အာရပ္ႏုိင္ငံမ်ားၾကားက အစၥေရးႏုိင္ငံငယ္ေလး အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ေကာင္းစည္သူ (သုတအလင္း)

ႏိုင္ငံေရး အဆင္မေျပမႈမ်ားေၾကာင့္ ရန္သူအာရပ္မ်ား၀ိုင္းရံေနသည့္ အစၥေရးႏိုင္ငံသည္ မ်ားစြာေသာ ရန္သူ အင္အားမ်ား ကို ဂရုမမူဘဲ အေရွ႕အလယ္ပိုင္းေဒသ၊ ေျမထဲပင္လယ္အေရွ႕ေတာင္ဘက္ကမ္းေျခႏွင့္ပင္လယ္နီ ေျမာက္ပိုင္းကမ္းေျခ အၾကားတြင္ ရဲရဲ၀ံ့၀ံ့ ရပ္တည္ေနသည္။အစၥေရးႏိုင္ငံ၏ ေျမာက္ဘက္တြင္ လက္ဘႏြန္၊အေရွ႕ေျမာက္ဘက္တြင္ ဆီးရီးယား၊အေရွ႕ ဘက္တြင္ ေဂ်ာ္ဒန္၊ အေနာက္ဘက္ကမ္းႏွင့္ ဂါဇာကုန္းေျမတို႕တြင္ ပါလက္စတိုင္းတို႕ႏွင့္နယ္ခ်င္းဆက္ေနသကဲ့သို႕ အေနာက္ေတာင္ဘက္ တြင္ အီဂ်စ္ႏိုင္ငံႏွင့္ ထိစပ္ေနသည္။ ေသးငယ္ေသာ အစၥေရးႏိုင္ငံ၏ ပထ၀ီ၀င္သြင္ျပင္သည္ ကြဲျပားျခားနားမႈ မ်ားစြာရွိေနကာ စီးပြားေရးႏွင့္ နည္းပညာသည္ ၿမိဳ႕ေတာ္ တဲလ္အဗစ္တြင္စုစည္းေနသည္။ အစၥေရး အစိုးရသည္ ေဂ်ရုဆလမ္ကို ၿမိဳ႕ေတာ္အျဖစ္ ေၾကညာထားေသာ္လည္း ႏိုင္ငံတကာ၏ အသိအမွတ္ျပဳျခင္းကို မရရွိခဲ့ေခ်။

စီးပြားေရးႏွင့္ နည္းပညာသည္ ၿမိဳ႕ေတာ္ တဲလ္အဗစ္

အစၥေရးႏွင့္ ဂ်ဴဒါ မင္းဆက္မ်ားသည္ သံေခတ္ကာကအတြင္းေပၚထြန္းခဲ့ကာ အက္စ္ဆီရီယမ္ လက္သစ္ အင္ပါရာက အစၥေရး ကို ဘီစီ ၇၂၀ ျပည့္ႏွစ္တြင္ ဖ်က္ဆီးေခ်မႈန္းခဲ့သည္။ ေဘဘီလုံ၊ ပါရွန္ ႏွင့္ ဟယ္လင္နစ္စတတ္ ဧကရာဇ္မ်ားက ဂ်ဴဒါ တို႕ကိုေအာင္ႏိုင္ခဲ့ၾကကာ ဂ်ဴး ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ျပည္နယ္မ်ားအျဖစ္ တည္ရွိခဲ့ၾကသည္။ ဘီစီ ၁၁၀ ျပည့္ႏွစ္တြင္ လြတ္လပ္ေသာ ဂ်ဴးႏိုင္ငံေတာ္ေပၚထြန္းေရး မက္ကဘင္း ေတာ္လွန္ေရး (Maccabean Revolt) ျဖစ္ပြားခဲ့ၿပီး ဘီစီ ၆၃ ခုႏွစ္တြင္ၿပီးဆုံးခဲ့သည္။ ဘီစီ ၃၇ တြင္ ေရာမ ႏိုင္ငံကို ထူေထာင္ခဲ့ၿပီးေနာက္ ေအဒီ ၆ ခုႏွစ္တြင္ ဂ်ဴဒီယာ ေရာမျပည္နယ္ကို ဖြဲ႕စည္းခဲ့သည္။

ဂ်ဴဒီယာသည္ ေရာမ ျပည္နယ္တစ္ခုအျဖစ္ မေအာင္ျမင္ေသာ ဂ်ဴးေတာ္လွန္ေရးကာလတိုင္တည္ရွိေနခဲ့ကာ ေတာ္လွန္ေရးေၾကာင့္ ဂ်ဴးမ်ားကို ႏွင္ထုတ္ ခဲ့ၿပီး ဆီရီးယား ပါလက္စတိုင္း (Syria Palaestina) ေဒသဟု အမည္ေျပာင္းခဲ့သည္။ ယင္းေနရာတြင္ ဂ်ဴးမ်ားေနထိုင္ခဲ့မႈသည္ ရာစုႏွစ္ အတန္ၾကာခဲ့သည္။ သို႕ေသာ္ ၇ ရာစုတြင္ အာရပ္မ်ားသည္ ဘုိင္ဇန္တုိင္းအင္ပါယာမွ လီဘင့္ကို သိမ္းယူကာ အာရပ္မူဆလင္တို႔၏ ထိန္းခ်ဳပ္မႈေအာက္တြင္ထားရွိခဲ့သျဖင့္ ၁၀၉၉ ခုႏွစ္တြင္ ခရူးဆိတ္စစ္ပြဲျဖစ္ပြားခဲ့ေပသည္။

ခရူးဆိတ္စစ္ပြဲမ်ား

အီဂ်စ္တို႕သည္ ၁၃ ရာစုတြင္ လီဘင့္ထိန္းခ်ဳပ္မႈကို ခ်ဲ႕ထြင္ခဲ့ေသာ္လည္း ၁၅၁၇ ခုႏွစ္တြင္ ေအာ္တိုမန္အင္ပါယာကို ရႈံးနိမ့္ခဲ့သည္။ ၁၉ ရာစုတြင္ အမ်ိဳးေရးစိတ္ဓာတ္မ်ားႏိုးၾကာလာသည့္ ဂ်ဴးမ်ားသည္ ဇိုင္ယြန္နစ္ လႈပ္ရွားမႈကို စတင္ခဲ့ၾကသည္။ ၁၉၄၇ ခုႏွစ္ တြင္ ကုလသမဂၢက ပါလက္စတိုင္းတို႕အတြက္ ေနရာခြဲေ၀ေရး အစီအစဥ္ကို ခ်မွတ္ခဲ့ၿပီး လြတ္လပ္ေသာ အာရပ္ႏွင့္ ဂ်ဴးႏိုင္ငံ မ်ား ထူေထာင္၍ ေဂ်ရုဆလမ္ကို အျပည္ျပည္ဆိုင္ရာ ၿမိဳ႕ေတာ္အျဖစ္ထားရွိရန္ ေထာက္ခံခဲ့ျခင္းကို အာရပ္ေခါင္းေဆာင္မ်ား က ပယ္ခ်ခဲ့သည္။ ၁၉၄၈ ခုႏွစ္တြင္ ဂ်ဴးေအဂ်င္စီက အစၥေရးႏိုင္ငံ လြတ္လပ္ေရးကို ေၾကညာခဲ့ၿပီးေနာက္ အာရပ္အစၥေရး စစ္ပြဲျဖစ္ပြားခဲ့သည္။

လြတ္လပ္ေရးေၾကညာၿပီးခ်ိန္မွစ၍ အာရပ္မ်ားႏွင့္ စစ္ပြဲမ်ားဆင္ႏြဲခဲ့ရၿပီး ၁၉၆၇ ခုႏွစ္တြင္ အစၥေရးသည္ အေနာက္ဘက္ကမ္း၊ ဂါဇာကုန္းျမင့္ႏွင့္ ဂါဇာ ကမ္းေျမွာင္တို႕ကို သိမ္းယူခဲ့သည္။ အစၥေရးတို႕သည္ မိမိတို႕၏ ဥပေဒအာဏာစက္ကို ဂိုလန္ကုန္းျမင့္ႏွင့္ အေရွ႕ေဂ်ရုဆလမ္အထိ ျဖန္႔က်က္ခဲ့သည္။သို႕ေသာ္ အေနာက္ဘက္ကမ္းေဒသ မပါ၀င္ခဲ့ေခ်။ အစၥေရးတို႔၏ ပါလက္စတိုင္းနယ္ေျမမ်ားကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့ျခင္းသည္ မ်က္ေမွာက္ေခတ္ ကမာၻ႔အရွည္လ်ားဆုံး စစ္ေရး သိမ္းပိုက္မႈ တစ္ရပ္ျဖစ္လာခဲ့သည္။ အစၥေရး ပါလက္စတိုင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈမ်ားသည္လည္း အေျဖထြက္ေပၚ လာခဲ့ျခင္းမရွိေခ်။

အစၥေရးတို႕၏ အေျခခံဥပေဒတြင္ ဒီမိုကရက္တစ္ ဂ်ဴးႏိုင္ငံဟု ေဖာ္ျပကာ ကိုယ္စားလွယ္ အခ်ိဳးက်ပါ၀င္သည့္ ပါလီမန္ ဒီမိုကေရစီစနစ္ကို က်င့္သုံးသည္။ ၀န္ႀကီးခ်ဳပ္သည္ အစိုးရအဖြဲ႕ အၾကီးအကဲျဖစ္သည္။ အစၥေရးသည္ ဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံ တစ္ခုျဖစ္ၿပီး အိုပက္အဖြဲ႕၀င္ႏိုင္ငံလည္းျဖစ္ကာ ကမာၻေပၚတြင္ စီးပြားေရး အင္အားၾကီးမားမႈအဆင့္ ၃၄ ေနရာတြင္ရပ္တည္ ေနသည္။ အဆင့္ျမင့္ကၽြမ္းက်င္ လုပ္သား အင္အားမ်ားက ႏိုင္ငံကို အက်ိဳးျပဳေနၿပီး ပညာတတ္ဦးေရ အမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ထို႕အတူ အေရွ႕အလယ္ပိုင္းေဒသတြင္ လူေနမႈ အဆင့္အတန္းအျမင့္ဆုံး ႏွင့္ လူတစ္ဦးခ်င္းသက္တမ္းအရွည္ဆုံး ႏိုင္ငံလည္းျဖစ္ ေပသည္။

ေဂ်ရုဆလမ္ ၿမိဳ႕ေတာ္

အစၥေရးဟူသည့္ အမည္ႏွင့္ ေရွးဦးသမုိင္း

အစၥေရးသည္ ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရး ေၾကညာခဲ့ၿပီးေနာက္ အစၥေရး ႏိုင္ငံ(State of Israel) ဟူသည့္ အမည္ကို ခံယူခဲ့သည္။လြတ္လပ္ေရးရရွိၿပီး ရက္သတၱပတ္ အနည္းငယ္အတြင္းမ်ာပင္ အစၥေရး ႏိုင္ငံသားမ်ားကို Israeli ဟု တရား၀င္သတ္မွတ္ေၾကာင္း ႏိုင္ငံျခားေရး ၀န္ႀကီး မိုေရွ ဒါယန္းက ေၾကညာခဲ့သည္။ ၁၉၂၀ ျပည့္ႏွစ္မွစ၍ ၁၉၄၈ ခုႏွစ္အထိ အစၥေရးႏိုင္ငံတည္ရွိသည့္ ေဒသ တစ္ခုလုံးကို ပါလက္စတိုင္းနယ္ေျမဟု အဂၤလိပ္ တို႕က သတ္မွတ္ခဲ့သည္။ ရာစုႏွစ္မ်ားအတြင္း ယင္းေနရာေဒသသည္ အမည္မ်ားစြာေျပာင္းလဲခဲ့သည္။

ေရွးအက်ဆုံးအေထာက္အထားမ်ားအရ လက္ရွိ အစၥေရးႏိုင္ငံတည္ေနရာတြင္ လြန္ခဲ့ေသာ ႏွစ္ တစ္သန္းခြဲတြင္ လူသား မ်ားေနထိုင္ခဲ့ၾကသည္။လြန္ခဲ့သည့္ ႏွစ္ ၁၂၀၀၀၀ က လက္ရွိ အစၥေရးႏိုင္ငံေျမာက္ပိုင္းတြင္ေနထိုင္ခဲ့သည့္ေရွးအက်ဆုံး လူသား ေက်ာက္ျဖစ္ရုပ္ၾကြင္းမ်ားကို ေတြ႕ရွိခဲ့သည္။ခရစ္ေတာ္မေပၚမွ ႏွစ္ ၁၀၀၀၀ တြင္ အစၥေရးႏိုင္ငံေနရာ၌ နာတူဖီယန္ ယဥ္ေက်းမႈ (Natufian Culture) ထြန္းကားခဲ့သည္။ အစၥေရးႏွင့္ ဂ်ဴဒါ ဘုရင့္ႏိုင္ငံမ်ား ရွိခဲ့သည့္ ကာလသည္ အျငင္းပြားဖြယ္ျဖစ္ခဲ့ကာ သမိုင္းပညာရွင္ မ်ားက ဘီစီ ၉၀၀ တြင္ အစၥေရး ဘုရင့္ႏိုင္ငံတည္ရွိခဲ့ေၾကာင္းႏွင့္ ဘီစီ ၇၀၀ တြင္ ဂ်ဴဒါ ဘုရင့္ႏိုင္ငံတည္ရွိသည့္ အခ်က္ကို လက္ခံခဲ့ ၾကသည္။

အစၥေရး ဘုရင့္ႏိုင္ငံသည္ ဘီစီ ၇၂၀ တြင္ အာဆာရီးယား အင္ပါယာ၏ ဖ်က္ဆီးျခင္းကိုခံခဲ့ရသည္။ထို႕အတူ ဘီစီ ၅၈၆ ခုႏွစ္တြင္ ေဘဘီလုံ ဘုရင္ ဒုတိယေျမာက္ နီဘူခ်ာနီဒက္ဇ္ က ဂ်ဴဒါတို႕ကို အႏိုင္ယူခဲ့သည္။ဟီဘရူး သမၼာက်မ္းစာမ်ားအရ သူသည္ ေဆာ္လမြန္ေက်ာင္း ေတာ္ကို ဖ်က္ဆီးၿပီး ဂ်ဴးမ်ားကို ေဘဘီလုံသို႕ ႏွင္ ထုတ္ခဲ့သည္ဟု ဆိုသည္။စစ္ေအာင္ႏိုင္မႈကို ေဘဘီလုံ ရာဇ၀င္တြင္လည္း မွတ္ တမ္းတင္ထားခဲ့သည္။ေဘဘီလုံကို ပါရွန္ ဆိုက္ပရပ္စ္ဘုရင္ အုပ္စိုးခ်ိန္တြင္ ေဘဘီလုံသို႔ ဂ်ဴးမ်ားကို ႏွင္ ထုတ္ျခင္းသည္ ရပ္တံ့ သြားခဲ့သည္။

အလယ္ေခတ္ႏွင့္ မ်က္ေမွာက္ေခတ္သမိုင္း

ေအဒီ ၆၃၄ ခုႏွစ္မွ ၆၄၁ ခုႏွစ္အတြင္း ေဂ်ရုဆလမ္ပါ၀င္သည့္ နယ္ေျမမ်ားကို အာရပ္မူဆလင္ မ်ားက ေအာင္ႏိုင္ခဲ့ကာ ႏွစ္ ၃၀၀ အတြင္း နယ္ေျမပိုင္ဆိုင္မႈသည္ အဆင့္ဆင့္ လႊဲေျပာင္းခဲ့သည္။ ၁၀၉၉ ခုႏွစ္တြင္ ခရူးဆိပ္စစ္ပြဲ အတြင္း ေဂ်ရုဆလမ္ကို ၀ိုင္းထားစဥ္ ဂ်ဴးမ်ားသည္ ဘက္ေပါင္းစုံမွ တိုက္ခိုက္ခဲ့ၾကသည္။ ၿမိဳ႕ေတာ္က်သြားခ်ိန္တြင္ လူေပါင္း ေျခာက္ေသာင္းသည္ အစုလိုက္အၿပဳံလိုက္ အသတ္ခံခဲ့ရသည္။ ဂ်ဴး လူမ်ိဳး ၆၀၀၀ အပါအ၀င္ လူမ်ားသည္ ရဟူဒီ ဘုရားေက်ာင္း တစ္ ေက်ာင္း တြင္ ခိုလႈံခြင့္ ေတာင္းခဲ့ၾကသည္။

ဂ်ဴးႏိုင္ငံေတာ္ က်ဆုံးခဲ့ၿပီးႏွစ္ေပါင္း ၁၀၀၀ ၾကာျမင့္ခဲ့ခ်ိန္တြင္ ႏိုင္ငံအႏွံ႕၌ ဂ်ဴး လူမႈအသိုက္အ၀န္းမ်ားေပၚထြန္းခဲ့သည္။ ၁၁၄၁ ခုႏွစ္တြင္ စပိန္ ဂ်ဴး ကဗ်ာဆရာ ယီဟူဒါေဟလ္ဗီက ဂ်ဴးလူမ်ိဳးမ်ားကို အစၥေရးႏိုင္ငံေနရာသို႕ ေရႊ႕ေျပာင္း၀င္ေရာက္ၾကရန္ ႏႈိုးေဆာ္ခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ကာ သူကိုယ္တိုင္လာေရာက္ခဲ့သည္။ ၁၁၈၇ ခုႏွစ္တြင္ စူလတန္ ဆလာဒင္သည္ ခရူးဆိပ္မ်ားကုိ အႏိုင္ရရွိခဲ့ကာ ေဂ်ရူဆလမ္ႏွင့္ ပါလက္စတိုင္းနယ္ေျမ မ်ားကို သိမ္းပိုက္ခဲ့သည္။စူလတန္သည္ ဂ်ဴးမ်ားကို ေဂ်ရုဆလမ္သို႕ ျပန္လာ ၍ အေျခခ်ရန္ တိုက္တြန္းခဲ့သည္။ ၁၂၁၁ ခုႏွစ္တြင္ ဂ်ဴးမ်ားသည္ ၿမိဳ႕ေတာ္အတြင္းအင္အားေတာင့္တင္းလာခဲ့သည္။

အာရပ္ႏုိင္ငံမ်ားၾကားက အစၥေရးႏုိင္ငံငယ္ေလး ေျမပုံ

၁၂၆၀ ျပည့္ႏွစ္တြင္ အစၥေရးသည္ အီဂ်စ္ မမ္လတ္ခ္ စူလတန္မ်ား ထိန္းခ်ဳပ္မႈေအာက္သို႕ ေရာက္ရွိခဲ့ကာ ကိုင္ရိုႏွင့္ဒမတ္စ္ စကတ္အၾကားတြင္ တည္ရွိခဲ့သည္။ ၁၂၆၆ ခုႏွစ္တြင္ အီဂ်စ္စူလတန္ ေဘဘာစ္သည္ ေဟဘရြန္ရွိ ပက္ထရီ အာ့ခ္ဂူကို အစၥလာမ္ ဘာသာ၀င္မ်ားသီးသန္႕ခိုလႈံရာေနရာဟု သတ္မွတ္ကာ ခရစ္ယန္ႏွင့္ ဂ်ဴးမ်ားကို ၀င္ေရာက္ခြင့္ပိတ္ပင္ခဲ့သည္။ ယခင္က ယင္းဂူကို အခေၾကးေငြ သတ္မွတ္ခ်က္ျဖင့္ ၀င္ခြင့္ျပဳခဲ့သည္။ယင္းတားျမစ္ခ်က္သည္ ၁၉၆၇ ခုႏွစ္တြင္ အစၥေရးကယင္းအေဆာက္ အအုံ ကို ထိန္းသိမ္းခဲ့ခ်ိန္အထိ ၾကာျမင့္ခဲ့သည္။

၁၄၇၀ ၿပည့္ႏွစ္တြင္ ေဂ်ရုဆလမ္၌ အစၥေရး မိသားစု ၁၅၀ ရွိခဲ့ရာမွ ၁၆ ရာစု အေစာပိုင္းတြင္ လူဦးေရ ၁၀၀၀၀ အထိ တိုးတက္ လာခဲ့သည္။အစၥေရးသည္ ၁၅၁၆ ခုႏွစ္တြင္ ေအာ္တိုမန္အင္ပါရာေအာက္သို႕ ေရာက္ရွိခဲ့ကာ ပထမကမၻာစစ္ၿပီးဆုံးခ်ိန္ အထိ တူရကီ တို႕က အုပ္ခ်ဳပ္ခဲ့သည္။၁၉၂၀ ျပည့္ႏွစ္တြင္ ၿဗိတိန္ႏွင့္ ျပင္သစ္တို႕သည္ အစၥေရးနယ္ေျမကို ခြဲေ၀ အုပ္ခ်ဳပ္ခဲ့ၾကရာ ယခု အစၥေရး ေနရာ သည္ ၿဗိတိသွ် အုပ္ခ်ဳပ္မႈ ေအာက္တြင္ရွိခဲ့သည္။

ဒုတိယကမၻာစစ္ႀကီးၿပီးဆုံးခ်ိန္တြင္ ၿဗိတိန္တို႕သည္ ဂ်ဴးမ်ား၀င္ေရာက္မႈႏွင့္ ပတ္သက္၍ ဂ်ဴးအသိုက္အ၀န္းမ်ား ျပႆနာ မ်ားကိုရင္ဆိုင္ခဲ့ရသည္။၁၉၄၆ ခုႏွစ္ ဇူလိုင္လ ၂၂ ရက္တြင္ အာဂန္အဖြဲ႕သည္ ပါလက္စတိုင္းမ်ားအတြက္ ဖြင့္လွစ္ထားသည့္ ၿဗိတိသွ် အုပ္ခ်ဳပ္ေရးဌာနကို တိုက္ခိုက္ခဲ့ရာ ၉၁ ဦးေသဆုံး၍ ၄၆ ဦး ဒဏ္ရာရရွိခဲ့သည္။ယင္းတိုက္ခိုက္မႈကို ေသေပ်ာက္မႈ အမ်ား ဆုံးအၾကမ္း ဖက္တိုက္ခိုက္မႈဟု ေၾကညာခဲ့ၿပီး ၁၉၄၇ ခုႏွစ္တြင္ ၿဗိတိသွ်တို႕သည္ ပါလက္စတိုင္းနယ္ေျမမွဆုတ္ခြာမည္ ဟုေၾကညာ ခဲ့သည္။

၁၉၄၈ ခုႏွစ္တြင္ အာရပ္အစၥေရးစစ္ပြဲျဖစ္ပြားခဲ့ရာ ယီမင္၊ ေမာ္ရိုကို၊ေဆာ္ဒီအာေရဗ်ႏွင့္ ဆူဒန္တို႔ ပါ၀င္တိုက္ခိုက္ခဲ့ကာ အာရပ္ေခါင္းေဆာင္အခ်ိဳ႕ ဂ်ဴးမ်ားကို ပင္လယ္အတြင္းသို႕ ေမာင္းထုတ္ရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ တစ္ႏွစ္ၾကာ တိုက္ခိုက္ခဲ့ၾကၿပီးေနာက္ စစ္ေျပၿငိမ္းခဲ့ကာ အစိမ္းေရာင္နယ္ေျမသတ္မွတ္နယ္နိမိတ္ (Green Line) ကို ထူေထာင္ခဲ့သည္။ ေဂ်ာ္ဒန္က အေရွ႕ ေဂ်ရုဆလမ္ အပါအ၀င္အေနာက္ဘက္ကမ္းကို သိမ္းယူ၍ အီဂ်စ္က ဂါဇာကမ္းေျမွာင္ေဒသကို သိမ္းပိုက္ခဲ့သည္။ စစ္ပြဲအတြင္း ပါလက္စတိုင္း ခုနစ္သိန္းေက်ာ္ ထြက္ေျပးခဲ့ရေၾကာင္း ကုလသမဂၢက ခန္႕မွန္းခဲ့ေပသည္။

အစၥေရးေခါင္းေဆာင္ႀကီးေတြျဖစ္တဲ့ ေဒးဗစ္ဘင္ဂူရီယံ ႏွင့္ မုိေရွဒါယန္

အစၥေရးသည္ ၁၉၄၉ခုႏွစ္ ေမလ ၁၁ ရက္တြင္ ကုလသမဂၢအဖြဲ႕၀င္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့သည္။ အာရပ္ႏိုင္ငံမ်ားမွ ဂ်ဴး မ်ားသည္ အစၥေရးသို႕ ေျပာင္းေရႊ႕၀င္ေရာက္ခဲ့ၾကရာ သုံးႏွစ္အတြင္း ဦးေရ ၁.၄သန္း အထိရွိခဲ့ၿပီး ၁၉၅၈ ခုႏွစ္တြင္ အစၥေရး ႏိုင္ငံ လူဦးေရသည္ ႏွစ္သန္းေက်ာ္ ျဖစ္လာခဲ့သည္။ ၁၉၄၈ ခုႏွစ္မွ ၁၉၇၀ ျပည့္ႏွစ္အထိ အစၥေရးႏိုင္ငံသည္ ဂ်ဴးဒုကၡသည္ ၁၁၅၀၀၀၀ ကို လက္ခံေနရာခ်ထားေပးခဲ့သည္။ အီဂ်စ္သမၼတ နာဆာေခါင္းေဆာင္သည့္ အာရပ္ႏိုင္ငံမ်ားသည္ အစၥေရးႏိုင္ငံကို အသိအမွတ္ျပဳရန္ ျငင္းဆန္ခဲ့ၾကၿပီး အစၥေရး ႏိုင္ငံကို ေခ်မႈန္းရန္ ႏႈိးေဆာ္ခဲ့ၾကသည္။

၁၉၆၆ ခုႏွစ္တြင္ အစၥေရးႏွင့္ အာရပ္ႏိုင္ငံမ်ားသည္ ဆက္ဆံေရး ဆိုးရြားလာခဲ့ကာ ၁၉၆၇ ခုႏွစ္တြင္ ကမာၻေက်ာ္ ေျခာက္ရက္စစ္ပြဲျဖစ္ပြားခဲ့သည္။အာရပ္မ်ားဘက္မွ အီဂ်စ္၊ ေဂ်ာ္ဒန္၊ ဆီရီးယားႏွင့္ အီရတ္တို႕ပါ၀င္တိုက္ခိုက္ ခဲ့ၾကၿပီး စစ္ပြဲကို အစၥေရးတို႕ အႏိုင္ရရွိခဲ့ကာ အေနာက္ဘက္ကမ္း၊ ဂါဇာကုန္းျမင့္နွင့္ ဆိုင္ႏိုင္းကၽြန္းဆြယ္တို႕ကို သိမ္းပိုက္ခဲ့သည္။ အစိမ္းေရာင္နယ္ေျမသတ္မွတ္နယ္နိမိတ္သည္ အစၥေရးႏွင့္ သိမ္းပိုက္နယ္ေျမမ်ား၏ နယ္စပ္ျဖစ္လာခဲ့သည္။

အစၥေရးသည္ ၁၉၆၇ ခုႏွစ္ စစ္ပြဲၿပီးဆုံးျပီးေနာက္ အီဂ်စ္ႏွင့္ပါလက္စ္တိုင္းတို႕၏ တိုက္ခိုက္ျခင္းကိုရင္ဆိုင္ခဲ့ရသည္။ အစၥေရးကို အဓိက ဆန္႕က်င္တိုက္ခိုက္သည့္ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕(PLO) သည္ အမိေျမ လြတ္ေျမာက္ေရးအတြက္ လက္နက္ကိုင္သည့္ နည္းလမ္းျဖင့္သာလွ်င္ေျဖရွင္းရမည္ဟုခံယူခဲ့သည္။၁၉၇၂ ခုႏွစ္ ျမဴးနစ္အိုလံပစ္ပြဲေတာ္တြင္ အစၥေရးအားကစား သမားမ်ား သတ္ျဖတ္ခံရမႈကို တုံ႕ျပန္ေသာအားျဖင့္ အစၥေရးတို႕သည္ လက္ဘႏြန္ႏိုင္ငံရွိ PLO ရုံးခ်ဳပ္ကို ဗုံးၾကဲတိုက္ခိုက္ခဲ့သည္။

ကမာၻေက်ာ္ ၆ရက္စစ္ပြဲ

၁၉၇၃ ခုႏွစ္တြင္ အစၥေရးသည္ အီဂ်စ္၊ ဆီးရီးယားတို႕ႏွင့္ ရက္ ၂၀ ၾကာ ယြမ္ကစ္ပါစစ္ပြဲ (Yom Kippur War)ျဖစ္ပြားခဲ့ကာ အစၥေရးစစ္သည္ ၂၅၀၀ ေက်ာ္က်ဆုံးခဲ့သည္။၁၉၇၆ ခုႏွစ္တြင္လည္း အစၥေရးေလယာဥ္ကို ျပန္ေပးဆြဲကာ ယူဂႏၶာႏိုင္ငံ၊ အင္တက္ ဘီတြင္ ဆင္းသက္ခိုင္းခဲ့ၿပီးေနာက္ အစၥေရးအထူးတပ္ဖြဲ႕သည္ ဓားစာခံအျဖစ္ ဖမ္းဆီးခံထားရသူ အစၥေရးလူမ်ိဳး ၁၀၆ ဦးအနက္ ၁၀၂ ဦးကို ကယ္တင္ႏိုင္ခဲ့သည္။

ျငိမ္းခ်မ္းေရးလမ္းစ

အီဂ်စ္သမၼတ အန္၀ါဆဒတ္သည္ ၁၉၇၈ ခုႏွစ္တြင္ အစၥေရးႏိုင္ငံသို႕ လာေရာက္လည္ပတ္ခဲ့ကာ အစၥေရးကို ပထမဆုံး အသိ အမွတ္ျပဳခဲ့သည္။ ၁၉၇၉ ခုႏွစ္တြင္ အစၥေရး အီဂ်စ္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီး အစၥေရးက ဆိုင္ႏိုင္းကၽြန္းဆြယ္မွ ဆုတ္ ခြာေပးခဲ့ၿပီး အေနာက္ဘက္ကမ္း၊ ဂါဇာကမ္းေျမွာင္တို႕ႏွင့္ စပ္လ်ဥ္း၍ ပါလက္စတိုင္းတို႕ႏွင့္ ညွိႏိႈင္းေဆြးေႏြးရန္ သေဘာတူ ခဲ့သည္။ သို႕ေသာ္ အစၥေရးႏွင့္ ပါလက္စတိုင္းတို႕သည္ အျပန္အလွန္တိုက္ခိုက္ခဲ့ၾကသည္။ အစၥေရးတို႕သည္ သိမ္းပိုက္ထားသည့္ အေနာက္ဘက္ကမ္းတြင္ အိမ္ရာမ်ားေဆာက္လုပ္ခဲ့သည္။

၁၉၈၀ မွ ၁၉၉၀ ခုႏွစ္ မ်ားအတြင္း အီသီယိုးပီယားႏွင့္ ယခင္က ဆိုဗီယက္အုပ္စုႏိုင္ငံမွ ဂ်ဴးမ်ားကို လက္ခံခဲ့သျဖင့္ အစၥေရးႏိုင္ငံ လူဦးေရသည္ ၁၂ ရာခိုင္ ႏႈန္းတိုးတက္လာခဲ့သည္။၁၉၈၁ ခုႏွစ္ ဇြန္လ ၇ ရက္တြင္ အစၥေရးသည္ အီရတ္ႏိုင္ငံနယူးကလီးယား ဓာတ္ေပါင္းဖို တည္ေဆာက္ ေရးလုပ္ငန္းကို ဗုံးၾကဲဖ်က္ဆီးခဲ့သည္။ အစၥေရးႏွင့္ PLO အဖြဲ႕သည္ ၁၉၈၅ ခုႏွစ္အထိ အျပန္အလွန္ တိုက္ခဲ့ၾကၿပီး ၁၉၉၁ ခုႏွစ္တြင္ ပင္လယ္ေကြ႕စစ္ပြဲျဖစ္ ပြား ခ်ိန္၌ အီရတ္က အစၥေရးကို စကပ္ဒ္ ဒုံးက်ည္ျဖင့္ ပစ္ခတ္ခဲ့ေသာ္လည္း အစၥေရးသည္ လက္တုံ႕ျပန္ျခင္းမျပဳဘဲ စစ္ပြဲတြင္ပါ ၀င္ျခင္း မျပဳခဲ့ေခ်။

သို႕ေသာ္ ၁၉၉၂ ခုႏွစ္တြင္ အစၥေရး ၀န္ၾကီးခ်ဳပ္ ရွီမြန္ပဲရက္စ္ႏွင့္ PLO ေခါင္းေဆာင္မာမြတ္ အက္ဘားစ္ တို႕သည္ ေအာ္စလို သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကၿပီး ၁၉၉၄ ခုႏွစ္တြင္ ေဂ်ာ္ဒန္ႏွင့္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ သည္။၂၀၀၀ ျပည့္ႏွစ္တြင္ အေမရိကန္ႏိုင္ငံ ေဒးဗစ္စခန္းတြင္ အစၥေရးႏွင့္ ပါလက္စတိုင္းတို႕ ၿငိမ္းခ်မ္းေရးသေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကသည္။

လက္ရွိ အစၥေရး

၂၀၁၈ ခုႏွစ္တြင္ အစၥေရးႏိုင္ငံ၏ လူဦးေရကို ၈.၈၇သန္း ဟု ခန္႕မွန္ထားကာ လူဦးေရ၏ ၇၄ ဒသမ ၇ ရာခိုင္ႏႈန္းသည္ ဂ်ဴးလူမ်ိဳးမ်ားျဖစ္ၾကသည္။ အာရပ္မ်ားက ၂၀ ဒသမ ၈ ရာခိုင္ႏႈန္း၊ အာရပ္မဟုတ္ေသာ ခရစ္ယန္မ်ားႏွင့္ ဘာသာမဲ့မ်ားက ၄ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္သည္။ အစၥေရးႏိုင္ငံ လူဦးေရ၏ ၉၂ ရာခိုင္ႏႈန္းသည္ ၿမိဳ႕ျပမ်ားတြင္ေနထိုင္လ်က္ရွိၾကသည္။ လြန္ခဲ့သည့္ ဆယ္စုႏွစ္ အတြင္း ရိုေမးနီးယား၊ ထိုင္း၊ တရုတ္ႏွင့္ ေတာင္အေမရိကမွ လုပ္သားမ်ားသည္အစၥေရးသို႕ ၀င္ေရာက္ခဲ့ၾကသည္။ တိက်ေသာ စာရင္း ကို မသိရွိရေသာ္လည္း အစၥေရးႏိုင္ငံတြင္ တရားမ၀င္ေနထိုင္သူဦးေရသည္ ႏွစ္သိန္းေက်ာ္ ရွိသည္။

၂၀၁၂ ခုႏွစ္တြင္ ခန္႕မွန္း အာဖရိက လူမ်ိဳး ေျခာက္ေသာင္းသည္ အစၥေရးႏိုင္ငံအတြင္းသို႕ ၀င္ေရာက္လာခဲ့သည္။ အစၥေရးႏိုင္ငံရွိ ဂ်ဴးလူဦးေရ ၇၇ ရာခိုင္ႏႈန္းသည္ အစၥေရးတြင္ ေမြးဖြားခဲ့ၾကသူမ််ားျဖစ္ၿပီး ၁၆ ရာခိုင္ႏႈန္းသည္ ဥေရာပႏွင့္ အေမရိက မွ ေျပာင္းေရႊ႕လာၾကသူမ်ားျဖစ္ၾကကာ ၇ ရာခိုင္ႏႈန္းသည္ အာရပ္ႏိုင္ငံမ်ား၊ အာရွႏွင့္အာဖရိကမွ ေရာက္ရွိလာခဲ့ၾကသည္။ ေဂ်ရုဆလမ္သည္ ေနထိုင္သူ ၈၈၂ ၆၅၂ ဦး ရွိကာ အစၥေရးႏိုင္ငံ၏ အဓိက ၿမိဳ႕ျပ ေလးေနရာအနက္ အမ်ားဆုံးျဖစ္သည္။

အစၥေရးရဲ႕ တတိယအႀကီးဆုံးၿမဳိ႕ haifa

တဲလ္အဗစ္တြင္ လူဦးေရ ၄၃၈၈၁၈ ဦးႏွင့္ ဟိုင္ဖာတြင္ လူဦးေရ ၂၇၉၅၉၁ ဦး ေနထိုင္သည္။ အစၥေရးႏိုင္ငံတြင္ လူဦးေရ တစ္သိန္း ေက်ာ္ ေနထိုင္သည့္ ၿမိဳ႕ေတာ္ ၁၅ ၿမိဳ႕ရွိသည္။ ေဂ်ရုဆလမ္ၿမိဳ႕ေတာ္သည္ ဂ်ဴးမ်ား၊ မူဆလင္မ်ားႏွင့္ ခရစ္ယာန္မ်ားအတြက္ ဘာသာေရး ဆိုင္ရာ ယုံၾကည္မႈႏွင့္ ဆက္ႏြယ္ေနသည့္ အထူးအေရးပါေသာ ၿမိဳ႕ေတာ္ျဖစ္ကာ ဂ်ဴးဘုရားေက်ာင္းမ်ား၊ ဗလီမ်ား၊ ခရစ္ယာန္၀တ္ျပဳေက်ာင္းမ်ား တည္ရွိသည္။

အစၥေရးႏိုင္ငံ၏ တရား၀င္ရုံးသုံးစကားသည္ ဟီဘရူးႏွင့္ အာေရဗ်ဘာသာတို႕ျဖစ္သည္။ ဟီဘရူးဘာသာစကားကို လူအမ်ား စုက ေန႔စဥ္ေျပာဆိုသုံးစြဲၾကကာ အာေရဗ်ဘာသာစကားကို လူနည္းစုအာရပ္မ်ားကေျပာဆိုၾကၿပီး ဟီဘရူးစကားကို အာရပ္ေက်ာင္း မ်ားတြင္ သင္ၾကားသည္။ ေရႊ႕ေျပာင္းလာသူမ်ား မ်ားျပားသျဖင့္ အဂၤလိပ္၊ ျပင္သစ္၊ ရုရွစသည့္ အျခားဘာသာစကားမ်ားကို ေျပာဆို ၾကသူမ်ားကိုလည္း ေတြ႕ရွိႏိုင္သည္။ အစၥေရးႏိုင္ငံရုပ္သံထုတ္လႊင့္မႈမ်ားတြင္ အဂၤလိပ္ဘာသာျဖင့္ ေအာက္ေျခ စာတမ္းထိုးေပးသကဲ့သို႕ တကၠသိုလ္၊ ေကာလိပ္ မ်ား တြင္လည္း ဘာသာရပ္မ်ားကို အဂၤလိပ္ဘာသာျဖင့္ ပို႕ခ်ေပးလ်က္ရွိသည္။

ပညာေရး

အစၥေရးႏိုင္ငံသည္ ပညာေရးကို အထူး ဦးစားေပးသည့္ ႏိုင္ငံျဖစ္ကာ မသင္မေနရပညာေရးစနစ္ကို က်င့္သုံးသည္။ ဘီလ္ဂိတ္ အပါအ၀င္ ကမၻာ့ စီးပြားေရး လုပ္ငန္းရွင္မ်ားသည္ အစၥေရးႏိုင္ငံ၏ စီးပြားေရးႏွင့္ နည္းပညာကို တစ္ဟုန္ထိုး တိုးတက္ ေစသည့္ ပညာေရးစနစ္ျမင့္မားမႈကို ခ်ီးက်ဴးေလ့ရွိၾကသည္။ အစၥေရးႏိုင္ငံ၏ ပညာေရးစနစ္သည္ ၂၀၁၅ ခုႏွစ္တြင္ကေနဒါႏွင့္ ဂ်ပန္ၿပီး လွ်င္ တတိယ အဆင့္တြင္ ရပ္တည္ႏိုင္ခဲ့သည္။အသက္ ၂၅ ႏွစ္မွ ၆၄ ႏွစ္ၾကား တကၠသိုလ္အဆင့္ ပညာတတ္ေျမာက္မႈသည္ ၄၉ ရာခိုင္ ႏႈန္းရွိသည္။လူတစ္ဦးခ်င္း ဘြဲ႕ဒီဂရီ ရရွိမႈသည္ လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းျဖစ္သည္။

ဘင္ဂူရီယံ တကၠသုိလ္

အစၥေရးႏိုင္ငံေက်ာင္းသားမ်ား၏ ပညာသင္ယူခ်ိန္သက္တမ္းသည္ ၁၆ ႏွစ္ၿဖစ္ကာတစ္ႏိုင္ငံလုံး စာတတ္ေျမာက္မႈသည္ ၉၇ ဒသမ ၈ ျဖစ္သည္။သုံးႏွစ္မွ ရွစ္ႏွစ္အၾကား ကေလးမ်ားသည္ ေက်ာင္းစတင္တက္ေရာက္ၾကရ ၿပီး မူလတန္း၊ အလယ္တန္း၊အထက္ တန္းဟု သုံးဆင့္ သတ္မွတ္ထားသည္။မူလတန္းတြင္ ေျခာက္ႏွစ္၊ အလယ္တန္းတြင္သုံးႏွစ္ႏွင့္ အထက္တန္းတြင္သုံးႏွစ္တက္ေရာက္ ၾကရသည္။တကၠသိုလ္ပညာေရးသည္ ေလးႏွစ္ျဖစ္သည္။အစၥေရးႏိုင္ငံတြင္ တကၠသိုလ္ ၉ခုႏွင့္ ေကာလိပ္ ၄၉ ခု ဖြင့္လွစ္ထား သည္။

အစိုးရ ႏွင့္ မူ၀ါဒေရးရာ

လက္ရွိ အစၥေရးႏိုင္ငံ၏ သမၼတသည္ Reuven Rivlin ျဖစ္ၿပီး ၀န္ႀကီးခ်ဳပ္မွာ Benjamin Netanyahu ျဖစ္သည္။ ပါလီမန္ဒီမို ကေရစီစနစ္ကို က်င့္သုံးသည့္ အစၥေရးသည္ လႊတ္ေတာ္ (Knesset) တစ္ရပ္သာထားရွိၿပီး ကိုယ္စားလွယ္ ၁၂၀ ဦးျဖင့္ ဖြဲ႕စည္း သည္။ လႊတ္ေတာ္၏ ေထာက္ခံမႈ အမ်ားဆုံးရရွိသူက အစိုးရအဖြဲ႕ကို ဦးေဆာင္သည့္ ၀န္ႀကီးခ်ဳပ္တာ၀န္ကို ထမ္းေဆာင္ရသည္။ အစၥေရး သမၼတသည္ ႏိုင္ငံအၾကီးအကဲအျဖစ္ တာ၀န္ယူကာ တာ၀န္ ကန္႕သတ္ခ်က္မ်ားရွိသည္။

ပါလီမန္ေရြးေကာက္ပြဲကို ေလးႏွစ္ တစ္ၾကိမ္က်င္းပေသာ္လည္း ညြန္႕ေပါင္းအဖြဲ႕မ်ား မတည္ၿငိမ္မႈႏွင့္ အယုံၾကည္မရွိ အဆို မ်ားက လႊတ္ေတာ္ကို ဖ်က္သိမ္းႏိုင္သည္။တရားစီရင္ေရးကို ၿမိဳ႕နယ္၊ ခရိုင္ႏွင့္ တရားရုံးခ်ဳပ္တို႕က အဆင့္ဆင့္ ေဆာင္ရြက္သည္။ တရားစီရင္ရာတြင္ ရာဇ၀တ္ဥပေဒ၊ တရားမ ဥေပဒမ်ားအျပင္ ဂ်ဴးဥပေဒကိုလည္း က်င့္သုံးသည္။ အထူးသျဖင့္ လက္ထပ္ထိမ္းျမားျခင္းႏွင့္ ကြာရွင္းျပတ္စဲျခင္းတို႕ကို ဘာသာေရး ခုံရုံးမ်ားက ေဆာင္ရြက္ေပးေလ့ရွိသည္။

အစၥေရးလႊတ္ေတာ္

အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးတြင္ ႏိုင္ငံ ၁၅၈ ႏိုင္ငံႏွင့္ သံတမန္ဆက္ဆံမႈထူေထာင္ထားကာ ကမၻာအႏွံ႕ သံရုံး ၁၀၇ ရုံး ဖြင့္လွစ္ထားသည္။ အီဂ်စ္ ၊ ေဂ်ာ္ဒန္ႏွင့္ ေမာရိသွ်တို႕ႏွင့္ ပုံမွန္ဆက္သြယ္မႈ ရွိျခင္းမွလြဲ၍ မြတ္ဆလင္ ႏိုင္ငံအမ်ားစုႏွင့္ သံတမန္ အဆက္အသြယ္မရွိေခ်။ သို႕ေသာ္ အဇာဘိုင္ဂ်န္ႏိုင္ငံ ႏွင့္ အစၥေရးတို႕သည္ အျပန္အလွန္ကူညီမႈမ်ားေၾကာင့္ေကာင္းမြန္ေသာ ဆက္ဆံေရးတိုးတက္လ်က္ရွိသည္။ အဇာဘိုင္ဂ်န္က အစၥေရးႏိုင္ငံအတြက္ လိုအပ္သည့္ ေလာင္စာမ်ားျဖည့္ဆည္းေပး သကဲ့သို႕ အစၥေရးတို႕ကလည္း အဇာဘိုင္ဂ်န္ႏိုင္ငံတပ္မေတာ္ ေခတ္မီတိုးတက္ေရကို ေဆာင္ရြက္ေပး လ်က္ရွိေနသည္။

ၿငိမ္းခ်မ္းေရး စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေသာ္လည္း အီဂ်စ္အမ်ားစုက အစၥေရးကို ရန္သူႏိုင္ငံဟု ခံယူထားၾကသကဲ့သို႕ အစၥေရး ဥပေဒအရ လက္ဘႏြန္၊ဆီရီးယား၊ ေဆာ္ဒီအာေရဗ်၊ အီရတ္၊ အီရန္၊ ဆူဒန္ႏွင့္ ယီမင္ႏိုင္ငံတို႕သည္ ရန္သူမ်ားျဖစ္ၾကသည္။ အစၥေရးႏိုင္ငံသားမ်ားသည္ ျပည္ထဲေရး ၀န္ႀကီးဌာနက ခြင့္ျပဳခ်က္ျပဳမွသာ ယင္းႏိုင္ငံမ်ားသို႕ သြားေရာက္ႏိုင္ၾကသည္။

စစ္ေရးႏွင့္ စီးပြားေရး

အစၥေရးတပ္မေတာ္သည္ စစ္ပြဲမ်ားစြာ ဆင္ႏႊဲခဲ့သည့္ အေတြ႕အၾကဳံမ်ားရွိခဲ့ၿပီး ေလ့က်င့္မႈ အမ်ားဆုံး တပ္မေတာ္အျဖစ္ ထင္ရွားသည္။ အသက္ ၁၈ ႏွစ္ ျပည့္သူတိုင္း ေယာက္်ားေလးမ်ားက ႏွစ္ ႏွစ္ ႏွင့္ ရွစ္လၾကာ၊ မိန္းကေလးမ်ားက ႏွစ္ႏွစ္ ၾကာ စစ္မႈထမ္းၾကရသည္။ အာရပ္ႏြယ္ဖြား အစၥေရးႏိုင္ငံသားမ်ားကို မူ ဘာသာေရး တာ၀န္မ်ားျပားမႈေၾကာင့္ စစ္မႈထမ္းျခင္းမွ ကင္းလြတ္ ခြင့္ျပဳထားသည္။ အစၥေရးတပ္မေတာ္တြင္ အၿမဲတမ္းစစ္သည္ ၁၇၆၅၀၀ ႏွင့္ အရံ စစ္သည္ ၄၄၅၀၀၀ ရွိသည္။အစၥေရး တပ္မေတာ္သည္ နည္ပညာျမင့္မားေသာ လက္နက္မ်ားကိုကိုယ္တိုင္ထုတ္လုပ္သကဲ့သို႕ ျပည္ပမွလည္း တင္သြင္းသည္။ အစၥေရးႏိုင္ငံထုတ္အဲရိုး ဒုံးက်ည္သည္ ေက်ာ္ၾကားသည့္ တိုက္ခ်င္းစ္ ဒုံးက်ည္စနစ္ျဖစ္ေပသည္။

အစၥေရးႏိုင္ငံသည္ နယူးကလီယား ႏွင့္ ဓာတု လက္နက္မ်ားပိုင္ဆိုင္ထားသည္ဟု ယူဆၾကသည္။ကာကြယ္ေရးကို အထူးဦးစားေပးသည့္ ႏိုင္ငံျဖစ္သည့္ အစၥေရးသည္ ကာကြယ္ေရး အသုံးစရိတ္မ်ားစြာကို သုံးစြဲခဲ့ရာ ၁၉၇၅ ခုႏွစ္တြင္ ျပည္တြင္း အသားတင္ ထုတ္လုပ္မႈ တန္ဖိုး (GDP) ၏ ၃၀ ဒသမ ၃ ရာခိုင္ႏႈန္း အထိ သုံးစြဲခဲ့သည္။၂၀၁၆ ခုႏွစ္ တြင္ စစ္စရိတ္ ေဒၚလာ ၁၈ ဘီလီယံ သုံးစြဲခဲ့ကာ ကမၻာ့ စစ္စရိတ္ ေငြပမာဏ အသုံးစြဲဆုံး အဆင့္ ၁၅ ေနရာ တြင္ရပ္တည္ခဲ့သည္။ ႏွစ္ဦး နားလည္မႈ စာခၽြန္အရ အေမရိကန္က အစၥေရးကို ႏွစ္စဥ္အေမရိကန္ ေဒၚလာ ၃ ဒသမ ၈ ဘီလီယံ ေထာက္ပံ့ေပးလ်က္ရွိေနေပသည္။ အစၥေရးႏိုင္ငံ ၏လက္နက္တင္ပို႕ေရာင္းခ်မႈသည္ ၂၀၁၆ ခုႏွစ္တြင္ နံပတ္ ၇ ေနရာတြင္ ရွိခဲ့သည္။

အစၥေရးသည္အေနာက္ေတာင္ အာရွႏွင့္ အေရွ႕အလယ္ပိုင္းတြင္တြင္ စီးပြားေရး ႏွင့္ စက္မႈဖြံ႕ၿဖိဳးမႈ အရွိဆုံးႏိုင္ငံျဖစ္ကာ သယံဇာတ အရင္းအျမစ္နည္းပါးေသာ္လည္း စိုက္ပ်ိဳးေရးႏွင့္ စက္မႈလုပ္ငန္း စီးပြားေရးသည္ ဆယ္စုႏွစ္မ်ားအတြင္း အစၥေရးႏိုင္ငံကို အထူးတိုး တက္ေကာင္းမြန္ခဲ့သည္။ ျပည္တြင္းရိကၡာ ဖူလုံမႈရွိၿပီး ၂၀၁၆ ခုႏွစ္တြင္ ကုန္ၾကမ္းမ်ား၊ စစ္ပစၥည္းမ်ား၊ ရင္းႏွီးျမွုပ္ႏွံရန္ ထုတ္ကုန္ မ်ား၊စိန္ရိုင္းမ်ား၊ေလာင္စာဆီမ်ား၊လူသုံးကုန္မ်ားကို ျပည္ပမွ တင္သြင္းခဲ့ရာ အေမရိကန္ေဒၚလာ ၅၇ ဒသမ ၉ ဘီလီယံဖိုး ရွိခဲ့ၿပီး ျပည္ပသို႔ တင္ပို႕ေရာင္းခ်မႈ တန္ဖိုးသည္ အေမရိကန္ေဒၚလာ ၅၁ ဒသမ ၆၁ ဘီလီယံျဖစ္သည္။

သဲကႏာၱရထဲမွာပင္ ေအာင္ျမင္ျဖစ္ထြန္းေနေသာ အစၥေရးတုိ႔၏ စုိက္ပ်ဳိးေရး

အစၥေရး ဘဏ္တြင္ ႏိုင္ငံသုံးေငြ အရံ ပမာဏသည္ ၉၇ ဒသမ ၂၂ ဘီလီယံရွိသည္။ ျပည္ပ ေၾကြးျမီ အနည္းဆုံးႏိုင္ငံမ်ား တြင္ တစ္ႏိုင္ငံျဖစ္သည့္ အစၥေရးသည္ နည္းပညာကုမၸဏီ မ်ား ၏ရင္းႏွီးျမွဳပ္ႏွံမႈမွ အျမတ္အစြန္းမ်ားစြာရရွိလ်က္ရွိသည္။ ႏိုင္ငံေသးငယ္ေသာ္လည္း လမ္းမိုင္ ၁၁၉၄၅ မိုင္ေဖာက္လုပ္ထားၿပီး ေမာ္ေတာ္ယာဥ္ သုံးသန္းရွိရာ လူ၁၀၀၀ တြင္ ယာဥ္ ၃၆၅ စီးပိုင္ဆိုင္သည္။မီးရထားလမ္းမိုင္ ၇၉၃ မိုင္ ေဖာက္လုပ္ထားကာ အစိုးရပိုင္ မီးရထားလုပ္ငန္းက မီးရထားမ်ားေျပးဆြဲသည္။ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ႏွစ္ခု တည္ေဆာက္ထားၿပီး ၂၀၁၅ ခုႏွစ္တြင္ Ben Gurion ေလယာဥ္ကြင္းတြင္ ခရီးသည္ ၁၅ သန္း ၀င္ထြက္ခဲ့သည္။

ေျမထဲပင္လယ္ကမ္းေျခရွိ ဟိုင္ဖာ ဆိပ္ကမ္းသည္ အစၥေရးႏိုင္ငံ၏ အႀကီးဆုံး ဆိပ္ကမ္းျဖစ္သည္။ ကမာၻလွည့္ ခရီးသြားမ်ား အစၥေရးႏိုင္ငံသို႕ လာေရာက္လည္ပတ္မႈသည္ ၂၀၁၃ ခုႏွစ္တြင္ ၃ ဒသမ ၅၄ သန္းျဖစ္သည္။ ေျမထဲပင္လယ္အေရွ႕ေတာင္ဘက္ကမ္းေျခ တြင္တည္ရွိသည့္ အစၥေရးႏိုင္ငံသည္ ေသးငယ္ေသာ ႏိုင္ငံငယ္တစ္္ခုျဖစ္ေသာ္ လည္း မိမိႏွင့္ႏိုင္ငံေရး မသင့္ျမတ္သည့္ အာရပ္မ်ား၀ိုင္းေနသည့္ၾကားမွ ႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေခတ္အဆက္ဆက္ထူေထာင္ ႏိုင္ခဲ့ ေပသည္။ မ်ိဳးခ်စ္စိတ္ဓာတ္ကို အေျခတည္လ်က္ ေကာင္းမြန္ေသာ ပညာေရးစနစ္၊ တိုးတက္ေသာ နည္းပညာ၊ ႀကီးမားေသာ လူ႕စြမ္း အား အရင္းအျမစ္ ႏွင့္ ေတာင့္တင္းေသာ စစ္အင္အားတို႕ေၾကာင့္ အစၥေရးသည္ ကမၻာက ေလးစားရသည့္ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့ေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၈ ခုႏွစ္ ဧၿပီလထုတ္ သုတအလင္းမဂၢဇင္းမွ


အာရပ်နိုင်ငံများကြားက အစ္စရေးနိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ကောင်းစည်သူ (သုတအလင်း)

နိုင်ငံရေး အဆင်မပြေမှုများကြောင့် ရန်သူအာရပ်များဝိုင်းရံနေသည့် အစ္စရေးနိုင်ငံသည် များစွာသော ရန်သူ အင်အားများ ကို ဂရုမမူဘဲ အရှေ့အလယ်ပိုင်းဒေသ၊ မြေထဲပင်လယ်အရှေ့တောင်ဘက်ကမ်းခြေနှင့်ပင်လယ်နီ မြောက်ပိုင်းကမ်းခြေ အကြားတွင် ရဲရဲဝံ့ဝံ့ ရပ်တည်နေသည်။အစ္စရေးနိုင်ငံ၏ မြောက်ဘက်တွင် လက်ဘနွန်၊အရှေ့မြောက်ဘက်တွင် ဆီးရီးယား၊အရှေ့ ဘက်တွင် ဂျော်ဒန်၊ အနောက်ဘက်ကမ်းနှင့် ဂါဇာကုန်းမြေတို့တွင် ပါလက်စတိုင်းတို့နှင့်နယ်ချင်းဆက်နေသကဲ့သို့ အနောက်တောင်ဘက် တွင် အီဂျစ်နိုင်ငံနှင့် ထိစပ်နေသည်။ သေးငယ်သော အစ္စရေးနိုင်ငံ၏ ပထဝီဝင်သွင်ပြင်သည် ကွဲပြားခြားနားမှု များစွာရှိနေကာ စီးပွားရေးနှင့် နည်းပညာသည် မြို့တော် တဲလ်အဗစ်တွင်စုစည်းနေသည်။ အစ္စရေး အစိုးရသည် ဂျေရုဆလမ်ကို မြို့တော်အဖြစ် ကြေညာထားသော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့ချေ။

အစ္စရေးနှင့် ဂျူဒါ မင်းဆက်များသည် သံခေတ်ကာကအတွင်းပေါ်ထွန်းခဲ့ကာ အက်စ်ဆီရီယမ် လက်သစ် အင်ပါရာက အစ္စရေး ကို ဘီစီ ၇၂၀ ပြည့်နှစ်တွင် ဖျက်ဆီးချေမှုန်းခဲ့သည်။ ဘေဘီလုံ၊ ပါရှန် နှင့် ဟယ်လင်နစ်စတတ် ဧကရာဇ်များက ဂျူဒါ တို့ကိုအောင်နိုင်ခဲ့ကြကာ ဂျူး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်များအဖြစ် တည်ရှိခဲ့ကြသည်။ ဘီစီ ၁၁၀ ပြည့်နှစ်တွင် လွတ်လပ်သော ဂျူးနိုင်ငံတော်ပေါ်ထွန်းရေး မက်ကဘင်း တော်လှန်ရေး (Maccabean Revolt) ဖြစ်ပွားခဲ့ပြီး ဘီစီ ၆၃ ခုနှစ်တွင်ပြီးဆုံးခဲ့သည်။ ဘီစီ ၃၇ တွင် ရောမ နိုင်ငံကို ထူထောင်ခဲ့ပြီးနောက် အေဒီ ၆ ခုနှစ်တွင် ဂျူဒီယာ ရောမပြည်နယ်ကို ဖွဲ့စည်းခဲ့သည်။

ဂျူဒီယာသည် ရောမ ပြည်နယ်တစ်ခုအဖြစ် မအောင်မြင်သော ဂျူးတော်လှန်ရေးကာလတိုင်တည်ရှိနေခဲ့ကာ တော်လှန်ရေးကြောင့် ဂျူးများကို နှင်ထုတ် ခဲ့ပြီး ဆီရီးယား ပါလက်စတိုင်း (Syria Palaestina) ဒေသဟု အမည်ပြောင်းခဲ့သည်။ ယင်းနေရာတွင် ဂျူးများနေထိုင်ခဲ့မှုသည် ရာစုနှစ် အတန်ကြာခဲ့သည်။ သို့သော် ၇ ရာစုတွင် အာရပ်များသည် ဘိုင်ဇန်တိုင်းအင်ပါယာမှ လီဘင့်ကို သိမ်းယူကာ အာရပ်မူဆလင်တို့၏ ထိန်းချုပ်မှုအောက်တွင်ထားရှိခဲ့သဖြင့် ၁၀၉၉ ခုနှစ်တွင် ခရူးဆိတ်စစ်ပွဲဖြစ်ပွားခဲ့ပေသည်။

အီဂျစ်တို့သည် ၁၃ ရာစုတွင် လီဘင့်ထိန်းချုပ်မှုကို ချဲ့ထွင်ခဲ့သော်လည်း ၁၅၁၇ ခုနှစ်တွင် အော်တိုမန်အင်ပါယာကို ရှုံးနိမ့်ခဲ့သည်။ ၁၉ ရာစုတွင် အမျိုးရေးစိတ်ဓာတ်များနိုးကြာလာသည့် ဂျူးများသည် ဇိုင်ယွန်နစ် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် တွင် ကုလသမဂ္ဂက ပါလက်စတိုင်းတို့အတွက် နေရာခွဲဝေရေး အစီအစဉ်ကို ချမှတ်ခဲ့ပြီး လွတ်လပ်သော အာရပ်နှင့် ဂျူးနိုင်ငံ များ ထူထောင်၍ ဂျေရုဆလမ်ကို အပြည်ပြည်ဆိုင်ရာ မြို့တော်အဖြစ်ထားရှိရန် ထောက်ခံခဲ့ခြင်းကို အာရပ်ခေါင်းဆောင်များ က ပယ်ချခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဂျူးအေဂျင်စီက အစ္စရေးနိုင်ငံ လွတ်လပ်ရေးကို ကြေညာခဲ့ပြီးနောက် အာရပ်အစ္စရေး စစ်ပွဲဖြစ်ပွားခဲ့သည်။

လွတ်လပ်ရေးကြေညာပြီးချိန်မှစ၍ အာရပ်များနှင့် စစ်ပွဲများဆင်နွဲခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် အစ္စရေးသည် အနောက်ဘက်ကမ်း၊ ဂါဇာကုန်းမြင့်နှင့် ဂါဇာ ကမ်းမြှောင်တို့ကို သိမ်းယူခဲ့သည်။ အစ္စရေးတို့သည် မိမိတို့၏ ဥပဒေအာဏာစက်ကို ဂိုလန်ကုန်းမြင့်နှင့် အရှေ့ဂျေရုဆလမ်အထိ ဖြန့်ကျက်ခဲ့သည်။သို့သော် အနောက်ဘက်ကမ်းဒေသ မပါဝင်ခဲ့ချေ။ အစ္စရေးတို့၏ ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းသည် မျက်မှောက်ခေတ် ကမ္ဘာ့အရှည်လျားဆုံး စစ်ရေး သိမ်းပိုက်မှု တစ်ရပ်ဖြစ်လာခဲ့သည်။ အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည်လည်း အဖြေထွက်ပေါ် လာခဲ့ခြင်းမရှိချေ။

အစ္စရေးတို့၏ အခြေခံဥပဒေတွင် ဒီမိုကရက်တစ် ဂျူးနိုင်ငံဟု ဖော်ပြကာ ကိုယ်စားလှယ် အချိုးကျပါဝင်သည့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်သည်။ အစ္စရေးသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်ခုဖြစ်ပြီး အိုပက်အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကာ ကမ္ဘာပေါ်တွင် စီးပွားရေး အင်အားကြီးမားမှုအဆင့် ၃၄ နေရာတွင်ရပ်တည် နေသည်။ အဆင့်မြင့်ကျွမ်းကျင် လုပ်သား အင်အားများက နိုင်ငံကို အကျိုးပြုနေပြီး ပညာတတ်ဦးရေ အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အတူ အရှေ့အလယ်ပိုင်းဒေသတွင် လူနေမှု အဆင့်အတန်းအမြင့်ဆုံး နှင့် လူတစ်ဦးချင်းသက်တမ်းအရှည်ဆုံး နိုင်ငံလည်းဖြစ် ပေသည်။

အစ္စရေးဟူသည့် အမည်နှင့် ရှေးဦးသမိုင်း

အစ္စရေးသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် အစ္စရေး နိုင်ငံ(State of Israel) ဟူသည့် အမည်ကို ခံယူခဲ့သည်။လွတ်လပ်ရေးရရှိပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမျာပင် အစ္စရေး နိုင်ငံသားများကို Israeli ဟု တရားဝင်သတ်မှတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မိုရှေ ဒါယန်းက ကြေညာခဲ့သည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ၁၉၄၈ ခုနှစ်အထိ အစ္စရေးနိုင်ငံတည်ရှိသည့် ဒေသ တစ်ခုလုံးကို ပါလက်စတိုင်းနယ်မြေဟု အင်္ဂလိပ် တို့က သတ်မှတ်ခဲ့သည်။ ရာစုနှစ်များအတွင်း ယင်းနေရာဒေသသည် အမည်များစွာပြောင်းလဲခဲ့သည်။

ရှေးအကျဆုံးအထောက်အထားများအရ လက်ရှိ အစ္စရေးနိုင်ငံတည်နေရာတွင် လွန်ခဲ့သော နှစ် တစ်သန်းခွဲတွင် လူသား များနေထိုင်ခဲ့ကြသည်။လွန်ခဲ့သည့် နှစ် ၁၂၀၀၀၀ က လက်ရှိ အစ္စရေးနိုင်ငံမြောက်ပိုင်းတွင်နေထိုင်ခဲ့သည့်ရှေးအကျဆုံး လူသား ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ခရစ်တော်မပေါ်မှ နှစ် ၁၀၀၀၀ တွင် အစ္စရေးနိုင်ငံနေရာ၌ နာတူဖီယန် ယဉ်ကျေးမှု (Natufian Culture) ထွန်းကားခဲ့သည်။ အစ္စရေးနှင့် ဂျူဒါ ဘုရင့်နိုင်ငံများ ရှိခဲ့သည့် ကာလသည် အငြင်းပွားဖွယ်ဖြစ်ခဲ့ကာ သမိုင်းပညာရှင် များက ဘီစီ ၉၀၀ တွင် အစ္စရေး ဘုရင့်နိုင်ငံတည်ရှိခဲ့ကြောင်းနှင့် ဘီစီ ၇၀၀ တွင် ဂျူဒါ ဘုရင့်နိုင်ငံတည်ရှိသည့် အချက်ကို လက်ခံခဲ့ ကြသည်။

အစ္စရေး ဘုရင့်နိုင်ငံသည် ဘီစီ ၇၂၀ တွင် အာဆာရီးယား အင်ပါယာ၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ထို့အတူ ဘီစီ ၅၈၆ ခုနှစ်တွင် ဘေဘီလုံ ဘုရင် ဒုတိယမြောက် နီဘူချာနီဒက်ဇ် က ဂျူဒါတို့ကို အနိုင်ယူခဲ့သည်။ဟီဘရူး သမ္မာကျမ်းစာများအရ သူသည် ဆော်လမွန်ကျောင်း တော်ကို ဖျက်ဆီးပြီး ဂျူးများကို ဘေဘီလုံသို့ နှင် ထုတ်ခဲ့သည်ဟု ဆိုသည်။စစ်အောင်နိုင်မှုကို ဘေဘီလုံ ရာဇဝင်တွင်လည်း မှတ် တမ်းတင်ထားခဲ့သည်။ဘေဘီလုံကို ပါရှန် ဆိုက်ပရပ်စ်ဘုရင် အုပ်စိုးချိန်တွင် ဘေဘီလုံသို့ ဂျူးများကို နှင် ထုတ်ခြင်းသည် ရပ်တံ့ သွားခဲ့သည်။

အလယ်ခေတ်နှင့် မျက်မှောက်ခေတ်သမိုင်း

အေဒီ ၆၃၄ ခုနှစ်မှ ၆၄၁ ခုနှစ်အတွင်း ဂျေရုဆလမ်ပါဝင်သည့် နယ်မြေများကို အာရပ်မူဆလင် များက အောင်နိုင်ခဲ့ကာ နှစ် ၃၀၀ အတွင်း နယ်မြေပိုင်ဆိုင်မှုသည် အဆင့်ဆင့် လွှဲပြောင်းခဲ့သည်။ ၁၀၉၉ ခုနှစ်တွင် ခရူးဆိပ်စစ်ပွဲ အတွင်း ဂျေရုဆလမ်ကို ဝိုင်းထားစဉ် ဂျူးများသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ကြသည်။ မြို့တော်ကျသွားချိန်တွင် လူပေါင်း ခြောက်သောင်းသည် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ဂျူး လူမျိုး ၆၀၀၀ အပါအဝင် လူများသည် ရဟူဒီ ဘုရားကျောင်း တစ် ကျောင်း တွင် ခိုလှုံခွင့် တောင်းခဲ့ကြသည်။

ဂျူးနိုင်ငံတော် ကျဆုံးခဲ့ပြီးနှစ်ပေါင်း ၁၀၀၀ ကြာမြင့်ခဲ့ချိန်တွင် နိုင်ငံအနှံ့၌ ဂျူး လူမှုအသိုက်အဝန်းများပေါ်ထွန်းခဲ့သည်။ ၁၁၄၁ ခုနှစ်တွင် စပိန် ဂျူး ကဗျာဆရာ ယီဟူဒါဟေလ်ဗီက ဂျူးလူမျိုးများကို အစ္စရေးနိုင်ငံနေရာသို့ ရွှေ့ပြောင်းဝင်ရောက်ကြရန် နှိုးဆော်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကာ သူကိုယ်တိုင်လာရောက်ခဲ့သည်။ ၁၁၈၇ ခုနှစ်တွင် စူလတန် ဆလာဒင်သည် ခရူးဆိပ်များကို အနိုင်ရရှိခဲ့ကာ ဂျေရူဆလမ်နှင့် ပါလက်စတိုင်းနယ်မြေ များကို သိမ်းပိုက်ခဲ့သည်။စူလတန်သည် ဂျူးများကို ဂျေရုဆလမ်သို့ ပြန်လာ ၍ အခြေချရန် တိုက်တွန်းခဲ့သည်။ ၁၂၁၁ ခုနှစ်တွင် ဂျူးများသည် မြို့တော်အတွင်းအင်အားတောင့်တင်းလာခဲ့သည်။

၁၂၆၀ ပြည့်နှစ်တွင် အစ္စရေးသည် အီဂျစ် မမ်လတ်ခ် စူလတန်များ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကာ ကိုင်ရိုနှင့်ဒမတ်စ် စကတ်အကြားတွင် တည်ရှိခဲ့သည်။ ၁၂၆၆ ခုနှစ်တွင် အီဂျစ်စူလတန် ဘေဘာစ်သည် ဟေဘရွန်ရှိ ပက်ထရီ အာ့ခ်ဂူကို အစ္စလာမ် ဘာသာဝင်များသီးသန့်ခိုလှုံရာနေရာဟု သတ်မှတ်ကာ ခရစ်ယန်နှင့် ဂျူးများကို ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ ယခင်က ယင်းဂူကို အခကြေးငွေ သတ်မှတ်ချက်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။ယင်းတားမြစ်ချက်သည် ၁၉၆၇ ခုနှစ်တွင် အစ္စရေးကယင်းအဆောက် အအုံ ကို ထိန်းသိမ်းခဲ့ချိန်အထိ ကြာမြင့်ခဲ့သည်။

၁၄၇၀ ပြည့်နှစ်တွင် ဂျေရုဆလမ်၌ အစ္စရေး မိသားစု ၁၅၀ ရှိခဲ့ရာမှ ၁၆ ရာစု အစောပိုင်းတွင် လူဦးရေ ၁၀၀၀၀ အထိ တိုးတက် လာခဲ့သည်။အစ္စရေးသည် ၁၅၁၆ ခုနှစ်တွင် အော်တိုမန်အင်ပါရာအောက်သို့ ရောက်ရှိခဲ့ကာ ပထမကမ္ဘာစစ်ပြီးဆုံးချိန် အထိ တူရကီ တို့က အုပ်ချုပ်ခဲ့သည်။၁၉၂၀ ပြည့်နှစ်တွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် အစ္စရေးနယ်မြေကို ခွဲဝေ အုပ်ချုပ်ခဲ့ကြရာ ယခု အစ္စရေး နေရာ သည် ဗြိတိသျှ အုပ်ချုပ်မှု အောက်တွင်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် ဗြိတိန်တို့သည် ဂျူးများဝင်ရောက်မှုနှင့် ပတ်သက်၍ ဂျူးအသိုက်အဝန်းများ ပြဿနာ များကိုရင်ဆိုင်ခဲ့ရသည်။၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် အာဂန်အဖွဲ့သည် ပါလက်စတိုင်းများအတွက် ဖွင့်လှစ်ထားသည့် ဗြိတိသျှ အုပ်ချုပ်ရေးဌာနကို တိုက်ခိုက်ခဲ့ရာ ၉၁ ဦးသေဆုံး၍ ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းတိုက်ခိုက်မှုကို သေပျောက်မှု အများ ဆုံးအကြမ်း ဖက်တိုက်ခိုက်မှုဟု ကြေညာခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ပါလက်စတိုင်းနယ်မြေမှဆုတ်ခွာမည် ဟုကြေညာ ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် အာရပ်အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ရာ ယီမင်၊ မော်ရိုကို၊ဆော်ဒီအာရေဗျနှင့် ဆူဒန်တို့ ပါဝင်တိုက်ခိုက်ခဲ့ကာ
အာရပ်ခေါင်းဆောင်အချို့ ဂျူးများကို ပင်လယ်အတွင်းသို့ မောင်းထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်နှစ်ကြာ တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ပြေငြိမ်းခဲ့ကာ အစိမ်းရောင်နယ်မြေသတ်မှတ်နယ်နိမိတ် (Green Line) ကို ထူထောင်ခဲ့သည်။ ဂျော်ဒန်က အရှေ့ ဂျေရုဆလမ် အပါအဝင်အနောက်ဘက်ကမ်းကို သိမ်းယူ၍ အီဂျစ်က ဂါဇာကမ်းမြှောင်ဒေသကို သိမ်းပိုက်ခဲ့သည်။ စစ်ပွဲအတွင်း ပါလက်စတိုင်း ခုနစ်သိန်းကျော် ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့ပေသည်။

အစ္စရေးသည် ၁၉၄၉ခုနှစ် မေလ ၁၁ ရက်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ အာရပ်နိုင်ငံများမှ ဂျူး များသည် အစ္စရေးသို့ ပြောင်းရွှေ့ဝင်ရောက်ခဲ့ကြရာ သုံးနှစ်အတွင်း ဦးရေ ၁.၄သန်း အထိရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အစ္စရေး နိုင်ငံ လူဦးရေသည် နှစ်သန်းကျော် ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ အစ္စရေးနိုင်ငံသည် ဂျူးဒုက္ခသည် ၁၁၅၀၀၀၀ ကို လက်ခံနေရာချထားပေးခဲ့သည်။ အီဂျစ်သမ္မတ နာဆာခေါင်းဆောင်သည့် အာရပ်နိုင်ငံများသည် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြပြီး အစ္စရေး နိုင်ငံကို ချေမှုန်းရန် နှိုးဆော်ခဲ့ကြသည်။

၁၉၆၆ ခုနှစ်တွင် အစ္စရေးနှင့် အာရပ်နိုင်ငံများသည် ဆက်ဆံရေး ဆိုးရွားလာခဲ့ကာ ၁၉၆၇ ခုနှစ်တွင် ကမ္ဘာကျော် ခြောက်ရက်စစ်ပွဲဖြစ်ပွားခဲ့သည်။အာရပ်များဘက်မှ အီဂျစ်၊ ဂျော်ဒန်၊ ဆီရီးယားနှင့် အီရတ်တို့ပါဝင်တိုက်ခိုက် ခဲ့ကြပြီး စစ်ပွဲကို အစ္စရေးတို့ အနိုင်ရရှိခဲ့ကာ အနောက်ဘက်ကမ်း၊ ဂါဇာကုန်းမြင့်နှင့် ဆိုင်နိုင်းကျွန်းဆွယ်တို့ကို သိမ်းပိုက်ခဲ့သည်။ အစိမ်းရောင်နယ်မြေသတ်မှတ်နယ်နိမိတ်သည် အစ္စရေးနှင့် သိမ်းပိုက်နယ်မြေများ၏ နယ်စပ်ဖြစ်လာခဲ့သည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ် စစ်ပွဲပြီးဆုံးပြီးနောက် အီဂျစ်နှင့်ပါလက်စ်တိုင်းတို့၏ တိုက်ခိုက်ခြင်းကိုရင်ဆိုင်ခဲ့ရသည်။ အစ္စရေးကို အဓိက ဆန့်ကျင်တိုက်ခိုက်သည့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO) သည် အမိမြေ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်သည့် နည်းလမ်းဖြင့်သာလျှင်ဖြေရှင်းရမည်ဟုခံယူခဲ့သည်။၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပွဲတော်တွင် အစ္စရေးအားကစား သမားများ သတ်ဖြတ်ခံရမှုကို တုံ့ပြန်သောအားဖြင့် အစ္စရေးတို့သည် လက်ဘနွန်နိုင်ငံရှိ PLO ရုံးချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် အစ္စရေးသည် အီဂျစ်၊ ဆီးရီးယားတို့နှင့် ရက် ၂၀ ကြာ ယွမ်ကစ်ပါစစ်ပွဲ (Yom Kippur War)ဖြစ်ပွားခဲ့ကာ အစ္စရေးစစ်သည် ၂၅၀၀ ကျော်ကျဆုံးခဲ့သည်။၁၉၇၆ ခုနှစ်တွင်လည်း အစ္စရေးလေယာဉ်ကို ပြန်ပေးဆွဲကာ ယူဂန္ဓာနိုင်ငံ၊ အင်တက် ဘီတွင် ဆင်းသက်ခိုင်းခဲ့ပြီးနောက် အစ္စရေးအထူးတပ်ဖွဲ့သည် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အစ္စရေးလူမျိုး ၁၀၆ ဦးအနက် ၁၀၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။

ငြိမ်းချမ်းရေးလမ်းစ

အီဂျစ်သမ္မတ အန်ဝါဆဒတ်သည် ၁၉၇၈ ခုနှစ်တွင် အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကာ အစ္စရေးကို ပထမဆုံး အသိ အမှတ်ပြုခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် အစ္စရေး အီဂျစ် ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အစ္စရေးက ဆိုင်နိုင်းကျွန်းဆွယ်မှ ဆုတ် ခွာပေးခဲ့ပြီး အနောက်ဘက်ကမ်း၊ ဂါဇာကမ်းမြှောင်တို့နှင့် စပ်လျဉ်း၍ ပါလက်စတိုင်းတို့နှင့် ညှိနှိုင်းဆွေးနွေးရန် သဘောတူ ခဲ့သည်။ သို့သော် အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ အစ္စရေးတို့သည် သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းတွင် အိမ်ရာများဆောက်လုပ်ခဲ့သည်။

၁၉၈၀ မှ ၁၉၉၀ ခုနှစ် များအတွင်း အီသီယိုးပီယားနှင့် ယခင်က ဆိုဗီယက်အုပ်စုနိုင်ငံမှ ဂျူးများကို လက်ခံခဲ့သဖြင့် အစ္စရေးနိုင်ငံ လူဦးရေသည် ၁၂ ရာခိုင် နှုန်းတိုးတက်လာခဲ့သည်။၁၉၈၁ ခုနှစ် ဇွန်လ ၇ ရက်တွင် အစ္စရေးသည် အီရတ်နိုင်ငံနယူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ရေးလုပ်ငန်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်။ အစ္စရေးနှင့် PLO အဖွဲ့သည် ၁၉၈၅ ခုနှစ်အထိ အပြန်အလှန် တိုက်ခဲ့ကြပြီး ၁၉၉၁ ခုနှစ်တွင် ပင်လယ်ကွေ့စစ်ပွဲဖြစ် ပွား ချိန်၌ အီရတ်က အစ္စရေးကို စကပ်ဒ် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးသည် လက်တုံ့ပြန်ခြင်းမပြုဘဲ စစ်ပွဲတွင်ပါ ဝင်ခြင်း မပြုခဲ့ချေ။

သို့သော် ၁၉၉၂ ခုနှစ်တွင် အစ္စရေး ဝန်ကြီးချုပ် ရှီမွန်ပဲရက်စ်နှင့် PLO ခေါင်းဆောင်မာမွတ် အက်ဘားစ် တို့သည် အော်စလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၁၉၉၄ ခုနှစ်တွင် ဂျော်ဒန်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ သည်။၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဒေးဗစ်စခန်းတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

လက်ရှိ အစ္စရေး

၂၀၁၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ လူဦးရေကို ၈.၈၇သန်း ဟု ခန့်မှန်ထားကာ လူဦးရေ၏ ၇၄ ဒသမ ၇ ရာခိုင်နှုန်းသည် ဂျူးလူမျိုးများဖြစ်ကြသည်။ အာရပ်များက ၂၀ ဒသမ ၈ ရာခိုင်နှုန်း၊ အာရပ်မဟုတ်သော ခရစ်ယန်များနှင့် ဘာသာမဲ့များက ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ အစ္စရေးနိုင်ငံ လူဦးရေ၏ ၉၂ ရာခိုင်နှုန်းသည် မြို့ပြများတွင်နေထိုင်လျက်ရှိကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ရိုမေးနီးယား၊ ထိုင်း၊ တရုတ်နှင့် တောင်အမေရိကမှ လုပ်သားများသည်အစ္စရေးသို့ ဝင်ရောက်ခဲ့ကြသည်။ တိကျသော စာရင်း ကို မသိရှိရသော်လည်း အစ္စရေးနိုင်ငံတွင် တရားမဝင်နေထိုင်သူဦးရေသည် နှစ်သိန်းကျော် ရှိသည်။

၂၀၁၂ ခုနှစ်တွင် ခန့်မှန်း အာဖရိက လူမျိုး ခြောက်သောင်းသည် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အစ္စရေးနိုင်ငံရှိ ဂျူးလူဦးရေ ၇၇ ရာခိုင်နှုန်းသည် အစ္စရေးတွင် မွေးဖွားခဲ့ကြသူများဖြစ်ပြီး ၁၆ ရာခိုင်နှုန်းသည် ဥရောပနှင့် အမေရိက မှ ပြောင်းရွှေ့လာကြသူများဖြစ်ကြကာ ၇ ရာခိုင်နှုန်းသည် အာရပ်နိုင်ငံများ၊ အာရှနှင့်အာဖရိကမှ ရောက်ရှိလာခဲ့ကြသည်။ ဂျေရုဆလမ်သည် နေထိုင်သူ ၈၈၂ ၆၅၂ ဦး ရှိကာ အစ္စရေးနိုင်ငံ၏ အဓိက မြို့ပြ လေးနေရာအနက် အများဆုံးဖြစ်သည်။

တဲလ်အဗစ်တွင် လူဦးရေ ၄၃၈၈၁၈ ဦးနှင့် ဟိုင်ဖာတွင် လူဦးရေ ၂၇၉၅၉၁ ဦး နေထိုင်သည်။ အစ္စရေးနိုင်ငံတွင် လူဦးရေ တစ်သိန်း ကျော် နေထိုင်သည့် မြို့တော် ၁၅ မြို့ရှိသည်။ ဂျေရုဆလမ်မြို့တော်သည် ဂျူးများ၊ မူဆလင်များနှင့် ခရစ်ယာန်များအတွက် ဘာသာရေး ဆိုင်ရာ ယုံကြည်မှုနှင့် ဆက်နွယ်နေသည့် အထူးအရေးပါသော မြို့တော်ဖြစ်ကာ ဂျူးဘုရားကျောင်းများ၊ ဗလီများ၊ ခရစ်ယာန်ဝတ်ပြုကျောင်းများ တည်ရှိသည်။

အစ္စရေးနိုင်ငံ၏ တရားဝင်ရုံးသုံးစကားသည် ဟီဘရူးနှင့် အာရေဗျဘာသာတို့ဖြစ်သည်။ ဟီဘရူးဘာသာစကားကို လူအများ စုက နေ့စဉ်ပြောဆိုသုံးစွဲကြကာ အာရေဗျဘာသာစကားကို လူနည်းစုအာရပ်များကပြောဆိုကြပြီး ဟီဘရူးစကားကို အာရပ်ကျောင်း များတွင် သင်ကြားသည်။ ရွှေ့ပြောင်းလာသူများ များပြားသဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှစသည့် အခြားဘာသာစကားများကို ပြောဆို ကြသူများကိုလည်း တွေ့ရှိနိုင်သည်။ အစ္စရေးနိုင်ငံရုပ်သံထုတ်လွှင့်မှုများတွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ခြေ စာတမ်းထိုးပေးသကဲ့သို့ တက္ကသိုလ်၊ ကောလိပ် များ တွင်လည်း ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးလျက်ရှိသည်။

ပညာရေး

အစ္စရေးနိုင်ငံသည် ပညာရေးကို အထူး ဦးစားပေးသည့် နိုင်ငံဖြစ်ကာ မသင်မနေရပညာရေးစနစ်ကို ကျင့်သုံးသည်။ ဘီလ်ဂိတ် အပါအဝင် ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များသည် အစ္စရေးနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာကို တစ်ဟုန်ထိုး တိုးတက် စေသည့် ပညာရေးစနစ်မြင့်မားမှုကို ချီးကျူးလေ့ရှိကြသည်။ အစ္စရေးနိုင်ငံ၏ ပညာရေးစနစ်သည် ၂၀၁၅ ခုနှစ်တွင်ကနေဒါနှင့် ဂျပန်ပြီး လျှင် တတိယ အဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။အသက် ၂၅ နှစ်မှ ၆၄ နှစ်ကြား တက္ကသိုလ်အဆင့် ပညာတတ်မြောက်မှုသည် ၄၉ ရာခိုင် နှုန်းရှိသည်။လူတစ်ဦးချင်း ဘွဲ့ဒီဂရီ ရရှိမှုသည် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။

အစ္စရေးနိုင်ငံကျောင်းသားများ၏ ပညာသင်ယူချိန်သက်တမ်းသည် ၁၆ နှစ်ဖြစ်ကာတစ်နိုင်ငံလုံး စာတတ်မြောက်မှုသည် ၉၇ ဒသမ ၈ ဖြစ်သည်။သုံးနှစ်မှ ရှစ်နှစ်အကြား ကလေးများသည် ကျောင်းစတင်တက်ရောက်ကြရ ပြီး မူလတန်း၊ အလယ်တန်း၊အထက် တန်းဟု သုံးဆင့် သတ်မှတ်ထားသည်။မူလတန်းတွင် ခြောက်နှစ်၊ အလယ်တန်းတွင်သုံးနှစ်နှင့် အထက်တန်းတွင်သုံးနှစ်တက်ရောက် ကြရသည်။တက္ကသိုလ်ပညာရေးသည် လေးနှစ်ဖြစ်သည်။အစ္စရေးနိုင်ငံတွင် တက္ကသိုလ် ၉ခုနှင့် ကောလိပ် ၄၉ ခု ဖွင့်လှစ်ထား သည်။

အစိုးရ နှင့် မူဝါဒရေးရာ

လက်ရှိ အစ္စရေးနိုင်ငံ၏ သမ္မတသည် Reuven Rivlin ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Benjamin Netanyahu ဖြစ်သည်။ ပါလီမန်ဒီမို ကရေစီစနစ်ကို ကျင့်သုံးသည့် အစ္စရေးသည် လွှတ်တော် (Knesset) တစ်ရပ်သာထားရှိပြီး ကိုယ်စားလှယ် ၁၂၀ ဦးဖြင့် ဖွဲ့စည်း သည်။ လွှတ်တော်၏ ထောက်ခံမှု အများဆုံးရရှိသူက အစိုးရအဖွဲ့ကို ဦးဆောင်သည့် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရသည်။ အစ္စရေး သမ္မတသည် နိုင်ငံအကြီးအကဲအဖြစ် တာဝန်ယူကာ တာဝန် ကန့်သတ်ချက်များရှိသည်။

ပါလီမန်ရွေးကောက်ပွဲကို လေးနှစ် တစ်ကြိမ်ကျင်းပသော်လည်း ညွန့်ပေါင်းအဖွဲ့များ မတည်ငြိမ်မှုနှင့် အယုံကြည်မရှိ အဆို များက လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။တရားစီရင်ရေးကို မြို့နယ်၊ ခရိုင်နှင့် တရားရုံးချုပ်တို့က အဆင့်ဆင့် ဆောင်ရွက်သည်။ တရားစီရင်ရာတွင် ရာဇဝတ်ဥပဒေ၊ တရားမ ဥပေဒများအပြင် ဂျူးဥပဒေကိုလည်း ကျင့်သုံးသည်။ အထူးသဖြင့် လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းတို့ကို ဘာသာရေး ခုံရုံးများက ဆောင်ရွက်ပေးလေ့ရှိသည်။

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် နိုင်ငံ ၁၅၈ နိုင်ငံနှင့် သံတမန်ဆက်ဆံမှုထူထောင်ထားကာ ကမ္ဘာအနှံ့ သံရုံး ၁၀၇ ရုံး ဖွင့်လှစ်ထားသည်။ အီဂျစ် ၊ ဂျော်ဒန်နှင့် မောရိသျှတို့နှင့် ပုံမှန်ဆက်သွယ်မှု ရှိခြင်းမှလွဲ၍ မွတ်ဆလင် နိုင်ငံအများစုနှင့် သံတမန် အဆက်အသွယ်မရှိချေ။ သို့သော် အဇာဘိုင်ဂျန်နိုင်ငံ နှင့် အစ္စရေးတို့သည် အပြန်အလှန်ကူညီမှုများကြောင့်ကောင်းမွန်သော ဆက်ဆံရေးတိုးတက်လျက်ရှိသည်။ အဇာဘိုင်ဂျန်က အစ္စရေးနိုင်ငံအတွက် လိုအပ်သည့် လောင်စာများဖြည့်ဆည်းပေး သကဲ့သို့ အစ္စရေးတို့ကလည်း အဇာဘိုင်ဂျန်နိုင်ငံတပ်မတော် ခေတ်မီတိုးတက်ရေကို ဆောင်ရွက်ပေး လျက်ရှိနေသည်။

ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီးသော်လည်း အီဂျစ်အများစုက အစ္စရေးကို ရန်သူနိုင်ငံဟု ခံယူထားကြသကဲ့သို့ အစ္စရေး ဥပဒေအရ လက်ဘနွန်၊ဆီရီးယား၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အီရန်၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့သည် ရန်သူများဖြစ်ကြသည်။ အစ္စရေးနိုင်ငံသားများသည် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက်ပြုမှသာ ယင်းနိုင်ငံများသို့ သွားရောက်နိုင်ကြသည်။

စစ်ရေးနှင့် စီးပွားရေး

အစ္စရေးတပ်မတော်သည် စစ်ပွဲများစွာ ဆင်နွှဲခဲ့သည့် အတွေ့အကြုံများရှိခဲ့ပြီး လေ့ကျင့်မှု အများဆုံး တပ်မတော်အဖြစ် ထင်ရှားသည်။ အသက် ၁၈ နှစ် ပြည့်သူတိုင်း ယောက်ျားလေးများက နှစ် နှစ် နှင့် ရှစ်လကြာ၊ မိန်းကလေးများက နှစ်နှစ် ကြာ စစ်မှုထမ်းကြရသည်။ အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားများကို မူ ဘာသာရေး တာဝန်များပြားမှုကြောင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ် ခွင့်ပြုထားသည်။ အစ္စရေးတပ်မတော်တွင် အမြဲတမ်းစစ်သည် ၁၇၆၅၀၀ နှင့် အရံ စစ်သည် ၄၄၅၀၀၀ ရှိသည်။အစ္စရေး တပ်မတော်သည် နည်ပညာမြင့်မားသော လက်နက်များကိုကိုယ်တိုင်ထုတ်လုပ်သကဲ့သို့ ပြည်ပမှလည်း တင်သွင်းသည်။ အစ္စရေးနိုင်ငံထုတ်အဲရိုး ဒုံးကျည်သည် ကျော်ကြားသည့် တိုက်ချင်းစ် ဒုံးကျည်စနစ်ဖြစ်ပေသည်။

အစ္စရေးနိုင်ငံသည် နယူးကလီယား နှင့် ဓာတု လက်နက်များပိုင်ဆိုင်ထားသည်ဟု ယူဆကြသည်။ကာကွယ်ရေးကို အထူးဦးစားပေးသည့် နိုင်ငံဖြစ်သည့် အစ္စရေးသည် ကာကွယ်ရေး အသုံးစရိတ်များစွာကို သုံးစွဲခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်း အထိ သုံးစွဲခဲ့သည်။၂၀၁၆ ခုနှစ် တွင် စစ်စရိတ် ဒေါ်လာ ၁၈ ဘီလီယံ သုံးစွဲခဲ့ကာ ကမ္ဘာ့ စစ်စရိတ် ငွေပမာဏ အသုံးစွဲဆုံး အဆင့် ၁၅ နေရာ တွင်ရပ်တည်ခဲ့သည်။ နှစ်ဦး နားလည်မှု စာချွန်အရ အမေရိကန်က အစ္စရေးကို နှစ်စဉ်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ထောက်ပံ့ပေးလျက်ရှိနေပေသည်။ အစ္စရေးနိုင်ငံ ၏လက်နက်တင်ပို့ရောင်းချမှုသည် ၂၀၁၆ ခုနှစ်တွင် နံပတ် ၇ နေရာတွင် ရှိခဲ့သည်။

အစ္စရေးသည်အနောက်တောင် အာရှနှင့် အရှေ့အလယ်ပိုင်းတွင်တွင် စီးပွားရေး နှင့် စက်မှုဖွံ့ဖြိုးမှု အရှိဆုံးနိုင်ငံဖြစ်ကာ သယံဇာတ အရင်းအမြစ်နည်းပါးသော်လည်း စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း စီးပွားရေးသည် ဆယ်စုနှစ်များအတွင်း အစ္စရေးနိုင်ငံကို အထူးတိုး တက်ကောင်းမွန်ခဲ့သည်။ ပြည်တွင်းရိက္ခာ ဖူလုံမှုရှိပြီး ၂၀၁၆ ခုနှစ်တွင် ကုန်ကြမ်းများ၊ စစ်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံရန် ထုတ်ကုန် များ၊စိန်ရိုင်းများ၊လောင်စာဆီများ၊လူသုံးကုန်များကို ပြည်ပမှ တင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၉ ဘီလီယံဖိုး ရှိခဲ့ပြီး ပြည်ပသို့ တင်ပို့ရောင်းချမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၁ ဘီလီယံဖြစ်သည်။

အစ္စရေး ဘဏ်တွင် နိုင်ငံသုံးငွေ အရံ ပမာဏသည် ၉၇ ဒသမ ၂၂ ဘီလီယံရှိသည်။ ပြည်ပ ကြွေးမြီ အနည်းဆုံးနိုင်ငံများ တွင် တစ်နိုင်ငံဖြစ်သည့် အစ္စရေးသည် နည်းပညာကုမ္ပဏီ များ ၏ရင်းနှီးမြှုပ်နှံမှုမှ အမြတ်အစွန်းများစွာရရှိလျက်ရှိသည်။ နိုင်ငံသေးငယ်သော်လည်း လမ်းမိုင် ၁၁၉၄၅ မိုင်ဖောက်လုပ်ထားပြီး မော်တော်ယာဉ် သုံးသန်းရှိရာ လူ၁၀၀၀ တွင် ယာဉ် ၃၆၅ စီးပိုင်ဆိုင်သည်။မီးရထားလမ်းမိုင် ၇၉၃ မိုင် ဖောက်လုပ်ထားကာ အစိုးရပိုင် မီးရထားလုပ်ငန်းက မီးရထားများပြေးဆွဲသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ခု တည်ဆောက်ထားပြီး ၂၀၁၅ ခုနှစ်တွင် Ben Gurion လေယာဉ်ကွင်းတွင် ခရီးသည် ၁၅ သန်း ဝင်ထွက်ခဲ့သည်။

မြေထဲပင်လယ်ကမ်းခြေရှိ ဟိုင်ဖာ ဆိပ်ကမ်းသည် အစ္စရေးနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားများ အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ၃ ဒသမ ၅၄ သန်းဖြစ်သည်။ မြေထဲပင်လယ်အရှေ့တောင်ဘက်ကမ်းခြေ တွင်တည်ရှိသည့် အစ္စရေးနိုင်ငံသည် သေးငယ်သော နိုင်ငံငယ်တစ်ခုဖြစ်သော် လည်း မိမိနှင့်နိုင်ငံရေး မသင့်မြတ်သည့် အာရပ်များဝိုင်းနေသည့်ကြားမှ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်အဆက်ဆက်ထူထောင် နိုင်ခဲ့ ပေသည်။ မျိုးချစ်စိတ်ဓာတ်ကို အခြေတည်လျက် ကောင်းမွန်သော ပညာရေးစနစ်၊ တိုးတက်သော နည်းပညာ၊ ကြီးမားသော လူ့စွမ်း အား အရင်းအမြစ် နှင့် တောင့်တင်းသော စစ်အင်အားတို့ကြောင့် အစ္စရေးသည် ကမ္ဘာက လေးစားရသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဧပြီလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply