လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က အမေရိကန် ကလေးပါရမီရှင်ကျောင်း

Posted on

ဘာသာပြန်သူ – နိုင်းနိုင်းစနေ

လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝခန့်(၁၉၄၈ခုနှစ်) က အမေရိကန်နယူးယောက်မြို့Hunter College က ဉာဏ်ရည်ထက်မြက်သူတို့အတွက် ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းတက်မယ့်သူတွေက ပါမောက္ခဟောင်းတွေ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားတွေ မဟုတ်ပါဘူး။ အဲဒီကျောင်းက ဉာဏ်ရည်စမ်းသပ်မှု (IQ Test) ပျှမ်းမျှ ၁၅ဝမှတ်လောက်မှာရှိတဲ့ ကလေးပါရမီရှင်အယောက် ၄၅ဝအတွက်ဖြစ်ပါတယ်။ အဲဒီကျောင်းက အမေရိကန်နိုင်ငံမှာ တစ်ခုတည်းသော ကလေးပါရမီရှင်တွေကို ပို့ချညွှန်ကြား၊ လေ့လာဆန်းစစ်တဲ့ကျောင်းဖြစ်ခဲ့ပါတယ်။

ကလေးပါရမီရှင်ကျောင်းက ကလေးတွေရဲ့အသက်ဟာ ၃နှစ်မှ ၁၁အထိအရွယ်တွေဖြစ်ကြတယ်။

ဒီကျောင်းဖွင့်လှစ်ရခြင်း ကတော့ ဒီပါရမီရှင်လေးတွေအတွက် ပုံမှန်ကျောင်းက သင်ခန်းစာတွေဟာ မလုံလောက်လို့ဖြစ်ပါတယ်။

(၁) ကျောင်းသားလေးတွေဟာ တခြားကျောင်းသားရဲ့လေ့လာဆန်းစစ်ချက်ကို အမြဲမေးခွန်းထုတ်၊ ဝေဖန်ပိုင်းခြားတာမျိုး လုပ်တတ်ခဲ့တယ်။ဒါမှမဟုတ် လက်တွေ့ကျမကျ စာကြည့်တိုက်ကစာအုပ်တွေမှာ သွားစစ်ဆေးတာမျိုးလည်း လုပ်တတ်ခဲ့တယ်။

(၂) အသက် ၅နှစ်ပဲရှိတဲ့ Johnny က စာကြည့်တိုက်မှာ စာအုပ်ငှားနေပါတယ်။ သူငှားတဲ့စာအုပ် The Ring of the Nibelung ဆိုတဲ့ ပြဇာတ်သီးချင်းစာအုပ်ဖြစ်တယ်။စာကြည့်တိုက်မှာ ကလေးစာအုပ်မျိုးစုံရှိပါတယ်။ ကျောင်းသားတွေက များသောအားဖြင့် သီချင်းကဗျာ၊ ဇီဝဗေဒ၊ နိုင်ငံရေးစာအုပ်တွေကို ဖတ်လေ့ရှိကြတယ်။

(၃) အသက်နည်းနည်းကြီးတဲ့ ကလေးတွေက သူတို့ဘာသာ ဓာတုဗေဒ သင်ခန်းစာတွေကို လက်တွေ့လုပ်နေခဲ့ပါပြီ။

(၄) အသက်၇နှစ်ရှိတဲ့Sandyက စာရှင်းနေပါတယ်။ သူရှင်းလင်းတဲ့ အဓိကအကြောင်းအရာက ယူရေးနီယံထဲမှာပါဝင်တဲ့ နျူထရွန်ရဲ့လုပ်ဆောင်ချက်တွေဖြစ်တယ်။

(၅) အသက် ၁ဝနှစ်ရှိတဲ့ ကလေးမတစ်ယောက်က တီးဝိုင်းကိုဦးဆောင်ညွှန်ကြားနေပါတယ်။

(၆) အသက် ၁၁နှစ် Ralph က လူဦးခေါင်းခွံတွေကိုလေ့လာရတာ နှစ်သက်တယ်။ ကြီးလာရင် ဆရာဝန်တစ်ဦးလုပ်မယ်ဆိုပါတယ်။

(၇) ၇နှစ်အရွယ် ကလေးသုံးယောက် ချက်စ်ကစားနေပါတယ်။ ဒေးဗစ်(ဘယ်) က လန်နိုင်းအစား ရွှေ့ပေးနေပါတယ်။ ဒေးဗစ်က ဒီကစားနည်းကို ဖခင်ဖြစ်သူထံက သင်ယူခဲ့တာဖြစ်ပြီး လန်နိုင်းကို ဘယ်လိုကစားရကြောင်း သင်ပေးနေတာပါ။

(၈) ၅နှစ်အရွယ် ကလေးမနှစ်ယောက် ဆံပင်ဒီဇိုင်းလုပ်နေပါတယ်။ သူတို့ဟာ ကျောင်းမီးဖိုဆောင်မှာ ကိုယ်တိုင်သစ်သီးယိုလုပ်တာ မုန့်ဖုတ်တာတွေကိုလည်း နှစ်သက်ပါတယ်။

(၉) သူတို့ဟာ တခြားသာမန်လူတွေထက် ထူးချွန်ထက်မြက်မှန်း သူတို့ကိုယ်သူတို့သိကြပေမယ့် မဝင့်ကြွားကြပါဘူး။

(၁ဝ) သူတို့ရဲ့အနာဂတ်စီမံကိန်းကလည်း တခြားသာမန်ကလေးငယ်တွေလိုပါပဲ.. အသက် ၈နှစ်ကောင်မလေးရဲ့ စိတ်ကူးအိပ်မက်က နာနီလုပ်ဖို့ပါတဲ့။ အသက် ၇နှစ်ရှိတဲ့ကောင်လေးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်က ကိုကာကိုလာကုမ္ပဏီမှာ အကြီးအကဲလုပ်ဖို့ပါတဲ့။

(၁၁) အသက် ၆နှစ်အရွယ် ကလေးတစ်သိုက် “အချိန်” အကြောင်းကို လေ့လာသင်ယူနေပါတယ်။

(၁၂) အသက် ၄နှစ်အရွယ် ကလေးငယ်လေးတွေဟာ အထပ်မြင့်တိုက်တစ်လုံးကို သစ်သားနဲ့ စုပေါင်းတည်ဆောက်ကာ လူတွေကိုနေရာချရင်း Teamwork အကြောင်းကို သင်ယူနေပါတယ်။

(၁၃) ဒါကတော့ ၉နှစ်အရွယ်ကလေးငယ်တွေဟာ ပြင်သစ်ဘာသာစကားကို သင်ယူနေတာပါ။ ဒီလိုသင်ယူတဲ့နေရာမှာ လက်တွေ့ကျကျပါဝင်သရုပ်ဆောင်ရင်း သင်ယူကြရပါတယ်။

အထက်ပါပုံရိပ်တွေကတော့ ကမ္ဘာကျော် LIFE မဂ္ဂဇင်းက ရိုက်ကူးစုဆောင်းခဲ့တဲ့ ကလေးပါရမီရှင်ကျောင်းရဲ့ပုံရိပ်တချို့ဖြစ်ပါတယ်။ ဒီပါရမီရှင်ကျောင်းကနေပြီးတော့ အမေရိကန်နိုင်ငံအတွက် ထူးချွန်သူပေါင်းများစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

နိုင်းနိုင်းစနေ

Ref:
TIME Magazine

Leave a Reply