ္ေဝေပးႏိုင္ျခင္းပါပဲ။ ဂ်ပန္ႏိုင္ငံဟာ စာဖတ္ျခင္းကို ဘယ္ေလာက္အားေပးသလဲဆိုရင္ မူရင္းစာအုပ္ထုတ္ေဝၿပီးတစ္ပတ္ ႏွစ္ပတ္အတြင္းမွာတင္ ဘာသာျပန္စာအုပ္ေတြကို စတင္ျဖန္႔ခ်ိႏိုင္ေအာင္ ေဆာင္ရြက္ထားပါတယ္တဲ့။

၈- အစုအဖြဲ႕စိတ္ဓာတ္

ဂ်ပန္ေတြရဲ႕လူေနမႈပတ္ဝန္းက်င္ဟာ တစ္ဦးတစ္ေယာက္ခ်င္းေဆာင္ရြက္မႈကို သိပ္အားမေပးထားပါဘူး။ လုပ္ငန္းကိစၥမွာပဲ ျဖစ္ျဖစ္၊ သုေတတနကိစၥမွာပဲ ျဖစ္ျဖစ္ အစုအဖြဲ႕နဲ႔လုပ္ေဆာင္တတ္ၾကပါတယ္။ ဂ်ပန္ေတြရဲ႕ အသင္းအဖြဲ႕နဲ႔ လုပ္ေဆာင္တတ္မႈရဲ႕ စြမ္းအားကို ေဖာ္ျပႏိုင္တဲ့ ဆို႐ိုးေလးတစ္ခုရွိပါတယ္။ ဂ်ပန္ ပါေမာကၡတစ္ေယာက္နဲ႔ အေမရိကန္ပါေမာကၡတစ္ေယာက္ ယွဥ္ၿပိဳင္ရင္ ဂ်ပန္ပါေမာကၡရႈံးေကာင္း ႐ႈံးႏိုင္ပါတယ္။ ဒါေပမယ့္ ဂ်ပန္ပါေမာကၡ ဆယ္ေယာက္နဲ႔ အေမရိကန္ပါေမာကၡဆယ္ေယာက္ ယွဥ္ၿပိဳင္ၾကမယ္ဆိုရင္ေတာ့ အေမရိကန္ပါေမာကၡဆယ္ေယာက္ ႐ႈံးဖို႔ေသခ်ာပါတယ္တဲ့။

၉- အမွီအခိုကင္းစြာေနထိုင္ျခင္း

ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔ကေလးေတြကို အမွီအခိုကင္းစြာေနတတ္ ထိုင္တတ္ဖို႔ ငယ္စဥ္ကတည္းက လမ္းျပသင္ၾကားေပးေလ့ရွိတယ္။ ယိုခ်ိန္းလို႔ေခၚတဲ့ ဂ်ပန္မူႀကိဳေက်ာင္းေတြဟာ သူတို႔ေက်ာင္းကိုလာတက္တဲ့မူႀကိဳကေလးေတြကို အိတ္ႀကီး(၃)လံုး ယူေဆာင္သယ္လာေစပါသတဲ့။ ကေလးေတြဟာ အဲဒီအိတ္ထဲကို သူတို႔ရဲ႕အသံုးအေဆာင္ေတြျဖစ္တဲ့ အဝတ္၊ ထမင္းဘူး၊ တဘက္၊ ေျခအိတ္၊ စာအုပ္စတဲ့ ပစၥည္းေတြကိုထည့္ၿပီး ေက်ာင္းကိုလာၾကရတယ္။

မူႀကိဳေက်ာင္းေတြဟာ ကေလးေတြကို သူတို႔ရဲ႕ေဝယ်ာဝစၥကို ကိုယ္တိုင္ျပဳလုပ္ႏိုင္ဖို႔ သင္ၾကားေပးလိုက္ပါတယ္။ ၿပီးေတာ အထက္တန္းေက်ာင္းၿပီလို႔ တကၠသိုလ္တက္တဲ့ေက်ာင္းသားတစ္ေယာက္ဟာ မိဘကို ေက်ာင္းလခအေၾကာင္း တစ္ခြန္းတစ္ေလမွေတာင္ ေျပာခြင့္မရွိပါဘူး။ ဒီလို အမွီအခိုကင္းစြာေနထိုင္ရွင္သန္ႏိုင္ဖို႔ ငယ္စဥ္ကတည္းက ေလ့က်င့္ေပးတတ္တဲ့ ဂ်ပန္လူမ်ိဳးေတြပဲ ျဖစ္ပါတယ္။

၁၀- ႀကီးသူကို႐ိုေသၿပီး ယဥ္ေက်းမႈဓေလ့ကို ထိန္းသိမ္းျခင္း

နည္းပညာနဲ႔ စီးပြားေရးေတြ အလြန္တိုးတက္ေနေပမယ့္ ဂ်ပန္ေတြဟာ သူတို႔ရဲ႕ယဥ္ေက်းမႈဓေလ့ကိုေတာ့ လြန္စြာမွ ေစာင့္ေရွာက္ထိန္းသိမ္းတတ္တဲ့ လူမ်ိဳးမ်ားျဖစ္ၾကပါတယ္။ ဂ်ပန္ႏိုင္ငံမွာ စက္ဘီးစီးတဲ့ လူတစ္ေယာက္က လမ္းေလွ်ာက္ေနတဲ့လူတစ္ေယာက္ကို ဝင္တိုက္မိရင္ စက္ဘီးစီးသူကမေတာင္းပန္ခင္မွာတင္ လမ္းေလွ်ာက္ေနတဲ့လူက သေဘာထားႀကီးစြာထားၿပီး ျပန္ေတာင္းပန္တတ္ၾကပါတယ္။

ၿပီးေတာ့ ဂ်ပန္ေတြစာ သူတိုဆီလာတဲ့ စာသံုးသူေတြ အမွာတင္သြင္းမႈေတြနဲ႔ ပတ္သတ္လို႔ ျငင္းပယ္လိုက္တယ္ဆိုတာ ဘယ္ေတာ့မွ မရွိပါဘူး။ ျဖစ္ႏိုင္သေလာက္ တတ္ႏိုင္သေလာက္ကို အေလ်ာ့ေပးၿပီး လိုက္ေလ်ာညီေထြစြာ ဆက္ဆံေရာင္းဝယ္တတ္ၾကတယ္။ မာနကို ႏွိမ့္ခ်တတ္ၾကတယ္။ ယဥ္းေက်းစြာဆက္ဆံတတ္ၾကပါတယ္။ ဒါေၾကာင့္လဲ ဂ်ပန္ေတြဟာ ယဥ္ေက်းမႈအျမင့္မားဆံုးႏိုင္ငံေတြထဲမွာ နံပါတ္တစ္ေနရာကို ရယူထားႏိုင္တဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္ေနရျခင္းပဲ ျဖစ္ပါတယ္။

NayAung (မွတ္စုၾကမ္း)


ဂျပန်လူမျိုးတို့၏ အောင်မြင်မှုလျှို့ဝှက်ချက်များ (unicode)

ရေးသားသူ – NayAung (မှတ်စုကြမ်း)

၁- အလုပ်ကို ကြိုးစားလုပ်မှု
ဂျပန်တွေဟာ အလုပ်ကို ကြိုးစားလုပ်တဲ့နေရာမှာ (၂)ယောက်မရှိဘူးပြောရလောက်အောင်ကို အလုပ်လုပ်ကြသူများဖြစ်ပါတယ်။ ဒီနေရာမှာတော့ လျှို့ဝှက်ချက် မရှိပါဘူး။ ဂျပန်အလုပ်သမားတွေရဲ့ တစ်နှစ်ကို အလုပ်လုပ်ချိန်နာရီပေါင်းဟာ (၂၄၅၀)နာရီဖြစ်ပြီးတော့ ကမ္ဘာမှာ အလုပ်လုပ်ကြတယ်လို့ နာမည်ကြီးတဲ့ အမေရိကန်တွေရဲ့ (၁၉၅၇) နာရီ၊ အင်္ဂလန်ရဲ့ (၁၉၁၁) နာရီ၊ ဂျာမဏီတွေရဲ့ (၁၈၇၀)နာရီ နဲ့ ပြင်သစ်တွေရဲ့ (၁၆၈၀)နာရီတွေထက် များစွာကျော်လွန်နေတာကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ပုံမှန်အလုပ်လုပ်နှုန်းစံတွေအရ အလုပ်သမားတစ်ဦးဟာ ကားတစ်စီးတည်ဆောက်ဖို့ (၄၇)ရက်လောက် လိုအပ်ပါတယ်။ ဂျပန်အလုပ်သမားတွေကတော့ ကားတစ်စီးကို (၉)ရက်နဲ့ အပြီးတည်ဆောက်နိုင်ကြတယ်။ ဒီစစ်တမ်းအရ ဂျပန်အလုပ်သမားတစ်ယောက်ရဲ့လုပ်အားဟာ ကျန်နိုင်ငံတွေက အလုပ်သမား (၅)ယောက်ရဲ့လုပ်အားနဲ့ညီတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။

၂- အရှက်တရားကြီးခြင်း
အရှက်တရားကြီးခြင်းဟာ မိရိုးဖလာအရရော၊ ယဉ်ကျေးမှုဓလေ့ထုံးစံအရပါ ဂျပန်လူမျိုးတွေကို များစွာလွှမ်းမိုးနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဟာရာကိရိလို့ခေါ်တဲ့ အစာအိမ်ကို ဓားဖြင့် ကန့်လန့်ဖြတ်ဖြတ်ကာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း ဟာလည်း ဂျပန်နိုင်ငံမှာ ဆာမူရိုင်းတွေခေတ်ကတည်းက ထွန်းကားခဲ့တဲ့ အရှက်တရားကို အသက်နဲ့သက်သေပြတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့မျက်မှောက်မှာတော့ အရှက်တရားနဲ့ တာဝန်ယူမှုဟာမိမိကိုယ်ကို အဆုံးစီရင်ခြင်းပုံစံကနေ ရာထူးမှ တရားဝင်နှုတ်ထွက်ခြင်းစတဲ့ အပြုအမူမျိုးကို ပြောင်းလဲလာခဲ့တယ်။ မိမိယူရတဲ့ တာဝန်ကိုလစ်ဟင်းတဲ့အခါ အောင်မြင်အောင်မစွမ်းဆောင်နိုင်တဲ့အခါမှာ ရာထူးမှတရားဝင်နှုတ်ထွက်ကြတယ်။ ဒီလိုတာဝန်ယူမှုနဲ့ အရှက်တရားကြီးမားမှုဟာ ကျောင်းသူကျောင်းသားအရွယ်ကလေးတွေရဲ့ စိတ်ထဲထိတောင်ရောက်ရှိနေတာဖြစ်ပြီး အဆင့်မကောင်းလို့ တိုးတက်မှုမရှိလို့ဆိုပြီး ကိုယ်ကိုယ်ကို အဆုံးစီရင်ကြတဲ့ ကလေးတွေတောင်ရှိပါတယ်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပြုမိခြင်း၊ ဖျက်ဆီးမိခြင်း၊ စည်းကမ်းတွေကို မလိုက်နာနိုင်ခြင်းဟာ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူမျိုးဖြစ်တယ်လို့ အားလုံးရဲ့အသိစိတ်ကနေ ခံယူထားနိုင်ခြင်းကလဲ ဂျပန်လူမျိုးတွေအပေါ်လေးစားစရာကောင်းတဲ့ အချက်တစ်ချက် ဖြစ်လို့နေပြန်ပါတယ်။

၃- ချွေတာတတ်ခြင်း
ဂျပန်လူမျိုးတွေရဲ့ ချွေတာတတ်တဲ့စိတ်ဟာ နေ့စဉ်လူမှုဘဝထဲမှာကို ကိန်းအောင်းနေတာဖြစ်ပါတယ်။ တတ်နိုင်သလောက် နည်းနည်းပဲဝယ်မယ်ဆိုတဲ့ စိတ်ဟာ ဂျပန်လူမျိုးတွေရဲ့ အလွှာအသီးသီးမှာ စိမ့်ဝင်နေဟန်ရှိပါတယ်။ ကျွန်တော် ဂျပန်ကို စရောက်တော့ ဂျပန်အများစုဟာ ည ၇:၃ဝနာရီဆိုရင် ရှော့ပင်းစင်တာတွေဆီထွက်ကာ ဈေးဝယ်ကြတယ်။ နောက်ပိုင်းမှာ သိလာရတာက ရှော့ပင်းစင်တာတွေဟာ မပိတ်ခင်နာရီဝက်အလိုမှာ ဈေးက်ု ထက်ဝက်လျော့ချပြီး ရောင်းကြတယ်။ ဒီလိုည ၇:၃ဝမှာ အစုလိုက်အပြုံလိုက် ဈေးလိုက်ကြတဲ့အကြောင်းက ရှော့ပင်းစင်တာတွေဟာ ည ၈:၀ဝနာရီမှာ ပိတ်တာကြောင့်ပါပဲ။

၄- သစ္စာရှိခြင်း
ဂျပန်အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေဟာ သူတို့ကုမ္ပဏီကို သစ္စာရှိမှုတွေနဲ့ အပြန်အလှန်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပက အလုပ်သမားတွေနဲ့မတူတာက သူတို့ဟာ တော်ရုံတန်ရုံနဲ့ အလုပ်မပြောင်းကြဘူး။ သူတို့ဘဝမှာ ပင်စင်ယူတဲ့အထိအလုပ်တစ်ခု နှစ်ခုထက် ပိုပြောင်းတာမျိုး တွေ့ရခဲပါတယ်။ ဂျပန်ကုမ္ပဏီဟာ သူတို့ရဲ့အရည်အသွေးပြည့် အလုပ်သမားတွေကို ထိုက်သင့်တဲ့ရာထူးလစာကိုလဲပေးတယ်။ ပညာကိုလဲ ဆက်လက်သင်ပေးတယ်။ ဒီအတွက် အလုပ်သမားတွေကလဲ ကုမ္ပဏီကို ပြန်လည်သစ္စာရှိတယ်။ ဒါဟာ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ခိုင်မာမှန်ကန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

၅- ဆန်းသစ် တီထွင်ခြင်း
တကယ်တော့ ဂျပန်နိုင်ငံဟာ ရှေ့ဦးတီထွင်မှုတွေအစပြုတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် ဂျပန်တွေဟာ ဈေးကွက်ရဲ့လိုအပ်ချက်ရှာဖွေတတ်ပြီး အဲဒီဈေးကွက်ကို ဆန်းသစ်တဲ့နည်းပညာတွေနဲ့ လွှမ်းမိုးတတ်တဲ့နေရာမှာတော့ဘတစ်ဖက်ကမ်းခတ်အောင်ကို ကျွမ်းကျင်ကြပါတယ်။

ဥပမာပြောရရင် ကက်ဆက်တိပ်လောကရဲ့ ရှေးဦးဖန်တီးသူတွေထဲ မပါဝင်ခဲ့တဲ့ အာကီယို မိုရီတာရဲ့ ဆိုနီကုမ္ပဏီဟာ နားကြပ်ကက်ဆက် လောကမှာတော့ ပြိုင်ဘက်မရှိတဲ့ သမိုင်းဝင်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ တကယ်တော့ဘကက်ဆက်တိပ်လောကကို ဖန်တီးဦးဆောင်ခဲ့သူက ဖီးလစ်ကုမ္ပဏီပါ။ ဆိုနီကုမ္ပဏီဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ဖီးလစ် ကိုကျော်တက်နိုင်မယ့် နားကြပ်ကက်ဆက် မော်ဒယ်ပေါင်း (၃၀၀)ကျော်လောက်ကို ဖန်တီးပြုလုပ်ကာ ဈေးကွက်မှာ နားကြပ်ကက်ဆက်ပေါင်း သန်း ၁၅၀ကျော်လောက်ကို ရောင်းချနိုင်ခဲ့တယ်။ လေးဘီးကားတွေကို စတင်ထုတ်လုပ်တဲ့နိုင်ငံဟာလဲ ဂျပန်နိုင်ငံမဟုတ်ပါဘူး။ အမေရိကန်က စတင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ယနေ့မျက်မှောက်မှာတော့ ဂျပန်တွေဟာ ပိုမိုဆန်းသစ်ပြီး ဈေတန်တဲ့ ကားတွေနဲ့ ဈေးကွက်ကို လွှမ်းမိုးထားလိုက်တော့တယ်။

၆- အလွယ်တကူ အရှုံးမပေးတတ်ခြင်း
ဂျပန်တွေဟာ အလွယ်တကူအရှုံးပေးတတ်သူတွေမဟုတ်ဘူးဆိုတာကို သမိုင်းတွေက သက်သေပြနေပါတယ်။ တိုကုဂါဝါ ခေတ်က အလုံပိတ်စနစ်ကျင့်သုံးခဲ့တဲ့အတွက် ဂျပန်တွေဟာ နည်းပညာမှာ ခေတ်နောက်ကျခဲ့ရတယ်။ပွင့်လင်းတဲ့ မီဂျီခေတ်ရောက်လာတဲ့အခါမှာတော့ သင်ယူတတ်လွယ်တဲ့ဂျပန်တွေဟာ နေသားကျမြန်လာတယ်။ သဘာဝသယံဇာတနည်းပါခြင်းဟာ ဂျပန်တွေကို အလဲမထိုးနိုင်ခဲ့ဘူး။ ဂျပန်နိုင်ငံရဲ့ ၈၅ရာခိုင်နှုန်းသောစွမ်းအင်ဟာ တခြားနိုင်တွေက တင်သွင်းတဲ့ ဓာတ်ဆီ၊ ကျောက်မီးသွေးစတဲ့ သွင်းကုန်ပစ္စည်းတွေကနေ ရယူထားတာပါ။
ကပ်ရောဂါကျရောက်မှု၊ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ အနုမြူဗုံးအကြဲခံရမှု၊ စစ်ရှုံးမှုနဲ့ ကြီးမားတဲ့ တိုကျိုငလျင်လှုပ်မှု စတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးနဲ့ ကျရှုံးမှုတွေဟာ ဂျပန်နိုင်ငံကို အောက်ဆုံးထိဆွဲချခဲ့ပေမယ့် ဂျပန်တွေကတော့ အလွယ်တကူ အရှုံးမပေးခဲ့ဘူး။ နှောက်နှစ်အနည်းငယ်အကြာမှာပဲ စက်မှုလက်မှုလုပ်ငန်းတွေပြန်လည်တိုးတက်လာပြီး ရှင်ကန်ဆန်ကျည်ဆန်ရထားကို ပထမဆုံးထုတ်လုပ်နိုင်တဲ့အထိ ပြန်လည်နိုးထလာနိုင်ခဲ့တယ်။

၇- စာဖတ်ခြင်းဓလေ့
သင်ဂျပန်ကိုရောက်သွားလို့ ရထားတို့ ကားတို့ စီးသွားရတဲ့အခါ ကြီးသည်ငယ်သည်မရွေး ဂျပန်လူမျိုးအားလုံးဟာ မဂ္ဂဇင်းပဲဖြစ်ဖြစ် သတင်းစာကိုပဲ ဖြစ်ဖြစ်ဖတ်ရှုနေတာကို တွေ့ခဲ့ရမယ်ဆိုရင် အံ့ဩမနေပါနဲ့။ ထိုင်ခုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရထားပေါ်ကလူတွေအားလုံးဟာ ဘေးဘီကိုဂရုမစိုက်ပဲ စာကိုသာ သည်းသည်းမည်းမည်းဖတ်နေကြတာကို တွေ့မြင်ကြရမှာပါ။ ဂျပန်တွေဟာ သူတို့ကလေးတွေကို စာဖတ်ခြင်းအကျင့်ရှိလာစေဖို့ “မန်ဂ”လို့ ခေါ်တဲ့ နာမည်ကြီးရုပ်ပြပန်းချီတွေကို ဖန်တီးပြီး မူလတန်းနဲ့ အလယ်တန်းသင်ရိုးညွှန်းတန်းမှာ ထည့်သွင်းပြဌါန်းခဲ့ကြပါတယ်။ နောက်ထပ်စာဖတ်ခြင်းအလေ့အထကို မြှင့်တင်ပေးတဲ့အချက်တစ်ခုကတော့ နိုင်ငံတကာက စာအုပ်တွေကို အစိုးရအနေနဲ့ အလျင်အမြန်ဘာသာပြန်ပြီး ထုတ်ဝေပေးနိုင်ခြင်းပါပဲ။ ဂျပန်နိုင်ငံဟာ စာဖတ်ခြင်းကို ဘယ်လောက်အားပေးသလဲဆိုရင် မူရင်းစာအုပ်ထုတ်ဝေပြီးတစ်ပတ် နှစ်ပတ်အတွင်းမှာတင် ဘာသာပြန်စာအုပ်တွေကို စတင်ဖြန့်ချိနိုင်အောင် ဆောင်ရွက်ထားပါတယ်တဲ့။

၈- အစုအဖွဲ့စိတ်ဓာတ်
ဂျပန်တွေရဲ့လူနေမှုပတ်ဝန်းကျင်ဟာ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်မှုကို သိပ်အားမပေးထားပါဘူး။ လုပ်ငန်းကိစ္စမှာပဲ ဖြစ်ဖြစ်၊ သုတေတနကိစ္စမှာပဲ ဖြစ်ဖြစ် အစုအဖွဲ့နဲ့လုပ်ဆောင်တတ်ကြပါတယ်။ ဂျပန်တွေရဲ့ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်မှုရဲ့ စွမ်းအားကို ဖော်ပြနိုင်တဲ့ ဆိုရိုးလေးတစ်ခုရှိပါတယ်။ ဂျပန် ပါမောက္ခတစ်ယောက်နဲ့ အမေရိကန်ပါမောက္ခတစ်ယောက် ယှဉ်ပြိုင်ရင် ဂျပန်ပါမောက္ခရှုံးကောင်း ရှုံးနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်ပါမောက္ခ ဆယ်ယောက်နဲ့ အမေရိကန်ပါမောက္ခဆယ်ယောက် ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ အမေရိကန်ပါမောက္ခဆယ်ယောက် ရှုံးဖို့သေချာပါတယ်တဲ့။

၉- အမှီအခိုကင်းစွာနေထိုင်ခြင်း
ဂျပန်လူမျိုးတွေဟာ သူတို့ကလေးတွေကို အမှီအခိုကင်းစွာနေတတ် ထိုင်တတ်ဖို့ ငယ်စဉ်ကတည်းက လမ်းပြသင်ကြားပေးလေ့ရှိတယ်။ ယိုချိန်းလို့ခေါ်တဲ့ ဂျပန်မူကြိုကျောင်းတွေဟာ သူတို့ကျောင်းကိုလာတက်တဲ့မူကြိုကလေးတွေကို အိတ်ကြီး(၃)လုံး ယူဆောင်သယ်လာစေပါသတဲ့။ ကလေးတွေဟာ အဲဒီအိတ်ထဲကို သူတို့ရဲ့အသုံးအဆောင်တွေဖြစ်တဲ့ အဝတ်၊ ထမင်းဘူး၊ တဘက်၊ ခြေအိတ်၊ စာအုပ်စတဲ့ ပစ္စည်းတွေကိုထည့်ပြီး ကျောင်းကိုလာကြရတယ်။ မူကြိုကျောင်းတွေဟာ ကလေးတွေကို သူတို့ရဲ့ဝေယျာဝစ္စကို ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ သင်ကြားပေးလိုက်ပါတယ်။ ပြီးတော အထက်တန်းကျောင်းပြီလို့ တက္ကသိုလ်တက်တဲ့ကျောင်းသားတစ်ယောက်ဟာ မိဘကို ကျောင်းလခအကြောင်း တစ်ခွန်းတစ်လေမှတောင် ပြောခွင့်မရှိပါဘူး။ ဒီလို အမှီအခိုကင်းစွာနေထိုင်ရှင်သန်နိုင်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးတတ်တဲ့ ဂျပန်လူမျိုးတွေပဲ ဖြစ်ပါတယ်။

၁၀- ကြီးသူကိုရိုသေပြီး ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းခြင်း
နည်းပညာနဲ့ စီးပွားရေးတွေ အလွန်တိုးတက်နေပေမယ့် ဂျပန်တွေဟာ သူတို့ရဲ့ယဉ်ကျေးမှုဓလေ့ကိုတော့ လွန်စွာမှ စောင့်ရှောက်ထိန်းသိမ်းတတ်တဲ့ လူမျိုးများဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံမှာ စက်ဘီးစီးတဲ့ လူတစ်ယောက်က လမ်းလျှောက်နေတဲ့လူတစ်ယောက်ကို ဝင်တိုက်မိရင် စက်ဘီးစီးသူကမတောင်းပန်ခင်မှာတင် လမ်းလျှောက်နေတဲ့လူက သဘောထားကြီးစွာထားပြီး ပြန်တောင်းပန်တတ်ကြပါတယ်။

ပြီးတော့ ဂျပန်တွေစာ သူတိုဆီလာတဲ့ စာသုံးသူတွေ အမှာတင်သွင်းမှုတွေနဲ့ ပတ်သတ်လို့ ငြင်းပယ်လိုက်တယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဖြစ်နိုင်သလောက် တတ်နိုင်သလောက်ကို အလျော့ပေးပြီး လိုက်လျောညီထွေစွာ ဆက်ဆံရောင်းဝယ်တတ်ကြတယ်။ မာနကို နှိမ့်ချတတ်ကြတယ်။ ယဉ်းကျေးစွာဆက်ဆံတတ်ကြပါတယ်။ ဒါကြောင့်လဲ ဂျပန်တွေဟာ ယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံတွေထဲမှာ နံပါတ်တစ်နေရာကို ရယူထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေရခြင်းပဲ ဖြစ်ပါတယ်။

NayAung (မှတ်စုကြမ်း)

Leave a Reply