ဂ်ပန္ ၊ ဆုိဗီယက္ ၊ နာဇီဂ်ာမနီ သုံးႏုိင္ငံအတြက္ စစ္တုိက္ခဲ့ေသာ ကိုရီးယားသား

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္ (GAD)

သူဟာ ကိုရီးယားလူမ်ဳိးတစ္ေယာက္ျဖစ္ေပမယ့္ ဂ်ပန္ေတြရဲ႕ဖမ္းဆီးျခင္းခံခဲ့ရၿပီး ဂ်ပန္စစ္သားအေနနဲ႔ ဆိုဗီယက္တပ္နီေတြကို တိုက္ခိုက္ရန္ေစလႊတ္ျခင္းခံခဲ့ရပါတယ္။ အဲဲဒီေနာက္ ဆိုဗီယက္တပ္နီေတြရဲ႕ ဖမ္းဆီးျခင္းကို ထပိမံခံခဲ့ရၿပီး ဂ်ာမန္စစ္ေျမျပင္မွာ တပ္နီရဲ႕ကိုယ္စားစစ္တိုက္ထြက္ခဲ့ရျပန္ပါတယ္။

တဖန္ နာဇီတပ္ေတြရဲ႕ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီး ေနာ္မန္ဒီကမ္းေျခတိုက္ပြဲမွာ ဂ်ာမနီကိုယ္စားျပဳၿပီး အာ႐ွသားတစ္ေယာက္အေနနဲ႔ပါဝင္ခဲ့ရျပန္တယ္။ အေမရိကန္ဦးေဆာင္တဲ့မဟာမိတ္တပ္ေတြရဲ႕ဖမ္းဆီးျခင္းကိုထပ္မံခံခဲ့ရၿပီး ဒုတိယကမာၻစစ္ၿပီးမွသာ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ ဒီလိုပံုျပင္ဆန္ဆန္အျဖစ္အပ်က္ဟာ အျပင္မွာတကယ္႐ွိခဲ့ၿပီး သူကေတာ့ ေတာင္ကိုရီးယားလူမ်ိဳး Yang Kyoungjong ပဲ ျဖစ္ပါတယ္။ ထူးျခားတဲ့ သူ႔ရဲ႕အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ မွ်ေ၀လုိက္ပါတယ္။

သူဟာ ဒုတိယကမာၻစစ္တစ္ေလ်ာက္ မတူညီတဲ့ ႏိုင္ငံေတြရဲ႕စစ္တပ္သံုးခုမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ တစ္ဦးတည္းေသာ အာ႐ွတိုက္သားတစ္ဦးျဖစ္ပါတယ္။ Yang ဟာကမာၻသမိုင္းမွာ လူအေသအေပ်ာက္အမ်ားဆံုးျဖစ္တဲ့ ဒုတိယကမာၻစစ္ရဲ႕ေ႐ွ႕တန္းစစ္မ်က္ႏွာေတြမွာ ေတာက္ေလ်ာက္အမႈထမ္းခဲ့တာမို႔ အေျခေနအရ ထိခိုက္က်ဆံုးဖို႔ရာခိုင္ႏူန္းအမ်ားဆံုးျဖစ္ခဲ့ေပမယ့္ သူဟာအသက္ထက္ဆံုး ေနသြားႏုိင္ခဲ့ပါတယ္။ ၾကံဳလာရာအေနအထားမွာျဖစ္သလို႐ုန္းထြက္ျပတတ္တဲ့ လူသားတစ္ေယာက္ရဲ႕လုပ္ႏိုင္စြမ္းကိုျပသခဲ့တဲ့ သူတစ္ဦးလည္းျဖစ္ခဲ့တာပါ။ သူဟာဖိႏွိပ္မႈ ခ်ဳပ္ခ်ယ္မႈ အႏိုင္က်င့္မႈ လူမဆန္တဲ့ရက္စက္မႈမ်ားစြာခံခဲ့ရခဲ့ၿပီး ေနာက္ဆံုးမွာလြတ္ေျမာက္တဲ့အထိ ေတာင့္ခံႏုိင္ခဲ့ပါတယ္။

Yang ဟာ ဒုတိယကမာၻစစ္ဦးမွာ ဂ်ပန္ေတြထိန္းခ်ဳပ္ထားတဲ့ မန္ခ်ဴးရီးယား(ယခုကိုရီးယားကြၽန္းဆြယ္နဲ႔ တ႐ုတ္ျပည္ေျမာက္ပိုင္း)မွာေနထိုင္သူျဖစ္ပါတယ္။ သူ႔ကုိ ၁၉၂၀ခုႏွစ္မွာ ေမြးခဲ့ၿပီး အသက္ ၁၈ႏွစ္ အရြယ္မွာ ဂ်ပန္တပ္ေတြရဲ႕ စစ္သားအျဖစ္ အဓမၼစုေဆာင္းျခင္းကိုခံခဲ့ရၿပီး Kwantung Army (ဂ်ပန္စစ္သား)အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ Khalkhin Gol တိုက္ပြဲအတြင္း ဆိုဗီယက္တပ္နီေတြရဲ့ဖမ္းဆီးျခင္းခံရၿပီး ေခြၽးတပ္စခန္းကိုပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္က ဆိုဗီယက္တပ္ေတြဟာ ဂ်ာမန္ေတြရဲ႕ထိုးစစ္ကို အလူးအလဲခုခံေနရတာမို႔ အက်ဥ္းသားYangကို တပ္နီရဲ႕တပ္သားတစ္ဦးအျဖစ္ ဂ်ာမန္စစ္မ်က္ႏွာကိုပို႔ေဆာင္ခဲ့တာပါ။ ၁၉၄၂ခုႏွစ္ မွာ Yang ဟာ ေထာင္ေပါင္းမ်ားစြာေသာ အက်ဥ္းသားစစ္သည္ေတြနဲ႔အတူ ဆုိဗီယက္အတြက္ ဂ်ာမန္ေတြကိုတိုက္ခိုက္ခဲ့ျပန္ပါတယ္။

Yang ဟာ ဆိုဗီယက္တပ္မွာတစ္ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့ၿပီး တတိယေျမာက္ Kharkov စစ္ပြဲအတြင္း နာဇီဂ်ာမနီေတြရဲ႕ဖမ္းဆီးျခင္းကိုခံခဲ့ရျပန္ပါတယ္။ ဂ်ာမန္ေတြဟာ Yang ကိုမတူညီတဲ့စစ္တပ္ႏွစ္ခုနဲ႔ တိုက္ပြဲဝင္ခဲ့တာကို သတိထားမိပံုမေပၚပဲ အျခားအက်ဥ္းသားစစ္သည္ရာေပါင္းမ်ားစြာနဲ႔အတူ ယူကရိန္းစစ္ပြဲကို ေစလႊတ္ျခင္းခံရျပန္ပါတယ္။

အရင္တုန္းကေတာ့ဂ်ာမန္ေတြဟာ အက်ဥ္းသားသံု႔ပန္းေတြကို သူတို႔ဘက္ကေနကူတိုက္ဖုိ႔ စစ္ေျမျပင္ကိုေစလႊတ္ျခင္းမ႐ွိပဲ ညႇင္းပန္းသက္ျဖတ္ေလ့႐ွိတာပါ။ ေနာက္ပိုင္းမွာ ဂ်ာမန္စစ္သည္ အင္အားေလ်ာ့နည္းလာမႈေၾကာင့္ သူတို႔မူကိုျပင္ဆင္ၿပီး စစ္အက်ဥ္းသားေတြကို ပါ Wehrmacht (ဂ်ာမန္ၾကည္းတပ္) သားအျဖစ္ စစ္ေျမျပင္ကို ေစလႊတ္ခဲ့တာပါ။ ဒါေၾကာင့္မို႔လည္း Yang ရဲ႕သမိုင္းဟာ နာဇီေတြ လက္ထဲမွာ တစ္ခန္းမရပ္ခဲ့ရတာျဖစ္ပါတယ္။

Yang ဟာ ဂ်ာမန္ေတြရဲ႕Ostbataillone တပ္ရင္းရဲ႕ ပိြဳင့္ 709 Infanterie (စစ္ေျမျပင္အမည္)မွာတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ အလ်ဥ္းသင့္လို႔ေဖာ္ျပရရင္ Ostbataillon တပ္ရင္းဆိုတာ ဥေရာပတစ္ခြင္က ဖမ္းဆီးရမိတဲ႔ စစ္အက်ဥ္းသားေတြနဲ႔ ဖြဲ႔စည္းထားတာျဖစ္ၿပီး စစ္ပြဲေတြမွာအေသခံတိုက္ရတဲ့ တပ္ရင္းျဖစ္ပါတယ္။ ဂ်ာမန္ပင္မၾကည္းတပ္(Wehrmacht)ေတြေ႐ွ႕ကေန လူသားဒိုင္းသဖြယ္ေနရာယူၾကရသူေတြျဖစ္ပါတယ္။ Yangဟာဒီတပ္ဖြဲ႔ေတြနဲ႔အတူ တတိယ Reich စစ္ပြဲေတြ ဆင္ႏႊဲၿပီးေနာက္ ဂ်ာမန္ေတြသိမ္းထားတဲ့ ျပင္သစ္ကြၽန္းဆြယ္လံုျခံဳေရးအတြက္ ကမ္းေျခေစာင့္စစ္သည္ျဖစ္လာျပန္ပါတယ္။

မၾကာခင္မွာပဲ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြဟာ ဥေရာပကိုျပန္သိမ္းရန္ဆင္ႏႊဲတဲ့ ေနာ္မန္ဒီကမ္းေျခတိုက္ပြဲ(D Day)မွာ ဂ်ာမန္စစ္သည္ေလးတျဖစ္လဲ ကိုရီးယားသားေလး Yang ဟာ အေမရိကန္ေလထီးခုန္တပ္ရင္း အမွတ္ ၁၀၆ရဲ႕ဖမ္းဆီးတာကိုခံခဲ့ရျပန္ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ကံတရားဟာYang အေပၚ မ်က္ႏွာသာေပးခဲ့ၿပီး စစ္ပြဲအေျခအေနနဲ႔ ပတ္သတ္ၿပီးအထက္ကိုတင္ျပတဲ့ ‘အာ႐ွသားေလးဦးကိုဂ်ာမန္စစ္ယူနီေဖာင္းနဲ႔ေတြ႔ခဲ့တဲ့အေၾကာင္းအရာ’ အစီရင္ခံစာမွာ သူ႔အမည္ပါသြားခဲ့ပါတယ္။ ဒါေၾကာင့္ Yang အပါအဝင္ က်န္ဂ်ပန္လူမ်ိဳးသံုးဦးဟာ ျပန္လည္စီစစ္ျခင္းခံခဲ့ရပါတယ္။ Yanဟာ အဂၤလိပ္နဲ႔ ဂ်ာမန္စကား တတ္ကြၽမ္းျခင္းမ႐ွိခဲ့တာေၾကာင့္ မိသားစုနဲ႔ အဆက္အသြယ္မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ထို႔ေနာက္ Yang ဟာ ၿဗိတိန္မွာ႐ွိတဲ့ POW စခန္းမွာ ေခတၱထိန္းသိမ္းခံခဲ့ရၿပီး စစ္ႀကီးၿပီးတဲ့အခါမွာေတာ့ လြတ္ေျမာက္လာခဲ့ပါတယ္။

ဒုတိယကမာၻစစ္ႀကီးၿပီးတဲ့အခါမွာေတာ့ Yan ဟာ သူ႔ရဲ႕ဇာတိကုိရီးယားကို မျပန္ေတာ့ပဲ သူ႔ဘဝကိုေျပာင္းလဲေစတဲ့ အေမရိကန္မွာပဲေနထိုင္ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အေမရိကန္ႏုိင္ငံသားအျဖစ္ ခံယူခဲ့ၿပီး illinois မွာရွိတဲ႔ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္လုပ္ခဲ့ကာ ၁၉၉၂ခုႏွစ္ အသက္ ၇၂ႏွစ္ အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ၂၀၁၁ခုႏွစ္မွာေတာ့ Yang ရဲ႕ ဘ၀ဇာတ္ေၾကာင္းကို My Way နာမည္နဲ႔ ရုပ္ရွင္ျပန္ရုိက္ခဲ့ပါတယ္။

သုတဇုန္


ဂျပန် ၊ ဆိုဗီယက် ၊ နာဇီဂျာမနီ သုံးနိုင်ငံအတွက် စစ်တိုက်ခဲ့သော ကိုရီးယားသား (unicode)

ရေးသားသူ – အောင်ကောင်းထက် (GAD)

သူဟာ ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပေမယ့် ဂျပန်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ဂျပန်စစ်သားအနေနဲ့ ဆိုဗီယက်တပ်နီတွေကို တိုက်ခိုက်ရန်စေလွှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီနောက် ဆိုဗီယက်တပ်နီတွေရဲ့ ဖမ်းဆီးခြင်းကို ထပိမံခံခဲ့ရပြီး ဂျာမန်စစ်မြေပြင်မှာ တပ်နီရဲ့ကိုယ်စားစစ်တိုက်ထွက်ခဲ့ရပြန်ပါတယ်။ တဖန် နာဇီတပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ဂျာမနီကိုယ်စားပြုပြီး အာရှသားတစ်ယောက်အနေနဲ့ပါဝင်ခဲ့ရပြန်တယ်။ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေရဲ့ဖမ်းဆီးခြင်းကိုထပ်မံခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ပြီးမှသာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုပုံပြင်ဆန်ဆန်အဖြစ်အပျက်ဟာ အပြင်မှာတကယ်ရှိခဲ့ပြီး သူကတော့ တောင်ကိုရီးယားလူမျိုး Yang Kyoungjong ပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ သူ့ရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်တစ်လျောက် မတူညီတဲ့ နိုင်ငံတွေရဲ့စစ်တပ်သုံးခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်ဦးတည်းသော အာရှတိုက်သားတစ်ဦးဖြစ်ပါတယ်။ Yang ဟာကမ္ဘာသမိုင်းမှာ လူအသေအပျောက်အများဆုံးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ရှေ့တန်းစစ်မျက်နှာတွေမှာ တောက်လျောက်အမှုထမ်းခဲ့တာမို့ အခြေနေအရ ထိခိုက်ကျဆုံးဖို့ရာခိုင်နူန်းအများဆုံးဖြစ်ခဲ့ပေမယ့် သူဟာအသက်ထက်ဆုံး နေသွားနိုင်ခဲ့ပါတယ်။ ကြုံလာရာအနေအထားမှာဖြစ်သလိုရုန်းထွက်ပြတတ်တဲ့ လူသားတစ်ယောက်ရဲ့လုပ်နိုင်စွမ်းကိုပြသခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ခဲ့တာပါ။ သူဟာဖိနှိပ်မှု ချုပ်ချယ်မှု အနိုင်ကျင့်မှု လူမဆန်တဲ့ရက်စက်မှုများစွာခံခဲ့ရခဲ့ပြီး နောက်ဆုံးမှာလွတ်မြောက်တဲ့အထိ တောင့်ခံနိုင်ခဲ့ပါတယ်။

Yang ဟာ ဒုတိယကမ္ဘာစစ်ဦးမှာ ဂျပန်တွေထိန်းချုပ်ထားတဲ့ မန်ချူးရီးယား(ယခုကိုရီးယားကျွန်းဆွယ်နဲ့ တရုတ်ပြည်မြောက်ပိုင်း)မှာနေထိုင်သူဖြစ်ပါတယ်။ သူ့ကို ၁၉၂ဝခုနှစ်မှာ မွေးခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာ ဂျပန်တပ်တွေရဲ့ စစ်သားအဖြစ် အဓမ္မစုဆောင်းခြင်းကိုခံခဲ့ရပြီး Kwantung Army (ဂျပန်စစ်သား)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Khalkhin Gol တိုက်ပွဲအတွင်း ဆိုဗီယက်တပ်နီတွေရဲ့ဖမ်းဆီးခြင်းခံရပြီး ချွေးတပ်စခန်းကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်က ဆိုဗီယက်တပ်တွေဟာ ဂျာမန်တွေရဲ့ထိုးစစ်ကို အလူးအလဲခုခံနေရတာမို့ အကျဉ်းသားYangကို တပ်နီရဲ့တပ်သားတစ်ဦးအဖြစ် ဂျာမန်စစ်မျက်နှာကိုပို့ဆောင်ခဲ့တာပါ။ ၁၉၄၂ခုနှစ် မှာ Yang ဟာ ထောင်ပေါင်းများစွာသော အကျဉ်းသားစစ်သည်တွေနဲ့အတူ ဆိုဗီယက်အတွက် ဂျာမန်တွေကိုတိုက်ခိုက်ခဲ့ပြန်ပါတယ်။

Yang ဟာ ဆိုဗီယက်တပ်မှာတစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး တတိယမြောက် Kharkov စစ်ပွဲအတွင်း နာဇီဂျာမနီတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြန်ပါတယ်။ ဂျာမန်တွေဟာ Yang ကိုမတူညီတဲ့စစ်တပ်နှစ်ခုနဲ့ တိုက်ပွဲဝင်ခဲ့တာကို သတိထားမိပုံမပေါ်ပဲ အခြားအကျဉ်းသားစစ်သည်ရာပေါင်းများစွာနဲ့အတူ ယူကရိန်းစစ်ပွဲကို စေလွှတ်ခြင်းခံရပြန်ပါတယ်။ အရင်တုန်းကတော့ဂျာမန်တွေဟာ အကျဉ်းသားသုံ့ပန်းတွေကို သူတို့ဘက်ကနေကူတိုက်ဖို့ စစ်မြေပြင်ကိုစေလွှတ်ခြင်းမရှိပဲ ညှင်းပန်းသက်ဖြတ်လေ့ရှိတာပါ။ နောက်ပိုင်းမှာ ဂျာမန်စစ်သည် အင်အားလျော့နည်းလာမှုကြောင့် သူတို့မူကိုပြင်ဆင်ပြီး စစ်အကျဉ်းသားတွေကို ပါ Wehrmacht (ဂျာမန်ကြည်းတပ်) သားအဖြစ် စစ်မြေပြင်ကို စေလွှတ်ခဲ့တာပါ။ ဒါကြောင့်မို့လည်း Yang ရဲ့သမိုင်းဟာ နာဇီတွေ လက်ထဲမှာ တစ်ခန်းမရပ်ခဲ့ရတာဖြစ်ပါတယ်။

Yang ဟာ ဂျာမန်တွေရဲ့Ostbataillone တပ်ရင်းရဲ့ ပွိုင့် 709 Infanterie (စစ်မြေပြင်အမည်)မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အလျဉ်းသင့်လို့ဖော်ပြရရင် Ostbataillon တပ်ရင်းဆိုတာ ဥရောပတစ်ခွင်က ဖမ်းဆီးရမိတဲ့ စစ်အကျဉ်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ပွဲတွေမှာအသေခံတိုက်ရတဲ့ တပ်ရင်းဖြစ်ပါတယ်။ ဂျာမန်ပင်မကြည်းတပ်(Wehrmacht)တွေရှေ့ကနေ လူသားဒိုင်းသဖွယ်နေရာယူကြရသူတွေဖြစ်ပါတယ်။ Yangဟာဒီတပ်ဖွဲ့တွေနဲ့အတူ တတိယ Reich စစ်ပွဲတွေ ဆင်နွှဲပြီးနောက် ဂျာမန်တွေသိမ်းထားတဲ့ ပြင်သစ်ကျွန်းဆွယ်လုံခြုံရေးအတွက် ကမ်းခြေစောင့်စစ်သည်ဖြစ်လာပြန်ပါတယ်။ မကြာခင်မှာပဲ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ဥရောပကိုပြန်သိမ်းရန်ဆင်နွှဲတဲ့ နော်မန်ဒီကမ်းခြေတိုက်ပွဲ(D Day)မှာ ဂျာမန်စစ်သည်လေးတဖြစ်လဲ ကိုရီးယားသားလေး Yang ဟာ အမေရိကန်လေထီးခုန်တပ်ရင်း အမှတ် ၁၀၆ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြန်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကံတရားဟာYang အပေါ် မျက်နှာသာပေးခဲ့ပြီး စစ်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီးအထက်ကိုတင်ပြတဲ့ ‘အာရှသားလေးဦးကိုဂျာမန်စစ်ယူနီဖောင်းနဲ့တွေ့ခဲ့တဲ့အကြောင်းအရာ’ အစီရင်ခံစာမှာ သူ့အမည်ပါသွားခဲ့ပါတယ်။ ဒါကြောင့် Yang အပါအဝင် ကျန်ဂျပန်လူမျိုးသုံးဦးဟာ ပြန်လည်စီစစ်ခြင်းခံခဲ့ရပါတယ်။ Yanဟာ အင်္ဂလိပ်နဲ့ ဂျာမန်စကား တတ်ကျွမ်းခြင်းမရှိခဲ့တာကြောင့် မိသားစုနဲ့ အဆက်အသွယ်မပြုလုပ်နိုင်ခဲ့ပါဘူး။ ထို့နောက် Yang ဟာ ဗြိတိန်မှာရှိတဲ့ POW စခန်းမှာ ခေတ္တထိန်းသိမ်းခံခဲ့ရပြီး စစ်ကြီးပြီးတဲ့အခါမှာတော့ လွတ်မြောက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါမှာတော့ Yan ဟာ သူ့ရဲ့ဇာတိကိုရီးယားကို မပြန်တော့ပဲ သူ့ဘဝကိုပြောင်းလဲစေတဲ့ အမေရိကန်မှာပဲနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ပြီး illinois မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့ကာ ၁၉၉၂ခုနှစ် အသက် ၇၂နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ Yang ရဲ့ ဘဝဇာတ်ကြောင်းကို My Way နာမည်နဲ့ ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။

Leave a Reply