လူသားတုိ႔အၿငိမ္မေနမႈေၾကာင့္ ျဖစ္လာတဲ့ တုိက္ဂြန္း တို႔အေၾကာင္း

Posted on

မေန႔ ကတုန္းက လုိက္ဂါးေတြ အေၾကာင္းကို ေ၀မွ်ၿပီးပါၿပီ။ ဒီေန႔ေတာ့ တုိက္ဂြန္းေတြ အေၾကာင္းကို ထပ္ၿပီးေ၀မွ်လုိက္ပါတယ္။ တုိက္ဂြန္း ဆုိတာ က်ားထီး နဲ႔ ျခေသၤ့မတုိ႔ေပါင္းစပ္ၿပီး ရလာတဲ့တိရစာၦန္အမ်ဳိးအစားျဖစ္ပါတယ္။ Tiger+Lion= Tigon = တုိက္ဂြန္း လုိ႔ေခၚရျခင္းျဖစ္ပါတယ္။ တခါတရံမွာေတာ့ tiglon လုိ႔ေဖာ္ျပေလ့ရွိပါတယ္။ လုိက္ဂါးေတြလုိပဲ ပထမဆုံး တုိက္ဂြန္း ကို အိႏၵိယမွာ ၁၉ရာစု၀န္းက်င္တြင္ အိႏၵိယႏုိင္ငံမွာေမြးဖြားႏုိင္ခဲ့ပါတယ္။

လုိက္ဂါး ေရာ တုိက္ဂြန္းပါ ျခေသၤ့ နဲ႔ က်ား စပ္ထားတဲ့ သတၱ၀ါျဖစ္ေပမယ့္ ျခားနားခ်က္ေတြကေတာ့ အေျမာက္အမ်ားရွိပါတယ္။ တုိက္ဂြန္းဟာ လုိက္ဂါးေတြထက္ အရြယ္အလြန္ငယ္တဲ့ အျပင္ လက္ရွိအခ်ိန္မွာ မ်ဳိးစပ္ဖုိ႔ ပိတ္ပင္ထားခံရတဲ့ တိရစာၦန္ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တုိက္ဂြန္းေတြဟာ ေမြးဖြားရခက္ခဲၿပီး တုိက္ဂြန္းအမ်ားစုဟာ လုိက္ဂါးေတြလုိမဟုတ္ပဲ ေမြးလာကတည္းေသတာေတြ ၊ေမြးကင္းစရက္အနည္းငယ္မွာေသတာေတြ ေၾကာင့္ပါ။

ပုံမွန္မဟုတ္တဲ့ မ်ဳိးရုိးေပါင္းစပ္မႈေၾကာင့္ တုိက္ဂြန္းအမ်ားစုဟာ ေမြးၿပီး ၁၂ပတ္အတြင္းမွာပဲေသဆုံးသြားတတ္ပါတယ္။ ဒါေၾကာင့္လည္း ကမာၻမွာ တုိက္ဂြန္း အေကာင္ေရ အနည္းငယ္သာရွိၿပီး အလြန္ရွားပါးပါတယ္။ ကမာၻေပၚမွာ တုိက္ဂြန္းရွိတဲ့ႏုိင္ငံ ၈ ႏုိင္ငံပဲ ရွိပါတယ္။ ဒီႏုိင္ငံေတြကေတာ့ တရုတ္ ၊ အီရန္ ၊ ယူေအအီး ၊ အေမရိကန္ ၊ အာဂ်င္တီးနား ၊ အိႏၵိယ ၊ ရုရွား နဲ႔ ခ်က္ဇ္ႏုိင္ငံတုိ႔ပဲ ျဖစ္ပါတယ္။

ပုံမွန္ တုိက္ဂြန္းတစ္ေကာင္ရဲ႕ အရြယ္အစားဟာ က်ား ၊ ျခေသၤ့တုိ႔နဲ႔ မကြာပါဘူး။ ပ်မ္းမွ်အားျဖင့္ ခႏၶာကုိယ္အလ်ား အရွည္ ၄ေပကေန ၉ေပ အထိရွိတတ္ပါတယ္။ အထီးေတြဟာ ေပါင္ ၄၅၀ ခန္႔ေလးၿပီး အမေတြကေတာ့ ေပါင္ ၃၀၀ ၀န္းက်င္ေလာက္ အေလးခ်ိန္ရွိပါတယ္။ တုိက္ဂြန္းေတြကဟာ လုိက္ဂါးနဲ႔ ပုံစံမကြာေပမယ့္္ ခႏၶာကုိယ္မွာေတာ့ အစင္းေၾကာင္းေတြ သိသာထင္ရွားစြာ ပါတတ္ပါတယ္။ မ်က္ႏွာမွာေတာ့ အစက္အေပ်ာက္ေတြရွိေနၿပီး တုိက္ဂြန္းအမ်ားစုဟာ ျခေသၤ့လုိပဲ လည္ဆံေမႊးပါၾကပါတယ္။

တုိက္ဂြန္းအထီးေတြဟာ မ်ဳိးပြားႏုိင္စြမ္းမရွိေပမယ့္ အမေတြကေတာ့ မ်ဳိးပြားႏုိင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ တုိက္ဂြန္းအခ်င္းခ်င္းကေန ေနာက္ထပ္တုိက္ဂြန္းတစ္ေကာင္ ျဖစ္မလာႏုိင္ပါဘူး။ ျခေသၤ့အထီး နဲ႔ တုိက္ဂြန္းအမတုိ႔ ထပ္မံမ်ဳိးပြားၾကတဲ့အခါ လုိက္တုိက္ဂြန္း( litigon) ဆုိၿပီးထပ္ျဖစ္လာပါတယ္။ အိႏၵိယႏုိင္ငံက အလီပုိးတိရစာၦန္ဥယ်ာဥ္မွာ ၁၉၇၁ခုႏွစ္က Rudhrani လုိ႔အမည္ရတဲ့ လုိက္တုိက္ဂြန္း တစ္ေကာင္ေမြးခဲ့ဖူးပါတယ္။ လုိက္တုိက္ဂြန္းကေတာ့ ပုိရွားတဲ့အမ်ဳိးျဖစ္ၿပီး Cubanacan လုိ႔ေခၚတဲ့ လုိက္တုိက္ဂြန္းကေတာ့ အရွည္ ၁၁ေပထိ ရွိၿပီး အေလးခ်ိန္ ေပါင္ ၈၀၀ ခန္႔ ရွိခဲ့ဖူးပါတယ္။

တုိက္ဂြန္းေတြဟာ လူေတြနဲ႔ အဆက္အဆံရွိေပမယ့္ သူတုိ႔ဟာ လုိက္ဂါးေတြလုိေတာ့ အရမ္းမယဥ္ပါဘူး။ တခါတရံလူကို တုိက္ခုိက္တတ္ပါတယ္။ တုိက္ဂြန္းေတြဟာလည္း ေရအလြန္ႀကဳိက္ၿပီး ေရကူးကြ်မ္းက်င္သူေတြျဖစ္ပါတယ္။ သူတုိ႔ဟာ က်ားလုိေအာ္တတ္သလုိ ျခေသၤ့လုိလည္း ဟိန္းတတ္ျပန္ပါတယ္။

သူတုိ႔ခႏၶာကုိယ္ဟာ ေရာဂါအလြယ္တကူ၀င္ေရာက္ႏုိင္ၿပီး က်န္းမာေရးျပႆနာမ်ားစြာ ရွိေနတတ္ပါတယ္။ အဆစ္ေရာဂါ ၊ အာရုံေၾကာေရာဂါ ၊ ကင္ဆာ ၊ ခႏၶာကုိယ္အခ်ဳိးအစားမညီမွ်တာနဲ႔ စိတ္ဓာတ္က်တာေတြဟာ တုိက္ဂါးအမ်ားစုမွာ ရွိေနတတ္တဲ့ ျပႆနာေတြျဖစ္ပါတယ္။ ဒါေၾကာင့္ တုိက္ဂြန္းေတြအတြက္ က်န္းမာေရးကို အၿမဲေစာင့္ေရွာက္ေနရတတ္ပါတယ္။ တုိက္ဂြန္းေတြရဲ႕ အမ်ားဆုံးသက္တမ္းဟာ ၁၅ႏွစ္၀န္းက်င္ရွိေပမယ့္ အမ်ားစုကေတာ့ ၁၀ႏွစ္ မတုိင္မီ ေသဆုံးသြားေလ့ရွိပါတယ္။


လူသားတို့အငြိမ်မနေမှုကြောင့် ဖြစ်လာတဲ့ တိုက်ဂွန်း တို့အကြောင်း (unicode)

မနေ့ ကတုန်းက လိုက်ဂါးတွေ အကြောင်းကို ဝေမျှပြီးပါပြီ။ ဒီနေ့တော့ တိုက်ဂွန်းတွေ အကြောင်းကို ထပ်ပြီးဝေမျှလိုက်ပါတယ်။ တိုက်ဂွန်း ဆိုတာ ကျားထီး နဲ့ ခြင်္သေ့မတို့ပေါင်းစပ်ပြီး ရလာတဲ့တိရစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ Tiger+Lion= Tigon = တိုက်ဂွန်း လို့ခေါ်ရခြင်းဖြစ်ပါတယ်။ တခါတရံမှာတော့ tiglon လို့ဖော်ပြလေ့ရှိပါတယ်။ လိုက်ဂါးတွေလိုပဲ ပထမဆုံး တိုက်ဂွန်း ကို အိန္ဒိယမှာ ၁၉ရာစုဝန်းကျင်တွင် အိန္ဒိယနိုင်ငံမှာမွေးဖွားနိုင်ခဲ့ပါတယ်။

လိုက်ဂါး ရော တိုက်ဂွန်းပါ ခြင်္သေ့ နဲ့ ကျား စပ်ထားတဲ့ သတ္တဝါဖြစ်ပေမယ့် ခြားနားချက်တွေကတော့ အမြောက်အများရှိပါတယ်။ တိုက်ဂွန်းဟာ လိုက်ဂါးတွေထက် အရွယ်အလွန်ငယ်တဲ့ အပြင် လက်ရှိအချိန်မှာ မျိုးစပ်ဖို့ ပိတ်ပင်ထားခံရတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ အကြောင်းကတော့ တိုက်ဂွန်းတွေဟာ မွေးဖွားရခက်ခဲပြီး တိုက်ဂွန်းအများစုဟာ လိုက်ဂါးတွေလိုမဟုတ်ပဲ မွေးလာကတည်းသေတာတွေ ၊မွေးကင်းစရက်အနည်းငယ်မှာသေတာတွေ ကြောင့်ပါ။

ပုံမှန်မဟုတ်တဲ့ မျိုးရိုးပေါင်းစပ်မှုကြောင့် တိုက်ဂွန်းအများစုဟာ မွေးပြီး ၁၂ပတ်အတွင်းမှာပဲသေဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ တိုက်ဂွန်း အကောင်ရေ အနည်းငယ်သာရှိပြီး အလွန်ရှားပါးပါတယ်။ ကမ္ဘာပေါ်မှာ တိုက်ဂွန်းရှိတဲ့နိုင်ငံ ၈ နိုင်ငံပဲ ရှိပါတယ်။ ဒီနိုင်ငံတွေကတော့ တရုတ် ၊ အီရန် ၊ ယူအေအီး ၊ အမေရိကန် ၊ အာဂျင်တီးနား ၊ အိန္ဒိယ ၊ ရုရှား နဲ့ ချက်ဇ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။

ပုံမှန် တိုက်ဂွန်းတစ်ကောင်ရဲ့ အရွယ်အစားဟာ ကျား ၊ ခြင်္သေ့တို့နဲ့ မကွာပါဘူး။ ပျမ်းမျှအားဖြင့် ခန္ဓာကိုယ်အလျား အရှည် ၄ပေကနေ ၉ပေ အထိရှိတတ်ပါတယ်။ အထီးတွေဟာ ပေါင် ၄၅၀ ခန့်လေးပြီး အမတွေကတော့ ပေါင် ၃၀၀ ဝန်းကျင်လောက် အလေးချိန်ရှိပါတယ်။ တိုက်ဂွန်းတွေကဟာ လိုက်ဂါးနဲ့ ပုံစံမကွာပေမယ့် ခန္ဓာကိုယ်မှာတော့ အစင်းကြောင်းတွေ သိသာထင်ရှားစွာ ပါတတ်ပါတယ်။ မျက်နှာမှာတော့ အစက်အပျောက်တွေရှိနေပြီး တိုက်ဂွန်းအများစုဟာ ခြင်္သေ့လိုပဲ လည်ဆံမွှေးပါကြပါတယ်။

တိုက်ဂွန်းအထီးတွေဟာ မျိုးပွားနိုင်စွမ်းမရှိပေမယ့် အမတွေကတော့ မျိုးပွားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် တိုက်ဂွန်းအချင်းချင်းကနေ နောက်ထပ်တိုက်ဂွန်းတစ်ကောင် ဖြစ်မလာနိုင်ပါဘူး။ ခြင်္သေ့အထီး နဲ့ တိုက်ဂွန်းအမတို့ ထပ်မံမျိုးပွားကြတဲ့အခါ လိုက်တိုက်ဂွန်း( litigon) ဆိုပြီးထပ်ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံက အလီပိုးတိရစ္ဆာန်ဥယျာဉ်မှာ ၁၉၇၁ခုနှစ်က Rudhrani လို့အမည်ရတဲ့ လိုက်တိုက်ဂွန်း တစ်ကောင်မွေးခဲ့ဖူးပါတယ်။ လိုက်တိုက်ဂွန်းကတော့ ပိုရှားတဲ့အမျိုးဖြစ်ပြီး Cubanacan လို့ခေါ်တဲ့ လိုက်တိုက်ဂွန်းကတော့ အရှည် ၁၁ပေထိ ရှိပြီး အလေးချိန် ပေါင် ၈၀၀ ခန့် ရှိခဲ့ဖူးပါတယ်။

တိုက်ဂွန်းတွေဟာ လူတွေနဲ့ အဆက်အဆံရှိပေမယ့် သူတို့ဟာ လိုက်ဂါးတွေလိုတော့ အရမ်းမယဉ်ပါဘူး။ တခါတရံလူကို တိုက်ခိုက်တတ်ပါတယ်။ တိုက်ဂွန်းတွေဟာလည်း ရေအလွန်ကြိုက်ပြီး ရေကူးကျွမ်းကျင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကျားလိုအော်တတ်သလို ခြင်္သေ့လိုလည်း ဟိန်းတတ်ပြန်ပါတယ်။

သူတို့ခန္ဓာကိုယ်ဟာ ရောဂါအလွယ်တကူဝင်ရောက်နိုင်ပြီး ကျန်းမာရေးပြဿနာများစွာ ရှိနေတတ်ပါတယ်။ အဆစ်ရောဂါ ၊ အာရုံကြောရောဂါ ၊ ကင်ဆာ ၊ ခန္ဓာကိုယ်အချိုးအစားမညီမျှတာနဲ့ စိတ်ဓာတ်ကျတာတွေဟာ တိုက်ဂါးအများစုမှာ ရှိနေတတ်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဂွန်းတွေအတွက် ကျန်းမာရေးကို အမြဲစောင့်ရှောက်နေရတတ်ပါတယ်။ တိုက်ဂွန်းတွေရဲ့ အများဆုံးသက်တမ်းဟာ ၁၅နှစ်ဝန်းကျင်ရှိပေမယ့် အများစုကတော့ ၁၀နှစ် မတိုင်မီ သေဆုံးသွားလေ့ရှိပါတယ်။

Leave a Reply