ေရလႊမ္းမုိးမႈေၾကာင့္ ပ်က္စီးခဲ့ရတဲ့ မကၠဆီကုိရဲ႕ ေရွးေဟာင္းၿမဳိ႕ႀကီးတစ္ၿမဳိ႕

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

နယ္ေျမသစ္ စူးစမ္း႐ွာေဖြသူ ကိုလံဘတ္ဟာ အေမရိကကမ္းေျခကို႐ွာမေတြ႔ခင္ လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္ေက်ာ္ကတည္းက ယေန႔ေခတ္ St Louis Missoural ၿမဳိ႕ အနီးမွာ ေရလႊမ္းမိုးခံရၿပီး ခမ္းနားႀကီးက်ယ္မႈေတြေမွးမိန္ခဲ့ရတဲ့ၿမိဳ႕တစ္ၿမိဳ႕ေျမာက္အေမရိကတိုက္မွာ ရွိခဲ့ပါတယ္။ ဒီၿမိဳ႕ႀကီးဟာ ဆယ္စုႏွစ္ ၅စုၾကာၿပီးတဲ့အခါ မကၠဆီကုိေျမာက္ပုိင္းကၿမိဳ႕ေတြထဲမွာ အႀကီးဆံုးနဲ႔အခမ္းနားဆံုးျဖစ္ခဲ့ပါတယ္။ဒီၿမိဳ႕ႀကီးကိုေတာ့ Cahokia ၿမိဳ႕ေတာ္လို႔ အမည္တြင္ၿပီး ၁၀ ရာစုမွ ၁၂ရာစုအတြင္း တန္ခိုးအာဏာအထြတ္အထိပ္ကို ေရာက္႐ွိခဲ့ပါတယ္။

ဒီၿမိဳ႕ဟာ ၁၀မုိင္ပတ္လည္ က်ယ္ဝန္းတာေၾကာင့္ ယေန႔အေနအထားနဲ႔ ဆုိရင္ေသးငယ္တယ္ထင္ရေပမယ့္ အဲဒီအခ်ိန္က ဥေရာပၿမဳိ႕ႀကီးျဖစ္ေနတဲ့ လန္ဒန္ၿမိဳ႕ထက္ ပုိက်ယ္ဝန္းပါတယ္။ ဒီၿမဳိ႕မွာ လူဦးေရ ၁ေသာင္း ကေန ၂ေသာင္း အထိေနထိုင္ၾကၿပီး အထိမ္းအမွတ္အေဆာက္အအံုႀကီး ၁၂၀ေက်ာ္ ရွိခဲ့ပါတယ္။ ယေန႔မွာေတာ့ အေဆာက္အေအာက္ ၈၀ခန္႔သာ ရွိေတာ့ၿပီး က်န္ ၄၀ေက်ာ္ကေတာ့ ေပ်ာက္ဆုံးခဲ့ရပါတယ္။ Cahokia ၿမိဳ႕ႀကီးရဲ႕ျဖစ္စဥ္ဟာ လူသားေတြ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရန္လိုအပ္ေၾကာင္း အေကာင္းဆံုးျပယုဂ္ ျဖစ္ခဲ့ပါတယ္။

ဒီၿမဳိ႕ႀကီးကုိ ေအဒီ ၆ရာစု ၀န္းက်င္ကတည္းက စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး စတင္တည္ေထာင္ခဲ့တဲ့သူေတြကေတာ့ အေမရိကတိုက္ရဲ႕မူရင္းေဒသခံေတြျဖစ္တဲ့ မစၥစပီးယန္း မ်ိဳးႏြယ္စုေတြျဖစ္ပါတယ္။ ဒီလူမ်ိဳးေတြဟာ အေမရိကန္ျပည္ေထာင္စု မစၥစပီျမစ္ကေနစၿပီး အတၱလႏၱိတ္သမုဒၵရာကမ္းေျခေတြအထိ အုပ္စိုးခဲ့ပါတယ္။ဒီလူမ်ိဳးေတြဟာ ဘာသာစကားမ႐ွိတာေၾကာင့္ သူတို႔ရဲ႕မ်ိဳးႏြယ္အမည္နဲ႔ သူတို႔တည္ေထာင္ခဲ့တဲ့ၿမိဳ႕နာမည္ကိုေတာင္ မွတ္တမ္းတင္ႏိုင္ျခင္းမ႐ွိပါဘူး။ ၁၇ရာစုေရာက္မွသာ ျပင္သစ္ႏုိင္ငံသားနယ္ေျမစူးစမ္း႐ွာေဖြေရးသမားေတြက ဒီနယ္ေျမကို Cahokiaၿမိဳ႕အျဖစ္ နာမည္ေပးခဲ့ျခင္းျဖစ္ပါတယ္။

ဒီေနရာမွာ ေဒသခံတိုင္းရင္းသားေတြဟာ စုစည္းၿပီးေနထိုင္ခဲ့ၾကပါတယ္။ ေ႐ွးေဟာင္း သုေတသနပညာ႐ွင္ေတြရဲ႕ ေလ့လာခ်က္အရ Cahokia ၿမိဳ႕ရဲ႕ အလယ္ေခါင္မွာ ေျခခံအေဆာက္အအံုမ်ားစြာ႐ွိတယ္လုိ႔သိရပါတယ္။ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ေပ်ာ္ပြဲရႊင္ပြဲအခမ္းအနားက်င္းပတဲ့ အေဆာက္အအံုေတြကို တစ္စုတည္းတည္ေဆာက္ခဲ့ၾကပါတယ္။ ရပ္ကြက္အေဆာက္အဦးေတြကို လူေနအိမ္ႏွင့္ စီးပြားေရးဆိုင္ရာအေဆာက္အဦး ဆုိၿပီး ခြဲျခားထားပါတယ္။

ပတ္ဝန္းက်င္ေဒသနဲ႔ ဆင္ေျခဖုန္းေဒသေတြဟာ ၿမိဳ႕ေတာ္နယ္နမိတ္ကာကြယ္ေရးအတြက္ အဓိကက်တဲ့အပိုင္းေတြျဖစ္ပါတယ္။ ၿမိဳ႕ပတ္ဝန္းက်င္မွာ လယ္ယာေျမနဲ႔ အျခားစိုက္ပ်ိဳးေရးလုပ္ငန္း ၊ စိုက္ခင္းမ်ား၊ ေျပာင္းဖူး၊ ပဲအမ်ိဳးမ်ိဳး၊ ဘူးသီးတို႔ကိုစိုက္ပ်ိဳးၾကပါတယ္။ Cahokiaၿမိဳ႕အလယ္ဟာ အစည္ကားဆံုးျဖစ္ၿပီး ၁၇၈၀ခုႏွစ္ တုန္းကဆက္တိုက္ေပၚေပါက္ခဲ့တဲ့ မက္ဆိုမာရီကန္ၿမိဳ႕ျပႏိုင္ငံေတြနဲ႔ အလယ္အေမရိကက ၿမိဳ႕ျပေတြအားလံုးထက္ေတာင္ခမ္းနားခဲ့ပါေသးတယ္။

ဒါေပမဲ့ၿမိဳ႕ေတာ္ရဲ႕တိုးတက္လာတဲ့လူဦးေရက စြန္႔ထုတ္တဲ့စြန္႔ပစ္ပစၥည္းေတြကို ထိန္းခ်ဳပ္ဖို႔ေတာ့ အာဏာပိုင္ေတြ စဥ္းစားမိဟန္မတူပဲ ၿမိဳ႕ရဲ႕ေဂဟ စနစ္ဟာႏွစ္စဥ္ယိုယြင္းလာခဲ့ပါတယ္။ Cahokiaၿမိဳ႕မွာေတာ့ Philadephia မ်ဳိးႏြယ္ေတြအမ်ားဆံုးေနထိုင္ခဲ့ၾကတာပါ။ Cahokiaရဲ႕ထင္႐ွားတဲ့ေနရာကေတာ့ ႀကီးမားတဲ့ဘုန္းေတာ္ႀကီးေက်ာင္းကမူ ျဖစ္ၿပီး အလ်ား ၉၅၀ေပ ၊ အနံ ၈၃၆ေပ နဲ႔ အျမင့္ေပ ၁၀၀ခန္႔ရွိပါတယ္။ illiniwek လူမ်ိဳးေတြတည္ေဆာက္ခဲ့တာျဖစ္ၿပီး ၿမဳိ႕အုပ္ခ်ဳပ္သူမ်ားေနထုိင္တဲ့ေနရာလည္းျဖစ္ပါတယ္။ တခ်ဳိ႕အေဆာက္အအုံေတြကေတာ့ အလ်ားေပ ၁၀၀ေက်ာ္ရွိၿပီး အျမင့္ေပ ၅၀ခန္႔ရွိၾကပါတယ္။ အေဆာက္အအုံလုိ႔ေခၚေပမယ့္ အလုပ္သမားေပါင္းမ်ားစြာကို အသုံးျပဳကာ ေျမႀကီးနဲ႔တည္ေဆာက္ထားၿပီး ပုံသြင္းထားတဲ့ ကမူႀကီးေတြသာျဖစ္ပါတယ္။

ဒီၿမဳိ႕ရဲ႕လူဦးေရဟာ ၁၄ရာစုက စလုိ႔ က်ဆင္းလာခဲ့ၿပီး ျပႆနာကေတာ့ၿမိဳ႕ေနလူထုရဲ႕စြန္႔ပစ္ပစၥည္းေတြကို စနစ္က်တဲ့စီမံခန္႔ခြဲမႈမလုပ္ႏိုင္တာပါ။ စြန္႔ပစ္ပစၥည္းနဲ႔ အမိႈက္ေတြေၾကာင့္ Cahakia မွာ သန္႔႐ွင္းတဲ့ေလထုမ႐ွိပဲ အခ်ိန္ၾကာလာတာနဲ႔အမ်ွ လူေတြရဲ႕က်န္းမာေရးယိုယြင္းလာပါတယ္။ ဒါ့အျပင္ အမဲလိုက္ျခင္း ၊ သဘာဝပတ္ဝန္းက်င္ဖ်က္ဆီးျခင္းတို႔ေၾကာင့္ ရာသီဥတုေျပာင္းလဲျခင္း ၊ ေရာဂါဘယထူေပ်ာျခင္း ၊စစ္ပြဲမ်ားဆင္ႏႊဲျခင္းစတဲ့ အျခားအေၾကာင္းအရာေတြေၾကာင့္ ၿမဳိ႕ႀကီးပ်က္သုဥ္းဖို႔ျဖစ္လာရတာပါ။ ဒါေပမယ့္ ဒီၿမိဳ႕ရဲ႕ပ်က္စီးရျခင္းရဲ႕အဓိကအေၾကာင္းရင္းက မစၥစပီျမစ္ေရဖံုးလႊမ္းျခင္းကို ခံရတာေၾကာင့္ျဖစ္ပါတယ္။

၂၀၁၅ခုႏွစ္မွာေတာ့ သိပၸံပညာ႐ွင္ေတြရဲ႕ သုေသသနျပဳခ်က္အရ ဒီလိုေရလႊမ္းရတဲ့အေၾကာင္းရင္းက လူ ၁၀၀၀၀ ကေန ၂၀၀၀၀ ၾကား႐ွိတဲ့ လူထုရဲ႕ စြန္႔ပစ္ပစၥည္းေတြေၾကာင့္ မစၥစပီျမစ္ဟာ မ်ားစြာအနည္ေတြ စုပံုက်လာေစပါတယ္။ ျမစ္ေတြကန္ေတြထဲမွာ အမႈိက္ေတြျပည့္က်ပ္လာမႈေၾကာင့္ ျမစ္ေရဟာ ၁၀ မီတာခန္႔ ပိုျမင့္လာခဲ့ကာ ေနာက္ဆံုးမွာေတာ့ျမစ္ေရလႊမ္းမိုးမႈကိုၾကံဳေတြ႔ခဲ့ရပါတယ္။ ၿမိဳ႕ရဲ႕ေကာတ္ပဲသီးႏွံေတြနဲ႔အစားအစာသိုေလွာင္တဲ့ေနရာေတြကို ေရလႊမ္းမိုးခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ၿမိဳ႕သူၿမိဳ႕သားေတြဟာၿမိဳ႕ကိုစြန္႔ခြာခဲ့ၿပီး အျခားတိုင္းရင္းသားေတြနဲ႔အတူ ေနရာသစ္ေတြမွာေျပာင္းေရြ႔အေျခခ်ခဲ့ပါတယ္

Cahokia ဟာတစ္ခါတုန္းကအလြန္ႂကြယ္ဝခဲ့တဲ့ ၿမဳိ႕ႀကီးျဖစ္ခဲ့ေပမဲ့ ယခုအခါမွာေတာ့ ၿမဳိ႕ေဟာင္းႀကီးတစ္ခုအေနနဲ႔ UNESCOရဲ႕ကမာၻအေမြအႏွစ္ေနရာအျဖစ္သတ္မွတ္ထားျခင္းကို ခံရပါတယ္။ ဧက ၂၂၀၀ ခန္႔က်ယ္၀န္းတဲ့ ေျမဧရိယာမွာ ေ႐ွးေဟာင္း ကုန္းကမူအေဆာက္အအံုႀကီး ၈၀ခန္႔ကို ျပန္႔က်ဲေနတဲ့ အေနအထားနဲ႔ ျမင္ေတြ႔ႏုိင္ပါေသးတယ္။


ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့တဲ့ မက္ကဆီကိုရဲ့ ရှေးဟောင်းမြို့ကြီးတစ်မြို့ (unicode)

နယ်မြေသစ် စူးစမ်းရှာဖွေသူ ကိုလံဘတ်ဟာ အမေရိကကမ်းခြေကိုရှာမတွေ့ခင် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းက ယနေ့ခေတ် St Louis Missoural မြို့ အနီးမှာ ရေလွှမ်းမိုးခံရပြီး ခမ်းနားကြီးကျယ်မှုတွေမှေးမိန်ခဲ့ရတဲ့မြို့တစ်မြို့မြောက်အမေရိကတိုက်မှာ ရှိခဲ့ပါတယ်။ ဒီမြို့ကြီးဟာ ဆယ်စုနှစ် ၅စုကြာပြီးတဲ့အခါ မက္ကဆီကိုမြောက်ပိုင်းကမြို့တွေထဲမှာ အကြီးဆုံးနဲ့အခမ်းနားဆုံးဖြစ်ခဲ့ပါတယ်။ဒီမြို့ကြီးကိုတော့ Cahokia မြို့တော်လို့ အမည်တွင်ပြီး ၁၀ ရာစုမှ ၁၂ရာစုအတွင်း တန်ခိုးအာဏာအထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီမြို့ဟာ ၁ဝမိုင်ပတ်လည် ကျယ်ဝန်းတာကြောင့် ယနေ့အနေအထားနဲ့ ဆိုရင်သေးငယ်တယ်ထင်ရပေမယ့် အဲဒီအချိန်က ဥရောပမြို့ကြီးဖြစ်နေတဲ့ လန်ဒန်မြို့ထက် ပိုကျယ်ဝန်းပါတယ်။ ဒီမြို့မှာ လူဦးရေ ၁သောင်း ကနေ ၂သောင်း အထိနေထိုင်ကြပြီး အထိမ်းအမှတ်အဆောက်အအုံကြီး ၁၂၀ကျော် ရှိခဲ့ပါတယ်။ ယနေ့မှာတော့ အဆောက်အအောက် ၈ဝခန့်သာ ရှိတော့ပြီး ကျန် ၄၀ကျော်ကတော့ ပျောက်ဆုံးခဲ့ရပါတယ်။ Cahokia မြို့ကြီးရဲ့ဖြစ်စဉ်ဟာ လူသားတွေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လိုအပ်ကြောင်း အကောင်းဆုံးပြယုဂ် ဖြစ်ခဲ့ပါတယ်။

ဒီမြို့ကြီးကို အေဒီ ၆ရာစု ဝန်းကျင်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ခဲ့တဲ့သူတွေကတော့ အမေရိကတိုက်ရဲ့မူရင်းဒေသခံတွေဖြစ်တဲ့ မစ္စစပီးယန်း မျိုးနွယ်စုတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေဟာ အမေရိကန်ပြည်ထောင်စု မစ္စစပီမြစ်ကနေစပြီး အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေတွေအထိ အုပ်စိုးခဲ့ပါတယ်။ဒီလူမျိုးတွေဟာ ဘာသာစကားမရှိတာကြောင့် သူတို့ရဲ့မျိုးနွယ်အမည်နဲ့ သူတို့တည်ထောင်ခဲ့တဲ့မြို့နာမည်ကိုတောင် မှတ်တမ်းတင်နိုင်ခြင်းမရှိပါဘူး။ ၁၇ရာစုရောက်မှသာ ပြင်သစ်နိုင်ငံသားနယ်မြေစူးစမ်းရှာဖွေရေးသမားတွေက ဒီနယ်မြေကို Cahokiaမြို့အဖြစ် နာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဒေသခံတိုင်းရင်းသားတွေဟာ စုစည်းပြီးနေထိုင်ခဲ့ကြပါတယ်။

ရှေးဟောင်း သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ Cahokia မြို့ရဲ့ အလယ်ခေါင်မှာ ခြေခံအဆောက်အအုံများစွာရှိတယ်လို့သိရပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပတဲ့ အဆောက်အအုံတွေကို တစ်စုတည်းတည်ဆောက်ခဲ့ကြပါတယ်။ ရပ်ကွက်အဆောက်အဦးတွေကို လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာအဆောက်အဦး ဆိုပြီး ခွဲခြားထားပါတယ်။ ပတ်ဝန်းကျင်ဒေသနဲ့ ဆင်ခြေဖုန်းဒေသတွေဟာ မြို့တော်နယ်နမိတ်ကာကွယ်ရေးအတွက် အဓိကကျတဲ့အပိုင်းတွေဖြစ်ပါတယ်။ မြို့ပတ်ဝန်းကျင်မှာ လယ်ယာမြေနဲ့ အခြားစိုက်ပျိုးရေးလုပ်ငန်း ၊ စိုက်ခင်းများ၊ ပြောင်းဖူး၊ ပဲအမျိုးမျိုး၊ ဘူးသီးတို့ကိုစိုက်ပျိုးကြပါတယ်။ Cahokiaမြို့အလယ်ဟာ အစည်ကားဆုံးဖြစ်ပြီး ၁၇၈ဝခုနှစ် တုန်းကဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ မက်ဆိုမာရီကန်မြို့ပြနိုင်ငံတွေနဲ့ အလယ်အမေရိကက မြို့ပြတွေအားလုံးထက်တောင်ခမ်းနားခဲ့ပါသေးတယ်။

ဒါပေမဲ့မြို့တော်ရဲ့တိုးတက်လာတဲ့လူဦးရေက စွန့်ထုတ်တဲ့စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်ဖို့တော့ အာဏာပိုင်တွေ စဉ်းစားမိဟန်မတူပဲ မြို့ရဲ့ဂေဟ စနစ်ဟာနှစ်စဉ်ယိုယွင်းလာခဲ့ပါတယ်။ Cahokiaမြို့မှာတော့ Philadephia မျိုးနွယ်တွေအများဆုံးနေထိုင်ခဲ့ကြတာပါ။ Cahokiaရဲ့ထင်ရှားတဲ့နေရာကတော့ ကြီးမားတဲ့ဘုန်းတော်ကြီးကျောင်းကမူ ဖြစ်ပြီး အလျား ၉၅၀ပေ ၊ အနံ ၈၃၆ပေ နဲ့ အမြင့်ပေ ၁၀ဝခန့်ရှိပါတယ်။ illiniwek လူမျိုးတွေတည်ဆောက်ခဲ့တာဖြစ်ပြီး မြို့အုပ်ချုပ်သူများနေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ တချို့အဆောက်အအုံတွေကတော့ အလျားပေ ၁၀၀ကျော်ရှိပြီး အမြင့်ပေ ၅ဝခန့်ရှိကြပါတယ်။ အဆောက်အအုံလို့ခေါ်ပေမယ့် အလုပ်သမားပေါင်းများစွာကို အသုံးပြုကာ မြေကြီးနဲ့တည်ဆောက်ထားပြီး ပုံသွင်းထားတဲ့ ကမူကြီးတွေသာဖြစ်ပါတယ်။

ဒီမြို့ရဲ့လူဦးရေဟာ ၁၄ရာစုက စလို့ ကျဆင်းလာခဲ့ပြီး ပြဿနာကတော့မြို့နေလူထုရဲ့စွန့်ပစ်ပစ္စည်းတွေကို စနစ်ကျတဲ့စီမံခန့်ခွဲမှုမလုပ်နိုင်တာပါ။ စွန့်ပစ်ပစ္စည်းနဲ့ အမှိုက်တွေကြောင့် Cahakia မှာ သန့်ရှင်းတဲ့လေထုမရှိပဲ အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ကျန်းမာရေးယိုယွင်းလာပါတယ်။ ဒါ့အပြင် အမဲလိုက်ခြင်း ၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးခြင်းတို့ကြောင့် ရာသီဥတုပြောင်းလဲခြင်း ၊ ရောဂါဘယထူပျောခြင်း ၊စစ်ပွဲများဆင်နွှဲခြင်းစတဲ့ အခြားအကြောင်းအရာတွေကြောင့် မြို့ကြီးပျက်သုဉ်းဖို့ဖြစ်လာရတာပါ။ ဒါပေမယ့် ဒီမြို့ရဲ့ပျက်စီးရခြင်းရဲ့အဓိကအကြောင်းရင်းက မစ္စစပီမြစ်ရေဖုံးလွှမ်းခြင်းကို ခံရတာကြောင့်ဖြစ်ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေရဲ့ သုသေသနပြုချက်အရ ဒီလိုရေလွှမ်းရတဲ့အကြောင်းရင်းက လူ ၁၀၀၀၀ ကနေ ၂၀၀၀၀ ကြားရှိတဲ့ လူထုရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် မစ္စစပီမြစ်ဟာ များစွာအနည်တွေ စုပုံကျလာစေပါတယ်။ မြစ်တွေကန်တွေထဲမှာ အမှိုက်တွေပြည့်ကျပ်လာမှုကြောင့် မြစ်ရေဟာ ၁၀ မီတာခန့် ပိုမြင့်လာခဲ့ကာ နောက်ဆုံးမှာတော့မြစ်ရေလွှမ်းမိုးမှုကိုကြုံတွေ့ခဲ့ရပါတယ်။ မြို့ရဲ့ကောတ်ပဲသီးနှံတွေနဲ့အစားအစာသိုလှောင်တဲ့နေရာတွေကို ရေလွှမ်းမိုးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြို့သူမြို့သားတွေဟာမြို့ကိုစွန့်ခွာခဲ့ပြီး အခြားတိုင်းရင်းသားတွေနဲ့အတူ နေရာသစ်တွေမှာပြောင်းရွေ့အခြေချခဲ့ပါတယ်

Cahokia ဟာတစ်ခါတုန်းကအလွန်ကြွယ်ဝခဲ့တဲ့ မြို့ကြီးဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ မြို့ဟောင်းကြီးတစ်ခုအနေနဲ့ UNESCOရဲ့ကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ထားခြင်းကို ခံရပါတယ်။ ဧက ၂၂၀၀ ခန့်ရှိတဲ့ မြေဧရိယာမှာ ရှေးဟောင်း ကုန်းကမူအဆောက်အအုံကြီး ၈ဝခန့်ကို ပြန့်ကျဲနေတဲ့ အနေအထားနဲ့ မြင်တွေ့နိုင်ပါသေးတယ်။

Leave a Reply