ထီးမပါတဲ့ကေလးဟာ မိုုးထဲမွာ ပိုုအေျပးျမန္ပါတယ္

Posted on

ေရးသားသူ – Saya Aung Ko Latt

ထီးမပါတဲ့ကေလး
ဟုုတ္ပါတယ္။ ထီးမပါတဲ့ကေလးဟာ မိုုးထဲေလထဲမွာ ပိုုအေျပးျမန္တတ္ပါတယ္။

ဖခင္ျဖစ္သူ သက္ျပင္းတစ္ခ်က္ခ်လိုုက္ပါတယ္။ ေခ်းယူလာတဲ့ ၄၅၃၃ ယြမ္ ( က်ပ္ေငြ ဆယ္သိန္းခန္႔ ) သားလက္ထဲထည့္ေပးလိုုက္ပါတယ္။ သားျဖစ္သူ အဲဒီပိုုက္ဆံကိုု တုုန္တုုန္ရင္ရင္နဲ႔ လက္ခံလုုိက္ပါတယ္။ သားျဖစ္သူ သိလိုုက္တယ္။ ေက်ာင္းလခ ယြမ္ေငြ ၄၁၀၀ က်ပ္သြင္းၿပီးရင္ စားဖိုု႔ေနဖိုု႔အတြက္ ၄၃၃ ယြမ္သာက်န္ပါေတာ့မယ္။ ဘယ္လိုုခရီးဆက္သြားရမလဲ။ ဖခင္ျဖစ္သူ အတတ္ႏိုုင္ဆံုုး ႀကိဳးပမ္းခဲ႔ၿပီးၿပီဆိုုတာ သူေကာင္းစြာနားလည္ပါတယ္။ ပိုုက္ဆံရစရာလမ္း ဒီထက္မပိုုႏိုုင္ေတာ့ဘူးဆိုုတာ သူေကာင္းေကာင္းသိပါတယ္။

“ ေဖေဖ စိတ္ခ်ပါ။ က်ေနာ့မွာ ေျခေတြလက္ေတြ ရိွပါေသးတယ္။” အေဖ့ကိုု ျပန္ႏွစ္သိမ့္ရပါတယ္။ ၀မ္းနည္းပူေဆြးေပမဲ့ အတတ္ႏိုုင္ဆံုုး ဖခင္ျဖစ္သူကိုု သူၿပံဳးၿပီးႏူတ္ဆက္ပါတယ္။ ႏူတ္ဆက္ၿပီးတာနဲ႔ အိမ္ထဲကေန တစ္ခ်ဳိးတည္း ထြက္လာပါေတာ့တယ္။ ခႏၶာကိုုယ္ကိုု လွည့္ၿပီး သူထြက္ခြာလာတဲ့အခိုုက္မွာ မ်က္ရည္ေတြ မ်က္နာတစ္ျပင္လံုုး ယိုုဆင္းလာပါတယ္။ သူငိုုသြားပါတယ္။ ဖခင္ကိုု မခြဲရက္တာပါတယ္။ ေရွ႕ ပညာသင္ရမဲ့ခရီးအတြက္ ပူေဆြးတာလည္းပါပါတယ္။

ေက်ာပိုုးအိတ္ကိုုလြယ္ၿပီး ေတာင္ေပၚလမ္းေကြ႔ေကြ႔ေကာက္ေကာက္ကိုု ေျပးဆင္းပါတယ္။ သူမိုုင္ေပါင္း ၆၀ ခန္႔ ခရီးရွည္ ေလွ်ာက္လိုုက္ပါတယ္။ ကားခ ၆၈ ယြမ္နဲ႔ ကားဂိတ္မွာ ဘတ္စ္ကားေျပာင္းစီးပါတယ္။ သူအႏွစ္ႏွစ္အလလ တက္ေရာက္ခ်င္ခဲ့တဲ့ ျပည္နယ္တကၠသိုုလ္ကိုု ေရာက္ရိွခဲ့ပါတယ္။

ေက်ာင္းေပါက္၀ေရာက္ၿပီ၊ ကားခရွင္းလိုုက္တယ္၊ လက္ထဲမွာ ၃၆၅ ယြမ္ပဲ က်န္ပါေတာ့တယ္။

ပထမ Semester ၅ လေက်ာင္းတက္ရပါမယ္။ ယြမ္၃၀၀ ေက်ာ္နဲ႔ ဘယ္လိုုခရီးဆက္မလဲ၊

ပတ္၀န္းက်င္ကေက်ာင္းသူေက်ာင္းသားမ်ား ထိုုေခတ္ထိုုအခါမွာ MP4 ကိုုလည္ပင္းမွာ ခ်ိတ္ဆြဲထားၾကပါတယ္။ ေတာက္ေတာက္ေျပာင္ေျပာင္၀တ္ဆင္ထားၾကပါတယ္။ သူ႔ကိုုၿပံဳးျပၾကပါတယ္။ သူလည္း ျပန္ၿပံဳးျပပါတယ္။ စိတ္ထဲမွာေတာ့ မ်က္ရည္မ်ားယိုုဆင္းေနျပန္ပါၿပီ။

ထမင္းကိုု တစ္ရက္ ႏွစ္နပ္ပဲစားပါတယ္။ တစ္နပ္စားရင္ ( ၂ ) ယြမ္ေပးရပါတယ္။ ဒါသူ႔ကိုုယ္သူ သတ္မွတ္ထားတဲ့ အနိမ့္ဆံုုး အသံုုးစားရိပ္ပါ။ ဒီလိုုဆက္သြားရင္လည္း Semester ကုုန္ဆံုုးတဲ့အထိ ပိုုက္ဆံမေလာက္ပါ။

ညမွာ သူအိပ္မေပ်ာ္ပါ။ အမ်ဳိးမ်ဳိးစဥ္းစားႀကံဆေနရပါတယ္။ ေနာက္တစ္ေန႔ သူအံတစ္ခ်က္က်ိတ္ၿပီး ဆံုုးျဖတ္ခ်က္တစ္ခုု ခ်လိုု္က္ပါတယ္။ က်န္ရိွတဲ့ ပိုုက္ဆံ ၃၀၀ ေက်ာ္ထဲက သူယြမ္ ၁၅၀ နဲ႔ လက္ကိုုင္ဖုုန္းတစ္ခုု ၀ယ္လိုုက္ပါတယ္။ လက္ကိုုင္ဖုုန္းအေဟာင္းပါ။ ဖုုန္းေျပာလိုု႔ရတယ္၊ စာတိုု message ပိုု႔လိုု႔ရတယ္၊ အျခားဘာ function မွမပါတဲ့ ဖုုန္းမ်ဳိးပါ။

ေနာက္တစ္ရက္ အေဆာင္နံရံေတြမွာ၊ ဓါတ္တိုုင္ေတြမွာ၊ ေၾကာျငာပုုဒ္ေတြမွာ သူေၾကာ္ျငာငယ္ေလးတစ္ခုု ကပ္ပါတယ္။ ေခါင္းစဥ္က
“ သင္၀န္ေဆာင္မူ လိုုအပ္ပါသလား” တဲ့၊

“ အကယ္၍ သင္ထမင္းဟင္း၀ယ္လိုုတယ္၊ ေရေႏြးခပ္ခ်င္တယ္၊ ဖုုန္းေၾကးသြင္းခ်င္တယ္ဆိုုရင္၊ ေအာက္ပါ နံပါတ္ xxxxxxxx ကိုုဆက္သြယ္လိုုက္ပါ။ ေက်ာင္းတြင္း၀န္ေဆာင္မူ ၁ ယြမ္၊ ေက်ာင္းျပင္ပ ၀န္ေဆာင္မူ တစ္ကီလိုုပိုုေ၀းတိုုင္း ၂ ယြမ္၊ က်ေနာ္သင့္ကိုု ၀န္ေဆာင္မူ ျပဳပါရေစ ” လိုု႔ ေရးထားပါတယ္။

အဲဒီေန႔ကစၿပီး သူ႔ဖုုန္းမအားလပ္ေတာ့ပါ။  စတုုတၱႏွစ္ေက်ာင္းသားတစ္ဦး သူ႔ကိုုဖုုန္းဆက္လာပါတယ္၊ “ ငါဆိုုတဲ့လူက ပ်င္းတယ္၊ အိပ္ယာထေနာက္က်တယ္၊ ထမင္း၀ယ္တဲ့ကိစၥ မင္းေန႔တိုုင္းငါ႔ကိုုကူညီပါ။” တဲ့၊

“ စိတ္ခ်ပါ။ ခင္ဗ်ားအေဆာင္အထိ က်ေနာ္မနက္တိုုင္း အခ်ိန္မွီ မနက္စာ ပိုု႔ေပးမယ္။”  ဒါသူရဲ႕ ပထမဆံုုးေသာ ၀န္ေဆာင္မူျဖစ္ပါတယ္။
ေနာက္ေက်ာင္းသားတစ္ဦး စာတိုုပိုု႔လာပါတယ္။

“ ခင္ဗ်ားက်ေနာ့ကိုု ဖိနပ္၀ယ္ေပးလိုု႔ ရမလား၊ အခန္း ၅၀၄ ကပါ။ ဖိနပ္နံပါတ္က ၄၁၊ တံဆိပ္က xxx ”
အားလံုုးအဆင္ေျပသြားပါတယ္။

သူဥာဏ္ေကာင္းတဲ့ ကေလးတစ္ေယာက္ပါ။ ၀န္ေဆာင္မူ ေပးတာ သိပ္ေတာင္မၾကာေသးဘူး၊ သူတစ္ခုုသတိထားမိသြားတယ္။ ေက်ာင္းသူေက်ာင္းသားေတာ္ေတာ္မ်ားမ်ားဟာ အတန္းႀကီးေလ၊ အျပင္မထြက္ခ်င္ေလ၊ အခန္းပုုန္းမ်ားေလ ဆိုုတဲ့အခ်က္ပါပဲ။ အခ်ဳိ႕ ေက်ာင္းသားမ်ားဟာ အတန္းသြားမတက္တဲ့အျပင္ အိမ္ေပၚကေန အိမ္ေအာက္ေတာင္ မဆင္းခ်င္ၾကဘူး၊ သူတိုု႔ အခန္းထဲမွာ ကြန္ျပဴတာဂိမ္းေတြေဆာ့ေနတယ္၊ သူငယ္ခ်င္းမ်ားနဲ႔ Chatting ထိုုင္ရိုုက္ေနၾကတယ္။ အဲဒီေက်ာင္းသားမ်ား သူ႔ရဲ႕ ပင္မေဖါက္သည္ျဖစ္သြားပါတယ္။

ေတာင္ေပၚကလာတဲ့ကေလးပီပီ၊ က်န္းမာသန္စြမ္းတယ္၊ သြက္လက္တယ္၊ ေျပးႏိုု္င္လႊားႏိုုင္တယ္၊ အေဆာင္က ငါးထပ္ေျခာက္ထပ္ျဖစ္ေနတာေတာင္မွ သူမမူဘူး၊ တစ္ခ်က္ကေလးမွ မညည္းဘူး၊ သူတအားတက္ၾကြတယ္။ တစ္ခုုခုုမွာလိုုက္ရင္ မိႏွစ္( ၃၀ ) အတြင္း အေရာက္လာပိုု႔တယ္။

သူ႔ကိုု ၅ ယြမ္ေပးတယ္၊ ၿမိဳ႕ ျပင္၀န္ေဆာင္မူမိုု႔လိုု႔ သူ ၂ ယြမ္ယူတယ္၊ ၃ ယြမ္ခ်က္ခ်င္းျပန္အမ္းတယ္၊ ျပန္အမ္းဖိုု႔ အႏူတ္မရိွဘူးဆိုုတာမ်ဳိး သူလံုုး၀ အျဖစ္မခံဘူး၊ သူအဆင္သင့္ျဖစ္ေအာင္ အၿမဲအႏူတ္ေဆာင္ထားတယ္။ သူဂတိတည္တယ္၊ ၿပီးေအာင္လုုပ္တယ္၊ အခ်ိန္ျမန္တယ္၊ တိက်တယ္။ ေက်ာင္းသူေက်ာင္းသားမ်ားအၾကားမွာ သူအေတာ္နာမည္ရလာတယ္။ ေနာင္ဘာပဲလိုုလိုု၊ ကိုုယ္တိုုင္ထြက္မ၀ယ္ႏိုုင္ရင္ သူ႔ကိုုပဲ အရင္သတိရၾကတယ္။

သူဒီေလာက္အလုုပ္ျဖစ္လိမ့္မယ္ဆိုုတာ ေမ်ာ္လင့္မထားခဲ့ပါဘူး၊ အတန္းဆင္းဆင္းခ်င္း ဖုုန္းဖြင့္လိုုက္တာနဲ႔ အလုုပ္ကအၿမဲ သူ႔ကိုုေစာင့္ေနပါၿပီ။

တစ္ရက္က်ေတာ့ မိုုးအႀကီးအက်ယ္ရြာသြန္းတယ္၊ သူဖုုန္းမီလာျပန္ၿပီ၊ ေက်ာင္းသူတစ္ေယာက္ဆီကျဖစ္တယ္။ သူမိုုးထဲမွာခ်က္ခ်င္းေျပးထြက္သြားတယ္၊ ေက်ာင္းသူမွာတဲ့ထီးကိုု ခ်က္ခ်င္းပိုု႔ေပးလိုုက္တယ္။ အခန္းတံခါးေခါက္ၿပီး ထီးေပးတဲ့အခ်ိန္မွာ ေက်ာင္းသူက သူ႔ကိုုေက်းဇူးတင္လြန္းလိုု႔ တစ္ခ်က္သိုုင္းဖက္လိုုက္တယ္။ ဒါပထမဆံုုးအႀကိမ္ သူမိန္းခေလးရဲ႕ သိုုင္းဖက္ခံရတာပဲ၊ သူမ်က္ရည္က်သြားပါတယ္။

ေနာက္ပိုုင္းမွာ သူေတာ္ေတာ္ အလုုပ္မ်ားသြားပါတယ္၊ အတတ္ႏိုုင္ဆံုုး ၀န္ေဆာင္မူကိုု ျပည့္၀ေအာင္ သူႀကိဳးစားရွာပါတယ္။ ပထမ Semester ၿပီးဆံုုးသြားပါတယ္။

ေဆာင္းရာသီေက်ာင္းပိတ္ပါၿပီ၊ သူျပန္သြားပါတယ္။ သူ႔ဖခင္က သူ႔ေက်ာင္းစားရိပ္အတြက္ ပူပင္ေသာက ေရာက္ေနဆဲပါ။ သူဖခင္ကိုုႏွစ္သိမ္႔ပါတယ္၊ ဖခင္လက္ထဲကုုိ ပိုုက္ဆံယြမ္ ၁၀၀၀ ကန္ေတာ့ႏိုုင္ခဲ့ပါတယ္။
“ အေဖ၊ သားက သူမ်ားလိုု မခ်မ္းသာေပမဲ့၊ အေဖက သားကိုုအေျပးျမန္တဲ့ေခ်ေထာက္အေမြေပးထားတယ္ေလ၊ ဒါအဲဒီေျခေထာက္ကိုု အားကိုုးၿပီး ဒီထက္ေအာင္ျမင္ေအာင္ ေျပးအုုံးမွာ ” လိုု႔ သူရွင္းျပပါတယ္။

ဒုုတိယ Semester သူတစ္ေယာက္တည္း မေျပးလြားေတာ့ပါ။ ဘ၀တူ ေက်ာင္းေနဘက္မ်ားကိုု စုုစည္းလိုုက္ပါတယ္။ တစ္ေက်ာင္းလံုုးကိုု ၀န္ေဆာင္မူ စတင္ေပးပါတယ္။ ေက်ာင္းျပင္ပ ၀န္ေဆာင္မူ ကိုုယ္စားလွယ္ အလုုပ္ကိုု စတင္လုုပ္ပါတယ္။

၀န္ေဆာင္မူ ဧရိယာ တစ္ျဖည္းျဖည္းက်ယ္ျပန္႔လာပါတယ္။ ေတာက္တိုုမယ္ရ ေန႔စဥ္လိုုအပ္တဲ့ သြားတိုုက္တံသြားတိုုက္ေဆး၊ ေက်ာင္းသံုုးကရိယာကအစ၊ ကြန္ျပဴတာ အပိုုပစၥည္း၊ လ်ပ္စစ္ပစၥည္းအစ ပါ၀င္လာပါတယ္။

စာသင္ႏွစ္တစ္နွစ္ၿပီးဆံုုးသြားတဲ့အခ်ိန္မွာ သူကိုုယ္ပိုုင္ကြန္ျပဴတာ ၀ယ္ႏိုုင္သြားပါတယ္။ အင္တာနက္ ကြန္ယက္ကိုု အသံုုးျပဳၿပီး သူ႔ Customer အုုပ္စုု ေတာ္ေတာ္ႀကီးမားလာပါတယ္။ Online Shopping ကုုမၼဏီတစ္ခုု သူ႔ကိုု ေက်ာင္းတြင္းကိုုယ္စားလွယ္အျဖစ္ ခန္႔အပ္ပါတယ္။

ေျပးတယ္၊ ေျပးတယ္၊ ဆက္ေျပးတယ္၊ သူေအာင္ျမင္တဲ့ လမ္းေပၚကိုုစတင္တက္လွမ္းေနပါၿပီ။

သူစတုုတၱႏွစ္ၿပီးဆံုုးတဲ့အခါမွ အမွတ္ေကာင္းေကာင္းနဲ႔ ေအာင္ျမင္ခဲ့ရံုုသာမက သူ႔အတြက္ ပထမအရင္းအနီးကိုု စုုမိေဆာင္းမိေနပါၿပီ၊

သူ႔ရဲ႕ ကနဦး ရင္းနီးမတည္ေငြဟာ ယြမ္ေငြ ငါးသိန္း ( က်ပ္ေငြ သိန္း တစ္ေထာင္ေက်ာ္ေက်ာ္ခန္႔ ) ျဖစ္ပါတယ္။ သူနာမည္ He Jia Nan ဟိုုက်ားနံ ျဖစ္ပါတယ္။ တရုုတ္ျပည္ အေရွ႕ ေျမာက္ပိုုင္း Hei Long Jiang ျပည္နယ္မွာရိွတဲ့ Da Xing An Ling ေက်းလက္ေဒသမွ ေပါက္ဖြားလာတဲ့ လုုပ္ငန္းရွင္ေလာင္းတစ္ဦးျဖစ္ပါတယ္။

အခုုသူတကၠသိုုလ္နယ္ေျမတစ္ခုုလံုုးရဲ႕ အေရာင္းကိုုယ္စားလွယ္ခ်ဳပ္ျဖစ္ေနပါၿပီ၊ သူရိုုးရိုုးရွင္းရွင္းပံုုစံအတိုုင္း ေနထိုုင္ေနဆဲပါ။ အလုုပ္ႀကိဳးစားတယ္၊ သြက္လက္တယ္၊ ေရေႏြးတစ္ဘူးခပ္တိုုင္း တစ္ယြမ္ယူေနဆဲပါ။ သူေျပးလြားေနဆဲပါ။

သင္သာ သူ႔ေနရာမွာ ရိွခဲ့ရင္ ဘယ္လိုုတံုု႔ျပန္မလဲ ၊ မိဘဆင္းရဲတာကိုု ၀မ္းနည္းေနမွာလား၊ ျပစ္တင္ေနမွာလား၊ ေခတ္အခါကိုု၊ အစိုုးရကိုု အျပစ္ေျပာေနမွာလား၊
ထီးမပါတဲ့ကေလးဟာ မိုုးထဲမွာ ပိုုအေျပးျမန္ပါတယ္။

ဒီေဆာင္းပါး က်ေနာ့စိတ္ကိုု ေတာ္ေတာ္ထိပါတယ္။ အမ်ားဖတ္ရူ႕ ႏိုုင္ဖိုု႔ ဘာသာျပန္လိုုက္ပါတယ္။ လူငယ္လူရြယ္မ်ားအားလံုုး ကိုုယ့္ကိုုယ္ကိုု ရပ္တည္လိုုစိတ္ ရိွႏိုု္င္ၾကပါေစ။ မိဘထံလက္ျဖန္႔တဲ့ဘ၀မွ လြတ္ႏိုုင္ၾကပါေစ၊ ဘ၀တိုုးတက္မူခရီးလမ္းမွာ အေျပးျမန္ႏိုု္င္ၾကပါေစ။

Ref: we chat
Aung Ko Latt


ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ် (unicode)

ရေးသားသူ – Saya Aung Ko Latt

ဟုတ်ပါတယ်။ ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်။

ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။

“ ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ဝမ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နာတစ်ပြင်လုံး ယိုဆင်းလာပါတယ်။ သူငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။

ကျောပိုးအိတ်ကိုလွယ်ပြီး တောင်ပေါ်လမ်းကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူမိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကားပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။

ကျောင်းပေါက်၀ရောက်ပြီ၊ ကားခရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လိုခရီးဆက်မလဲ၊

ပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားများ ထိုခေတ်ထိုအခါမှာ MP4 ကိုလည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားကြပါတယ်။ သူ့ကိုပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တစ်ရက် နှစ်နပ်ပဲစားပါတယ်။ တစ်နပ်စားရင် ( ၂ ) ယွမ်ပေးရပါတယ်။ ဒါသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိပ်ပါ။ ဒီလိုဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံမလောက်ပါ။

ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုးစဉ်းစားကြံဆနေရပါတယ်။ နောက်တစ်နေ့ သူအံတစ်ချက်ကျိတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလ်ိုက်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတစ်ခု ဝယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်းအဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တစ်ရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတစ်ခု ကပ်ပါတယ်။ ခေါင်းစဉ်က
“ သင်ဝန်ဆောင်မူ လိုအပ်ပါသလား” တဲ့၊

“ အကယ်၍ သင်ထမင်းဟင်းဝယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေးသွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် xxxxxxxx ကိုဆက်သွယ်လိုက်ပါ။ ကျောင်းတွင်းဝန်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ဝန်ဆောင်မူ တစ်ကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော်သင့်ကို ဝန်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းမအားလပ်တော့ပါ။  စတုတ္တနှစ်ကျောင်းသားတစ်ဦး သူ့ကိုဖုန်းဆက်လာပါတယ်၊ “ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထနောက်ကျတယ်၊ ထမင်းဝယ်တဲ့ကိစ္စ မင်းနေ့တိုင်းငါ့ကိုကူညီပါ။” တဲ့၊

“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မှီ မနက်စာ ပို့ပေးမယ်။”  ဒါသူရဲ့ ပထမဆုံးသော ဝန်ဆောင်မူဖြစ်ပါတယ်။
နောက်ကျောင်းသားတစ်ဦး စာတိုပို့လာပါတယ်။

“ ခင်ဗျားကျနော့ကို ဖိနပ်ဝယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ်နံပါတ်က ၄၁၊ တံဆိပ်က xxx ”
အားလုံးအဆင်ပြေသွားပါတယ်။

သူဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ဝန်ဆောင်မူ ပေးတာ သိပ်တောင်မကြာသေးဘူး၊ သူတစ်ခုသတိထားမိသွားတယ်။ ကျောင်းသူကျောင်းသားတော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့အချက်ပါပဲ။ အချို့ ကျောင်းသားများဟာ အတန်းသွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးန်ိုင်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ်ဖြစ်နေတာတောင်မှ သူမမူဘူး၊ တစ်ချက်ကလေးမှ မညည်းဘူး၊ သူတအားတက်ကြွတယ်။ တစ်ခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။

သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်ဝန်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ်ချက်ချင်းပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံး၀ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲအနူတ်ဆောင်ထားတယ်။ သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများအကြားမှာ သူအတော်နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင်ထွက်မဝယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။

သူဒီလောက်အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကိုစောင့်နေပါပြီ။

တစ်ရက်ကျတော့ မိုးအကြီးအကျယ်ရွာသွန်းတယ်၊ သူဖုန်းမီလာပြန်ပြီ၊ ကျောင်းသူတစ်ယောက်ဆီကဖြစ်တယ်။ သူမိုးထဲမှာချက်ချင်းပြေးထွက်သွားတယ်၊ ကျောင်းသူမှာတဲ့ထီးကို ချက်ချင်းပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကိုကျေးဇူးတင်လွန်းလို့ တစ်ချက်သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ဝန်ဆောင်မူကို ပြည့်၀အောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။

ဆောင်းရာသီကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိပ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကိုနှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။
“ အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကိုအပြေးမြန်တဲ့ချေထောက်အမွေပေးထားတယ်လေ၊ ဒါအဲဒီခြေထောက်ကို အားကိုးပြီး ဒီထက်အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူရှင်းပြပါတယ်။

ဒုတိယ Semester သူတစ်ယောက်တည်း မပြေးလွားတော့ပါ။ ဘဝတူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တစ်ကျောင်းလုံးကို ဝန်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ဝန်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။

ဝန်ဆောင်မူ ဧရိယာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံသွားတိုက်ဆေး၊ ကျောင်းသုံးကရိယာကအစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါဝင်လာပါတယ်။

စာသင်နှစ်တစ်နှစ်ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ဝယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော်ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတစ်ခု သူ့ကို ကျောင်းတွင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။

ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်၊ သူအောင်မြင်တဲ့ လမ်းပေါ်ကိုစတင်တက်လှမ်းနေပါပြီ။

သူစတုတ္တနှစ်ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနီးကို စုမိဆောင်းမိနေပါပြီ၊

သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တစ်ထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူနာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတစ်ဦးဖြစ်ပါတယ်။

အခုသူတက္ကသိုလ်နယ်မြေတစ်ခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ်ဖြစ်နေပါပြီ၊ သူရိုးရိုးရှင်းရှင်းပုံစံအတိုင်း နေထိုင်နေစဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတစ်ဘူးခပ်တိုင်း တစ်ယွမ်ယူနေဆဲပါ။ သူပြေးလွားနေဆဲပါ။

သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ ၊ မိဘဆင်းရဲတာကို ဝမ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား၊ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား၊
ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့စိတ်ကို တော်တော်ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များအားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိန်ိုင်ကြပါစေ။ မိဘထံလက်ဖြန့်တဲ့ဘဝမှ လွတ်နိုင်ကြပါစေ၊ ဘဝတိုးတက်မူခရီးလမ်းမှာ အပြေးမြန်န်ိုင်ကြပါစေ။

Ref: we chat
Aung Ko Latt

Leave a Reply