သာမန္လူမ်ား သြားေရာက္လည္ပတ္ခြင့္ မရွိတဲ့ ကမာၻတစ္လႊားမွ တားျမစ္နယ္ေျမမ်ား

Posted on

ေရးသားသူ – ေကာင္းစည္သူ(သုတစြယ္စုံ)

ယေန႔ကမာၻတစ္၀န္းတြင္ ခရီးသြားလုပ္ငန္းသည္ အရွိန္အဟုန္ျဖင့္ ဖြံ႕ၿဖိဳးလ်က္ရွိရာ ႏိုင္ငံအသီးသီးသည္ ခရီးသြားလုပ္ငန္းမွ ၀င္ေငြ အမ်ားအျပားရရွိႏိုင္ရန္ ခရီးသြားနယ္ေျမေဒသမ်ားကို ခ်ဲ႕ထြင္လ်က္ရွိသည္။ အထူးသျဖင့္ ေရွးေဟာင္းသမိုင္း၀င္ အေထာက္ အထား မ်ားရွိသည့္ ေနရာမ်ားသို႔လည္ပတ္ရန္ ခရီးသြားမ်ားက စိတ္၀င္စားမႈမ်ားျပားသျဖင့္ ေရွးေဟာင္းယဥ္ေက်းမႈႏွင့္ ဆက္ႏြယ္သည့္ ခရီး သြားလုပ္ငန္းသည္ ႏိုင္ငံအသီးသီးတြင္ ၀င္ေငြ အမ်ားဆုံးရရွိသည့္ ေနရာမ်ားျဖစ္လာခဲ့သည္။ ခရီးသြားမ်ားစိတ္၀င္စားမႈမ်ားျပား၍ ၀င္ေငြအမ်ားအျပားရရွိသည့္ ေဒသမ်ားျဖစ္သည့္တိုင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခရီးသြားမ်ားသြားေရာက္လည္ပတ္ခြင့္မျပဳေသာ ေနရာမ်ားလည္းရွိေနရာ ေအာက္ေဖာ္ျပပါ ၁၀ ေနရာသည္ အထင္ရွားဆုံးျဖစ္ေပသည္။

၁၀။ လက္စေကာက္စ္လိုဏ္ဂူမ်ား (Lascaux Caves: ျပင္သစ္)

ျပင္သစ္ႏိုင္ငံအေနာက္ေတာင္ပိုင္းတြင္တည္ရွိသည့္ လက္စေကာက္စ္သည္ သဘာ၀လိုဏ္ဂူမ်ားစုစည္းတည္ရွိေနသည့္ ေနရာတစ္ခု ျဖစ္ကာ ေက်ာက္ေခတ္ကာလအတြင္း ဂူမ်ားတြင္ေနထိုင္ခဲ့ၾကသည့္ ေရွးဦးလူသားမ်ားေရးဆြဲခဲ့သည့္ ဂူနံရံပန္းခ်ီ မ်ားေၾကာင့္ အလြန္ထင္ရွားသည့္ေနရာတစ္ခုျဖစ္သည္။

ယင္းဂူစုတြင္ ေက်ာက္ေခတ္ေႏွာင္းပိုင္းလက္ရာ ပန္းခ်ီလက္ရာ ၉၀၀ ရွိၿပီး လက္ရာမ်ားအားလုံးသည္ အၿပီးသတ္လုနီးပါး အေနအထားအတိုင္းက်န္ရွိေနသည္။ ပန္းခ်ီကားမ်ား၏ သက္တမ္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၇၃၀၀ ခန္႔က ေရးဆြဲထားခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ပညာရွင္မ်ားက ခန္႔မွန္းခဲ့ၾကသည္။ ယင္းပန္းခ်ီမ်ားတြင္အဓိက အားျဖင့္ ႀကီးမားေသာ တိရိစၦာန္မ်ား၏ ပုံမ်ားကို ဆြဲသားထားသည္။ေက်ာက္ေခတ္လူသားမ်ားသည္ မိမိတို႕ေနထိုင္ရွင္သန္ခဲ့သည့္အခ်ိန္က တိရိစၦာန္ပုံမ်ားကိုေရးဆြဲထားခဲ့ေၾကာင္း ယင္းတိရိစၦာန္အမ်ားစု၏ ေက်ာက္ျဖစ္ရုပ္ၾကြင္းအေထာက္အထားမ်ားေၾကာင့္ သိရွိႏိုင္ခဲ့ၾကသည္။

လက္စေကာက္စ္လိုဏ္ဂူမ်ားကို အမ်ားျပည္မ်ား လည္ပတ္ႀကည့္ရႈခြင့္ကို ၁၉၆၃ ခုႏွစ္ကတည္းက ပိတ္ပင္ထားခဲ့သည္။ သို႕တိုင္ေအာင္ လြန္ခဲ့ေသာ ႏွစ္မ်ားအတြင္း ဂူနံရံပန္းခ်ီမ်ားသည္ မရွင္းျပႏိုင္သည့္ အေၾကာင္းမ်ားေၾကာင့္ ပ်က္စီးမည့္ အႏၱရာယ္မ်ားျဖင့္ ရင္ဆိုင္ခဲ့ၾကသည္။ မိႈမ်ား တက္လာျခင္းကဲ့သို႔ ပန္းခ်ီမ်ား ထိုခိုက္မႈ အႏၱရာယ္ကိုတစ္စိတ္တစ္ပိုင္းသာထိန္းခ်ဳပ္ႏိုင္သည့္ အေၾကာင္းမ်ားလည္းပါ၀င္ခဲ့သည္။ ဂူမ်ားအတြင္း လူအမ်ား၀င္ေရာက္ျခင္းသည္ ပန္းခ်ီကားမ်ားကို ပ်က္စီးေစႏိုင္သျဖင့္ ဂူအတြင္းသို႔ လုံၿခဳံေရး၀န္ထမ္း တစ္ဦးကိုသာတစ္ပတ္လွ်င္ တစ္ႀကိမ္ အခ်ိန္အနည္းငယ္၀င္ခြင့္ျပဳထားသည္။ လက္စေကာက္စ္လိုဏ္ဂူမ်ားသည္ ၁၉၇၉ ခုႏွစ္တြင္ ကမာၻ႔ကုလသမဂၢ၊ ယူနက္စ္ကို အဖြဲ႕၏ ကမၻာ့အေမြအႏွစ္ေဒသအျဖစ္ ျပင္သစ္ႏိုင္ငံရွိ သမိုင္းမတင္မီကတည္းက တည္ရွိခဲ့သည့္ ဗီဇယ္ေရး ေတာင္ၾကားေဒသႏွင့္ အတူ အသိအမွတ္ျပဳျခင္းခံခဲ့ရသည္။

၉။ ပိုဗီဂလီယာကြ်န္းငယ္(Poveglia Small Island: အီတလီ)

ပိုဗီဂလီယာသည္ အီတလီႏိုင္ငံ ဗင္းနစ္စ္ၿမိဳ႕ႏွင့္ ဗာတီကန္ ကမ္းစပ္အိုင္ငယ္ လီဒို အႀကားတြင္ရွိသည့္ ကၽြန္းငယ္ေလးတစ္ခုျဖစ္သည္။ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ပိုဗီဂလီယာသည္ဒုကၡသည္မ်ားစုေ၀းရာ၊ ခံတပ္နယ္ေျမ၊ နယ္ႏွင္ဒဏ္ခံထားရသူမ်ား ေနရာ တစ္ခုျဖစ္ခဲ့ၿပီး ေရာဂါသည္မ်ားႏွင့္ ေသဆုံးသူမ်ားအား စြန္႔ပစ္သည့္ ေနရာလည္းျဖစ္ခဲ့သည္။ ဗင္းနစ္စ္ႏွင့္ ပိုဗီဂလီယာတြင္ ေအဒီ ၁၃၄၈ ခုႏွစ္တြင္ ပလိပ္ေရာဂါေဘးက်ေရာက္ခဲ့ရာ ပိုဗီဂလီယာ သည္ ေရာဂါသည္မ်ားသြားေရာက္ေနၾကရသည့္ နယ္ေျမတစ္ခု ျဖစ္ခဲ့သည္။ ပလိပ္ေရာဂါ ပ်ံ႕ႏွံ႕၍ ထိန္းခ်ဳပ္မရႏိုင္မည္ကို စိုးရိမ္ခဲ့ေသာ အာဏာပိုင္မ်ားသည္ ေရာဂါျဖစ္ပြားေနသည့္ မ်ားစြာေသာ ျပည္သူမ်ားကို ပိုဗီဂလီယာ သို႔ႏွင္ထုတ္ခဲ့သည္။

ကၽြန္း၏ အလယ္တြင္ ေသဆုံးေနသည့္ အေလာင္းမ်ားႏွင့္ ေသလုေမ်ာပါးျဖစ္ေနျခင္း ေသဆုံးၿပီဟု ယူဆခံရသူမ်ား ကိုစုပုံကာမီးရိႈ႕ခဲ့ၾကသည္။ ၁၆၃၀ ျပည့္ႏွစ္ကျမိဳ႕ေတာ္တြင္ ေရာဂါဘယမ်ားထူေျပာလာခဲ့ခ်ိန္၌ ကၽြန္းေပၚမွ မီးခိုးလုံးမ်ား ထပ္မံထြက္ခဲ့သည္။ ၂၀ ရာစုတြင္ ပိုဗီဂလီယာကို စြန္႔ပစ္ေနရာတစ္ခုအျဖစ္ ထပ္မံအသုံးျပဳခဲ့ၾကကာ ၁၉၂၂ ခုႏွစ္တြင္ ကၽြန္းေပၚရွိ အေဆာက္အအုံမ်ားအား စိတ္က်န္းမာေရးေဆးရုံအျဖစ္ေျပာင္းလဲခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ စိတ္က်န္းမာေရးေဆးရုံကို ပိတ္သိမ္းခဲ့သည္။ ပါးစပ္ေျပာရာဇ၀င္မ်ားအရ ပိုဗီဂလီယာကၽြန္းႏွင့္ ပတ္၀န္းက်င္ေနရာမ်ားသည္ ပလိပ္ေရာဂါႏွင့္စစ္ေဘးေၾကာင့္ ေသဆုံးခဲ့ ၾကသူမ်ား၏ ၀ိညာဥ္မ်ားေျခာက္လွန္႔သည့္ေနရာျဖစ္သည္ဟုဆိုၾကသည္။

ထို႔အတူပင္ လူနာမ်ားကို ႏွိပ္စက္သတ္ျဖတ္ခဲ့သည္ဟုဆို သည့္ ဆရာ၀န္ တေစၦကလည္းေျခာက္လွန္႕သည္ဟု နာမည္ႀကီးသည္။ ယေန႔အခ်ိန္အခါတြင္ ပိုဗီဂလီယာကၽြန္းသို႔ ျပည္တြင္းျပည္ပ ခရီးသြားမ်ားအားသြားေရာက္ခြင့္ ပိတ္ပင္ထားသည္။ လြန္ခဲ့ေသာ ႏွစ္မ်ားအတြင္းက အီတလီ ေဆာက္လုပ္ေရး အဖြဲ႕မ်ားသည္ ပိုဗီဂလီယာကၽြန္းေပၚရွိ ေဆးရုံ အေဆာက္အဦေဟာင္းကို ျပဳျပင္ထိန္းသိမ္းရန္ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း မည္သည့္ အေၾကာင္းျပခ်က္မွ မရွိဘဲ ရုတ္တရက္ ရပ္ဆိုင္းသြားခဲ့သည္။

၈။ ဗာတီကန္ လွ်ိဳ႕၀ွက္ေမာ္ကြန္းတိုက္ (The Vatican Secret Archives: ဗာတီကန္)

ဗာတီကန္ၿမိဳ႕ေတာ္တြင္ရွိသည့္ လွ်ိဳ႕၀ွက္ ေမာ္ကြန္းတိုက္သည္ ပုပ္ရဟန္းမင္းႀကီး၏ ရိုမန္ကက္သလစ္ေက်ာင္းေတာ္အစိုးရ (the Holy See)က ျပ႒ာန္းခဲ့သည့္ ဥပေဒမ်ားအားလုံးကို သိမ္းဆည္းထားသည့္ ဗဟိုဌာနျဖစ္သည္။ ေမာ္ကြန္းတိုက္ အေဆာက္အဦး ၀င္ေပါက္သည္ ဗာတီကန္စာၾကည့္တိုက္၏ တစ္ဖက္တြင္တည္ရွိသည္။ ေမာ္ကြန္းတိုက္တြင္ ရာစုႏွစ္ေပါင္းမ်ားစြာ စုေဆာင္းထားသည့္ ေၾကညာခ်က္စာတမ္းမ်ား၊ ၀င္စာထြက္စာမ်ား၊ ပုပ္ရဟန္းမင္းႀကီးမ်ား၏ ေငြစာရင္းစာအုပ္မ်ား ႏွင့္ အျခားစာအုပ္စာတမ္းမ်ားစြာ ကို ထိန္းသိမ္းထားသည္။ ၁၇ ရာစုတြင္ ပဥၥမေျမာက္ ပုပ္ရဟန္းမင္းႀကီး၏ ညႊန္ၾကားခ်က္အရေမာ္ကြန္းတိုက္ကိုဗာတီကန္စာၾကည့္တိုက္ မွ သီးျခားခြဲထုတ္ခဲ့သည္။ စာၾကည့္တိုက္သို႕ လာေရာက္ႀကသည့္ သုေတသီမ်ားႏွင့္ အခ်ိဳ႕ေသာ ပုဂၢိဳလ္မ်ားအား ယင္းစာရြက္စာတမ္း မ်ားကိုၾကည့္ရႈႏိုင္ရန္ ကန္႔သတ္ခ်က္မ်ားစြာခ်မွတ္ထားခဲ့သည္။

၁၈၈၁ ခုႏွစ္တြင္ ျပင္ပပုဂၢိဳလ္မ်ားအား ၀င္ေရာက္ခြင့္မျပဳေတာ့ပဲ ေမာ္ကြန္းတိုက္ကို လုံး၀ပိတ္ထားခဲ့သည္။ သို႔ေသာ္ ေတရသေျမာက္(၁၃ဆက္ေျမာက္) ပုပ္ရဟန္းမင္းႀကီးက သုေတသီမ်ားအား ျပန္လည္၀င္ေရာက္ခြင့္ျပဳခဲ့ၿပီး ႏွစ္စဥ္ လူဦးေရ ၁၀၀၀ ခန္႕ ကိုစာရြက္စာတမ္းမ်ားအား ႀကည့္ရႈေလ့လာခြင့္ျပဳခဲ့သည္။ လွ်ိဳ႕၀ွက္ေမာ္ကြန္းတိုက္ဟူသည့္ အမည္သည္လွ်ိဳ႕၀ွက္ထိန္ခ်န္မႈကို ဆိုလိုျခင္းမဟုတ္ဘဲ ကိုယ္ပိုင္သီးသန္႕ဟူသည့္ အနက္ႏွင့္ နီးစပ္သည္။ ေမာ္ကြန္းတိုက္မွတ္တမ္းမ်ားသည္ ပုပ္ရဟန္းမင္းႀကီး၏ ကိုယ္ေရးပိုင္ဆိုင္မႈသာျဖစ္ၿပီး အျခားေသာ ေရာမရိုမန္ကက္သလစ္ဘာသာေရးဆိုင္ရာဌာနမ်ားက မပိုင္ဆိုင္ျခင္းဟူသည့္ အဓိပၸာယ္ ကို ေဆာင္သည္။ လွ်ိဳ႕၀ွက္ဟု သုံးႏႈန္းထားျခင္းသည္ ဂုဏ္ျပဳထိုက္သည့္ႀကီးျမတ္မႈကို ရည္ညႊန္းျခင္းျဖစ္သည္ ဟုဆိုေပသည္။

အမွန္တကယ္တြင္ ေမာ္ကြန္းတိုက္သည္ လ်ွိဳ႕၀ွက္ဖုံးကြယ္ထားျခင္းမဟုတ္သည့္အတြက္ မိမိႀကည့္ရႈလိုသည့္ မည္သည့္ စာရြက္စာတမ္းကို မဆို ခြင့္ျပဳခ်က္ေတာင္းခံ၍ ႀကည့္ရႈႏိုင္သည္။သို႔ေသာ္ ေမာ္ကြန္းတိုက္အတြင္းသို႕ကား မည္သူ႔ကိုမွ ၀င္ခြင့္မျပဳပါေခ်။ ဗာတီကန္ လွ်ိဳ႕၀ွက္ေမာ္ကြန္းတိုက္ရွိ စာရြက္စာတမ္းမ်ားတင္ထားသည့္ စင္မ်ားကိုဆန္႔လိုက္မည္ဆိုပါက ၅၂ မိုင္ခန္႕ရွိမည္ဟု ခန္႕မွန္းထားကာ လက္ေရြးစင္ကက္တေလာက္မ်ားတစ္ခုတည္းပင္လွ်င္ အတြဲေပါင္း ၃၅၀၀၀ ရွိသည္။ ေလ့လာသူမ်ားအေနျဖင့္အစိုးရ ပိုင္းဆိုင္ရာႏွင့္ သံတမန္ဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္မႈမ်ားအတြက္ လက္ရွိအခ်ိန္မွ ၇၅ ႏွစ္အတြင္းအေၾကာင္းအရာမ်ားကို ၾကည့္ရႈခြင့္ မရွိပါေခ်။

၇။ ဇိုင္ယြန္မာရီ ၀တ္ျပဳေက်ာင္း(Church of Our Lady Mary of Zion: အီသီယိုးပီးယား)

အီသီယိုးပီးယားႏိုင္ငံ၊ အာဆမ္ၿမိဳ႕တြင္တည္ရွိသည့္ အေရးအႀကီးဆုံး ခရစ္ယာန္ေက်ာင္းေတာ္ဟု သတ္မွတ္ထားသည့္ ဇိုင္ယြန္မာရီသည္ ေအဒီေလးရာစုအတြင္း အာဆမ္မင္းဆက္၏ ပထမဆုံးခရစ္ယာန္ဘာသာ၀င္ ဘုရင္ျဖစ္သူ အီဇာနာ၏ လက္ထက္တြင္ တည္ေဆာက္ခဲ့သည္ဟု ယူဆၾကသည္။ ယင္းေက်ာင္းေတာ္တြင္ ခရစ္ယာန္ဘာသာ သမၼာက်မ္းစာပါ ခရစ္ယာန္ဘာသာ၀င္မ်ား အတြက္ အေရးႀကီးေသာ ရုပ္၀တၳဳပစၥည္းတစ္ခုျဖစ္သည့္ the Ark of the Convenant သစ္သားေသတၱာရွိသည္ဟု ယုံႀကည္ႀကသည္။

the Ark of the Convenant သစ္သားေသတၱာ

ထုံးတမ္းစဥ္လာအရ ယင္းေသတၱာသည္ အီသီပီယိုးပီးယားဘုရင္ ေဆာ္လမြန္ထံ အစၥေရးမွ လာေရာက္လည္ပတ္သည့္ သားျဖစ္သူ ပထမမန္နီလစ္ႏွင့္ အတူပါလာခဲ့ေၾကာင္းဆိုၾကသည္။ ေက်ာင္းေတာ္အတြင္းသို႕ အရည္အေသြးျပည့္၀ေသာ အထူးေရြးခ်ယ္ထားေသာရဟန္းတစ္ပါးကိုသာ ၀င္ခြင့္ျပဳထားသည္။ က်န္ေသာ မည္သူတစ္ဦး တစ္ေယာက္ကိုမွ ၀င္ခြင့္မၿပဳရုံသာမက ေက်ာင္းေတာ္အနီးသို႕ပင္ လာေရာက္ခြင့္မျပဳပါေခ်။

၆။ ဂ်ိဳင္ဆူး အမ်ိဳးသားလုံၿခဳံေရး ပညာေရးျပတိုက္ (The Jiangsu National Security Education Museum: တရုတ္)

တရုတ္ႏိုင္ငံ၏ေထာက္လွမ္းေရး သမိုင္းမွတ္တမ္းႏွင့္ ဆက္စပ္သည့္ ထိပ္တန္းလွ်ိဳ႕၀ွက္စာရြက္စာတမ္းမ်ားကို ဂ်ိဳင္ဆူးအမ်ိဳး သား လုံၿခဳံေရးပညာေရးျပတိုက္တြင္ ထိန္းသိမ္းထားကာ မည္သည့္ ႏိုင္ငံျခားသားကိုမွ လာေရာက္ခြင့္မျပဳပါေခ်။ ယင္းျပတိုက္တြင္ ၁၉၂၇ ခုႏွစ္တြင္ တရုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ၏ ေထာက္လွမ္းေရးဌာနကို ထူေထာင္ခဲ့ခ်ိန္မွ ၁၉၈၀ ျပည့္ႏွစ္အထိ အသုံး ျပဳခဲ့သည့္ စာရြက္စာတမ္း၊မွတ္တမ္းမ်ားႏွင့္ေထာက္လွမ္းေရးသုံး ပစၥည္းကိရိယာမ်ားကို ထိန္းသိမ္းထားသည္။

ယင္းတို႕တြင္ ေသး ငယ္ေသာ ပစၥတိုေသနတ္မ်ား၊ ႏႈတ္ခမ္းနီေတာင့္သဖြယ္ ပုံေျပာင္းထားသည့္ေသနတ္မ်ား၊ ကေလးကစားစရာအရြယ္ ကင္မရာမ်ား၊အသံ နားေထာင္သည့္ လွ်ိဳ႕၀ွက္၀ါယာႀကိဳးမ်ား၊ စာရြက္စာတမ္းမ်ားကြယ္၀ွက္ရန္အသုံးျပဳသည့္ အေခါင္းပါဒဂၤါးျပားမ်ား၊ ေျမပုံမ်ား ၀ွက္ထားသည့္ ဖဲခ်ပ္မ်ားစသည့္ ေထာက္လွမ္းေရး ပစၥည္းမ်ားကို စုေဆာင္းထားသည္။ ျပတိုက္အတြင္းသို႕ တရုတ္ႏိုင္ငံသားမ်ားကိုသာ ၀င္ေရာက္ခြင့္ျပဳၿပီး ျပည္ပႏိုင္ငံသားမ်ားအား တရုတ္ႏိုင္ငံ၏ ေထာက္လွမ္းေရး အခ်က္အလက္မ်ားကို မျမင္ေတြ႕ေစလိုသျဖင့္ လာေရာက္ခြင့္မျပဳပါေခ်။ တရုတ္ႏိုင္ငံသားမ်ားအားျပတိုက္အတြင္းသို႕၀င္ေရာက္ ခြင့္ျပဳသည့္တိုင္္ ဓာတ္ပုံရိုက္ျခင္းကို တားျမစ္ထားသည္။

၅။ ႏိုင္ေဟာင္းကၽြန္း(Niihau: ဟာ၀ိုင္ယီ)

ႏိုင္ေဟာင္းသည္ ဟာ၀ိုင္ယီတြင္ သတၱမေျမာက္ အႀကီးဆုံးကၽြန္းျဖစ္ၿပီးကၽြန္းေပၚတြင္ မည္သည့္ လမ္းမွ်မရွိပါေခ်။ ထို႔အတူ ကုန္တိုက္မ်ား၊စားေသာက္ဆိုင္မ်ားမရွိသကဲ့သို႕ လွ်ပ္စစ္ဓာတ္အားလိုင္းလည္း မရွိ၊ ေရသြယ္တန္းစနစ္လည္းမရွိပါေခ်။သို႕ေသာ္ ႏိုင္ ေဟာင္းသည္ ဟာ၀ိုင္ယီတြင္ လွ်ပ္စစ္ဓာတ္အားအစားေနေရာင္စြမ္းအင္ကိုသာလုံ၀ အမီွျပဳသည့္ တစ္ခုတည္းေသာ ေက်ာင္းတစ္ေက်ာင္းရွိသည္။

ႏိုင္ေဟာင္းကို အဲလိဇဘက္ စင္ကလဲယားက ၁၈၆၄ ခုႏွစ္တြင္ ဟာ၀ိုင္ယီ ဘုရင္ထံမွ ၀ယ္ယူခဲ့ၿပီး ကၽြန္း၏ ပုဂၢလိကပိုင္ ဆိုင္မႈသည္ သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းခဲ့ရာ ေရာ္ဘင္ဆင္မိသားစုထံေရာက္ရွိခဲ့သည္။ ၁၉၁၅ ခုႏွစ္တြင္ စင္ကလဲယား၏ ေျမးျဖစ္သူ ေအာဘေရး ေရာ္ဘင္ဆင္သည္ ကၽြန္းရွိ တိုင္းရင္းသားယဥ္ေက်းမႈမ်ားႏွင့္ သဘာ၀ေတာရိုင္းတိရိစၦာန္မ်ားကို ထိန္းသိမ္းကာကြယ္ရန္ ဟုဆိုကာ ကၽြန္းေပၚသို႔ လူမ်ားလာေရာက္လည္ပတ္ခြင့္ကို ပိတ္ပင္ခဲ့သည္။ ကၽြန္းေပၚတြင္ ေနထိုင္လ်က္ရွိႀကသူမ်ား၏ ေဆြမ်ိဳးမ်ားသည္ပင္ အထူးခြင့္ျပဳခ်က္ရရွိမွသာ လာေရာက္ၾကရသည္။

ယခုအခါတြင္ ကၽြန္းပိုင္ရွင္မ်ား၏ မိသားစုမ်ား၊ ကၽြန္းတြင္ေနထိုင္ၾကသူမ်ား၊ အေမရိကန္ႏိုင္ငံ၊ ေရတပ္မွ ပုဂၢိဳလ္မ်ား၊အစိုးရ တာ၀န္ရွိသူမ်ားႏွင့္ အထူးဖိတ္ၾကားခံရေသာ ပုဂၢိဳလ္မ်ားမွလြဲ၍ ႏိုင္ေဟာင္းသို႔လာေရာက္ခြင့္ကို ပိတ္ပင္ထားသည္။ ကၽြန္းသို႕ရဟတ္ ယာဥ္ျဖင့္ လာေရာက္ၾကျခင္းသည္ပင္လွ်င္ အလြန္နည္းပါးသည္။ ကၽြန္းသို႕ ေရာက္ရွိခဲ့သူမ်ားသည္ ကမ္းေျခတစ္ေလ်ာက္ ေလ်ာက္သြားႏိုင္ၾကကာ တင္းက်ပ္စြာ တားျမစ္ခံထားသည့္ ကၽြန္းေနေဒသခံမ်ားကို ေနရာမေရြးျမင္ေတြ႕ၾကရသည္။ ႏိုင္ေဟာင္းကၽြန္းသည္ ဟာ၀ိုင္ယီရွိ တားျမစ္နယ္ေျမ ကၽြန္းငယ္ေလးအျဖစ္ လူအမ်ား၏ စိတ္၀င္စားမႈကို ရရွိထားသည္။

၄။ ထင္းရူးကြက္လပ္(Pine Gap: ၾသစေႀတးလ်)

ပိုင္းဂက္ပ္သည္ ႀသစေႀတလ်ႏိုင္ငံ၏ တစ္ခုတည္းေသာ တားျမစ္နယ္ေျမ ျဖစ္ၿပီး ၾသစေႀတလ်ႏိုင္ငံ အလယ္ပိုင္းရွိ အဲလစ္စ္ စပရင္းၿမိဳ႕၏ အေနာက္ေတာင္ဘက္ ၁၈ ကီလိုမီတာအကြာတြင္တည္ရွိသည္။ ပိုင္းဂက္ပ္သည္ ၿဂိဳလ္တုေထာက္လွမ္းေရးစခန္း တစ္ခု၏ အမည္ျဖစ္ၿပီး ႀသစေႀတလ်ႏိုင္ငံႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ လုပ္ငန္းမ်ားေဆာင္ရြက္ေနသည့္ စခန္းျဖစ္သည္။ စခန္းအတြင္း ႀကီးမားေသာ ကြန္ပ်ဴတာ ကြန္ရက္ထူေထာင္ထားကာ အင္တာနာမ်ားကို ကာကြယ္မႈျပဳထားသည့္ ေရဒါအရံအတား ၁၄ ခုရွိ၍ ၀န္ထမ္း ၈၀၀ တာ၀န္ ထမ္းေဆာင္ေနၾကသည္။

ပိုင္းဂတ္စ္သည္ ဗ်ဴဟာေျမာက္ အေရးပါေသာ ေနရာတြင္တည္ရွိေနၿပီး တရုတ္၊ ရုရွႏိုင္ငံ၏ ေနရာေဒသ အစိတ္အပိုင္း အခ်ိဳ႕၊ အေရွ႕ အလယ္ပိုင္းရွိ ေရနံတြင္းမ်ားႏွင့္ တတိယကမာၻႏိုင္ငံမ်ားသို႕ ေထာက္လွမ္းသည့္ အေမရိကန္ႏိုင္ငံ ၿဂိဳလ္တုမ်ားအား ပိုင္းဂတ္စ္မွ ထိန္းခ်ဳပ္မႈမ်ားျပဳလုပ္သည္။ ပိုင္းဂတ္စ္ကို ႀသစေႀတးလ်ႏိုင္ငံအလယ္ပိုင္းတြင္ ထားရွိရန္ေရြးခ်ယ္ခဲ့ျခင္းသည္ အျပည္ ျပည္ဆိုင္ရာ ေရပိုင္နက္အတြင္း ျဖတ္သန္းခုတ္ေမာင္းေနၾကသည့္ ေထာက္လွမ္းေရးေရယာဥ္မ်ား၏ ၾကားျဖတ္ ေရဒီယိုလိႈင္းမ်ား ဖမ္းယူႏိုင္သည့္အကြာအေ၀း မွ အလြန္အလွမ္းေ၀းေသာေၾကာင့္ျဖစ္ေပသည္။

၃။ နီေဂ့ဗ္ နယူကလီယား သုေတသနဌာန(Negev Nuclear Research Center:အစၥေရး)

အစၥေရးႏိုင္ငံ၏ နီေဂ့ဗ္ သဲကႏၱာရအတြင္းတည္ေဆာက္ထားသည့္ နယူးကလီယား သုေတသနဌာနသည္ နယူးကလီယား တပ္ဆင္သည့္ ေနရာျဖစ္ၿပီး ဒီမိုနာၿမိဳ႕မွ အေရွ႕ေတာင္ဘက္သို႔ ၁၃ ကီလိုမီတာ ကြာေ၀းသည္။ ယင္းအေဆာက္အဦကို ၁၉၅၈ ခုႏွစ္ တြင္ ျပင္သစ္ႏိုင္ငံ၏ အကူအညီျဖင့္စတင္တည္ေဆာက္ခဲ့ၿပီး ဌာန၏ သတင္းအခ်က္အလက္မ်ားကို တင္းတင္းက်ပ္က်ပ္ စီစစ္ခ်ဳပ္ကိုင္ထားသည္။ သို႕ေသာ္ ၁၉၈၆ ခုႏွစ္တြင္ ဒီမိုနာမွ ကၽြမ္းက်င္သူတစ္ဦးျဖစ္ခဲ့သူ မိုေဒခ်ယ္ဗာႏူးႏူးသည္ အေမရိကန္ႏိုင္ငံသို႔ထြက္ေျပးခဲ့ၿပီး အစၥေရးႏိုင္ငံ၏ နယူးကလီးယား လုပ္ငန္း အစီအစဥ္အေထာက္အထားအခ်ိဳ႕ကို သတင္းဌာနမ်ားသို႔ဖြင့္ဟခဲ့ၿပီး သုေတသနဌာနအတြင္းရွိ အေဆာက္အအုံတစ္ခုခ်င္းစီ၏ ရည္ရြယ္ခ်က္မ်ားႏွင့္ သုေတသနဌာန၏ ေအာက္တည့္တည့္တြင္ရွိသည့္ထိပ္တန္းလွ်ိဳ႕၀ွက္ေျမေအာက္အေဆာက္အဦမ်ားကို ေဖာ္ထုတ္ခဲ့သည္။

စာနယ္ဇင္း သတင္းမ်ားက ၂၀၁၂ ခုႏွစ္၊ ဇန္န၀ါရီလတြင္ အစၥေရးႏိုင္ငံ အႏုျမဴစြမ္းအင္ေကာ္မရွင္သည္ သုေတသန ဗဟို ဌာနရွိ နယူးကလီးယား ဓာတ္အားေပးရုံကို အနည္းဆုံးယာယီအားျဖင့္ျဖစ္ေစ ပိတ္ထားရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ညႊန္းဆိုခဲ့ၾကသည္။ ယင္းဆုံးျဖတ္ခ်က္၏အဓိကအေၾကာင္းရင္းသည္ အီရန္တို႕တိုက္ခိုက္မည့္အႏၱရာယ္ကို ကာကြယ္ရန္ျဖစ္သည္။၂၀၁၂ ခုႏွစ္ ေအာက္တို ဘာလႏွင့္ ႏို၀င္ဘာလတြင္ ဟားမားစ္တို႔က ဒိုင္မိုနာရွိ နယူးကလီယား သုေတသနဌာနကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ ခဲ့ ေသာ္လည္း တစ္စုံတစ္ရာ ထိခိုက္ပ်က္စီးျခင္းမရွိခဲ့ပါေခ်။ ထို႔ေၾကာင့္ နယူးကလီယား သုေတသနဌာနအေပၚ ေလပိုင္နက္ကို ေလယာဥ္အားလုံး မျဖတ္သန္းရန္ ပိတ္ပင္ခဲ့သည္။ထို႕ ေၾကာင့္ ယင္းေနရာသို႕ တရားမ၀င္ လာေရာက္မႈမ်ားကိုကာကြယ္ရန္ သုေတသန ဌာန ၀န္းက်င္တစ္ခုလုံးကို အခိုင္အမာ လုံၿခဳံ မႈျပဳ ထားၿပီး ၿခံစည္းရိုးမ်ား ကာရံခဲ့သည္။

၂။ အီစဲနတ္ကြန္း(Ise Grand Shrine: ဂ်ပန္)

အီေစးသည္ ဂ်ပန္နတ္သမီးတစ္ပါးျဖစ္သည့္ အမာေတရာစု အိုမီကာမီအား လွဴဒါန္းခဲ့သည့္ ခမ္းနားေသာ ရွင္တိုနတ္ကြန္းႀကီးတစ္ခုျဖစ္ကာ အဓိကနတ္ကြန္းႏွစ္ခု၊ နတ္ကြန္းငယ္ေပါင္း ၁၂၅ ခုျဖင့္ ဖြဲ႕စည္းထားသည္။ အီေစးသည္ ဂ်ပန္ႏိုင္ငံတြင္ ဘာသာ ေရးဆိုင္ရာ အျမင့္ျမတ္ဆုံးႏွင့္ အေရးအႀကီးဆုံးေနရာမ်ားအနက္ တစ္ခုျဖစ္သည္။ သို႕ေသာ္ အီေစးသို႔ ၀င္ေရာက္ခြင့္ကိုတင္းက်ပ္စြာ ကန္႔သတ္ထားၿပီး ဂ်ပန္ေတာ္၀င္မိသားစု၀င္ရဟန္းႏွင့္ သီလရွင္မ်ားကိုသာ ၀င္ခြင့္ျပဳသည္။ အီေစးနတ္ကြန္း၀င္းကို ကာရံထားသည့္ ျမင့္မားေသာ သစ္သားစည္းရိုးမ်ားေနာက္တြင္ပုန္းကြယ္ထားသကဲ့သို႕ျဖစ္ေနသည့္ အေဆာက္အဦမ်ား၏ အမိုးအနည္းငယ္ကိုသာ အမ်ားျပည္သူက ျမင္ခြင့္ရွိသည္။

အီေစးဂ်င္ဂူ နတ္ကြန္းအတြင္းရွိ အဓိက အေဆာက္အအုံႏွစ္ခု ျဖစ္သည့္ အတြင္းနတ္ကြန္းႏိုင္ကူးႏွင့္ အျပင္နတ္ကြန္း ဂ်ီကူတို႔ကို ႏွစ္ ၂၀ ျပည့္တိုင္း ျပန္လည္တည္ ေဆာက္ေလ့ရွိသည္။ ထို႕အတူ နတ္ကြန္း၀န္းအတြင္း ျပန္လည္တည္ေဆာက္ရန္ လိုအပ္သည့္ အျခားအေဆာက္အအုံမ်ားကို လြန္ခဲ့ေသာ ႏွစ္ ၁၀၀၀ ေက်ာ္ကရွိခဲ့သည့္ ပုံစံအတိုင္းျပန္လည္ တည္ေဆာက္သည္။ ယင္းသို႕ ျပန္လည္တည္ေဆာက္သည့္ ထုံးတမ္းစဥ္လာသည္ ရွင္တိုဘာသာ၀င္တို႔၏ ယုံႀကည္မႈ တစ္စိတ္တစ္ပိုင္းျဖစ္သည္။ ထိုသို႕ျပဳလုပ္ျခင္းသည္ မ်ိဳးဆက္တစ္ခုမွတစ္ခုသို႔ ေရွးေဟာင္း အေဆာက္အဦး တည္ေဆာက္မႈ နည္းပညာမ်ားကို တန္ဖိုးမျဖတ္ႏိုင္ေအာင္ လက္ဆင့္ကမ္းေနသည့္ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ေျပာဆိုၾကသည္။

၁။ လွ်ိဳ႕၀ွက္ ေျမေအာက္ ရထားစနစ္(Metro-2: ရုရွား)

ရုရွားႏိုင္ငံရွိ မက္ထရိုတူးသည္ ေမာ္စကိုၿမိဳ႕ရွိ လွ်ိဳ႕၀ွက္ေျမေအာက္ရထား ဟန္ျပဳထားသည့္ စနစ္ကိုမွည့္ေခၚထားသည့္ တရား၀င္မဟုတ္ေသာ အမည္ျဖစ္သည္။ မက္ထရိုတူးသည္ ေမာ္စကိုၿမိဳ႕၏ ေျမေအာက္ရထားလမ္းႏွင့္ အၿပိဳင္တည္ရွိေနကာ ဆိုဗီယက္ ေခါင္းေဆာင္ ဂ်ိဳးဇက္စတာလင္ လက္ထက္တြင္ စတင္တည္ေဆာက္ခဲ့သည္ဟုဆိုၾကၿပီး ရုရွေထာက္လွမ္းေရးအဖြဲ႕ (ေကဂ်ီဘီ)က D 6 ဟုလွ်ိဳ႕၀ွက္သေကၤတျဖင့္ အမွတ္အသားျပဳသည္။ ယင္းစနစ္ကို ကာကြယ္ေရး၀န္ႀကီးဌာနႏွင့္ အထူးအစီအစဥ္မ်ား ညႊန္ႀကားမႈရုံးက ယခုတိုင္အသုံးျပဳဆဲျဖစ္သည္ဟု ဆိုၾကသည္။

အရပ္ေျပာစကားမ်ားအရ မက္ထရိုတူးသည္ အမ်ားျပည္သူသုံးေျမေအာက္ရထားလမ္းထက္ ပိုမိုရွည္လ်ားၿပီး ေျမေအာက္ မီတာ ၅၀ မွ ၂၀၀ အႀကားတြင္ လိုင္းေလးခုရွိသည္။ ယင္းေျမေအာက္လိုင္းသည္ ကရင္မလင္နန္းေတာ္ႏွင့္ ျပည္ေထာင္စုလုံၿခဳံေရး လုပ္ငန္း (FSB) ဌာနခ်ဳပ္ကို ဆက္သြယ္ထားၿပီး Vnukovo-2 အစိုးရ ေလယာဥ္ကြင္း၊ ေျမေအာက္ၿမိဳ႕ေတာ္ ရာမန္ကီႏွင့္ အျခား အေရးႀကီးေနရာမ်ားကိုပါ ဆက္သြယ္ထားသည္။ ၁၉၉၄ ခုႏွစ္တြင္ ၿမိဳ႕ျပတိုင္းထြာေရးအဖြဲ႕တစ္ဖြဲ႕ေခါင္းေဆာင္က ေျမေအာက္စနစ္တည္ေဆာက္ထားသည့္ ေနရာ၏ ၀င္ေပါက္ကို တူးေဖာ္ေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည္။သို႔ေသာ္ သတင္းအခ်က္အလက္မ်ားအားလုံးသည္ေျပာစကားအျဖစ္သာ တည္ရွိေနၿပီး ဓာတ္ပုံကဲ့သို႕ေသာ အေထာက္အထားမ်ားမ်ားကို မျပသႏိုင္ခဲ့ၾကပါေခ်။ မက္ထရိုတူးေဆာက္လုပ္ေရးတြင္ကူညီခဲ့ၾကျခင္းမ်ား၊ ျမင္ဖူးၾကသူမ်ားရွိသည္ဟု ဆိုေနၾကေသာ္လည္း ခိုင္မာရွင္းလင္းမႈ မရွိပါေခ်။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၆ ခုႏွစ္ႏို၀င္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

—————————————————–

သာမန်လူများ သွားရောက်လည်ပတ်ခွင့် မရှိတဲ့ ကမ္ဘာတစ်လွှားမှ တားမြစ်နယ်မြေများ (unicode)

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

ယနေ့ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိရာ နိုင်ငံအသီးသီးသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အများအပြားရရှိနိုင်ရန် ခရီးသွားနယ်မြေဒေသများကို ချဲ့ထွင်လျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းသမိုင်းဝင် အထောက် အထား များရှိသည့် နေရာများသို့လည်ပတ်ရန် ခရီးသွားများက စိတ်ဝင်စားမှုများပြားသဖြင့် ရှေးဟောင်းယဉ်ကျေးမှုနှင့် ဆက်နွယ်သည့် ခရီး သွားလုပ်ငန်းသည် နိုင်ငံအသီးသီးတွင် ဝင်ငွေ အများဆုံးရရှိသည့် နေရာများဖြစ်လာခဲ့သည်။
ခရီးသွားများစိတ်ဝင်စားမှုများပြား၍ ဝင်ငွေအများအပြားရရှိသည့် ဒေသများဖြစ်သည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားများသွားရောက်လည်ပတ်ခွင့်မပြုသော နေရာများလည်းရှိနေရာ အောက်ဖော်ပြပါ ၁၀ နေရာသည် အထင်ရှားဆုံးဖြစ်ပေသည်။

၁၀။ လက်စကောက်စ်လိုဏ်ဂူများ (Lascaux Caves: ပြင်သစ်)

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းတွင်တည်ရှိသည့် လက်စကောက်စ်သည် သဘာဝလိုဏ်ဂူများစုစည်းတည်ရှိနေသည့် နေရာတစ်ခု ဖြစ်ကာ ကျောက်ခေတ်ကာလအတွင်း ဂူများတွင်နေထိုင်ခဲ့ကြသည့် ရှေးဦးလူသားများရေးဆွဲခဲ့သည့် ဂူနံရံပန်းချီ များကြောင့် အလွန်ထင်ရှားသည့်နေရာတစ်ခုဖြစ်သည်။

ယင်းဂူစုတွင် ကျောက်ခေတ်နှောင်းပိုင်းလက်ရာ ပန်းချီလက်ရာ ၉၀၀ ရှိပြီး လက်ရာများအားလုံးသည် အပြီးသတ်လုနီးပါး အနေအထားအတိုင်းကျန်ရှိနေသည်။ ပန်းချီကားများ၏ သက်တမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၇၃၀၀ ခန့်က ရေးဆွဲထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။ ယင်းပန်းချီများတွင်အဓိက အားဖြင့် ကြီးမားသော တိရိစ္ဆာန်များ၏ ပုံများကို ဆွဲသားထားသည်။ကျောက်ခေတ်လူသားများသည် မိမိတို့နေထိုင်ရှင်သန်ခဲ့သည့်အချိန်က တိရိစ္ဆာန်ပုံများကိုရေးဆွဲထားခဲ့ကြောင်း ယင်းတိရိစ္ဆာန်အများစု၏ ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အထားများကြောင့် သိရှိနိုင်ခဲ့ကြသည်။

လက်စကောက်စ်လိုဏ်ဂူများကို အများပြည်များ လည်ပတ်ကြည့်ရှုခွင့်ကို ၁၉၆၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့သည်။ သို့တိုင်အောင် လွန်ခဲ့သော နှစ်များအတွင်း ဂူနံရံပန်းချီများသည် မရှင်းပြနိုင်သည့် အကြောင်းများကြောင့် ပျက်စီးမည့် အန္တရာယ်များဖြင့် ရင်ဆိုင်ခဲ့ကြသည်။ မှိုများ တက်လာခြင်းကဲ့သို့ ပန်းချီများ ထိုခိုက်မှု အန္တရာယ်ကိုတစ်စိတ်တစ်ပိုင်းသာထိန်းချုပ်နိုင်သည့် အကြောင်းများလည်းပါဝင်ခဲ့သည်။ ဂူများအတွင်း လူအများဝင်ရောက်ခြင်းသည် ပန်းချီကားများကို ပျက်စီးစေနိုင်သဖြင့် ဂူအတွင်းသို့ လုံခြုံရေးဝန်ထမ်း တစ်ဦးကိုသာတစ်ပတ်လျှင် တစ်ကြိမ် အချိန်အနည်းငယ်ဝင်ခွင့်ပြုထားသည်။ လက်စကောက်စ်လိုဏ်ဂူများသည် ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ပြင်သစ်နိုင်ငံရှိ သမိုင်းမတင်မီကတည်းက တည်ရှိခဲ့သည့် ဗီဇယ်ရေး တောင်ကြားဒေသနှင့် အတူ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

၉။ ပိုဗီဂလီယာကျွန်းငယ်(Poveglia Small Island: အီတလီ)

ပိုဗီဂလီယာသည် အီတလီနိုင်ငံ ဗင်းနစ်စ်မြို့နှင့် ဗာတီကန် ကမ်းစပ်အိုင်ငယ် လီဒို အကြားတွင်ရှိသည့် ကျွန်းငယ်လေးတစ်ခုဖြစ်သည်။ရာစုနှစ်ပေါင်းများစွာကတည်းက ပိုဗီဂလီယာသည်ဒုက္ခသည်များစုဝေးရာ၊ ခံတပ်နယ်မြေ၊ နယ်နှင်ဒဏ်ခံထားရသူများ နေရာ တစ်ခုဖြစ်ခဲ့ပြီး ရောဂါသည်များနှင့် သေဆုံးသူများအား စွန့်ပစ်သည့် နေရာလည်းဖြစ်ခဲ့သည်။ ဗင်းနစ်စ်နှင့် ပိုဗီဂလီယာတွင် အေဒီ ၁၃၄၈ ခုနှစ်တွင် ပလိပ်ရောဂါဘေးကျရောက်ခဲ့ရာ ပိုဗီဂလီယာ သည် ရောဂါသည်များသွားရောက်နေကြရသည့် နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ပလိပ်ရောဂါ ပျံ့နှံ့၍ ထိန်းချုပ်မရနိုင်မည်ကို စိုးရိမ်ခဲ့သော အာဏာပိုင်များသည် ရောဂါဖြစ်ပွားနေသည့် များစွာသော ပြည်သူများကို ပိုဗီဂလီယာ သို့နှင်ထုတ်ခဲ့သည်။

ကျွန်း၏ အလယ်တွင် သေဆုံးနေသည့် အလောင်းများနှင့် သေလုမျောပါးဖြစ်နေခြင်း သေဆုံးပြီဟု ယူဆခံရသူများ ကိုစုပုံကာမီးရှို့ခဲ့ကြသည်။ ၁၆၃၀ ပြည့်နှစ်ကမြို့တော်တွင် ရောဂါဘယများထူပြောလာခဲ့ချိန်၌ ကျွန်းပေါ်မှ မီးခိုးလုံးများ ထပ်မံထွက်ခဲ့သည်။ ၂၀ ရာစုတွင် ပိုဗီဂလီယာကို စွန့်ပစ်နေရာတစ်ခုအဖြစ် ထပ်မံအသုံးပြုခဲ့ကြကာ ၁၉၂၂ ခုနှစ်တွင် ကျွန်းပေါ်ရှိ အဆောက်အအုံများအား စိတ်ကျန်းမာရေးဆေးရုံအဖြစ်ပြောင်းလဲခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် စိတ်ကျန်းမာရေးဆေးရုံကို ပိတ်သိမ်းခဲ့သည်။ ပါးစပ်ပြောရာဇဝင်များအရ ပိုဗီဂလီယာကျွန်းနှင့် ပတ်ဝန်းကျင်နေရာများသည် ပလိပ်ရောဂါနှင့်စစ်ဘေးကြောင့် သေဆုံးခဲ့ ကြသူများ၏ ဝိညာဉ်များခြောက်လှန့်သည့်နေရာဖြစ်သည်ဟုဆိုကြသည်။

ထို့အတူပင် လူနာများကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟုဆို သည့် ဆရာဝန် တစ္ဆေကလည်းခြောက်လှန့်သည်ဟု နာမည်ကြီးသည်။ ယနေ့အချိန်အခါတွင် ပိုဗီဂလီယာကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများအားသွားရောက်ခွင့် ပိတ်ပင်ထားသည်။ လွန်ခဲ့သော နှစ်များအတွင်းက အီတလီ ဆောက်လုပ်ရေး အဖွဲ့များသည် ပိုဗီဂလီယာကျွန်းပေါ်ရှိ ဆေးရုံ အဆောက်အဦဟောင်းကို ပြုပြင်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြသော်လည်း မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။

၈။ ဗာတီကန် လျှို့ဝှက်မော်ကွန်းတိုက် (The Vatican Secret Archives: ဗာတီကန်)

ဗာတီကန်မြို့တော်တွင်ရှိသည့် လျှို့ဝှက် မော်ကွန်းတိုက်သည် ပုပ်ရဟန်းမင်းကြီး၏ ရိုမန်ကက်သလစ်ကျောင်းတော်အစိုးရ (the Holy See)က ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအားလုံးကို သိမ်းဆည်းထားသည့် ဗဟိုဌာနဖြစ်သည်။ မော်ကွန်းတိုက် အဆောက်အဦး ဝင်ပေါက်သည် ဗာတီကန်စာကြည့်တိုက်၏ တစ်ဖက်တွင်တည်ရှိသည်။ မော်ကွန်းတိုက်တွင် ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် ကြေညာချက်စာတမ်းများ၊ ဝင်စာထွက်စာများ၊ ပုပ်ရဟန်းမင်းကြီးများ၏ ငွေစာရင်းစာအုပ်များ နှင့် အခြားစာအုပ်စာတမ်းများစွာ ကို ထိန်းသိမ်းထားသည်။ ၁၇ ရာစုတွင် ပဥ္စမမြောက် ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားချက်အရမော်ကွန်းတိုက်ကိုဗာတီကန်စာကြည့်တိုက် မှ သီးခြားခွဲထုတ်ခဲ့သည်။ စာကြည့်တိုက်သို့ လာရောက်ကြသည့် သုတေသီများနှင့် အချို့သော ပုဂ္ဂိုလ်များအား ယင်းစာရွက်စာတမ်း များကိုကြည့်ရှုနိုင်ရန် ကန့်သတ်ချက်များစွာချမှတ်ထားခဲ့သည်။

၁၈၈၁ ခုနှစ်တွင် ပြင်ပပုဂ္ဂိုလ်များအား ဝင်ရောက်ခွင့်မပြုတော့ပဲ မော်ကွန်းတိုက်ကို လုံးဝပိတ်ထားခဲ့သည်။ သို့သော် တေရသမြောက်(၁၃ဆက်မြောက်) ပုပ်ရဟန်းမင်းကြီးက သုတေသီများအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီး နှစ်စဉ် လူဦးရေ ၁၀၀၀ ခန့် ကိုစာရွက်စာတမ်းများအား ကြည့်ရှုလေ့လာခွင့်ပြုခဲ့သည်။ လျှို့ဝှက်မော်ကွန်းတိုက်ဟူသည့် အမည်သည်လျှို့ဝှက်ထိန်ချန်မှုကို ဆိုလိုခြင်းမဟုတ်ဘဲ ကိုယ်ပိုင်သီးသန့်ဟူသည့် အနက်နှင့် နီးစပ်သည်။ မော်ကွန်းတိုက်မှတ်တမ်းများသည် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်ရေးပိုင်ဆိုင်မှုသာဖြစ်ပြီး အခြားသော ရောမရိုမန်ကက်သလစ်ဘာသာရေးဆိုင်ရာဌာနများက မပိုင်ဆိုင်ခြင်းဟူသည့် အဓိပ္ပာယ် ကို ဆောင်သည်။ လျှို့ဝှက်ဟု သုံးနှုန်းထားခြင်းသည် ဂုဏ်ပြုထိုက်သည့်ကြီးမြတ်မှုကို ရည်ညွှန်းခြင်းဖြစ်သည် ဟုဆိုပေသည်။

အမှန်တကယ်တွင် မော်ကွန်းတိုက်သည် လျှို့ဝှက်ဖုံးကွယ်ထားခြင်းမဟုတ်သည့်အတွက် မိမိကြည့်ရှုလိုသည့် မည်သည့် စာရွက်စာတမ်းကို မဆို ခွင့်ပြုချက်တောင်းခံ၍ ကြည့်ရှုနိုင်သည်။သို့သော် မော်ကွန်းတိုက်အတွင်းသို့ကား မည်သူ့ကိုမှ ဝင်ခွင့်မပြုပါချေ။ ဗာတီကန် လျှို့ဝှက်မော်ကွန်းတိုက်ရှိ စာရွက်စာတမ်းများတင်ထားသည့် စင်များကိုဆန့်လိုက်မည်ဆိုပါက ၅၂ မိုင်ခန့်ရှိမည်ဟု ခန့်မှန်းထားကာ လက်ရွေးစင်ကက်တလောက်များတစ်ခုတည်းပင်လျှင် အတွဲပေါင်း ၃၅၀၀၀ ရှိသည်။ လေ့လာသူများအနေဖြင့်အစိုးရ ပိုင်းဆိုင်ရာနှင့် သံတမန်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများအတွက် လက်ရှိအချိန်မှ ၇၅ နှစ်အတွင်းအကြောင်းအရာများကို ကြည့်ရှုခွင့် မရှိပါချေ။

၇။ ဇိုင်ယွန်မာရီ ဝတ်ပြုကျောင်း(Church of Our Lady Mary of Zion: အီသီယိုးပီးယား)

အီသီယိုးပီးယားနိုင်ငံ၊ အာဆမ်မြို့တွင်တည်ရှိသည့် အရေးအကြီးဆုံး ခရစ်ယာန်ကျောင်းတော်ဟု သတ်မှတ်ထားသည့် ဇိုင်ယွန်မာရီသည် အေဒီလေးရာစုအတွင်း အာဆမ်မင်းဆက်၏ ပထမဆုံးခရစ်ယာန်ဘာသာဝင် ဘုရင်ဖြစ်သူ အီဇာနာ၏ လက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။ ယင်းကျောင်းတော်တွင် ခရစ်ယာန်ဘာသာ သမ္မာကျမ်းစာပါ ခရစ်ယာန်ဘာသာဝင်များ အတွက် အရေးကြီးသော ရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်သည့် the Ark of the Convenant သစ်သားသေတ္တာရှိသည်ဟု ယုံကြည်ကြသည်။ ထုံးတမ်းစဉ်လာအရ ယင်းသေတ္တာသည် အီသီပီယိုးပီးယားဘုရင် ဆော်လမွန်ထံ အစ္စရေးမှ လာရောက်လည်ပတ်သည့် သားဖြစ်သူ ပထမမန်နီလစ်နှင့် အတူပါလာခဲ့ကြောင်းဆိုကြသည်။ ကျောင်းတော်အတွင်းသို့ အရည်အသွေးပြည့်၀သော အထူးရွေးချယ်ထားသောရဟန်းတစ်ပါးကိုသာ ဝင်ခွင့်ပြုထားသည်။ ကျန်သော မည်သူတစ်ဦး တစ်ယောက်ကိုမှ ဝင်ခွင့်မပြုရုံသာမက ကျောင်းတော်အနီးသို့ပင် လာရောက်ခွင့်မပြုပါချေ။

၆။ ဂျိုင်ဆူး အမျိုးသားလုံခြုံရေး ပညာရေးပြတိုက် (The Jiangsu National Security Education Museum: တရုတ်)

တရုတ်နိုင်ငံ၏ထောက်လှမ်းရေး သမိုင်းမှတ်တမ်းနှင့် ဆက်စပ်သည့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို ဂျိုင်ဆူးအမျိုး သား လုံခြုံရေးပညာရေးပြတိုက်တွင် ထိန်းသိမ်းထားကာ မည်သည့် နိုင်ငံခြားသားကိုမှ လာရောက်ခွင့်မပြုပါချေ။ ယင်းပြတိုက်တွင် ၁၉၂၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ ထောက်လှမ်းရေးဌာနကို ထူထောင်ခဲ့ချိန်မှ ၁၉၈၀ ပြည့်နှစ်အထိ အသုံး ပြုခဲ့သည့် စာရွက်စာတမ်း၊မှတ်တမ်းများနှင့်ထောက်လှမ်းရေးသုံး ပစ္စည်းကိရိယာများကို ထိန်းသိမ်းထားသည်။

ယင်းတို့တွင် သေး ငယ်သော ပစ္စတိုသေနတ်များ၊ နှုတ်ခမ်းနီတောင့်သဖွယ် ပုံပြောင်းထားသည့်သေနတ်များ၊ ကလေးကစားစရာအရွယ် ကင်မရာများ၊အသံ နားထောင်သည့် လျှို့ဝှက်ဝါယာကြိုးများ၊ စာရွက်စာတမ်းများကွယ်ဝှက်ရန်အသုံးပြုသည့် အခေါင်းပါဒင်္ဂါးပြားများ၊ မြေပုံများ ဝှက်ထားသည့် ဖဲချပ်များစသည့် ထောက်လှမ်းရေး ပစ္စည်းများကို စုဆောင်းထားသည်။ ပြတိုက်အတွင်းသို့ တရုတ်နိုင်ငံသားများကိုသာ ဝင်ရောက်ခွင့်ပြုပြီး ပြည်ပနိုင်ငံသားများအား တရုတ်နိုင်ငံ၏ ထောက်လှမ်းရေး အချက်အလက်များကို မမြင်တွေ့စေလိုသဖြင့် လာရောက်ခွင့်မပြုပါချေ။ တရုတ်နိုင်ငံသားများအားပြတိုက်အတွင်းသို့ဝင်ရောက် ခွင့်ပြုသည့်တိုင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားသည်။

၅။ နိုင်ဟောင်းကျွန်း(Niihau: ဟာဝိုင်ယီ)

နိုင်ဟောင်းသည် ဟာဝိုင်ယီတွင် သတ္တမမြောက် အကြီးဆုံးကျွန်းဖြစ်ပြီးကျွန်းပေါ်တွင် မည်သည့် လမ်းမျှမရှိပါချေ။ ထို့အတူ ကုန်တိုက်များ၊စားသောက်ဆိုင်များမရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားလိုင်းလည်း မရှိ၊ ရေသွယ်တန်းစနစ်လည်းမရှိပါချေ။သို့သော် နိုင် ဟောင်းသည် ဟာဝိုင်ယီတွင် လျှပ်စစ်ဓာတ်အားအစားနေရောင်စွမ်းအင်ကိုသာလုံ၀ အမှီပြုသည့် တစ်ခုတည်းသော ကျောင်းတစ်ကျောင်းရှိသည်။

နိုင်ဟောင်းကို အဲလိဇဘက် စင်ကလဲယားက ၁၈၆၄ ခုနှစ်တွင် ဟာဝိုင်ယီ ဘုရင်ထံမှ ဝယ်ယူခဲ့ပြီး ကျွန်း၏ ပုဂ္ဂလိကပိုင် ဆိုင်မှုသည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ရာ ရော်ဘင်ဆင်မိသားစုထံရောက်ရှိခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် စင်ကလဲယား၏ မြေးဖြစ်သူ အောဘရေး ရော်ဘင်ဆင်သည် ကျွန်းရှိ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သဘာ၀တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ရန် ဟုဆိုကာ ကျွန်းပေါ်သို့ လူများလာရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ကျွန်းပေါ်တွင် နေထိုင်လျက်ရှိကြသူများ၏ ဆွေမျိုးများသည်ပင် အထူးခွင့်ပြုချက်ရရှိမှသာ လာရောက်ကြရသည်။

ယခုအခါတွင် ကျွန်းပိုင်ရှင်များ၏ မိသားစုများ၊ ကျွန်းတွင်နေထိုင်ကြသူများ၊ အမေရိကန်နိုင်ငံ၊ ရေတပ်မှ ပုဂ္ဂိုလ်များ၊အစိုးရ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များမှလွဲ၍ နိုင်ဟောင်းသို့လာရောက်ခွင့်ကို ပိတ်ပင်ထားသည်။ ကျွန်းသို့ရဟတ် ယာဉ်ဖြင့် လာရောက်ကြခြင်းသည်ပင်လျှင် အလွန်နည်းပါးသည်။ ကျွန်းသို့ ရောက်ရှိခဲ့သူများသည် ကမ်းခြေတစ်လျောက် လျောက်သွားနိုင်ကြကာ တင်းကျပ်စွာ တားမြစ်ခံထားသည့် ကျွန်းနေဒေသခံများကို နေရာမရွေးမြင်တွေ့ကြရသည်။ နိုင်ဟောင်းကျွန်းသည် ဟာဝိုင်ယီရှိ တားမြစ်နယ်မြေ ကျွန်းငယ်လေးအဖြစ် လူအများ၏ စိတ်ဝင်စားမှုကို ရရှိထားသည်။

၄။ ထင်းရူးကွက်လပ်(Pine Gap: ဩစတြေးလျ)

ပိုင်းဂက်ပ်သည် ဩစတြေလျနိုင်ငံ၏ တစ်ခုတည်းသော တားမြစ်နယ်မြေ ဖြစ်ပြီး ဩစတြေလျနိုင်ငံ အလယ်ပိုင်းရှိ အဲလစ်စ် စပရင်းမြို့၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင်တည်ရှိသည်။ ပိုင်းဂက်ပ်သည် ဂြိုလ်တုထောက်လှမ်းရေးစခန်း တစ်ခု၏ အမည်ဖြစ်ပြီး ဩစတြေလျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ လုပ်ငန်းများဆောင်ရွက်နေသည့် စခန်းဖြစ်သည်။ စခန်းအတွင်း ကြီးမားသော ကွန်ပျူတာ ကွန်ရက်ထူထောင်ထားကာ အင်တာနာများကို ကာကွယ်မှုပြုထားသည့် ရေဒါအရံအတား ၁၄ ခုရှိ၍ ဝန်ထမ်း ၈၀၀ တာဝန် ထမ်းဆောင်နေကြသည်။

ပိုင်းဂတ်စ်သည် ဗျူဟာမြောက် အရေးပါသော နေရာတွင်တည်ရှိနေပြီး တရုတ်၊ ရုရှနိုင်ငံ၏ နေရာဒေသ အစိတ်အပိုင်း အချို့၊ အရှေ့ အလယ်ပိုင်းရှိ ရေနံတွင်းများနှင့် တတိယကမ္ဘာနိုင်ငံများသို့ ထောက်လှမ်းသည့် အမေရိကန်နိုင်ငံ ဂြိုလ်တုများအား ပိုင်းဂတ်စ်မှ ထိန်းချုပ်မှုများပြုလုပ်သည်။ ပိုင်းဂတ်စ်ကို ဩစတြေးလျနိုင်ငံအလယ်ပိုင်းတွင် ထားရှိရန်ရွေးချယ်ခဲ့ခြင်းသည် အပြည် ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်း ဖြတ်သန်းခုတ်မောင်းနေကြသည့် ထောက်လှမ်းရေးရေယာဉ်များ၏ ကြားဖြတ် ရေဒီယိုလှိုင်းများ ဖမ်းယူနိုင်သည့်အကွာအဝေး မှ အလွန်အလှမ်းဝေးသောကြောင့်ဖြစ်ပေသည်။

၃။ နီဂေ့ဗ် နယူကလီယား သုတေသနဌာန(Negev Nuclear Research Center:အစ္စရေး)

အစ္စရေးနိုင်ငံ၏ နီဂေ့ဗ် သဲကန္တာရအတွင်းတည်ဆောက်ထားသည့် နယူးကလီယား သုတေသနဌာနသည် နယူးကလီယား တပ်ဆင်သည့် နေရာဖြစ်ပြီး ဒီမိုနာမြို့မှ အရှေ့တောင်ဘက်သို့ ၁၃ ကီလိုမီတာ ကွာဝေးသည်။ ယင်းအဆောက်အဦကို ၁၉၅၈ ခုနှစ် တွင် ပြင်သစ်နိုင်ငံ၏ အကူအညီဖြင့်စတင်တည်ဆောက်ခဲ့ပြီး ဌာန၏ သတင်းအချက်အလက်များကို တင်းတင်းကျပ်ကျပ် စီစစ်ချုပ်ကိုင်ထားသည်။ သို့သော် ၁၉၈၆ ခုနှစ်တွင် ဒီမိုနာမှ ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သူ မိုဒေချယ်ဗာနူးနူးသည် အမေရိကန်နိုင်ငံသို့ထွက်ပြေးခဲ့ပြီး အစ္စရေးနိုင်ငံ၏ နယူးကလီးယား လုပ်ငန်း အစီအစဉ်အထောက်အထားအချို့ကို သတင်းဌာနများသို့ဖွင့်ဟခဲ့ပြီး သုတေသနဌာနအတွင်းရှိ အဆောက်အအုံတစ်ခုချင်းစီ၏ ရည်ရွယ်ချက်များနှင့် သုတေသနဌာန၏ အောက်တည့်တည့်တွင်ရှိသည့်ထိပ်တန်းလျှို့ဝှက်မြေအောက်အဆောက်အဦများကို ဖော်ထုတ်ခဲ့သည်။

စာနယ်ဇင်း သတင်းများက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစ္စရေးနိုင်ငံ အနုမြူစွမ်းအင်ကော်မရှင်သည် သုတေသန ဗဟို ဌာနရှိ နယူးကလီးယား ဓာတ်အားပေးရုံကို အနည်းဆုံးယာယီအားဖြင့်ဖြစ်စေ ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ညွှန်းဆိုခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်၏အဓိကအကြောင်းရင်းသည် အီရန်တို့တိုက်ခိုက်မည့်အန္တရာယ်ကို ကာကွယ်ရန်ဖြစ်သည်။၂၀၁၂ ခုနှစ် အောက်တို ဘာလနှင့် နိုဝင်ဘာလတွင် ဟားမားစ်တို့က ဒိုင်မိုနာရှိ နယူးကလီယား သုတေသနဌာနကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ သော်လည်း တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပါချေ။ ထို့ကြောင့် နယူးကလီယား သုတေသနဌာနအပေါ် လေပိုင်နက်ကို လေယာဉ်အားလုံး မဖြတ်သန်းရန် ပိတ်ပင်ခဲ့သည်။ထို့ ကြောင့် ယင်းနေရာသို့ တရားမဝင် လာရောက်မှုများကိုကာကွယ်ရန် သုတေသန ဌာန ဝန်းကျင်တစ်ခုလုံးကို အခိုင်အမာ လုံခြုံ မှုပြု ထားပြီး ခြံစည်းရိုးများ ကာရံခဲ့သည်။

၂။ အီစဲနတ်ကွန်း(Ise Grand Shrine: ဂျပန်)

အီစေးသည် ဂျပန်နတ်သမီးတစ်ပါးဖြစ်သည့် အမာတေရာစု အိုမီကာမီအား လှူဒါန်းခဲ့သည့် ခမ်းနားသော ရှင်တိုနတ်ကွန်းကြီးတစ်ခုဖြစ်ကာ အဓိကနတ်ကွန်းနှစ်ခု၊ နတ်ကွန်းငယ်ပေါင်း ၁၂၅ ခုဖြင့် ဖွဲ့စည်းထားသည်။ အီစေးသည် ဂျပန်နိုင်ငံတွင် ဘာသာ ရေးဆိုင်ရာ အမြင့်မြတ်ဆုံးနှင့် အရေးအကြီးဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ သို့သော် အီစေးသို့ ဝင်ရောက်ခွင့်ကိုတင်းကျပ်စွာ ကန့်သတ်ထားပြီး ဂျပန်တော်ဝင်မိသားစုဝင်ရဟန်းနှင့် သီလရှင်များကိုသာ ဝင်ခွင့်ပြုသည်။ အီစေးနတ်ကွန်းဝင်းကို ကာရံထားသည့် မြင့်မားသော သစ်သားစည်းရိုးများနောက်တွင်ပုန်းကွယ်ထားသကဲ့သို့ဖြစ်နေသည့် အဆောက်အဦများ၏ သက်ကယ်အမိုးအနည်းငယ်ကိုသာ အများပြည်သူက မြင်ခွင့်ရှိသည်။

အီစေးဂျင်ဂူ နတ်ကွန်းအတွင်းရှိ အဓိက အဆောက်အအုံနှစ်ခု ဖြစ်သည့် အတွင်းနတ်ကွန်းနိုင်ကူးနှင့် အပြင်နတ်ကွန်း ဂျီကူတို့ကို နှစ် ၂၀ ပြည့်တိုင်း ပြန်လည်တည် ဆောက်လေ့ရှိသည်။ ထို့အတူ နတ်ကွန်းဝန်းအတွင်း ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် အခြားအဆောက်အအုံများကို လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်ကရှိခဲ့သည့် ပုံစံအတိုင်းပြန်လည် တည်ဆောက်သည်။ ယင်းသို့ ပြန်လည်တည်ဆောက်သည့် ထုံးတမ်းစဉ်လာသည် ရှင်တိုဘာသာဝင်တို့၏ ယုံကြည်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ရှေးဟောင်း အဆောက်အဦး တည်ဆောက်မှု နည်းပညာများကို တန်ဖိုးမဖြတ်နိုင်အောင် လက်ဆင့်ကမ်းနေသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောဆိုကြသည်။

၁။ လျှို့ဝှက် မြေအောက် ရထားစနစ်(Metro-2: ရုရှား)

ရုရှားနိုင်ငံရှိ မက်ထရိုတူးသည် မော်စကိုမြို့ရှိ လျှို့ဝှက်မြေအောက်ရထား ဟန်ပြုထားသည့် စနစ်ကိုမှည့်ခေါ်ထားသည့် တရားဝင်မဟုတ်သော အမည်ဖြစ်သည်။ မက်ထရိုတူးသည် မော်စကိုမြို့၏ မြေအောက်ရထားလမ်းနှင့် အပြိုင်တည်ရှိနေကာ ဆိုဗီယက် ခေါင်းဆောင် ဂျိုးဇက်စတာလင် လက်ထက်တွင် စတင်တည်ဆောက်ခဲ့သည်ဟုဆိုကြပြီး ရုရှထောက်လှမ်းရေးအဖွဲ့ (ကေဂျီဘီ)က D 6 ဟုလျှို့ဝှက်သင်္ကေတဖြင့် အမှတ်အသားပြုသည်။ ယင်းစနစ်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် အထူးအစီအစဉ်များ ညွှန်ကြားမှုရုံးက ယခုတိုင်အသုံးပြုဆဲဖြစ်သည်ဟု ဆိုကြသည်။

အရပ်ပြောစကားများအရ မက်ထရိုတူးသည် အများပြည်သူသုံးမြေအောက်ရထားလမ်းထက် ပိုမိုရှည်လျားပြီး မြေအောက် မီတာ ၅၀ မှ ၂၀၀ အကြားတွင် လိုင်းလေးခုရှိသည်။ ယင်းမြေအောက်လိုင်းသည် ကရင်မလင်နန်းတော်နှင့် ပြည်ထောင်စုလုံခြုံရေး လုပ်ငန်း (FSB) ဌာနချုပ်ကို ဆက်သွယ်ထားပြီး Vnukovo-2 အစိုးရ လေယာဉ်ကွင်း၊ မြေအောက်မြို့တော် ရာမန်ကီနှင့် အခြား အရေးကြီးနေရာများကိုပါ ဆက်သွယ်ထားသည်။ ၁၉၉၄ ခုနှစ်တွင် မြို့ပြတိုင်းထွာရေးအဖွဲ့တစ်ဖွဲ့ခေါင်းဆောင်က မြေအောက်စနစ်တည်ဆောက်ထားသည့် နေရာ၏ ဝင်ပေါက်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် သတင်းအချက်အလက်များအားလုံးသည်ပြောစကားအဖြစ်သာ တည်ရှိနေပြီး ဓာတ်ပုံကဲ့သို့သော အထောက်အထားများများကို မပြသနိုင်ခဲ့ကြပါချေ။ မက်ထရိုတူးဆောက်လုပ်ရေးတွင်ကူညီခဲ့ကြခြင်းများ၊ မြင်ဖူးကြသူများရှိသည်ဟု ဆိုနေကြသော်လည်း ခိုင်မာရှင်းလင်းမှု မရှိပါချေ။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ်နိုဝင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ


 

Leave a Reply