မႏုသီဟ အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – အရွင္သုဇနာစာရ (တကၠသုိလ္စာသင္သား )

ယခု စာေရးသူ တင္ျပသြားမည့္စာသားေလးက (မႏုသီဟ) လူႏွင့္ျခေသၤ့ႏွစ္ခြ အေၾကာင္းျဖစ္ပါတယ္။ ဒီအေၾကာင္းအရာကုိ ေရးသားရျခင္းအေၾကာင္းက ဗုဒၶဘာသာ၏ သေကၤတမ်ားကုိ လြဲမွားၿပီး သိၾကမည္ စုိးေသာေၾကာင့္လည္းေကာင္း၊ ဘာသာေရးကုိ မွန္မွန္ကန္ကန္သိၿပီး မွတ္သားယူေစခ်င္ေသာ ေစတနာ ဆႏၵေၾကာင့္လက္လွမ္းမွီသ၍ တင္ျပေရးသားျခင္းျဖစ္ပါသည္။

မႏုသီဟ ဆုိသည္မွာ ေရွးက တကယ္ရွိခဲ့ဖူးေသာ သတၱ၀ါတစ္မ်ဳိးမဟုတ္ေပ။ ေရွးေခတ္က လူမ်ား စိတ္ကူးဥာဏ္ ဆန္းၾကယ္စြာ တီထြင္ျပဳလုပ္ခဲ့ေသာ တိရစၦာန္ ကုိယ္တစ္ပုိင္း လူတစ္ပုိင္း အရုပ္မ်ဳိးျဖစ္သည္။ ယင္းကုိ ျမန္မာႏုိင္ငံ အခ်ဳိ႔ေသာ ေစတီပုထုိးမ်ားတြင္ ေတြ႔ရသည္။မႏုသီဟ ဟူေသာ စကားမွာ ပါဠိစကားျဖစ္၍ လူျခေသၤ့ ဟု အဓိပၸါယ္ရသည္။ ျခေသၤ့ကုိယ္၌ လူဦးေခါင္း တပ္ဆင္ထားေသာ အရုပ္ျဖစ္ျခင္းေၾကာင့္ မႏုသီဟ ဟု ေခၚတြင္လာဟန္တူသည္။ ျမန္မာတုိ႔ စိတ္၌မႈ မႏုသီဟ ဆုိလ်င္ ကုိယ္ႏွစ္ခုရွိသည္ဟု စြဲယူၿပီးျဖစ္သည္။

Photo : Mg Mg Win

မႏုသီဟရုပ္ကုိ ထုလုပ္ထားပုံမွာမူ အႏုပညာေျမာက္သည္။ လူဦးေခါင္း၌ မကုိဋ္သ႑ာန္ရွိေသာ အခၽြန္အတက္မ်ားႏွင့္ ဦးေဆာင္းကုိ ေဆာင္းထားေပးသည္။ ျမန္မာႏုိင္ငံရွိ မႏုသီဟ ရုပ္မ်ားသည္ အီဂ်စ္ျပည္ရွိ စဖင့္ရုပ္မ်ားႏွင့္ တူသည္။ လူဦးေခါင္း၌ မကုိဋ္သဖြယ္ ေဆာင္းထားေပးျခင္းေၾကာင့္ အီဂ်စ္ျပည္ စဖင့္ရုပ္ ဦးေခါင္းမ်ားကဲ့သုိ႔ ဘုရင္တစ္ဦးဦး၏ ပုံတူသို႔မဟုတ္ ကုိးကြယ္သည့္နတ္ ၊ ျဗဟၼာတစ္ဦးဦး၏ ရုပ္ပုံကုိ စိတ္ကူးျဖင့္မွန္းဆ၍ ထုလုပ္ထားဖြယ္ရွိသည္ဟု ေတြးထင္ ယူဆရသည္။

ယင္းမႏုသီဟ ရုပ္မ်ားသည္ မည္သည့္ ခုႏွစ္ သကၠရာဇ္က ထုလုပ္ေပၚေပါက္လာခဲ့သည္ဟု အေသအခ်ာ မသိရေခ်။ သုိ႔ေသာ္ သာသနာလကၤာရ စာတန္းတြင္ ျမတ္စြာဘုရားသခင္ ပရိနိဗၺာန္ စံယူၿပီးေနာက္ သာသာနာ ၂၃၅ ခုႏွစ္ေရာက္ေသာ္ ရာမညတုိင္း အစိတ္ သုဝဏၰၰဘုမိၸသုိ႔ အရွင္ေသာဏ၊ အရွင္ဥတၱရ မေထရ္ႏွစ္ပါးကုိ အရွင္ေမာဂၢလိပုတၱတိႆက ရဟုန္းျပဳ ကံေျမာက္ေလာက္ေအာင္ သံဃာငါးပါးႏွင့္ သာသနာျပဳ ေစလႊတ္ေတာ့မူ၏။ထိုအခါ သုဝဏ္ဏဘုမ္မိတိုင္း သထုံျပည္၀ယ္ သီရိဓမၼာေမသာက မင္းျပဳ၏။ ထိုၿမဳိ႔သည္ သမုဒၵရာႏွင့္ နီးေသာေၾကာင့္ ေရေစာင့္ဘီလူးမသည္ မင္းအိမ္၌ သားဖြားတုိင္း စားေလ၏။

သာသနာျပဳမေထရ္တုိ႔ ေရာက္ေသာေန႔လည္း မင္းအိမ္၌ သားဖြားခုိက္ႀကဳံ၍ ဘီလူးမစားမည္ဟု အရံငါးရာႏွင့္လာသည္ကုိ လူတုိ႔ျမင္၍ ေၾကာက္လန္႔ေၾကြးေၾကာ္ၾက၏။ ထုိအခုိက္တြင္ မေထရ္လည္း ေၾကာက္မက္ဘြယ္ရွိေအာင္ ျခေသၤ့ႏွင့္တူေသာ ေခါင္းတစ္လုံး ကုိယ္ႏွစ္ခုရွိေသာ မႏုသီဟ သ႑ာန္ႏွင့္ အေရအတြက္ ႏွစ္ဆထက္သာေအာင္ ဖန္ဆင္းၿပီးမွ ဘီလူးမတုိ႔ကုိ လုိက္၍ ပိတ္ဆီးကုန္လွ်င္ ဘီလူးမတုိ႔ေျပးသြားၾကေလကုန္၏။

တဖန္ မေထရ္တုိ႔လည္း ဘီလူးမတုိ႔မလာစိမ့္ေသာငွါ ပရိတ္အရံအတားကုိ ျပဳေပး၏။ ထုိကာလ စည္းေ၀းလာ သူတုိ႔အား ျဗဟၼဇာလသုတ္ေတာ္ကုိ ေဟာေတာ္မူေသာ္ ေျခာက္ေသာင္းေသာ လူတုိ႔အကၽြတ္အတန္း ေသာတာပန္စေသာ အရိယာျဖစ္ေလကုန္၏။ ထုိကာလမွစ၍ ယေန႔ဖြားစ မင္းသားငယ္တုိ႔အား ေသာဏုတၱရ ဟူ၍ ငယ္မည္မွည့္ၾကကုန္၏။

သူငယ္ခပ္သိမ္းတုိ႔အားလည္း ဘီလူးေဘးကုိ ဆီးတားျခင္းငွာ ထန္းရြက္၊ သလူရြက္မ်ားတြင္ မေထရ္တုိ႔ဖန္ဆင္းေသာ မႏုသီဟ ရုပ္ကုိေရး၍ ေခါင္းထက္တင္ထားကုန္၏။ ထုိအရုပ္ကုိ သထုံၿမဳိ႔၏ အေရွ႔ေျမာက္ေထာင့္ ေတာင္ထိပ္ထက္ ေက်ာက္ရုပ္ထု၍ ယခုထက္တုိင္ ရွိသည္ဟု ေဖာ္ျပပါရွိေလသည္။

ဖတ္ဖူးေတြ႔ဖူးခဲ့ေသာ မႏုသီဟစာ ၊ပုံမ်ားကုိ ၁၉၈၁၊ ၾသဂုတ္လ၊ ရႈမ၀ တြင္ ကုိေအးျမင့္ေရးခဲ့ဖူးပါသည္။ မူလအစ ကလ်ာဏီေက်ာက္စာကဟု ဆုိရမည္ျဖစ္ေသာ္ျငားလည္း မႏုသီဟ ရုပ္မ်ား အထူးသျဖင့္ ပန္းရံ၊ပန္းေတာ့ ၊ ပန္းတေမာ့ ရုပ္မ်ားျဖင့္ ေခတ္စားခဲ့သည္မွာ အမရပူရေခတ္ဟု ဆုိႏုိင္ပါသည္။ အႀကီးဆုံးႏွင့္ အခ်ဳိးက်ဆုံး မႏုသီဟရုပ္မ်ားကုိအမရပူရ ေတာင္သမန္ ေက်ာက္ေတာ္ႀကီး(မဟာသက်ရံသီ၊ ၁၈၅၀ ခုႏွစ္)တြင္ ေတြ႔ျမင္ႏုိင္သည္။

ပုဂံမင္းသည္ အမရပူရေခတ္ ေနာက္ဆုံး(၆) ႏွစ္တြင္ နန္းစံခဲ့သည္။ အေပ်ာ္အပါးမ်ားေသာ မင္းငယ္တစ္ပါးျဖစ္ခဲ့ေသာ္လည္း ေအာက္ေျခ စီမံသူ ပညာရွင္မ်ား ေတာ္ျခင္းေၾကာင့္ ထုိေတာင္သမန္ေက်ာက္ေတာ္ႀကီးႏွင့္အတူ မႏုသီဟ (၁၂) အပါအ၀င္ ပႏၷက္ပုံ ေကာင္းလွသည္။ သူ၏ေဘးေတာ္ ပဒုံမင္း၏ မင္းကြန္းေစတီေတာ္ႀကီး ဗိသုကာစနစ္ မေကာင္းသမွ် ဤေတာင္သမန္ ေက်ာက္စာေတာ္ႀကီးဗိသုကာစနစ္ေကာင္းမြန္လွ၍ စံထားမိပါသည္။ မႏုသီဟ ဖင္ႏွစ္ခြျဖစ္ေနျခင္းမွာ (ေထာင့္) ေနရာ၌ လုိက္ေလ်ာေစလုိေသာ ဒီဇုိင္းအယူအဆအရ ျဖစ္ရသည္ဟု သုံးသပ္ထားပါသည္။အထက္ပါ အေၾကာင္းအရာတုိ႔ကုိ ေထာက္ထားၾကည့္ပါက သာသနာျပဳမေထရ္တုိ႔ လူသားမ်ားအတြက္ အႏၱရာယ္မက်ေရာက္ေစလုိေသာေၾကာင့္ ဘီလူးေဘးကင္းေ၀ေအာင္ မႏုသီဟ ဖင္ႏွစ္ခြပုံစံကုိ ဖန္တီးေပးခဲ့ဖူးသည္။

ထုိ႔ေၾကာင့္ လူသားမ်ားသည္ ဘုရားပုထုိးေစတီအခ်ဳိ႔ေရွ႔က မႏုသီဟ ဖင္ႏွစ္ခြကုိ ျမင္ၾကေသာခါ အႏၱရာယ္မွ ကာကြယ္သည့္ သေဘာျဖင့္ ထုလုပ္ျပသထားတာပါလားဟု မွတ္ယူၾကေစျခင္းငွာ ဤေဆာင္းပါးကုိ ရွာေဖြစုေဆာင္း ေရးသားလုိက္ရပါသတည္း။

က်မ္းကုိး

ျမန္မာ့စြယ္စုံက်မ္း အတြဲ (၈) (၂၀၀၃၊ ဇြန္၊ ရတနာမြန္)

အရွင္သုဇနာစာရ (တကၠသုိလ္စာသင္သား )
သာသနာ့တကၠသီလဓမၼာစရိယ B.A BUDDHISM,
မဟာဓမၼာစရိယက်မ္းျပဳ


မနုသီဟ အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )

ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့်လက်လှမ်းမှီသ၍ တင်ပြရေးသားခြင်းဖြစ်ပါသည်။

မနုသီဟ ဆိုသည်မှာ ရှေးက တကယ်ရှိခဲ့ဖူးသော သတ္တဝါတစ်မျိုးမဟုတ်ပေ။ ရှေးခေတ်က လူများ စိတ်ကူးဥာဏ် ဆန်းကြယ်စွာ တီထွင်ပြုလုပ်ခဲ့သော တိရစ္ဆာန် ကိုယ်တစ်ပိုင်း လူတစ်ပိုင်း အရုပ်မျိုးဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ အချို့သော စေတီပုထိုးများတွင် တွေ့ရသည်။မနုသီဟ ဟူသော စကားမှာ ပါဠိစကားဖြစ်၍ လူခြင်္သေ့ ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်း တပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုသီဟ ဟု ခေါ်တွင်လာဟန်တူသည်။ မြန်မာတို့ စိတ်၌မှု မနုသီဟ ဆိုလျင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီးဖြစ်သည်။

မနုသီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက်သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဍာန်ရှိသော အချွန်အတက်များနှင့် ဦးဆောင်းကို ဆောင်းထားပေးသည်။ မြန်မာနိုင်ငံရှိ မနုသီဟ ရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် တူသည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်းကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်းများကဲ့သို့ ဘုရင်တစ်ဦးဦး၏ ပုံတူသို့မဟုတ် ကိုးကွယ်သည့်နတ် ၊ ဗြဟ္မာတစ်ဦးဦး၏ ရုပ်ပုံကို စိတ်ကူးဖြင့်မှန်းဆ၍ ထုလုပ်ထားဖွယ်ရှိသည်ဟု တွေးထင် ယူဆရသည်။

ယင်းမနုသီဟ ရုပ်များသည် မည်သည့် ခုနှစ် သက္ကရာဇ်က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။ သို့သော် သာသနာလင်္ကာရ စာတန်းတွင် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် သာသာနာ ၂၃၅ ခုနှစ်ရောက်သော် ရာမညတိုင်း အစိတ် သုဝဏ္ဏဘုမ္ပိသို့ အရှင်သောဏ၊ အရှင်ဥတ္တရ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿက ရဟုန်းပြု ကံမြောက်လောက်အောင် သံဃာငါးပါးနှင့် သာသနာပြု စေလွှတ်တော့မူ၏။ထိုအခါ သုဝဏ်ဏဘုမ်မိတိုင်း သထုံပြည်ဝယ် သီရိဓမ္မာမေသာက မင်းပြု၏။ — ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်း စားလေ၏။

သာသနာပြုမထေရ်တို့ ရောက်သောနေ့လည်း မင်းအိမ်၌ သားဖွားခိုက်ကြုံ၍ ဘီလူးမစားမည်ဟု အရံငါးရာနှင့်လာသည်ကို လူတို့မြင်၍ ကြောက်လန့်ကြွေးကြော်ကြ၏။ ထိုအခိုက်တွင် မထေရ်လည်း ကြောက်မက်ဘွယ်ရှိအောင် ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံး ကိုယ်နှစ်ခုရှိသော မနုသီဟ သဏ္ဍာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ပြေးသွားကြလေကုန်၏။

တဖန် မထေရ်တို့လည်း ဘီလူးမတို့မလာစိမ့်သောငှါ ပရိတ်အရံအတားကို ပြုပေး၏။ ထိုကာလ စည်းဝေးလာ သူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟောတော်မူသော် ခြောက်သောင်းသော လူတို့အကျွတ်အတန်း သောတာပန်စသော အရိယာဖြစ်လေကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသားငယ်တို့အား သောဏုတ္တရ ဟူ၍ ငယ်မည်မှည့်ကြကုန်၏။

သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ဖန်ဆင်းသော မနုသီဟ ရုပ်ကိုရေး၍ ခေါင်းထက်တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင် ရှိသည်ဟု ဖော်ပြပါရှိလေသည်။

ဖတ်ဖူးတွေ့ဖူးခဲ့သော မနုသီဟစာ ၊ပုံများကို ၁၉၈၁၊ ဩဂုတ်လ၊ ရှုမ၀ တွင် ကိုအေးမြင့်ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုသီဟ ရုပ်များ အထူးသဖြင့် ပန်းရံ၊ပန်းတော့ ၊ ပန်းတမော့ ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချိုးကျဆုံး မနုသီဟရုပ်များကိုအမရပူရ တောင်သမန် ကျောက်တော်ကြီး(မဟာသကျရံသီ၊ ၁၈၅၀ ခုနှစ်)တွင် တွေ့မြင်နိုင်သည်။

ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး(၆) နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေ စီမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုသီဟ (၁၂) အပါအဝင် ပန္နက်ပုံ ကောင်းလှသည်။ သူ၏ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီးဗိသုကာစနစ်ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုသီဟ ဖင်နှစ်ခွဖြစ်နေခြင်းမှာ (ထောင့်) နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်းအယူအဆအရ ဖြစ်ရသည်ဟု သုံးသပ်ထားပါသည်။အထက်ပါ အကြောင်းအရာတို့ကို ထောက်ထားကြည့်ပါက သာသနာပြုမထေရ်တို့ လူသားများအတွက် အန္တရာယ်မကျရောက်စေလိုသောကြောင့် ဘီလူးဘေးကင်းဝေအောင် မနုသီဟ ဖင်နှစ်ခွပုံစံကို ဖန်တီးပေးခဲ့ဖူးသည်။

ထို့ကြောင့် လူသားများသည် ဘုရားပုထိုးစေတီအချို့ရှေ့က မနုသီဟ ဖင်နှစ်ခွကို မြင်ကြသောခါ အန္တရာယ်မှ ကာကွယ်သည့် သဘောဖြင့် ထုလုပ်ပြသထားတာပါလားဟု မှတ်ယူကြစေခြင်းငှာ ဤဆောင်းပါးကို ရှာဖွေစုဆောင်း ရေးသားလိုက်ရပါသတည်း။

ကျမ်းကိုး

မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) (၂၀၀၃၊ ဇွန်၊ ရတနာမွန်)

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
သာသနာ့တက္ကသီလဓမ္မာစရိယ B.A BUDDHISM,
မဟာဓမ္မာစရိယကျမ်းပြု

Leave a Reply