အုိင္ဘန္းသယ္ (သုိ႔) သူခုိးမရွိေသာ ရြာကေလး

Posted on

အုိင္ဘန္းသယ္(Eibenthal ) ဆုိတာ ရုိေမးနီးယားႏုိင္ငံ အေနာက္ပိုင္းက Banatului ေတာင္တန္းေပၚမွာရွိတဲ့ သာယာတဲ့ရြာတစ္ရြာျဖစ္ပါတယ္။ အဓိကေနထိုင္တဲ့သူေတြကေတာ့ ခ်က္ဇ္လူမ်ဳိးစုေတြျဖစ္ၿပီး အျခားၿမဳိ႕ရြာေတြနဲ႔ အလွမ္းေ၀းတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ သူခုိးမရွိတဲ့ ရြာဆုိၿပီးေတာ့ နာမည္ႀကီးတဲ့ ရြာကေလးေပါ့။

အုိင္ဘန္းသယ္မွာ ရဲဌာနမရွိပါဘူး။ ရြာသူရြာသားေတြဟာ ပြင့္လင္းတယ္ ၊ ရုိးသားတယ္ ၊ ေဖာ္ေရြၾကတယ္။ ဒီနယ္ေျမတ၀ုိက္မွာေတာ့ ေအးခ်မ္းတယ္လုိ႔ နာမည္ႀကီးတဲ့ ရြာကေလးျဖစ္ပါတယ္။ ရြာသူရြာသားခ်င္းလည္း စည္းလုံးတယ္ ၊ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ေလးစားၾကတာေၾကာင့္ ဒီရြာမွာ တစ္ႏွစ္ေနလုိ႔ အမႈအခင္းတစ္ခါျဖစ္တယ္ဆုိတာ မရွိသေလာက္ရွားပါတယ္။

ဒီရြာမွာ ေပ်ာက္တယ္ရွတယ္ဆုိတာလည္း တခါမွမရွိပါဘူးတဲ့။ ဥပမာေျပာရရင္ ရြာသူရြာသားေတြဟာ သူတုိ႔အိမ္ေရွ႕က အိပ္ေတြထဲမွာ ေပါင္မုန္႔ပုိ႔သမားအတြက္ ပုိက္ဆံေတြ ခ်န္ထားတယ္ ။ ေပါင္မုန္႔ပုိ႔သမားလာတဲ့ အခါ ပိုက္ဆံကုိယူတယ္ ၊ ေပါင္မုန္႔အိတ္ကိုထားခဲ့တယ္။ ဒီလုိပုိ႔လာတာ ႏွစ္ေပါင္း ၂၀ ေက်ာ္ပါၿပီ။ ပိုက္ဆံနဲ႔ ေပ်ာက္တာ ၊ ေပါင္မုန္႔ေပ်ာက္တာ တုိင္တာ တန္းတာ ျပသနာတက္တာ တစ္ခါမွမရွိခဲ့ဘူးလုိ႔ သိရပါတယ္။

သူခုိးမရွိတဲ့ရြာဆုိၿပီး စနာမည္ႀကီးခဲ့တာ ၁၉၉၆ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္းက ေပါင္မုန္႔ပုိ႔သူအတြက္ အိိမ္အျပင္မွာ ပိုက္ဆံေတြကုိ အိမ္အသီးသီးစီက ခ်န္ေပးထားတာျဖစ္ပါတယ္။ အရင္ကေတာ့ ရြာက မုန္႔ဆုိင္မွာ၀ယ္ၾကေပမယ့္ ၁၉၈၉မွာ ေတာ္လွန္ေရးျဖစ္ၿပီးတဲ့ေနာက္ ဆုိင္ပိတ္သြားတဲ့အတြက္ ၂၀ကီလုိမီတာ ကြာေ၀းတဲ့ တျခားရြာက ေပါင္မုန္႔ကားဆီက ေနသာ ၀ယ္ရေတာ့ပါတယ္။ ဒီေပါင္မုန္႔ကား ကလည္း ႏွစ္ရက္ကုိ တစ္ခါလာေလ့ရွိပါတယ္။ ကားလာတဲ့ အခါ အိမ္ေတြကေန ထြက္၀ယ္ၾကတယ္ ၊ ပိုက္ဆံေပးတယ္ ၊ ေပါင္မုန္႔ယူတယ္။

ဒါေပမယ့္ ရြာသားတစ္ေယာက္က အႀကံေပးတယ္။ ေပါင္မုန္႔ေစာင့္ယူရတာ အလုပ္တစ္ခုျဖစ္ေနတယ္။ အဲဒီေတာ့ အိမ္ၿခံ၀န္းက ပိုက္ဆံအိတ္ထဲမွာ ပုိက္ဆံထည့္ထား ၊ ေပါင္မုန္႔ပုိ႔သမားက ေပါင္မုန္႔ပုိ႔ခဲ့ ၊ အဆင္ေျပမွ သြားယူၾကေပါ့ ဆုိတဲ့ အႀကံပါ။ သူကေျပာတယ္။ ပုိက္ဆံေတြေပါင္မုန္႔ေပ်ာက္တာေတြ အတြက္ေတာ့မပူနဲ႔တဲ့ ေပ်ာက္ရင္ ငါတုိ႔ရြာသားေတြခုိးတာမျဖစ္ႏုိင္ဘူး ၊ အျပင္လူေတြခုိးမွပဲေပ်ာက္မွာ ၊ အျပင္လူကလည္း ဒီေရာက္ဖုိ႔ မလြယ္ဘူးေလ တဲ့။ အဲဒီအခ်ိန္ကစလုိ႔ အဲဒီအတုိင္းက်င့္သုံးခဲ့တာ ယေန႔အထိပါပဲ။ က်င့္သုံးခဲ့တဲ့ ႏွစ္ေပါင္း ၂၀ေက်ာ္မွာ တခါတရံေတာင္ ပုိက္ဆံေပ်ာက္တာ ၊ ေပါင္မုန္႔ေလ်ာ့တာ မျဖစ္ဖူးပါတဲ့။ ဒါဟာ ခုိးမႈမျဖစ္ေၾကာင္းေျပာတဲ့ ဥပမာတစ္ခုသာျဖစ္ပါတယ္။

“ခုိးမႈဆုိတာ ဒီရြာမွာတစ္ခါမွ မၾကားဖူးဘူး ၊ က်ဳပ္ဆုိရင္ သုံးေနၾက ပစၥည္းေတြအားလုံး ဂုိေထာင္ထဲမွာပဲ ထားတယ္။ တံခါးကလည္း ၂၄နာရီဖြင့္ထားတယ္။ က်ဳပ္ဒီေရာက္တာ ၁၃ႏွစ္ရွိၿပီ တခုတေလေတာင္မေပ်ာက္ဖူးဘူး” လုိ႔ ခရစ္ယာန္ဘုန္းေတာ္ႀကီး Vaclav Masek က ဆုိပါတယ္။

“ဒီရြာက လူေတြက အရမ္းစည္းရွိၾကတာ ၊ ပစၥည္္းတစ္ခုခုလုိတာပဲျဖစ္ျဖစ္ အေၾကာင္းတစ္ခုရွိလုိ႔ပဲျဖစ္ျဖစ္ တျခားအိမ္ကို သြားလည္ၾကတဲ့အခါ ဘယ္သူမွ အိမ္ထဲကို တန္းမ၀င္ဘူး။ ၿခံ၀န္းေရွ႕ကေန လွမ္းအသံျပဳရတယ္။ တကယ္လုိ႔ ၃ ၄ခါေခၚတာေတာင္ ဘာသံမွ မၾကားရင္ေတာ့ ၿခံေရွ႕ကပဲ လွည့္ျပန္သြားၾကေရာ ၊ အရမ္းရင္းႏွီးတယ္ဆုိတဲ့သူေတြေတာင္ သူမ်ားပစၥည္းကို မသိပဲ ခဏဆုိၿပီး အလြယ္တကူ ယူမသုံးတတ္ၾကဘူး” လုိ႔ ရြာသားတစ္ေယာက္က ဆုိပါတယ္။

“ကြ်န္ေတာ္တုိ႔ရြာက လူ ၃၀၀ ေက်ာ္ပဲ ရွိိတာ ၊ အဲဒီေတာ့တစ္ရြာလုံး စည္းလုံးတယ္ ရင္းႏွီးတယ္ ၊ ပစၥည္းေပ်ာက္ဖုိ႔မေျပာနဲ႔ ဘာအမႈမွ ျဖစ္ေလ့မရွိတဲ့ရြာပါ” လုိ႔ ရြာအုပ္ခ်ဳပ္သူ Victor Doscocil ကေျပာပါတယ္။ လြယ္ရင္ သူၾကြယ္ေတာင္ မေနပါဘူးဆုိတဲ့ ေခတ္ထဲမွာ အုိင္ဘန္းသယ္ဟာ ခုိးမႈမရွိတဲ့ ကမာၻ႔ေနရာအနည္းငယ္ထဲက ေနရာတစ္ခုျဖစ္ပါတယ္။ ေလာဘ ေဒါသ ေမာဟ ေတြ လုိအပ္ခ်က္ေတြ ျပည့္ႏွက္ေနတဲ့ ကမာၻႀကီးမွာ အုိင္ဘန္းသယ္ရြာသူရြာသားေတြကေတာ့ ေအးခ်မ္းေပ်ာ္ရႊင္စြာ ေနထိုင္လွ်က္ ရွိၾကပါတယ္။

VIDEO


အိုင်ဘန်းသယ် (သို့) သူခိုးမရှိသော ရွာကလေး (unicode)

အိုင်ဘန်းသယ်(Eibenthal ) ဆိုတာ ရိုမေးနီးယားနိုင်ငံ အနောက်ပိုင်းက Banatului တောင်တန်းပေါ်မှာရှိတဲ့ သာယာတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ အဓိကနေထိုင်တဲ့သူတွေကတော့ ချက်ဇ်လူမျိုးစုတွေဖြစ်ပြီး အခြားမြို့ရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူခိုးမရှိတဲ့ ရွာဆိုပြီးတော့ နာမည်ကြီးတဲ့ ရွာကလေးပေါ့။

အိုင်ဘန်းသယ်မှာ ရဲဌာနမရှိပါဘူး။ ရွာသူရွာသားတွေဟာ ပွင့်လင်းတယ် ၊ ရိုးသားတယ် ၊ ဖော်ရွေကြတယ်။ ဒီနယ်မြေတဝိုက်မှာတော့ အေးချမ်းတယ်လို့ နာမည်ကြီးတဲ့ ရွာကလေးဖြစ်ပါတယ်။ ရွာသူရွာသားချင်းလည်း စည်းလုံးတယ် ၊ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လေးစားကြတာကြောင့် ဒီရွာမှာ တစ်နှစ်နေလို့ အမှုအခင်းတစ်ခါဖြစ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီရွာမှာ ပျောက်တယ်ရှတယ်ဆိုတာလည်း တခါမှမရှိပါဘူးတဲ့။ ဥပမာပြောရရင် ရွာသူရွာသားတွေဟာ သူတို့အိမ်ရှေ့က အိပ်တွေထဲမှာ ပေါင်မုန့်ပို့သမားအတွက် ပိုက်ဆံတွေ ချန်ထားတယ် ။ ပေါင်မုန့်ပို့သမားလာတဲ့ အခါ ပိုက်ဆံကိုယူတယ် ၊ ပေါင်မုန့်အိတ်ကိုထားခဲ့တယ်။ ဒီလိုပို့လာတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ပိုက်ဆံနဲ့ ပျောက်တာ ၊ ပေါင်မုန့်ပျောက်တာ တိုင်တာ တန်းတာ ပြသနာတက်တာ တစ်ခါမှမရှိခဲ့ဘူးလို့ သိရပါတယ်။

သူခိုးမရှိတဲ့ရွာဆိုပြီး စနာမည်ကြီးခဲ့တာ ၁၉၉၆ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပေါင်မုန့်ပို့သူအတွက် အိမ်အပြင်မှာ ပိုက်ဆံတွေကို အိမ်အသီးသီးစီက ချန်ပေးထားတာဖြစ်ပါတယ်။ အရင်ကတော့ ရွာက မုန့်ဆိုင်မှာဝယ်ကြပေမယ့် ၁၉၈၉မှာ တော်လှန်ရေးဖြစ်ပြီးတဲ့နောက် ဆိုင်ပိတ်သွားတဲ့အတွက် ၂ဝကီလိုမီတာ ကွာဝေးတဲ့ တခြားရွာက ပေါင်မုန့်ကားဆီက နေသာ ဝယ်ရတော့ပါတယ်။ ဒီပေါင်မုန့်ကား ကလည်း နှစ်ရက်ကို တစ်ခါလာလေ့ရှိပါတယ်။ ကားလာတဲ့ အခါ အိမ်တွေကနေ ထွက်ဝယ်ကြတယ် ၊ ပိုက်ဆံပေးတယ် ၊ ပေါင်မုန့်ယူတယ်။

ဒါပေမယ့် ရွာသားတစ်ယောက်က အကြံပေးတယ်။ ပေါင်မုန့်စောင့်ယူရတာ အလုပ်တစ်ခုဖြစ်နေတယ်။ အဲဒီတော့ အိမ်ခြံဝန်းက ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံထည့်ထား ၊ ပေါင်မုန့်ပို့သမားက ပေါင်မုန့်ပို့ခဲ့ ၊ အဆင်ပြေမှ သွားယူကြပေါ့ ဆိုတဲ့ အကြံပါ။ သူကပြောတယ်။ ပိုက်ဆံတွေပေါင်မုန့်ပျောက်တာတွေ အတွက်တော့မပူနဲ့တဲ့ ပျောက်ရင် ငါတို့ရွာသားတွေခိုးတာမဖြစ်နိုင်ဘူး ၊ အပြင်လူတွေခိုးမှပဲပျောက်မှာ ၊ အပြင်လူကလည်း ဒီရောက်ဖို့ မလွယ်ဘူးလေ တဲ့။ အဲဒီအချိန်ကစလို့ အဲဒီအတိုင်းကျင့်သုံးခဲ့တာ ယနေ့အထိပါပဲ။ ကျင့်သုံးခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်မှာ တခါတရံတောင် ပိုက်ဆံပျောက်တာ ၊ ပေါင်မုန့်လျော့တာ မဖြစ်ဖူးပါတဲ့။ ဒါဟာ ခိုးမှုမဖြစ်ကြောင်းပြောတဲ့ ဥပမာတစ်ခုသာဖြစ်ပါတယ်။

“ခိုးမှုဆိုတာ ဒီရွာမှာတစ်ခါမှ မကြားဖူးဘူး ၊ ကျုပ်ဆိုရင် သုံးနေကြ ပစ္စည်းတွေအားလုံး ဂိုထောင်ထဲမှာပဲ ထားတယ်။ တံခါးကလည်း ၂၄နာရီဖွင့်ထားတယ်။ ကျုပ်ဒီရောက်တာ ၁၃နှစ်ရှိပြီ တခုတလေတောင်မပျောက်ဖူးဘူး” လို့ ခရစ်ယာန်ဘုန်းတော်ကြီး Vaclav Masek က ဆိုပါတယ်။

“ဒီရွာက လူတွေက အရမ်းစည်းရှိကြတာ ၊ ပစ္စည်းတစ်ခုခုလိုတာပဲဖြစ်ဖြစ် အကြောင်းတစ်ခုရှိလို့ပဲဖြစ်ဖြစ် တခြားအိမ်ကို သွားလည်ကြတဲ့အခါ ဘယ်သူမှ အိမ်ထဲကို တန်းမဝင်ဘူး။ ခြံဝန်းရှေ့ကနေ လှမ်းအသံပြုရတယ်။ တကယ်လို့ ၃ ၄ခါခေါ်တာတောင် ဘာသံမှ မကြားရင်တော့ ခြံရှေ့ကပဲ လှည့်ပြန်သွားကြရော ၊ အရမ်းရင်းနှီးတယ်ဆိုတဲ့သူတွေတောင် သူများပစ္စည်းကို မသိပဲ ခဏဆိုပြီး အလွယ်တကူယူမသုံးတတ်ကြဘူး” လို့ ရွာသားတစ်ယောက်က ဆိုပါတယ်။

“ကျွန်တော်တို့ရွာက လူ ၃၀၀ ကျော်ပဲ ရှိတာ ၊ အဲဒီတော့တစ်ရွာလုံး စည်းလုံးတယ် ရင်းနှီးတယ် ၊ ပစ္စည်းပျောက်ဖို့မပြောနဲ့ ဘာအမှုမှ ဖြစ်လေ့မရှိတဲ့ရွာပါ” လို့ ရွာအုပ်ချုပ်သူ Victor Doscocil ကပြောပါတယ်။ လွယ်ရင် သူကြွယ်တောင် မနေပါဘူးဆိုတဲ့ ခေတ်ထဲမှာ အိုင်ဘန်းသယ်ဟာ ခိုးမှုမရှိတဲ့ ကမ္ဘာ့နေရာအနည်းငယ်ထဲက နေရာတစ်ခုဖြစ်ပါတယ်။ လောဘ ဒေါသ မောဟ တွေ လိုအပ်ချက်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အိုင်ဘန်းသယ်ရွာသူရွာသားတွေကတော့ အေးချမ်းပျော်ရွှင်စွာ နေထိုင်လျှက် ရှိကြပါတယ်။

Leave a Reply