ႏ်ဴကလီးယားဓာတ္​​ေပါင္​းဖိုအား ဗံုးႀကဲခဲ႔စဥ္​က (သုိ႔) အစၥေရးရဲ႕ ကမာၻေက်ာ္လုပ္ရပ္တစ္ခု

Posted on

ေရးသားသူ – Ko Kyaw Min Aung

၁၉၈၁ ခုႏွစ္​ဇြန္​လ ၇ ရက္​​
တနဂၤေႏြေန႔
ည​ေန ၃နာရီ ၅၅မိနစ္​

အယ္ဇီယြန္​​ေလတပ္​စခန္​းမွ တိုက္​​ေလယာဥ္​​ေတြ ေဝါကနဲ တစ္စင္​းၿပီးတစ္စင္​း ေကာင္းကင္ေပၚပ်ံတက္​လာၾကသည္​။ တိုက္​​ေလယာဥ္​​ေတြက အ​ေမရိကန္​မွ​ေရာက္လာတာမၾကာေသး။ အသစ္စက္စက္ေတြ။ ေနာက္​ဆံုး​​ေပၚ​ ေခတ္​အမီွဆံုး​ေလယာဥ္​​ေတြ။ ဒါ​ေပမယ္​့ အစၥ​ေရးရဲ႕မူအတိုင္​း သူ႔လိုအပ္​ခ်က္​နဲ႔ကိုက္​ညီ​ေအာင္​ ျပန္​လုပ္​ထားသည္​။ နဂိုကတည္​းက ၿပိဳင္​ဖက္​ကင္​း ကမာၻ႔ထိပ္​တန္​း တိုက္​​ေလယာဥ္​​ေတြကို အစၥ​ေရးရဲ႕နည္​းပညာနဲ႔ ထပ္​ကြန္​႔ထားတာဆို​ေတာ့​ေျပာစရာမလို​ေတာ႔။ ျမင္​းကို ဂ်ိဳ တပ္​​ေပးထားသလို ျဖစ္​​ေန​ေတာ႔မည္​။ အစြမ္​းထက္​မွာ​ေသခ်ာသည္​။

ပ်ံတက္​လာသည္​့ေလယာဥ္​က စုစု​ေပါင္​း​၁၄စင္​း။
အက္​ဖ္​၁၆ေအ က ၈စင္​း ႏွင္​႔ အက္​ဖ္​ ၁၅လင္းယုန္ၾကားျဖတ္​တိုက္​​ေလယာဥ္​ ၆စင္​း။ အက္​၁၆​ေလယာဥ္​​ ေတာင္ပံတဖက္တခ်က္မွာ တတန္ေလာက္ေလးသည့္ Mark-84 ဗံုးတလံုးစီတပ္​ဆင္​ထားသည္။ တကယ္ေတာ့ အက္ဖ္၁၆ က ဗံုးႀကဲေလယာဥ္စစ္စစ္မဟုတ္။ သို႔ေသာ္ ယခု Mission အတြက္ အသင္႔ေတာ္ဆံုးက ဒီေလယာဥ္ပဲျဖစ္သည္။ ဒီေလယာဥ္ေတြက ခရီးရွည္ပ်ံႏိုင္ၾကသည္။

ေကာင္းကင္ေပၚအေရာက္တြင္ အက္​ဖ္​၁၆​ေလယာဥ္​​ေတြကို ေလးစင္းစီ ႏွစ္စုခဲြ၍အလယ္​ကထားကာ အက္​ဖ္​၁၅​ေလယာဥ္​​ေတြက ​ေဘးကျခံရံလိုက္ၾကၿပီး အုပ္​စုဖြဲ႔သ႑န္​သို႔​ေျပာင္​းကာ ဆက္​လက္​ပ်ံသန္​းသြားၾကသည္​။ ဒီ​ေလယာဥ္​​ေတြရဲ႕ဦးတည္​ရာ ရည္​မွန္​းခ်က္​ကို သိသူကား ​ေလသူရဲမ်ားကိုယ္​တိုင္​ႏွင္​႔ အျခားလူအနည္​းငယ္​သာရိွၾက​ေပမည္​။ သို႔​ေသာ္​မၾကာမီ တကမၻာလံုးအုတ္​​ေအာ္​​ေသာင္​းနင္းျဖစ္သြားေစသည္႔ ကိစၥတစ္ခုကို သူတို႔​ေဆာင္​ရြက္​ၾက​ေတာ႔မည္​။

အစၥေရးေလတပ္မွ အက္ဖ္ ၁၆ တိုက္ေလယာဥ္

ေလယာဥ္ေတြက ခဏအေတာအတြင္းမွာ အကၠဘာပင္လယ္ေကြ႔ေပၚကို ေရာက္လာၾကသည္။ ​ေဂ်ာ္​ဒန္​ဘုရင္​ဟူစိန္​က အကၠဘာပင္လယ္ေကြ႔ထဲရိွ သူ႔အေပ်ာ္စီးရြက္ေလွ​ေပၚမွာ ​ေအး​ေအးလူလူ အနားယူ​ေနသည္​။ သူ႔​ေခါင္​း​ေပၚေပ၁၀၀ အျမင္႔ေလာက္က ေဝါကနဲ​ ေလယာဥ္​ျဖတ္​ပ်ံသံ​ေတြၾကားလိုက္​၍ အလန္​႔တၾကား​ေမာ႔ၾကည္​႔မိသည္​။ ေလယာဥ္​​​ေတာင္ပံေဘးက ေဗးဗစ္​ၾကယ္​တံဆိပ္​​အမွတ္​အသား​ေတြ ေတြ႔လိုက္​ရေတာ႔ အစၥ​ေရး​ေလယာဥ္​​ေတြမွန္​း တန္​းသိလိုက္​ၿပီး ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားသည္။

ထူးထူးျခားျခား တခုခု​ျဖစ္​​ေတာ႔မွာကိုသူသိေနသည္။ ​ေလယာဥ္​​ေတြမွာ တနင္႔တပိုးတပ္ဆင္ထားသည္႔လက္နက္မ်ားႏွင္႔ ေတာင္ပံမွာခ်ိတ္ဆြဲထားသည့္ အပိုဆီတိုင္ကီမ်ားက အေဝးတေနရာမွာ စစ္ဆင္ေရးတစ္ခု သြားေရာက္ဆင္ႏႊဲရန္ျဖစ္ေၾကာင္းေဖာ္ျပေနသည္။ ေလယာဥ္ေတြ ဦးတည္​သြားရာအရပ္​ကို ခန္​႔မွန္​းၾကည္​႔မိသည္​။ အီရတ္​က ႏ်ဴကလီးယားဓာတ္​​ေပါင္​းဖိုက သူ႔မ်က္လံုးထဲေပၚလာသည္။ မျဖစ္​ဘူး။ မိတ္​​ေဆြႀကီး ဆက္​ဒမ္​ဆီ ဖုန္​းဆက္​ၿပီးသတိ​ေပးဦးမွပဲ။ သူဖုန္​း​ေကာက္​လွည္​႔လိုက္​သည္​။ ျဖစ္​ခ်င္​​ေတာ႔ဖုန္​းလိုင္​း​ေတြက က်​ေနသည္​။ အဆက္​အသြယ္​လုပ္​မရ။

ပင္လယ္ေကြ႔ေက်ာ္သည္ႏွင့္ ေလယာဥ္ေတြက ဘယ္ဖက္သို႔ ေစာင္းေကြ႔လိုက္ၾကသည္။ ေဆာ္​ဒီအာ​ေရဗ် ႏွင္​႔​ ေဂ်ာ္​ဒန္​နယ္​စပ္​တ​ေလ်ွာက္မွေန၍ အ​ေ႐ွ႕​ေျမာက္​အရပ္​ဆီသို႔ ဆက္ပ်ံသန္​းလာခဲ႔သည္​။ တခါတရံ ေဆာ္ဒီေလေၾကာင္းပိုင္နက္ထဲေရာက္၍ တခါတရံေဂ်ာ္ဒန္ေလေၾကာင္းပိုင္နက္ထဲ ေရာက္သည္။ ေဆာ္ဒီေလပိုင္နက္ထဲေရာက္လ်ွင္ ေဂ်ာ္ဒန္ေလယာဥ္ေတြလမ္းမွားဝင္လာမိသလိုမ်ဳိး ေဂ်ာ္ဒန္ေလယာဥ္မွဴးအခ်င္းခ်င္း ဆက္သြယ္သည္႔ အခ်က္ျပသေကၤတမ်ားသံုးၿပီး ဆက္သြယ္သည္။ ေဂ်ာ္ဒန္ေလပိုင္နက္ထဲေရာက္လ်ွင္လည္း ေဆာ္ဒီေလယာဥ္ပိုင္းေလာ႔မ်ားပံုဖမ္းသည္။

အစၥေရးႏိုင္ငံအယ္စီယြန္ေလတပ္စခန္း မွ အီရတ္ႏ်ဴကလီးယားဓာတ္ေပါင္းဖိုသို႔သြားေရာက္တိုက္ခိုက္သည္႔လမ္းေၾကာင္း

ေဆာ္ဒီမွာ အေမရိကန္မွဝယ္ထားသည္႔ ေအဝက္ေထာက္လွမ္းေရး ေလယာဥ္ေတြရိွသည္။ ဒီေလယာဥ္ေတြက ေကာင္းကင္ထဲမွာ တခ်ိန္လံုးရိွေနတတ္သည္။ သို႔ေသာ္သူ႔ေလယာဥ္ေတြကို မိတ္ေဆြႏိုင္ငံျဖစ္သည္႔ေဂ်ာ္ဒန္နယ္စပ္မွာ ကင္းလွည့္ခိုင္းေလ႔မရိွ။ ဒီနယ္စပ္ကေန သူ႔ႏိုင္ငံကိုအႏၲရာယ္ျပဳလာစရာ အေၾကာင္းမရိွ။ ထို႔ေၾကာင္႔ အစၥေရးတို႔ကလည္း တမင္တကာ ေဂ်ာ္ဒန္နယ္စပ္မွ ေရြးပ်ံသန္းလာခဲ႔ျခင္းျဖစ္သည္။ ခရီးလမ္းတဝက္​ေဆာ္​ဒီသဲကႏၱာရထဲအေရာက္တြင္​ ဆီကုန္ေနၿပီျဖစ္သည္႔ ေလယာဥ္ အပိုဆီတိုင္​ကီမ်ားျဖဳတ္​ခ်ခဲ႔သည္။

ေလယာဥ္ေတြက အီရတ္ႏိုင္ငံထဲအေရာက္မွာ အုပ္စုႏွစ္ခုခြဲလိုက္သည္။ အက္ဖ္၁၅ေလယာဥ္ေလးစီးက ေနာက္ခ်န္ အေယာင္ျပအျဖစ္က်န္ေနရစ္သည္။ က်န္ေလယာဥ္မ်ားက အီရတ္ႏိုင္ငံအလယ္ပိုင္းဘဂၢဒက္ၿမိဳ႕ဆီသို႔ဦးတည္လိုက္ၾကသည္။ ေရဒါကိုေရွာင္ကြင္းႏိုင္ရန္အတြက္ တတ္ႏိုင္သမ်ွ ခပ္နိမ္႔နိမ္႔ပ်ံလာၾကသည္။ ေနကို ေနာက္ခံထားၿပီး ပ်ံသန္းလာသည္႔ေလယာဥ္မ်ားကို ေနေရာင္ေၾကာင္႔ ေတာ္ရံုတန္ရံုသတိမျပဳမိၾက။စစ္ျဖစ္ေနသည့္ႏိုင္ငံတခုမွာ ေလေၾကာင္းရန္ကာကြယ္ေရးက ႏိုးႏိုးၾကားၾကားရိွေနလိမ္႔မည္။ သူတို႔ကိုဒုကၡေပးႏိုင္သည့္ အႏၱရာယ္တစ္ခုက အီရတ္ေလတပ္က မစ္၂၁ တိုက္ေလယာဥ္မ်ားျဖစ္သည္။

အစၥေရးေလယာဥ္မ်ားအုပ္ဖြဲ႕ပ်ံသန္းလာသည္႔ပုံစံ

ကံေကာင္းေထာက္မစြာ အသက္ရႈေခ်ာင္ႏိုင္တဲ႔ တစ္ခ်က္က ေလာေလာလတ္လတ္ အီရန္တို႔၏ အတြယ္ခံထားရသည့္ အီရတ္ေလတပ္မွာ ေခါင္းမထူႏိုင္ေသးပဲ အထိနာေနေသးသည္႔အခ်ိန္ျဖစ္ေနျခင္းပင္။ အတြင္းပိုင္းေရာက္လာသည္ႏွင္႔္႔ တျဖည္းျဖည္းႏွင္႔ေမွာင္စပ်ိဳးလာၿပီ။ စစ္ဆင္ေရးကို ယခုလိုညေနအခ်ိန္ေရြးခ်ယ္ရျခင္းက အကယ္၍ ပစ္ခ်ခံရသည္႔​ေလယာဥ္​မွေလသူရဲမ်ားကို ကယ္ဆယ္ေရးလုပ္ရပါက ညပိုင္းတြင္လုပ္ႏိုင္ရန္ျဖစ္သည္။ ေဒသစံေတာ္ခ်ိန္ ၆နာရီ၃၅မိနစ္တြင္​ ေလယာဥ္ေတြက ဘဂၢဒက္ၿမိဳ႕အယ္တူေ၀သာအရပ္ရိွ Osirak ႏ်ဴကလီးယားဓာတ္ေပါင္းဖို ႏွင္႔ ၁၂ မိုင္အကြာသို႕ေရာက္လာသည္။

ထိုေနရာအေရာက္တြင္ေလယာဥ္ေတြကို ေပ၆၀၀၀အျမင္႔သို႔ရုတ္ခ်ည္း ဆြဲတင္လိုက္ၾကသည္။ ထို႔ေနာက္တဖန္ ႏ်ဴကလီးယားဓာတ္ေပါင္းဖိုရိွရာသို႔ ဦးတည္၍ သားေကာင္ကိုသုတ္ေတာ႔မည္႔လင္းယုန္ငွက္မ်ားအလား တဟုန္ထိုးအရိွန္ျပင္းစြာျဖင္႔စိုက္ဆင္းလာသည္။ ႏ်ဴကလီးယား ဓာတ္ေပါင္းဖိုေပၚအေရာက္၌ အက္ဖ္၁၆တိုက္ေလယာဥ္မ်ားက ပါလာေသာ ပဲ႔ထိန္းမဲ႔ဗံုးမ်ားကို အတြဲလိုက္ျဖဳတ္ခ်သည္။ စုစုေပါင္းဗံုး၁၆ လံုးႀကဲခ်သည္႔အနက္ ၈လံုးက ဓာတ္ေပါင္းဖို ကို တိုက္ရိုက္ထိမွန္သည္။ စုစုေပါင္း စစ္ဆင္ေရးဆင္ႏြဲခ်ိန္က ႏွစ္မိနစ္ပင္မၾကာလိုက္ေပ။

ႏ်ဴ ကလီးယားဓာတ္ေပါင္းဖိုဗံုးႀကဲရာတြင္ပါဝင္ခဲ႔သည္႔ ေလသူရဲမ်ား

ေလကာ တပ္ဖြဲ႔ဝင္အမ်ားစုက ေစာေစာကမွ ဂ်ဴတီျဖဳတ္ၿပီး ညေနစာထြက္စားၾကသည္။ က်န္ရိွေသာေလယာဥ္ပစ္အေျမာက္တခ်ိဳ႔တေလ က ႀကိဳၾကားႀကိဳးၾကားပစ္ခတ္ေသာ္လည္း အစၥေရးေလယာဥ္ေတြကို ဒုကၡ မေပးႏိုင္ခဲ႔။ စစ္ဆင္ေရးၿပီးသည္ႏွင္႔ အစၥေရးေလယာဥ္အုပ္မွဴးက စကားဝွက္ျဖင္႔ စစ္ဆင္ေရးေအာင္ျမင္စြာဆင္ႏြဲၿပီးေၾကာင္း စကားဝွက္ ကိုလွမ္းပို႔လိုက္သည္။ ​ဗံုးႀကဲၿပီးသည္ႏွင့္ ေလယာဥ္မ်ားအားလံုးအ​ေပၚကို​ေထာင္​တက္​ၿပီး ေပ ၄၀၀၀၀ အျမင္႔မွလာရာလမ္းအတိုင္း အျမန္ဆံုးလွည္႔ျပန္လာခဲ႔ရာ အစၥေရးသို႔ေခ်ာေမာစြာေရာက္ရိွၾကသည္။

အီရတ္ႏိုင္ငံတြင္ ဆက္​ဒမ္​ဟူစိန္​​ေခါင္​း​ေဆာင္​သည္​႔ ဘသ္ ပါတီအာဏာရလာသည္႔ ၁၉၆၈ ခုနစ္မွစ၍ ႏ်ဴကလီးယားစြမ္းအင္ရရိွေရးကို စိတ္ဝင္စားလာခဲ႔သည္။ အေကာင္းစိတ္ဝင္စားသည္ ေတာ႔မဟုတ္ေပ။ အာရပ္ကမၻာတြင္ ေခါင္းေဆာင္မူေနရာရလို၍ျဖစ္သည္။ ေခါင္းေဆာင္မူေနရာရရန္ ဒုတ္ႀကီးႀကီးရိွဖို႔လိုသည္။ ၁၉၇၀ ေနာက္ပိုင္းႏွစ္မ်ားတြင္ အီရတ္က ႏ်ဴကလီးယားပိုင္ဆိုင္ေရးစီမံကိန္းကို တစိုက္မတ္မတ္လုပ္လာခဲ႔သည္။ ၁၉၇၆ခုႏွစ္တြင္ ေဒၚလာသန္း၃၀၀တန္ ဓာတ္ေပါင္းဖိုတစ္ခုေဆာက္လုပ္ေပးဖို႔ ျပင္သစ္​ႏွင္​႔႔ သေဘာတူညီခ်က္ရ႐ိွခဲ႔သည္။ ထိုသေဘာတူညီခ်က္အရ ျပင္သစ္က အီရတ္ႏိုင္ငံအတြက္ မဂၢါဝပ္၅၀ထြက္ရိွမည္႔ light water နည္းပညာသံုးဓာတ္ေပါင္းဖိုတခုေဆာက္ေပးၿပီး သန္႔စင္ၿပီးပလူတိုနီယမ္ ၇၂ ရမ္ကို ေထာက္ပံ႔ေပးရမည္ျဖစ္သည္။

၁၉၇၉ခုႏွစ္တြင္ အီရတ္ႏိုင္ငံဘဂၢဒက္ႏွင္႔ ၁၀မိုင္ခန္႔အကြာ အယ္တူေဝသာအရပ္၌ ဓာတ္ေပါင္းဖိုတည္ေဆာက္ေရး လုပ္ငန္းမ်ားစတင္ခဲ႔သည္။ အီရတ္၏ ႏ်ဴကလီးယားပိုင္ဆိုင္ေရးႀကိဳးပမ္းမူကို အစၥေရးက မ်က္လံုးေဒါက္ေထာက္ၾကည္႔ေနခဲ႔သည္။ အီရတ္၏ ႏ်ဴကလီးယားစက္ရံု စီမံကိန္းမွာ လက္နက္ထုတ္လုပ္ရန္မဟုတ္ပဲ ျငိမ္းခ်မ္းေရးကိစၥအတြက္သာရည္ရြယ္ေၾကာင္း ျပင္သစ္ႏွင္႔အီရတ္ႏိုင္ငံက ထပ္တလဲလဲ ထုတ္ေဖာ္ေျပာၾကားထားေသာ္လည္း အစၥေရး ကအယံုအၾကည္မရိွေပ။ မယံုတာကိုလဲအျပစ္​​ေျပာလို႔မရ။ ဆက္ဒမ္က သူ႔အာရပ္အေပါင္းအသင္းေတြေရွ႔မွာက်​ေတာ႔ ေျပာတာကတမ်ိဳး။ သူ႔ ႏ်ဴကလီးယားစီမံကိန္းသည္ ဇီယြန္ဝါဒီေတြကို မီးေလာင္တိုက္သြင္းဖို႔ျဖစ္ေၾကာင္း ၾကြားဝါသည္။ အီရတ္တို႔ ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္လာေသာေန႔သည္ အစၥေရးႏိုင္ငံ၏ေနာက္ဆံုးေန႔ျဖစ္္ရမည္ဟု အာရပ္အသိုင္းအဝန္းၾကားတြင္ ေၾကြးေၾကာ္သည္။

အစၥေရးက ျပင္သစ္အစိုးသို႔ခ်ည္းကပ္၍ အီရတ္ႏွင့္ ႏ်ဴကလီးယားသေဘာတူညီထားခ်က္ကို ဖ်က္သိမ္းေစရန္ သံတမန္ေရးနည္းလမ္းမ်ားျဖင့္ ႀကိဳးစားခဲ႔သည္။ သို႔ေသာ္အရာမထင္။ ထို႔ေၾကာင္႔အျခားနည္းလမ္းမ်ားကို သံုးစြဲလာသည္။ အစၥေရးအေနျဖင္႔ အီရတ္တို႔ ႏ်ဴကလီးယားလက္နက္မပိုင္ဆိုင္ႏိုင္ေစရန္ မျဖစ္ျဖစ္သည္႔နည္းျဖင္႔တားဆီးရေပမည္။ ဤသည္မွာ သူ႔အတြက္ ေသေရးရွင္ေရးျဖစ္သည္။ ၁၉၇၉ ခုႏွစ္ ဧၿပီလတြင္ အီရတ္သို႔ပို႔မည္႔ ႏ်ဴကလီးယားဓာတ္ေပါင္းဖိုပစၥည္းမ်ား ျပင္သစ္ဆိပ္ကမ္း၌ သေဘာၤတင္ရန္ေစာင္႔ေနစဥ္ ဗံုးေဖာက္ခြဲခံရသည္။

၁၉၈၀ ခုနွစ္ဇြန္လတြင္ အီရတ္ ႏ်ဴကလီးယားဓာတ္ေပါင္းဖိုစီမံကိန္း၏ ညႊန္ၾကားေရးမွဴးျဖစ္သူ အီဂ်စ္သိပၸံပညာ႐ွင္ ရီဟီယာအယ္မာရွက္္​ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရသည္။ အျခားသူမ်ားမွာလည္း ျခိမ္းေျခာက္စာမ်ားအပို႔ခံရသည္။ အီရတ္ ႏ်ဴကလီးယားစီမံကိန္းမွာ ပါဝင္ၾကသည္႔ ကန္ထရိုက္တာကုမၸဏီမ်ားတြင္ ဗံုးေပါက္ကြဲမူမ်ားျဖစ္ပြားသည္။ လက္​သည္​႐ွာမရ။ ဒီၾကားထဲမွာပင္​ အီရတ္​ႏ်ဴကလီးယား ဓာတ္​​ေပါင္​းဖိုစီမံကိန္​းကတျဖည္​းျဖည္​း ႐ုပ္​လံုး​ေပၚလာသည္​။ အီရတ္တို႔အေနျဖင္႔ ေနာင္တႏွစ္ႏွစ္ႏွစ္အတြင္း ႏ်ဴးကလီးယားဗံုးထုတ္ႏိုင္ေတာ႔မည္ဟု အစၥ​ေရးဝန္ႀကီးခ်ဳပ္ မီနာခ်မ္းဘီဂင္ကအခိုင္အမာယံုၾကည္ယူဆလာခဲ႔သည္။

ေထာက္လွမ္းေရးသတင္းမ်ားအရလည္း ၁၉၈၁ ခုႏွစ္ေႏြရာသီသည္အစၥေရးအတြက္ ေနာက္ဆံုးအခြင္႔အေရးျဖစ္ေၾကာင္းသိလာရသည္။ ထို႔​ေၾကာင္​႔ အခ်ိန္​​ေနာက္​မက်​ေသးမီ အီရတ္ႏ်ဴကလီးယားဓာတ္ေပါင္းဖိုကို ဖ်က္ဆီးပစ္ရန္ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ႔သည္။ ထိုအခ်ိန္တြင္ အီရတ္ မွာ အီရန္ႏွင့္ စစ္ပြဲစတင္ေနၿပီျဖစ္သည္။ စစ္ပြဲကာလအတြင္း၁၉၈၀ စက္တင္ဘာ၃၀ ရက္ေန႔တြင္ အီရန္​က အက္​ဖ္​-၄ ဖန္တြန္ဗံုးႀကဲေလယာဥ္ႏွစ္စင္းျဖင္႔ ေဆာက္လက္စ Osirak ႏ်ဴကလီးယားစက္ရံုကို လာေရာက္ဗံုးႀကဲသည္။ သို႔ေသာ္ႀကီးႀကီးမားမားမပ်က္စီးခဲ႔။ အဓိကက်ေသာဓာတ္ေပါင္းဖိုအခန္း ကို တစံုတရာထိခိုက္ေအာင္မလုပ္ႏိုင္ခဲ႔။

Osirak Nuclear reactor အကြက္ခ်ပံုစံ

ထိုစဥ္ကအီရန္တို႔ဓာတ္ပံုရိုက္ယူထားေသာ ႏ်ဴကလီးယားဓာတ္ေပါင္းဖိုတည္ေနရာအကြက္ခ်ပံုစံ layout plan အေသးစိတ္ကို အစၥေရးတို႔က အေပးအယူလုပ္ၿပီး ရရိွခဲ႔သည္။ ထိုအေပးအယူအတြင္း၌ အစၥ​ေရးတို႔ ဆင္​ႏႊဲမည္​့ ဓာတ္​​ေပါင္​းဖို ဗံုးၾကဲစစ္​ဆင္​​ေရးအတြင္​း လိုအပ္​ပါက အစၥ​ေရး​ေလယာဥ္​မ်ား သူ႔နယ္​​ေျမထဲ အ​ေ​​ရး​ေပၚဆင္​းသက္​ရန္​ပါ အီရန္​တို႔ကခြင္​႔ျပဳ​ေပးခဲ႔သည္​။ ခိုေမနီ က အစၥေရးတို႔အေပၚဤမ်ွသေဘာေကာင္းေနရျခင္းမွာလည္း အီရတ္သာ ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္သြားပါက အရင္ဆံုး မသာေပၚမည္႔သူက ေလာေလာဆယ္အီရတ္ႏွင္႔စစ္ျဖစ္ေနေသာ သူတို႔ျဖစ္ေနျခင္းေၾကာင္႔ပင္။

အမွန္​စင္​စစ္​ အစၥ​ေရးႏွင္​့ အီရန္​ မွာလည္​း ဂ်င္​းစိမ္​းႏွင္​႔မိတ္သလင္​ျဖစ္​သည္​။တည္႔ၾကသည္မဟုတ္။ သို႔​ေသာ္​ဘံုရန္​သူ အီရတ္​ကို ​ေဆာ္​မည္​့ အ​ေရးကို​ေတာ့ ႏွစ္​ဦးသ​ေဘာမ်ွၾကသည္​။ အီရန္​ထံမွ ႏ်ဴကလီးယားစက္​ရံု layout plan ပံုရၿပီးသည္​့​ေနာက္​ ထိုပံုစံအတိုင္​း ႏ်ဴကလီးယားဓာတ္ေပါင္းဖို အတုလုပ္ၿပီး ဗံုးႀကဲသည္႔ ေလ႔က်င္႔ခန္းမ်ားလုပ္သည္။ ထိုေလ႔က်င္႔ခန္းမ်ားအတြင္း အစၥေရးပိုင္းေလာ႔သံုးဦး ေသဆံုးခဲ႔ရသည္။ ေလ႔က်င္႔ရာတြင္ စစ္ဆင္ေရးအတြင္း ဗံုးႀကဲေလယာဥ္အျဖစ္သံုးရန္ ရည္ရြယ္ထားေသာ ေအ၅ ေလယာဥ္မ်ားသံုး၍ေလ႔က်င္႔ခဲ႔ေသာ္လည္း ေနာက္ပိုင္း ပိုမိုေခတ္မီေသာ အက္ဖ္၁၆ ေလယာဥ္မ်ားကို လက္ခံရရိွခဲ႔သည္႔အတြက္ အမွန္တကယ္စစ္ဆင္ေရး လုပ္သည္႔အခ်ိန္၌ အက္ဖ္၁၆ေလယာဥ္မ်ားကို အသံုးျပဳခဲ႔သည္။

ႏ်ဴကလီးယားဓာတ္ေပါင္းဖိုကိုတိုက္ခိုက္ရာ၌ပါဝင္ခဲ႔သည္႔အမွတ္အသား ႀတိဂံပံုကို ေလယာဥ္ေဘးမွာေရးဆြဲထားပံု

ႏ်ဴကလီးယားဓာတ္​​ေပါင္​းဖိုကို ဗံုးၾကဲၿပီး ေနာက္တေန႔မွာပင္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘီဂင္က ေက်ညာခ်က္ထုတ္ျပန္သည္။
“အစၥေရးႏိုင္ငံရဲ႕ အမ်ိဳးသားလံုၿခံဳေရးအတြက္ အီရတ္ႏ်ဴကလီးယားဓာတ္ေပါင္းဖိုကို အစၥေရးေလတပ္က သြားေရာက္ဗံုးႀကဲဖ်က္ဆီးလိုက္ပါၿပီ။ ဂ်ဴးလူမ်ိဳးေတြ မီးေလာင္တိုက္သြင္း အစုလိုက္အျပံဳလိုက္အသတ္ခံရတဲ႔အျဖစ္အပ်က္မ်ိဳး သမိုင္းမွာေနာက္တစ္ႀကိမ္မရိွေစရဘူး”

အီရတ္​ ႏ်ဴကလီးယားဓာတ္​​ေပါင္​းဖို ဗံုးႀကဲခံရသည္​႔သတင္​းက တစ္ကမာၻလံုး ဟိုး​ေလးတ​ေၾကာ္​ေၾကာ္ျဖစ္​သြားသည္​။ သတင္းစာအားလံုး၏ အဓိက ေခါင္းႀကီးသတင္းတစ္ပုဒ္အျဖစ္ ပါလာသည္။ ဗံုးႀကဲတိုက္ခိုက္မူေၾကာင္႔ ဓာတ္ေပါင္းဖိုမွာလံုးဝပ်က္စီးသြားသည္။ အီရတ္စစ္သား၁၀ဦး ႏွင္႔ ျပင္သစ္အရပ္သား အင္ဂ်င္နီယာတစ္ဦးေသဆံုးသည္။ အစၥေရးက လူအထိအခိုက္အနည္းဆံုးျဖစ္ေအာင္ အလုပ္ပိတ္ရက္ တနဂၤေႏြေန႔ညေနပိုင္းကို ေရြးခဲ႔ျခင္း ျဖစ္ေၾကာင္းေျပာသည္။

တည္ေဆာက္ေနစဥ္ကာလက ေတြ႔ျမင္ရေသာ အီရတ္ႏ်ဴ ကလီးယားဓာတ္ေပါင္းဖို အေဆာက္အဦ

ႏ်ဴကလီးယားဓာတ္ေပါင္းဖို ေလေၾကာင္းမွအတိုက္ခံရသည္႔အတြက္ တာဝန္ေပါ႔ေလ်ာ႔မူျဖင့္ အီရတ္အေနာက္ပိုင္းနယ္ေျမ ေလေၾကာင္းရန္ကာကြယ္ေရးတပ္မွ အရာရိွအေတာ္မ်ားမ်ား ဆက္ဒမ္၏အမ်က္ေဒါသေအာက္တြင္ေသဒဏ္ေပးျခင္းခံရသည္။ ဤတိုက္ခိုက္မူအတြက္ အစၥ​ေရးကို တကမာၻလံုးက ဝိုင္​းဝန္​းရံူ႕ခ်ၾကသည္​။ အေမရိကန္ႏွင္႔ ဆိုဗီယက္ကလည္း ရႈတ္ခ်သည္။ အာရပ္ႏိုင္ငံမ်ားကေတာ႔ ေျပာစရာမလို။ အစၥေရးကို အမဲဝိုင္းဖ်က္ၾကေတာ႔မလို ေျပာၾကဆိုၾကသည္။ သို႔ေသာ္ ဘယ္အာရပ္ႏိုင္ငံကမွ အစၥေရးကို စစ္ေရးျဖင္႔ လက္တုန္႔ျပန္ရန္မစဥ္းစားၾကပါ။ တကယ္ေတာ႔ အီရတ္၏ႏ်ဴကလီးယားဓာတ္ေပါင္းဖို အဖ်က္ဆီးခံလိုက္ရတာကို သူတို႔စိတ္ထဲက ႀကိတ္ဝမ္းသာေနၾကသည္။

New York Times, Washington Post, Gardian စသည္႔သတင္းစာႀကီးမ်ားကလည္း အစၥေရးလုပ္ရပ္ကို ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္ေသာ အၾကမ္းဖက္လုပ္ရပ္အျဖစ္ ရူံ႕ခ်ၾကသည္။ ကုလသမဂၢလံုၿခံဳေရးေကာင္စီ ႏွင္႔ အေထြေထြညီလာခံကလည္း အစၥေရးကို ျပစ္တင္ရႈတ္ခ်သည္႔ ဆံုးျဖတ္ခ်က္မ်ားခ်မွတ္သည္။ အာရပ္ႏိုင္ငံမ်ားက အစၥေရးကို လက္နက္တင္သြင္းမူပိတ္ပင္ဖို႔ ကုလကိုတိုက္တြန္းသည္။ သို႔ေသာ္ အေမရိကန္က ျပစ္တင္ရႈတ္ခ်ရံုထက္ ပိုလုပ္တာမ်ိဳးကို လက္ခံမည္႔ပံုမေပၚပါ။ အစၥေရးႏိုင္ငံတြင္းမွာလည္း ေဝဖန္ရႈတ္ခ်မူမ်ားမလြတ္။ မီနာခ်မ္းဘီဂင္အေနျဖင့္ အီရတ္ႏ်ဴကလီးယားဓာတ္ေပါင္းဖိုကုိ တိုက္ခိုက္ဖို႔အမိန္႔ေပးျခင္းသည္ မၾကာမီက်င္းပေတာ႔မည့္ ေရြးေကာက္ပြဲတြင္ သူ႔ပါတီမဲရေစဖို႔ ႏိုင္ငံေရးစတန္႔ထြင္မူ သက္သက္ဟု အတိုက္အခံတို႔ကစြပ္စြဲၾကသည္။

အေမရိကန္သို႔ဆိုက္ေရာက္စဥ္
အစၥေရးဝန္ႀကီးခ်ဳပ္ဘီဂင္ ႏွင္႔ ႏိုင္ငံျခားေရးဝန္ႀကီးမိုေ႐ွဒါယန္ ေလယာဥ္မွဆင္းသက္လာပံု

သို႔ေသာ္ ၁၉၉၁ ခုနွစ္ပင္လယ္ေကြ႔စစ္ပြဲအတြင္း၌ အီရတ္က အစၥေရးကို စကဒ္ ဒံုးက်ည္မ်ားျဖင္႔ ပစ္ခတ္တိုက္ခိုက္ေသာအခါ၌ မီနာခ်မ္းဘီဂင္၏ဆံုးျဖတ္ခ်က္ မွန္ကန္ေၾကာင္းကို အားလံုးက အသိအမွတ္ျပဳလာခဲ႔သည္။ ထိုအခ်ိန္က အစၥေရးလႊတ္ေတာ္အမတ္ ၁၂၀ အနက္ အေယာက္၁၀၀က စုေပါင္းလက္မွတ္ေရးထိုးထားသည့္ ေက်းဇူးတင္လႊာ ကို အျငိမ္းစားဝန္ႀကီးခ်ဳပ္ဘီနာခ်မ္းဘီဂင္ ထံေပးပို႔ခဲ့ၾကသည္။

Written by Kyawmin Aung


နျူကလီးယားဓာတ်​​ပေါင်​းဖိုအား ဗုံးကြဲခဲ့စဉ်​က (သို့) အစ္စရေးရဲ့ ကမ္ဘာကျော်လုပ်ရပ်တစ်ခု (unicode)

ရေးသားသူ – Ko Kyaw Min Aung

၁၉၈၁ ခုနှစ်​ဇွန်​လ ၇ ရက်​​
တနင်္ဂနွေနေ့
ည​နေ ၃နာရီ ၅၅မိနစ်​

အယ်ဇီယွန်​​လေတပ်​စခန်​းမှ တိုက်​​လေယာဉ်​​တွေ ဝေါကနဲ တစ်စင်​းပြီးတစ်စင်​း ကောင်းကင်ပေါ်ပျံတက်​လာကြသည်​။ တိုက်​​လေယာဉ်​​တွေက အ​မေရိကန်​မှ​ရောက်လာတာမကြာသေး။ အသစ်စက်စက်တွေ။ နောက်​ဆုံး​​ပေါ်​ ခေတ်​အမှီဆုံး​လေယာဉ်​​တွေ။ ဒါ​ပေမယ်​့ အစ္စ​ရေးရဲ့မူအတိုင်​း သူ့လိုအပ်​ချက်​နဲ့ကိုက်​ညီ​အောင်​ ပြန်​လုပ်​ထားသည်​။ နဂိုကတည်​းက ပြိုင်​ဖက်​ကင်​း ကမ္ဘာ့ထိပ်​တန်​း တိုက်​​လေယာဉ်​​တွေကို အစ္စ​ရေးရဲ့နည်​းပညာနဲ့ ထပ်​ကွန်​႔ထားတာဆို​တော့​ပြောစရာမလို​တော့။ မြင်​းကို ဂျို တပ်​​ပေးထားသလို ဖြစ်​​နေ​တော့မည်​။ အစွမ်​းထက်​မှာ​သေချာသည်​။

ပျံတက်​လာသည်​့လေယာဉ်​က စုစု​ပေါင်​း​၁၄စင်​း။
အက်​ဖ်​၁၆အေ က ၈စင်​း နှင်​႔ အက်​ဖ်​ ၁၅လင်းယုန်ကြားဖြတ်​တိုက်​​လေယာဉ်​ ၆စင်​း။ အက်​၁၆​လေယာဉ်​​ တောင်ပံတဖက်တချက်မှာ တတန်လောက်လေးသည့် Mark-84 ဗုံးတလုံးစီတပ်​ဆင်​ထားသည်။ တကယ်တော့ အက်ဖ်၁၆ က ဗုံးကြဲလေယာဉ်စစ်စစ်မဟုတ်။ သို့သော် ယခု Mission အတွက် အသင့်တော်ဆုံးက ဒီလေယာဉ်ပဲဖြစ်သည်။ ဒီလေယာဉ်တွေက ခရီးရှည်ပျံနိုင်ကြသည်။

ကောင်းကင်ပေါ်အရောက်တွင် အက်​ဖ်​၁၆​လေယာဉ်​​တွေကို လေးစင်းစီ နှစ်စုခွဲ၍အလယ်​ကထားကာ အက်​ဖ်​၁၅​လေယာဉ်​​တွေက ​ဘေးကခြံရံလိုက်ကြပြီး အုပ်​စုဖွဲ့သဏ္ဍန်​သို့​ပြောင်​းကာ ဆက်​လက်​ပျံသန်​းသွားကြသည်​။ ဒီ​လေယာဉ်​​တွေရဲ့ဦးတည်​ရာ ရည်​မှန်​းချက်​ကို သိသူကား ​လေသူရဲများကိုယ်​တိုင်​နှင်​႔ အခြားလူအနည်​းငယ်​သာရှိကြ​ပေမည်​။ သို့​သော်​မကြာမီ တကမ္ဘာလုံးအုတ်​​အော်​​သောင်​းနင်းဖြစ်သွားစေသည့် ကိစ္စတစ်ခုကို သူတို့​ဆောင်​ရွက်​ကြ​တော့မည်​။

လေယာဉ်တွေက ခဏအတောအတွင်းမှာ အက္ကဘာပင်လယ်ကွေ့ပေါ်ကို ရောက်လာကြသည်။ ​ဂျော်​ဒန်​ဘုရင်​ဟူစိန်​က အက္ကဘာပင်လယ်ကွေ့ထဲရှိ သူ့အပျော်စီးရွက်လှေ​ပေါ်မှာ ​အေး​အေးလူလူ အနားယူ​နေသည်​။ သူ့​ခေါင်​း​ပေါ်ပေ၁၀၀ အမြင့်လောက်က ဝေါကနဲ​ လေယာဉ်​ဖြတ်​ပျံသံ​တွေကြားလိုက်​၍ အလန်​႔တကြား​မော့ကြည်​႔မိသည်​။ လေယာဉ်​​​တောင်ပံဘေးက ဗေးဗစ်​ကြယ်​တံဆိပ်​​အမှတ်​အသား​တွေ တွေ့လိုက်​ရတော့ အစ္စ​ရေး​လေယာဉ်​​တွေမှန်​း တန်​းသိလိုက်​ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

ထူးထူးခြားခြား တခုခု​ဖြစ်​​တော့မှာကိုသူသိနေသည်။ ​လေယာဉ်​​တွေမှာ တနင့်တပိုးတပ်ဆင်ထားသည့်လက်နက်များနှင့် တောင်ပံမှာချိတ်ဆွဲထားသည့် အပိုဆီတိုင်ကီများက အဝေးတနေရာမှာ စစ်ဆင်ရေးတစ်ခု သွားရောက်ဆင်နွှဲရန်ဖြစ်ကြောင်းဖော်ပြနေသည်။ လေယာဉ်တွေ ဦးတည်​သွားရာအရပ်​ကို ခန်​႔မှန်​းကြည်​႔မိသည်​။ အီရတ်​က နျူကလီးယားဓာတ်​​ပေါင်​းဖိုက သူ့မျက်လုံးထဲပေါ်လာသည်။ မဖြစ်​ဘူး။ မိတ်​​ဆွေကြီး ဆက်​ဒမ်​ဆီ ဖုန်​းဆက်​ပြီးသတိ​ပေးဦးမှပဲ။ သူဖုန်​း​ကောက်​လှည်​႔လိုက်​သည်​။ ဖြစ်​ချင်​​တော့ဖုန်​းလိုင်​း​တွေက ကျ​နေသည်​။ အဆက်​အသွယ်​လုပ်​မရ။

ပင်လယ်ကွေ့ကျော်သည်နှင့် လေယာဉ်တွေက ဘယ်ဖက်သို့ စောင်းကွေ့လိုက်ကြသည်။ ဆော်​ဒီအာ​ရေဗျ နှင်​႔​ ဂျော်​ဒန်​နယ်​စပ်​တ​လျှောက်မှနေ၍ အ​ရှေ့​မြောက်​အရပ်​ဆီသို့ ဆက်ပျံသန်​းလာခဲ့သည်​။ တခါတရံ ဆော်ဒီလေကြောင်းပိုင်နက်ထဲရောက်၍ တခါတရံဂျော်ဒန်လေကြောင်းပိုင်နက်ထဲ ရောက်သည်။ ဆော်ဒီလေပိုင်နက်ထဲရောက်လျှင် ဂျော်ဒန်လေယာဉ်တွေလမ်းမှားဝင်လာမိသလိုမျိုး ဂျော်ဒန်လေယာဉ်မှူးအချင်းချင်း ဆက်သွယ်သည့် အချက်ပြသင်္ကေတများသုံးပြီး ဆက်သွယ်သည်။ ဂျော်ဒန်လေပိုင်နက်ထဲရောက်လျှင်လည်း ဆော်ဒီလေယာဉ်ပိုင်းလော့များပုံဖမ်းသည်။

ဆော်ဒီမှာ အမေရိကန်မှဝယ်ထားသည့် အေဝက်ထောက်လှမ်းရေး လေယာဉ်တွေရှိသည်။ ဒီလေယာဉ်တွေက ကောင်းကင်ထဲမှာ တချိန်လုံးရှိနေတတ်သည်။ သို့သော်သူ့လေယာဉ်တွေကို မိတ်ဆွေနိုင်ငံဖြစ်သည့်ဂျော်ဒန်နယ်စပ်မှာ ကင်းလှည့်ခိုင်းလေ့မရှိ။ ဒီနယ်စပ်ကနေ သူ့နိုင်ငံကိုအန္တရာယ်ပြုလာစရာ အကြောင်းမရှိ။ ထို့ကြောင့် အစ္စရေးတို့ကလည်း တမင်တကာ ဂျော်ဒန်နယ်စပ်မှ ရွေးပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ခရီးလမ်းတဝက်​ဆော်​ဒီသဲကန္တာရထဲအရောက်တွင်​ ဆီကုန်နေပြီဖြစ်သည့် လေယာဉ် အပိုဆီတိုင်​ကီများဖြုတ်​ချခဲ့သည်။

လေယာဉ်တွေက အီရတ်နိုင်ငံထဲအရောက်မှာ အုပ်စုနှစ်ခုခွဲလိုက်သည်။ အက်ဖ်၁၅လေယာဉ်လေးစီးက နောက်ချန် အယောင်ပြအဖြစ်ကျန်နေရစ်သည်။ ကျန်လေယာဉ်များက အီရတ်နိုင်ငံအလယ်ပိုင်းဘဂ္ဂဒက်မြို့ဆီသို့ဦးတည်လိုက်ကြသည်။ ရေဒါကိုရှောင်ကွင်းနိုင်ရန်အတွက် တတ်နိုင်သမျှ ခပ်နိမ့်နိမ့်ပျံလာကြသည်။ နေကို နောက်ခံထားပြီး ပျံသန်းလာသည့်လေယာဉ်များကို နေရောင်ကြောင့် တော်ရုံတန်ရုံသတိမပြုမိကြ။စစ်ဖြစ်နေသည့်နိုင်ငံတခုမှာ လေကြောင်းရန်ကာကွယ်ရေးက နိုးနိုးကြားကြားရှိနေလိမ့်မည်။ သူတို့ကိုဒုက္ခပေးနိုင်သည့် အန္တရာယ်တစ်ခုက
အီရတ်လေတပ်က မစ်၂၁ တိုက်လေယာဉ်များဖြစ်သည်။

ကံကောင်းထောက်မစွာ အသက်ရှုချောင်နိုင်တဲ့ တစ်ချက်က လောလောလတ်လတ် အီရန်တို့၏ အတွယ်ခံထားရသည့် အီရတ်လေတပ်မှာ ခေါင်းမထူနိုင်သေးပဲ အထိနာနေသေးသည့်အချိန်ဖြစ်နေခြင်းပင်။ အတွင်းပိုင်းရောက်လာသည်နှင့် တဖြည်းဖြည်းနှင့်မှောင်စပျိုးလာပြီ။ စစ်ဆင်ရေးကို ယခုလိုညနေအချိန်ရွေးချယ်ရခြင်းက အကယ်၍ ပစ်ချခံရသည့်​လေယာဉ်​မှလေသူရဲများကို ကယ်ဆယ်ရေးလုပ်ရပါက ညပိုင်းတွင်လုပ်နိုင်ရန်ဖြစ်သည်။ ဒေသစံတော်ချိန် ၆နာရီ၃၅မိနစ်တွင်​ လေယာဉ်တွေက ဘဂ္ဂဒက်မြို့အယ်တူဝေသာအရပ်ရှိ Osirak နျူကလီးယားဓာတ်ပေါင်းဖို နှင့် ၁၂ မိုင်အကွာသို့ရောက်လာသည်။

ထိုနေရာအရောက်တွင်လေယာဉ်တွေကို ပေ၆၀၀ဝအမြင့်သို့ရုတ်ချည်း ဆွဲတင်လိုက်ကြသည်။ ထို့နောက်တဖန် နျူကလီးယားဓာတ်ပေါင်းဖိုရှိရာသို့ ဦးတည်၍ သားကောင်ကိုသုတ်တော့မည့်လင်းယုန်ငှက်များအလား တဟုန်ထိုးအရှိန်ပြင်းစွာဖြင့်စိုက်ဆင်းလာသည်။ နျူကလီးယား ဓာတ်ပေါင်းဖိုပေါ်အရောက်၌ အက်ဖ်၁၆တိုက်လေယာဉ်များက ပါလာသော ပဲ့ထိန်းမဲ့ဗုံးများကို အတွဲလိုက်ဖြုတ်ချသည်။ စုစုပေါင်းဗုံး၁၆ လုံးကြဲချသည့်အနက် ၈လုံးက ဓာတ်ပေါင်းဖို ကို တိုက်ရိုက်ထိမှန်သည်။ စုစုပေါင်း စစ်ဆင်ရေးဆင်နွဲချိန်က နှစ်မိနစ်ပင်မကြာလိုက်ပေ။

လေကာ တပ်ဖွဲ့ဝင်အများစုက စောစောကမှ ဂျူတီဖြုတ်ပြီး ညနေစာထွက်စားကြသည်။ ကျန်ရှိသောလေယာဉ်ပစ်အမြောက်တချို့တလေ က ကြိုကြားကြိုးကြားပစ်ခတ်သော်လည်း အစ္စရေးလေယာဉ်တွေကို ဒုက္ခ မပေးနိုင်ခဲ့။ စစ်ဆင်ရေးပြီးသည်နှင့် အစ္စရေးလေယာဉ်အုပ်မှူးက စကားဝှက်ဖြင့် စစ်ဆင်ရေးအောင်မြင်စွာဆင်နွဲပြီးကြောင်း စကားဝှက် ကိုလှမ်းပို့လိုက်သည်။ ​ဗုံးကြဲပြီးသည်နှင့် လေယာဉ်များအားလုံးအ​ပေါ်ကို​ထောင်​တက်​ပြီး ပေ ၄၀၀၀၀ အမြင့်မှလာရာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြန်လာခဲ့ရာ အစ္စရေးသို့ချောမောစွာရောက်ရှိကြသည်။

အီရတ်နိုင်ငံတွင် ဆက်​ဒမ်​ဟူစိန်​​ခေါင်​း​ဆောင်​သည်​႔ ဘသ် ပါတီအာဏာရလာသည့် ၁၉၆၈ ခုနစ်မှစ၍ နျူကလီးယားစွမ်းအင်ရရှိရေးကို စိတ်ဝင်စားလာခဲ့သည်။ အကောင်းစိတ်ဝင်စားသည် တော့မဟုတ်ပေ။ အာရပ်ကမ္ဘာတွင် ခေါင်းဆောင်မူနေရာရလို၍ဖြစ်သည်။ ခေါင်းဆောင်မူနေရာရရန် ဒုတ်ကြီးကြီးရှိဖို့လိုသည်။ ၁၉၇၀ နောက်ပိုင်းနှစ်များတွင် အီရတ်က နျူကလီးယားပိုင်ဆိုင်ရေးစီမံကိန်းကို တစိုက်မတ်မတ်လုပ်လာခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဒေါ်လာသန်း၃၀ဝတန် ဓာတ်ပေါင်းဖိုတစ်ခုဆောက်လုပ်ပေးဖို့ ပြင်သစ်​နှင်​႔႔ သဘောတူညီချက်ရရှိခဲ့သည်။ ထိုသဘောတူညီချက်အရ ပြင်သစ်က အီရတ်နိုင်ငံအတွက် မဂ္ဂါဝပ်၅ဝထွက်ရှိမည့် light water နည်းပညာသုံးဓာတ်ပေါင်းဖိုတခုဆောက်ပေးပြီး သန့်စင်ပြီးပလူတိုနီယမ် ၇၂ ရမ်ကို ထောက်ပံ့ပေးရမည်ဖြစ်သည်။

၁၉၇၉ခုနှစ်တွင် အီရတ်နိုင်ငံဘဂ္ဂဒက်နှင့် ၁ဝမိုင်ခန့်အကွာ အယ်တူဝေသာအရပ်၌ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့သည်။ အီရတ်၏ နျူကလီးယားပိုင်ဆိုင်ရေးကြိုးပမ်းမူကို အစ္စရေးက မျက်လုံးဒေါက်ထောက်ကြည့်နေခဲ့သည်။ အီရတ်၏ နျူကလီးယားစက်ရုံ စီမံကိန်းမှာ လက်နက်ထုတ်လုပ်ရန်မဟုတ်ပဲ ငြိမ်းချမ်းရေးကိစ္စအတွက်သာရည်ရွယ်ကြောင်း ပြင်သစ်နှင့်အီရတ်နိုင်ငံက ထပ်တလဲလဲ ထုတ်ဖော်ပြောကြားထားသော်လည်း အစ္စရေး ကအယုံအကြည်မရှိပေ။ မယုံတာကိုလဲအပြစ်​​ပြောလို့မရ။ ဆက်ဒမ်က သူ့အာရပ်အပေါင်းအသင်းတွေရှေ့မှာကျ​တော့ ပြောတာကတမျိုး။ သူ့ နျူကလီးယားစီမံကိန်းသည် ဇီယွန်ဝါဒီတွေကို
မီးလောင်တိုက်သွင်းဖို့ဖြစ်ကြောင်း ကြွားဝါသည်။ အီရတ်တို့ နျူကလီးယားလက်နက်ပိုင်ဆိုင်လာသောနေ့သည် အစ္စရေးနိုင်ငံ၏နောက်ဆုံးနေ့ဖြစ်ရမည်ဟု အာရပ်အသိုင်းအဝန်းကြားတွင် ကြွေးကြော်သည်။

အစ္စရေးက ပြင်သစ်အစိုးသို့ချည်းကပ်၍ အီရတ်နှင့် နျူကလီးယားသဘောတူညီထားချက်ကို ဖျက်သိမ်းစေရန် သံတမန်ရေးနည်းလမ်းများဖြင့် ကြိုးစားခဲ့သည်။ သို့သော်အရာမထင်။ ထို့ကြောင့်အခြားနည်းလမ်းများကို သုံးစွဲလာသည်။ အစ္စရေးအနေဖြင့် အီရတ်တို့ နျူကလီးယားလက်နက်မပိုင်ဆိုင်နိုင်စေရန် မဖြစ်ဖြစ်သည့်နည်းဖြင့်တားဆီးရပေမည်။ ဤသည်မှာ သူ့အတွက် သေရေးရှင်ရေးဖြစ်သည်။ ၁၉၇၉ ခုနှစ် ဧပြီလတွင် အီရတ်သို့ပို့မည့် နျူကလီးယားဓာတ်ပေါင်းဖိုပစ္စည်းများ ပြင်သစ်ဆိပ်ကမ်း၌ သဘောၤတင်ရန်စောင့်နေစဉ် ဗုံးဖောက်ခွဲခံရသည်။

၁၉၈၀ ခုနှစ်ဇွန်လတွင် အီရတ် နျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်း၏ ညွှန်ကြားရေးမှူးဖြစ်သူ အီဂျစ်သိပ္ပံပညာရှင် ရီဟီယာအယ်မာရှက်​ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ အခြားသူများမှာလည်း ခြိမ်းခြောက်စာများအပို့ခံရသည်။ အီရတ် နျူကလီးယားစီမံကိန်းမှာ ပါဝင်ကြသည့် ကန်ထရိုက်တာကုမ္ပဏီများတွင် ဗုံးပေါက်ကွဲမူများဖြစ်ပွားသည်။ လက်​သည်​ရှာမရ။ ဒီကြားထဲမှာပင်​ အီရတ်​နျူကလီးယား ဓာတ်​​ပေါင်​းဖိုစီမံကိန်​းကတဖြည်​းဖြည်​း ရုပ်​လုံး​ပေါ်လာသည်​။ အီရတ်တို့အနေဖြင့် နောင်တနှစ်နှစ်နှစ်အတွင်း နျူးကလီးယားဗုံးထုတ်နိုင်တော့မည်ဟု အစ္စ​ရေးဝန်ကြီးချုပ် မီနာချမ်းဘီဂင်ကအခိုင်အမာယုံကြည်ယူဆလာခဲ့သည်။

ထောက်လှမ်းရေးသတင်းများအရလည်း ၁၉၈၁ ခုနှစ်နွေရာသီသည်အစ္စရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိလာရသည်။ ထို့​ကြောင်​႔ အချိန်​​နောက်​မကျ​သေးမီ အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို ဖျက်ဆီးပစ်ရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထိုအချိန်တွင် အီရတ် မှာ အီရန်နှင့် စစ်ပွဲစတင်နေပြီဖြစ်သည်။ စစ်ပွဲကာလအတွင်း၁၉၈၀ စက်တင်ဘာ၃၀ ရက်နေ့တွင် အီရန်​က အက်​ဖ်​-၄ ဖန်တွန်ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့် ဆောက်လက်စ Osirak နျူကလီးယားစက်ရုံကို လာရောက်ဗုံးကြဲသည်။ သို့သော်ကြီးကြီးမားမားမပျက်စီးခဲ့။ အဓိကကျသောဓာတ်ပေါင်းဖိုအခန်း ကို တစုံတရာထိခိုက်အောင်မလုပ်နိုင်ခဲ့။

ထိုစဉ်ကအီရန်တို့ဓာတ်ပုံရိုက်ယူထားသော နျူကလီးယားဓာတ်ပေါင်းဖိုတည်နေရာအကွက်ချပုံစံ layout plan အသေးစိတ်ကို အစ္စရေးတို့က အပေးအယူလုပ်ပြီး ရရှိခဲ့သည်။ ထိုအပေးအယူအတွင်း၌ အစ္စ​ရေးတို့ ဆင်​နွှဲမည်​့ ဓာတ်​​ပေါင်​းဖို ဗုံးကြဲစစ်​ဆင်​​ရေးအတွင်​း လိုအပ်​ပါက အစ္စ​ရေး​လေယာဉ်​များ သူ့နယ်​​မြေထဲ အ​ေ​​ရး​ပေါ်ဆင်​းသက်​ရန်​ပါ အီရန်​တို့ကခွင်​႔ပြု​ပေးခဲ့သည်​။ ခိုမေနီ က အစ္စရေးတို့အပေါ်ဤမျှသဘောကောင်းနေရခြင်းမှာလည်း အီရတ်သာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားပါက အရင်ဆုံး မသာပေါ်မည့်သူက လောလောဆယ်အီရတ်နှင့်စစ်ဖြစ်နေသော သူတို့ဖြစ်နေခြင်းကြောင့်ပင်။

အမှန်​စင်​စစ်​ အစ္စ​ရေးနှင်​့ အီရန်​ မှာလည်​း ဂျင်​းစိမ်​းနှင်​႔မိတ်သလင်​ဖြစ်​သည်​။တည့်ကြသည်မဟုတ်။ သို့​သော်​ဘုံရန်​သူ အီရတ်​ကို ​ဆော်​မည်​့ အ​ရေးကို​တော့ နှစ်​ဦးသ​ဘောမျှကြသည်​။ အီရန်​ထံမှ နျူကလီးယားစက်​ရုံ layout plan ပုံရပြီးသည်​့​နောက်​ ထိုပုံစံအတိုင်​း နျူကလီးယားဓာတ်ပေါင်းဖို အတုလုပ်ပြီး ဗုံးကြဲသည့် လေ့ကျင့်ခန်းများလုပ်သည်။ ထိုလေ့ကျင့်ခန်းများအတွင်း အစ္စရေးပိုင်းလော့သုံးဦး သေဆုံးခဲ့ရသည်။ လေ့ကျင့်ရာတွင် စစ်ဆင်ရေးအတွင်း ဗုံးကြဲလေယာဉ်အဖြစ်သုံးရန် ရည်ရွယ်ထားသော အေ၅ လေယာဉ်များသုံး၍လေ့ကျင့်ခဲ့သော်လည်း နောက်ပိုင်း ပိုမိုခေတ်မီသော အက်ဖ်၁၆ လေယာဉ်များကို လက်ခံရရှိခဲ့သည့်အတွက် အမှန်တကယ်စစ်ဆင်ရေး လုပ်သည့်အချိန်၌ အက်ဖ်၁၆လေယာဉ်များကို အသုံးပြုခဲ့သည်။

နျူကလီးယားဓာတ်​​ပေါင်​းဖိုကို ဗုံးကြဲပြီး နောက်တနေ့မှာပင် အစ္စရေးဝန်ကြီးချုပ် ဘီဂင်က ကျေညာချက်ထုတ်ပြန်သည်။
“အစ္စရေးနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို အစ္စရေးလေတပ်က သွားရောက်ဗုံးကြဲဖျက်ဆီးလိုက်ပါပြီ။ ဂျူးလူမျိုးတွေ မီးလောင်တိုက်သွင်း အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အဖြစ်အပျက်မျိုး သမိုင်းမှာနောက်တစ်ကြိမ်မရှိစေရဘူး”

အီရတ်​ နျူကလီးယားဓာတ်​​ပေါင်​းဖို ဗုံးကြဲခံရသည်​႔သတင်​းက တစ်ကမ္ဘာလုံး ဟိုး​လေးတ​ကြော်​ကြော်ဖြစ်​သွားသည်​။ သတင်းစာအားလုံး၏ အဓိက ခေါင်းကြီးသတင်းတစ်ပုဒ်အဖြစ် ပါလာသည်။ ဗုံးကြဲတိုက်ခိုက်မူကြောင့် ဓာတ်ပေါင်းဖိုမှာလုံးဝပျက်စီးသွားသည်။ အီရတ်စစ်သား၁၀ဦး နှင့် ပြင်သစ်အရပ်သား အင်ဂျင်နီယာတစ်ဦးသေဆုံးသည်။ အစ္စရေးက လူအထိအခိုက်အနည်းဆုံးဖြစ်အောင် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ညနေပိုင်းကို ရွေးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

နျူကလီးယားဓာတ်ပေါင်းဖို လေကြောင်းမှအတိုက်ခံရသည့်အတွက် တာဝန်ပေါ့လျော့မူဖြင့် အီရတ်အနောက်ပိုင်းနယ်မြေ လေကြောင်းရန်ကာကွယ်ရေးတပ်မှ အရာရှိအတော်များများ ဆက်ဒမ်၏အမျက်ဒေါသအောက်တွင်သေဒဏ်ပေးခြင်းခံရသည်။ ဤတိုက်ခိုက်မူအတွက် အစ္စ​ရေးကို တကမ္ဘာလုံးက ဝိုင်​းဝန်​းရူံ့ချကြသည်​။ အမေရိကန်နှင့် ဆိုဗီယက်ကလည်း ရှုတ်ချသည်။ အာရပ်နိုင်ငံများကတော့ ပြောစရာမလို။ အစ္စရေးကို အမဲဝိုင်းဖျက်ကြတော့မလို ပြောကြဆိုကြသည်။ သို့သော် ဘယ်အာရပ်နိုင်ငံကမှ အစ္စရေးကို စစ်ရေးဖြင့် လက်တုန့်ပြန်ရန်မစဉ်းစားကြပါ။ တကယ်တော့ အီရတ်၏နျူကလီးယားဓာတ်ပေါင်းဖို အဖျက်ဆီးခံလိုက်ရတာကို သူတို့စိတ်ထဲက ကြိတ်ဝမ်းသာနေကြသည်။

New York Times, Washington Post, Gardian စသည့်သတင်းစာကြီးများကလည်း အစ္စရေးလုပ်ရပ်ကို နိုင်ငံတကာဥပဒေကိုချိုးဖောက်သော အကြမ်းဖက်လုပ်ရပ်အဖြစ် ရူံ့ချကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှင့် အထွေထွေညီလာခံကလည်း အစ္စရေးကို ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်များချမှတ်သည်။ အာရပ်နိုင်ငံများက အစ္စရေးကို လက်နက်တင်သွင်းမူပိတ်ပင်ဖို့ ကုလကိုတိုက်တွန်းသည်။ သို့သော် အမေရိကန်က ပြစ်တင်ရှုတ်ချရုံထက် ပိုလုပ်တာမျိုးကို လက်ခံမည့်ပုံမပေါ်ပါ။ အစ္စရေးနိုင်ငံတွင်းမှာလည်း ဝေဖန်ရှုတ်ချမူများမလွတ်။ မီနာချမ်းဘီဂင်အနေဖြင့် အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို တိုက်ခိုက်ဖို့အမိန့်ပေးခြင်းသည် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် သူ့ပါတီမဲရစေဖို့ နိုင်ငံရေးစတန့်ထွင်မူ သက်သက်ဟု အတိုက်အခံတို့ကစွပ်စွဲကြသည်။

သို့သော် ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲအတွင်း၌ အီရတ်က အစ္စရေးကို စကဒ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သောအခါ၌ မီနာချမ်းဘီဂင်၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကို အားလုံးက အသိအမှတ်ပြုလာခဲ့သည်။ ထိုအချိန်က အစ္စရေးလွှတ်တော်အမတ် ၁၂၀ အနက် အယောက်၁၀ဝက စုပေါင်းလက်မှတ်ရေးထိုးထားသည့် ကျေးဇူးတင်လွှာ ကို အငြိမ်းစားဝန်ကြီးချုပ်ဘီနာချမ်းဘီဂင် ထံပေးပို့ခဲ့ကြသည်။

Written by Kyawmin Aung

Leave a Reply