ဖိလစ္ပိုင္ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ဖိလစ္ပုိင္ သမၼတႏုိင္ငံသည္ အေရွ႕ေတာင္အာရွ ကြ်န္းစုႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး ပစိဖိတ္သမုဒၵရာအေနာက္ပုိင္းတြင္တည္ရွိသည္။ ဖိလစ္ပုိင္ႏုိင္ငံသည္ ကြ်န္းႀကီး ကြ်န္းငယ္ေပါင္း ၇၆၄၁ခုျဖင့္ ဖြဲ႔စည္းထားၿပီး ဧရိယာအားျဖင့္ စတုရန္းမုိင္ ၁၃၂၆၀၆ မုိင္ က်ယ္၀န္းသည္။ အႀကီးဆုံး ကြ်န္းႀကီး ၃ခုမွာ Luzon ကြ်န္း ၊Visayas ကြ်န္း ႏွင့္ Mindanao ကြ်န္းတုိ႔ျဖစ္သည္။ လူဦးေရ ၁၀၆သန္းေနထုိင္ၿပီး ကမာၻေပၚတြင္ ၁၂ခုေျမာက္ လူဦးေရ အမ်ားဆုံးႏုိင္ငံလည္းျဖစ္သည္။ လူဦးေရအမ်ားစုမွာ မေလးအႏြယ္၀င္မ်ားျဖစ္သည္။ လူဦးေရ၏ ၉၂%မွာ ခရစ္ယာန္ဘာသာကုိ ကုိးကြယ္ၾကၿပီး ဗုဒၶဘာသာ၀င္အနည္းငယ္ႏွင့္ အစၥလမ္ဘာသာ၀င္မ်ားလည္းေနထုိင္ၾကသည္။

သက္ရွိမီးေတာင္ ၂၀ေက်ာ္ ရွိၿပီး ငလွ်င္ဒါဏ္ႏွင့္ မီးေတာင္ေပါက္ကြဲသည့္ဒါဏ္ ကိုမၾကာခဏခံရေလ့ရွိသည္။ လူသိအမ်ားဆုံးမီးေတာင္ႀကီး ၃ခုမွာ Mount Pinatubo, the Taal the Mayon တုိ႔ျဖစ္သည္။ အီေကြဒါရပ္၀န္း ၏ ေၿမာက္ဖက္အနီးတြင္တည္ရွိသၿဖင့္ သမမွ်တသည့္ရာသီဥတုရွိသည္ ။ ႏုိင္ငံဧရိယာ၏ ၂၄% ခန္ ့မွာသစ္ေတာမ်ားဖံုးလႊမ္းေနၿပီး စိုက္ပ်ိဳးေရးသည္ ႏုိင္ငံ၏အဓိကစီးပြားေရးၿဖစ္သည္။ မနီလာၿမဳိ႕သည္ ၿမဳိ႕ေတာ္ ႏွင့္ အႀကီးဆုံးျဖစ္ၿပီး လူဦးေရ ၁.၇၈သန္း ေနထုိင္သည္။ လူဦးေရအထူထပ္ဆုံးၿမဳိ႕မွမူ Quezon ၿမဳိ႕ျဖစ္ၿပီး လူဦးေရ ၃သန္းခန္႔ ေနထုိင္သည္။ ရုံးသုံးဘာသာစကားအျဖစ္ အဂၤလိပ္ဘာသာစကား ႏွင့္ ဖိလစ္ပီႏုိဘာသာစကားမ်ားကို သုံးစြဲသည္။

Quezon ၿမဳိ႕

သမုိင္း

ဖိလစ္ပိုင္ကၽြန္းစုႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ အလယ္ေခတ္အခါကပင္ အဆက္အဆံရွိခဲ့ေၾကာင္း အေထာက္အထားေတြ႕ရသည္။ ‘မင္’ ဘုရင္မ်ား လက္ထက္တြင္ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္တို႔သည္ ကုန္သြယ္မႈျပဳခဲ့ၾကသည္။ ဥေရာပတိုက္သားထဲမွ ဖိလစ္ပိုင္ကၽြန္းစုကိုစေတြ႕သူမွာ ဖာဒီနန္မဂ်ဲလင္ Ferdinand Magellan အမည္ရွိ စပိန္ဘုရင့္အမႈေတာ္ထမ္း ေပၚတူဂီတဦးျဖစ္သည္။ မဂ်ဲလင္သည္ ဖိလစ္ပိုင္ကၽြန္းစုကို စပိန္၏ပိုင္နက္အျဖစ္ ေက်ညာၿပီးေနာက္ ၁၅၂၁ ခုႏွစ္တြင္ မတ္တန္ကၽြန္းေပၚ၌ တိုင္းရင္းသားတို႔၏လက္ခ်က္ျဖင့္ အသက္ဆုံး႐ႈံးခဲ့ေလသည္။

မဂ်ဲလင္က စပိန္အျဖစ္ေၾကညာခဲ့ေသာ ထိုကၽြန္းစုကို ေနာင္အခါစပိန္ျပည့္ရွင္ ဒုတိယဖိလစ္ (ထိုစဥ္က ဥပရာဇာမင္းသား) ကို ဂုဏ္ျပဳေသာအားျဖင့္ ဖိလစ္ပိုင္ဟု ေခၚေဝၚခဲ့သည္။ ေဆးဗူးကၽြန္းတြင္ ၁၅၆၅ ခုႏွစ္မွစ၍ စပိန္တို႔ အေျခစိုက္ေနထိုင္ခဲ့ရာ တျဖည္းျဖည္း အႏွံ႔အျပားျဖစ္လာသည္။ စပိန္တို႔၏ စိုးမိုးမႈကို မို႐ိုလူမ်ိဳး၊ အီဂို႐ုတ္လူမ်ိဳးမ်ားက တြန္းလွန္ခဲ့ၾကေသးသည္။ အျခားကၽြန္းမ်ားသို႔လည္း စပိန္စိုးမိုးမႈ ပ်ံ႕ႏွံ႔သြား၍ လူအမ်ားစုသည္ ဗရင္ဂ်ီဂိုဏ္းဝင္မ်ား ျဖစ္လာၾကေလသည္။

၁၉ ရာစုႏွစ္တြင္ လြတ္လပ္ေရးအတြက္ လႈပ္ရွားမႈႀကီး စတင္လာ၍ ၁၈၁၉ ခုႏွစ္တြင္ ဟိုေဇးရီဇာ ႀကီးမႉးတည္ေထာင္ခဲ့ေသာ လီဂါဖိလစ္ပီနာအသင္းမွာ အင္အားအေကာင္းဆုံးျဖစ္ေလသည္။ အာဇာနည္ႀကီးရီဇာအား စပိန္အစိုးရက ၁၈၆၉ ခုႏွစ္တြင္ သုတ္သင္စီရင္လိုက္သည္။ စပိန္တို႔အား တိုင္းရင္းသားတို႔က ပုန္ကန္မႈမ်ားသည္ ဟိုမွသည္မွ ေပၚထြက္ခဲ့ေသာ္လည္း ျပင္းျပင္းထန္ထန္ အႏွိမ္နင္းခံရသည္။ စပိန္-အေမရိကန္ စစ္ပြဲအၿပီး ၁၈၉၈ ခုႏွစ္တြင္ စပိန္အစိုးရက ဖိလစ္ပိုင္ကၽြန္စုကို အေမရိကန္အစိုးရသို႔ ေပးအပ္လိုက္ေလသည္။

အေမရိကန္အစိုးရသည္ ဖိလစ္ပိုင္ကို လြတ္လပ္ေရးေပးရန္ ရည္႐ြယ္ခ်က္ျဖင့္၊ အုပ္ခ်ဳပ္ေရးအဆင့္အတန္းကို တစတစ ျမႇင့္တင္ေပးသည္။ ၁၉၃၅ ခုႏွစ္တြင္ ဖိလစ္ပိုင္သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ရရွိခဲ့၍ ဓနသဟာယႏိုင္ငံျဖစ္လာသည္။ ပထမဦးဆုံးသမၼတမွာ မန္းႏြယ္ေကဆြန္းျဖစ္၏။ ထို႔ျပင္ ၁၉၄၆ ခုႏွစ္တြင္ လြတ္လပ္ေသာ အခ်ဳပ္အခ်ာအာဏာပိုင္ႏိုင္ငံ ျဖစ္လာေစမည္ဟု အေမရိကန္အစိုးရက ကတိထားခဲ့သည္။ သို႔ေသာ္ ဒုတိယကမၻာစစ္ႀကီးျဖစ္လာ၍ ဖိလစ္ပိုင္သည္ ကမၻာ့အေရွ႕ဖ်ားတြင္ စစ္ဒဏ္အခံရဆုံးေသာႏိုင္ငံ၊ အပ်က္အစီးအမ်ားဆုံးေသာႏိုင္ငံ ျဖစ္ခဲ့ရသည္။

ဒုတိယ ကမာၻစစ္အတြင္းက မနီလာၿမဳိ႕

ဂ်ပန္တို႔သည္ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ ေလေၾကာင္းတိုက္ပြဲမ်ား စတင္ဆင္ႏႊဲခဲ့၍ ေနာက္ ၅ ရက္အၾကာ၌ လူဇုန္ကၽြန္းသို႔ တက္မိခဲ့ၾကေလသည္။ ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ မနီလာၿမိဳ႕ကို သိမ္းပိုက္ခဲ့၏။ အေမရိကန္ႏွင့္ ဖိလစ္ပိုင္တပ္မ်ားက ဗာတန္းကၽြန္းဆြယ္ႏွင့္ ေကာ္ရက္ဂ်ီေဒၚတြင္ လေပါင္းမ်ားစြာအျပင္းအထန္ ခုခံတိုက္ခိုက္ခဲ့သည္။ သို႔ေသာ္ ၁၉၄၂ ခုႏွစ္ ေမလ ၆ ရက္ေန႔တြင္ ေကာ္ရက္ဂ်ီေဒၚအညံ့ခံလိုက္ရ၍ ဗိုလ္ခ်ဳပ္မႉးေဒါက္ဂလပ္မက္အာသာလည္း မိမိဌာနခ်ဳပ္ကို ဩစေၾတလ်သို႔ ေျပာင္းေ႐ႊ႕သြားရၿပီးလၽွင္ ဗိုလ္ခ်ဳပ္မႉးဝန္း႐ိုက္မွာမူ သုံ႔ပန္းအျဖစ္ အဖမ္းခံရေလသည္။ ဂ်ပန္တို႔ စိုးမိုးခဲ့စဥ္အတြင္း ေျပာက္က်ားခုခံေတာ္လွန္မႈမ်ားရွိခဲ့သည္။

၁၉၄၄ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ေန႔၌ ဗိုလ္ခ်ဳပ္မႉးမက္အာသာ၏ လက္ေအာက္ခံ မဟာမိတ္တပ္မ်ားသည္ ေလးတီးကၽြန္းအား ျပန္လည္သိမ္းယူေရးကို စတင္ခဲ့ရာ ဖိလစ္ပိုင္အလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔တြင္ ကုန္းႏွင့္ေရ ႏွစ္ေထြေသာ တိုက္ပြဲမ်ား၌ ဂ်ပန္တို႔သည္ အျပတ္အသတ္အေရး႐ႈံးနိမ့္ခဲ့၏။ ၁၉၄၅ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ မနီလာၿမိဳ႕ကို ျပန္လည္သိမ္းယူခဲ့၍ ထိုႏွစ္ဩဂုတ္လအတြင္း ဒုတိယကမၻာစစ္ႀကီးၿပီးဆုံးသြားေသာအခါတြင္မူ ဂ်ပန္တို႔ သိမ္းပိုက္ထားသမၽွ အားလုံးလိုလိုကိုပင္ ျပန္လည္သိမ္းယူႏိုင္ခဲ့ၿပီး ျဖစ္ေလသည္။ ဒုတိယကမၻာစစ္ႀကီး ၿပီးဆုံးၿပီးေနာက္ ၁၉၆၄ ခုႏွစ္ ဇူလိုင္လ ၄ ရက္ေန႔တြင္ အေမရိကန္အစိုးရက ကတိျပဳထားသည့္အတိုင္း လုံးဝလြတ္လပ္ေရးကို ေပးအပ္၍ ထိုေန႔ထိုရက္မွ စၿပီးလၽွင္ ဖိလစ္ပိုင္သည္ လြတ္လပ္ေသာ အခ်ဳပ္အျခာအာဏာပိုင္ သမၼတႏိုင္ငံ ျဖစ္လာေလသည္။

ဖိလစ္ပုိင္ေခါင္္းေဆာင္ ဟုိေဇးရီဇာ
ဖိလစ္ပုိင္ရဲ႕ လက္ရွိ သမၼတ ဒူတာေတး

ေတာင္စဥ္ေတာင္တန္းမ်ား၏ ေအာက္ေျခတေလၽွာက္တြင္ ကမၻာေပၚ၌ အခန္႔ညားဆုံးေသာ သစ္ေတာႀကီးမ်ားတြင္ ပါဝင္သည့္ သစ္ေတာႀကီးမ်ား ေပါက္ေရာက္လၽွက္ရွိသည္။ ျမင့္မားေသာ ေတာင္တန္းမ်ားတြင္ ထင္း႐ႉးေတာကႀကီးမ်ား ဖုံးလႊမ္းေနသည္။ ဖိလစ္ပိုင္သည္ ျမန္မာႏိုင္ငံကဲ့သို႔ သစ္ဝါးေပါသည္။ သစ္သည္ ဖိလစ္ပိုင္၏ ထြက္ကုန္တမ်ိဳးျဖစ္သည္။ ေျမနိမ့္ေျမျပန္႔ နည္းပါးသျဖင့္ ေတာင္ကုန္းေတာင္တန္းမ်ားေပၚတြင္ ေလွကားထစ္မ်ားသဖြယ္ စိုက္ခင္းမ်ားျပဳလုပ္စိုက္ပ်ိဳး လုပ္ကိုင္ၾကသည္။

ဆန္စပါး၊ သၾကား၊ ႀကိမ္၊ မနီလာေလၽွာ္၊ ေဆး႐ြက္၊ ကန္စြန္းဥ၊အာလူး၊ ကာဖီ၊ ေျမပဲ၊ အုန္းသီး၊ အုန္းဆန္ေျခာက္တို႔သည္ ဖိလစ္ပိုင္၏ အေရးပါေသာ ထြက္ကုန္မ်ားျဖစ္ၾကသည္။ သရက္၊ ငွက္ေပ်ာစသည္မ်ားကိုလည္း အႀကီးအက်ယ္ စိုက္ပ်ိဳးၾကသည္။ ဓာတ္သတၱဳမ်ားျဖင့္လည္း အေတာ္အတန္ႂကြယ္ဝသျဖင့္ ေ႐ႊ၊ သံ၊ ေၾကးနီ၊ က႐ိုမီယမ္၊ မန္ဂနိသတၱဳမ်ားကို အေတာ္အသင့္ တူးေဖာ္ရရွိသည္။ ဖိလစ္ပီႏိုလူမ်ိဳးတို႔၏ အဓိကလုပ္ငန္းမွာ စိုက္ပ်ိဳးေရးျဖစ္၍ ဆန္သည္ ဖိလစ္ပီႏိုတို႔၏ အဓိကအစားအစာျဖစ္သည္။ က်န္အဓိက စီးပြားေရးလုပ္ငန္းမ်ားမွာ အီလက္ထေရာနစ္ ၊အစားအစာထုတ္လုပ္မႈ ၊ သေဘၤာတည္ေဆာက္ျခင္း ၊ ေရနံသန္႔စင္ေရးလုပ္ငန္း ႏွင့္ ငါးဖမ္းလုပ္ငန္းမ်ားျဖစ္သည္။

ဖိလစ္ပုိင္ၿမဳိ႕ေတာ္ မနီလာ

ဖိလစ္ပိုင္ကၽြန္းစုတြင္ လူမ်ိဳးစုံေနထိုင္ၾကသည္။ ေရွးအက်ဆုံး တိုင္းရင္းသားမ်ားမွာ နီဂရီတိုလူမ်ိဳးျဖစ္သည္။ ေတာင္မ်ားေပၚ၌ သြားလာေနထိုင္ၾကေသာ အီဂို႐ုတ္လူ႐ိုင္းမ်ိဳးလည္း ရွိေသးသည္။ မင္ဒနာအိုကၽြန္းစုတြင္ မို႐ိုလူမ်ိဳးမ်ား ယေန႔တိုင္ေတြ႕ရေသးသည္။ ေနာင္အခါ ထိုေရွးက်ေသာ တိုင္းရင္းသားမ်ားအား အဆက္မျပတ္ ဝင္ေရာက္လာေသာ အင္ဒိုနီးရွားလူမ်ိဳးမ်ား လႊမ္းမိုးသြားခဲ့သည္။ ဖိလစ္ပီႏိုဟု ေခၚတြင္သူမ်ားသည္ အင္ဒိုနီးရွားမ်ားေနာက္ ေရာက္လာေသာ မေလး (ပသၽွဴး)လူမ်ိဳးမ်ား ျဖစ္သည္။ ထို႔ျပင္ တ႐ုတ္၊ ဂ်ပန္၊ ဟိႏၵဴႏွင့္ ဥေရာပတိုက္သားအႏြယ္မ်ားလည္း အမ်ားအျပား အေျခစိုက္ေနထိုင္လၽွက္ ရွိၾကသည္။ တ႐ုတ္တို႔သည္ လူနည္းစုျဖစ္ေသာ္လည္း ကုန္သြယ္စီးပြားေရး၌ တြင္က်ယ္ၾကသည္။ မက္စတီဇိုေခၚ ဖိလစ္ပီႏိုႏွင့္ စပိန္ကျပားမ်ားကို အစိုးရဌာနႀကီးမ်ား၊ ႏိုင္ငံေရးေလာက၊ စီးပြားေရးေလာကတို႔တြင္ ေခါင္းေဆာင္ပိုင္း၌ မ်ားေသာအားျဖင့္ ေတြ႕ၾကရသည္။

ဖိလစ္ပိုင္ရဲ႕ စိတ္၀င္စားဖြယ္အခ်က္တခ်ဳိ႕

ဖိလစ္ပိုင္အလံသည္ အနီ ၊ အျပာ ၊ အျဖဴ အေရာင္သုံးမ်ဳိးေပၚတြင္ အလင္းတန္းရွစ္ခုပါေသာ ေန ႏွင့္ ၾကယ္ ၃လုံး ပါ၀င္သည္။ အနီသည္ ရဲရင့္ျပတ္သားျခင္း ၊ အျပာသည္ ၿငိမ္းခ်မ္းျခင္း ၊ အျဖဴသည္ သန္႔ရွင္းစင္ၾကယ္ျခင္း ဟူ၍ အဓိပၸါယ္ရသည္။ ေနသည္ ဖိလစ္ပိုင္ႏုိင္ငံကုိ ကုိယ္စားျပဳၿပီး ေဘးမွအလင္းတန္း၈ခုသည္ ဖိလစ္ပိုင္ေတာ္လွန္ေရးကို စတင္ျဖစ္ေပၚေစခဲ့သည့္ ျပည္နယ္ႀကီး ၈ခုကို ကိုယ္စားျပဳသည္။ ၾကယ္ ၃လုံးမွာမူ အဓိက ကြ်န္းႀကီးမ်ားျဖစ္သည့္ Luzon, Visayas ႏွင့္ Mindanao တုိ႔ကို ကုိယ္စားျပဳသည္။

ဖိလစ္ပုိင္၏ အျမင့္ဆုံးေတာင္မွာ Mindanao ကြ်န္းရွိ Apo မီးေတာင္ျဖစ္ၿပီး အျမင့္ေပ ၉၆၉၂ေပ ရွိသည္။

ဖိလစ္ပိုင္တြင္ စိတ္အခ်ရဆုံးေနရာမွာ Palawan နယ္ေျမျဖစ္ၿပီး ထုိေနရာသည္ မီးေတာင္မ်ားႏွင့္ အလြန္ေ၀းေသာေနရာတြင္ရွိကာ ငလွ်င္မ်ားႏွင့္လည္း လြတ္ကင္းသည္။

ဖိလစ္ပိုင္သည္ ကမာၻေပၚတြင္ အုန္းသီး အတင္ပုိ႔ႏုိင္ဆုံး ဒုတိယႏုိင္ငံျဖစ္ကာ ၂၀၁၀ တစ္ႏွစ္တည္းမွာပင္ အုန္းသီးတန္ခ်ိန္ေပါင္း ၁၉.၅သန္းကို တင္ပုိ႔ေရာင္းခ်ႏုိင္ခဲ့သည္။

ဖိလစ္ပုိင္တြင္ ႏုိ႔တုိက္သတၱ၀ါမ်ဳိးစိတ္ေပါင္း ၂၀၀ ခန္႔ေနထုိင္ၿပီး ထုိအထဲတြင္ အေတြ႔ရအမ်ားဆုံးမွာ ေမ်ာက္ ၊ ရွဥ္႔ ၊ လီမာေမ်ာက္ ၊ သင္းေခြခ်ပ္ ၊ ဂ်ီေလွာင္ ၊ ေျမြပါ ၊ စီဗက္ေၾကာင္ ႏွင့္ နီညဳိရယ္တုိ႔ ျဖစ္သည္။

ကမာၻေပၚတြင္ အရွည္ဆုံးေျမေအာက္ျမစ္တစ္ခုျဖစ္သည့္ Puerto Princesa ေျမေအာက္ျမစ္သည္ အလြန္ေက်ာ္ၾကားၿပီး Puerto Princesa အမ်ဳိးသားဥယ်ာဥ္တြင္တည္ရွိသည္။ အံမခန္းလွေသာ သဘာ၀ပတ္၀န္းက်င္ေနရာမ်ားေၾကာင့္ ထုိဥယ်ာဥ္ကုိ သဘာ၀ ကမာၻ႔အံဖြယ္ ၇ခု စာရင္းတြင္ ထည့္သြင္းထားျခင္းခံရသည္။

Puerto Princesa ေျမေအာက္ျမစ္

ဖိလစ္ပုိင္ႏုိင္ငံသည္ သူနာျပဳအမ်ားဆုံးေမြးထုတ္ကာ ကမာၻအႏွံ႔အျခားႏုိင္ငံမ်ားသုိ႔ ပုိ႔ေဆာင္ေပးလွ်က္ရွိေသာ ႏုိင္ငံျဖစ္သည္။

ဖိလစ္ပုိင္ႏုိင္ငံသည္ ကမာၻေပၚတြင္ အဂၤလိပ္စကား အမ်ားဆုံး အသုံးျပဳသည့္ေနရာတြင္ အေမရိကန္ ၊ အိႏၵိယ ၊ ပါကစၥတန္ ႏွင့္ ႏုိင္ဂ်ီးရီးယားတုိ႔ေနာက္ နံပါတ္ ၅ ေနရာမွာ ရပ္တည္လွ်က္ရွိသည္။ ယူေကမွာမူ ဖိလစ္ပုိင္၏ ေနာက္ နံပါတ္ ၆တြင္ရွိသည္။

San Carlos တကၠသုိလ္ကုိ ၁၅၉၅ခုႏွစ္ စပိန္မ်ားက စတင္တည္ေထာင္ခဲ့ၿပီး ထုိတကၠသုိလ္သည္ ဟားဗတ္တကၠသုိလ္ထက္ အႏွစ္ ၄၀ ခန္႔ေရွးက်သည္။

ဖိလစ္ပုိင္ႏုိင္ငံရွိ Philippine Cordilleras ေလွကားထစ္ စပါးစုိက္ခင္းမ်ားကုိ လြန္ခဲ့သည့္ အႏွစ္ ၂ေထာင္ကတည္းက အသုံးျပဳခဲ့ၿပီး လက္ရွိအခါ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ UNESCO မွ ထည့္သြင္းထားသည္။


ဖိလစ်ပိုင်နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ဖိလစ်ပိုင် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်တည်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကျွန်းကြီး ကျွန်းငယ်ပေါင်း ၇၆၄၁ခုဖြင့် ဖွဲ့စည်းထားပြီး ဧရိယာအားဖြင့် စတုရန်းမိုင် ၁၃၂၆၀၆ မိုင် ကျယ်ဝန်းသည်။ အကြီးဆုံး ကျွန်းကြီး ၃ခုမှာ Luzon ကျွန်း ၊Visayas ကျွန်း နှင့် Mindanao ကျွန်းတို့ဖြစ်သည်။ လူဦးရေ ၁၀၆သန်းနေထိုင်ပြီး ကမ္ဘာပေါ်တွင် ၁၂ခုမြောက် လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ လူဦးရေအများစုမှာ မလေးအနွယ်ဝင်များဖြစ်သည်။ လူဦးရေ၏ ၉၂%မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာဝင်အနည်းငယ်နှင့် အစ္စလမ်ဘာသာဝင်များလည်းနေထိုင်ကြသည်။

သက်ရှိမီးတောင် ၂၀ကျော် ရှိပြီး ငလျှင်ဒါဏ်နှင့် မီးတောင်ပေါက်ကွဲသည့်ဒါဏ် ကိုမကြာခဏခံရလေ့ရှိသည်။ လူသိအများဆုံးမီးတောင်ကြီး ၃ခုမှာ Mount Pinatubo, the Taal the Mayon တို့ဖြစ်သည်။ အီကွေဒါရပ်ဝန်း ၏ မြောက်ဖက်အနီးတွင်တည်ရှိသဖြင့် သမမျှတသည့်ရာသီဥတုရှိသည် ။ နိုင်ငံဧရိယာ၏ ၂၄% ခန့်မှာသစ်တောများဖုံးလွှမ်းနေပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သည်။ မနီလာမြို့သည် မြို့တော် နှင့် အကြီးဆုံးဖြစ်ပြီး လူဦးရေ ၁.၇၈သန်း နေထိုင်သည်။ လူဦးရေအထူထပ်ဆုံးမြို့မှမူ Quezon မြို့ဖြစ်ပြီး လူဦးရေ ၃သန်းခန့် နေထိုင်သည်။ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကား နှင့် ဖိလစ်ပီနိုဘာသာစကားများကို သုံးစွဲသည်။

သမိုင်း

ဖိလစ်ပိုင်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့သည် အလယ်ခေတ်အခါကပင် အဆက်အဆံရှိခဲ့ကြောင်း အထောက်အထားတွေ့ရသည်။ ‘မင်’ ဘုရင်များ လက်ထက်တွင် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ကုန်သွယ်မှုပြုခဲ့ကြသည်။ ဥရောပတိုက်သားထဲမှ ဖိလစ်ပိုင်ကျွန်းစုကိုစတွေ့သူမှာ ဖာဒီနန်မဂျဲလင် Ferdinand Magellan အမည်ရှိ စပိန်ဘုရင့်အမှုတော်ထမ်း ပေါ်တူဂီတဦးဖြစ်သည်။ မဂျဲလင်သည် ဖိလစ်ပိုင်ကျွန်းစုကို စပိန်၏ပိုင်နက်အဖြစ် ကျေညာပြီးနောက် ၁၅၂၁ ခုနှစ်တွင် မတ်တန်ကျွန်းပေါ်၌ တိုင်းရင်းသားတို့၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့လေသည်။

မဂျဲလင်က စပိန်အဖြစ်ကြေညာခဲ့သော ထိုကျွန်းစုကို နောင်အခါစပိန်ပြည့်ရှင် ဒုတိယဖိလစ် (ထိုစဉ်က ဥပရာဇာမင်းသား) ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်ဟု ခေါ်ဝေါ်ခဲ့သည်။ ဆေးဗူးကျွန်းတွင် ၁၅၆၅ ခုနှစ်မှစ၍ စပိန်တို့ အခြေစိုက်နေထိုင်ခဲ့ရာ တဖြည်းဖြည်း အနှံ့အပြားဖြစ်လာသည်။ စပိန်တို့၏ စိုးမိုးမှုကို မိုရိုလူမျိုး၊ အီဂိုရုတ်လူမျိုးများက တွန်းလှန်ခဲ့ကြသေးသည်။ အခြားကျွန်းများသို့လည်း စပိန်စိုးမိုးမှု ပျံ့နှံ့သွား၍ လူအများစုသည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်လာကြလေသည်။

၁၉ ရာစုနှစ်တွင် လွတ်လပ်ရေးအတွက် လှုပ်ရှားမှုကြီး စတင်လာ၍ ၁၈၁၉ ခုနှစ်တွင် ဟိုဇေးရီဇာ ကြီးမှူးတည်ထောင်ခဲ့သော လီဂါဖိလစ်ပီနာအသင်းမှာ အင်အားအကောင်းဆုံးဖြစ်လေသည်။ အာဇာနည်ကြီးရီဇာအား စပိန်အစိုးရက ၁၈၆၉ ခုနှစ်တွင် သုတ်သင်စီရင်လိုက်သည်။ စပိန်တို့အား တိုင်းရင်းသားတို့က ပုန်ကန်မှုများသည် ဟိုမှသည်မှ ပေါ်ထွက်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် အနှိမ်နင်းခံရသည်။ စပိန်-အမေရိကန် စစ်ပွဲအပြီး ၁၈၉၈ ခုနှစ်တွင် စပိန်အစိုးရက ဖိလစ်ပိုင်ကျွန်စုကို အမေရိကန်အစိုးရသို့ ပေးအပ်လိုက်လေသည်။

အမေရိကန်အစိုးရသည် ဖိလစ်ပိုင်ကို လွတ်လပ်ရေးပေးရန် ရည်ရွယ်ချက်ဖြင့်၊ အုပ်ချုပ်ရေးအဆင့်အတန်းကို တစတစ မြှင့်တင်ပေးသည်။ ၁၉၃၅ ခုနှစ်တွင် ဖိလစ်ပိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့၍ ဓနသဟာယနိုင်ငံဖြစ်လာသည်။ ပထမဦးဆုံးသမ္မတမှာ မန်းနွယ်ကေဆွန်းဖြစ်၏။ ထို့ပြင် ၁၉၄၆ ခုနှစ်တွင် လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံ ဖြစ်လာစေမည်ဟု အမေရိကန်အစိုးရက ကတိထားခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ ဖိလစ်ပိုင်သည် ကမ္ဘာ့အရှေ့ဖျားတွင် စစ်ဒဏ်အခံရဆုံးသောနိုင်ငံ၊ အပျက်အစီးအများဆုံးသောနိုင်ငံ ဖြစ်ခဲ့ရသည်။

ဂျပန်တို့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် လေကြောင်းတိုက်ပွဲများ စတင်ဆင်နွှဲခဲ့၍ နောက် ၅ ရက်အကြာ၌ လူဇုန်ကျွန်းသို့ တက်မိခဲ့ကြလေသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မနီလာမြို့ကို သိမ်းပိုက်ခဲ့၏။ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်များက ဗာတန်းကျွန်းဆွယ်နှင့် ကော်ရက်ဂျီဒေါ်တွင် လပေါင်းများစွာအပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကော်ရက်ဂျီဒေါ်အညံ့ခံလိုက်ရ၍ ဗိုလ်ချုပ်မှူးဒေါက်ဂလပ်မက်အာသာလည်း မိမိဌာနချုပ်ကို ဩစတြေလျသို့ ပြောင်းရွှေ့သွားရပြီးလျှင် ဗိုလ်ချုပ်မှူးဝန်းရိုက်မှာမူ သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ဂျပန်တို့ စိုးမိုးခဲ့စဉ်အတွင်း ပြောက်ကျားခုခံတော်လှန်မှုများရှိခဲ့သည်။

၁၉၄၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်မှူးမက်အာသာ၏ လက်အောက်ခံ မဟာမိတ်တပ်များသည် လေးတီးကျွန်းအား ပြန်လည်သိမ်းယူရေးကို စတင်ခဲ့ရာ ဖိလစ်ပိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကုန်းနှင့်ရေ နှစ်ထွေသော တိုက်ပွဲများ၌ ဂျပန်တို့သည် အပြတ်အသတ်အရေးရှုံးနိမ့်ခဲ့၏။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် မနီလာမြို့ကို ပြန်လည်သိမ်းယူခဲ့၍ ထိုနှစ်ဩဂုတ်လအတွင်း ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါတွင်မူ ဂျပန်တို့ သိမ်းပိုက်ထားသမျှ အားလုံးလိုလိုကိုပင် ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် အမေရိကန်အစိုးရက ကတိပြုထားသည့်အတိုင်း လုံးဝလွတ်လပ်ရေးကို ပေးအပ်၍ ထိုနေ့ထိုရက်မှ စပြီးလျှင် ဖိလစ်ပိုင်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာလေသည်။

တောင်စဉ်တောင်တန်းများ၏ အောက်ခြေတလျှောက်တွင် ကမ္ဘာပေါ်၌ အခန့်ညားဆုံးသော သစ်တောကြီးများတွင် ပါဝင်သည့် သစ်တောကြီးများ ပေါက်ရောက်လျှက်ရှိသည်။ မြင့်မားသော တောင်တန်းများတွင် ထင်းရှူးတောကကြီးများ ဖုံးလွှမ်းနေသည်။ ဖိလစ်ပိုင်သည် မြန်မာနိုင်ငံကဲ့သို့ သစ်ဝါးပေါသည်။ သစ်သည် ဖိလစ်ပိုင်၏ ထွက်ကုန်တမျိုးဖြစ်သည်။ မြေနိမ့်မြေပြန့် နည်းပါးသဖြင့် တောင်ကုန်းတောင်တန်းများပေါ်တွင် လှေကားထစ်များသဖွယ် စိုက်ခင်းများပြုလုပ်စိုက်ပျိုး လုပ်ကိုင်ကြသည်။

ဆန်စပါး၊ သကြား၊ ကြိမ်၊ မနီလာလျှော်၊ ဆေးရွက်၊ ကန်စွန်းဥ၊အာလူး၊ ကာဖီ၊ မြေပဲ၊ အုန်းသီး၊ အုန်းဆန်ခြောက်တို့သည် ဖိလစ်ပိုင်၏ အရေးပါသော ထွက်ကုန်များဖြစ်ကြသည်။ သရက်၊ ငှက်ပျောစသည်များကိုလည်း အကြီးအကျယ် စိုက်ပျိုးကြသည်။ ဓာတ်သတ္တုများဖြင့်လည်း အတော်အတန်ကြွယ်ဝသဖြင့် ရွှေ၊ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိသတ္တုများကို အတော်အသင့် တူးဖော်ရရှိသည်။ ဖိလစ်ပီနိုလူမျိုးတို့၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်၍ ဆန်သည် ဖိလစ်ပီနိုတို့၏ အဓိကအစားအစာဖြစ်သည်။ ကျန်အဓိက စီးပွားရေးလုပ်ငန်းများမှာ အီလက်ထရောနစ် ၊အစားအစာထုတ်လုပ်မှု ၊ သင်္ဘောတည်ဆောက်ခြင်း ၊ ရေနံသန့်စင်ရေးလုပ်ငန်း နှင့် ငါးဖမ်းလုပ်ငန်းများဖြစ်သည်။

ဖိလစ်ပိုင်ကျွန်းစုတွင် လူမျိုးစုံနေထိုင်ကြသည်။ ရှေးအကျဆုံး တိုင်းရင်းသားများမှာ နီဂရီတိုလူမျိုးဖြစ်သည်။ တောင်များပေါ်၌ သွားလာနေထိုင်ကြသော အီဂိုရုတ်လူရိုင်းမျိုးလည်း ရှိသေးသည်။ မင်ဒနာအိုကျွန်းစုတွင် မိုရိုလူမျိုးများ ယနေ့တိုင်တွေ့ရသေးသည်။ နောင်အခါ ထိုရှေးကျသော တိုင်းရင်းသားများအား အဆက်မပြတ် ဝင်ရောက်လာသော အင်ဒိုနီးရှားလူမျိုးများ လွှမ်းမိုးသွားခဲ့သည်။ ဖိလစ်ပီနိုဟု ခေါ်တွင်သူများသည် အင်ဒိုနီးရှားများနောက် ရောက်လာသော မလေး (ပသျှူး)လူမျိုးများ ဖြစ်သည်။ ထို့ပြင် တရုတ်၊ ဂျပန်၊ ဟိန္ဒူနှင့် ဥရောပတိုက်သားအနွယ်များလည်း အများအပြား အခြေစိုက်နေထိုင်လျှက် ရှိကြသည်။ တရုတ်တို့သည် လူနည်းစုဖြစ်သော်လည်း ကုန်သွယ်စီးပွားရေး၌ တွင်ကျယ်ကြသည်။ မက်စတီဇိုခေါ် ဖိလစ်ပီနိုနှင့် စပိန်ကပြားများကို အစိုးရဌာနကြီးများ၊ နိုင်ငံရေးလောက၊ စီးပွားရေးလောကတို့တွင် ခေါင်းဆောင်ပိုင်း၌ များသောအားဖြင့် တွေ့ကြရသည်။

ဖိလစ်ပိုင်ရဲ့ စိတ်ဝင်စားဖွယ်အချက်တချို့

ဖိလစ်ပိုင်အလံသည် အနီ ၊ အပြာ ၊ အဖြူ အရောင်သုံးမျိုးပေါ်တွင် အလင်းတန်းရှစ်ခုပါသော နေ နှင့် ကြယ် ၃လုံး ပါဝင်သည်။ အနီသည် ရဲရင့်ပြတ်သားခြင်း ၊ အပြာသည် ငြိမ်းချမ်းခြင်း ၊ အဖြူသည် သန့်ရှင်းစင်ကြယ်ခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ နေသည် ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး ဘေးမှအလင်းတန်း၈ခုသည် ဖိလစ်ပိုင်တော်လှန်ရေးကို စတင်ဖြစ်ပေါ်စေခဲ့သည့် ပြည်နယ်ကြီး ၈ခုကို ကိုယ်စားပြုသည်။ ကြယ် ၃လုံးမှာမူ အဓိက ကျွန်းကြီးများဖြစ်သည့် Luzon, Visayas နှင့် Mindanao တို့ကို ကိုယ်စားပြုသည်။

ဖိလစ်ပိုင်၏ အမြင့်ဆုံးတောင်မှာ Mindanao ကျွန်းရှိ Apo မီးတောင်ဖြစ်ပြီး အမြင့်ပေ ၉၆၉၂ပေ ရှိသည်။

ဖိလစ်ပိုင်တွင် စိတ်အချရဆုံးနေရာမှာ Palawan နယ်မြေဖြစ်ပြီး ထိုနေရာသည် မီးတောင်များနှင့် အလွန်ဝေးသောနေရာတွင်ရှိကာ ငလျှင်များနှင့်လည်း လွတ်ကင်းသည်။

ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် အုန်းသီး အတင်ပို့နိုင်ဆုံး ဒုတိယနိုင်ငံဖြစ်ကာ ၂၀၁၀ တစ်နှစ်တည်းမှာပင် အုန်းသီးတန်ချိန်ပေါင်း ၁၉.၅သန်းကို တင်ပို့ရောင်းချနိုင်ခဲ့သည်။

ဖိလစ်ပိုင်တွင် နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ခန့်နေထိုင်ပြီး ထိုအထဲတွင် အတွေ့ရအများဆုံးမှာ မျောက် ၊ ရှဉ့် ၊ လီမာမျောက် ၊ သင်းခွေချပ် ၊ ဂျီလှောင် ၊ မြွေပါ ၊ စီဗက်ကြောင် နှင့် နီညိုရယ်တို့ ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရှည်ဆုံးမြေအောက်မြစ်တစ်ခုဖြစ်သည့် Puerto Princesa မြေအောက်မြစ်သည် အလွန်ကျော်ကြားပြီး Puerto Princesa အမျိုးသားဥယျာဉ်တွင်တည်ရှိသည်။ အံမခန်းလှသော သဘာဝပတ်ဝန်းကျင်နေရာများကြောင့် ထိုဥယျာဉ်ကို သဘာ၀ ကမ္ဘာ့အံဖွယ် ၇ခု စာရင်းတွင် ထည့်သွင်းထားခြင်းခံရသည်။

ဖိလစ်ပိုင်နိုင်ငံသည် သူနာပြုအများဆုံးမွေးထုတ်ကာ ကမ္ဘာအနှံ့အခြားနိုင်ငံများသို့ ပို့ဆောင်ပေးလျှက်ရှိသော နိုင်ငံဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကား အများဆုံး အသုံးပြုသည့်နေရာတွင် အမေရိကန် ၊ အိန္ဒိယ ၊ ပါကစ္စတန် နှင့် နိုင်ဂျီးရီးယားတို့နောက် နံပါတ် ၅ နေရာမှာ ရပ်တည်လျှက်ရှိသည်။ ယူကေမှာမူ ဖိလစ်ပိုင်၏ နောက် နံပါတ် ၆တွင်ရှိသည်။

San Carlos တက္ကသိုလ်ကို ၁၅၉၅ခုနှစ် စပိန်များက စတင်တည်ထောင်ခဲ့ပြီး ထိုတက္ကသိုလ်သည် ဟားဗတ်တက္ကသိုလ်ထက် အနှစ် ၄၀ ခန့်ရှေးကျသည်။

ဖိလစ်ပိုင်နိုင်ငံရှိ Philippine Cordilleras လှေကားထစ် စပါးစိုက်ခင်းများကို လွန်ခဲ့သည့် အနှစ် ၂ထောင်ကတည်းက အသုံးပြုခဲ့ပြီး လက်ရှိအခါ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် UNESCO မှ ထည့်သွင်းထားသည်။

Leave a Reply