ပယင္းအေၾကာင္း သိေကာင္းစရာ

Posted on

ပယင္း (Amber) သည္ ဇီဝမူလ ေက်ာက္မ်က္ အမ်ိုးအစားျဖစ္သည္။ တိက်ေသာ ဓါတုဖြဲ႔စည္းမႈေသာ္လည္းေကာင္း၊ ပံုေဆာင္စနစ္ေသာ္လည္းေကာင္း မရွိေပ။ ဓါတုဖြဲ႔စည္းမႈအားျဖင့္ ဟိုက္ဒရို-ကာဘြန္နိတ္ ျဒပ္ေပါင္းမ်ားပင္ျဖစ္သည္။ သိပ္သည္းဆ ၁.ဝ၇၊ မာဆင့္ ၂.၅ သာရွိေသာေၾကာင့္ မီးအပူဒဏ္နွင့္ ငရဲမီးဒဏ္တို့ကို မခံႏုိင္ေပ။ ထို့ေျကာင့္ သတိထားထိန္းသိမ္းရန္ လိုအပ္သည္။ ပယင္းသည္ လူသားတို႔၏ အဆင္တန္ဆာအျဖစ္ အသံုးျပဳခဲ့ၾကေသာ ေက်ာက္မ်က္ရတနာ တန္းဝင္ထဲမွ ေရွးအက်ဆံုးရတနာထဲတြင္ ပါဝင္သည္။ ပယင္းပတီး ၊ ဆြဲျပား ၊ ဆြဲသီးမ်ားကို ဥေရာပေျမာက္ပိုင္းတြင္ ဘီစီ(၈၀ဝ၀)ေလာက္ကတည္းက အသံုးျပဳခဲ့ၾကေၾကာင္း ေတြရွိခဲ့ရသည္။

ျဖစ္ေပၚပံု

ပယင္းသည္ စင္စစ္အားျဖင့္ ေက်ာက္မဟုတ္ပါ။ အဆီထြက္ေသာ အပင္တစ္မ်ဳိး(ထင္းရူးပင္တစ္မ်ိုးဟု ဆို)၏ အဆီမွ ခဲ၍ ေက်ာက္သားသဖြယ္ ျဖစ္လာေသာ ေက်ာက္ျဖစ္ ရုပ္ႀကြင္းမ်ားျဖစ္သည္။ ရံဖန္ရံခါ ပယင္းထဲ၌ အင္းဆက္ပိုးမႊားမ်ားကို ပံုစံမပ်က္ ေတြ႔ရွိရတတ္သည္။ ေယဘုယ်အားျဖင့္ ႏွစ္သန္းေပါင္း အနည္းဆံုး ၂၅ သန္းမွ သန္း ၅၀ အတြင္း ၾကာခဲ့ျပီး ေက်ာက္ျဖစ္လာခဲ့ေသာ သစ္ေစးမ်ဳိးျဖစ္သည္။ ရွားပါးအေနျဖင့္ နွစ္သန္း ၃၂၀ ရွိေသာ ပယင္းကိုလည္း မွတ္တမ္းတင္ထားၾကသည္။

သစ္ပင္၏ အေစးမွ ျဖစ္လာေသာ ပယင္းထဲတြင္ ယင္းပယင္းမျဖစ္မွီ သစ္ေစး အေျခအေန၌ မေတာ္တဆ လာေရာက္ ကပ္ျငိေနေသာ သစ္ပင္၏ အစအနမ်ား သစ္ရြက္၊ ပ်ား၊ လိပ္ျပာ ပုရြက္ဆိတ္၊ ပိတုန္းစေသာ အေကာင္ငယ္မ်ားမွာ ရုန္းထြက္မရေတာ့ပဲ သစ္ေစးမ်ားနွင့္အတူ ပိတ္မိေနတတ္ၾကသည္။ နွစ္သန္းေပါင္းမ်ားစြာ ျကာေသာအခါ ၎ပိုးမွြားမ်ားနွင့္ အျခားေသာပစၥည္းမ်ားသည္ ပယင္းထဲတြင္ ရုပ္ၾကြင္း အျဖစ္ ပါဝင္ေနတတ္သည္။

ထြက္ရွိရာေဒသမ်ား

ျမန္မာ (ဟူးေကာင္းခ်ိုင့္ဝွမ္းေဒသ)၊ ပိုလန္၊ ေဘာ္လ္တစ္ပင္လယ္၊ ရိုေမးနီးယား၊ ကေနဒါ၊ အေမရိကန္ျပည္ေထာင္စု ေဘာလ္တစ္ ပင္လယ္ ကမ္းေျခတစ္ေလွ်ာက္မွာ ေပါ့ပါးေသာ ပယင္းေတြကို ပင္လယ္ေရလွိုင္းမ်ား ႏွင့္ ကမ္းေျခကိုေရာက္ရွိလာတတ္ကာ ကမ္းစပ္တစ္ေလ်ာက္မွာ၎၊ ေရတိမ္ပိုင္းမွာ ေရငုတ္ျပီးေသာ၎ အလြယ္ရွာေတြ႔ႏိုင္သည္။ ကမ္းေျခတစ္ေလွ်ာက္ ပံုစံအမ်ဳိးစံု အေရာင္မ်ဳိးစံုႏွင့္ ပယင္းမ်ားကို အမ်ားအျပားေတြရတတ္ျပီး အျပာေရာင္ ပယင္းကို အထူးအေရာင္းအဝယ္လုပ္ၾကေသာ္လည္း ၎အျပာေရာင္မွာ ေဘာလ္တစ္ေဒသထြက္ မဟုတ္ဘဲ ဒိုမီနီကန္က ထြက္ေသာ ပယင္းျဖစ္သည္။

ဒုိမီနီကန္မွ ပယင္းျပာ

ျမန္မာနိုင္ငံတြင္ ကခ်င္ျပည္နယ္ ဟူးေကာင္း ေတာင္ၾကား တႏိုင္းနယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး ခႏၱီးနယ္ဘက္တြင္ ထြက္ရွိသည္။ ျမန္မာအျပင္ ပယင္းထြက္ရွိေသာ အျခားႏုိင္ငံမ်ားမွာ ပိုလန္၊ ရိုေမးနီးယား၊ ကေနဒါ ႏွင့္ အေမရိကန္တုိ႔ ျဖစ္သည္။ ျမန္မာျပည္တြင္ ထြက္ရွိေသာ ပယင္းမွာ အရည္အေသြးေကာင္းပါက တစ္က်ပ္သားလွ်င္ တစ္သိန္းအထိ ေဈးရနိုင္ျပီး သစ္ကိုင္းမ်ား အေကာင္ပေလာင္မ်ား ပါဝင္ပါက ေဈးပိုရေၾကာင္း သိရသည္။

ဂုဏ္သတၱိမ်ား

ပယင္းအစစ္သည္ အလင္းေပါက္ျပီး ေပါ့ပါးေသာေၾကာင့္ ဆားငံရည္မွာ ေရေပၚေပၚေနနိုင္ပါသည္။ အျခားေသာ ေက်ာက္မ်က္ရတနာေတြျဖစ္ေသာ ေက်ာက္စိမ္း တာကြိဳက္ဇ္ကဲ့သို့ ေက်ာက္မ်က္မ်ားသည္ အခန္းတြင္း အပူခ်ိန္ထက္ အနည္းငယ္ေအးေသာ ဂုဏ္သတၱိကိုရွိေသာ္လည္း ပယင္းမွာ လူ့အေရျပားႏွင့္ ထိေတြ႔ပါက အနည္းငယ္ ပူေႏြးေနပါသည္။ အရက္၏ အေရာင္ျဖစ္ေသာ ဝါေရႊေရႊ အၾကည္ေရာင္ကို ပယင္းေရာင္ဟု တင္စားၾကသည္ကို ၾကားဖူးၾကေသာ္လည္း ပယင္းတြင္ နီညိုေရာင္ ၊ လိေမၼာ္ေရာင္ ၊ အစိမ္း ၊ နွင္းဆီေရာင္ ၊ အဝါေရာင္ ၊ ခရမ္းေရာင္ ၊ အျဖဴေရာင္အထိ ရွိျပီး ရွားရွားပါးပါး ခရမ္းျပာေရာင္အထိ ေတြ႔ရတတ္သည္။

ေရွးေဟာင္း ပယင္း နားေတာင္း

ပယင္းသည္ ေက်ာက္မ်က္ရတနာ ၉ ပါးတြင္ အေပါ့ပါးဆံုးျဖစ္ျပီး မာျခင္းအဆင့္ (၂.၅)သာရွိကာ သိပ္သည္းဆလည္း ၁.ဝ၇ သာ ရွိေသာေၾကာင့္ အပူခ်ိန္ကို ခံႏိုင္ရည္မရွိပဲ ေၾကြကြဲပ်က္ဆီးလြယ္သည္။ မီးရႈိ႕လွ်င္ အလြယ္တကူ ေလာင္ကြ်မ္းႏိုင္ျပီး စူးရွရွအနံ့မ်ဳိးရသည္။

ေရႊေရာင္ပယင္းမွာ ေဈးကြက္အတြင္း လူႀကဳိက္မ်ားျပီး တိုင္းရင္းသား အခ်ို့မွာ ပယင္းကို ဝတ္ဆင္ေလ့ရွိျကသည္။ တရုတ္လူမ်ိုးမ်ားသည္ ေသြးလည္ပတ္မႈ ေကာင္းေစရန္၎ ကံေကာင္းေစရန္၎ ပယင္းကို အေဆာင္ေက်ာက္အျဖစ္ ဝတ္ဆင္ျကသည္။ ပြဲလမ္းသဘင္မ်ားတြင္ ခ်မ္းသာၾကြယ္ဝသူမ်ားက ဂုဏ္သိကၡာတစ္ရပ္အျဖစ္ ပယင္းကို မီးရႈိ႕တတ္ျကသည္။ ျမန္မာနိုင္ငံ၏ အဓိက ဝယ္လက္မွာ တရုတ္ ထိုင္းႏွင့္ တိဘက္ ႏုိင္ငံတို႔ျဖစ္သည္။

အသံုးျပဳျခင္း

ေရွးေရာမ ကြ်န္ေခတ္တြင္ ပယင္းလည္ဆြဲ ခပ္ေသးေသးကိုပင္ က်န္းမာ သန္စြမ္းေသာ ကြ်န္တစ္ေယာက္ထက္ ေဈးပိုေပးျပီး အေဆာင္အျဖစ္ ဝတ္ဆင္အသံုးျပုျကသည္။ ပယင္းကို ေရေမႊးမ်ား ေဖာ္စပ္ရာတြင္၎ ေဆးေဖာ္စပ္ရာတြင္ ၎ အသံုးျပဳၾကသည္။

ပယင္းသည္ ေက်ာက္မ်က္ရတနာကဲ့သို့ မဟုတ္ဘဲ ဝတ္ဆင္သူအတြက္ အသက္ဓာတ္ကို ပိုင္ဆိုင္ေစသည္ဟု ယူဆျကသည္။ ေရွးေခတ္ တရုတ္လူမ်ဳိးတို႔သည္ က်ားမ်ားေသဆံုးျပီးေနာက္ က်ားဝိညဥ္ကို ပယင္းသို့ ေရႊ႕ေျပာင္းေစ၍ အသြင္ေျပာင္းခဲ့သည္ဟု ယံုၾကည္ၾကသည္။ ေရွးေခတ္က မိခင္နတ္ဘုရားမ်ားကို ပူေဇာ္ပသရာတြင္ ပယင္းကို အသံုးျပဳၾကသည္။ ပယင္းသည္ ေက်ာက္ျဖစ္ရုပ္ႀကြင္းသဖြယ္ျဖစ္ျပီး ေခတ္ကာလတစ္ရပ္နွင့္ ဆက္စပ္ေနေပရာ အသက္ရွည္ျခင္းကို ေပးေဆာင္ေျကာင္း မွတ္ယူၾကသည္။

အလားတူပင္ သက္ရွိသတၱဝါျဖစ္ေသာ ပိုးမႊားမ်ား၏ ရုပ္ၾကြင္းကိန္းေအာင္းေနျပီး အာကာသဓာတ္နွင့္ ဆက္စပ္ေနေၾကာင္း လက္ခံထားၾကသည္။ ယင္းကို ပဥၥမေျမာက္ ဓာတ္သဘာဝဟု ေခၚျပီး ေျမ၊ ေရ၊ ေလ၊ မီးဟူေသာ ဓာတ္ႀကီးေလးပါ၏ အေပါင္းအစုအျဖစ္ သတ္မွတ္ျကသည္။ အာကာသဓာတ္သည္ အသက္ ၊ ဘဝ(အပင္၊သတၱဝါ၊လူ)တို႔ ႏွင့္ ပတ္သတ္ေၾကာင္း လက္သင့္ခံထားျကသည္။

အခ်ဳိ႕ေမွာ္ပညာရွင္မ်ားသည္ အထူးသျဖင့္ အမ်ိုးသမီးမ်ားတြင္ ပယင္းကို လည္ဆြဲ (ဝါ) ပတီးအျဖစ္ ဝတ္ဆင္ကာ ရုပ္ျဒပ္သ႑ာန္ကို ေျပာင္းလဲေအာင္ ဖန္တီးျပဳျပင္တည္ေဆာက္ ေစခဲ့ၾကသည္။ ထိုေၾကာင့္ ပယင္းသည္ နတ္ဘုရားနွင့္ နတ္ဘုရားမမ်ား၏ ထုတ္လႊတ္မႈ ခံယူမႈ စြမ္းအင္ ႏွစ္ရပ္လံုး ႏွင့္ ပတ္သတ္ေၾကာင္း ၎တြင္ ဂမၻီရစြမ္အင္၏ ထိေရာက္မႈအား ျမင့္မားလွေျကာင္း ေရာမေခတ္က ယံုၾကည္ၾကသည္။

ပယင္းကို သိုးေမႊးစ(ဝါ) ပိုးစျဖင့္ ပြတ္တိုက္ေပးပါက လွ်ပ္စစ္ဓာတ္ထြက္လာျပီး ေသးငယ္ေသာ အရာဝတၳုမ်ားကိုပင္ စြဲငင္အားၾကီးေၾကာင္း သတ္မွတ္ျကသည္။ ေရွးဂရိတို့၏ အီလက္ထရြန္ဟူေသာ စကားလံုးမွ ေခတ္ အီလက္ထရစ္စီးတီး (electricity) ဟူေသာ ေဝါဟာရမွ ဆင္းသက္ေပါက္ဖြားလာျခင္း ျဖစ္သည္ဟု သတ္မွတ္ျကသည္။ ပယင္းသည္ ဆန္းျပား လွ်ဳိ႕ဝွက္ေသာ သဘာဝရွိျပီး ဂမၻီရတန္ဖိုး ျမင့္မားေသာ အရာဝတၳဳျဖစ္ျပီး ကမာၻေပၚရွိ ဂမၻီရတန္းဝင္ ပစၥည္းမ်ား အားလံုးထဲ၌ က်ယ္ျပန့္စြာ အသံုျပဳႏုိင္သည့္ အရာအျဖစ္ သံုးၾကသည္။

ပယင္းလည္ဆြဲ ၀တ္ဆင္ထားတဲ့ ကမာၻေက်ာ္မင္းသမီး မာရီလင္မြန္ရုိး

ဂမၻီရ ဓေလ့ထံုးတမ္း(Magical Lore)

ပယင္းကို ေက်ာက္မ်က္ရတနာအခ်ဳိ႕နွင့္ တြဲ၍ ေတြ႔ရတတ္ျပီး ဂမၻီရကိစၥအားလံုးနီးပါးတြင္ အသံုးျပဳၾကသည္။ မေရမတြက္နိုင္ေသာ ဂမၻီရအစီအရင္မ်ားတြင္ အသံုးျပဳနိုင္သည္။ ပယင္းကို ဖန္စ ပလပ္စတစ္စမ်ားျဖင့္ အတုျပဳလုပ္ျပီး ေရာင္းခ်တတ္ျခင္းေၾကာင့္ သတိျပဳ၍ ေရြးခ်ယ္ရပါသည္။ ပံုမွန္ ေက်ာက္သားတို႔ထက္ေပါ့ပါးျပီး အထူးသျဖင့္ ဆားငံရည္တြင္ ေရေပၚေပၚသည္။ မေကာင္းေသာ ေလာကီပညာ (အဆိုးျပဳေမွာ္ပညာ) မ်ဳိး၏ တိုက္ခိုက္မႈဒဏ္မွ အကာကြယ္ေပးနိုင္သည္ဟု ဆိုသည္။

အထူးသျဖင့္ ကေလးမ်ားတြင္ ပိုမိုထိေရာက္ေသာ ကာကြယ္မႈကို ျဖစ္ေစနိုင္သည္။ ပယင္းပုတီး လည္ဆြဲ တစ္မ်ဳိး ဝတ္ဆင္ထားေသာ ကေလးမ်ား၏ က်န္းမာေရးကို ေကာင္းစြာထိန္းသိမ္းေပးထားနိုင္ျပီး ကေလးမ်ား၏ အိပ္ခန္းတြင္း၌ အကာအကြယ္အျဖစ္ ထားေပးနိုင္သည္ဟု ယံုျကည္ၾကသည္။

ပယင္းနွင့္ က်န္းမာေရး

ပယင္းကို အလွက်က္သေရတိုးေအာင္ ဝတ္ဆင္နိုင္ျပီး ေယဘုယ်အားျဖင့္ ဆြဲေဆာင္မႈညႈိ႕ဓာတ္ကို ျဖစ္ေစနိုင္သည္။ ပယင္းဝတ္ဆင္သူမ်ားမွာ အခ်စ္ေရးတြင္ ဆြဲငင္အားေကာင္းျခင္း စိတ္ခ်မ္းသာ ေပ်ာ္ရွြင္မႈ ခံစားရျခင္းတို့ကို ေပးစြမ္းသည္။ အမ်ိုးသမီးမ်ားအတြက္ ငါး ၊ ဖား ၊ ယုန္ရုပ္မ်ားထုလုပ္၍၎ ၊ အမ်ိုးသားမ်ားအတြက ျခေသ့ၤ ၊ ေခြး ၊ နဂါးရုပ္မ်ား ထုလုပ္ျပီး ဝတ္ဆင္ျခင္းအားျဖင့္ ကာမစြမ္းအား ေကာင္းေစျပီး သားသမီးထြန္းကာေစသည္ဟု ယံုၾကည္ခဲ့ၾကပါသည္။ ၿမဳံသူမ်ားအတြက္ အသံုးျပဳေပးနိုင္သည္။

ပယင္းကို ဝတ္ဆင္ျခင္းအားျဖင့္ လူသား၏ က်န္းမာေရးကို အေထာက္အကူျဖစ္ေစသည္။ နားထိုင္းျခင္း၊ ျမံုျခင္း၊ လည္မ်ိုနာ၊ နားကိုက္ျခင္း၊ ေလးဘက္နာ၊ အစာမေၾကျခင္းနွင့္ ကိုယ္ခနၶာတြင္း၌ ျဖစ္ေသာ ေရာဂါမ်ားကို သက္သာေစျပီး အကာကြယ္ျဖစ္ေစသည္ဟု ယံုၾကည္ၾကသည္။ ပယင္းလံုးကို လက္ထဲတြင္ ဆုတ္ကိုင္ကစား ေပးျခင္းျဖင့္ ဖ်ားနာသူမ်ားအား သက္သာေပ်ာက္ကင္းေစသည္ဟု ဆိုျကသည္။ ထိုျပင္ ပယင္းသည္ ဝတ္ဆင္သူ၏ မ်က္စိအျမင္အားကို တိုးတက္ေကာင္းမြန္ ေစနိုင္သည္ဟု ဆိုသည္။

ပယင္းမႈန့္ကို သားဖြားသူ မိခင္ေလာင္၏ အနီးတြင္ မီးရႈိ႕ေပးျခင္း (သို႔) မီးခဲေပၚတြင္ အမႈန့္ျဖဴးေပးျခင္းျဖင့္ သားဖြားရလြယ္ကူသည္ဟု ေရွးက ယံုၾကည္ေဆာင္ရြက္ခဲ့ၾကသည္။

ပယင္းအတု အစစ္ ခြဲျခားနည္း

ပယင္းအစစ္နွင့္ အတု ႏွစ္ခုလံုးကို ရိုးရိုးေရထည့္ထားေသာ ဖလားခြက္(သို႔) ငၾကင္းခြက္ထဲသို့ ႏွစ္ခ်လိုက္ပါက ပယင္းအတု ႏွင့္ အစစ္ ႏွစ္ခုစလံုးသည္ ရိုးရိုးေရထဲတြင္ နစ္ဝင္သြားသည္ကို ေတြ႔ရမည္။ ထို့ေနာက္ ရွိၿပီးသား ရိုးရိုးေရထဲသို့ ဆား စတီးဇြန္းတစ္ဇြန္းခန့္ထည့္ကာ ဆားေဖ်ာ္ရည္အျဖစ္ ျပုလုပ္လိုက္ျပီး ပယင္းအစစ္ နွင့္ အတု နွစ္ခုလံုးကို ၎ဆားေဖ်ာ္ရည္အတြင္းသို့ နွစ္ခ်လိုက္ပါက ပယင္းအတုမွာ ဆားေဖ်ာ္ရည္ထဲတြင္ နစ္ျမဳပ္သြားျပီး အစစ္မွာ ေပါေလာေပၚေနမည္ကို ေတြ႔ျမင္ႏုိင္မည္ျဖစ္သည္။ ၎နည္းမွာ ပယင္း အစစ္ ႏွင့္ အတုကို လ်င္ျမန္စြာ ခြဲျခားႏုိင္ေသာ နည္းေကာင္းျဖစ္သည္။

ရုရွားက ပယင္းနန္းေတာ္

ကိုးကား

ဟိန္း(ဘူမိ)၏ ပယင္းအေၾကာင္း
Cunninghanm’s Encyelopedia of Crystal Gem & Metal Magic
ဆိုင္းေအာင္ ပယင္းရတနာ ေဆာင္းပါး
Myanmar Wikipedia


ပယင်းအကြောင်း သိကောင်းစရာ (unicode)

ပယင်း (Amber) သည် ဇီဝမူလ ကျောက်မျက် အမျိုးအစားဖြစ်သည်။ တိကျသော ဓါတုဖွဲ့စည်းမှုသော်လည်းကောင်း၊ ပုံဆောင်စနစ်သော်လည်းကောင်း မရှိပေ။ ဓါတုဖွဲ့စည်းမှုအားဖြင့် ဟိုက်ဒရို-ကာဘွန်နိတ် ဒြပ်ပေါင်းများပင်ဖြစ်သည်။ သိပ်သည်းဆ ၁.ဝ၇၊ မာဆင့် ၂.၅ သာရှိသောကြောင့် မီးအပူဒဏ်နှင့် ငရဲမီးဒဏ်တို့ကို မခံနိုင်ပေ။ ထို့ကြောင့် သတိထားထိန်းသိမ်းရန် လိုအပ်သည်။ ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံးရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈ဝဝ၀)လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ဖြစ်ပေါ်ပုံ

ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး(ထင်းရူးပင်တစ်မျိုးဟု ဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာသော ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်သည်။ ယေဘုယျအားဖြင့် နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်ထားကြသည်။

သစ်ပင်၏ အစေးမှ ဖြစ်လာသော ပယင်းထဲတွင် ယင်းပယင်းမဖြစ်မှီ သစ်စေး အခြေအနေ၌ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်၏ အစအနများ သစ်ရွက်၊ ပျား၊ လိပ်ပြာ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်များမှာ ရုန်းထွက်မရတော့ပဲ သစ်စေးများနှင့်အတူ ပိတ်မိနေတတ်ကြသည်။ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ၎င်းပိုးမွှားများနှင့် အခြားသောပစ္စည်းများသည် ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်သည်။

ထွက်ရှိရာဒေသများ

မြန်မာ (ဟူးကောင်းချိုင့်ဝှမ်းဒေသ)၊ ပိုလန်၊ ဘော်လ်တစ်ပင်လယ်၊ ရိုမေးနီးယား၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများ နှင့် ကမ်းခြေကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ၎င်း၊ ရေတိမ်ပိုင်းမှာ ရေငုတ်ပြီးသော၎င်း အလွယ်ရှာတွေ့နိုင်သည်။ ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရောင်းအဝယ်လုပ်ကြသော်လည်း ၎င်းအပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်သော ပယင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနယ်ဘက်တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက်ရှိသော အခြားနိုင်ငံများမှာ ပိုလန်၊ ရိုမေးနီးယား၊ ကနေဒါ နှင့် အမေရိကန်တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။

ဂုဏ်သတ္တိများ

ပယင်းအစစ်သည် အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်သော ကျောက်စိမ်း တာကွိုက်ဇ်ကဲ့သို့ ကျောက်မျက်များသည် အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။ အရက်၏ အရောင်ဖြစ်သော ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ဟု တင်စားကြသည်ကို ကြားဖူးကြသော်လည်း ပယင်းတွင် နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်သည်။

ပယင်းသည် ကျောက်မျက်ရတနာ ၉ ပါးတွင် အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာရှိကာ သိပ်သည်းဆလည်း ၁.ဝ၇ သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်သည်။ မီးရှို့လျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး စူးရှရှအနံ့မျိုးရသည်။

ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြသည်။ တရုတ်လူမျိုးများသည် သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှို့တတ်ကြသည်။ မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

အသုံးပြုခြင်း

ရှေးရောမ ကျွန်ခေတ်တွင် ပယင်းလည်ဆွဲ ခပ်သေးသေးကိုပင် ကျန်းမာ သန်စွမ်းသော ကျွန်တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင်အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာတွင်၎င်း ဆေးဖော်စပ်ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်းသည် ကျောက်မျက်ရတနာကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူအတွက် အသက်ဓာတ်ကို ပိုင်ဆိုင်စေသည်ဟု ယူဆကြသည်။ ရှေးခေတ် တရုတ်လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျားဝိညဉ်ကို ပယင်းသို့ ရွှေ့ပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ်က မိခင်နတ်ဘုရားများကို ပူဇော်ပသရာတွင် ပယင်းကို အသုံးပြုကြသည်။ ပယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး ခေတ်ကာလတစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက်ရှည်ခြင်းကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။ အလားတူပင် သက်ရှိသတ္တဝါဖြစ်သော ပိုးမွှားများ၏ ရုပ်ကြွင်းကိန်းအောင်းနေပြီး အာကာသဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံထားကြသည်။ ယင်းကို ပဥ္စမမြောက် ဓာတ်သဘာဝဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါ၏ အပေါင်းအစုအဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ်သည် အသက် ၊ ဘဝ(အပင်၊သတ္တဝါ၊လူ)တို့ နှင့် ပတ်သတ်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်းကို လည်ဆွဲ (ဝါ) ပတီးအဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ်သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်းသည် နတ်ဘုရားနှင့် နတ်ဘုရားမများ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံး နှင့် ပတ်သတ်ကြောင်း ၎င်းတွင် ဂမ္ဘီရစွမ်အင်၏ ထိရောက်မှုအား မြင့်မားလှကြောင်း ရောမခေတ်က ယုံကြည်ကြသည်။ ပယင်းကို သိုးမွှေးစ(ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ်ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် စွဲငင်အားကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိတို့၏ အီလက်ထရွန်ဟူသော စကားလုံးမှ ခေတ် အီလက်ထရစ်စီးတီး (electricity) ဟူသော ဝေါဟာရမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပယင်းသည် ဆန်းပြား လျှို့ဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

ဂမ္ဘီရ ဓလေ့ထုံးတမ်း(Magical Lore)

ပယင်းကို ကျောက်မျက်ရတနာအချို့နှင့် တွဲ၍ တွေ့ရတတ်ပြီး ဂမ္ဘီရကိစ္စအားလုံးနီးပါးတွင် အသုံးပြုကြသည်။ မရေမတွက်နိုင်သော ဂမ္ဘီရအစီအရင်များတွင် အသုံးပြုနိုင်သည်။ ပယင်းကို ဖန်စ ပလပ်စတစ်စများဖြင့် အတုပြုလုပ်ပြီး ရောင်းချတတ်ခြင်းကြောင့် သတိပြု၍ ရွေးချယ်ရပါသည်။ ပုံမှန် ကျောက်သားတို့ထက်ပေါ့ပါးပြီး အထူးသဖြင့် ဆားငံရည်တွင် ရေပေါ်ပေါ်သည်။ မကောင်းသော လောကီပညာ (အဆိုးပြုမှော်ပညာ) မျိုး၏ တိုက်ခိုက်မှုဒဏ်မှ အကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် ကလေးများတွင် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေနိုင်သည်။ ပယင်းပုတီး လည်ဆွဲ တစ်မျိုး ဝတ်ဆင်ထားသော ကလေးများ၏ ကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းပေးထားနိုင်ပြီး ကလေးများ၏ အိပ်ခန်းတွင်း၌ အကာအကွယ်အဖြစ် ထားပေးနိုင်သည်ဟု ယုံကြည်ကြသည်။

ပယင်းနှင့် ကျန်းမာရေး

ပယင်းကို အလှကျက်သရေတိုးအောင် ဝတ်ဆင်နိုင်ပြီး ယေဘုယျအားဖြင့် ဆွဲဆောင်မှုညှို့ဓာတ်ကို ဖြစ်စေနိုင်သည်။ ပယင်းဝတ်ဆင်သူများမှာ အချစ်ရေးတွင် ဆွဲငင်အားကောင်းခြင်း စိတ်ချမ်းသာ ပျော်ရွှင်မှု ခံစားရခြင်းတို့ကို ပေးစွမ်းသည်။ အမျိုးသမီးများအတွက် ငါး ၊ ဖား ၊ ယုန်ရုပ်များထုလုပ်၍၎င်း ၊ အမျိုးသားများအတွက ခြသေ့ၤ ၊ ခွေး ၊ နဂါးရုပ်များ ထုလုပ်ပြီး ဝတ်ဆင်ခြင်းအားဖြင့် ကာမစွမ်းအား ကောင်းစေပြီး သားသမီးထွန်းကာစေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြုံသူများအတွက် အသုံးပြုပေးနိုင်သည်။

ပယင်းကို ဝတ်ဆင်ခြင်းအားဖြင့် လူသား၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ နားထိုင်းခြင်း၊ မြုံခြင်း၊ လည်မျိုနာ၊ နားကိုက်ခြင်း၊ လေးဘက်နာ၊ အစာမကြေခြင်းနှင့် ကိုယ်ခန္ဓာတွင်း၌ ဖြစ်သော ရောဂါများကို သက်သာစေပြီး အကာကွယ်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ပယင်းလုံးကို လက်ထဲတွင် ဆုတ်ကိုင်ကစား ပေးခြင်းဖြင့် ဖျားနာသူများအား သက်သာပျောက်ကင်းစေသည်ဟု ဆိုကြသည်။ ထိုပြင် ပယင်းသည် ဝတ်ဆင်သူ၏ မျက်စိအမြင်အားကို တိုးတက်ကောင်းမွန် စေနိုင်သည်ဟု ဆိုသည်။

ပယင်းမှုန့်ကို သားဖွားသူ မိခင်လောင်၏ အနီးတွင် မီးရှို့ပေးခြင်း (သို့) မီးခဲပေါ်တွင် အမှုန့်ဖြူးပေးခြင်းဖြင့် သားဖွားရလွယ်ကူသည်ဟု ရှေးက ယုံကြည်ဆောင်ရွက်ခဲ့ကြသည်။

ပယင်းအတု အစစ် ခွဲခြားနည်း

ပယင်းအစစ်နှင့် အတု နှစ်ခုလုံးကို ရိုးရိုးရေထည့်ထားသော ဖလားခွက်(သို့) ငကြင်းခွက်ထဲသို့ နှစ်ချလိုက်ပါက ပယင်းအတု နှင့် အစစ် နှစ်ခုစလုံးသည် ရိုးရိုးရေထဲတွင် နစ်ဝင်သွားသည်ကို တွေ့ရမည်။ ထို့နောက် ရှိပြီးသား ရိုးရိုးရေထဲသို့ ဆား စတီးဇွန်းတစ်ဇွန်းခန့်ထည့်ကာ ဆားဖျော်ရည်အဖြစ် ပြုလုပ်လိုက်ပြီး ပယင်းအစစ် နှင့် အတု နှစ်ခုလုံးကို ၎င်းဆားဖျော်ရည်အတွင်းသို့ နှစ်ချလိုက်ပါက ပယင်းအတုမှာ ဆားဖျော်ရည်ထဲတွင် နစ်မြုပ်သွားပြီး အစစ်မှာ ပေါလောပေါ်နေမည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းနည်းမှာ ပယင်း အစစ် နှင့် အတုကို လျင်မြန်စွာ ခွဲခြားနိုင်သော နည်းကောင်းဖြစ်သည်။

ကိုးကား

ဟိန်း(ဘူမိ)၏ ပယင်းအကြောင်း
Cunninghanm’s Encyelopedia of Crystal Gem & Metal Magic
ဆိုင်းအောင် ပယင်းရတနာ ဆောင်းပါး
Myanmar Wikipedia

Leave a Reply