ျခေသၤ့တစ္ပုိင္း က်ားတစ္ပိုင္း (သုိ႔) လုိက္ဂါး ေတြအေၾကာင္း

Posted on

ျခေသၤ့ နဲ႔ က်ား ဟာ သေဘာသဘာ၀ အက်င့္စရုိက္ျခင္း မတူညီတာေၾကာင့္ သူတုိ႔ခ်င္းေတာ့ သဘာ၀အတုိင္း အတူေပါင္းဖက္ဖုိ႔ ဆုိတာ မျဖစ္ႏုိင္သေလာက္ပါပဲ။ ဒါေပမယ့္ အၿငိမ္မေနႏုိင္တဲ့ လူသားေတြဟာ ျခေသၤ့နဲ႔ က်ားတုိ႔ကုိ မ်ဳိးစပ္ပစ္လုိက္တဲ့အခါမွာေတာ့ လုိက္ဂါး နဲ႔ တုိက္ဂြန္းေတြ ဆုိတဲ့ ျခေသၤ့တစ္၀က္ က်ားတစ္၀က္ ကျပားတိရစာၦန္ေတြ ျဖစ္ေပၚလာရပါတယ္။ လုိက္ဂါး(Liger) ဆုိတာ ျခေသၤ့အထီးနဲ႔ က်ားမ တုိ႔မွ ေပါက္ဖြားလာတဲ့ တိရစာၦန္ျဖစ္ၿပီး တုိက္ဂြန္း(Tigon) ကေတာ့ က်ားအထီး နဲ႔ ျခေသၤ့မွ တုိ႔ေပါင္းစပ္ရာမွ ေပါက္ဖြားလာတဲ့ တိရစာၦန္ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ လုိက္ဂါး ေတြအေၾကာင္းကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အျဖစ္မွ်ေ၀လုိက္ပါတယ္။

လုိက္ဂါး(Liger)

ျခေသၤ့အထီး နဲ႔ က်ားအမတုိ႔ စပ္ထားတဲ့ ဒီ လုိက္ဂါးေတြကုိ ျမန္မာလုိဆုိရင္ေတာ့ ျခေသၤ့က်ား လုိ႔ ေခၚရမယ္ ထင္ပါတယ္။ ျခေသၤ့ နဲ႔ က်ားေတြဟာ သဘာ၀အတုိင္း ေပါင္းဖက္ျခင္း မရွိေပမယ့္ လုုိက္ဂါးေတြျဖစ္လာျခင္းကေတာ့ ၁၉ရာစု မတုိင္မီမွာ စခဲ့တာျဖစ္ပါတယ္။

၁၇၉၈ခုႏွစ္မွာ ျပင္သစ္ သဘာ၀သုေတသနပညာရွင္ Étienne Geoffroy က ျခေသၤ့နဲ႔ က်ားတုိ႔ကို တစ္ေနရာတည္းမွာ အတူထားကာ ပထမဆုံး Liger ေတြကို အိႏၵိယႏုိင္ငံမွာ စတင္ျဖစ္ေပၚေစခဲ့ပါတယ္။

Liger ဆုိတဲ့ အသုံးအႏႈန္းကိုေတာ့ ၁၉၃၀ ၀န္းက်င္မွ စတင္သုံးခဲ့တာပါ။ ယေန႔ကမာၻတစ္၀ွမ္းက သဘာ၀ပန္းၿခံ နဲ႔ တိရစာၦန္အခ်ဳိ႕မွာရွိတဲ့ လိုက္ဂါးအေရအတြက္က အေကာင္ ၂၀၀ ခန္႔ျဖစ္ပါတယ္။

လုိက္ဂါးေတြဟာ ေက်ာင္ႀကီးမ်ဳိးႏြယ္ထဲမွာ အႀကီးဆုံး တိရစာၦန္ေတြျဖစ္ပါတယ္။ မိဘေတြျဖစ္တဲ့ ျခေသၤ့နဲ႔ က်ားတုိ႔ထက္ ႏွစ္ဆနီးပါး အရြယ္အစားႀကီးမားၾကပါတယ္။

လုိက္ဂါးတစ္ေကာင္ဟာ အရွည္ ၁၀ေပ မွ ၁၂ေပ အထိရွိကာ ကုိယ္အေလးခ်ိန္ ေပါင္ ၈၀၀ ၀န္းက်င္ကေန ၁၀၀၀ေက်ာ္ အထိရွိႏုိင္ပါတယ္။

လိုက္ဂါးေတြဟာ အသက္ ၃ႏွစ္အရြယ္ကစလုိ႔ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကုိ အေလးခ်ိန္ ၁ေပါင္တုိးေနၿပီး အသက္ ၆ႏွစ္ အရြယ္မွာေတာ့ ႀကီးထြားမႈ အဆုံးသတ္ပါတယ္။ အဲဒီအရြယ္မွာ လုိက္ဂါးတစ္ေကာင္ဟာ ေပါင္ ၇၀၀ ၀န္းက်င္ခန္႔ ရွိေနၿပီျဖစ္ပါတယ္။

လုိက္ဂါးအမ(ဘယ္) ၊ လုိက္ဂါးအထီး(ညာ)

လက္ရွိ ကမာၻေပၚမွာ အႀကီးဆုံးေၾကာင္မ်ဳိးႏြယ္တိရစာၦန္ကေတာ့ လုိက္ဂါးတစ္ေကာင္ျဖစ္တဲ့ ဟာက်ဴလီ ျဖစ္ပါတယ္။ ၂ဝ၁၄ ခုႏွစ္ မွာ ဂင္းနစ္စံခ်ိန္တင္ထားခဲ့ပါတယ္။ “ဟာက်ဴလီ”ရဲ႕ အေဖက အာဖရိက ျခေသၤ့အထီး ျဖစ္ၿပီး၊ အေမက အိႏၵိယက်ား (ဘဂၤါက်ား)အမပါ။ ဟာက်ဴလီဟာ အေမရိကန္ မီယာမီမွာရွိေနၿပီး ကုိယ္ခႏၶာအေလးခ်ိန္ ၉၂၂ေပါင္ ရွိပါတယ္။ သူအေဖနဲ႔ အေမ ႏွစ္ေကာင္ေပါင္းတာေတာင္ ေပါင္,၈ဝဝ ခန္႔ပဲရွိလို႔ “ဟာက်ဴလီ”ရဲ႕ အေလးခ်ိန္ကို မမွီပါဘူး ။ ခႏၶာကိုယ္ စုစုေပါင္းအလ်ားက (၁၃၁,လက္မ) ရွိၿပီး ၁၁,ေပ ျပည့္ဖို႔ တစ္လက္မပဲ လိုပါတယ္။ ပုခံုးအျမင့္က (၄,ေပ ၁,လက္မ) ရွိပါတယ္။

ကမာၻ႔အႀကီးဆုံး လုိက္ဂါး ဟာက်ဴလီ

လုိက္ဂါးေတြဟာ ၾကမ္းတမ္းနက္ေမွာင္ ပါးလႊာတဲ့ အ၀ါေရာင္အေမႊးေတြရွိပါတယ္။ နားအေနာက္ဘက္မွာေတာ့ အစက္ေတြရွိၿပီး ရင္ဘတ္အေရာင္ကေတာ့ အျဖဴေရာင္ျဖစ္ပါတယ္။

လူ႔ပုခုံးနီးနီးရွိတဲ့ အလြန္ႀကီးမားေသာ ပါးစပ္ႀကီးေတြကို ပိုင္ဆုိင္ၾကပါတယ္။ လုိက္ဂါးေတြရဲ႕ ခႏၶာကုိယ္ဟာ ျခေသၤ့နဲ႔တူၿပီး အၿမီးကေတာ့ က်ားနဲ႔တူပါတယ္။ လုိက္ဂါး အထီးအမ်ားစုမွာ လည္ဆံေမႊးေတြရွိေပမယ့္ ျခေသၤ့လည္ဆံေမႊးလုိေတာ့ မထူပဲ ပါးလႊာပါတယ္။

လိုက္ဂါးအမ်ားစုကို မ်ဳိးစပ္ရာမွာ လူေတြအတင္းအက်ပ္ ခုိင္းျခင္းမပါပဲ ျခေသၤ့ထီး နဲ႔ က်ားမ ကိုေလွာင္အိမ္တစ္ခုတည္းမွာပဲ ထည့္သြင္းလုိက္ျခင္းအားျဖင့္ ဖန္တီးေလ့ရွိပါတယ္။

လုိက္ဂါးေတြရဲ႕ အမူအက်င့္နဲ႔ သေဘာသဘာ၀ဟာ ျခေသၤ့ေတြနဲ႔ ပိုတူပါတယ္။

လုိက္ဂါးေတြဟာ သင္ရလြယ္တဲ့ တိရစာၦန္ေတြျဖစ္ၿပီး သူတုိ႔ကို ထိမ္းေက်ာင္းေလ့က်င္သူေတြနဲ႔ တရင္းတႏွီးေနေလ့ရွိပါတယ္။

လိုက္ဂါးေပါက္ေလးမ်ား

လုိက္ဂါးေတြဟာ ေရထဲမွာ ေနရတာကို ႏွစ္သက္ၿပီး လွ်င္ျမန္စြာေရကူးႏုိင္ၾကပါတယ္။ ဒါကေတာ့ က်ားနဲ႔ တူတာပါ။

အလြန္ႀကီးမားတဲ့ ခႏၶာကိုယ္ကုိ ပုိင္ဆုိင္ထားေပမယ့္ လုိက္ဂါးတစ္ေကာင္ဟာ တစ္နာရီကုိ ၅၀မုိင္ အျမန္ႏႈန္းနဲ႔ ေျပးႏုိင္စြမ္းရွိပါတယ္။

အသားစားသတၱ၀ါျဖစ္တဲ့ လုိက္ဂါးေတြဟာ အစားအေသာက္ေတာ့ အေတာ္ေသာင္းက်န္းပါတယ္။ ေပါင္ ၁၀၀ ခန္႔အသားေတြကို ဆက္တုိက္စားႏုိင္စြမ္းရွိပါတယ္။

ေရႀကဳိက္တဲ့ လုိက္ဂါးေလးေတြ

လုိက္ဂါးေတြကို ေမြးတဲ့အခါ အရြယ္အစားႀကီးမားလြန္းတဲ့အတြက္ ပုံမွန္အတုိင္းေမြးလုိ႔မရပဲ ဗုိက္ခြဲေမြးေပးရပါတယ္။

လုိက္ဂါးေတြဟာ ကုိယ္ခံအားနည္းပါးၿပီး အမ်ဳိးမ်ဳိးေသာေရာဂါေတြ ၀င္ေရာက္ဖုိ႔လြယ္ကူပါတယ္။ ပုံမွန္အားျဖင့္ လုိက္ဂါးတစ္ေကာင္ရဲ႕သက္တမ္းဟာ ၁၅ႏွစ္ကေန ၁၇ႏွစ္ အတြင္းသာ ရွိေပမယ့္ Shasta ဆုိတဲ့ လုိက္ဂါးမ ေလးကေတာ့ အသက္အရွည္ဆုံးအျဖစ္ ၂၄ႏွစ္ထိ အသက္ရွည္ခဲ့ပါတယ္။

သုတဇုန္


ခြင်္သေ့တစ်ပိုင်း ကျားတစ်ပိုင်း (သို့) လိုက်ဂါး တွေအကြောင်း (unicode)

ခြင်္သေ့ နဲ့ ကျား ဟာ သဘောသဘာ၀ အကျင့်စရိုက်ခြင်း မတူညီတာကြောင့် သူတို့ချင်းတော့ သဘာဝအတိုင်း အတူပေါင်းဖက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် အငြိမ်မနေနိုင်တဲ့ လူသားတွေဟာ ခြင်္သေ့နဲ့ ကျားတို့ကို မျိုးစပ်ပစ်လိုက်တဲ့အခါမှာတော့ လိုက်ဂါး နဲ့ တိုက်ဂွန်းတွေ ဆိုတဲ့ ခြင်္သေ့တစ်ဝက် ကျားတစ်ဝက် ကပြားတိရစ္ဆာန်တွေ ဖြစ်ပေါ်လာရပါတယ်။ လိုက်ဂါး(Liger) ဆိုတာ ခြင်္သေ့အထီးနဲ့ ကျားမ တို့မှ ပေါက်ဖွားလာတဲ့ တိရစ္ဆာန်ဖြစ်ပြီး တိုက်ဂွန်း(Tigon) ကတော့ ကျားအထီး နဲ့ ခြင်္သေ့မှ တို့ပေါင်းစပ်ရာမှ ပေါက်ဖွားလာတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ လိုက်ဂါး တွေအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။

လိုက်ဂါး(Liger)

ခြင်္သေ့အထီး နဲ့ ကျားအမတို့ စပ်ထားတဲ့ ဒီ လိုက်ဂါးတွေကို မြန်မာလိုဆိုရင်တော့ ခြင်္သေ့ကျား လို့ ခေါ်ရမယ် ထင်ပါတယ်။ ခြင်္သေ့ နဲ့ ကျားတွေဟာ သဘာဝအတိုင်း ပေါင်းဖက်ခြင်း မရှိပေမယ့် လိုက်ဂါးတွေဖြစ်လာခြင်းကတော့ ၁၉ရာစု မတိုင်မီမှာ စခဲ့တာဖြစ်ပါတယ်။

၁၇၉၈ခုနှစ်မှာ ပြင်သစ် သဘာဝသုတေသနပညာရှင် Étienne Geoffroy က ခြင်္သေ့နဲ့ ကျားတို့ကို တစ်နေရာတည်းမှာ အတူထားကာ ပထမဆုံး Liger တွေကို အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပေါ်စေခဲ့ပါတယ်။

Liger ဆိုတဲ့ အသုံးအနှုန်းကိုတော့ ၁၉၃၀ ဝန်းကျင်မှ စတင်သုံးခဲ့တာပါ။ ယနေ့ကမ္ဘာတစ်ဝှမ်းက သဘာဝပန်းခြံ နဲ့ တိရစ္ဆာန်အချို့မှာရှိတဲ့ လိုက်ဂါးအရေအတွက်က အကောင် ၂၀၀ ခန့်ဖြစ်ပါတယ်။

လိုက်ဂါးတွေဟာ ကျောင်ကြီးမျိုးနွယ်ထဲမှာ အကြီးဆုံး တိရစ္ဆာန်တွေဖြစ်ပါတယ်။ မိဘတွေဖြစ်တဲ့ ခြင်္သေ့နဲ့ ကျားတို့ထက် နှစ်ဆနီးပါး အရွယ်အစားကြီးမားကြပါတယ်။

လိုက်ဂါးတစ်ကောင်ဟာ အရှည် ၁၀ပေ မှ ၁၂ပေ အထိရှိကာ ကိုယ်အလေးချိန် ပေါင် ၈၀၀ ဝန်းကျင်ကနေ ၁၀၀၀ကျော် အထိရှိနိုင်ပါတယ်။

လိုက်ဂါးတွေဟာ အသက် ၃နှစ်အရွယ်ကစလို့ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလေးချိန် ၁ပေါင်တိုးနေပြီး အသက် ၆နှစ် အရွယ်မှာတော့ ကြီးထွားမှု အဆုံးသတ်ပါတယ်။ အဲဒီအရွယ်မှာ လိုက်ဂါးတစ်ကောင်ဟာ ပေါင် ၇၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာပေါ်မှာ အကြီးဆုံးကြောင်မျိုးနွယ်တိရစ္ဆာန်ကတော့ လိုက်ဂါးတစ်ကောင်ဖြစ်တဲ့ ဟာကျူလီ ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် မှာ ဂင်းနစ်စံချိန်တင်ထားခဲ့ပါတယ်။ “ဟာကျူလီ”ရဲ့ အဖေက အာဖရိက ခြင်္သေ့အထီး ဖြစ်ပြီး၊ အမေက အိန္ဒိယကျား (ဘင်္ဂါကျား)အမပါ။ ဟာကျူလီဟာ အမေရိကန် မီယာမီမှာရှိနေပြီး ကိုယ်ခန္ဓာအလေးချိန် ၉၂၂ပေါင် ရှိပါတယ်။ သူအဖေနဲ့ အမေ နှစ်ကောင်ပေါင်းတာတောင် ပေါင်,၈ဝဝ ခန့်ပဲရှိလို့ “ဟာကျူလီ”ရဲ့ အလေးချိန်ကို မမှီပါဘူး ။ ခန္ဓာကိုယ် စုစုပေါင်းအလျားက (၁၃၁,လက်မ) ရှိပြီး ၁၁,ပေ ပြည့်ဖို့ တစ်လက်မပဲ လိုပါတယ်။ ပုခုံးအမြင့်က (၄,ပေ ၁,လက်မ) ရှိပါတယ်။

လိုက်ဂါးတွေဟာ ကြမ်းတမ်းနက်မှောင် ပါးလွှာတဲ့ အဝါရောင်အမွှေးတွေရှိပါတယ်။ နားအနောက်ဘက်မှာတော့ အစက်တွေရှိပြီး ရင်ဘတ်အရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။

လူ့ပုခုံးနီးနီးရှိတဲ့ အလွန်ကြီးမားသော ပါးစပ်ကြီးတွေကို ပိုင်ဆိုင်ကြပါတယ်။ လိုက်ဂါးတွေရဲ့ ခန္ဓာကိုယ်ဟာ ခြင်္သေ့နဲ့တူပြီး အမြီးကတော့ ကျားနဲ့တူပါတယ်။ လိုက်ဂါး အထီးအများစုမှာ လည်ဆံမွှေးတွေရှိပေမယ့် ခြင်္သေ့လည်ဆံမွှေးလိုတော့ မထူပဲ ပါးလွှာပါတယ်။

လိုက်ဂါးအများစုကို မျိုးစပ်ရာမှာ လူတွေအတင်းအကျပ် ခိုင်းခြင်းမပါပဲ ခြင်္သေ့ထီး နဲ့ ကျားမ ကိုလှောင်အိမ်တစ်ခုတည်းမှာပဲ ထည့်သွင်းလိုက်ခြင်းအားဖြင့် ဖန်တီးလေ့ရှိပါတယ်။

လိုက်ဂါးတွေရဲ့ အမူအကျင့်နဲ့ သဘောသဘာဝဟာ ခြင်္သေ့တွေနဲ့ ပိုတူပါတယ်။

လိုက်ဂါးတွေဟာ သင်ရလွယ်တဲ့ တိရစ္ဆာန်တွေဖြစ်ပြီး သူတို့ကို ထိမ်းကျောင်းလေ့ကျင်သူတွေနဲ့ တရင်းတနှီးနေလေ့ရှိပါတယ်။

လိုက်ဂါးတွေဟာ ရေထဲမှာ နေရတာကို နှစ်သက်ပြီး လျှင်မြန်စွာရေကူးနိုင်ကြပါတယ်။ ဒါကတော့ ကျားနဲ့ တူတာပါ။

အလွန်ကြီးမားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် လိုက်ဂါးတစ်ကောင်ဟာ တစ်နာရီကို ၅ဝမိုင် အမြန်နှုန်းနဲ့ ပြေးနိုင်စွမ်းရှိပါတယ်။

အသားစားသတ္တဝါဖြစ်တဲ့ လိုက်ဂါးတွေဟာ အစားအသောက်တော့ အတော်သောင်းကျန်းပါတယ်။ ပေါင် ၁၀၀ ခန့်အသားတွေကို ဆက်တိုက်စားနိုင်စွမ်းရှိပါတယ်။

လိုက်ဂါးတွေကို မွေးတဲ့အခါ အရွယ်အစားကြီးမားလွန်းတဲ့အတွက် ပုံမှန်အတိုင်းမွေးလို့မရပဲ ဗိုက်ခွဲမွေးပေးရပါတယ်။

လိုက်ဂါးတွေဟာ ကိုယ်ခံအားနည်းပါးပြီး အမျိုးမျိုးသောရောဂါတွေ ဝင်ရောက်ဖို့လွယ်ကူပါတယ်။ ပုံမှန်အားဖြင့် လိုက်ဂါးတစ်ကောင်ရဲ့သက်တမ်းဟာ ၁၅နှစ်ကနေ ၁၇နှစ် အတွင်းသာ ရှိပေမယ့် Shasta ဆိုတဲ့ လိုက်ဂါးမ လေးကတော့ အသက်အရှည်ဆုံးအဖြစ် ၂၄နှစ်ထိ အသက်ရှည်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply