စစ္နတ္ဘုရားရဲ႕သားေတာ္မ်ား (သုိ႔) ကမာၻ႔သမုိင္းထဲက ေၾကးစားစစ္သည္ေတာ္ သူရဲေကာင္းမ်ား

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

Hittites ေတြဟာေ႐ွးေဟာင္း Anatolia (ယခု တူရကီႏိုင္ငံ) က မ်ိဳးႏြယ္စုေတြျဖစ္ၿပီး သမိုင္းမွာ မွတ္တမ္းတင္ေလာက္တဲ့ စစ္မႈစြမ္းရည္ေတြကို ျပသခဲ့သူေတြျဖစ္ပါတယ္။ ဟစ္တီတီေတြဟာ ဒီေဒသမွာ ဘီစီ ၂၀၀၀ မတုိင္မီကတည္းက မ်ဳိးႏြယ္စုတစ္ခုအျဖစ္ ရွိႏွင့္ေနၿပီျဖစ္ပါတယ္။ ဟစ္တီတီေတြဟာ စစ္တိုက္ဖို႔ေမြးဖြားလာတဲ့လူမ်ိဳးေတြျဖစ္ၿပီး ႏိုင္ငံထူေထာင္ရာမွာ လက္နက္ႏိုင္ငံေတာ္အျဖစ္တည္ေဆာက္ဖို႔ အားသန္ေနတာေၾကာင့္လည္း ယဥ္ေက်းမႈအႏုပညာဘက္ကို စိတ္ပါဝင္စားခဲ့ျခင္းမ႐ွိၾကပါဘူး။ သူတို႔ဟာအီဂ်စ္ ၊ အဆီးရီးယန္းလူမ်ိဳးေတြနဲ႔ေခတ္ၿပိဳင္ျဖစ္ခဲ့ေပမဲ့ သူ႔တို႔ရဲ႕သမိုင္းနဲ႔ ယဥ္ေက်းမႈေတြဟာ က်ယ္က်ယ္ျပန္႔ျပန္႔မ႐ွိၾကပါဘူး။

စစ္ဘုရင္ဟစ္တီတီေတြဟာအာ႐ွမိုင္းနားေဒသ လီဗန္႔က ေဒသအခ်ိဳ႕နဲ႔ မက္ဆိုပိုေတးမီးယားျမစ္မႊာျမစ္ဝွမ္းေဒသေတြကို သိမ္းပိုက္ၿပီး ဘီစီ ၁၆ရာစု၀န္းက်င္မွာ Hattusa ၿမိဳ႕ကိုအေျခတည္ကာ အင္ပါယာတစ္ခုတည္ေထာင္ခဲ့ၾကပါတယ္။ Bronze Age (ေၾကးေခတ္)နဲ႔ Iron Age(သံေခတ္) ႏွစ္ေခတ္စလံုး တန္ခိုးထြားခဲ့ၾကသူေတြျဖစ္ပါတယ္။ ဟစ္တီေတြဟာဧကရာဇ္ Suppilulium(1) လက္ထက္မွာ အာဏာအထြတ္အထိပ္ကိုေရာက္႐ွိခဲ့ပါတယ္။ ဟစ္တီတီေတြဟာ သူတို႔ကိုယ္သူတို႔ နီဆယ္(အီဂ်စ္သူရဲေကာင္းမ်ိဳးႏြယ္)လို႔ ရည္ၫႊန္းၿပီး အီဂ်စ္အင္ပါယာ၊ Mitanniအင္ပါယာ နဲ႔ အဆီးရီးယန္းအင္ပါယာေတြကို တိုက္ခိုက္ခဲ့ၾကတာပါ။ သတၳဳႀကိဳခ်က္နည္း နည္းပညာကိုပိုင္ဆိုင္ၾကၿပီး လက္နက္ေတြကို အျခားတုိင္းျပည္ေတြထံ ထုတ္လုပ္ေရာင္းခ်ႏိုင္သူေတြျဖစ္ပါတယ္။ လက္နက္ေတြသာမက ေၾကးစားစစ္သည္ေတာ္ေတြအျဖစ္ အျခားအဖြဲ႔အစည္းေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကပါတယ္။

ဘီစီ ၁၂ရာစု ေႏွာင္းပိုင္းမွာေတာ့ ဟစ္တီတိမ်ိဳးႏြယ္ေတြဟာ ေသြးကြဲလာၾကၿပီး ယခုဆီးရီးယား၊ လက္ဘႏြန္ နဲ႔ အစၥေရးႏိုင္ငံေနရာေတြမွာၿမိဳ႕ျပႏိုင္ငံေတြအျဖစ္ တစ္ကြဲတစ္ျပားေနထိုင္အုပ္စိုးၾကၿပီး ေနာက္ပိုင္းမွာ အဆီးရီးယန္းေတြရဲ႕ ဝင္ေရာက္တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။ အဲအခ်ိန္ကစျပီး ဟစ္တီတီေတြနဲ႔အတူ သူတို႔ရဲ႕ယဥ္ေက်းမႈနဲ႔ လူေနမႈစ႐ိုက္ဟာ ကြယ္ေပ်ာက္ခဲ့ရပါတယ္။ ဒီတစ္ခါ သုတဇုန္မိတ္ေဆြေတြကို ဗဟုသုတ အေနနဲ႔မွ်ေ၀ခ်င္တာကေတာ့ အဲဒီ စစ္ဘုရင္ဟစ္တီတီေတြရဲ႕ စိတ္၀င္စားဖြယ္ အေၾကာင္းေတြပဲ ျဖစ္ပါတယ္။

၁။ Warrior King

Bronze Age(ေၾကးေခတ္)မွ Iron Age(သံေခတ္)အထိ ဟစ္တီေတြဟာစစ္ပြဲေတြကို ေတာက္ေလ်ာက္ဖန္တီးခဲ့ၾကပါတယ္။ စစ္ပြဲေတြအႀကိမ္ေရမ်ားလာတာနဲ႔အမ်ွ ဟစ္တီတီဘုရင္ေတြနားလည္လာတာကေတာ့ စစ္ပြဲတစ္ပြဲရဲ႕အဆံုးအျဖတ္ဟာ စစ္မျဖစ္ခင္အစီအမံ လက္နက္အင္အားနဲ႔ စစ္ပြဲအတြင္းထိေရာက္တဲ့ ၫႊန္ၾကားခ်က္ေတြျဖစ္တယ္လို႔ နားလည္လာၾကတာပါ။ အဲဒီအတြက္ သူတို႔ဟာ လုိအပ္ခ်က္ေတြကိုတစ္ခုၿပီး တစ္ခုျပင္ဆင္လာၾကပါတယ္။ ဘုရင္ေတြကိုယ္တိုင္စစ္ပြဲအတြင္းဝင္ေရာက္တိုက္ခိုက္ၿပီး အနီးကပ္ အမိန္႔ေပးခဲ့ၾကပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္စစ္သည္ေတြရဲ႕စြမ္းေဆာင္ရည္တိုးတက္လာၿပီး ေအာင္ပြဲမ်ားစြာရ႐ွိခဲ့ပါတယ္။

ဒီလိုတိုက္ပြဲဝင္တဲ့ဟစ္တီဘုရင္ေတြၾကားမွာေတာ့ဘုရင္ စတုတၳေျမာက္ Tudhaliya ဟာအလြန္ထင္႐ွားၿပီးအသက္ ၁၄ႏွစ္အရြယ္ကေလးနဲ႔ ဟစ္တီတီစစ္တပ္ႀကီးကို ဦးေဆာင္တိုက္ခိုက္ခဲ့သူျဖစ္ပါတယ္။ ဒီလိုအနီးကပ္တိုက္ပြဲေတြမွာေတာ့ ဘုရင္ေတြဟာ ရန္သူရဲ႕အနီးကပ္လုပ္ၾကံျခင္းကိုခံရဖို႔ ႐ွိေပမယ့္ ဟစ္တီတီစစ္ဘုရင္ေတြဟာ ဒီဓေလ့ကိုမပယ္ဖ်က္ခဲ့ၾကပါဘူး။ သူတို႔ကိုယ္တိုင္တိုက္ပြဲရဲ႕ အစိတ္အပိုင္းထဲပါဝင္ၿပီး သူတို႔စြမ္းေဆာင္ရည္ကိုမွတ္ေက်ာက္တင္ၾကတာပဲျဖစ္ပါတယ္။ သံခ်ပ္ကာဝတ္စံုဝတ္ဆင္ထားတဲ့ ဟစ္တီတီ ဘုရင္ေတြဟာ သူတို႔ရဲ႕Meshedi လို႔ေခၚတဲ့ လက္ေရြးစင္သက္ေတာ္ေစာင့္အဖြဲ႔နဲ႔အတူ သံခ်ပ္ကာႏွစ္ဘီးတပ္စစ္ရထားစီးၿပီး တိုက္ပြဲဝင္ခဲ့ၾကတဲ့ စစ္ဘုရင္ေတြျဖစ္ပါတယ္။

၂။ Hierarchy of Command

အေပၚမွာေျပာခဲ့တဲ့အတုိင္း ဟစ္တီတီဘုရင္ေတြဟာ စစ္ေျမျပင္အထိ ကိုယ္တိုင္ပါ၀င္တိုက္ခိုက္ၿပီး အမိန္႔ေပးၾကတာဟာ သူတို႔ပံုစံျဖစ္ပါတယ္။ တကယ္လို႔တိုက္ပြဲအတြင္း ဘုရင္ဟာအေၾကာင္းေၾကာင္းေၾကာင့္ အမိန္႔ေပးႏိုင္ျခင္းမ႐ွိရင္ေတာ့(ျဖစ္ႏိုင္တာက တိုက္ပြဲဟာေနရာအႏွ့ံအျပားျဖစ္ေနၿပီး စစ္ေၾကာင္းေတြခြဲၿပီး တိုက္ခိုက္ရတဲ့အခ်ိန္မ်ိဳး)မွာဘုရင့္ေတာ္ဝင္မ်ိဳးႏြယ္ေတြက ဘုရင့္ကိုယ္စားအမိန္႔ေပးတိုက္ခိုက္ေလ့ရွိၾကပါတယ္။ အမ်ားအားျဖင့္ေတာ့ဘုရင့္ရဲ႕အႀကီးဆံုးညီအစ္ကိုေတြထဲက တစ္ဦးစသျဖင့္ေတာ္ဝင္အမ်ိဳးသားထဲက ဝါစဥ္အလိုက္ စစ္တပ္ကိုအမိန္႔ေပးခြင့္႐ွိပါတယ္။ ဟစ္တီတီစစ္တပ္မွာ အျမင့္ဆံုးအဆင့္႐ွိတဲ့ Meshedi ေတြကစလို႔ ေအာက္ေျခအဆင့္စစ္သားေတြဟာ အဆင့္ဆင့္အုပ္ခ်ဳပ္ၾကရပါတယ္။ ဟစ္တီတီစစ္တပ္အဖြဲ႔ဝင္အစ္ကိုေနရာမွာ ညီျဖစ္သူက အစားထိုးတာဝန္ထမ္းေဆာင္ခြင့္႐ွိပါတယ္(အစ္ကိုျဖစ္သူက်ဆံုးသြားပါက)။

ဘုရင္နဲ႔ ဘုရင္အႏြယ္ဝင္ေတြဟာ ေအာက္ေျခစစ္သားေတြနဲ႔တေျပးညီတိုက္ခိုက္ၿပီး လိုအပ္တဲ့ၫႊန္ၾကားခ်က္ေတြေပးေလ့႐ွိပါတယ္။ စစ္ပြဲမစခင္တည္းကတိုက္ခိုက္ေရးဧရိယာေတြသတ္မွတ္ေပးထားၿပီး ရန္သူနယ္ေျမထဲ ႐ုတ္တရတ္ဝင္ေရာက္တိုက္ခိုက္ျခင္း ၊ အရပ္မ်က္ႏွာေပါင္းစံုကတစ္ခ်ိန္တည္းဝင္ေရာက္ျခင္း၊ ရန္သူအင္အားကိုခ်ိနဲ႔ေအာင္လုပ္ၿပီးမွ အလံုးအရင္းနဲ႔ဝင္ေရာက္တိုက္ခိုက္ျခင္း စတဲ့စစ္ေရးနည္းပရိယာယ္မ်ားစြာသံုးၿပီးတိုက္ခိုက္ခဲ့ၾကတာပါ။ တိုက္ပြဲမွာမလိုလားအပ္တဲ့ေပါ့ေလ်ာ့မႈေတြ သူရဲေဘာေၾကာင္မႈေတြျဖစ္ပါက ျပင္းထန္စြာအျပစ္ေပးျခင္းခံရပါတယ္။ ဟစ္တီတီေတြရဲ႕ စစ္တပ္ဖြဲ႔စည္းပံုဟာ ယေန႔ေခတ္ပံုစံလိုပဲ တပ္သား၊ တပ္ၾကပ္၊ ဗိုလ္ႀကီးပံုစံျဖစ္ၿပီး ရာထူးအဆင့္ဆင့္ၾကပ္မတ္အုပ္ခ်ဳပ္ေစတာပါ။ ဟစ္တီေတြဟာစစ္ေၾကာင္းမ်ားလည္းခြဲထားၾကၿပီး စစ္သားဆယ္ေယာက္ကေန တစ္ရာအထိပါဝင္တဲ့အဖြဲ႔ေတြလည္းခြဲထားပါေသးတယ္။

၃။ Manpower and Diplomancy

ႏိုင္ငံတစ္ႏိုင္ငံ (သို႔) အင္ပါယာတစ္ခုရဲ႕စစ္အင္အားဟာ အဲဒီေဒသမွာ႐ွိတဲ့ လူဦးေရအေပၚမီွတည္ေနတာပါ။ စစ္တုိက္ဖို႔ အၿမဲလုိလုိ အာသီသရွိေနတဲ့ ဟစ္တီတီေတြဟာ စစ္တပ္ကို အၿမဲခ်ဲ႕ထြင္ဖို္႔ႀကိဳးစားေနေပမယ့္ အစပုိင္းမွာ ဒီအခ်က္ကိုသတိထားမိျခင္းေတာ့မ႐ွိပါဘူး။ အတင္းအဓမၼနည္းနဲ႔ စစ္အင္အားတိုးခ်ဲ႕ၾကတာပါ။ ေနာက္ပိုင္းမွာ ဟစ္တီတီဘုရင္ေတြဟာ ဒီသေဘာတရားကိုနားလည္ၿပီး အၿပိဳင္အင္ပါယာေတြျဖစ္တဲ့ အီဂ်စ္ မီဒီတာရန္ေတြလို လူထုအင္အားကိုအေျခ ခံၿပီးစစ္တပ္ေတြကိုတည္ေဆာက္လာႏိုင္ၾကပါတယ္။

တဖန္အီဂ်စ္ေတြနဲ႔ တိုက္ခိုက္ခဲ့တဲ့ Kadesh တိုက္ပြဲမွာ ဟစ္တီတီေတြဟာ အီဂ်စ္နဲ႔ မဟာမိတ္တပ္ေတြရဲ႕စုေပါင္းတိုက္ခိုက္ျခင္းကိုခံခဲ့ရပါတယ္။ အီဂ်စ္ေတြနဲ႔လက္တြဲတိုက္ခိုက္ခဲ့ၾကတဲ့ လူမ်ိဳးစုေတြဟာ အီဂ်စ္နဲ႔ဘာသာစကား လူမ်ိဳး ယဥ္ေက်းမႈအေျခအေနကြဲျပားေပမဲ့ အီဂ်စ္အင္ပါယာရဲ႕ သံတမန္နည္းလမ္းအရ သေဘာတူညီခ်က္ေတြ႐ွိလို႔ဆိုတဲ့ အခ်က္ကို ဟစ္တီတီေတြစတင္သတိထားမိခဲ့ပါတယ္။ အဲဒီအခ်ိန္က ဟစ္တီတီစစ္တပ္ရဲ႕အင္အားဟာ ၁၇၀၀၀ ကေန ၂၀၀၀၀ ၀န္းက်င္အထိသာရွိခဲ့တယ္လုိ႔ ပညာရွင္ေတြက ဆုိပါတယ္။

Kadesh တိုက္ပြဲအၿပီး ဟစ္တီတီေတြရဲ႕ နယ္ေျမအခ်ဳိ႕အီဂ်စ္နဲ႔ မဟာမိတ္ေတြလက္ေအာက္က်ေရာက္သြားခဲ့တာမို႔ မ်ားစြာနစ္နာခဲ့ရပါတယ္။ ဒါေၾကာင့္ဟစ္တီတီေတြဟာ ပတ္ဝန္းက်င္လူမ်ိဳးစုမ်ားနဲ႔ ၿမိဳ႕ျပႏိုင္ငံမ်ားထံ သံတမန္မ်ားစြာေစလြတ္ခဲ့ၾကပါတယ္။ စစ္ေရးသေဘာတူညီခ်က္သာမက စီးပြားေရးအရသေဘာတူညီခ်က္ေတြပါရ ႐ွိၿပီးအက်ိဳးအျမတ္မ်ားစြာရ႐ွိလာခဲ့ပါတယ္။ အျခားမည့္သည့္အင္ပါယာမွတင္ပို႔ျခင္းမ႐ွိတဲ့ ဟစ္တီတီေတြရဲ႕ ေၾကးစားစစ္သည္ေတြကို အနယ္နယ္အရပ္ရပ္ကို (ကြၽန္ေစ်းကြက္မဟုတ္ သတ္မွတ္ထားေသာစည္းမ်ဥ္းျဖင့္) ေရာင္းခ်ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ ဟစ္တီတီေတြဟာ လူဦးေရနဲ႔ စစ္တပ္အၾကားအေကာင္းဆံုးထိန္းညိွလာႏိုင္ၾကၿပီး မဟာမိတ္မ်ားစြာရ႐ွိလာပါတယ္။ ဟစ္တီတီဘုရင္ေတြဟာ သူရဲ႕ေတာ္ဝင္မ်ိဳးႏြယ္ေတြကို သံအဖြဲ႔ေတြအားဦးေဆာင္ေစခဲ့ပါတယ္။

၄။ The dual Role of Aristocrecy

ဟစ္တီတီဘုရင္ေတြဟာ စစ္ပြဲထဲအာရံုေရာက္ေနခ်ိန္မွာ အျခားအင္ပါယာၿပိဳင္ဘက္ေတြက စစ္တပ္သာမက လူ႔အဖြဲ႔အစည္းေတြ ဖြံၿဖိဳးေနတဲ့အေၾကာင္း ဟစ္တီဘုရင္ေတြသတိထားမိလာၾကပါတယ္။ ဥပမာ အီဂ်စ္ဖာ႐ိုးဘုရင္ေတြဟာ Montu(သိန္းငွက္နက္ဘုရား)စတဲ့ကိုးကြယ္ယံုၾကည္မႈကို မ်ွေဝေနၿပီျဖစ္ပါတယ္။ ေနာက္ခံစီးပြားေရးေတာင့္တင္းလာတာနဲ႔အမ်ွ လူေနမႈစနစ္ပါ တိုးတက္လာတဲ့အေၾကာင္း ဟစ္တီတီဘုရင္ေတြသိ႐ွိလာၾကၿပီး စစ္တိုက္ေနရံုနဲ႔မၿပီးပဲ ေနာက္ခံဓနအင္အားတိုးပြားေအာင္လုပ္ဖို႔ လိုလာၿပီျဖစ္ေၾကာင္း သိလာပါတယ္။ စစ္တိုက္တဲ့အခ်ိန္ၾကာျမင့္လာတာနဲ႔အမ်ွ ဟစ္တီတီေတြဟာ စစ္စရိတ္ေထာင္းလာပါတယ္။

ဒါေၾကာင့္ဟစ္တီတပ္မေတာ္အတြင္းကေနပဲ ၂ ပိုင္းခြဲျခားၿပီး ေနာက္ခံရိကၡာနဲ႔ ဓနအင္အားေတာင့္တင္းေအာင္ၾကံေဆာင္လာၾကပါေတာ့တယ္။ ဟစ္တီတီေတြဟာ သူတို႔ရဲ႕ဂုဏ္ကို စစ္ပြဲေတြမွာစြမ္းေဆာင္ရည္ေတြနဲ႔ တိုင္းတာၾကသူေတြလည္းျဖစ္ပါတယ္။ ဘုရင္ေတြသာသူတို႔ပိုင္ဆိုင္တဲ့ ေျမဧရိယာမ်ားစြာကို လယ္ယာေျမအျဖစ္ဖန္တီးၾကၿပီး ဟစ္တီစစ္သည္ေတြကို ထြန္ယက္စိုက္ပ်ိဳးေစပါတယ္။ လယ္ယာလုပ္ငန္းအျပင္ ေမြးျမဴေရး နဲ႔ သီးႏွံစုိက္ပ်ဳိးေရးလုပ္ငန္းေတြကို ပူးတြဲလုပ္ကိုင္ေစပါတယ္။ ရာသီအလိုက္ကြဲျပားတဲ့တပ္ခြဲေတြက ဒီလယ္ယာေမြးျမဴေရးလုပ္ငန္းေတြကို လႊဲေျပာင္းတာဝန္ယူၾကရပါတယ္။

အေစာပိုင္းေရာမေခတ္ကလို ေယာက်ၤားတစ္ဦးစစ္တိုက္ေနတာဟာ သူ႔မိသားစုကိုကာကြယ္ျခင္းတစ္မ်ဳိးလို႔ ဟစ္တီတီဘုရင္ေတြက ျပည္သူကို ယူဆေစခဲ့တာပါ။ ေနာက္ပိုင္းမွာ ယခုလိုတည္ေဆာက္ေရးလုပ္ငန္းဟာ စစ္တိုက္တဲ့လုပ္ငန္းလို အင္ပါယာတစ္ခုတည္ေထာင္ရာမွာ အေရးပါတယ္လို႔ ဟစ္တီဘုရင္ေတြသိ႐ွိလာၾကၿပီး စစ္တိုက္တဲ့ေတာ္ဝင္အတန္းအစားကတစ္ရပ္၊ ေနာက္တန္း ရိကၡာရ႐ွိေရးအတြက္ ေဆာင္ရြက္တဲ့ေတာ္ဝင္အတန္းအစားက တစ္ရပ္ စသျဖင့္ မိမိအႏြယ္ဝင္ေတြကို ပင္ခြဲေပးကာ သက္ဆိုင္ရာလုပ္ငန္းေတြကို ေဆာင္ရြက္ေစပါတယ္။

၅။ Professional Defense Force

ဟစ္တီတီစစ္တပ္ရဲ႕အဆင့္မ်ိဳးစံုမွာ႐ွိၾကတဲ့ စစ္သည္ေတြဟာ အခေၾကးေငြယူၿပီးေၾကးစားအျဖစ္လည္းစစ္မႈထမ္းၾကပါတယ္။ သူတို႔ရဲ႕အ႐ွင္သခင္ (သို႔ ) ဘုရင္ကစစ္တိုက္ရန္အမိန္႔ေပးတဲ့အခ်ိန္တိုင္း သူတို႔ဟာစစ္ဆင္ေရးတာဝန္ေတြထမ္းေဆာင္ပါတယ္။ ဒီေၾကးစားစစ္သည္ေတြဟာ လက္ေရြးစင္စစ္သည္ေတာ္ေတြျဖစ္ၿပီး စစ္မ်က္ႏွာေပါင္းမ်ားစြာမွာ ေအာင္ျမင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ဒီဟစ္တီ တီေၾကးစားစစ္သည္ေတြကို ငွါးရမ္းပါက ေနစရာအျဖစ္ အုတ္တိုက္တစ္ခုနဲ႔ တစ္ႏွစ္ပတ္လံုးစားသာက္စရာဖန္တီးေပးရပါတယ္။

ေၾကးစားစစ္သည္ေတြကိုေတာ့ ဟစ္တီတီတပ္မေတာ္ထဲက တိုက္ပြဲဝင္ၿပီးျဖစ္တဲ့ လက္ေရြးစင္စစ္သည္ေတြထဲကသာေရြးခ်ယ္ရတာပါ။ ေလ့က်င့္မွဳမ်ားစြာျပဳလုပ္ရၿပီး အဆင့္ဆင့္ေရြးခ်ယ္ျခင္းျဖစ္ပါတယ္။ ေၾကးစားစစ္သည္ေတြေရြးခ်ယ္ရာမွာ ဟစ္တီတီေတာ္ဝင္မ်ိဳးႏြယ္ကသာ လုပ္ပိုင္ခြင့္အျပည့္႐ွိၿပီး လူလြတ္မ်ားကိုသာေရြးခ်ယ္တာပါ။ ကြၽန္မ်ားနဲ႔ အိမ္ေထာင္သည္ေတြကိုေတာ့ ကန္႔သတ္ထားပါတယ္။ ဘုရင္ကတင္းၾကပ္တဲ့ စည္းကမ္းေတြထုတ္ထားၿပီး ေရြးခ်ယ္ေရာင္းခ်ၿပီးျဖစ္တဲ့ ေၾကးစားစစ္သည္ေတြကို လူစားလဲခြင့္မ႐ွိပါဘူး။ ဒါ့အျပင္ ယခုလိုေၾကးစားစစ္သည္ေတြေရာင္းခ်ဖို႔ စစ္မႈမထမ္းမေနရ စည္းကမ္းခ်မွတ္တာဟာေနာက္လာမယ့္ လူစြမ္းအားအရင္းအျမစ္ေတြအတြက္ အက်ိဳး႐ွိေအာင္လုပ္တဲ့ စစ္တပ္ရဲ႕ေဆာင္ရြက္ခ်က္ျဖစ္တယ္လုိ႔ ယူဆထားၾကပါတယ္။

၆။ Military Resettling

ႏိုင္ငံကာကြယ္ေရးအတြက္ စစ္မႈမထမ္းမေနရဥပေဒနဲ႔ ဆင့္ေခၚျခင္းခံရတဲ့စစ္သည္ေတြရဲ႕အဆင့္ကို တိုက္ပြဲမွာေအာင္ျမင္ခဲ့တဲ့ အေနအထားနဲ႔သတ္မွတ္ပါတယ္။ ဟစ္တီတီေတြရဲ႕ၿမိဳ႕ေတာ္ Hattusa မွာ ႐ွိတဲ့ ခံတပ္ေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဟစ္တီတီစစ္ေၾကာင္းေတြဟာ အလွည့္ၾကေျပာင္းေရြ႔ၾကရပါတယ္။ စစ္ဆင္ေရးနယ္ေျမအေနအထားကိုလိုက္ၿပီး သင့္ေလ်ာ္တဲ့ဟစ္တီတီမ်ိဳးႏြယ္စုေတြပါတဲ့ စစ္တပ္ကို စခန္းခ်ေနရာယူေစပါတယ္။ ဘုရင္ေတာ္ဝင္မိသားစုက သူေတြကိုလည္း ဘုရင္ကစစ္ဆင္ေရးဧရိယာေတြ ခြဲေဝသတ္မွတ္ေပးထားပါတယ္။

စစ္ပြဲေတြမွာဖမ္းမိတဲ့သံု႔ပန္းေတြကို ဟစ္တီတီေတြလက္ေအာက္မွာ စစ္မႈထမ္းခြင့္႐ွိေပမယ့္ ျငင္းဆန္ရင္ေတာ့ ေသဒဏ္ေပးေလ့ရွိပါတယ္။ အထက္ကေဖာ္ျပခဲ့သလို ဟစ္တိတိစစ္သည္ေတြဟာ စိုက္ပ်ိဳးေရးနဲ႔ေၾကးစားစစ္သည္ေတြအျဖစ္ အမႈထမ္းေနရတာေၾကာင့္လည္း ယင္းစစ္သည္ေတြလစ္လပ္သြားပါက မဝင္မေနရစစ္သားစုေဆာင္းေရးအရေခၚေဆာင္ထားတဲ့ ဟစ္တီတီအရန္စစ္သည္ေတြနဲ႔ အသင့္အစားထိုးၾကပါတယ္။ အရံစစ္သည္ေတြအေနနဲ႔ လိုအပ္တဲ့ေလ့က်င့္မႈေတြေတာ့ လုပ္ၾကရပါတယ္။ ဟစ္တီတီေတြဟာ ၿမိဳ႕ရြာေတြတည္ေထာင္တဲ့အခါမွာလည္း ခံတပ္ေတြမ်ားစြာတည္ေဆာက္ၿပီး စစ္ေရးအရ မ်ားစြာအသာရတဲ့ ခံတပ္ၿမိဳ႕ပံုစံ တည္ေဆာက္ၾကပါတယ္။

၇။ The Class the Men of Weapon

မ်ိဳး႐ိုးဂုဏ္ႀကီးမားတဲ့ စစ္ေသနာပတိေတြကလြဲၿပီး ေဒသခံစစ္သည္ ႏိုင္ငံျခားစစ္သည္ စတဲ့ ဟစ္တီတီစစ္သည္ေတြရဲ႕အင္အားကို လူအတန္းအစားမ်ိဳးစံုပါဝင္တဲ့ ဟစ္တီတီလူအဖြဲ႔အစည္းကအရန္အင္အားျဖင့္ပါဝင္ေပးထားပါတယ္။ အရန္တပ္ဖြဲ႔ဝင္ေတြကေန ေရြးခ်ယ္ခံရတဲ့ ဟစ္တီတီစစ္သည္ေတြကို Lu Gistukul သို႔ Men of Weapon လို႔ ေခၚၾကပါတယ္။ သူတို႔ဟာတိုက္ပြဲဝင္တဲ့အခါ အရန္စစ္သည္ေတြရဲ႕ေ႐ွ႕ကေနၿပီးတိုက္ခိုက္ျပရၿပီး အေကာင္းစားလက္နက္ေတြတပ္ဆင္ေပးထားပါတယ္။ စစ္ပြဲအတြင္း သတ္ျဖတ္ႏိုင္တဲ့ရန္သူစစ္သား အေပၚမူတည္ၿပီးရာထူးေတြ တုိးျမွင့္ေပးျခင္းခံရပါတယ္။ အျမဲတမ္းစစ္သားေတြနဲ႔ မိသားစုကိုႏိုင္ငံေတာ္က ရိကၡာေထာက္ပ့ံထားေပမယ့္ အရန္စစ္သည္ေတြကေတာ့ ခြဲေဝေပးထားတဲ့ ေျမေနရာအခ်ိဳ႕မွာ ကုိယ္တုိင္စိုက္ပ်ိဳးၿပီး မိသားစုကိုျပန္လည္ေထာက္ပ့ံၾကရပါတယ္။

ဟစ္တီတီဘုရင္ေတြရဲ႕စီးပြားေရးေတာင့္တင္းေအာင္လုပ္ရမယ္ဆုိတဲ့ ယံုၾကည္ခ်က္ေၾကာင့္ လယ္ယာေမြးျမဴေရးမွာအသံုးတည့္တဲ့စစ္သားအခ်ိဳ႕ဟာ ထာဝရ လယ္သမားေတြျဖစ္ၿပီး စစ္သားဘဝကိုဆံုး႐ူံးၾကရပါေတာ့တယ္။ ေနာက္ပိုင္းမွာစစ္တပ္ေတြကိုအလွည့္က်မလုပ္ေစပဲ တရားေသလုပ္ခိုင္းလိုက္လို႔ပါ။ ဟစ္တီတီေတြရဲ႕စစ္တပ္မွာအျမင့္ဆံုးကေတာ့ Meshedi လို႔ေခၚတဲ့ ဘုရင္ကိုယ္ရံေတာ္တပ္ေတြျဖစ္ၿပီး အျခားစစ္သည္ေတြကေတာ့ စစ္ရထားစီးတိုက္ခိုက္ေရးသမားမ်ား ေလးသည္ေတာ္မ်ား၊ ေျခလ်င္တပ္၊ ျမင္းတပ္၊ အရန္တပ္ စသျဖင့္ အတန္းအစားမ်ိဳးစံုေသာတာဝန္မွာ ထမ္းေဆာင္ၾကရပါတယ္။

၈။ Lightness And Misconception on Iron

ေ႐ွးေဟာင္း သုေတသနဆိုင္ရာ ေလ့လာခ်က္ေတြအရ ဟစ္တီတီစစ္သည္ေတြဝတ္ဆင္ခဲ့တဲ့ သံခ်ပ္ကာဟာ Hattusa (ဟစ္တီတီေတြရဲ႕ၿမိဳ႕ေတာ္)မွာ ျပန္လည္ေတြ႔႐ွိခဲ့တဲ့ ပန္းခ်ီကားေတြထဲကလုိ ပုံစံအတုိင္းျဖစ္ပါတယ္။ ဟစ္တီတီစစ္သည္ေတြဟာ ရပ္ေဝးေဒသေတြကို ခ်ီတက္တိုက္ခိုက္တဲ့အခါ နဲ႔ ရက္႐ွည္စခန္းခ်ရာမွာ ေပါ့ပါးတဲ့စစ္ဝတ္တန္ဆာေတြကိုသာဝတ္ဆင္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေၾကာင္းကိစၥေပၚလို႔ရပ္ေဝးေဒသကိုခ်ီတက္ရင္ ေလးလံတဲ့ခ်ပ္ဝတ္တန္ဆာေတြဟာ စစ္သားေတြရဲ႕ၾက့ံခိုင္မႈကိုေလ်ာ့က်ေစၿပီး ခ်ီတက္ရာလမ္းေၾကာင္းကို ေႏွာင့္ေႏွးသြားေစလို႔ျဖစ္ပါတယ္။ အထူးသျဖင့္ ပူေလာင္ၿပီး မိုးေခါင္တဲ့ ကႏာၱရေဒသျဖစ္တဲ့ အေ႐ွ႕အလယ္ပိုင္းေဒသေတြကိုခ်ီတက္တိုက္ခိုက္ရာမွာ အေႏွာင့္အယွက္ျဖစ္လို႔ပါ။

ဟစ္တီတီေတြဟာ အလြန္႐ွည္လ်ားတဲ့ဓား႐ွည္မ်ားကို ရန္သူနဲ႔တိုက္ခိုက္ရာမွာ သံုးပါတယ္။ အထူးသျဖင့္ သစ္ေတာေတြ ေတာင္ကုန္းေတြမွာ ရင္ဆိုင္ေတြ႔ရင္ ပိုမိုအဆင္ေျပၿပီးသယ္ေဆာင္လို႔ လြယ္တဲ့အရာေတြကို သံုးေလ့ရွိပါတယ္။ ရန္သူစစ္တပ္နဲ႔ ရင္ဆိုင္ျခင္းမျပဳမီ ရန္သူတပ္တြင္းကို အေဝးကပစ္ခတ္မယ့္ ေလးသည္ေတာ္ေတြကို က်န္တပ္သားမ်ားက အကာအကြယ္ေပးထားတတ္ပါတယ္။ ဟစ္တီတီေတြရဲ႕ယဥ္ေက်းမႈဟာ Iron Age(သံေခတ္) ေခတ္ေရွ့ေျပးယဥ္ေက်းမႈျဖစ္ၿပီး သံထည္ေတြကိုလက္နက္အျဖစ္ဖန္တီးႏုိင္ခဲ့ၾကပါတယ္။ ဘီစီ ၁၂ရာစုခန္႔မွာ သတၳဳႀကိဳခ်က္နည္းကို စတင္သိ႐ွိၿပီး စစ္လက္နက္ေတြဖန္တီးၾကပါေတာ့တယ္။ ဟစ္တီတီေတြဟာ သူတို႔ဖန္တီးထားတဲ့လက္နက္ေတြကို အျခားႏုိင္ငံမ်ားထံအကန္႔အသတ္နဲ႔သာ ေရာင္းခ်ၾကၿပီး သူတို႔ရဲ႕လက္နက္ဖန္တီးမႈနည္းပညာက စစ္ေျမျပင္မွာ ဟစ္တီတီစစ္သည္ေတြကို အသာစီးရေစခဲ့ပါတယ္။

၉။ The Elite Chariot Arm

ေၾကးေခတ္ေႏွာင္းပုိင္းက လူသိမ်ားထင္႐ွားတဲ့ စစ္သံုးယာဥ္တစ္စီးက သံခ်ပ္ဝတ္ျမင္းႏွစ္ေကာင္တပ္ရထားျဖစ္ပါတယ္။ ဒီစစ္ရထားကုိေတာ့ ဟစ္တီတီေတြဟာ သူတို႔ရဲ႕လက္ေရြးစင္စစ္သည္ေတြ ေျမျပန္႔တိုက္ပြဲေတြမွာအသံုးျပဳဖို႔ ဖန္တီးထားတာပဲျဖစ္ပါတယ္။ ဟစ္တီတီဘုရင္ေတြစီးရန္ အထူးျပဳလုပ္ေပးထားတဲ့ သံခ်ပ္ကာစစ္ရထားေတြလည္း႐ွိပါတယ္ ဘီစီ ၁၂၇၄က အီဂ်စ္ေတြနဲ႔တိုက္ခဲ့တဲ့ Kadesh စစ္ပြဲမွာဆိုရင္ စစ္ရထားေပါင္း ၅၀၀၀ ကေန ၆၀၀၀အထိ သုံးခဲ့ပါတယ္။

ျမင္းရထားေတြရဲ႕ အဓိကရည္ရြယ္ခ်က္က စစ္ေျမျပင္မွာ အသာစီးရေအာင္ျဖစ္ၿပီး ေလးသည္ေတာ္ေတြဟာ လႈပ္ရွားေနတဲ့ဒီရထားေပၚကေန ရန္သူပစ္မွတ္ကိုထိေအာင္အထူးေလ့က်င့္ထားရပါတယ္။ ဒီစစ္ရထားေတြဟာစီးနင္းသူ သံုးဦးပါ႐ွိပါတယ္ ။ ရထားေမာင္း ၊ ေလးသည္ေတာ္နဲ႔ အကူစစ္သည္တစ္ဦးပါ။ အကူစစ္သည္က ရထားေမာင္းသူကို မထိခိုက္ေအာင္ဒိုင္းစတဲ့ လက္နက္ေတြနဲ႔ ကာကြယ္ေစာင့္ေ႐ွာက္ရပါတယ္။ စစ္ရထားေမာင္းသူေတြဟာ ညအခ်ိန္ေတြပါေမာင္းႏွင္ႏိုင္ေအာင္ အထူးေလ့က်င့္ထားရပါတယ္။ ဒီျမင္းရထားေတြကေတာ့ ထိုေခတ္က နာမည္ေက်ာ္တိုက္ခိုက္ေရးယာဥ္ေတြျဖစ္ပါတယ္။

၁၀။ Meshedi

အေစာပိုင္းကကြ်န္ေတာ္တင္ျပထားသလို ဘုရင္ရဲ႕ေတာ္ဝင္မိသားစုနဲ႔ ဘုရင္က ခြင့္ျပဳထားတဲ့လူယံုအခ်ိဳ႕ဟာ ဟစ္တီတီစစ္တပ္ကုိ အမိန္႔ေပးႏိုင္ပါတယ္။ ဒီဘုရင့္ရဲ႕လူယံုေတြထဲမွာ Meshedi လို႔ေခၚတဲ့ ဘုရင့္သက္ေတာ္ေစာင့္ေတြလည္းပါဝင္ပါတယ္။ ဟစ္တီတီစစ္တပ္ရဲ႕အဆင့္ျမင့္စစ္သည္ေတာ္ေတြျဖစ္ၿပီး ဘုရင္အပါးေတာ္ၿမဲေတြျဖစ္ပါတယ္။ တခ်ိဳ႕အခ်ိန္ေတြမွာေတာ့စစ္တပ္နဲ႔တြဲလ်က္ေတြ႔ရၿပီး စစ္တပ္ရဲ႕လုပ္ငန္းစဥ္ေတြကို႐ိုး႐ွင္းစြာထမ္းေဆာင္ၾကပါတယ္။ တိုက္ပြဲျဖစ္ပြားေနစဥ္မွာေတာ့ Meshedi ေတြဟာ ဘုရင္ကို အကာအကြယ္ေပးဖို႔အဓိကတာဝန္ယူၿပီး တိုက္ပြဲဆင္ႏႊဲၾကပါတယ္။

တိုက္ပြဲၿပီးဆံုးခ်ိန္မွာေတာ့ Meshedi ေတြရဲ႕ ေလးပံု တစ္ပံုပဲ ဘုရင္အနားမွာက်န္႐ွိၿပီး လံုျခံဳေရးတာ၀န္ကုိဆက္ယူၾကပါတယ္။ Meshedi ထဲကပဲ အနည္းငယ္ကိုေရြးထုတ္ၿပီး ဘုရင္နန္းေတာ္တြင္း သတင္းလႊာေပးပို႔သူ သို႔မဟုတ္ အာဏာပါးကြတ္သားအျဖစ္ တာဝန္ထမ္းေဆာင္ေစပါတယ္။ Meshedi ေတြရဲ႕အခန္းက႑ကို နန္းတြင္းသားအားလံုးက သေဘာက်ၾကၿပီး ဘုရင္ဧကရာဇ္ကိုယ္တိုင္ ၿပိဳင္ပြဲအခမ္းအနား မ်ားက်င္းပေပးၿပီး အႏိုင္ရတဲ့ Meshedi ကို ဘုရင္ေတာ္ဝင္ျမင္းထိန္းအျဖစ္ခန္႔အပ္ဂုဏ္ျပဳေပးတဲ့ အစဥ္အလာေတြ႐ွိခဲ့တာပါ။

Honorable Mention-Running Gods

ငွက္ေမႊးေခါင္းေဆာင္း သားေရဂါဝန္ အေပၚပိုင္းဗလာက်င္း ျမင္းၿမီးပံုစံဆံပင္ကိုေနာက္မွာစုခ်ည္ထားတဲ့ ပံုထဲမွာပါတဲ့႐ုပ္ထုဟာ ဟစ္တီတီေတြရဲ႕ကံေကာင္းေစတဲ့ နတ္ဘုရား Sharrumma ျဖစ္ၿပီး ဟစ္တီတီေတြရဲ႕ၿမိဳ႕ေတာ္ Hattusaရဲ႕ ၿမိဳ႕ဝင္ဂိတ္သံုးခုစလံုးမွာ ထား႐ွိကိုးကြယ္ၾကပါတယ္။ ဒီနတ္ဘုရားဟာ ကံေကာင္းေစၿပီး စစ္ပြဲေတြကို စိုးမိုးႏိုင္တယ္ ၊ ဒီနတ္ဘုရားေတြဟာ ဟစ္တီတီ စစ္သည္ေတာ္ေတြစစ္ခ်ီရာမွာ အတူတူလိုက္ပါလာၿပီး တုိက္ပြဲေတြကုိ ႏုိင္ေအာင္ ေဆာင္ၾကဥ္းေပးတယ္ လို႔ဟစ္တီတီေတြက ယုံၾကည္ၾကပါတယ္။

သုတဇုန္

Ref:
Realm Of History


စစ်နတ်ဘုရားရဲ့သားတော်များ (သို့) ကမ္ဘာ့သမိုင်းထဲက ကြေးစားစစ်သည်တော် သူရဲကောင်းများ (unicode)

ရေးသားသူ – အောင်ကောင်းထက်(GAD)

Hittites တွေဟာရှေးဟောင်း Anatolia (ယခု တူရကီနိုင်ငံ) က မျိုးနွယ်စုတွေဖြစ်ပြီး သမိုင်းမှာ မှတ်တမ်းတင်လောက်တဲ့ စစ်မှုစွမ်းရည်တွေကို ပြသခဲ့သူတွေဖြစ်ပါတယ်။ ဟစ်တီတီတွေဟာ ဒီဒေသမှာ ဘီစီ ၂၀၀၀ မတိုင်မီကတည်းက မျိုးနွယ်စုတစ်ခုအဖြစ် ရှိနှင့်နေပြီဖြစ်ပါတယ်။ ဟစ်တီတီတွေဟာ စစ်တိုက်ဖို့မွေးဖွားလာတဲ့လူမျိုးတွေဖြစ်ပြီး နိုင်ငံထူထောင်ရာမှာ လက်နက်နိုင်ငံတော်အဖြစ်တည်ဆောက်ဖို့ အားသန်နေတာကြောင့်လည်း ယဉ်ကျေးမှုအနုပညာဘက်ကို စိတ်ပါဝင်စားခဲ့ခြင်းမရှိကြပါဘူး။ သူတို့ဟာအီဂျစ် ၊ အဆီးရီးယန်းလူမျိုးတွေနဲ့ခေတ်ပြိုင်ဖြစ်ခဲ့ပေမဲ့ သူ့တို့ရဲ့သမိုင်းနဲ့ ယဉ်ကျေးမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်မရှိကြပါဘူး။

စစ်ဘုရင်ဟစ်တီတီတွေဟာအာရှမိုင်းနားဒေသ လီဗန့်က ဒေသအချို့နဲ့ မက်ဆိုပိုတေးမီးယားမြစ်မွှာမြစ်ဝှမ်းဒေသတွေကို သိမ်းပိုက်ပြီး ဘီစီ ၁၆ရာစုဝန်းကျင်မှာ Hattusa မြို့ကိုအခြေတည်ကာ အင်ပါယာတစ်ခုတည်ထောင်ခဲ့ကြပါတယ်။ Bronze Age (ကြေးခေတ်)နဲ့ Iron Age(သံခေတ်) နှစ်ခေတ်စလုံး တန်ခိုးထွားခဲ့ကြသူတွေဖြစ်ပါတယ်။ ဟစ်တီတွေဟာဧကရာဇ် Suppilulium(1) လက်ထက်မှာ အာဏာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။ ဟစ်တီတီတွေဟာ သူတို့ကိုယ်သူတို့ နီဆယ်(အီဂျစ်သူရဲကောင်းမျိုးနွယ်)လို့ ရည်ညွှန်းပြီး အီဂျစ်အင်ပါယာ၊ Mitanniအင်ပါယာ နဲ့ အဆီးရီးယန်းအင်ပါယာတွေကို တိုက်ခိုက်ခဲ့ကြတာပါ။ သတ္ထုကြိုချက်နည်း နည်းပညာကိုပိုင်ဆိုင်ကြပြီး လက်နက်တွေကို အခြားတိုင်းပြည်တွေထံ ထုတ်လုပ်ရောင်းချနိုင်သူတွေဖြစ်ပါတယ်။ လက်နက်တွေသာမက ကြေးစားစစ်သည်တော်တွေအဖြစ် အခြားအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ဘီစီ ၁၂ရာစု နှောင်းပိုင်းမှာတော့ ဟစ်တီတိမျိုးနွယ်တွေဟာ သွေးကွဲလာကြပြီး ယခုဆီးရီးယား၊ လက်ဘနွန် နဲ့ အစ္စရေးနိုင်ငံနေရာတွေမှာမြို့ပြနိုင်ငံတွေအဖြစ် တစ်ကွဲတစ်ပြားနေထိုင်အုပ်စိုးကြပြီး နောက်ပိုင်းမှာ အဆီးရီးယန်းတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲအချိန်ကစပြီး ဟစ်တီတီတွေနဲ့အတူ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ လူနေမှုစရိုက်ဟာ ကွယ်ပျောက်ခဲ့ရပါတယ်။ ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို ဗဟုသုတ အနေနဲ့မျှဝေချင်တာကတော့ အဲဒီ စစ်ဘုရင်ဟစ်တီတီတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေပဲ ဖြစ်ပါတယ်။

၁။ Warrior King

Bronze Age(ကြေးခေတ်)မှ Iron Age(သံခေတ်)အထိ ဟစ်တီတွေဟာစစ်ပွဲတွေကို တောက်လျောက်ဖန်တီးခဲ့ကြပါတယ်။ စစ်ပွဲတွေအကြိမ်ရေများလာတာနဲ့အမျှ ဟစ်တီတီဘုရင်တွေနားလည်လာတာကတော့ စစ်ပွဲတစ်ပွဲရဲ့အဆုံးအဖြတ်ဟာ စစ်မဖြစ်ခင်အစီအမံ လက်နက်အင်အားနဲ့ စစ်ပွဲအတွင်းထိရောက်တဲ့ ညွှန်ကြားချက်တွေဖြစ်တယ်လို့ နားလည်လာကြတာပါ။ အဲဒီအတွက် သူတို့ဟာ လိုအပ်ချက်တွေကိုတစ်ခုပြီး တစ်ခုပြင်ဆင်လာကြပါတယ်။ ဘုရင်တွေကိုယ်တိုင်စစ်ပွဲအတွင်းဝင်ရောက်တိုက်ခိုက်ပြီး အနီးကပ် အမိန့်ပေးခဲ့ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်စစ်သည်တွေရဲ့စွမ်းဆောင်ရည်တိုးတက်လာပြီး အောင်ပွဲများစွာရရှိခဲ့ပါတယ်။

ဒီလိုတိုက်ပွဲဝင်တဲ့ဟစ်တီဘုရင်တွေကြားမှာတော့ဘုရင် စတုတ္ထမြောက် Tudhaliya ဟာအလွန်ထင်ရှားပြီးအသက် ၁၄နှစ်အရွယ်ကလေးနဲ့ ဟစ်တီတီစစ်တပ်ကြီးကို ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ ဒီလိုအနီးကပ်တိုက်ပွဲတွေမှာတော့ ဘုရင်တွေဟာ ရန်သူရဲ့အနီးကပ်လုပ်ကြံခြင်းကိုခံရဖို့ ရှိပေမယ့် ဟစ်တီတီစစ်ဘုရင်တွေဟာ ဒီဓလေ့ကိုမပယ်ဖျက်ခဲ့ကြပါဘူး။ သူတို့ကိုယ်တိုင်တိုက်ပွဲရဲ့ အစိတ်အပိုင်းထဲပါဝင်ပြီး သူတို့စွမ်းဆောင်ရည်ကိုမှတ်ကျောက်တင်ကြတာပဲဖြစ်ပါတယ်။ သံချပ်ကာဝတ်စုံဝတ်ဆင်ထားတဲ့ ဟစ်တီတီ ဘုရင်တွေဟာ သူတို့ရဲ့Meshedi လို့ခေါ်တဲ့ လက်ရွေးစင်သက်တော်စောင့်အဖွဲ့နဲ့အတူ သံချပ်ကာနှစ်ဘီးတပ်စစ်ရထားစီးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ဘုရင်တွေဖြစ်ပါတယ်။

၂။ Hierarchy of Command

အပေါ်မှာပြောခဲ့တဲ့အတိုင်း ဟစ်တီတီဘုရင်တွေဟာ စစ်မြေပြင်အထိ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ပြီး အမိန့်ပေးကြတာဟာ သူတို့ပုံစံဖြစ်ပါတယ်။ တကယ်လို့တိုက်ပွဲအတွင်း ဘုရင်ဟာအကြောင်းကြောင်းကြောင့် အမိန့်ပေးနိုင်ခြင်းမရှိရင်တော့(ဖြစ်နိုင်တာက တိုက်ပွဲဟာနေရာအနှံ့အပြားဖြစ်နေပြီး စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ရတဲ့အချိန်မျိုး)မှာဘုရင့်တော်ဝင်မျိုးနွယ်တွေက ဘုရင့်ကိုယ်စားအမိန့်ပေးတိုက်ခိုက်လေ့ရှိကြပါတယ်။ အများအားဖြင့်တော့ဘုရင့်ရဲ့အကြီးဆုံးညီအစ်ကိုတွေထဲက တစ်ဦးစသဖြင့်တော်ဝင်အမျိုးသားထဲက ဝါစဉ်အလိုက် စစ်တပ်ကိုအမိန့်ပေးခွင့်ရှိပါတယ်။ ဟစ်တီတီစစ်တပ်မှာ အမြင့်ဆုံးအဆင့်ရှိတဲ့ Meshedi တွေကစလို့ အောက်ခြေအဆင့်စစ်သားတွေဟာ အဆင့်ဆင့်အုပ်ချုပ်ကြရပါတယ်။ ဟစ်တီတီစစ်တပ်အဖွဲ့ဝင်အစ်ကိုနေရာမှာ ညီဖြစ်သူက အစားထိုးတာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်(အစ်ကိုဖြစ်သူကျဆုံးသွားပါက)။

ဘုရင်နဲ့ ဘုရင်အနွယ်ဝင်တွေဟာ အောက်ခြေစစ်သားတွေနဲ့တပြေးညီတိုက်ခိုက်ပြီး လိုအပ်တဲ့ညွှန်ကြားချက်တွေပေးလေ့ရှိပါတယ်။ စစ်ပွဲမစခင်တည်းကတိုက်ခိုက်ရေးဧရိယာတွေသတ်မှတ်ပေးထားပြီး ရန်သူနယ်မြေထဲ ရုတ်တရတ်ဝင်ရောက်တိုက်ခိုက်ခြင်း ၊ အရပ်မျက်နှာပေါင်းစုံကတစ်ချိန်တည်းဝင်ရောက်ခြင်း၊ ရန်သူအင်အားကိုချိနဲ့အောင်လုပ်ပြီးမှ အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခြင်း စတဲ့စစ်ရေးနည်းပရိယာယ်များစွာသုံးပြီးတိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲမှာမလိုလားအပ်တဲ့ပေါ့လျော့မှုတွေ သူရဲဘောကြောင်မှုတွေဖြစ်ပါက ပြင်းထန်စွာအပြစ်ပေးခြင်းခံရပါတယ်။ ဟစ်တီတီတွေရဲ့ စစ်တပ်ဖွဲ့စည်းပုံဟာ ယနေ့ခေတ်ပုံစံလိုပဲ တပ်သား၊ တပ်ကြပ်၊ ဗိုလ်ကြီးပုံစံဖြစ်ပြီး ရာထူးအဆင့်ဆင့်ကြပ်မတ်အုပ်ချုပ်စေတာပါ။ ဟစ်တီတွေဟာစစ်ကြောင်းများလည်းခွဲထားကြပြီး စစ်သားဆယ်ယောက်ကနေ တစ်ရာအထိပါဝင်တဲ့အဖွဲ့တွေလည်းခွဲထားပါသေးတယ်။

၃။ Manpower and Diplomancy

နိုင်ငံတစ်နိုင်ငံ (သို့) အင်ပါယာတစ်ခုရဲ့စစ်အင်အားဟာ အဲဒီဒေသမှာရှိတဲ့ လူဦးရေအပေါ်မှီတည်နေတာပါ။ စစ်တိုက်ဖို့ အမြဲလိုလို အာသီသရှိနေတဲ့ ဟစ်တီတီတွေဟာ စစ်တပ်ကို အမြဲချဲ့ထွင်ဖ်ို့ကြိုးစားနေပေမယ့် အစပိုင်းမှာ ဒီအချက်ကိုသတိထားမိခြင်းတော့မရှိပါဘူး။ အတင်းအဓမ္မနည်းနဲ့ စစ်အင်အားတိုးချဲ့ကြတာပါ။ နောက်ပိုင်းမှာ ဟစ်တီတီဘုရင်တွေဟာ ဒီသဘောတရားကိုနားလည်ပြီး အပြိုင်အင်ပါယာတွေဖြစ်တဲ့ အီဂျစ် မီဒီတာရန်တွေလို လူထုအင်အားကိုအခြေ ခံပြီးစစ်တပ်တွေကိုတည်ဆောက်လာနိုင်ကြပါတယ်။

တဖန်အီဂျစ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ Kadesh တိုက်ပွဲမှာ ဟစ်တီတီတွေဟာ အီဂျစ်နဲ့ မဟာမိတ်တပ်တွေရဲ့စုပေါင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ အီဂျစ်တွေနဲ့လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့ လူမျိုးစုတွေဟာ အီဂျစ်နဲ့ဘာသာစကား လူမျိုး ယဉ်ကျေးမှုအခြေအနေကွဲပြားပေမဲ့ အီဂျစ်အင်ပါယာရဲ့ သံတမန်နည်းလမ်းအရ သဘောတူညီချက်တွေရှိလို့ဆိုတဲ့ အချက်ကို ဟစ်တီတီတွေစတင်သတိထားမိခဲ့ပါတယ်။ အဲဒီအချိန်က ဟစ်တီတီစစ်တပ်ရဲ့အင်အားဟာ ၁၇၀၀၀ ကနေ ၂၀၀၀၀ ဝန်းကျင်အထိသာရှိခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

Kadesh တိုက်ပွဲအပြီး ဟစ်တီတီတွေရဲ့ နယ်မြေအချို့အီဂျစ်နဲ့ မဟာမိတ်တွေလက်အောက်ကျရောက်သွားခဲ့တာမို့ များစွာနစ်နာခဲ့ရပါတယ်။ ဒါကြောင့်ဟစ်တီတီတွေဟာ ပတ်ဝန်းကျင်လူမျိုးစုများနဲ့ မြို့ပြနိုင်ငံများထံ သံတမန်များစွာစေလွတ်ခဲ့ကြပါတယ်။ စစ်ရေးသဘောတူညီချက်သာမက စီးပွားရေးအရသဘောတူညီချက်တွေပါရ ရှိပြီးအကျိုးအမြတ်များစွာရရှိလာခဲ့ပါတယ်။ အခြားမည့်သည့်အင်ပါယာမှတင်ပို့ခြင်းမရှိတဲ့ ဟစ်တီတီတွေရဲ့ ကြေးစားစစ်သည်တွေကို အနယ်နယ်အရပ်ရပ်ကို (ကျွန်ဈေးကွက်မဟုတ် သတ်မှတ်ထားသောစည်းမျဉ်းဖြင့်) ရောင်းချခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဟစ်တီတီတွေဟာ လူဦးရေနဲ့ စစ်တပ်အကြားအကောင်းဆုံးထိန်းညှိလာနိုင်ကြပြီး မဟာမိတ်များစွာရရှိလာပါတယ်။ ဟစ်တီတီဘုရင်တွေဟာ သူရဲ့တော်ဝင်မျိုးနွယ်တွေကို သံအဖွဲ့တွေအားဦးဆောင်စေခဲ့ပါတယ်။

၄။ The dual Role of Aristocrecy

ဟစ်တီတီဘုရင်တွေဟာ စစ်ပွဲထဲအာရုံရောက်နေချိန်မှာ အခြားအင်ပါယာပြိုင်ဘက်တွေက စစ်တပ်သာမက လူ့အဖွဲ့အစည်းတွေ ဖွံဖြိုးနေတဲ့အကြောင်း ဟစ်တီဘုရင်တွေသတိထားမိလာကြပါတယ်။ ဥပမာ အီဂျစ်ဖာရိုးဘုရင်တွေဟာ Montu(သိန်းငှက်နက်ဘုရား)စတဲ့ကိုးကွယ်ယုံကြည်မှုကို မျှဝေနေပြီဖြစ်ပါတယ်။ နောက်ခံစီးပွားရေးတောင့်တင်းလာတာနဲ့အမျှ လူနေမှုစနစ်ပါ တိုးတက်လာတဲ့အကြောင်း ဟစ်တီတီဘုရင်တွေသိရှိလာကြပြီး စစ်တိုက်နေရုံနဲ့မပြီးပဲ နောက်ခံဓနအင်အားတိုးပွားအောင်လုပ်ဖို့ လိုလာပြီဖြစ်ကြောင်း သိလာပါတယ်။ စစ်တိုက်တဲ့အချိန်ကြာမြင့်လာတာနဲ့အမျှ ဟစ်တီတီတွေဟာ စစ်စရိတ်ထောင်းလာပါတယ်။

ဒါကြောင့်ဟစ်တီတပ်မတော်အတွင်းကနေပဲ ၂ ပိုင်းခွဲခြားပြီး နောက်ခံရိက္ခာနဲ့ ဓနအင်အားတောင့်တင်းအောင်ကြံဆောင်လာကြပါတော့တယ်။ ဟစ်တီတီတွေဟာ သူတို့ရဲ့ဂုဏ်ကို စစ်ပွဲတွေမှာစွမ်းဆောင်ရည်တွေနဲ့ တိုင်းတာကြသူတွေလည်းဖြစ်ပါတယ်။ ဘုရင်တွေသာသူတို့ပိုင်ဆိုင်တဲ့ မြေဧရိယာများစွာကို လယ်ယာမြေအဖြစ်ဖန်တီးကြပြီး ဟစ်တီစစ်သည်တွေကို ထွန်ယက်စိုက်ပျိုးစေပါတယ်။ လယ်ယာလုပ်ငန်းအပြင် မွေးမြူရေး နဲ့ သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်စေပါတယ်။ ရာသီအလိုက်ကွဲပြားတဲ့တပ်ခွဲတွေက ဒီလယ်ယာမွေးမြူရေးလုပ်ငန်းတွေကို လွှဲပြောင်းတာဝန်ယူကြရပါတယ်။

အစောပိုင်းရောမခေတ်ကလို ယောင်္ကျားတစ်ဦးစစ်တိုက်နေတာဟာ သူ့မိသားစုကိုကာကွယ်ခြင်းတစ်မျိုးလို့ ဟစ်တီတီဘုရင်တွေက ပြည်သူကို ယူဆစေခဲ့တာပါ။ နောက်ပိုင်းမှာ ယခုလိုတည်ဆောက်ရေးလုပ်ငန်းဟာ စစ်တိုက်တဲ့လုပ်ငန်းလို အင်ပါယာတစ်ခုတည်ထောင်ရာမှာ အရေးပါတယ်လို့ ဟစ်တီဘုရင်တွေသိရှိလာကြပြီး စစ်တိုက်တဲ့တော်ဝင်အတန်းအစားကတစ်ရပ်၊ နောက်တန်း ရိက္ခာရရှိရေးအတွက် ဆောင်ရွက်တဲ့တော်ဝင်အတန်းအစားက တစ်ရပ် စသဖြင့် မိမိအနွယ်ဝင်တွေကို ပင်ခွဲပေးကာ သက်ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်စေပါတယ်။

၅။ Professional Defense Force

ဟစ်တီတီစစ်တပ်ရဲ့အဆင့်မျိုးစုံမှာရှိကြတဲ့ စစ်သည်တွေဟာ အခကြေးငွေယူပြီးကြေးစားအဖြစ်လည်းစစ်မှုထမ်းကြပါတယ်။ သူတို့ရဲ့အရှင်သခင် (သို့ ) ဘုရင်ကစစ်တိုက်ရန်အမိန့်ပေးတဲ့အချိန်တိုင်း သူတို့ဟာစစ်ဆင်ရေးတာဝန်တွေထမ်းဆောင်ပါတယ်။ ဒီကြေးစားစစ်သည်တွေဟာ လက်ရွေးစင်စစ်သည်တော်တွေဖြစ်ပြီး စစ်မျက်နှာပေါင်းများစွာမှာ အောင်မြင်ခဲ့ကြသူတွေဖြစ်ပါတယ်။ဒီဟစ်တီ တီကြေးစားစစ်သည်တွေကို ငှါးရမ်းပါက နေစရာအဖြစ် အုတ်တိုက်တစ်ခုနဲ့ တစ်နှစ်ပတ်လုံးစားသာက်စရာဖန်တီးပေးရပါတယ်။

ကြေးစားစစ်သည်တွေကိုတော့ ဟစ်တီတီတပ်မတော်ထဲက တိုက်ပွဲဝင်ပြီးဖြစ်တဲ့ လက်ရွေးစင်စစ်သည်တွေထဲကသာရွေးချယ်ရတာပါ။ လေ့ကျင့်မှုများစွာပြုလုပ်ရပြီး အဆင့်ဆင့်ရွေးချယ်ခြင်းဖြစ်ပါတယ်။ ကြေးစားစစ်သည်တွေရွေးချယ်ရာမှာ ဟစ်တီတီတော်ဝင်မျိုးနွယ်ကသာ လုပ်ပိုင်ခွင့်အပြည့်ရှိပြီး လူလွတ်များကိုသာရွေးချယ်တာပါ။ ကျွန်များနဲ့ အိမ်ထောင်သည်တွေကိုတော့ ကန့်သတ်ထားပါတယ်။ ဘုရင်ကတင်းကြပ်တဲ့ စည်းကမ်းတွေထုတ်ထားပြီး ရွေးချယ်ရောင်းချပြီးဖြစ်တဲ့ ကြေးစားစစ်သည်တွေကို လူစားလဲခွင့်မရှိပါဘူး။ ဒါ့အပြင် ယခုလိုကြေးစားစစ်သည်တွေရောင်းချဖို့ စစ်မှုမထမ်းမနေရ စည်းကမ်းချမှတ်တာဟာနောက်လာမယ့် လူစွမ်းအားအရင်းအမြစ်တွေအတွက် အကျိုးရှိအောင်လုပ်တဲ့ စစ်တပ်ရဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

၆။ Military Resettling

နိုင်ငံကာကွယ်ရေးအတွက် စစ်မှုမထမ်းမနေရဥပဒေနဲ့ ဆင့်ခေါ်ခြင်းခံရတဲ့စစ်သည်တွေရဲ့အဆင့်ကို တိုက်ပွဲမှာအောင်မြင်ခဲ့တဲ့ အနေအထားနဲ့သတ်မှတ်ပါတယ်။ ဟစ်တီတီတွေရဲ့မြို့တော် Hattusa မှာ ရှိတဲ့ ခံတပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဟစ်တီတီစစ်ကြောင်းတွေဟာ အလှည့်ကြပြောင်းရွေ့ကြရပါတယ်။ စစ်ဆင်ရေးနယ်မြေအနေအထားကိုလိုက်ပြီး သင့်လျော်တဲ့ဟစ်တီတီမျိုးနွယ်စုတွေပါတဲ့ စစ်တပ်ကို စခန်းချနေရာယူစေပါတယ်။ ဘုရင်တော်ဝင်မိသားစုက သူတွေကိုလည်း ဘုရင်ကစစ်ဆင်ရေးဧရိယာတွေ ခွဲဝေသတ်မှတ်ပေးထားပါတယ်။

စစ်ပွဲတွေမှာဖမ်းမိတဲ့သုံ့ပန်းတွေကို ဟစ်တီတီတွေလက်အောက်မှာ စစ်မှုထမ်းခွင့်ရှိပေမယ့် ငြင်းဆန်ရင်တော့ သေဒဏ်ပေးလေ့ရှိပါတယ်။ အထက်ကဖော်ပြခဲ့သလို ဟစ်တိတိစစ်သည်တွေဟာ စိုက်ပျိုးရေးနဲ့ကြေးစားစစ်သည်တွေအဖြစ် အမှုထမ်းနေရတာကြောင့်လည်း ယင်းစစ်သည်တွေလစ်လပ်သွားပါက မဝင်မနေရစစ်သားစုဆောင်းရေးအရခေါ်ဆောင်ထားတဲ့ ဟစ်တီတီအရန်စစ်သည်တွေနဲ့ အသင့်အစားထိုးကြပါတယ်။ အရံစစ်သည်တွေအနေနဲ့ လိုအပ်တဲ့လေ့ကျင့်မှုတွေတော့ လုပ်ကြရပါတယ်။ ဟစ်တီတီတွေဟာ မြို့ရွာတွေတည်ထောင်တဲ့အခါမှာလည်း ခံတပ်တွေများစွာတည်ဆောက်ပြီး စစ်ရေးအရ များစွာအသာရတဲ့ ခံတပ်မြို့ပုံစံ တည်ဆောက်ကြပါတယ်။

၇။ The Class the Men of Weapon

မျိုးရိုးဂုဏ်ကြီးမားတဲ့ စစ်သေနာပတိတွေကလွဲပြီး ဒေသခံစစ်သည် နိုင်ငံခြားစစ်သည် စတဲ့ ဟစ်တီတီစစ်သည်တွေရဲ့အင်အားကို လူအတန်းအစားမျိုးစုံပါဝင်တဲ့ ဟစ်တီတီလူအဖွဲ့အစည်းကအရန်အင်အားဖြင့်ပါဝင်ပေးထားပါတယ်။ အရန်တပ်ဖွဲ့ဝင်တွေကနေ ရွေးချယ်ခံရတဲ့ ဟစ်တီတီစစ်သည်တွေကို Lu Gistukul သို့ Men of Weapon လို့ ခေါ်ကြပါတယ်။ သူတို့ဟာတိုက်ပွဲဝင်တဲ့အခါ အရန်စစ်သည်တွေရဲ့ရှေ့ကနေပြီးတိုက်ခိုက်ပြရပြီး အကောင်းစားလက်နက်တွေတပ်ဆင်ပေးထားပါတယ်။ စစ်ပွဲအတွင်း သတ်ဖြတ်နိုင်တဲ့ရန်သူစစ်သား အပေါ်မူတည်ပြီးရာထူးတွေ တိုးမြှင့်ပေးခြင်းခံရပါတယ်။ အမြဲတမ်းစစ်သားတွေနဲ့ မိသားစုကိုနိုင်ငံတော်က ရိက္ခာထောက်ပံ့ထားပေမယ့် အရန်စစ်သည်တွေကတော့ ခွဲဝေပေးထားတဲ့ မြေနေရာအချို့မှာ ကိုယ်တိုင်စိုက်ပျိုးပြီး မိသားစုကိုပြန်လည်ထောက်ပံ့ကြရပါတယ်။

ဟစ်တီတီဘုရင်တွေရဲ့စီးပွားရေးတောင့်တင်းအောင်လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် လယ်ယာမွေးမြူရေးမှာအသုံးတည့်တဲ့စစ်သားအချို့ဟာ ထာဝရ လယ်သမားတွေဖြစ်ပြီး စစ်သားဘဝကိုဆုံးရူံးကြရပါတော့တယ်။ နောက်ပိုင်းမှာစစ်တပ်တွေကိုအလှည့်ကျမလုပ်စေပဲ တရားသေလုပ်ခိုင်းလိုက်လို့ပါ။ ဟစ်တီတီတွေရဲ့စစ်တပ်မှာအမြင့်ဆုံးကတော့ Meshedi လို့ခေါ်တဲ့ ဘုရင်ကိုယ်ရံတော်တပ်တွေဖြစ်ပြီး အခြားစစ်သည်တွေကတော့ စစ်ရထားစီးတိုက်ခိုက်ရေးသမားများ လေးသည်တော်များ၊ ခြေလျင်တပ်၊ မြင်းတပ်၊ အရန်တပ် စသဖြင့် အတန်းအစားမျိုးစုံသောတာဝန်မှာ ထမ်းဆောင်ကြရပါတယ်။

၈။ Lightness And Misconception on Iron

ရှေးဟောင်း သုတေသနဆိုင်ရာ လေ့လာချက်တွေအရ ဟစ်တီတီစစ်သည်တွေဝတ်ဆင်ခဲ့တဲ့ သံချပ်ကာဟာ Hattusa (ဟစ်တီတီတွေရဲ့မြို့တော်)မှာ ပြန်လည်တွေ့ရှိခဲ့တဲ့ ပန်းချီကားတွေထဲကလို ပုံစံအတိုင်းဖြစ်ပါတယ်။ ဟစ်တီတီစစ်သည်တွေဟာ ရပ်ဝေးဒေသတွေကို ချီတက်တိုက်ခိုက်တဲ့အခါ နဲ့ ရက်ရှည်စခန်းချရာမှာ ပေါ့ပါးတဲ့စစ်ဝတ်တန်ဆာတွေကိုသာဝတ်ဆင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းကိစ္စပေါ်လို့ရပ်ဝေးဒေသကိုချီတက်ရင် လေးလံတဲ့ချပ်ဝတ်တန်ဆာတွေဟာ စစ်သားတွေရဲ့ကြံ့ခိုင်မှုကိုလျော့ကျစေပြီး ချီတက်ရာလမ်းကြောင်းကို နှောင့်နှေးသွားစေလို့ဖြစ်ပါတယ်။ အထူးသဖြင့် ပူလောင်ပြီး မိုးခေါင်တဲ့ ကန္တာရဒေသဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသတွေကိုချီတက်တိုက်ခိုက်ရာမှာ အနှောင့်အယှက်ဖြစ်လို့ပါ။

ဟစ်တီတီတွေဟာ အလွန်ရှည်လျားတဲ့ဓားရှည်များကို ရန်သူနဲ့တိုက်ခိုက်ရာမှာ သုံးပါတယ်။ အထူးသဖြင့် သစ်တောတွေ တောင်ကုန်းတွေမှာ ရင်ဆိုင်တွေ့ရင် ပိုမိုအဆင်ပြေပြီးသယ်ဆောင်လို့ လွယ်တဲ့အရာတွေကို သုံးလေ့ရှိပါတယ်။ ရန်သူစစ်တပ်နဲ့ ရင်ဆိုင်ခြင်းမပြုမီ ရန်သူတပ်တွင်းကို အဝေးကပစ်ခတ်မယ့် လေးသည်တော်တွေကို ကျန်တပ်သားများက အကာအကွယ်ပေးထားတတ်ပါတယ်။ ဟစ်တီတီတွေရဲ့ယဉ်ကျေးမှုဟာ Iron Age(သံခေတ်) ခေတ်ရှေ့ပြေးယဉ်ကျေးမှုဖြစ်ပြီး သံထည်တွေကိုလက်နက်အဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဘီစီ ၁၂ရာစုခန့်မှာ သတ္ထုကြိုချက်နည်းကို စတင်သိရှိပြီး စစ်လက်နက်တွေဖန်တီးကြပါတော့တယ်။ ဟစ်တီတီတွေဟာ သူတို့ဖန်တီးထားတဲ့လက်နက်တွေကို အခြားနိုင်ငံများထံအကန့်အသတ်နဲ့သာ ရောင်းချကြပြီး သူတို့ရဲ့လက်နက်ဖန်တီးမှုနည်းပညာက စစ်မြေပြင်မှာ ဟစ်တီတီစစ်သည်တွေကို အသာစီးရစေခဲ့ပါတယ်။

၉။ The Elite Chariot Arm

ကြေးခေတ်နှောင်းပိုင်းက လူသိများထင်ရှားတဲ့ စစ်သုံးယာဉ်တစ်စီးက သံချပ်ဝတ်မြင်းနှစ်ကောင်တပ်ရထားဖြစ်ပါတယ်။ ဒီစစ်ရထားကိုတော့ ဟစ်တီတီတွေဟာ သူတို့ရဲ့လက်ရွေးစင်စစ်သည်တွေ မြေပြန့်တိုက်ပွဲတွေမှာအသုံးပြုဖို့ ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဟစ်တီတီဘုရင်တွေစီးရန် အထူးပြုလုပ်ပေးထားတဲ့ သံချပ်ကာစစ်ရထားတွေလည်းရှိပါတယ် ဘီစီ ၁၂၇၄က အီဂျစ်တွေနဲ့တိုက်ခဲ့တဲ့ Kadesh စစ်ပွဲမှာဆိုရင် စစ်ရထားပေါင်း ၅၀၀၀ ကနေ ၆၀၀ဝအထိ သုံးခဲ့ပါတယ်။

မြင်းရထားတွေရဲ့ အဓိကရည်ရွယ်ချက်က စစ်မြေပြင်မှာ အသာစီးရအောင်ဖြစ်ပြီး လေးသည်တော်တွေဟာ လှုပ်ရှားနေတဲ့ဒီရထားပေါ်ကနေ ရန်သူပစ်မှတ်ကိုထိအောင်အထူးလေ့ကျင့်ထားရပါတယ်။ ဒီစစ်ရထားတွေဟာစီးနင်းသူ သုံးဦးပါရှိပါတယ် ။ ရထားမောင်း ၊ လေးသည်တော်နဲ့ အကူစစ်သည်တစ်ဦးပါ။ အကူစစ်သည်က ရထားမောင်းသူကို မထိခိုက်အောင်ဒိုင်းစတဲ့ လက်နက်တွေနဲ့ ကာကွယ်စောင့်ရှောက်ရပါတယ်။ စစ်ရထားမောင်းသူတွေဟာ ညအချိန်တွေပါမောင်းနှင်နိုင်အောင် အထူးလေ့ကျင့်ထားရပါတယ်။ ဒီမြင်းရထားတွေကတော့ ထိုခေတ်က နာမည်ကျော်တိုက်ခိုက်ရေးယာဉ်တွေဖြစ်ပါတယ်။

၁၀။ Meshedi

အစောပိုင်းကကျွန်တော်တင်ပြထားသလို ဘုရင်ရဲ့တော်ဝင်မိသားစုနဲ့ ဘုရင်က ခွင့်ပြုထားတဲ့လူယုံအချို့ဟာ ဟစ်တီတီစစ်တပ်ကို အမိန့်ပေးနိုင်ပါတယ်။ ဒီဘုရင့်ရဲ့လူယုံတွေထဲမှာ Meshedi လို့ခေါ်တဲ့ ဘုရင့်သက်တော်စောင့်တွေလည်းပါဝင်ပါတယ်။ ဟစ်တီတီစစ်တပ်ရဲ့အဆင့်မြင့်စစ်သည်တော်တွေဖြစ်ပြီး ဘုရင်အပါးတော်မြဲတွေဖြစ်ပါတယ်။ တချို့အချိန်တွေမှာတော့စစ်တပ်နဲ့တွဲလျက်တွေ့ရပြီး စစ်တပ်ရဲ့လုပ်ငန်းစဉ်တွေကိုရိုးရှင်းစွာထမ်းဆောင်ကြပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်မှာတော့ Meshedi တွေဟာ ဘုရင်ကို အကာအကွယ်ပေးဖို့အဓိကတာဝန်ယူပြီး တိုက်ပွဲဆင်နွှဲကြပါတယ်။

တိုက်ပွဲပြီးဆုံးချိန်မှာတော့ Meshedi တွေရဲ့ လေးပုံ တစ်ပုံပဲ ဘုရင်အနားမှာကျန်ရှိပြီး လုံခြုံရေးတာဝန်ကိုဆက်ယူကြပါတယ်။ Meshedi ထဲကပဲ အနည်းငယ်ကိုရွေးထုတ်ပြီး ဘုရင်နန်းတော်တွင်း သတင်းလွှာပေးပို့သူ သို့မဟုတ် အာဏာပါးကွတ်သားအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်။ Meshedi တွေရဲ့အခန်းကဏ္ဍကို နန်းတွင်းသားအားလုံးက သဘောကျကြပြီး ဘုရင်ဧကရာဇ်ကိုယ်တိုင် ပြိုင်ပွဲအခမ်းအနား များကျင်းပပေးပြီး အနိုင်ရတဲ့ Meshedi ကို ဘုရင်တော်ဝင်မြင်းထိန်းအဖြစ်ခန့်အပ်ဂုဏ်ပြုပေးတဲ့ အစဉ်အလာတွေရှိခဲ့တာပါ။

Honorable Mention-Running Gods

ငှက်မွှေးခေါင်းဆောင်း သားရေဂါဝန် အပေါ်ပိုင်းဗလာကျင်း မြင်းမြီးပုံစံဆံပင်ကိုနောက်မှာစုချည်ထားတဲ့ ပုံထဲမှာပါတဲ့ရုပ်ထုဟာ ဟစ်တီတီတွေရဲ့ကံကောင်းစေတဲ့ နတ်ဘုရား Sharrumma ဖြစ်ပြီး ဟစ်တီတီတွေရဲ့မြို့တော် Hattusaရဲ့ မြို့ဝင်ဂိတ်သုံးခုစလုံးမှာ ထားရှိကိုးကွယ်ကြပါတယ်။ ဒီနတ်ဘုရားဟာ ကံကောင်းစေပြီး စစ်ပွဲတွေကို စိုးမိုးနိုင်တယ် ၊ ဒီနတ်ဘုရားတွေဟာ ဟစ်တီတီ စစ်သည်တော်တွေစစ်ချီရာမှာ အတူတူလိုက်ပါလာပြီး တိုက်ပွဲတွေကို နိုင်အောင် ဆောင်ကျည်းပေးတယ် လို့ဟစ်တီတီတွေက ယုံကြည်ကြပါတယ်။

သုတဇုန်

Leave a Reply