ကမာၻေပၚက အႏၱရာယ္အရွိဆုံးေလယာဥ္ကြင္း ၁၀ ခု

Posted on

ကမာၻ႔ႏုိင္ငံအခ်ဳိ႕က ဆင္းသက္ဖုိ႔ခက္ခဲ့လြန္းတဲ့ ေလယာဥ္ကြင္းေတြ ၊ ပတ္၀န္းက်င္ကုိ အႏၱရာယ္ျဖစ္ေစတဲ့ ထိတ္လန္႔ေစႏုိင္တဲ့ ေလယာဥ္ကြင္းေတြအေၾကာင္းကို ဗဟုသုတ အျဖစ္မွ်ေ၀လုိက္ပါတယ္။

၁၀။ ဆာဘာေလယာဥ္ကြင္း ၊ နယ္သာလန္

စိန္႔မာတင္မွေတာင္ဘက္ ၂၈ မိုင္ အကြာတြင္ရွိေသာကြင္းျဖစ္သည္။ ဆာဘာေလယာဥ္ကြင္းရွိေျပးလမ္းမွာ ေပ ၁၃၀၀ သာရွိေသာေၾကာင့္ အတိုဆံုးေျပးလမ္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည္။ ထို႔ျပင္ဆင္းသက္ရန္ခက္ခဲေသာကြင္းအျဖစ္ သတ္မွတ္ျခင္းခံရေသာ္လည္း ေလယာဥ္ကြင္းအား အလြန္လွပေသာေနရာ၌တည္ေဆာက္ထားျခင္းျဖစ္သည္။

၉။ တြန္ကြန္တင္၊ ဟြန္းဒူးရပ္

ဟြန္းဒူးရပ္ႏိုင္ငံ၊ တြန္ကြန္တင္ကြင္း Toncontin ၌ ဆင္းသက္ရန္အတြက္ အလြန္ျမင့္မားေသာေတာင္မ်ားကို ျဖတ္ေက်ာ္ရေလ့ရွိၿပီး ကြင္း၏ေျပးလမ္းမွာ ေပ ၇၀၀၀ ရွည္လ်ားၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၃၂၉၄ေပ အျမင့္ရွိေတာင္ၾကားတြင္ေဖာက္လုပ္ထားျခင္းျဖစ္သည္။ ကြင္းပတ္လည္၌ ေတာင္မ်ားဝန္းရံေနမႈေၾကာင့္ ေလယာဥ္စီးခရီးသည္မ်ားအေနျဖင့္ ေလယာဥ္ဆင္းသက္ခ်ိန္တြင္ ႐ုတ္တရက္နိမ့္က်သြားေသာ ခံစားမႈမ်ဳိးကိုခံစားရေလ့ရွိသည္။ ထို႔ျပင္ေလျပင္းမ်ားအဆက္မျပတ္တိုက္ခတ္ေလ့ရွိေသာေၾကာင့္ ေလယာဥ္မွဴးမ်ားအတြက္ဆင္းသက္ရန္ ခက္ခဲေသာကြင္းတစ္ခုျဖစ္သည္။

၈။ လာဂါဒီယာ၊ နယူးေယာက္

လာဂါဒီယာ Laguardia ကြင္းသည္ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕တြင္ရွိၿပီး ေျပးလမ္းမွာ ၇၀၀၀ ေပရွည္လ်ားသည္။ အလြန္႐ႈပ္ေသာေလယာဥ္ကြင္းတစ္ခုျဖစ္သည့္အျပင္ အဆိုပါကြင္း၌ဆင္းသက္မည့္ ေလယာဥ္မွဴးမ်ားအေနျဖင့္ အနီးအနားရွိအလြန္႐ႈပ္ေသာေလယာဥ္ကြင္းႏွစ္ခုျဖစ္သည့္ ေဂ်အက္ဖ္ေကႏွင့္ ႏူးဝပ္တို႔မွ ေလယာဥ္မ်ားကိုလည္း ေရွာင္ရွားရသည္။

၇။ ေကာ့ခ်္ဗီလ္၊ ျပင္သစ္

ျပင္သစ္ႏိုင္ငံ၌ရွိေသာ ေကာ့ခ်္ဗီလ္ (Courchevel) ေလယာဥ္ကြင္း၏ေျပးလမ္းမွာ ၅၂၅ မီတာသာရွည္လ်ားေသာေၾကာင့္ ကမာၻေပၚတြင္ အတိုဆံုးေျပးလမ္းျဖစ္သည္။ ေလယာဥ္မွဴးမ်ားအေနျဖင့္ အဆိုပါကြင္း၌ဆင္းသက္လိုပါက အက္ပ္ေတာင္တန္းတစ္ေလွ်ာက္ ေမာင္းႏွင္ရၿပီး ဆင္းသက္သည့္အခါတြင္လည္း ေလယာဥ္အားအရွိန္ေလ်ာ့ရန္အတြက္ အနည္းငယ္မတ္ေသာ ေျပးလမ္းဘက္ျခမ္းမွဆင္းသက္ရေလ့ရွိသည္။

၆။ ဝယ္လ္လီတန္၊ နယူးဇီလန္

၆၃၅၁ ေပအရွည္ရွိ ေျပးလမ္းတစ္ခုတည္းရွိေသာ ေလယာဥ္ကြင္းျဖစ္ၿပီး ေျပးလမ္း၏အစႏွင့္အဆံုးတြင္ ျပာလဲ့ေသာပင္လယ္ေရျပင္ရွိသည္။ ဝယ္လ္လီတန္ Wellington ေလဆိပ္သို႔ ပထမဆံုးအႀကိမ္ ေရာက္ဖူးသူမ်ားအတြက္မူ ေလယာဥ္အတက္အဆင္းမွာ လြန္စြာထိတ္လန္႔တုန္လႈပ္ဖြယ္ရာေကာင္းလွသည္။

၅။ ခိုင္တက္၊ ေဟာင္ေကာင္

ခိုင္တက္ (Kai Tak) သည္ ေလယာဥ္မ်ားအတြက္ အႏၲရာယ္အရွိဆံုးႏွင့္ ေၾကာက္မက္ဖြယ္ေကာင္းစြာ အတက္အဆင္းျပဳလုပ္ရေလ့ရိွေသာ ေလယာဥ္ကြင္းမ်ားအနက္တစ္ခုျဖစ္သည္။ ကတ္ေဝး Cathay ပစိဖိတ္ႏွင့္ ေဒသတြင္းေလေၾကာင္းလိုင္းတခ်ဳိ႕ အေျခစိုက္ရာေလယာဥ္ကြင္းလည္းျဖစ္သည္။ ျပင္းထန္ေသာေဘးတုိက္တိုက္ခတ္ေသာေလမ်ား Crosswind၊ ေတာင္မ်ားဝန္းရံေနျခင္းႏွင့္ ဆင္းသက္သည့္အခါ အေဆာက္အဦမ်ားအေပၚမွ အလြန္နိမ့္စြာပ်ံသန္းၿပီး ဆင္းသက္ရေသာေၾကာင့္ အလြန္အႏၲရာယ္မ်ားေသာ ေလယာဥ္ကြင္းတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသည္။ သို႔ေသာ္ ၁၉၉၈ ခုႏွစ္တြင္မူ ခိုင္တက္ေလယာဥ္ကြင္းအား အာဏာပိုင္မ်ားကပိတ္ခဲ့သည္။

၄။ လုခ္လာေလယာဥ္ကြင္း၊ နီေပါ

နီေပါႏိုင္ငံ၊ လက္က္လာ (Lukla) ၿမိဳ႕က ေလယာဥ္ကြင္းျဖစ္ၿပီး ေျပးလမ္း မီတာ (၅၀၀) ပဲ ရွိကာ မတ္ေစာက္တဲ႔ ေတာင္ထိပ္တစ္ခုမွာ တည္ေဆာက္ထားသည္။ ယခင္က လုခ္လာ Lukla ေလယာဥ္ကြင္းဟုေခၚေသာ္လည္း ဧဝရက္ေတာင္ေပၚသို႔ ပထမဆံုးတက္ေရာက္ႏိုင္ခဲ့ေသာ ေတာင္တက္သမားႏွစ္ဦးအား ဂုဏ္ျပဳေသာအားျဖင့္ ေနာက္ပိုင္းတြင္ တန္ဇင္းဟီလာရီ Tenzing Hillary ဟု ေျပာင္းလဲေခၚဆိုခဲ့သည္။ ဧဝရက္ေတာင္တက္လိုပါက ပထမဦးစြာ အဆိုပါေလယာဥ္ကြင္းသို႔ ေလေၾကာင္းခရီးျဖင့္လာရမည္ျဖစ္သည္။ ေလယာဥ္ကြင္းအား အျမင့္ေပ ၈၀၀၀ တြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ရာသီဥတုသည္ အၿမဲေျပာင္းလဲေနတတ္သည္။ ေလယာဥ္ကြင္းတြင္ ေခတ္မီေလေၾကာင္းထိန္းသိမ္းေရးလမ္းညႊန္စနစ္မ်ား မရွိေပ။ ထို႔ျပင္ ေျပးလမ္းတစ္ေလွ်ာက္ မီးမ်ားမရွိသည့္အျပင္ လွ်ပ္စစ္မီးအလံုအေလာက္မရေပ။

၃။ အႏၲာတိကေလယာဥ္ကြင္း

ကမာၻေပၚတြင္ အေအးဆံုးေနရာျဖစ္ၿပီး ေလယာဥ္မ်ားဆင္းသက္ရန္အတြက္ ေရခဲျပင္ႏွင့္ႏွင္းမ်ားအားျပင္ညီျဖစ္ေအာင္ ညွိထားေသာေျပးလမ္းတစ္ခုသာရွိသည္။ အေရးႀကီးသည့္အခ်က္မွာ ဆင္းသက္မည့္ေလယာဥ္၏အေလးခ်ိန္ပင္ျဖစ္သည္။ ေရခဲျပင္ေျပးလမ္းေပၚ၌ ဆင္းသက္သည့္ေလယာဥ္၏အေလးခ်ိန္သည္ အလြန္မ်ားပါက ေရခဲျပင္ကြဲထြက္ကာ ေလယာဥ္မွာေရေအာက္သို႔နစ္ျမဳပ္ႏိုင္ျခင္းႏွင့္ ႏွင္းထဲ၌ေလယာဥ္နစ္ျခင္းမ်ားျဖစ္ႏိုင္သည္။ ထုိ႔ေၾကာင့္ ေလယာဥ္မွဴးမ်ားအေနျဖင့္ ေရခဲျပင္ေပၚသို႔မဆင္းသက္မီကပင္ ေဘးအႏၲရာယ္ကင္းရွင္းေစရန္အတြက္ ၎တို႔ေလယာဥ္မ်ား၏အေလးခ်ိန္အား ႀကိဳတင္စစ္ေဆးထားရမည္ျဖစ္သည္။

၂။ ပရင့္ဆက္စ္ဂ်ဴလီနာအျပည္ျပည္ဆုိင္ရာေလဆိပ္

ကာေရဘီယံ၌ အရႈပ္ဆံုးေလယာဥ္ကြင္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည္။ ေလယာဥ္မွဴးမ်ားအေနျဖင့္ ပရင့္ဆက္စ္ဂ်ဴလီနာ (Princess Julina) ေလယာဥ္ကြင္း၌ ဆင္းသက္မည္ဆိုပါက ပင္လယ္ကမ္းေျခေပၚမွ ျဖတ္သန္းပ်ံၿပီး ေလယာဥ္ကြင္းအားကာရံထားေသာ ျခံစည္း႐ိုးကိုျဖတ္ေက်ာ္ၿပီးမွသာ ေျပးလမ္း၌ဆင္းသက္ႏုိင္မည္ျဖစ္သည္။ ေျပးလမ္းမွာ ၇၁၅၀ ေပသာရွိသည္။ ေလယာဥ္ႀကီးမ်ားအေနျဖင့္ စိတ္ခ်စြာဆင္းသက္ႏိုင္ရန္အတြက္ အနည္းဆံုးေပ ၈၀၀၀ လိုအပ္ၿပီး အခ်ဳိ႕အလြန္ေလးလံေသာ ေလယာဥ္မ်ားမွာမူ ေပ ၁၀၀၀၀ ခန္႔လိုအပ္သည္။ ေလယာဥ္ကြင္းမွာ အေသးစားႏွင့္ အလတ္စားအေလယာဥ္မ်ား ဆင္းသက္ရန္အတြက္ ေဆာက္လုပ္ထားျခင္းျဖစ္ေသာ္လည္း ေအ ၃၄၀ အက္စ္ ႏွင့္ ၇၄၇ ကဲ့သို႔ ေလယာဥ္ႀကီးမ်ားလည္း ဆင္းသက္ေလ့ရွိသည္။

၁။ ပါ႐ိုေလယာဥ္ကြင္း၊ ဘူတန္ႏိုင္ငံ

ဘူတန္ႏုိင္ငံရွိ ျမိဳ႕ေတာ္သင္မ္ဖူးရွိ ပါ႐ို Paro ေလယာဥ္ကြင္းသည္ ကမာၻေပၚတြင္ အႏၲရာယ္အမ်ားဆံုးေလယာဥ္ကြင္းအျဖစ္ သတ္မွတ္ထားျခင္းခံရသည္။ အျမင့္ဆုံးေတာင္ၾကားေတြထဲတြင္တည္ရွိကာ အေကြ႕အေကာက္မ်ားလွသျဖင့္ ေလယာဥ္မွဴးအနည္းငယ္သာ အဆိုပါကြင္း၌ ဆင္းသက္ႏိုင္စြမ္းရွိသည္။ အႏၱရာယ္မ်ားလွသျဖင့္ ေနထြက္ခ်ိန္မွ ေန၀င္ခ်ိန္အထိသာ ေလယာဥ္ဆင္းခြင့္ျပဳထားသည္။ ၂၀၁၁ခုႏွစ္တုိင္ေအာင္ ဘူတန္၏ တစ္ခုတည္းေသာ ေလယာဥ္ကြင္းလည္းျဖစ္သည္။ ေလယာဥ္ကြင္းသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁.၅ မိုင္တြင္ရွိၿပီး ေျပးလမ္းမွာ ၆၅၀၀ ေပရွည္လ်ားကာ ေပ ၁၈၀၀၀ အျမင့္ရွိေသာ ေတာင္မ်ားက ေလယာဥ္ကြင္းအား ဝန္းရံထားသည္။

GK စကား၀ုိင္း
Content Translation Department


ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးလေယာဉ်ကွင်းများ (unicode)

ကမ္ဘာ့နိုင်ငံအချို့က ဆင်းသက်ဖို့ခက်ခဲ့လွန်းတဲ့ လေယာဉ်ကွင်းတွေ ၊ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ထိတ်လန့်စေနိုင်တဲ့ လေယာဉ်ကွင်းတွေအကြောင်းကို ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။

၁၀။ ဆာဘာလေယာဉ်ကွင်း ၊ နယ်သာလန်

စိန့်မာတင်မှတောင်ဘက် ၂၈ မိုင် အကွာတွင်ရှိသောကွင်းဖြစ်သည်။ ဆာဘာလေယာဉ်ကွင်းရှိပြေးလမ်းမှာ ပေ ၁၃၀၀ သာရှိသောကြောင့် အတိုဆုံးပြေးလမ်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင်ဆင်းသက်ရန်ခက်ခဲသောကွင်းအဖြစ် သတ်မှတ်ခြင်းခံရသော်လည်း လေယာဉ်ကွင်းအား အလွန်လှပသောနေရာ၌တည်ဆောက်ထားခြင်းဖြစ်သည်။

၉။ တွန်ကွန်တင်၊ ဟွန်းဒူးရပ်

ဟွန်းဒူးရပ်နိုင်ငံ၊ တွန်ကွန်တင်ကွင်း Toncontin ၌ ဆင်းသက်ရန်အတွက် အလွန်မြင့်မားသောတောင်များကို ဖြတ်ကျော်ရလေ့ရှိပြီး ကွင်း၏ပြေးလမ်းမှာ ပေ ၇၀၀၀ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၉၄ပေ အမြင့်ရှိတောင်ကြားတွင်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ကွင်းပတ်လည်၌ တောင်များဝန်းရံနေမှုကြောင့် လေယာဉ်စီးခရီးသည်များအနေဖြင့် လေယာဉ်ဆင်းသက်ချိန်တွင် ရုတ်တရက်နိမ့်ကျသွားသော ခံစားမှုမျိုးကိုခံစားရလေ့ရှိသည်။ ထို့ပြင်လေပြင်းများအဆက်မပြတ်တိုက်ခတ်လေ့ရှိသောကြောင့် လေယာဉ်မှူးများအတွက်ဆင်းသက်ရန် ခက်ခဲသောကွင်းတစ်ခုဖြစ်သည်။

၈။ လာဂါဒီယာ၊ နယူးယောက်

လာဂါဒီယာ Laguardia ကွင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်ရှိပြီး ပြေးလမ်းမှာ ၇၀၀၀ ပေရှည်လျားသည်။ အလွန်ရှုပ်သောလေယာဉ်ကွင်းတစ်ခုဖြစ်သည့်အပြင် အဆိုပါကွင်း၌ဆင်းသက်မည့် လေယာဉ်မှူးများအနေဖြင့် အနီးအနားရှိအလွန်ရှုပ်သောလေယာဉ်ကွင်းနှစ်ခုဖြစ်သည့် ဂျေအက်ဖ်ကေနှင့် နူးဝပ်တို့မှ လေယာဉ်များကိုလည်း ရှောင်ရှားရသည်။

၇။ ကော့ခ်ျဗီလ်၊ ပြင်သစ်

ပြင်သစ်နိုင်ငံ၌ရှိသော ကော့ခ်ျဗီလ် (Courchevel) လေယာဉ်ကွင်း၏ပြေးလမ်းမှာ ၅၂၅ မီတာသာရှည်လျားသောကြောင့် ကမ္ဘာပေါ်တွင် အတိုဆုံးပြေးလမ်းဖြစ်သည်။ လေယာဉ်မှူးများအနေဖြင့် အဆိုပါကွင်း၌ဆင်းသက်လိုပါက အက်ပ်တောင်တန်းတစ်လျှောက် မောင်းနှင်ရပြီး ဆင်းသက်သည့်အခါတွင်လည်း လေယာဉ်အားအရှိန်လျော့ရန်အတွက် အနည်းငယ်မတ်သော ပြေးလမ်းဘက်ခြမ်းမှဆင်းသက်ရလေ့ရှိသည်။

၆။ ဝယ်လ်လီတန်၊ နယူးဇီလန်

၆၃၅၁ ပေအရှည်ရှိ ပြေးလမ်းတစ်ခုတည်းရှိသော လေယာဉ်ကွင်းဖြစ်ပြီး ပြေးလမ်း၏အစနှင့်အဆုံးတွင် ပြာလဲ့သောပင်လယ်ရေပြင်ရှိသည်။ ဝယ်လ်လီတန် Wellington လေဆိပ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူများအတွက်မူ လေယာဉ်အတက်အဆင်းမှာ လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလှသည်။

၅။ ခိုင်တက်၊ ဟောင်ကောင်

ခိုင်တက် (Kai Tak) သည် လေယာဉ်များအတွက် အန္တရာယ်အရှိဆုံးနှင့် ကြောက်မက်ဖွယ်ကောင်းစွာ အတက်အဆင်းပြုလုပ်ရလေ့ရှိသော လေယာဉ်ကွင်းများအနက်တစ်ခုဖြစ်သည်။ ကတ်ဝေး Cathay ပစိဖိတ်နှင့် ဒေသတွင်းလေကြောင်းလိုင်းတချို့ အခြေစိုက်ရာလေယာဉ်ကွင်းလည်းဖြစ်သည်။ ပြင်းထန်သောဘေးတိုက်တိုက်ခတ်သောလေများ Crosswind၊ တောင်များဝန်းရံနေခြင်းနှင့် ဆင်းသက်သည့်အခါ အဆောက်အဦများအပေါ်မှ အလွန်နိမ့်စွာပျံသန်းပြီး ဆင်းသက်ရသောကြောင့် အလွန်အန္တရာယ်များသော လေယာဉ်ကွင်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့သော် ၁၉၉၈ ခုနှစ်တွင်မူ ခိုင်တက်လေယာဉ်ကွင်းအား အာဏာပိုင်များကပိတ်ခဲ့သည်။

၄။ လုခ်လာလေယာဉ်ကွင်း၊ နီပေါ

နီပေါနိုင်ငံ၊ လက်က်လာ (Lukla) မြို့က လေယာဉ်ကွင်းဖြစ်ပြီး ပြေးလမ်း မီတာ (၅၀၀) ပဲ ရှိကာ မတ်စောက်တဲ့ တောင်ထိပ်တစ်ခုမှာ တည်ဆောက်ထားသည်။ ယခင်က လုခ်လာ Lukla လေယာဉ်ကွင်းဟုခေါ်သော်လည်း ဧဝရက်တောင်ပေါ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သော တောင်တက်သမားနှစ်ဦးအား ဂုဏ်ပြုသောအားဖြင့် နောက်ပိုင်းတွင် တန်ဇင်းဟီလာရီ Tenzing Hillary ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ဧဝရက်တောင်တက်လိုပါက ပထမဦးစွာ အဆိုပါလေယာဉ်ကွင်းသို့ လေကြောင်းခရီးဖြင့်လာရမည်ဖြစ်သည်။ လေယာဉ်ကွင်းအား အမြင့်ပေ ၈၀၀၀ တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရာသီဥတုသည် အမြဲပြောင်းလဲနေတတ်သည်။ လေယာဉ်ကွင်းတွင် ခေတ်မီလေကြောင်းထိန်းသိမ်းရေးလမ်းညွှန်စနစ်များ မရှိပေ။ ထို့ပြင် ပြေးလမ်းတစ်လျှောက် မီးများမရှိသည့်အပြင် လျှပ်စစ်မီးအလုံအလောက်မရပေ။

၃။ အန္တာတိကလေယာဉ်ကွင်း

ကမ္ဘာပေါ်တွင် အအေးဆုံးနေရာဖြစ်ပြီး လေယာဉ်များဆင်းသက်ရန်အတွက် ရေခဲပြင်နှင့်နှင်းများအားပြင်ညီဖြစ်အောင် ညှိထားသောပြေးလမ်းတစ်ခုသာရှိသည်။ အရေးကြီးသည့်အချက်မှာ ဆင်းသက်မည့်လေယာဉ်၏အလေးချိန်ပင်ဖြစ်သည်။ ရေခဲပြင်ပြေးလမ်းပေါ်၌ ဆင်းသက်သည့်လေယာဉ်၏အလေးချိန်သည် အလွန်များပါက ရေခဲပြင်ကွဲထွက်ကာ လေယာဉ်မှာရေအောက်သို့နစ်မြုပ်နိုင်ခြင်းနှင့် နှင်းထဲ၌လေယာဉ်နစ်ခြင်းများဖြစ်နိုင်သည်။ ထို့ကြောင့် လေယာဉ်မှူးများအနေဖြင့် ရေခဲပြင်ပေါ်သို့မဆင်းသက်မီကပင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၎င်းတို့လေယာဉ်များ၏အလေးချိန်အား ကြိုတင်စစ်ဆေးထားရမည်ဖြစ်သည်။

၂။ ပရင့်ဆက်စ်ဂျူလီနာအပြည်ပြည်ဆိုင်ရာလေဆိပ်

ကာရေဘီယံ၌ အရှုပ်ဆုံးလေယာဉ်ကွင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ လေယာဉ်မှူးများအနေဖြင့် ပရင့်ဆက်စ်ဂျူလီနာ (Princess Julina) လေယာဉ်ကွင်း၌ ဆင်းသက်မည်ဆိုပါက ပင်လယ်ကမ်းခြေပေါ်မှ ဖြတ်သန်းပျံပြီး လေယာဉ်ကွင်းအားကာရံထားသော ခြံစည်းရိုးကိုဖြတ်ကျော်ပြီးမှသာ ပြေးလမ်း၌ဆင်းသက်နိုင်မည်ဖြစ်သည်။ ပြေးလမ်းမှာ ၇၁၅၀ ပေသာရှိသည်။ လေယာဉ်ကြီးများအနေဖြင့် စိတ်ချစွာဆင်းသက်နိုင်ရန်အတွက် အနည်းဆုံးပေ ၈၀၀၀ လိုအပ်ပြီး အချို့အလွန်လေးလံသော လေယာဉ်များမှာမူ ပေ ၁၀၀၀၀ ခန့်လိုအပ်သည်။ လေယာဉ်ကွင်းမှာ အသေးစားနှင့် အလတ်စားအလေယာဉ်များ ဆင်းသက်ရန်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း အေ ၃၄၀ အက်စ် နှင့် ၇၄၇ ကဲ့သို့ လေယာဉ်ကြီးများလည်း ဆင်းသက်လေ့ရှိသည်။

၁။ ပါရိုလေယာဉ်ကွင်း၊ ဘူတန်နိုင်ငံ

ဘူတန်နိုင်ငံရှိ မြို့တော်သင်မ်ဖူးရှိ ပါရို Paro လေယာဉ်ကွင်းသည် ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံးလေယာဉ်ကွင်းအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ အမြင့်ဆုံးတောင်ကြားတွေထဲတွင်တည်ရှိကာ အကွေ့အကောက်များလှသဖြင့် လေယာဉ်မှူးအနည်းငယ်သာ အဆိုပါကွင်း၌ ဆင်းသက်နိုင်စွမ်းရှိသည်။ အန္တရာယ်များလှသဖြင့် နေထွက်ချိန်မှ နေဝင်ချိန်အထိသာ လေယာဉ်ဆင်းခွင့်ပြုထားသည်။ ၂၀၁၁ခုနှစ်တိုင်အောင် ဘူတန်၏ တစ်ခုတည်းသော လေယာဉ်ကွင်းလည်းဖြစ်သည်။ လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မိုင်တွင်ရှိပြီး ပြေးလမ်းမှာ ၆၅၀၀ ပေရှည်လျားကာ ပေ ၁၈၀၀၀ အမြင့်ရှိသော တောင်များက လေယာဉ်ကွင်းအား ဝန်းရံထားသည်။

GK စကားဝိုင်း
Content Translation Department

Leave a Reply