ကမာၻ႔သမုိင္းထဲက အရဲရင့္ဆံုးအမ်ိဳးသမီးစစ္သည္ေတာ္ ၁၁ ေယာက္ 

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

ေ႐ွးေခတ္က အမ်ဳိးသမီးေတြဟာ စစ္ပြဲေတြမွာ ပါဝင္ခဲ့ၾကၿပီး အေရးပါတဲ့ အခန္းက႑ေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကပါတယ္။ သမိုင္းတစ္ေလ်ာက္စစ္ပြဲေတြမွာ အေၾကာက္အလန္႔ကင္းကင္းနဲ႔ အမ်ိဳးသမီးစစ္သည္ေတြရဲ႕ အံ့ၾသဖြယ္စြမ္းေဆာင္မႈေတြဟာ သမိုင္းျပယုဂ္အျဖစ္ ယေန႔တိုင္ထင္႐ွားေနဆဲပါ။ သာမန္အားျဖင့္ အမ်ိဳးသမီးေတြဟာ ႏူးႏူးည့ံည့ံ႐ွိၾကေပမယ့္ အနည္းငယ္ေသာ အမ်ဳိးသမီးတခ်ဳိ႕ကေတာ့ အေလ့အက်င့္ဗီဇ နဲ႔ ဘဝျဖတ္သန္းမႈပံုစံေတြ မတူညီတာေၾကာင့္ ဥာဏပိုင္းမွာသာမက ကာယပိုင္းမွာေတာင္အမ်ိဳးသားမ်ားကို ယွဥ္ၿပိဳင္ႏုိင္စြမ္းရွိလာၾကပါတယ္။

အမ်ိဳးသမီးစစ္သည္ေတာ္ေတြဟာ လွပတယ္ ညဏ္ေကာင္းၿပီးစြမ္းေဆာင္ရည္ျပည့္ဝတယ္။ သူတို႔ထဲမွာ သိန္းဂဏန္း႐ွိတဲ့ အမ်ိဳးသားစစ္သည္ေတြကို ဦးေဆာင္ၿပီး စစ္တိုက္ခဲ့သူေတြလည္းပါ၀င္ပါတယ္။ ဒီတစ္ခါ သုတဇုန္မိတ္ေဆြေတြကို မ်ွေဝေပးခ်င္တာကေတာ့ ကမာၻသမိုင္းထဲက အရဲရင့္ဆံုးအမ်ိဳးသမီးစစ္သည္ေတာ္ေတြ အေၾကာင္းျဖစ္ပါတယ္။

၁၀။ Zenobia

Zenobia ဟာ ၃ ရာစုကေပၚေပါက္ခဲ့တာျဖစ္ၿပီးဆီးရီးယား႐ွိ ပါးလ္မုိင္ယာအင္ပါယာရဲ႕ ဘုရင္မတစ္ပါးျဖစ္ပါတယ္။ Palmyrene အင္ပါယာဟာ အရင္ကေရာမလက္ေအာက္မွာ႐ွိေပမယ့္ Zenobia ဘုရင္မ လက္ထက္မွာေရာမကိုျပန္လည္ဖီဆန္လာႏိုင္ခဲ့ပါတယ္။ သူမဟာ ေရာမေတြနဲ႔ျဖစ္ပြားခဲ့တဲ့စစ္ပြဲေတြအတြင္း ထင္႐ွားလာတဲ့ ဘုရင္မတစ္ပါးျဖစ္ပါတယ္။ Zenobia ဟာသမိုင္းစာမ်က္ႏွာမွာ အမ်ားေလးစားေလာက္တဲ့ စြမ္းေဆာင္ရည္ေတြျပသႏိုင္တဲ့အျပင္ သူမကုိယ္တုိင္လည္း စည္းကမ္းေကာင္းတဲ့ စစ္သည္ေတာ္လည္းျဖစ္ခဲ့တာပါ။

သူမအုပ္စိုးစဥ္ကာလမွာ အေတြးအေခၚပညာ႐ွင္ နဲ႔ ပညာ႐ွိအမတ္ေတြေပၚလာခဲ့တာကလည္း သူမအတြက္ အလြန္အက်ဳိးရွိခဲ့ပါတယ္။ သူမဟာႏိုင္ငံ ျပည္သူနဲ႔ စစ္တပ္ကို တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြခ်မွတ္ၿပီး ပါးပါးနပ္နပ္အုပ္ခ်ဳပ္ခဲ့တဲ့သူ ျဖစ္ပါတယ္။ စည္းကမ္းေသဝပ္စြာနဲ႔ႏိုင္ငံေရးကိစၥေတြကို ေဆာင္ရြက္ခဲ့တာမို႔လို႔ ေရာမအင္ပါယာကိုေအာင္ျမင္စြာတြန္းလွန္ခဲ့ၿပီး အီဂ်စ္ေတြကိုေအာင္ႏိုင္ခဲ့တဲ့အထိ နည္းပရိယာယ္ႂကြယ္ႂကြယ္ဝဝနဲ႔ ႏိုင္ငံကို အုပ္ခ်ဳပ္တဲ့စစ္ဘုရင္မတစ္ပါးျဖစ္ပါတယ္။

၉။ Rani Lakshmibai, India

Rani ကိုေတာ့ အိႏိၵယႏိုင္ငံက နာမည္ႀကီးေတာ္လွန္ေရးသမားတစ္ဦးအျဖစ္ လူသိမ်ားပါတယ္။ ၁၈၅၇ခုႏွစ္က အဂၤလိပ္တို႔ကို ဆန္႔က်င္တိုကိခိုက္တဲ့ အိႏၵိယေတာ္လွန္ေရးေတြမွာ ရဲရင့္တဲ့စစ္သည္ေတာ္တစ္ေယာက္အေနနဲ႔ေရာ ဦးေဆာင္သူတစ္ေယာက္အေနနဲ႔ပါ ထင္႐ွားပါတယ္။ သူမဟာ ၁၈၅၇-၅၈ မွာျဖစ္ခဲ့တဲ့ အိႏိၵယေတာ္လွန္မႈေတြမွာ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ပါတယ္။ သူမဟာငယ္စဥ္တည္းက ျမင္းစီးျခင္း ဓား႐ွည္နဲ႔ တိုက္ခိုက္ျခင္းစတဲ့ စစ္ပြဲနဲ႔ပတ္သတ္တဲ့ပညာေတြနဲ႔ အကြၽမ္းတဝင္႐ွိခဲ့သူပါ။

ျမင္းစီးၿပီးသားငယ္ကိုေနာက္မွာေက်ာပိုးထားၿပီး ဓား႐ွည္ကိုင္စြဲတဲ့ပံုစံနဲ႔ ဟန္ေရးျပေလ့႐ွိတဲ့သူမဟာ အဂၤလိပ္ခံတပ္ၿမိဳ႕ျဖစ္တဲ့ Gawliorကို ဦးေဆာင္တိုက္ခိုက္ခဲ့သူလည္းျဖစ္ပါတယ္။ Gawliorကိုထိန္းခ်ဳပ္ၿပီးေနာက္ အေ႐ွ႕ဘက္မွာ႐ွိတဲ့ Morar ကို ခ်ီတက္ခဲ့ၿပီး အဂၤလိပ္ဗိုလ္မႉးGen Hugh Rose ဦးေဆာင္တဲ့ ၿဗိတိသ်ွတပ္ေတြကို ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲဝင္ေနစဥ္မွာ သူမဟာေယာက်ၤားတစ္ဦးအျဖစ္ ဟန္ေဆာင္ၿပီး ရန္သူကိုအနီးကပ္တိုက္ခိုက္ခဲ့တဲ့ အိႏၵိယအမ်ိဳးသမီး အာဇာနည္တစ္ဦး ျဖစ္ပါတယ္။

၈။ Rusla and Stikla , Norway

ဗုိက္ကင္းေတြဟာ ၾကမ္းတမ္းခက္ထန္ၿပီး အလြန္ရက္စက္တတ္တဲ့ လူမ်ဳိးေတြျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀၀ ေလာက္ကတည္းက ဥေရာပမွာ လုယက္တိုက္ခိုက္ခဲ့ၾကတဲ့ ဗုိက္ကင္းေတြအနက္မွာ Rusla နဲ႔ Stika ဆုိတဲ့ ညီအစ္မႏွစ္ဦးလည္းပါ၀င္ပါတယ္။ သူမတို႔ဟာ အမွန္ေတာ့ skjaldmo သူရဲေကာင္းမ်ိဳးႏြယ္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ ၁၀ ရာစု သူမတို႔ ကေလးသာသာအရြယ္မွာ ပင္လယ္ဓားျမေတြရဲ႕ ဖမ္းဆီးျခင္းကိုခံရၿပီး ဗုိက္ကင္းဓားျပအဖြဲ႔ထဲကုိ ေရာက္လာတာပါ။

ေနာက္ပိုင္းမွာေတာ့ သူတို႔ညီအစ္မဟာ ဓားျပအဖြဲ႔ကို ဦးေဆာင္ၿပီး လုယက္ခဲ့ၾကပါေတာ့တယ္။ သူတို႔ဦးေဆာင္တဲ့ အဖြဲ႔ဟာ အိုက္စလန္၊ ဒိန္းမတ္ ၊အဂၤလန္ကမ္းေျခကၿမိဳ႕ေတြအထိ ဝင္ေရာက္တိုက္ခိုက္ခဲ့တာမို႔ အာဏာပိုင္ေတြရဲ႕ေဒါသထြက္ကာ၀ုိင္း၀န္းတုိက္ခိုက္ခဲ့ၾကေပမယ့္ သူတုိ႔ညီအစ္မႏွစ္ေယာက္ကုိ မႏုိင္ခဲ့ပါဘူး။ သူတို႔ညီအစ္မႏွစ္ေယာက္အနက္ Rusla က လက္ထပ္သြားခဲ့ေပမယ့္Stikla ကေတာ့ အပ်ဳိႀကီးအျဖစ္နဲ႔ပဲ ဓားျပအျဖစ္ တစ္သက္လံုးရပ္တည္သြားခဲ့ပါတယ္။ Ruslaကေတာ့ အိမ္ေထာင္ျပဳၿပီးတဲ့ေနာက္မွာေတာ့ သာမန္အရပ္သူအျဖစ္နဲ႔ပဲ ေအးေအးခ်မ္းခ်မ္းေနထိုင္သြားခဲ့ပါတယ္။ သူတို႔ဟာေနာ္ေဝသမိုင္းရဲ႕အရက္စက္ဆံုးအမ်ိဳးသမီးေတြအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

၇။ Trieu Thi Trinh,Vitenam

မိန္းမပ်ိဳေလး Treiu ဟာ အရြယ္ငယ္ေပမယ့္ အလြန္ေၾကာက္ဖုိ႔ေကာင္းတဲ့ ဗီယက္နမ္အမ်ိဳးသမီး တိုက္ခိုက္ေရးသမားျဖစ္ပါတယ္။ ၃ရာစု ၀န္းက်င္က စစ္သည္ေတြဟာ အရပ္အေမာင္းအလြန္ျမင့္မားၿပီး အလြန္သန္မာပါတယ္။ သူမဟာ ဗီယက္နမ္ကို သိမ္းပိုက္ဖို႔ႀကိဳးစားေနတဲ့ တ႐ုတ္ျပည္က Wu မင္းဆက္ကို ခုခံတုိက္ခုိက္တဲ့ စစ္ပြဲေတြမွာ ထင္႐ွားလာခဲ့သူ ျဖစ္ပါတယ္။

ဗီယက္နမ္မွာေတာ့သူ႔ကို Joan of Arc လို႔သိၾကပါတယ္။ သူမရဲ႕ရုပ္ရည္ဟာလွပၿပီး အသံဟာေခါင္းေလာင္းသံကဲ့သို႔ သာယာပါတယ္ ။သူမရဲ႕ညီမျဖစ္သူကိုသတ္ၿပီးတဲ့ေနာက္ စစ္သည္အနည္းငယ္နဲ႔ အတူ ေတာခိုကာ ဗီယက္နမ္ကိုစိုးမိုးထားတဲ့ တ႐ုတ္တပ္ေတြကို ဦးေဆာင္တိုက္ခိုက္ခဲ့ၿပီး ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့ပါတယ္။ ဗီယက္နမ္ၿမဳိ႕ေတာ္ေတ္ာမ်ားမ်ားရဲ႕ လမ္းေတြကို သူမနာမည္ေပးထားရေလာက္တဲ့အထိ ထင္ေပၚခဲ့သူျဖစ္ပါတယ္။

၆။ St Joan of Arc, France

Orlean ျပည္နယ္က မိန္းမပ်ိဳလို႔ ခ်စ္စႏိုးေခၚၾကတဲ့ St Joan of Arc အေၾကာက္အလန္႔ကင္းတဲ့ စစ္သူရဲတစ္ဦးျဖစ္ၿပီး ျပင္သစ္နဲ႔အဂၤလိပ္တို႔ျဖစ္ခဲ့တဲ့ ႏွစ္ ၁၀၀ စစ္ပြဲအတြင္း ျပင္သစ္စစ္တပ္ကို ဦးေဆာင္ၿပီး အဂၤလိပ္ေတြအေပၚ အႏိုင္ရခဲ့သူျဖစ္ပါတယ္။ လယ္သမားမိသားစု က ေမြးဖြားလာတဲ့သူမဟာ အာဇာနည္တစ္ဦးျဖစ္တဲ့သူမဟာ အလြန္လွပၿပီး ဆယ္ေက်ာ္သက္အရြယ္ပဲ ရွိပါေသးတယ္။

သမိုင္းတစ္ေလ်ာက္ အလွဆံုးအမ်ဳိးသမီး စစ္သူရဲေကာင္းေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။ ယေန႔ေခတ္မွာေတာ့ သူမကို ရဲရင့္ျခင္း၊ ဖ်တ္လတ္္ျခင္း သတၱိ႐ွိျခင္း ရဲ႕ သေကၤတအျဖစ္သိၾကပါတယ္။သူမဟာအဂၤလိပ္ေတြကို ေအာင္ႏိုင္ေအာင္တိုက္ခိုက္ခဲ့ၿပီးေနာက္တစ္ႏွစ္မွာေတာ့ သစၥာ ေဖာက္အခ်ဳိ႕ေၾကာင့္အဂၤလိပ္ေတြရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာ မိစာၦအယူ႐ွိတယ္လို႔စြပ္စြဲကာ ကားစင္တင္ၿပီးသက္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္။

၅။ Fu Hao, China

Fu Hao(ဘီစီ ၁၂ရာစု ၀န္းက်င္) ဟာ တ႐ုတ္သမိုင္းမွာထင္႐ွားတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ပါတယ္။ တရုတ္ႏုိင္ငံသမုိင္းတေလွ်ာက္ ပထမဆုံး အမ်ဳိးသမီးစစ္ဗုိလ္ခ်ဳပ္လည္းျဖစ္ပါတယ္။ သူမဟာ ႐ွန္ မင္းဆက္ရဲ႕တန္ခိုးအာဏာအ႐ွိဆံုးဧကရာဇ္ Wu Ding ရဲ႕မိဖုရားတစ္ဥိးလည္းျဖစ္ပါတယ္။ ဘုရင္နဲ႔လက္ထပ္ၿပီးေနာက္သူမရဲ႕အာဏာဟာတစ္ဟုန္ထိုး တိုးတက္လာခဲ့ၿပီးစစ္သည္ ၁၃၀၀၀ ပါတဲ့ စစ္တပ္ကိုဦးေဆာင္ရတဲ့ ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

သူမဦးေဆာင္ကာ တုိက္ပြဲမ်ားစြာကုိ ေအာင္ျမင္ခဲ့တဲ့အတြက္ ဧကရာဇ္ Wu ဟာ သူမရဲ႕အစြမ္းကို အလြန္အထင္ႀကီးခဲ့ၿပီးသူမအေပၚ အလြန္အားထားခဲ့ပါတယ္။ သူမဟာ ဦးေဆာင္သူူ တစ္ေယာက္ျဖစ္ေပမယ့္ သူမကုိယ္တုိင္လည္း တုိက္ရည္ခိုက္ရည္ ျပည့္၀သူတစ္ေယာက္ျဖစ္ပါတယ္။ ရန္သူလူမ်ိဳးစုေတြကို ျပင္းျပင္းထန္ထန္တုိက္ခုိက္ကာ ႐ွန္အင္ပါယာကုိ အသက္ေပးကာကြယ္ခဲ့သူ လည္းျဖစ္ပါတယ္။

၄။ Tomeo Gozen

Tomeo Gozen ကေတာ့ ဂ်ပန္သမိုုင္းမွာ ေၾကာက္စရာအေကာင္းဆံုး အမ်ိဳးသမီးဆာမူ႐ိုင္းတစ္ဦး ျဖစ္ပါတယ္။ ဒါအျပင္ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ေက်ာ္တိုကိခိုက္ေရးစစ္သည္တစ္ဦးလည္းျဖစ္ပါတယ္။ ဂ်ပန္မွာစစ္တိုက္တယ္ဆိုတာ ေယာက်ၤားသားေတြရဲ႕အလုပ္ျဖစ္ေပမဲ့ Tomeo Gozen ကေတာ့ႁခြင္းခ်က္အေနနဲ႔ ပါဝင္ေနတာပါ။ အျခားအမ်ိဳးသမီးတိုက္ခိုက္ေရးသမားေတြ႐ွိေပမယ့္ သူတို႔ဟာမိမိအိမ္နဲ႔ ေက်းရြာေတြကိုကာကြယ္တဲ့ေနရာမွာသာ ပါ၀င္ခဲ့ၾကပါတယ္။Gozen ကေတာ့ စစ္တပ္မွာအမႈထမ္းရပါတယ္။

ဒါဟာလည္း သူမရဲ႕ ျမင့္မားတဲ့တိုက္ခိုက္ေရးစြမ္းရည္ေတြေၾကာင့္ပါ။ ၁၂ရာစုက စစ္သည္ေတြဟာ ကိုယ္ခံပညာကိုေလ့က်င့္ထားၾကၿပီး ဓား႐ွည္ ေလးျမႇားေတြကိုအသံုးျပဳၿပီးတိုက္ခိုက္ခဲ့ၾကပါတယ္။ Genper နဲ႔ Awazu စစ္ပြဲေတြမွာ Gozen ဟာအထူးအစြမ္းျပခဲ့ပါတယ္။ သူမကိုလူသိမ်ားတဲ့အခ်က္ကေတာ့ အဲဒီေခက္ကနာမည္ႀကီးဆာမူ႐ိုင္းေတြျဖစ္တဲ့ Uchida leyoshiနဲ႔ Hatake Yama Shigetada ဆိုသူေတြကို တစ္ဦးခ်င္း အႏိုင္တိုက္ႏိုင္ခဲ့လို႔ပါ။ သူမရဲ႕ခင္ပြန္းကေတာ့ ဂ်ပန္သမုိင္းတေလွ်ာက္မွာေက်ာ္ၾကားခဲ့တဲ့ ဗုိလ္ခ်ဳပ္ Yoshinaka ျဖစ္ပါတယ္။

၃။ Nakano Takeko

Takeko ဟာ Aizu မ်ိဳးႏြယ္ဝင္ ဆာမူ႐ိုင္းအမ်ဳိးသမီးတိုက္ခိုက္ေရးသမားျဖစ္ပါတယ္။ သူမဟာ Boshun စစ္ပြဲမွာ မီဂ်ီအစိုးရတပ္ေတြကို သူမ မ်ိဳးႏြယ္အတြက္ ခုခံတိုက္ခိုက္ၿပီး သူရဲေကာင္းပီပီသသက်ဆံုးခဲ့ရသူပါ။ သူမဟာ ငယ္စဥ္တည္းက တိုက္ခိုက္ေရးပညာကို အကြၽမ္းတစ္ဝင္႐ွိခဲ့ၿပီး ေနာက္ဆံုးအမ်ိဳးသမီးဆာမူ႐ိုင္းလည္းျဖစ္ပါတယ္။ ၁၈၆၈ခုႏွစ္မွာ ဂ်ပန္ဆာမူ႐ိုင္းေတြနဲ႔ မီဂ်ီအစိုးရတပ္ေတြအၾကား ျပည္တြင္းစစ္ျဖစ္ပြားခဲ့ၿပီး အစိုးရတပ္ေတြအႏိုင္ရခဲ့ပါတယ္။မ်ားစြာေသာဆာမူ႐ိုင္းေတြက လက္နက္ခ်အည့ံခံခဲ့ေပမဲ့ Takeko ကေတာ့မ်ိဳးႏြယ္ဂုဏ္ကို ထိန္းကာ မေလွ်ာ့တမ္း ဆက္လက္တိုက္ပြဲဝင္ခဲ့ပါတယ္။

သူမရဲ႕Aizu မ်ိဳးႏြယ္ေတြက မိန္းကေလးေတြကို စစ္တိုက္ခြင့္မေပးထားပါဘူး။ ဒါေၾကာင့္ Takeko ဟာ မ်ဳိးႏြယ္တပ္ေတြနဲ႔ မပူေပါင္းပဲ ကိုယ္ပိုင္တိုက္ခိုက္ေရးအဖြဲ႔ေတြဖြဲ႔ၿပီး တိုက္ပြဲဝင္ခဲ့တာပါ။ သူမဟာဆာမူ႐ိုင္းႏြယ္ဝင္ Naginata လို႔ေခၚတဲ့ အစြန္းေရာက္အဖြဲ႔ေတြနဲ႔ ဂ်ပန္အစိုးရကို ျပန္လည္တိုက္ခိုက္ခဲ့တာပါ။ သူမဟာ မီဂ်ီအစိုးရရဲ႕စစ္သည္မ်ားစြာကို သတ္ျဖတ္ႏိုင္ခဲ့ေပမယ့္ တိုက္ပြဲတစ္ခုမွာေတာ့ ဆိုးဆိုးရြားရြားေသနက္ဒဏ္ရာ ရ႐ွိၿပီး ေသဆံုးခဲ့ပါတယ္။

၂။ Ana Nzinga,Angola

Ana Nzunga ဟာ Ndongo နဲ႔ Matamba ႏိုင္ငံ (ယေန႔အန္ဂိုလာႏုိင္ငံ) ေတြရဲ႕ဘုရင္မျဖစ္ပါတယ္။အာဖရိကတိုက္ရဲ႕ အမ်ဳိးသူရဲေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း ကမာၻကေတာင္ခ်ီးက်ဴးခဲ့ရတာပါ။ သူမဟာ Luanda နယ္ေျမ (ယခုအန္ဂိုလာ)ကုိ မတရားသိမ္းပိုက္ထားတဲ့ ေပၚတူဂီေတြကိုဖယ္႐ွားၿပီး ႏိုင္ငံအတြက္လြတ္လပ္ေရးရယူေပးခဲ့သူလည္းျဖစ္ပါတယ္။ ၁၆၁၇ခုႏွစ္မွာ ေပၚတူဂီေတြဟာ Ndongo ကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာေၾကာင့္ ဘုရင္ျဖစ္သူထြက္ေျပးၿပီး ျပည္သူမ်ားေနရပ္စြန္႔ခြာထြက္ေျပးခဲ့ရပါတယ္။ လူေထာင္ေပါင္းမ်ားစြာ အက်ဥ္းသားအျဖစ္ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။ ေပၚတူဂီေတြဟာ Ndongo ၿမိဳ႕ေတာ္ကိုသိမ္းပိုက္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ဘုရင္ဟာ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ခ်ဳပ္ရန္ Ana Nzinga ကို ၁၆၂၁ခုႏွစ္ မွာေစလႊတ္ခဲ့ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ေပၚတူဂီေတြဟာ စာခ်ဳပ္ကိုေဖာက္ဖ်တ္ၿပီး တိုက္ခိုက္မႈေတြကို ဆက္လုပ္ခဲ့ပါတယ္။ေပၚတုဂီတို႔ရဲ႕ဖိအားေပးမႈေၾကာင့္ ဘုရင္ဟာကိုယ့္ကုိယ္ကုိ သတ္ေသသြားခဲ့ပါတယ္။ ဘုရင္ေသဆုံးသြားၿပီးတဲ့ေနာက္မွာ Nzinga ဟာ တိုင္းျပည္ရဲ႕ အာဏာကိုရယူခဲ့ပါတယ္။ေပၚတူဂီနဲ႔ ဆက္လက္ညိဳႏိူင္းေပမယ့္ ေအာင္ျမင္မႈေတာ့မရခဲ့ပါဘူး။ ၁၆၂၆ခုႏွစ္မွာ ေပၚတူဂီေတြရဲ႕တိုက္ခိုက္မႈကိုခံရၿပီး အိမ္နီးခ်င္း Matambaမွာ ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ေပၚတူဂီစစ္တပ္ကေလ့က်င့္ေပးခဲ့တဲ့ ေဒသခံစစ္သည္မ်ားႏွင့္ကြၽန္အခ်ဳိ႕ဟာ သူမနဲ႔ျပန္လည္ေပါင္းစည္းမိခဲ့ပါတယ္။

ဒီအျပင္ဒတ္ခ်္(ေဟာ္လန္)ေတြနဲ႔ မဟာမိတ္ဖြဲ႔ခြင့္ရခဲ့ၿပီး ေပၚတူဂီေတြကိုျပန္တိုက္ခိုက္ခဲ့ပါေတာ့တယ္။ဒီတစ္ခါမွာေတာ့ Nzinga ရဲ႕ ပူးေပါင္းတပ္ေတြဟာ ေပၚတူဂီေတြအေပၚ ထိထိေရာက္ေရာက္ေခ်မႈန္းႏိုင္ခဲ့ၿပီး Ndongo နဲ႔ ေပၚတူဂီလက္ေအာက္ခံ Matamba ကိုပါ ဆက္လက္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ သူမဟာ Ndongo နဲ႔ Matamba ႏိုင္ငံေတြရဲ႕ဘုရင္မျဖစ္လာပါတယ္။ သူမ မေသဆံုးခင္ ၁၆၆၁ခုႏွစ္အထိ ေပၚတူဂီ ကိုလိုနီနယ္အခ်ဳိ႕ကို ထိမ္္းခ်ဳပ္ထားႏုိင္ခဲ့ပါတယ္။ Nzinga ဟာ ရန္သူေပၚတူဂီစစ္တပ္က ေလစားေလာက္ရေအာင္ ပါးပါးနပ္နပ္နဲ႔ အ့ံဖြယ္ စစ္ဗ်ဴဟာေတြခ်မွတ္ႏုိင္ခဲ့ပါတယ္။

၁။ Boudica, the Queenof Iceni,Great Britain

Boudica ဟာ စြမ္းေဆာင္ရည္ျပည့္ဝတဲ့ စစ္ေခါင္းေဆာင္တစ္ဦးသာမက ေတာ္လွန္ေရးသမားတစ္ဦးလည္းျဖစ္ပါတယ္။ ေရာမေတြဟာ ၿဗိတိန္ကြ်န္းစုကို သိမ္းပိုက္ၿပီးေနာက္ Boudica ဦးေဆာင္တဲ့ ေတာ္လွန္ေရးေတြ စတင္ေပၚေပါက္လာခဲ့ပါတယ္။ေရာမေတြဟာ အဂၤလန္ကြၽန္းကိုလက္လြတ္လိုက္ရတာဟာ Boudica ေၾကာင့္လို႔ ယူဆခဲ့ၾကပါတယ္။ သူမဦးေဆာင္တဲ့ ေတာ္လွန္ေရးကာလအတြင္း ေရာမနဲ႔ အဂၤလိပ္စစ္သည္ စုစုေပါင္း ၇၀၀၀၀ နဲ႔ ၈၀၀၀၀ ၾကား ေသဆုံးခဲ့ပါတယ္။ သူမရဲ႕ ေမြးရပ္နဲ႔ ေသဆုံးမႈ မွတ္တမ္းကို တိတိက်က် မသိခဲ့ၾကပါဘူး။

ေ႐ွးေဟာင္း ၿဗိတိန္မ်ိဳးႏြယ္စု Iceni ေတြရဲ႕ဘုရင္ ေသဆံုးၿပီး သူမအာဏာရလာပါတယ္။ ေရာမေတြဟာ ၿဗိတိန္ေတြ လက္မခံတဲ့ အယူအဆမ်ားစြာကို သယ္ေဆာင္လာပါတယ္။ အမ်ိဳးသမီးေတြဟာ သူတို႔ကိုနာက်င္ေအာင္မလုပ္ႏုိင္ဘူးလို႔ အၿမဲယူဆေနတာပါ။ Boudicaနဲ႔ဆံုေတြ႔တဲ့အခါမွာေတာ့ ေရာမေတြဟာ အလြန္ အထိနာခဲ့ပါတယ္ ။ေနာက္ဆုံးမွာေတာ့ Boudica ဟာ Iceni,Trinovantes စစ္သည္ ၁သိန္း ခန္႔ကို ဦးေဆာင္ၿပီး ေရာမေတြကို အဂၤလန္ကြၽန္းစုကေမာင္းထုတ္ႏုိင္ခဲ့ပါတယ္။ ေခ်ာေမာလွပတဲ့ Boudica ကိုယေန႔တိုင္ Celtic Iceni မ်ိဳးႏြယ္စုရဲ႕ေခါင္းေဆာင္အျဖစ္ သတ္မွတ္ထားဆဲ ျဖစ္ပါတယ္။

သုတဇုန္


ကမ္ဘာ့သမိုင်းထဲက အရဲရင့်ဆုံးအမျိုးသမီးစစ်သည်တော် ၁၁ ယောက် (unicode)

ရေးသားသူ – အောင်ကောင်းထက်(GAD)

ရှေးခေတ်က အမျိုးသမီးတွေဟာ စစ်ပွဲတွေမှာ ပါဝင်ခဲ့ကြပြီး အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ သမိုင်းတစ်လျောက်စစ်ပွဲတွေမှာ အကြောက်အလန့်ကင်းကင်းနဲ့ အမျိုးသမီးစစ်သည်တွေရဲ့ အံ့ဩဖွယ်စွမ်းဆောင်မှုတွေဟာ သမိုင်းပြယုဂ်အဖြစ် ယနေ့တိုင်ထင်ရှားနေဆဲပါ။ သာမန်အားဖြင့် အမျိုးသမီးတွေဟာ နူးနူးညံ့ညံ့ရှိကြပေမယ့် အနည်းငယ်သော အမျိုးသမီးတချို့ကတော့ အလေ့အကျင့်ဗီဇ နဲ့ ဘဝဖြတ်သန်းမှုပုံစံတွေ မတူညီတာကြောင့် ဥာဏပိုင်းမှာသာမက ကာယပိုင်းမှာတောင်အမျိုးသားများကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာကြပါတယ်။

အမျိုးသမီးစစ်သည်တော်တွေဟာ လှပတယ် ညဏ်ကောင်းပြီးစွမ်းဆောင်ရည်ပြည့်ဝတယ်။ သူတို့ထဲမှာ သိန်းဂဏန်းရှိတဲ့ အမျိုးသားစစ်သည်တွေကို ဦးဆောင်ပြီး စစ်တိုက်ခဲ့သူတွေလည်းပါဝင်ပါတယ်။ ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ ကမ္ဘာသမိုင်းထဲက အရဲရင့်ဆုံးအမျိုးသမီးစစ်သည်တော်တွေ အကြောင်းဖြစ်ပါတယ်။

၁၀။ Zenobia

Zenobia ဟာ ၃ ရာစုကပေါ်ပေါက်ခဲ့တာဖြစ်ပြီးဆီးရီးယားရှိ ပါးလ်မိုင်ယာအင်ပါယာရဲ့ ဘုရင်မတစ်ပါးဖြစ်ပါတယ်။ Palmyrene အင်ပါယာဟာ အရင်ကရောမလက်အောက်မှာရှိပေမယ့် Zenobia ဘုရင်မ လက်ထက်မှာရောမကိုပြန်လည်ဖီဆန်လာနိုင်ခဲ့ပါတယ်။ သူမဟာ ရောမတွေနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေအတွင်း ထင်ရှားလာတဲ့ ဘုရင်မတစ်ပါးဖြစ်ပါတယ်။ Zenobia ဟာသမိုင်းစာမျက်နှာမှာ အများလေးစားလောက်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်တဲ့အပြင် သူမကိုယ်တိုင်လည်း စည်းကမ်းကောင်းတဲ့ စစ်သည်တော်လည်းဖြစ်ခဲ့တာပါ။ သူမအုပ်စိုးစဉ်ကာလမှာ အတွေးအခေါ်ပညာရှင် နဲ့ ပညာရှိအမတ်တွေပေါ်လာခဲ့တာကလည်း သူမအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။ သူမဟာနိုင်ငံ ပြည်သူနဲ့ စစ်တပ်ကို တင်းကျပ်တဲ့ စည်းမျဉ်းတွေချမှတ်ပြီး ပါးပါးနပ်နပ်အုပ်ချုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ စည်းကမ်းသေဝပ်စွာနဲ့နိုင်ငံရေးကိစ္စတွေကို ဆောင်ရွက်ခဲ့တာမို့လို့ ရောမအင်ပါယာကိုအောင်မြင်စွာတွန်းလှန်ခဲ့ပြီး အီဂျစ်တွေကိုအောင်နိုင်ခဲ့တဲ့အထိ နည်းပရိယာယ်ကြွယ်ကြွယ်ဝဝနဲ့ နိုင်ငံကို အုပ်ချုပ်တဲ့စစ်ဘုရင်မတစ်ပါးဖြစ်ပါတယ်။

၉။ Rani Lakshmibai, India

Rani ကိုတော့ အိန္ဒိယနိုင်ငံက နာမည်ကြီးတော်လှန်ရေးသမားတစ်ဦးအဖြစ် လူသိများပါတယ်။ ၁၈၅၇ခုနှစ်က အင်္ဂလိပ်တို့ကို ဆန့်ကျင်တိုကိခိုက်တဲ့ အိန္ဒိယတော်လှန်ရေးတွေမှာ ရဲရင့်တဲ့စစ်သည်တော်တစ်ယောက်အနေနဲ့ရော ဦးဆောင်သူတစ်ယောက်အနေနဲ့ပါ ထင်ရှားပါတယ်။ သူမဟာ ၁၈၅၇-၅၈ မှာဖြစ်ခဲ့တဲ့ အိန္ဒိယတော်လှန်မှုတွေမှာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမဟာငယ်စဉ်တည်းက မြင်းစီးခြင်း ဓားရှည်နဲ့ တိုက်ခိုက်ခြင်းစတဲ့ စစ်ပွဲနဲ့ပတ်သတ်တဲ့ပညာတွေနဲ့ အကျွမ်းတဝင်ရှိခဲ့သူပါ။ မြင်းစီးပြီးသားငယ်ကိုနောက်မှာကျောပိုးထားပြီး ဓားရှည်ကိုင်စွဲတဲ့ပုံစံနဲ့ ဟန်ရေးပြလေ့ရှိတဲ့သူမဟာ အင်္ဂလိပ်ခံတပ်မြို့ဖြစ်တဲ့ Gawliorကို ဦးဆောင်တိုက်ခိုက်ခဲ့သူလည်းဖြစ်ပါတယ်။ Gawliorကိုထိန်းချုပ်ပြီးနောက် အရှေ့ဘက်မှာရှိတဲ့ Morar ကို ချီတက်ခဲ့ပြီး အင်္ဂလိပ်ဗိုလ်မှူးGen Hugh Rose ဦးဆောင်တဲ့ ဗြိတိသျှတပ်တွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဝင်နေစဉ်မှာ သူမဟာယောင်္ကျားတစ်ဦးအဖြစ် ဟန်ဆောင်ပြီး ရန်သူကိုအနီးကပ်တိုက်ခိုက်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး အာဇာနည်တစ်ဦး ဖြစ်ပါတယ်။

၈။ Rusla and Stikla , Norway

ဗိုက်ကင်းတွေဟာ ကြမ်းတမ်းခက်ထန်ပြီး အလွန်ရက်စက်တတ်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်ကတည်းက ဥရောပမှာ လုယက်တိုက်ခိုက်ခဲ့ကြတဲ့ ဗိုက်ကင်းတွေအနက်မှာ Rusla နဲ့ Stika ဆိုတဲ့ ညီအစ်မနှစ်ဦးလည်းပါဝင်ပါတယ်။ သူမတို့ဟာ အမှန်တော့ skjaldmo သူရဲကောင်းမျိုးနွယ်တွေဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ ရာစု သူမတို့ ကလေးသာသာအရွယ်မှာ ပင်လယ်ဓားမြတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ဗိုက်ကင်းဓားပြအဖွဲ့ထဲကို ရောက်လာတာပါ။ နောက်ပိုင်းမှာတော့ သူတို့ညီအစ်မဟာ ဓားပြအဖွဲ့ကို ဦးဆောင်ပြီး လုယက်ခဲ့ကြပါတော့တယ်။ သူတို့ဦးဆောင်တဲ့ အဖွဲ့ဟာ အိုက်စလန်၊ ဒိန်းမတ် ၊အင်္ဂလန်ကမ်းခြေကမြို့တွေအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာမို့ အာဏာပိုင်တွေရဲ့ဒေါသထွက်ကာဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပေမယ့် သူတို့ညီအစ်မနှစ်ယောက်ကို မနိုင်ခဲ့ပါဘူး။ သူတို့ညီအစ်မနှစ်ယောက်အနက် Rusla က လက်ထပ်သွားခဲ့ပေမယ့်Stikla ကတော့ အပျိုကြီးအဖြစ်နဲ့ပဲ ဓားပြအဖြစ် တစ်သက်လုံးရပ်တည်သွားခဲ့ပါတယ်။ Ruslaကတော့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ သာမန်အရပ်သူအဖြစ်နဲ့ပဲ အေးအေးချမ်းချမ်းနေထိုင်သွားခဲ့ပါတယ်။ သူတို့ဟာနော်ဝေသမိုင်းရဲ့အရက်စက်ဆုံးအမျိုးသမီးတွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

၇။ Trieu Thi Trinh,Vitenam

မိန်းမပျိုလေး Treiu ဟာ အရွယ်ငယ်ပေမယ့် အလွန်ကြောက်ဖို့ကောင်းတဲ့ ဗီယက်နမ်အမျိုးသမီး တိုက်ခိုက်ရေးသမားဖြစ်ပါတယ်။ ၃ရာစု ဝန်းကျင်က စစ်သည်တွေဟာ အရပ်အမောင်းအလွန်မြင့်မားပြီး အလွန်သန်မာပါတယ်။ သူမဟာ ဗီယက်နမ်ကို သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ တရုတ်ပြည်က Wu မင်းဆက်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ ဗီယက်နမ်မှာတော့သူ့ကို Joan of Arc လို့သိကြပါတယ်။ သူမရဲ့ရုပ်ရည်ဟာလှပပြီး အသံဟာခေါင်းလောင်းသံကဲ့သို့ သာယာပါတယ် ။သူမရဲ့ညီမဖြစ်သူကိုသတ်ပြီးတဲ့နောက် စစ်သည်အနည်းငယ်နဲ့ အတူ တောခိုကာ ဗီယက်နမ်ကိုစိုးမိုးထားတဲ့ တရုတ်တပ်တွေကို ဦးဆောင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ ဗီယက်နမ်မြို့တော်တော်များများရဲ့ လမ်းတွေကို သူမနာမည်ပေးထားရလောက်တဲ့အထိ ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။

၆။ St Joan of Arc, France

Orlean ပြည်နယ်က မိန်းမပျိုလို့ ချစ်စနိုးခေါ်ကြတဲ့ St Joan of Arc အကြောက်အလန့်ကင်းတဲ့ စစ်သူရဲတစ်ဦးဖြစ်ပြီး ပြင်သစ်နဲ့အင်္ဂလိပ်တို့ဖြစ်ခဲ့တဲ့ နှစ် ၁၀၀ စစ်ပွဲအတွင်း ပြင်သစ်စစ်တပ်ကို ဦးဆောင်ပြီး အင်္ဂလိပ်တွေအပေါ် အနိုင်ရခဲ့သူဖြစ်ပါတယ်။ လယ်သမားမိသားစု က မွေးဖွားလာတဲ့သူမဟာ အာဇာနည်တစ်ဦးဖြစ်တဲ့သူမဟာ အလွန်လှပပြီး ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။သမိုင်းတစ်လျောက် အလှဆုံးအမျိုးသမီး စစ်သူရဲကောင်းတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ သူမကို ရဲရင့်ခြင်း၊ ဖျတ်လတ်ခြင်း သတ္တိရှိခြင်း ရဲ့ သင်္ကေတအဖြစ်သိကြပါတယ်။သူမဟာအင်္ဂလိပ်တွေကို အောင်နိုင်အောင်တိုက်ခိုက်ခဲ့ပြီးနောက်တစ်နှစ်မှာတော့ သစ္စာ ဖောက်အချို့ကြောင့်အင်္ဂလိပ်တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ မိစ္ဆာအယူရှိတယ်လို့စွပ်စွဲကာ ကားစင်တင်ပြီးသက်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

၅။ Fu Hao, China

Fu Hao(ဘီစီ ၁၂ရာစု ဝန်းကျင်) ဟာ တရုတ်သမိုင်းမှာထင်ရှားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ တရုတ်နိုင်ငံသမိုင်းတလျှောက် ပထမဆုံး အမျိုးသမီးစစ်ဗိုလ်ချုပ်လည်းဖြစ်ပါတယ်။ သူမဟာ ရှန် မင်းဆက်ရဲ့တန်ခိုးအာဏာအရှိဆုံးဧကရာဇ် Wu Ding ရဲ့မိဖုရားတစ်ဥိးလည်းဖြစ်ပါတယ်။ ဘုရင်နဲ့လက်ထပ်ပြီးနောက်သူမရဲ့အာဏာဟာတစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီးစစ်သည် ၁၃၀၀၀ ပါတဲ့ စစ်တပ်ကိုဦးဆောင်ရတဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမဦးဆောင်ကာ တိုက်ပွဲများစွာကို အောင်မြင်ခဲ့တဲ့အတွက် ဧကရာဇ် Wu ဟာ သူမရဲ့အစွမ်းကို အလွန်အထင်ကြီးခဲ့ပြီးသူမအပေါ် အလွန်အားထားခဲ့ပါတယ်။ သူမဟာ ဦးဆောင်သူ တစ်ယောက်ဖြစ်ပေမယ့် သူမကိုယ်တိုင်လည်း တိုက်ရည်ခိုက်ရည် ပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။ ရန်သူလူမျိုးစုတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ကာ ရှန်အင်ပါယာကို အသက်ပေးကာကွယ်ခဲ့သူ လည်းဖြစ်ပါတယ်။

၄။ Tomeo Gozen

Tomeo Gozen ကတော့ ဂျပန်သမိုင်းမှာ ကြောက်စရာအကောင်းဆုံး အမျိုးသမီးဆာမူရိုင်းတစ်ဦး ဖြစ်ပါတယ်။ ဒါအပြင်ဂျပန်နိုင်ငံရဲ့ နာမည်ကျော်တိုကိခိုက်ရေးစစ်သည်တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်မှာစစ်တိုက်တယ်ဆိုတာ ယောင်္ကျားသားတွေရဲ့အလုပ်ဖြစ်ပေမဲ့ Tomeo Gozen ကတော့ခြွင်းချက်အနေနဲ့ ပါဝင်နေတာပါ။ အခြားအမျိုးသမီးတိုက်ခိုက်ရေးသမားတွေရှိပေမယ့် သူတို့ဟာမိမိအိမ်နဲ့ ကျေးရွာတွေကိုကာကွယ်တဲ့နေရာမှာသာ ပါဝင်ခဲ့ကြပါတယ်။Gozen ကတော့ စစ်တပ်မှာအမှုထမ်းရပါတယ်။ ဒါဟာလည်း သူမရဲ့ မြင့်မားတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့်ပါ။ ၁၂ရာစုက စစ်သည်တွေဟာ ကိုယ်ခံပညာကိုလေ့ကျင့်ထားကြပြီး ဓားရှည် လေးမြှားတွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ Genper နဲ့ Awazu စစ်ပွဲတွေမှာ Gozen ဟာအထူးအစွမ်းပြခဲ့ပါတယ်။ သူမကိုလူသိများတဲ့အချက်ကတော့ အဲဒီခေက်ကနာမည်ကြီးဆာမူရိုင်းတွေဖြစ်တဲ့ Uchida leyoshiနဲ့ Hatake Yama Shigetada ဆိုသူတွေကို တစ်ဦးချင်း အနိုင်တိုက်နိုင်ခဲ့လို့ပါ။ သူမရဲ့ခင်ပွန်းကတော့ ဂျပန်သမိုင်းတလျှောက်မှာကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ် Yoshinaka ဖြစ်ပါတယ်။

၃။ Nakano Takeko

Takeko ဟာ Aizu မျိုးနွယ်ဝင် ဆာမူရိုင်းအမျိုးသမီးတိုက်ခိုက်ရေးသမားဖြစ်ပါတယ်။ သူမဟာ Boshun စစ်ပွဲမှာ မီဂျီအစိုးရတပ်တွေကို သူမ မျိုးနွယ်အတွက် ခုခံတိုက်ခိုက်ပြီး သူရဲကောင်းပီပီသသကျဆုံးခဲ့ရသူပါ။ သူမဟာ ငယ်စဉ်တည်းက တိုက်ခိုက်ရေးပညာကို အကျွမ်းတစ်ဝင်ရှိခဲ့ပြီး နောက်ဆုံးအမျိုးသမီးဆာမူရိုင်းလည်းဖြစ်ပါတယ်။ ၁၈၆၈ခုနှစ်မှာ ဂျပန်ဆာမူရိုင်းတွေနဲ့ မီဂျီအစိုးရတပ်တွေအကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်တွေအနိုင်ရခဲ့ပါတယ်။များစွာသောဆာမူရိုင်းတွေက လက်နက်ချအညံ့ခံခဲ့ပေမဲ့ Takeko ကတော့မျိုးနွယ်ဂုဏ်ကို ထိန်းကာ မလျှော့တမ်း ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။သူမရဲ့Aizu မျိုးနွယ်တွေက မိန်းကလေးတွေကို စစ်တိုက်ခွင့်မပေးထားပါဘူး။ ဒါကြောင့် Takeko ဟာ မျိုးနွယ်တပ်တွေနဲ့ မပူပေါင်းပဲ ကိုယ်ပိုင်တိုက်ခိုက်ရေးအဖွဲ့တွေဖွဲ့ပြီး တိုက်ပွဲဝင်ခဲ့တာပါ။ သူမဟာဆာမူရိုင်းနွယ်ဝင် Naginata လို့ခေါ်တဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ ဂျပန်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ သူမဟာ မီဂျီအစိုးရရဲ့စစ်သည်များစွာကို သတ်ဖြတ်နိုင်ခဲ့ပေမယ့် တိုက်ပွဲတစ်ခုမှာတော့ ဆိုးဆိုးရွားရွားသေနက်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့ပါတယ်။

၂။ Ana Nzinga,Angola

Ana Nzunga ဟာ Ndongo နဲ့ Matamba နိုင်ငံ (ယနေ့အန်ဂိုလာနိုင်ငံ) တွေရဲ့ဘုရင်မဖြစ်ပါတယ်။အာဖရိကတိုက်ရဲ့ အမျိုးသူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း ကမ္ဘာကတောင်ချီးကျူးခဲ့ရတာပါ။ သူမဟာ Luanda နယ်မြေ (ယခုအန်ဂိုလာ)ကို မတရားသိမ်းပိုက်ထားတဲ့ ပေါ်တူဂီတွေကိုဖယ်ရှားပြီး နိုင်ငံအတွက်လွတ်လပ်ရေးရယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ၁၆၁၇ခုနှစ်မှာ ပေါ်တူဂီတွေဟာ Ndongo ကို ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် ဘုရင်ဖြစ်သူထွက်ပြေးပြီး ပြည်သူများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။လူထောင်ပေါင်းများစွာ အကျဉ်းသားအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ပေါ်တူဂီတွေဟာ Ndongo မြို့တော်ကိုသိမ်းပိုက်ခဲ့ကြပါတယ်။ ဒါကြောင့်ဘုရင်ဟာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ရန် Ana Nzinga ကို ၁၆၂၁ခုနှစ် မှာစေလွှတ်ခဲ့ပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ပေါ်တူဂီတွေဟာ စာချုပ်ကိုဖောက်ဖျတ်ပြီး တိုက်ခိုက်မှုတွေကို ဆက်လုပ်ခဲ့ပါတယ်။ပေါ်တုဂီတို့ရဲ့ဖိအားပေးမှုကြောင့် ဘုရင်ဟာကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ ဘုရင်သေဆုံးသွားပြီးတဲ့နောက်မှာ Nzinga ဟာ တိုင်းပြည်ရဲ့ အာဏာကိုရယူခဲ့ပါတယ်။ပေါ်တူဂီနဲ့ ဆက်လက်ညိုနိူင်းပေမယ့် အောင်မြင်မှုတော့မရခဲ့ပါဘူး။ ၁၆၂၆ခုနှစ်မှာ ပေါ်တူဂီတွေရဲ့တိုက်ခိုက်မှုကိုခံရပြီး အိမ်နီးချင်း Matambaမှာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ပြန်လည်လွတ်မြောက်လာပြီးနောက် ပေါ်တူဂီစစ်တပ်ကလေ့ကျင့်ပေးခဲ့တဲ့ ဒေသခံစစ်သည်များနှင့်ကျွန်အချို့ဟာ သူမနဲ့ပြန်လည်ပေါင်းစည်းမိခဲ့ပါတယ်။ ဒီအပြင်ဒတ်ခ်ျ(ဟော်လန်)တွေနဲ့ မဟာမိတ်ဖွဲ့ခွင့်ရခဲ့ပြီး ပေါ်တူဂီတွေကိုပြန်တိုက်ခိုက်ခဲ့ပါတော့တယ်။ဒီတစ်ခါမှာတော့ Nzinga ရဲ့ ပူးပေါင်းတပ်တွေဟာ ပေါ်တူဂီတွေအပေါ် ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး Ndongo နဲ့ ပေါ်တူဂီလက်အောက်ခံ Matamba ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ Ndongo နဲ့ Matamba နိုင်ငံတွေရဲ့ဘုရင်မဖြစ်လာပါတယ်။ သူမမသေဆုံးခင် ၁၆၆၁ခုနှစ်အထိ ပေါ်တူဂီ ကိုလိုနီနယ်အချို့ကို ထိမ်းချုပ်ထားနိုင်ခဲ့ပါတယ်။ Nzinga ဟာ ရန်သူပေါ်တူဂီစစ်တပ်က လေစားလောက်ရအောင် ပါးပါးနပ်နပ်နဲ့ အံ့ဖွယ် စစ်ဗျူဟာတွေချမှတ်နိုင်ခဲ့ပါတယ်။

၁။ Boudica, the Queenof Iceni,Great Britain

Boudica ဟာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ စစ်ခေါင်းဆောင်တစ်ဦးသာမက တော်လှန်ရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။ ရောမတွေဟာ ဗြိတိန်ကျွန်းစုကို သိမ်းပိုက်ပြီးနောက် Boudica ဦးဆောင်တဲ့ တော်လှန်ရေးတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ရောမတွေဟာ အင်္ဂလန်ကျွန်းကိုလက်လွတ်လိုက်ရတာဟာ Boudica ကြောင့်လို့ ယူဆခဲ့ကြပါတယ်။ သူမဦးဆောင်တဲ့ တော်လှန်ရေးကာလအတွင်း ရောမနဲ့ အင်္ဂလိပ်စစ်သည် စုစုပေါင်း ၇၀၀၀၀ နဲ့ ၈၀၀၀၀ ကြား သေဆုံးခဲ့ပါတယ်။ သူမရဲ့ မွေးရပ်နဲ့ သေဆုံးမှု မှတ်တမ်းကို တိတိကျကျ မသိခဲ့ကြပါဘူး။ရှေးဟောင်း ဗြိတိန်မျိုးနွယ်စု Iceni တွေရဲ့ဘုရင် သေဆုံးပြီး သူမအာဏာရလာပါတယ်။ ရောမတွေဟာ ဗြိတိန်တွေ လက်မခံတဲ့ အယူအဆများစွာကို သယ်ဆောင်လာပါတယ်။ အမျိုးသမီးတွေဟာ သူတို့ကိုနာကျင်အောင်မလုပ်နိုင်ဘူးလို့ အမြဲယူဆနေတာပါ။ Boudicaနဲ့ဆုံတွေ့တဲ့အခါမှာတော့ ရောမတွေဟာ အလွန် အထိနာခဲ့ပါတယ် ။နောက်ဆုံးမှာတော့ Boudica ဟာ Iceni,Trinovantes စစ်သည် ၁သိန်း ခန့်ကို ဦးဆောင်ပြီး ရောမတွေကို အင်္ဂလန်ကျွန်းစုကမောင်းထုတ်နိုင်ခဲ့ပါတယ်။ ချောမောလှပတဲ့ Boudica ကိုယနေ့တိုင် Celtic Iceni မျိုးနွယ်စုရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

သုတဇုန်

Leave a Reply