ေရငုပ္သေဘၤာတုိ႔ အေၾကာင္း သိေကာင္းစရာ

Posted on

ေရငုပ္သေဘၤာဆိုသည္မွာ ေရေအာက္တြင္ လြတ္လပ္စြာေရြ႕လ်ားသြားလာနိုင္ေသာ ေရယာဉ္တစ္မ်ိုးျဖစ္သည္။ သာမန္ေရေအာက္သြားယာဉ္မွာ ေရေအာက္တြင္ အကန့္အသတ္ျဖင့္သာ အလုပ္လုပ္နိုင္သျဖင့္ ေရငုပ္သေဘၤာ နွင့္ ကြဲျပားျခားနားသည္။ ေရငုပ္သေဘၤာ ဆိုေသာ အသံုးအနႈန္းမွာ အမ်ားအားျဖင့္ လူအမ်ားအျပားတင္ေဆာင္ေသာ စက္တပ္ယာဥ္ကို ေခၚဆိုျခင္းျဖစ္သည္။ သို႔ေသာ္လည္း သမိုင္းေၾကာင္း အားျဖင့္ သို႔႔မဟုတ္ အရပ္သံုးစကားျဖင့္မူ ေရငုပ္သေဘၤာဆိုသည္မွာ အလယ္အလတ္စား သို႔မဟုတ္ ထိုထက္ေသးငယ္ေသာ ေရယာဥ္မ်ားႏွင့္ အေဝးထိန္းစနစ္ျဖင့္ ထိန္းခ်ဳပ္ေသာ ယာဥ္မ်ားႏွင့္ စက္ရုပ္မ်ားကိုလည္း ေခၚေဝၚေလ့ ရွိၾကသည္။

စမ္းသပ္မႈ အေနျဖင့္ ေရငုပ္သေဘၤာမ်ားကို ေရွးယခင္ကတည္းက တည္ေဆာက္ဖူးၾကေသာ္လည္း ေရငုပ္သေဘၤာ ဒီဇိုင္းသည္ ၁၉ ရာစုတြင္မွ အရွိန္ရလာခဲ့သည္ ေရတပ္ အမ်ားစုမွ အသံုးျပဳလာခဲ့ၾကသည္။ ေရငုပ္သေဘၤာကို ပထမအႀကိမ္ က်ယ္⁠က်ယ္ျပန့္ျပန့္ သံုးလာၾကသည္မွာ ပထမကမၻာစစ္ အတြင္းမွ စ၍ ျဖစ္ျပီး အခုအခါတြင္ ေရတပ္အင္အားေတာင့္တင္းေသာ ႏုိင္ငံအမ်ားအျပားတြင္ အသံုးျပဳေနၾကၿပီျဖစ္သည္။

စစ္တပ္တြင္ သံုးရသည့္ ရည္ရြယ္ခ်က္မွာ ရန္သူ၏ ေရေပၚတြင္ ရွိေနေသာ သေဘၤာ (သို႔) ေရငုပ္သေဘၤာကို တိုက္ခိုက္ရန္၊ ေလယာဥ္တင္သဘၤာ‎ကို ကာကြယ္ရန္၊ ရန္သူအား ၾကားျဖတ္ ပိတ္ဆို႔ျခင္း၊ ႏ်ဴကလီးယား တိုက္ခိုက္မႈ၏ တစိတ္တေဒသ အျဖစ္ တိုက္ခ်င္းပစ္ ဒံုးက်ည္ လႊတ္တင္ရန္၊ စံုစမ္းေထာက္လွမ္းရန္၊ ကုန္းေပၚသို့ လွမ္း၍ တိုက္ခိုက္ရန္ ႏွင့္ အထူးတပ္ဖြဲ႔မ်ားကို လ်ဳိ႕ဝွက္ ပို႔ေဆာင္ရန္ စသည္တို႔အတြက္ ျဖစ္သည္။

အရပ္သံုး အေနႏွင့္မူ အဏၰဝါ သိပၸံ၊ ကယ္ဆယ္ေရး၊ စူးစမ္း ရွာေဖြေရး ႏွင့္ ကိရိယာမ်ား စစ္ေဆး ျပင္ဆင္ရန္ တို့အတြက္ အသံုးျပဳၾကသည္။ ေရငုပ္သေဘၤာမ်ားကို ျပဳျပင္မြမ္းမံ၍ ရွာေဖြေရးနွင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ား၊ ေရေအာက္ ဆက္သြယ္ေရး လိုင္းမ်ား ျပဳျပင္ရန္ စသည္တို႔အတြက္ အထူးျပဳလုပ္ သံုးစြဲေလ့ ရွိၾကသည္။ ေရငုပ္သေဘၤာမ်ားကို ခရီးသြားလုပ္ငန္းတြင္ ေရေအာက္ ေရွးေဟာင္း သုေတသန လုပ္ငန္း အတြက္လည္း အသံုးျပဳေလ့ ရွိၾကသည္။

ပထမဆံုး ေရငုပ္သေဘၤာကို ၁၆၂၀ ျပည့္ႏွစ္တြင္ တည္ေဆာက္ခဲ့သည္။ ပထမဆံုး စစ္ဘက္သံုး ေရငုပ္သေဘၤာကိုမူ ၁၇၇၅ ခုနွစ္တြင္ တည္ေဆာက္ခဲ့ျပီး အေမရိကန္ျပည္တြင္းစစ္ (၁၈၆၁-၁၈၆၅) တြင္ ေရငုပ္သေဘၤာကို ပထမဆံုး စစ္ဘက္၌ အသံုးျပဳခဲ့သည္။ ပထမကမၻာစစ္ ႏွင့္ ဒုတိယ ကမာၻစစ္မ်ားအတြင္းတြင္ ေရငုပ္သေဘၤာမ်ားကို တြင္က်ယ္စြာ အသံုးျပဳခဲ့ၾကသည္။

ေခတ္မီေရငုပ္သေဘၤာကို ျဖစ္ေျမာက္ေအာင္ ျပဳလုပ္နိုင္ခဲ့သည္မွာ မၾကာလွေသးေသာ္လည္း ေရငုပ္သေဘၤာကို ၁၇ ရာစုနွစ္ကတည္းကပင္ ႀကံစည္စိတ္ကူးမိခဲ့ၾကေလသည္။ ၁၆၂ဝ ျပည့္နွစ္တြင္ ဒတ္ခ်္လူမ်ဳိး ေကာ္နဲလီယပ္ ဗန္ဒရက္ဗဲ ဆိုသူသည္ အဂၤလန္ျပည့္ရွင္ ပထမဂ်ိမ္းဘုရင္အတြက္ ေရငုပ္သေဘၤာသံုးစင္း ေဆာက္လုပ္ေပးခဲ့ဖူးေလသည္။ ထိုေရငုပ္သေဘၤာတို့ကို သစ္သားနွင့္ ေဆာက္လုပ္၍ ကုန္းပတ္ကို ေရလံုေစရန္ အမဲဆီသုတ္လိမ္းေသာ သားေရနွင့္ ဖံုးလႊမ္းထားသည္။ ယင္းတို႔သည္ ခတ္ေလွမ်ားပင္ ျဖစ္ၾကေသာ္လည္း ေရေအာက္ ၁၂ ေပမွ် အနက္၌ သြားလာနိုင္ျပီးလွ်င္ နာရီေပါင္းေျမာက္ျမားစြာ ၾကာေအာင္ ေရေအာက္တြင္ ေနႏုိင္ၾကေပသည္။ ေရေအာက္ ၌ ေလွသားမ်ား ၾကာရွည္စြာ အသက္ရွင္လ်က္ ေနထိုင္နိုင္ရန္ ဒရက္ဗဲသည္ မည္သို့ ႀကံစည္စီမံေပးခဲ့သည္ကိုကား ယခုတိုင္ မသိႏုိင္ေခ်။

၁၈၉၈ ခုႏွစ္၌ ေဟာ္လန္သည္ ေရငုပ္သေဘၤာကို ျဖစ္ေျမာက္ေအာင္ ေဆာက္လုပ္ခဲ့ျပီးေနာက္ အဂၤလန္ကဲ့သို႔ေသာ နိုင္ငံႀကီးမ်ားကလည္း ေရငုပ္သေဘၤာမ်ားကို မွာယူၾက၍ မိမိ တို့တိုင္းျပည္မ်ား၌ ေရငုပ္သေဘၤာမ်ားကို ဆန္းသစ္ေအာင္ ႀကံ စည္ျပဳလုပ္ခဲ့သည္။ ထိုသို့ ေရငုပ္သေဘၤာပံုစံမ်ားကို ႀကံစည္ ျပဳလုပ္ခဲ့သူမ်ားထဲတြင္ ဆိုင္မြန္လိတ္သည္ အထင္ရွားဆံုးျဖစ္၍ ေဟာ္လန္နွင့္ အျပိဳင္အဆိုင္ ျဖစ္ခဲ့ေလသည္။ ေဟာ္လန္လုပ္ ကိုင္ခဲ့သည့္ ေရငုပ္သေဘၤာမ်ားသည္ အလ်ားေပ ၅ဝ မွ်သာ ရွည္၍ တန္ခ်ိန္ ၂ဝဝ ခန့္သာေလးသည္။ ဒုတိယကမာၻစစ္ႀကီး အတြင္း ဂ်ပန္တို့၏ ေရငုပ္သေဘၤာမ်ားတြင္ တန္ခ်ိန္ ေလးေထာင္ေက်ာ္အထိ ရွိေသာ အႀကီးစားမ်ားအျပင္ ႏွစ္ေယာက္စီး အငယ္စားကေလးမ်ားလည္း ပါဝင္ေလသည္။

ေရငုပ္သေဘၤာ သည္ အျခားသာမန္သေဘၤာမ်ားႏွင့္ မတူ ေရေပၚ၌၎၊ ေရေအာက္၌၎ သြားလာရေသာေျကာင့္ တစ္မ်ိုး တစ္ဖံု ထူးျခားဆန္းျပားရ၏။ ေရျပင္ေပၚ၌ သြားလာခိုက္တြင္ ဒီဇယ္အင္ဂ်င္အတြက္ လိုအပ္ေသာေလကို မရနိုင္သျဖင့္ ထိုစက္ကို ရပ္ထားျပီးလွ်င္ လွ်ပ္စစ္ေမာ္ေတာ္စက္ကို အသံုးျပဳရ သည္။ ဓာတ္ဆီကို ေရငုပ္သေဘၤာ၏ဝမ္းတြင္း၌ ေပါက္ကြဲမည့္ ေဘးကို စိုးရိမ္ရသျဖင့္ အသံုးမျပဳေခ်။ ေရေအာက္၌ ေမာ္ေတာ္ စက္လည္ရန္အတြက္ လွ်ပ္စစ္ဓာတ္ကို ဘက္ထရီအိုးမ်ားမွရနိုင္၍ ဘက္ထရီအိုးမ်ားကို ေရျပင္ေပၚေရာက္ေသာအခါမ်ားတြင္ ဒီဇယ္စက္ႏွင့္ အားျဖည့္ေပးရသည္။ ထိုသို့ ဘက္ထရီအိုးမ်ားကို ေရျပင္ ေပၚ၌သာ အားျဖည့္တင္းေပးႏုိင္ျခင္းသည္ ေရငုပ္သေဘၤာအား ေရေအာက္၌ ကာလရွည္ၾကာစြာ ငုပ္၍ မေနနိုင္ေစသည့္ အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေပသည္။

ေရငုပ္သေဘၤာကို စတင္ျကံစည္စဥ္က ဆိုင္မြန္လိတ္သည္ ေရငုပ္သေဘၤာအား ေရေအာက္သို့ လွ်ဳိးဝင္ သြားနိုင္ျခင္းျဖင့္ ေရခဲဝိုင္းေနေသာ ဆိပ္ကမ္းမ်ားသို့ ဝင္ေရာက္ရန္ေသာ္၎၊ ပင္လယ္ေအာက္၌ ဆံုးရံႈးသြားရေသာ ပစၥည္းမ်ားအား ရွာေဖြ ရန္ေသာ္၎အသံုးျပဳနိုင္လိမ့္မည္ဟု ရည္ရြယ္ခဲ့၏။ သို့ေသာ္ ေရငုပ္သေဘၤာသည္ စစ္အတြက္ အဖိုးမျဖတ္နိုင္ေလာက္ေအာင္ အသံုးက်သျဖင့္ စစ္ဘက္၌ အသံုးျပုရန္အတြက္ ေရငုပ္သေဘၤာ ကို လက္နက္မ်ား တပ္ဆင္ထားၾကသည္။

ကုန္းပတ္ေပၚက ပဲ့ထိန္းေမွ်ာ္စင္ေရွ့၌ ေလးလက္မ အေျမာက္တစ္ခုကို တပ္ဆင္ ထား၍ ေတာ္ပီဒိုမ်ားကို သေဘၤာဝမ္းတြင္း၌ ေဆာင္ယူသည္။ ဤလက္နက္ႏွစ္ခုကား ေရငုပ္သေဘၤာ၏အခ်က္အျခာ လက္နက္မ်ား ျဖစ္ၾကသည္။ အေျမာက္မွာ အသံုးျပဳရာ၌ လြယ္ကူေသာ္လည္း အျခားတိုက္သေဘၤာမ်ားရွိ အေျမာက္ႀကီးမ်ားႏွင့္ စာလွ်င္ လြန္စြာေသးႏုပ္လ်က္ရွိသျဖင့္ ေတာ္ပီဒိုကိုသာ အဓိက အားထားရေပသည္။ ေတာ္ပီဒိုမွာ မ်ားစြာ အဖိုးတန္သျဖင့္ ထိမွန္မည္ဟု ေသခ်ာစြာ သိနိုင္ေတာ့မွသာ ရန္သူသေဘၤာကို ပစ္ခတ္ၾကသည္။ ထို႔ေၾကာင့္ပင္ ကိုက္ ၃ဝဝ ထက္ေဝးေသာ သေဘၤာအား ေတာ္ပီဒိုႏွင့္ မပစ္ခတ္ရဟု ဂ်ာမန္ယူဘုတ္မ်ားကို အမိန္႔ထုတ္ထားေလသည္။

ေရွးက ေရငုပ္သေဘၤာမ်ား၌ ေတာ္ပီဒို ျပြန္နွစ္ခုသာ ပါဝင္ေသာ္လည္း ယခုအခါ ျပြန္ေပါက္ ၁ဝ ေပါက္အထိ ပါဝင္ၾကသည္။ ေရငုပ္သေဘၤာမ်ားသည္ အစပထမတြင္ အေတာ္ပင္ ေႏွးေကြးေသာ္လည္း ေခတ္မီသေဘၤာမ်ားမွာမူ ေရေအာက္၌ တစ္နာရီ ေရမိုင္ ၃ဝ မိုင္ႏႈန္းမွ်ႏွင့္ ခုတ္ေမာင္းႏိုင္ၾကသည္။ ေရငုပ္သေဘၤာ၌ လုပ္ကိုင္ရေသာ ေရတပ္အမႈထမ္းမ်ားသည္ ေကာင္းမြန္စြာ ေလ့က်င့္ထားသူမ်ား ျဖစ္ၾကရသည္။ ထိုသူမ်ား သည္ အျခားေရတပ္ အမႈထမ္းမ်ားထက္ လစာေငြ ပိုမိုရရွိၾကေလသည္။

ျပီးခဲ့ ေသာ ကမာၻစစ္ႀကီးႏွစ္ခုအတြင္းက ဂ်ာမန္ေရငုပ္ သေဘၤာမ်ား သည္ တန္ခ်ိန္ သန္းေပါင္းမ်ားစြာေသာ မဟာမိတ္သေဘၤာမ်ား ကို ဖ်က္ဆီးႏိုင္ခဲ့ေလသည္။ ေရေအာက္၌ ေပါက္ကြဲေသာ ဗံုး မ်ားနွင့္ ေရငုပ္သေဘၤာာမ်ားအား လြယ္ကူစြာ ရွာေဖြေတြ႔ရွိနိုင္ ေသာ ေရဒါတို့ ေပၚေပါက္လာေသာအခါက်မွ ထိုသေဘၤာမ်ားက ျပဳေသာေဘးရန္မွာ နည္းပါးသြားေလသည္။

စစ္ျပီးေခတ္တြင္ အေမရိကန္တို႔က ေနာ့တီးလပ္အမည္ ျဖစ္၎၊ ျဗိတိသွ်တို့က ဒရက္ေနာ့အမည္ျဖင့္၎ အနုျမဴအားျဖင့္ ခုတ္ေမာင္းေရငုပ္သေဘၤာကို ေအာင္ျမင္စြာ တီထြင္လာႏုိင္ၾကေလသည္။ ယင္းတို့တြင္ အႏုျမဴဓာတ္အားကို တစ္ႀကိမ္ထည့္ထားလွ်င္ အခ်ိန္ျကာျမင့္စြာ အသံုးျပဳႏိုင္ရံုမက ေရေအာက္၌လည္း ရက္ေပါင္းမ်ားစြာ ေနႏုိင္ရာ ယင္းတို႔သည္ အနာဂတ္ကာလ အႏုျမဴစစ္ပြဲမ်ား၌ မ်ားစြာ အသံုးဝင္လိမ့္မည္ ဟု ေရတပ္ဘက္ဆိုင္ရာ ပါရဂူႀကီးအခ်ဳိ႕က ယံုံၾကည္လ်က္ ရွိေပသည္။

ေရငုပ္သေဘၤာသည္ အရြယ္အစားကြဲျပားမႈအႀကီးမားဆံုးတြင္ပါဝင္ေသာယာဉ္ျဖစ္သည္။ ေသးငယ္ေသာလူမဲ့ယာဉ္၊ နာရီအနည္းငယ္သာငုပ္နိုင္ေသာ တစ္ေယာက္စီး၊ နွစ္ေယာက္စီးမွသည္ ၆လအထိ ငုပ္ႏုိင္ေသာ ရုရွားတို့၏ ကမာၻ႔အႀကီးဆံုး တိုင္ဖြန္းအမ်ဳိးအစားေရငုပ္သေဘၤာမ်ား အထိအမ်ိုးအစားစံုလင္လွသည္။

အေမရိကန္ဟာ ၂၁ ရာစုမွာ ေရငုပ္သေဘၤာအမ်ားဆံုး ပိုင္ဆိုင္တဲ့ ႏိုင္ငံ တစ္ခုအျဖစ္ စံခ်ိန္တင္ခဲ့သည္။ ဆုိဗီယက္ (ရုရွား) ကိုေက်ာ္ျဖတ္ ခဲ့ျခင္း ျဖစ္သည္။ သမုိင္းတစ္ေလွ်ာက္ စစ္သံုး ေရငုပ္သေဘၤာ အဘီးေရ ၇၀၀ ေက်ာ္ တည္ေဆာက္ခဲ့ျပီး ၈၀ ရာခိုင္ႏွုန္းမွ် ေသာ အေရအတြက္ကို အသံုးျပဳေနဆဲ ျဖစ္ပါသည္။

Myanmar Wikipedia


ရေငုပ်သင်္ဘောတို့ အကြောင်း သိကောင်းစရာ (unicode)

ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘော နှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘော ဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သော ယာဉ်များနှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။

စမ်းသပ်မှု အနေဖြင့် ရေငုပ်သင်္ဘောများကို ရှေးယခင်ကတည်းက တည်ဆောက်ဖူးကြသော်လည်း ရေငုပ်သင်္ဘော ဒီဇိုင်းသည် ၁၉ ရာစုတွင်မှ အရှိန်ရလာခဲ့သည် ရေတပ် အများစုမှ အသုံးပြုလာခဲ့ကြသည်။ ရေငုပ်သင်္ဘောကို ပထမအကြိမ် ကျယ်⁠ကျယ်ပြန့်ပြန့် သုံးလာကြသည်မှာ ပထမကမ္ဘာစစ် အတွင်းမှ စ၍ ဖြစ်ပြီး အခုအခါတွင် ရေတပ်အင်အားတောင့်တင်းသော နိုင်ငံအများအပြားတွင် အသုံးပြုနေကြပြီဖြစ်သည်။ စစ်တပ်တွင် သုံးရသည့် ရည်ရွယ်ချက်မှာ ရန်သူ၏ ရေပေါ်တွင် ရှိနေသော သင်္ဘော (သို့) ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်၊ လေယာဉ်တင်သင်္ဘာ‎ကို ကာကွယ်ရန်၊ ရန်သူအား ကြားဖြတ် ပိတ်ဆို့ခြင်း၊ နျူကလီးယား တိုက်ခိုက်မှု၏ တစိတ်တဒေသ အဖြစ် တိုက်ချင်းပစ် ဒုံးကျည် လွှတ်တင်ရန်၊ စုံစမ်းထောက်လှမ်းရန်၊ ကုန်းပေါ်သို့ လှမ်း၍ တိုက်ခိုက်ရန် နှင့် အထူးတပ်ဖွဲ့များကို လျို့ဝှက် ပို့ဆောင်ရန် စသည်တို့အတွက် ဖြစ်သည်။

အရပ်သုံး အနေနှင့်မူ အဏ္ဏဝါ သိပ္ပံ၊ ကယ်ဆယ်ရေး၊ စူးစမ်း ရှာဖွေရေး နှင့် ကိရိယာများ စစ်ဆေး ပြင်ဆင်ရန် တို့အတွက် အသုံးပြုကြသည်။ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေအောက် ဆက်သွယ်ရေး လိုင်းများ ပြုပြင်ရန် စသည်တို့အတွက် အထူးပြုလုပ် သုံးစွဲလေ့ ရှိကြသည်။ ရေငုပ်သင်္ဘောများကို ခရီးသွားလုပ်ငန်းတွင် ရေအောက် ရှေးဟောင်း သုတေသန လုပ်ငန်း အတွက်လည်း အသုံးပြုလေ့ ရှိကြသည်။

ပထမဆုံး ရေငုပ်သင်္ဘောကို ၁၆၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ပထမဆုံး စစ်ဘက်သုံး ရေငုပ်သင်္ဘောကိုမူ ၁၇၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) တွင် ရေငုပ်သင်္ဘောကို ပထမဆုံး စစ်ဘက်၌ အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ် နှင့် ဒုတိယ ကမ္ဘာစစ်များအတွင်းတွင် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

ခေတ်မီရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့သည်မှာ မကြာလှသေးသော်လည်း ရေငုပ်သင်္ဘောကို ၁၇ ရာစုနှစ်ကတည်းကပင် ကြံစည်စိတ်ကူးမိခဲ့ကြလေသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဒတ်ခ်ျလူမျိုး ကော်နဲလီယပ် ဗန်ဒရက်ဗဲ ဆိုသူသည် အင်္ဂလန်ပြည့်ရှင် ပထမဂျိမ်းဘုရင်အတွက် ရေငုပ်သင်္ဘောသုံးစင်း ဆောက်လုပ်ပေးခဲ့ဖူးလေသည်။ ထိုရေငုပ်သင်္ဘောတို့ကို သစ်သားနှင့် ဆောက်လုပ်၍ ကုန်းပတ်ကို ရေလုံစေရန် အမဲဆီသုတ်လိမ်းသော သားရေနှင့် ဖုံးလွှမ်းထားသည်။ ယင်းတို့သည် ခတ်လှေများပင် ဖြစ်ကြသော်လည်း ရေအောက် ၁၂ ပေမျှ အနက်၌ သွားလာနိုင်ပြီးလျှင် နာရီပေါင်းမြောက်မြားစွာ ကြာအောင် ရေအောက်တွင် နေနိုင်ကြပေသည်။ ရေအောက် ၌ လှေသားများ ကြာရှည်စွာ အသက်ရှင်လျက် နေထိုင်နိုင်ရန် ဒရက်ဗဲသည် မည်သို့ ကြံစည်စီမံပေးခဲ့သည်ကိုကား ယခုတိုင် မသိနိုင်ချေ။

၁၈၉၈ ခုနှစ်၌ ဟော်လန်သည် ရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ဆောက်လုပ်ခဲ့ပြီးနောက် အင်္ဂလန်ကဲ့သို့သော နိုင်ငံကြီးများကလည်း ရေငုပ်သင်္ဘောများကို မှာယူကြ၍ မိမိ တို့တိုင်းပြည်များ၌ ရေငုပ်သင်္ဘောများကို ဆန်းသစ်အောင် ကြံ စည်ပြုလုပ်ခဲ့သည်။ ထိုသို့ ရေငုပ်သင်္ဘောပုံစံများကို ကြံစည် ပြုလုပ်ခဲ့သူများထဲတွင် ဆိုင်မွန်လိတ်သည် အထင်ရှားဆုံးဖြစ်၍ ဟော်လန်နှင့် အပြိုင်အဆိုင် ဖြစ်ခဲ့လေသည်။ ဟော်လန်လုပ် ကိုင်ခဲ့သည့် ရေငုပ်သင်္ဘောများသည် အလျားပေ ၅ဝ မျှသာ ရှည်၍ တန်ချိန် ၂ဝဝ ခန့်သာလေးသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်တို့၏ ရေငုပ်သင်္ဘောများတွင် တန်ချိန် လေးထောင်ကျော်အထိ ရှိသော အကြီးစားများအပြင် နှစ်ယောက်စီး အငယ်စားကလေးများလည်း ပါဝင်လေသည်။

ရေငုပ်သင်္ဘော သည် အခြားသာမန်သင်္ဘောများနှင့် မတူ ရေပေါ်၌၎င်း၊ ရေအောက်၌၎င်း သွားလာရသောကြောင့် တစ်မျိုး တစ်ဖုံ ထူးခြားဆန်းပြားရ၏။ ရေပြင်ပေါ်၌ သွားလာခိုက်တွင် ဒီဇယ်အင်ဂျင်အတွက် လိုအပ်သောလေကို မရနိုင်သဖြင့် ထိုစက်ကို ရပ်ထားပြီးလျှင် လျှပ်စစ်မော်တော်စက်ကို အသုံးပြုရ သည်။ ဓာတ်ဆီကို ရေငုပ်သင်္ဘော၏ဝမ်းတွင်း၌ ပေါက်ကွဲမည့် ဘေးကို စိုးရိမ်ရသဖြင့် အသုံးမပြုချေ။ ရေအောက်၌ မော်တော် စက်လည်ရန်အတွက် လျှပ်စစ်ဓာတ်ကို ဘက်ထရီအိုးများမှရနိုင်၍ ဘက်ထရီအိုးများကို ရေပြင်ပေါ်ရောက်သောအခါများတွင် ဒီဇယ်စက်နှင့် အားဖြည့်ပေးရသည်။ ထိုသို့ ဘက်ထရီအိုးများကို ရေပြင် ပေါ်၌သာ အားဖြည့်တင်းပေးနိုင်ခြင်းသည် ရေငုပ်သင်္ဘောအား ရေအောက်၌ ကာလရှည်ကြာစွာ ငုပ်၍ မနေနိုင်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။

ရေငုပ်သင်္ဘောကို စတင်ကြံစည်စဉ်က ဆိုင်မွန်လိတ်သည် ရေငုပ်သင်္ဘောအား ရေအောက်သို့ လျှိုးဝင် သွားနိုင်ခြင်းဖြင့် ရေခဲဝိုင်းနေသော ဆိပ်ကမ်းများသို့ ဝင်ရောက်ရန်သော်၎င်း၊ ပင်လယ်အောက်၌ ဆုံးရှုံးသွားရသော ပစ္စည်းများအား ရှာဖွေ ရန်သော်၎င်းအသုံးပြုနိုင်လိမ့်မည်ဟု ရည်ရွယ်ခဲ့၏။ သို့သော် ရေငုပ်သင်္ဘောသည် စစ်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အသုံးကျသဖြင့် စစ်ဘက်၌ အသုံးပြုရန်အတွက် ရေငုပ်သင်္ဘော ကို လက်နက်များ တပ်ဆင်ထားကြသည်။

ကုန်းပတ်ပေါ်က ပဲ့ထိန်းမျှော်စင်ရှေ့၌ လေးလက်မ အမြောက်တစ်ခုကို တပ်ဆင် ထား၍ တော်ပီဒိုများကို သင်္ဘောဝမ်းတွင်း၌ ဆောင်ယူသည်။ ဤလက်နက်နှစ်ခုကား ရေငုပ်သင်္ဘော၏အချက်အခြာ လက်နက်များ ဖြစ်ကြသည်။ အမြောက်မှာ အသုံးပြုရာ၌ လွယ်ကူသော်လည်း အခြားတိုက်သင်္ဘောများရှိ အမြောက်ကြီးများနှင့် စာလျှင် လွန်စွာသေးနုပ်လျက်ရှိသဖြင့် တော်ပီဒိုကိုသာ အဓိက အားထားရပေသည်။ တော်ပီဒိုမှာ များစွာ အဖိုးတန်သဖြင့် ထိမှန်မည်ဟု သေချာစွာ သိနိုင်တော့မှသာ ရန်သူသင်္ဘောကို ပစ်ခတ်ကြသည်။ ထို့ကြောင့်ပင် ကိုက် ၃ဝဝ ထက်ဝေးသော သင်္ဘောအား တော်ပီဒိုနှင့် မပစ်ခတ်ရဟု ဂျာမန်ယူဘုတ်များကို အမိန့်ထုတ်ထားလေသည်။

ရှေးက ရေငုပ်သင်္ဘောများ၌ တော်ပီဒို ပြွန်နှစ်ခုသာ ပါဝင်သော်လည်း ယခုအခါ ပြွန်ပေါက် ၁ဝ ပေါက်အထိ ပါဝင်ကြသည်။ ရေငုပ်သင်္ဘောများသည် အစပထမတွင် အတော်ပင် နှေးကွေးသော်လည်း ခေတ်မီသင်္ဘောများမှာမူ ရေအောက်၌ တစ်နာရီ ရေမိုင် ၃ဝ မိုင်နှုန်းမျှနှင့် ခုတ်မောင်းနိုင်ကြသည်။ ရေငုပ်သင်္ဘော၌ လုပ်ကိုင်ရသော ရေတပ်အမှုထမ်းများသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြရသည်။ ထိုသူများ သည် အခြားရေတပ် အမှုထမ်းများထက် လစာငွေ ပိုမိုရရှိကြလေသည်။

ပြီးခဲ့ သော ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းက ဂျာမန်ရေငုပ် သင်္ဘောများ သည် တန်ချိန် သန်းပေါင်းများစွာသော မဟာမိတ်သင်္ဘောများ ကို ဖျက်ဆီးနိုင်ခဲ့လေသည်။ ရေအောက်၌ ပေါက်ကွဲသော ဗုံး များနှင့် ရေငုပ်သင်္ဘောများအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင် သော ရေဒါတို့ ပေါ်ပေါက်လာသောအခါကျမှ ထိုသင်္ဘောများက ပြုသောဘေးရန်မှာ နည်းပါးသွားလေသည်။

စစ်ပြီးခေတ်တွင် အမေရိကန်တို့က နော့တီးလပ်အမည် ဖြစ်၎င်း၊ ဗြိတိသျှတို့က ဒရက်နော့အမည်ဖြင့်၎င်း အနုမြူအားဖြင့် ခုတ်မောင်းရေငုပ်သင်္ဘောကို အောင်မြင်စွာ တီထွင်လာနိုင်ကြလေသည်။ ယင်းတို့တွင် အနုမြူဓာတ်အားကို တစ်ကြိမ်ထည့်ထားလျှင် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရုံမက ရေအောက်၌လည်း ရက်ပေါင်းများစွာ နေနိုင်ရာ ယင်းတို့သည် အနာဂတ်ကာလ အနုမြူစစ်ပွဲများ၌ များစွာ အသုံးဝင်လိမ့်မည် ဟု ရေတပ်ဘက်ဆိုင်ရာ ပါရဂူကြီးအချို့က ယုံကြည်လျက် ရှိပေသည်။

ရေငုပ်သင်္ဘောသည် အရွယ်အစားကွဲပြားမှုအကြီးမားဆုံးတွင်ပါဝင်သောယာဉ်ဖြစ်သည်။ သေးငယ်သောလူမဲ့ယာဉ်၊ နာရီအနည်းငယ်သာငုပ်နိုင်သော တစ်ယောက်စီး၊ နှစ်ယောက်စီးမှသည် ၆လအထိ ငုပ်နိုင်သော ရုရှားတို့၏ ကမ္ဘာ့အကြီးဆုံး တိုင်ဖွန်းအမျိုးအစားရေငုပ်သင်္ဘောများ အထိအမျိုးအစားစုံလင်လှသည်။

အမေရိကန်ဟာ ၂၁ ရာစုမှာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုအဖြစ် စံချိန်တင်ခဲ့သည်။ ဆိုဗီယက် (ရုရှား) ကိုကျော်ဖြတ် ခဲ့ခြင်း ဖြစ်သည်။ သမိုင်းတစ်လျှောက် စစ်သုံး ရေငုပ်သင်္ဘော အဘီးရေ ၇၀၀ ကျော် တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းမျှ သော အရေအတွက်ကို အသုံးပြုနေဆဲ ဖြစ်ပါသည်။

Myanmar Wikipedia

Leave a Reply