ကမာၻေပၚက အရုိးရွင္းဆုံးလူသားမ်ားအေၾကာင္း

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

အေမရိကန္ ဆုိတာနဲ႔ ကမာၻ႔အင္အားႀကီးႏုိင္ငံ ၊ နည္းပညာႏုိင္ငံ ၊ ေခတ္အမီဆုံးႏုိင္ငံအျဖစ္ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီလုိေခတ္မီလြန္းတဲ့ ႏုိင္ငံမွာ ဟုိးပေ၀သနီကအတုိင္း ဘာနည္းပညာကိုမွမသုံး မပတ္သတ္တဲ့ လူေတြရွိေနတယ္ဆုိရင္ ယုံႏုိင္ပါ့မလား။ ဒီႏုိင္ငံမွာ ဒီလုိလူေတြ အစုလုိက္အၿပဳံလုိက္ရွိပါတယ္။ သူတုိ႔ကုိေတာ့ Amish လူမ်ဳိးစုလုိ႔ သိၾကပါတယ္။

Amish ေတြဟာ မိ႐ိုးဖလာခရစ္ယာန္ဝါဒီေတြျဖစ္ၿပီး ဆြစ္ဇာလန္ကေနေျပာင္းေရႊ႕လာကာ ေျမာက္အေမရိကတိုက္က အေမရိကန္နဲ႔ ကေနဒါတို႔မွာေနထိုင္ၾကပါတယ္။ ဆြစ္ဇာလန္လူမ်ဳိးတရားေဟာဆရာ Jakob Ammann ဟာ Amishေတြကို စတင္ပ်ိဳးေထာင္သူျဖစ္ၿပီး ယေန႔တိုင္က်င့္သံုးေနတဲ့ Amishေတြရဲ႕ ယဥ္ေက်းမႈထံုးထမ္းအစဥ္အလာေတြကို မ်ိဳးေစ့ခ်ေပးခဲ့တာပါ။ Amish ေတြရဲ႕ လူအဖြဲ႔အစည္းအေၾကာင္းကို အေနာက္တိုင္းမီဒီယာေတြက ျပဇာတ္ဆန္ဆန္ ေဖာ္ျပခဲ့ၾကပါတယ္။ ဒါကလည္း Breaking Amish နဲ႔ Sex Drive ကဲ့သို႔ေသာ ႐ုပ္႐ွင္ဆန္ဆန္ျပကြက္ထဲကလို အသြင္လကၡဏာနဲ႔ မိ႐ိုးဖလာခ်ဳပ္ေႏွာင္မႈေတြ႐ွိေနတယ္လို႔ ယူဆေကာင္းယူဆႏိုင္ပါတယ္။

ဒါေပမယ့္ ဗီယက္နမ္စစ္ေျမျပင္လိုေနရာကို ရမ္ဘို(စတားလံုး)တို႔ပို႔ေဆာင္ၿပီး ေအာင္ပြဲရသေယာင္႐ိုက္ခဲ့တဲ့ အျပင္ပံုစံနဲ႔ ကြာျခားတဲ့ အေျခအေနေတြေၾကာင့္ ႐ုပ္သံမီဒီယာေတြပဲၾကည့္ၿပီး ကြၽန္ေတာ္တို႔ Amishေတြအေၾကာင္းတကယ္သိေနၿပီလား သူတို႔ေတြဟာ သမိုင္းအက်ဥ္းသားေတြလို ျဖစ္ေနတာလား ၊ စိတ္ေပါ့႐ူးသြပ္ေနသူေတြလား ၊ Amishေတြအေၾကာင္းေသခ်ာသိရဖို႔ဘာေတြလိုေနေသးသလဲ ၊

အေကာင္းဆံုးဝါဒဟာ႐ိုးသားျခင္းပါတဲ့မိတ္ေဆြ… ေခတ္မီလာတာနဲ႔အမ်ွ ကမာၻႀကီးဟာ ပိုၿပီးဆုတ္ယုတ္လာပါသတဲ့။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္တို႔ ကမာၻအ႐ိုး႐ွင္းဆံုးလူမ်ိဳး Amishေတြ အေၾကာင္း ဗဟုသုတအေနနဲ႔ ေလ့လာၾကရေအာင္..

နည္းပညာမ႐ွိတဲ့အရပ္

၂၁ရာစုနဲ႔ ကင္းေအာင္ေနၾကတဲ့ Amish ေတြဟာ ေ႐ွး႐ိုးစြဲဝါဒီေတြျဖစ္ၾကၿပီး ကမာၻႀကီးက ထာဝရဘုရားဖန္တီးထားတဲ့အတိုင္း႐ွိရမယ္လို႔ ယံုၾကည္ၾကတာပါ။ ဒါေၾကာင့္ လ်ွပ္စစ္ပစၥည္း ၊ ကားမ်ား စတဲ့ ယေန႔ေခတ္ ေခတ္မီလူအသံုးအေဆာင္ေတြ လုပ္ငန္းခြင္သံုးစက္ကိရိယာေတြ ဘာဆိုဘာမွအသံုးမျပဳၾကပါဘူး။

မီးလင္းဖိုေတြ ၊ ျမင္းေတြ၊ ျမင္းတစ္ေကာင္ဆြဲလွည္းေတြ၊ ထြန္တံုးေတြ၊ ေပါက္ျပားေတြကိုေတာ့ ေတြ႔ရမွာပါ။ အိမ္ေတြကိုလည္း သစ္သား နဲ႔ ေက်ာက္တုံးေတြကို အဓိကထားၿပီးေဆာက္ထားပါတယ္။ အလွျပင္တာကို မႏွစ္သက္တဲ့အတြက္ ဘာအလွျပင္ပစၥည္းမွ မသုံးသလုိ သူတုိ႔အတြက္ ဘာနည္းပညာ ပစၥည္းမွ မလုိအပ္ေၾကာင္း ခံယူထားသူေတြပါ။ ညပိုင္းေရာက္ရင္ လ်ွပ္စစ္မီးမ႐ွိပဲ ဖေယာင္းတိုင္မ်ား အိမ္တိုင္းလိုလိုထြန္းထားတဲ့ Amishေတြရဲ႕ေနရပ္မွာ ဘာတူရိယာမွ ပါဝင္ျဖည့္စြက္မထားတဲ့ Church ေက်ာင္းက ဓမၼေတးသံကိုေတာ့ ဆြတ္ပ့်ံဖြယ္နားဆင္ရမွာပါ။

Rumshpringa

Rumshpringa ဆိုတာ Amishေတြရဲ႕ လူေနမႈဆိုင္ရာ ဓေလ့တစ္ခုျဖစ္ပါတယ္။ Amish လူငယ္ေတြဟာ အသက္(14-18)ၾကားေရာက္႐ွိလာရင္မိသားစုကိုစြန္႔ခြာၿပီး အျပင္ေလာကမွာ တစ္ကိုယ္တည္း ရပ္တည္ရတဲ့ဓေလ့ပါ။ လူငယ္ေတြဟာ အျပင္ေလာကကိုထြက္ၿပီး ေလာကႀကီးအေၾကာင္းကို သင္ယူရတာပါ။ တစ္ဆက္တည္း ကိုယ့္သြားခ်င္တဲ့ လမ္းေၾကာင္းကို ကိုယ္တိုင္ေဖာက္ဖို႔ အေႏွာင္အဖြဲ႔ကင္းကင္းနဲ႔ မိဘေတြကခြင့္ျပဳေပးထားတဲ့ဓေလ့ပါ။

Amish လူငယ္ေတြဟာ ေလာကနိယာမအေၾကာင္း နားလည္ၿပီဆိုရင္ေတာ့ အိမ္ကိုျပန္လာခြင့္႐ွိၿပီး ယေန႔တိုင္က်င့္သံုးေနတဲ့ အာမစ္ေတြရဲ႕ဓေလ့အတိုင္းအသပ္ထက္ဆံုးေနထိုင္သြားၾကရပါတယ္။ ဒါမွမဟုတ္ပဲ မိမိက်င္လည္ခဲ့တဲ့ ျပင္ပလူေနမႈဘဝကိုပဲေရြးခ်ယ္မယ္ဆိုရင္လည္း မိသားစုနဲ႔ ခြဲခြာရၿပီး ကိုယ္ယံုၾကည္ခ်က္နဲ႔ကိုယ္ ခရီးဆက္ရမွာပါ။ ဒါကိုၾကည့္ျခင္းအားျဖင့္ Amishေတြဟာ ဓေလ့ထံုးစံနဲ႔ မ်ိဳးဆက္ေတြကို ခ်ည္ေႏွာင္မထားပဲ လြတ္လပ္ခြင့္အျပည့္အဝေပးထားတဲ့ အသိုင္းအဝိုင္း ျဖစ္ေၾကာင္းေပၚလြင္ေနပါတယ္။

Cuddling with Clothes

Amish ေတြရဲ႕ အျခားလက္ခံထားတဲ့ဓေလ့တစ္ခုကေတာ့ Bundling(ေပါင္းစည္းျခင္း)ဆိုတဲ့ဓေလ့ပါ။ ဒီဓေလ့ဟာ သမၼတက်မ္းစာနဲ႔အညီျဖစ္ၿပီး ဟိုးအရင္တည္းကက်င့္သံုးလာခဲ့တာပါ။ လက္ထပ္ဖို႔ရည္ရြယ္ထားတဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတို႔ကို အိမ္ရဲ႕အေႏြးေထြးဆံုးနဲ႔ သက္ေသာင့္သက္သာအ႐ွိဆံုးေနရာျဖစ္တဲ့ ကုတင္ေပၚမွာတစ္ညတာအခ်ိန္ကုန္ေစတာပါ။

အကၤ်ီအဝတ္အစားအျပည့္ဝတ္ဆင္ထားတဲ့ ဒီအတြဲဟာ ထိေတြ႔ခြင့္မျပဳလုပ္ရပါဘူး။ သူတို႔ၾကားအရာဝတၳဳတစ္ခုကိုခံထားကာ တစ္ညလံုးစကားလက္ဆံုေျပာရမွာျဖစ္ပါတယ္။ Amishေတြ ရဲ႕ဓေလ့ျဖစ္ၿပီးမိဘေတြကစီမံေလ့ရွိပါတယ္။ ေနာက္ေန႔ေရာက္တဲ့အခါ မိဘမ်ားကိုးကြယ္ရာ church ေက်ာင္းကိုသြားၿပီး မဆီေလ်ာ္တဲ့မည္သည့္ကိစၥမွ မေဆာင္ရြက္ေၾကာင္း ဖြင့္ဟဝန္ခံၾကပါတယ္။ အိမ္ေထာင္တစ္ခုမထူေထာင္ခင္ ယံုၾကည္မႈတည္ေဆာက္ရတဲ့ဓေလ့ျဖစ္ပါတယ္။

An Amish Celebrity

Amish ေတြကို ေ႐ွး႐ိုးဆန္ဆန္ ေအးေအးေဆးေဆးေနတတ္ၾကသူေတြလို႔ အမ်ားကထင္ၾကေပမယ့္ Amishလူမ်ိဳးေတြထဲကေဟာလိဝုဒ္အထိနာမည္ေက်ာ္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္႐ွိပါတယ္။ Mine Me in Austin Powers ဆိုတဲ့ နာမည္ေက်ာ္ဇာတ္ကားထဲက Verne Troyer ျဖစ္ပါတယ္။ Amish တစ္ေယာက္အျဖစ္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ေပမယ့္ မိဘေတြက Amishအဖြဲ႔အစည္းက ခြဲထြက္ၿပီးအျခားအရပ္ကိုေျပာင္းေရြ႔အေျခခ်ဖို႔ဆံုးျဖတ္ခဲ့တာေၾကာင့္ သူလည္းေျပာင္းေရြ႔ခဲ့ရတာပါ။

Amish Dating Scence

Amishေတြရဲ႕ဓေလ့ထံုးစံအရ ခ်စ္သူေတြအတြက္ဆြတ္ပ့်ံဖြယ္ ေတြ႔ဆံုမႈေလးေတြမ႐ွိပဲ မိဘေတြအစီစဥ္တိုင္းလက္ထပ္ရတာလုိ႔ အမ်ားကယူဆၾကပါတယ္။ အမွန္ေတာ့ ခ်စ္သူေတြအတြက္ အခြင့္အေရးေပးထားပါတယ္။ တနဂၤေႏြေန႔ ဘုရားေက်ာင္းတက္ၿပီးခ်ိန္မွာေတာ့အမ်ိဳးသားရဲ႕ကမ္းလွမ္းမႈကိုလက္ခံပါက ျမင္းလွည္းနဲ႔အိမ္လိုက္ပို႔ခြင့္႐ွိပါတယ္။ အိမ္ျပန္ခရီးတိုေလးကေန အမ်ိဳးသမီးမိဘေတြရဲ႕ခြင့္ျပဳမႈရပါက အမ်ိဳးသမီးရဲ႕အိပ္ရာအထိသြားကာ တစ္ညတာကုန္ဆံုးႏိုင္ပါတယ္။သတိျပဳရမွာက အထက္ကေဖာ္ျပထားတဲ့ Cuddling with Clothes ဓေလ့စည္းကမ္းနဲ႔ပါ။

Engagement Period

Amish စံုတြဲေတြဟာ အတူေနဖို႔ဆံုးျဖတ္ၿပီးရင္ေတာ့ ေစ့စပ္ၾကပါတယ္။ ဒါေပမယ့္ အမ်ားစုကလက္မခံရင္ေတာ့ အမ်ိဳးသားက စိန္လက္စြပ္ေပးၿပီးလက္ထပ္ခြင့္ေတာင္းလို႔မရပါဘူး။ ေႂကြပန္းကန္ျပားတစ္ခု သို႔ အဝတ္စတစ္ခုကိုေပးၿပီးေစ့စပ္ပြဲကိုဖ်တ္သိမ္းေပးရပါတယ္ သက္ဆိုင္ရာ churchက ခြင့္ျပဳေပးမွသာ ေစ့စပ္မႈအထေျမာက္တာျဖစ္ၿပီး မိမိအသိုင္းအဝိုင္းမွတစ္ဆင့္ တစ္ၿမိဳ႕လံုးကိုသတင္းလႊာေပးပို႔ႏိုင္ပါတယ္။

Healthiest People

အေမရိကန္အစိုးရရဲ႕က်န္းမာေရးဆိုင္ရာကိန္းဂဏန္းေတြအရ Amish ေတြဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အက်န္းမာဆံုးလူသားေတြျဖစ္ပါတယ္။ သူတို႔စားေသာက္တဲ့အစားအေသာက္ေတြကို ကိုယ္တိုင္ထြန္ယက္စိုက္ပ်ိဳးၾကၿပီး ကိုယ္ပိုင္စိုက္ခင္းေတြမွာ ကာယလုပ္အားကို အၿမဲအသံုးခ်ၾကပါတယ္။ Amish ေတြရဲ႕ က်န္းမာေရးစတိုင္ေၾကာင့္ သူတို႔ေဒသမွာ ကင္ဆာေရာဂါနဲ႔ အျခားေရာဂါျဖစ္ပြားမႈ အလြန္နည္းပါးတာေတြ႔ရပါတယ္။

Amish fashion

သူတို႔ဝတ္ဆင္တဲ့အဝတ္အစားေတြေၾကာင့္ အမ်ားက Amishလူမ်ိဳးေတြအျဖစ္အလြယ္တကူအသိအမွတ္ျပဳၾကတာပါ။ အပြင့္ အစက္ အေျပာက္မပါပဲ အေရာင္တစ္မ်ိဳးတည္းကို ေျပာင္ေခ်ာဝတ္ဆင္ၾကပါတယ္။ လက္တိုမဝတ္ပဲ လက္႐ွည္မ်ားသာလည္ပင္းကေနေျခေခ်ာင္းမ်ားအထိ ဖံုးအုပ္ဝတ္ဆက္ၾကပါတယ္။ Amishေတြဟာ ႐ွက္ ေၾကာက္ ႐ိုးသားၾကသူေတြျဖစ္ၿပီး သူတို႔ဝတ္တဲ့အဝတ္အစားေတြဟာ သူတို႔ရဲ႕စိတ္ခံစားခ်က္ကိုထင္ဟပ္ေစပါတယ္။ ေတာက္ေတာက္ေျပာင္ေျပာင္နဲ႔ ထင္ေပၚတဲ့အဝတ္အစားေတြကို၀တ္ေလ့မရွိၾကပါဘူး။

Amish hats

Amish ေတြဟာ က်ယ္ျပန္႔ၿပီး အစြန္းပါတဲ့ ဦးထုပ္အမ်ိဳးအစားတစ္မ်ိဳးကို ေဆာင္းေလ့႐ွိပါတယ္။ ဦးထုပ္ရဲ႕အေရာင္ အရြယ္အစား ျပဳလုပ္ထားတဲ့ ကုန္ၾကမ္းေတြဟာ Amish လူ႔အဖြဲ႔အစည္းရဲ႕ ကြဲျပားတဲ့အဆင့္အတန္းေပၚမူတည္ၿပီး ထုတ္လုပ္ထားတာပါ။ ေႏြရာသီေရာက္တဲ့အခါမွာေတာ့ ေကာတ္႐ိုးဦးထုပ္ေဆာင္းထားတဲ့ အေအးစက္ဆံုးမ်က္ႏွာထားနဲ႔ Amish ေတြကို ေတြ႔ရမွာပါ။

Unnatural Medicine

Amishေတြဟာ သူတို႔႐ွင္သန္ေနတာဟာ ဘုရားသခင္ဖန္ဆင္းေပးမႈေၾကာင့္လို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ေခတ္မီနည္းပညာေတြကို သူတို႔မႏွစ္သက္ၾကပါဘူး။ ကေလးငယ္မ်ားကို ကာကြယ္ေဆးထိုးျခင္း က်န္းမာေရးစစ္ေဆးျခင္း ကာကြယ္ေဆးတိုက္ေကြၽးျခင္းတို႔ေတာင္ မလုပ္ပါဘူး။ သူတို႔ဟာတစ္စံုတစ္ေယာက္ကိုနာက်င္ေအာင္လုပ္မယ္ဆိုရင္ ကိုယ္ျပဳသလိုကိုယ္ျပန္ခံစားရမယ္လို႔ ယံုၾကည္ထားသူေတြျဖစ္ပါတယ္။

Schooling

ကေလးေတြကိုေက်ာင္းပို႔ၿပီး ပညာသင္ၾကားေစေပမယ့္ Amish ကေလးငယ္ေတြဟာ အျခားကေလးငယ္ေတြလိုေတာ့ ထိေရာက္တဲ့ပညာေရးကို မသင္ၾကားရပါဘူး။ သင္႐ိုးၫႊန္းတန္းအမ်ားစုက သမၼာက်မ္းစာဖတ္ျခင္း နဲ႔ ဓမၼေတးသီဆိုမႈေတြျဖစ္ေနလို႔ပါ။ တကၠသိုလ္ ေကာလိပ္ေတြကိုလည္းသြားေရာက္ပညာသင္ၾကားတဲ့ဓေလ့မ႐ွိပဲ အေျခခံစာေလာက္ဖတ္တတ္ရင္ပဲ ပညာေရးကိုအဆံုးသတ္ၾကပါတယ္။

Amish ေတြဟာဘာသာတရားကိုအေျခခံၿပီး ေရာင့္ရဲမႈႀကီးစြာနဲ႔ ေနၾကတဲ့လူမ်ိဳးေတြျဖစ္ပါတယ္။ သဘာဝပတ္ဝန္းက်င္ကို တန္ဖိုးထားၿပီး ႐ိုးသားစြာ ေနတဲ့ ၿငိမ္းခ်မ္းေရးကိုတန္ဖိုးထားၾကသူေတြလည္းျဖစ္ပါတယ္။ Amish ေတြကို လက္နက္ကိုင္ေတြအျဖစ္ အေမရိကန္စစ္တပ္ ရဲတပ္ဖြဲ႔ဝင္ေတြထဲ ဘယ္ေတာ့မွမေတြ႔ရပါဘူး။ Amish ေတြဟာ church မွာ သီခ်င္းဆိုရင္ေတာင္ အျခားတူရိယာတီးခတ္ပူေဇာ္တာကို တားျမစ္တာပါ။ သူတို႔ရဲ႕ဓေလ့ထံုးထမ္းေတြက မ်က္ေမွာက္ေခတ္လူေတြအတြက္ ရယ္စရာျဖစ္ေနေပမယ့္ Amish ေတြရဲ႕ စိတ္ထားဟာ ကြၽန္ေတာ္တို႔ကမာၻႀကီး အေရးတႀကီးလိုေနတဲ့ ၿငိမ္းခ်မ္းေရးအမွတ္အသားေတြပါ။

Amishေတြဟာ ကမာၻႀကီးရဲ႕လိုအပ္ခ်က္ေတြ တိုးတက္တဲ့နည္းပညာေတြ ၿငိမ္းခ်မ္းေရးေတြကို ကူညီေပးႏိုင္တဲ့သူေတြမဟုတ္ပါဘူး။ ဒါေပမဲ့သူတို႔ဟာ ွ ကမာၻႀကီးကုိ ဘယ္ေတာ့မွ ေႏွာင့္ယွက္ဖ်က္စီးမယ့္ သူေတြလည္း မဟုတ္ပါဘူး။ သူတို႔ပံုစံနဲ႔ကမာၻႀကီးကိုအလွဆင္ေနသူမ်ားသာျဖစ္ပါေၾကာင္း…

သုတဇုန္


ခေတ်အမီဆုံးနိုင်ငံက အရိုးရှင်းဆုံးလူသားများအကြောင်း (unicode)

ရေးသားသူ – အောင်ကောင်းထက်(GAD)

အမေရိကန် ဆိုတာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၊ နည်းပညာနိုင်ငံ ၊ ခေတ်အမီဆုံးနိုင်ငံအဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုခေတ်မီလွန်းတဲ့ နိုင်ငံမှာ ဟိုးပဝေသနီကအတိုင်း ဘာနည်းပညာကိုမှမသုံး မပတ်သတ်တဲ့ လူတွေရှိနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီနိုင်ငံမှာ ဒီလိုလူတွေ အစုလိုက်အပြုံလိုက်ရှိပါတယ်။ သူတို့ကိုတော့ Amish လူမျိုးစုလို့ သိကြပါတယ်။

Amish တွေဟာ မိရိုးဖလာခရစ်ယာန်ဝါဒီတွေဖြစ်ပြီး ဆွစ်ဇာလန်ကနေပြောင်းရွှေ့လာကာ မြောက်အမေရိကတိုက်က အမေရိကန်နဲ့ ကနေဒါတို့မှာနေထိုင်ကြပါတယ်။ ဆွစ်ဇာလန်လူမျိုးတရားဟောဆရာ Jakob Ammann ဟာ Amishတွေကို စတင်ပျိုးထောင်သူဖြစ်ပြီး ယနေ့တိုင်ကျင့်သုံးနေတဲ့ Amishတွေရဲ့ ယဉ်ကျေးမှုထုံးထမ်းအစဉ်အလာတွေကို မျိုးစေ့ချပေးခဲ့တာပါ။ Amish တွေရဲ့ လူအဖွဲ့အစည်းအကြောင်းကို အနောက်တိုင်းမီဒီယာတွေက ပြဇာက်ဆန်ဆန် ဖော်ပြခဲ့ကြပါတယ်။ ဒါကလည်း Breaking Amish နဲ့ Sex Drive ကဲ့သို့သော ရုပ်ရှင်ဆန်ဆန်ပြကွက်ထဲကလို အသွင်လက္ခဏာနဲ့ မိရိုးဖလာချုပ်နှောင်မှုတွေရှိနေတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။

ဒါပေမယ့် ဗီယက်နမ်စစ်မြေပြင်လိုနေရာကို ရမ်ဘို(စတားလုံး)တို့ပို့ဆောင်ပြီး အောင်ပွဲရသယောင်ရိုက်ခဲ့တဲ့ အပြင်ပုံစံနဲ့ ကွာခြားတဲ့ အခြေအနေတွေကြောင့် ရုပ်သံမီဒီယာတွေပဲကြည့်ပြီး ကျွန်တော်တို့ Amishတွေအကြောင်းတကယ်သိနေပြီလား သူတို့တွေဟာ သမိုင်းအကျဉ်းသားတွေလို ဖြစ်နေတာလား ၊ စိတ်ပေါ့ရူးသွပ်နေသူတွေလား ၊ Amishတွေအကြောင်းသေချာသိရဖို့ဘာတွေလိုနေသေးသလဲ ၊

အကောင်းဆုံးဝါဒဟာရိုးသားခြင်းပါတဲ့မိတ်ဆွေ… ခေတ်မီလာတာနဲ့အမျှ ကမ္ဘာကြီးဟာ ပိုပြီးဆုတ်ယုတ်လာပါသတဲ့။ ဒီတစ်ခါတော့ ကျွန်တော်တို့ ကမ္ဘာအရိုးရှင်းဆုံးလူမျိုး Amishတွေ အကြောင်း ဗဟုသုတအနေနဲ့ လေ့လာကြရအောင်..

နည်းပညာမရှိတဲ့အရပ်

၂၁ရာစုနဲ့ ကင်းအောင်နေကြတဲ့ Amish တွေဟာ ရှေးရိုးစွဲဝါဒီတွေဖြစ်ကြပြီး ကမ္ဘာကြီးက ထာဝရဘုရားဖန်တီးထားတဲ့အတိုင်းရှိရမယ်လို့ ယုံကြည်ကြတာပါ။ ဒါကြောင့် လျှပ်စစ်ပစ္စည်း ၊ ကားများ စတဲ့ ယနေ့ခေက်ခေတ်မီလူအသုံးအဆောင်တွေ လုပ်ငန်းခွင်သုံးစက်ကိရိယာတွေ ဘာဆိုဘာမှအသုံးမပြုကြပါဘူး။
မီးလင်းဖိုတွေ ၊ မြင်းတွေ၊ မြင်းတစ်ကောင်ဆွဲလှည်းတွေ၊ ထွန်တုံးတွေ၊ ပေါက်ပြားတွေကိုတော့ တွေ့ရမှာပါ။ အိမ်တွေကိုလည်း သစ်သား နဲ့ ကျောက်တုံးတွေကို အဓိကထားပြီးဆောက်ထားပါတယ်။ အလှပြင်တာကို မနှစ်သက်တဲ့အတွက် ဘာအလှပြင်ပစ္စည်းမှ မသုံးသလို သူတို့အတွက် ဘာနည်းပညာ ပစ္စည်းမှ မလိုအပ်ကြောင်း ခံယူထားသူတွေပါ။ ညပိုင်းရောက်ရင် လျှပ်စစ်မီးမရှိပဲ ဖယောင်းတိုင်များ အိမ်တိုင်းလိုလိုထွန်းထားတဲ့ Amishတွေရဲ့နေရပ်မှာ ဘာတူရိယာမှ ပါဝင်ဖြည့်စွက်မထားတဲ့ Church ကျောင်းက ဓမ္မတေးသံကိုတော့ ဆွတ်ပျံ့ဖွယ်နားဆင်ရမှာပါ။

Rumshpringa

Rumshpringa ဆိုတာ Amishတွေရဲ့ လူနေမှုဆိုင်ရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ Amish လူငယ်တွေဟာ အသက်(14-18)ကြားရောက်ရှိလာရင်မိသားစုကိုစွန့်ခွာပြီး အပြင်လောကမှာ တစ်ကိုယ်တည်း ရပ်တည်ရတဲ့ဓလေ့ပါ။ လူငယ်တွေဟာ အပြင်လောကကိုထွက်ပြီး လောကကြီးအကြောင်းကို သင်ယူရတာပါ။ တစ်ဆက်တည်း ကိုယ့်သွားချင်တဲ့ လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ဖို့ အနှောင်အဖွဲ့ကင်းကင်းနဲ့ မိဘတွေကခွင့်ပြုပေးထားတဲ့ဓလေ့ပါ။ Amish လူငယ်တွေဟာ လောကနိယာမအကြောင်း နားလည်ပြီဆိုရင်တော့ အိမ်ကိုပြန်လာခွင့်ရှိပြီး ယနေ့တိုင်ကျင့်သုံးနေတဲ့ အာမစ်တွေရဲ့ဓလေ့အတိုင်းအသပ်ထက်ဆုံးနေထိုင်သွားကြရပါတယ်။ ဒါမှမဟုတ်ပဲ မိမိကျင်လည်ခဲ့တဲ့ ပြင်ပလူနေမှုဘဝကိုပဲရွေးချယ်မယ်ဆိုရင်လည်း မိသားစုနဲ့ ခွဲခွာရပြီး ကိုယ်ယုံကြည်ချက်နဲ့ကိုယ် ခရီးဆက်ရမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Amishတွေဟာ ဓလေ့ထုံးစံနဲ့ မျိုးဆက်တွေကို ချည်နှောင်မထားပဲ လွတ်လပ်ခွင့်အပြည့်အဝပေးထားတဲ့ အသိုင်းအဝိုင်း ဖြစ်ကြောင်းပေါ်လွင်နေပါတယ်။

Cuddling with Clothes

Amish တွေရဲ့ အခြားလက်ခံထားတဲ့ဓလေ့တစ်ခုကတော့ Bundling(ပေါင်းစည်းခြင်း)ဆိုတဲ့ဓလေ့ပါ။ ဒီဓလေ့ဟာ သမ္မတကျမ်းစာနဲ့အညီဖြစ်ပြီး ဟိုးအရင်တည်းကကျင့်သုံးလာခဲ့တာပါ။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ကို အိမ်ရဲ့အနွေးထွေးဆုံးနဲ့ သက်သောင့်သက်သာအရှိဆုံးနေရာဖြစ်တဲ့ ကုတင်ပေါ်မှာတစ်ညတာအချိန်ကုန်စေတာပါ။ အင်္ကျီအဝတ်အစားအပြည့်ဝတ်ဆင်ထားတဲ့ ဒီအတွဲဟာ ထိတွေ့ခွင့်မပြုလုပ်ရပါဘူး။ သူတို့ကြားအရာဝတ္ထုတစ်ခုကိုခံထားကာ တစ်ညလုံးစကားလက်ဆုံပြောရမှာဖြစ်ပါတယ်။ Amishတွေ ရဲ့ဓလေ့ဖြစ်ပြီးမိဘတွေကစီမံလေ့ရှိပါတယ်။ နောက်နေ့ရောက်တဲ့အခါ မိဘများကိုးကွယ်ရာ church ကျောင်းကိုသွားပြီး မဆီလျော်တဲ့မည်သည့်ကိစ္စမှ မဆောင်ရွက်ကြောင်း ဖွင့်ဟဝန်ခံကြပါတယ်။ အိမ်ထောင်တစ်ခုမထူထောင်ခင် ယုံကြည်မှုတည်ဆောက်ရတဲ့ဓလေ့ဖြစ်ပါတယ်။

An Amish Celebrity

Amish တွေကို ရှေးရိုးဆန်ဆန် အေးအေးဆေးဆေးနေတတ်ကြသူတွေလို့ အများကထင်ကြပေမယ့် Amishလူမျိုးတွေထဲကဟောလိဝုဒ်အထိနာမည်ကျော်တဲ့သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။ Mine Me in Austin Powers ဆိုတဲ့ နာမည်ကျော်ဇာက်ကားထဲက Verne Troyer ဖြစ်ပါတယ်။ Amish တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပေမယ့် မိဘတွေက Amishအဖွဲ့အစည်းက ခွဲထွက်ပြီးအခြားအရပ်ကိုပြောင်းရွေ့အခြေချဖို့ဆုံးဖြတ်ခဲ့တာကြောင့် သူလည်းပြောင်းရွေ့ခဲ့ရတာပါ။

Amish Dating Scence

Amishတွေရဲ့ဓလေ့ထုံးစံအရ ချစ်သူတွေအတွက်ဆွတ်ပျံ့ဖွယ် တွေ့ဆုံမှုလေးတွေမရှိပဲ မိဘတွေအစီစဉ်တိုင်းလက်ထပ်ရတာလို့ အများကယူဆကြပါတယ်။ အမှန်တော့ ချစ်သူတွေအတွက် အခွင့်အရေးပေးထားပါတယ်။ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ပြီးချိန်မှာတော့အမျိုးသားရဲ့ကမ်းလှမ်းမှုကိုလက်ခံပါက မြင်းလှည်းနဲ့အိမ်လိုက်ပို့ခွင့်ရှိပါတယ်။ အိမ်ပြန်ခရီးတိုလေးကနေ အမျိုးသမီးမိဘတွေရဲ့ခွင့်ပြုမှုရပါက အမျိုးသမီးရဲ့အိပ်ရာအထိသွားကာ တစ်ညတာကုန်ဆုံးနိုင်ပါတယ်။သတိပြုရမှာက အထက်ကဖော်ပြထားတဲ့ Cuddling with Clothes ဓလေ့စည်းကမ်းနဲ့ပါ။

Engagement Period

Amish စုံတွဲတွေဟာ အတူနေဖို့ဆုံးဖြက်ပြီးရင်တော့ စေ့စပ်ကြပါတယ်။ ဒါပေမယ့် အများစုကလက်မခံရင်တော့ အမျိုးသားက စိန်လက်စွပ်ပေးပြီးလက်ထပ်ခွင့်တောင်းလို့မရပါဘူး။ ကြွေပန်းကန်ပြားတစ်ခု သို့ အဝတ်စတစ်ခုကိုပေးပြီးစေ့စပ်ပွဲကိုဖျတ်သိမ်းပေးရပါတယ် သက်ဆိုင်ရာ churchက ခွင့်ပြုပေးမှသာ စေ့စပ်မှုအထမြောက်တာဖြစ်ပြီး မိမိအသိုင်းအဝိုင်းမှတစ်ဆင့် တစ်မြို့လုံးကိုသတင်းလွှာပေးပို့နိုင်ပါတယ်။

Healthiest People

အမေရိကန်အစိုးရရဲ်ကျန်းမာရေးဆိုင်ရာကိန်းဂဏန်းတွေအရ Amish တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျန်းမာဆုံးလူသားတွေဖြစ်ပါတယ်။ သူတို့စားသောက်တဲ့အစားအသောက်တွေကို ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးကြပြီး ကိုယ်ပိုင်စိုက်ခင်းတွေမှာ ကာယလုပ်အားကို အမြဲအသုံးချကြပါတယ်။ Amish တွေရဲ့ ကျန်းမာရေးစတိုင်ကြောင့် သူတို့ဒေသမှာ ကင်ဆာရောဂါနဲ့ အခြားရောဂါဖြစ်ပွားမှု အလွန်နည်းပါးတာတွေ့ရပါတယ်။

Amish fashion

သူတို့ဝတ်ဆင်တဲ့အဝတ်အစားတွေကြောင့် အများက Amishလူမျိုးတွေအဖြစ်အလွယ်တကူအသိအမှတ်ပြုကြတာပါ။ အပွင့် အစက် အပြောက်မပါပဲ အရောင်တစ်မျိုးတည်းကို ပြောင်ချောဝတ်ဆင်
ကြပါတယ်။ လက်တိုမဝတ်ပဲ လက်ရှည်များသာလည်ပင်းကနေခြေချောင်းများအထိ ဖုံးအုပ်ဝတ်ဆက်ကြပါတယ်။ Amishတွေဟာ ရှက် ကြောက် ရိုးသားကြသူတွေဖြစ်ပြီး သူတို့ဝတ်တဲ့အဝတ်အစားတွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကိုထင်ဟပ်စေပါတယ်။ တောက်တောက်ပြောင်ပြောင်နဲ့ ထင်ပေါ်တဲ့အဝတ်အစားတွေကိုဝတ်လေ့မရှိကြပါဘူး။

Amish hats

Amish တွေဟာ ကျယ်ပြန့်ပြီး အစွန်းပါတဲ့ ဦးထုပ်အမျိုးအစားတစ်မျိုးကို ဆောင်းလေ့ရှိပါတယ်။ ဦးထုပ်ရဲ့အရောင် အရွယ်အစား ပြုလုပ်ထားတဲ့ ကုန်ကြမ်းတွေဟာ Amish လူ့အဖွဲ့အစည်းရဲ့ ကွဲပြားတဲ့အဆင့်အတန်းပေါ်မူတည်ပြီး ထုတ်လုပ်ထားတာပါ။ နွေရာသီရောက်တဲ့အခါမှာတော့ ကောတ်ရိုးဦးထုပ်ဆောင်းထားတဲ့ အအေးစက်ဆုံးမျက်နှာထားနဲ့ Amish တွေကို တွေ့ရမှာပါ။

Unnatural Medicine

Amishတွေဟာ သူတို့ရှင်သန်နေတာဟာ ဘုရားသခင်ဖန်ဆင်းပေးမှုကြောင့်လို့ ယူဆကြပါတယ်။ ဒါကြောင့်ခေတ်မီနည်းပညာတွေကို သူတို့မနှစ်သက်ကြပါဘူး။ ကလေးငယ်များကို ကာကွယ်ဆေးထိုးခြင်း ကျန်းမာရေးစစ်ဆေးခြင်း ကာကွယ်ဆေးတိုက်ကျွေးခြင်းတို့တောင် မလုပ်ပါဘူး။ သူတို့ဟာတစ်စုံတစ်ယောက်ကိုနာကျင်အောင်လုပ်မယ်ဆိုရင် ကိုယ်ပြုသလိုကိုယ်ပြန်ခံစားရမယ်လို့ ယုံကြည်ထားသူတွေဖြစ်ပါတယ်။

Schooling

ကလေးတွေကိုကျောင်းပို့ပြီး ပညာသင်ကြားစေပေမယ့် Amish ကလေးငယ်တွေဟာ အခြားကလေးငယ်တွေလိုတော့ ထိရောက်တဲ့ပညာရေးကို မသင်ကြားရပါဘူး။ သင်ရိုးညွှန်းတန်းအများစုက သမ္မာကျမ်းစာဖတ်ခြင်း နဲ့ ဓမ္မတေးသီဆိုမှုတွေဖြစ်နေလို့ပါ။ တက္ကသိုလ် ကောလိပ်တွေကိုလည်းသွားရောက်ပညာသင်ကြားတဲ့ဓလေ့မရှိပဲ အခြေခံစာလောက်ဖတ်တတ်ရင်ပဲ ပညာရေးကိုအဆုံးသတ်ကြပါတယ်။

Amish တွေဟာဘာသာတရားကိုအခြေခံပြီး ရောင့်ရဲမှုကြီးစွာနဲ့ နေကြတဲ့လူမျိုးတွေဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ရိုးသားစွာ နေတဲ့ ငြိမ်းချမ်းရေးကိုတန်ဖိုးထားကြသူတွေလည်းဖြစ်ပါတယ်။ Amish တွေကို လက်နက်ကိုင်တွေအဖြစ် အမေရိကန်စစ်တပ် ရဲတပ်ဖွဲ့ဝင်တွေထဲ ဘယ်တော့မှမတွေ့ရပါဘူး။ Amish တွေဟာ church မှာ သီချင်းဆိုရင်တောင် အခြားတူရိယာတီးခတ်ပူဇော်တာကို တားမြစ်တာပါ။ သူတို့ရဲ့ဓလေ့ထုံးထမ်းတွေက မျက်မှောက်ခေက်လူတွေအတွက် ရယ်စရာဖြစ်နေပေမယ့် Amish တွေရဲ့ စိတ်ထားဟာ ကျွန်တော်တို့ကမ္ဘာကြီး အရေးတကြီးလိုနေတဲ့ ငြိမ်းချမ်းရေးအမှတ်အသားတွေပါ။

Amishတွေဟာ ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေ တိုးတက်တဲ့နည်းပညာတွေ ငြိမ်းချမ်းရေးတွေကို ကူညီပေးနိုင်တဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့ဟာ ွ ကမ္ဘာကြီးကို ဘယ်တော့မ နှောင့်ယှက်ဖျက်စီးမယ့် သူတွေလည်း မဟုတ်ပါဘူး။ သူတို့ပုံစံနဲ့ကမ္ဘာကြီးကိုအလှဆင်နေသူများသာဖြစ်ပါကြောင်း…

Leave a Reply