ေရွးေခတ္ ကမာၻ႔သမုိင္းထဲက အင္အားႀကီးမားတဲ့ အဆီးရီးယား အင္ပါယာ

Posted on

ယူဖေရးတီး-တိုက္ဂရစ္ ျမစ္ႏွစ္သြယ္ ေဒသ (ေဘဘီလုံလြင္ျပင္) ၏ ေျမာက္ဖက္၊ လျခမ္းရပ္ဝန္းေဒသ ၏ေတာင္ဖက္တြင္ အဆူး(Assur) အမည္ရွိ ေဒသတည္ရွိသည္။ အဆူး ဟူသည့္ အမည္မွာ ကိုးကြယ္ေသာ နတ္အား အစြဲျပဳ၍ ေခၚဆိုျခင္း ျဖစ္ၿပီး ေနာင္တြင္ အဆီးရီးယား(Assyria) ဟုေျပာင္းလဲ ေခၚဆိုလာၾကကာ ထိုေဒသရွိ လူမ်ိဳးမ်ားအား အဆီးရီးယန္း ဟု သတ္မွတ္ၾကသည္။ ထို အဆီးရီးယန္းတို႔သည္ မည္သည့္မ်ိဳးႏြယ္မွ ဆင္းသက္လာသည္ကို လည္းေကာင္း၊ မည္သည့္အခ်ိန္ မည္သည့္ေဒသမွ ေျပာင္းေ႐ႊ႕လာၾကသည္ကို လည္းေကာင္း ေကာင္းစြာမသိရွိရေပ။ ဘာသာစကားအားျဖင့္ အက္ကတ္ဒီးယန္းမ်ားႏွင့္ ဆင္တူကာ ကြဲျပားမႈအနည္းငယ္ရွိသည္။

ေခတ္ဦး အဆီးရီးယန္း သမိုင္း

ဘီစီ ၂၉၀၀ ခန္႔မွ စကာ အဆီးရီးယန္းတို႔သည္ ၿမိဳ႕ျပႏိုင္ငံမ်ား တည္ေထာင္ကာေနထိုင္ၾကသည္။ ထိုၿမိဳ႕ျပႏိုင္ငံမ်ားတြင္ အဆီးရီးယန္းမ်ားသာမက၊ ဆူမားရီးယန္းမ်ားပါ ေရာေႏွာေနထိုင္ၾကသည္။ အဆီးရီးယားၿမိဳ႕ျပႏိုင္ငံမ်ားသည္ ေသးငယ္ကာအင္အားနည္းသည္ျဖစ္၍ ေျမာက္ပိုင္းမွ ဟစ္တီတီ လူမ်ဳိးႏြယ္မ်ား၏ မၾကာခဏက်ဴးေက်ာ္ျခင္းကို ခံရေလ့ရွိသည္။ ထို႔အတူ ေတာင္ပိုင္း အမ္မို႐ိုက္ႏြယ္ဝင္မ်ား အင္အားႀကီးလၽွင္လည္း အသာတၾကည္ပင္ လက္ေအာက္ခံၾကသည္။

ကာလၾကာေသာအခါ အဆီးရီးယန္းမ်ားသည္လည္း က်ဴးေက်ာ္စစ္မ်ားကို တြန္းလွန္ရန္အတြက္ ကိုယ္ပိုင္စစ္တပ္မ်ားအား ဂ႐ုတစိုက္ျဖင့္ ထူေထာင္လာၾကသည္။ထို႔အတူ မိမိအား အုပ္စိုးဖူးပါလ်က္ႏွင့္ ပ်က္သုဥ္းသြားရသည့္ အင္အားႀကီးသူမ်ားထံမွလည္း သင္ခန္းစာမ်ားကို ေကာင္းစြာရၾကသျဖင့္ ၿမိဳ႕ျပႏိုင္ငံမ်ားအျဖစ္မွ စည္းလုံးသည့္ ႏိုင္ငံတစ္ခုအသြင္သို႔ ကူးေျပာင္းလာကာ အဆူးၿမိဳ႕သည္ ႏိုင္ငံ၏အခ်က္အခ်ာ ၿမိဳ႕ႀကီးျဖစ္လာသည္။

စီးပြားေရးႏွင့္ ယဥ္ေက်းမႈ

စစ္အင္အား ႀကီးထြားေစရန္သာမက စီးပြားအင္အားႀကီးထြားရန္ပါ အဆီးရီယန္းတို႔ ႀကိဳးစာၾကသည္။ အာရွမိုင္းနားေတာင္ဖက္ရွိ စီလီရွားေဒသမွ ေငြတြင္းမ်ားအထိတိုင္ အဆီးရီးယန္းတို႔ ေပါက္ေရာက္ေၾကာင္း ေတြ႕ရသည္။ ထိုမွ ရရွိသည့္ ေငြအား ကုန္စည္ဖလွယ္ေရးတြင္ အစားထိုးအသုံးျပဳၾကသည္။ ေငြထုတ္လုပ္ေရးႏွင့္ အာမခံခ်က္ထားရွိေရးတြင္မူ ဝတ္ေက်ာင္းမ်ားမွ တာဝန္ယူေဆာင္႐ြက္ရသည္။ ထိုမၽွမက ခ်က္လက္မွတ္ အျဖစ္လည္း ႐ႊံ႕ျပားမ်ားတြင္ စာေရးမွတ္၍လည္း အသုံးျပဳသည္ကို ေတြ႕ရသည္။ ထိုသို႔ ေငြ၊ ခ်က္လက္မွတ္ အသုံျပဳနည္းမ်ားသည္ ကုန္စည္ေရာင္းဝယ္ေရးတြင္ အထူးအဆင္ေျပလြယ္ကူေစသျဖင့္ ေနာင္တြင္ လူ႕ယဥ္ေက်းမႈကို ေျပာင္းလဲေပးေစႏိုင္သည္ကိုလည္း ေတြ႕ႏိုင္သည္။

အင္ပါယာထူေထာင္ျခင္း

အဆီးရီးယားႏိုင္ငံငယ္ေလးသည္ အစဦးတြင္ အင္အားႀကီးႏိုင္ငံမ်ား၏ က်ဴးေက်ာ္သိမ္းပိုက္မႈမ်ားကို ခံရသျဖင့္ ထိုက်ဴးေက်ာ္စစ္မ်ားအား ခုခံတြန္းလွန္ႏိုင္ရန္အတြက္ အၿမဲတမ္းစစ္တပ္မ်ားကို ဖြဲ႕စည္းခဲ့ၾကသည္။ အင္အားေတာင့္တင္းသည့္ စစ္တပ္ကို ပိုင္ဆိုင္ေသာအခါတြင္ မိမိကတစ္လွည့္ အျခားႏိုင္ငံမ်ားကို က်ဴးေက်ာ္ရန္ပါ ရည္႐ြယ္လာၾကသည္။

ေရွးဦးစြာ ပင္လယ္ထြက္ေပါက္ရရွိေရးအတြက္ ရည္႐ြယ္ကာ ေျမထဲပင္လယ္ကမ္းေျခအား သိမ္းယူရန္ႀကိဳးစားသည္။ သို႔ေသာ္ ထိုေဒသတြင္ရွိၾကသည့္ မ်ားျပားလွေသာ မ်ိဳးႏြယ္စုႏွင့္ ၿမိဳ႕ျပႏိုင္ငံမ်ားကို အႏိုင္ယူရန္မွာ ခက္ခဲလွသည္။ ထိုႏိုင္ငံမ်ားမွာ အင္ဒို-ဥေရာပသားမ်ား၏ မီတန္းနီးႏိုင္ငံ၊ ဖီနီရွန္းႏိုင္ငံ၊ ပါလက္စတိုင္းႏိုင္ငံ ႏွင့္ ဆီးရီးယားၿမိဳ႕ျပႏိုင္ငံငယ္မ်ားျဖစ္ၾကသည္။ အထူးသျဖင့္ မီတန္းနီးႏိုင္ငံသည္ စစ္အင္အားေတာင့္ေတာင္းကာ တစ္ခ်ိန္က အဆီးရီးယားတို႔အား က်ဴးေက်ာ္အုပ္ခ်ဳပ္ဖူးသည္။ ထို႔အျပင္ ထိုႏိုင္ငံမ်ားအား ထီးရိပ္မိုးထားသည့္ အေနာက္ဖက္မွ အီဂ်စ္တို႔ကိုလည္း ရင္ဆိုင္ရမည့္ အေနအထားတြင္ရွိျပန္သည္။

ဘီစီ ၁၄၀၀ ခန္႔တြင္ အာရွမိုင္းနားေဒသမွ ဟစ္တီတီမ်ား အင္အားေကာင္းလာကာ အင္ပါယာထူေထာင္၍ ေတာင္ဖက္ရွိ အီဂ်စ္အင္ပါယာႏွင့္ စစ္ၿပိဳင္ျပဳၾကသည္။ ဘီစီ ၁၂၀၀ ခန္႔တြင္ အေနာက္ဖက္မွ ရန္သူမ်ား၏တိုက္ခိုက္မႈေၾကာင့္ ဟစ္တီတီအင္ပါယာၿပိဳလဲသြားသည္။ စစ္ကာလၾကာျမင့္သျဖင့္ အီဂ်စ္လည္း ေနာက္ႏွစ္ ၁၀၀ ခန္႔တြင္ ဆက္လက္ၿပိဳလဲသြားၿပီး အီဂ်စ္ႏွင့္ လက္တြဲသည့္ မီတန္းနီးႏိုင္ငံပါ အင္အားခ်ိနဲ႔သြားသည္။ သို႔ျဖင့္ အဆီးရီးယန္းတို႔၏ အေနာက္ဖက္က်ဴးေက်ာ္စစ္တြင္ အဓိကအခက္အခဲႀကီးမ်ား ၿမိဳလဲကာ အင္အားအသင့္အတင့္သာရွိၾကသည့္ ပါလက္စတိုင္း၊ ဖီနီရွန္း ႏွင့္ ဆီးရီးယားတို႔သာ က်န္ေတာ့သည္။

သို႔ေသာ္ အဆီးရီးယန္းတို႔အေနျဖင့္ အေရွ႕ဖက္ႏွင့္ ေတာင္ဖက္တစ္လႊားမွ အင္အားႀကီး ရန္သူမ်ားအား ရင္ဆိုင္ေနခဲ့ရသျဖင့္ ဘီစီ ၇၅၀ ေရာက္မွသာလၽွင္ ေျမထဲပင္လယ္ကမ္းေျခဖက္သို႔ ဦးတည္လာႏိုင္သည္။ ဆီးရီးယားႏိုင္ငံမ်ားအနက္ အင္အားေကာင္းသည့္ ဒမက္စကပ္အား အႀကီးအမႉးထားကာ က်န္ၿမိဳ႕ျပႏိုင္ငံမ်ားက အဆီးရီးယန္းတို႔အား ခုခံၾကေသာ္လည္း ဘီစီ ၇၃၂တြင္ ဒမက္စကပ္ က်သျဖင့္ က်န္ၿမိဳ႕ျပႏိုင္ငံငယ္မ်ားလည္း အဆီးရီးယားထံ အညံ့ခံရသည္။ ထိုေနာက္တြင္ အနီးအပါးရွိႏိုင္ငံငယ္မ်ားအား ဆက္လက္ ခ်ီတက္သိမ္းသြင္းသည္။ ထိုအခ်ိန္မွစကာ အဆူးၿမိဳ႕အား အေျခတည္သည့္ အဆီးရီးယားအင္ပါယာသည္ အေနာက္အာရွတြင္ အင္အားျပည့္ဝသည့္ အင္ပါယာအျဖစ္သို႔ေရာက္လာသည္။

ဒုတိယေျမာက္ ဆာဂြန္

ထိုသို႔ ခ်ီတက္စဥ္ ဘီစီ၇၂၂တြင္ ဘုရင္နတ္႐ြာစံသျဖင့္ သားျဖစ္သူက ဒုတိယေျမာက္ ဆာဂြန္(ဘီစီ ၇၂၂-၇၀၅)ဘြဲ႕ခံကာ နန္းတက္သည္။ ထိုမင္းလက္ထက္တြင္ အဆီးရီးယားအင္ပါယာ အထြတ္အထိပ္ေရာက္သည္ဟု ဆိုႏိုင္သည္။ ၿမိဳ႕ေတာ္အား နင္နေဗး(Nineveh) မွ ဒူး-ရွား႐ူးကင္း(Dur-Sharrukin) သို႔ေျပာင္းေ႐ႊ႕သည္။ ၎လက္ထက္တြင္ ႏိုင္ငံအတြင္း ဆက္သြယ္ေရးအတြက္ လမ္းမမ်ားအား ေဖာက္လုပ္ေစသည္။ ၿမိဳ႕ေတာ္ႏွင့္ ဆက္စပ္ထားသည့္ လမ္းမမ်ား၏ အခ်က္အခ်ာေနရာတိုင္းတြင္ အမႈထမ္းမ်ား ခန္႔ထား၍ စာလႊာမ်ား သယ္ယူပို႔ေဆာင္ေရးကို ၾကပ္မတ္ေဆာင္႐ြက္ရသည္။ ၎မွာ စာပို႔စနစ္ႏွင့္ စာတိုက္စနစ္၏ အစျဖစ္သည္။

ဆနက္အာရစ္

ဒုတိယေျမာက္ ဆာဂြန္ လြန္လၽွင္ သားျဖစ္သူ ဆနက္အာရစ္(ဘီစီ ၇၀၅-၆၈၁)ဆက္ခံသည္။ နန္းတက္ၿပီး ငါးႏွစ္အတြင္း လျခမ္းရပ္ဝန္းေဒသ တစ္ခုလုံးကို အင္ပါယာအတြင္းသို႔ ထည့္သြင္းအုပ္ခ်ဳပ္ႏိုင္ခဲ့သည္။ ထိုေနာက္တြင္ အီဂ်စ္နယ္စပ္ျဖစ္သည့္ အေနာက္ဖက္ ေျမထဲပင္လယ္ကမ္း႐ိုးတမ္းနယ္မ်ားကိုပါ သိမ္းယူသည္။ အီဂ်စ္အား သိမ္းပိုက္ရန္စီစဥ္ေသာ္လည္း စစ္သည္မ်ား ေရာဂါဆိုးတစ္မ်ိဳး ကူးစက္ခံရသျဖင့္ ဆုတ္ခြာရသည္။ ထိုေနာက္ ေဘဘီလုံမွ ပုန္ကန္သျဖင့္ ျပင္းထန္ရက္စက္စြာ ႏွိမ္ႏွင္းသည္။ ပုန္ကန္သူမ်ားအား သတ္ျဖတ္အျပစ္ေပးသည္။ ၿမိဳ႕သူၿမိဳ႕သား ႏွစ္သိန္းခန္႔ကိုလည္း သုံပန္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားၿပီး ၿမိဳ႕ေတာ္ကိုလည္း ဖ်က္ဆီးပစ္ခဲ့သည္။ ထိုမွ အားမရသျဖင့္ ယူဖေရးတီးျမစ္မွ ေရသယ္ယူသည့္ တူေျမာင္းႀကီးအား ေဘဘီလုံၿမိဳ႕သို႔ ေဖာက္ခ်ေသးသည္။

ဘုရင္ ဆနက္အာရစ္သည္ ဘိုးေဘးမ်ား တည္ေထာင္သြားသည့္ နန္းေတာ္အား တိုးခ်ဲ႕ျပဳျပင္သည္။ ၿမိဳ႕ေတာ္အား နင္နေဗး သို႔ျပန္လည္ ေ႐ႊ႕ေျပာင္းၿပီး အင္ပါယာ၏ ဗဟိုခ်က္မျဖစ္လာေစရန္ အားထုတ္သည္။ ဖခင္ ဒုတိယေျမာက္ ဆာဂြန္လက္ထက္က အစပ်ိဳးခဲ့သည့္ လမ္းမမ်ားေဖာက္လုပ္ျခင္းႏွင့္ စာတိုက္စနစ္မ်ားအား တိုးခ်ဲ႕ဖြံၿဖိဳးေစသည္။ ထို႔ေၾကာင့္ ကုန္စည္ကူးသန္းေရးတြင္လည္းေကာင္း၊ လက္ေအာက္ခံဘုရင္ခံမ်ားႏွင့္ ဆက္ဆံရာတြင္လည္းေကာင္း၊ တိုက္ပြဲကာလမ်ားတြင္ စစ္တပ္မ်ားအား လြယ္ကူစြာ အေ႐ႊ႕အေျပာင္း လုပ္ႏိုင္သျဖင့္ လည္းေကာင္း မ်ားစြာ တိုးတက္လာသည္။ ၿမိဳ႕ေတာ္ ေရရရွိေရးအတြက္ မိုင္သုံးဆယ္ေက်ာ္အရပ္မွ ေရအား သယ္ယူသည္။ ထိုေရသယ္ယူရာ ျမစ္ေၾကာင္းတစ္ေနရာတြင္ ေက်ာက္သားတမံ တူးေျမာင္းတစ္ခုကို တည္ေဆာက္ထားၿပီး ၎မွာ ကမၻာ့ေရွးအက်ဆုံး ေက်ာက္သားတမံတူးေျမာင္း ျဖစ္သည္။

နင္နေဗးၿမိဳ႕ေတာ္

နင္းနေဗးၿမိဳ႕ေတာ္သည္ ၿမိဳ႕႐ိုးႏွစ္ထပ္ကာရံထားေသာ ၿမိဳ႕ျဖစ္ၿပီး အျပင္ၿမိဳ႕႐ိုးသည္ တိုက္ဂရစ္ျမစ္ကမ္းနဖူးေပၚတြင္ အရွည္ႏွစ္မိုင္ခြဲခန္႔ ရွိသည္။ က်န္ အစိတ္အပိုင္းမ်ားမွာ ရွစ္မိုင္ေက်ာ္ ရွည္လ်ားသည္။ ထိုအတြင္းတြင္မွ အတြင္းၿမိဳ႕႐ိုးျဖင့္ ကာရံထားသည့္ နန္းေတာ္တည္ရွိျပန္သည္။ ဘုရင္ ဆနက္အာရစ္သည္ ဥယ်ာဥ္စိုက္ပ်ိဳးေရးတြင္ အထူးဝါသနာပါသူျဖစ္သျဖင့္ ၿမိဳ႕ေတာ္ နင္နေဗးပန္ဝန္းက်င္ရွိ တိုက္ဂရစ္ျမစ္ကမ္းတစ္ေလၽွာက္တြင္ ဥယ်ာဥ္မ်ားစိုက္ပ်ိဳးေစသည္။ ထိုဥယ်ာဥ္မ်ားတြင္ သူ႕အင္ပါယာအတြင္းရွိ ထူးျခားသည့္ သစ္ပင္ပန္းပင္မ်ားအား စိုက္ပ်ိဳးထားရွိေစသည္။ ထိုအပင္မ်ားအနက္ အိႏၵိယမွ ယူေဆာင္လာသည့္ ဝါပင္ လည္းပါဝင္သည္။

အီဂ်စ္အား အႏိုင္ရျခင္း

ဆနက္အာရစ္အား ဆက္ခံ၍ ဘီစီ ၆၈၁တြင္ သားေတာ္ အီဆာဟက္ဒြန္(Esarhaddon) (ဘီစီ ၆၈၁-၆၉၉)နန္းတက္လာသည္။ ၎လက္ထက္တြင္ အီဂ်စ္က ေျမထဲပင္လယ္ ကမ္းေျခေဒသရွိ ႏိုင္ငံငယ္မ်ားအား ပုန္ကန္ရန္ အားေပးသျဖင့္ အီဂ်စ္သို႔ စစ္ခ်ီသည္။ အီဂ်စ္ေအာက္ပိုင္းျဖစ္သည့္ ႏိုင္းျမစ္ဝွမ္းေဒသအား သိမ္းယူၿပီးခ်ိန္တြင္ အီဆာဟက္ဒြန္ ကြယ္လြန္သျဖင့္ သားေတာ္ အဆူးဘာနီပါ(Assurbanipal)(၆၉၉-၆၂၆) မွ ဆက္လက္ဦးေဆာင္သည့္အတြက္ အီဂ်စ္လည္း အညံ့ခံရသည္။

အဆီးရီးယား တပ္မေတာ္

ဒုတိယ ဆာဂြန္လက္ထက္တြင္ တည္ေထာင္လာသည့္ အဆီးရီးယား တပ္မေတာ္ႀကီးသည္ ၎၏ေျမးေတာ္စပ္သည့္ အီဆာဟက္ဒြန္ လက္ထက္တြင္ အင္အားအင္မတန္ ေတာင့္တင္းသည့္ စစ္တပ္ႀကီး ျဖစ္လာခဲ့သည္။ ထိုစစ္တပ္ႀကီးသည္ သံ လက္နက္တပ္ဆင္ထားသည့္ စစ္တပ္ႀကီးျဖစ္သည္။ တပ္ဖြဲ႕စည္းပုံအရ စစ္သည္အမ်ားစုမွ ေလးသည္ေတာ္မ်ားျဖစ္ၿပီး ၎ေနာက္တြင္ လွံရွည္ကိုင္သည့္ ဒိုင္းကာ ေျခလ်င္စစ္သည္မ်ားျဖစ္သည္။ ထိုေနာက္တြင္ ျမင္းတပ္ႏွင့္ ျမင္းဆြဲစစ္ရထားမ်ား ပါဝင္သည္။

ထို႔အျပင္ ဘီးေျခာက္လုံးပါ သံခ်ပ္ကာရထားမ်ားအား ၿမိဳ႕႐ိုးဖ်က္လက္နက္အျဖစ္ သုံးၾကေသးသည္။ ထို သံခ်ပ္ကာ ရထားေပၚတြင္ သံျဖင့္ ကာရံထားသည့္ ေမၽွာ္စင္ငယ္ ႏွစ္ခုပါဝင္ၿပီး တစ္ခုမွာ အုပ္ခ်ဳပ္သူအႀကီးအကဲအတြက္ျဖစ္ၿပီး က်န္တစ္ခုမွာ ေလးသည္ေတာ္မ်ားအတြက္ျဖစ္သည္။ ထိုလက္နက္မ်ားအျပင္ ေက်ာ္ၾကားသည့္ အဆီရီးယန္းတပ္သားတို႔၏ အရည္အခ်င္းတစ္ရပ္မွာ ရက္စက္ၾကမ္းၾကဳတ္ျခင္း ျဖစ္သည္။

၎တို႔ႏွင့္ ရင္ဆိုင္တိုက္ခိုက္ရသည့္ ၿမိဳ႕ျပမ်ားသည္ ျပာပုံအတိက်န္ရစ္တတ္သည့္ အျပင္ ခုခံတိုက္ခိုက္သည့္ ထိုၿမိဳ႕၏အႀကီးအကဲ၊ ရွင္ဘုရင္ စသူတို႔မွာလည္း အရွင္လတ္လတ္ တံက်င္လၽွိဳကာ သတ္ျဖတ္ျခင္းကို ခံရေသးသည္။ ၿမိဳ႕သူၿမိဳ႕သားမ်ားကိုလည္း သတ္ျဖတ္ကာ အစုလိုက္ပုံထားေလ့ရွိသည္။ ထို႔ေနာက္တြင္ ရွိသမၽွေသာ ေ႐ႊေငြ စည္းစိမ္ဥစၥာ၊ ဆိတ္၊ ကၽြဲ၊ ႏြား၊ ျမင္း စသျဖင့္ မက်န္ေလေအာင္ သိမ္းယူေလ့ရွိသည္။ အညံ့ခံသည့္တိုင္ ရွင္ဘုရင္အား ေခါင္းျဖတ္၍ ထိုေခါင္းျပတ္ကို အမတ္မ်ားက လည္တြင္ ဆြဲထားရျပန္သည္။

အင္ပါယာ ယိမ္းယိုင္လာျခင္း

အေၾကာင္းရင္းမ်ား

ႏိုင္ငံက်ယ္ျပန္႔လာသည့္အတြက္ စစ္တပ္ကိုလည္း တိုးခ်ဲ႕လာရသည္။ ယခင္ကာလမ်ားက လယ္သမားမ်ားအေနျဖင့္ စစ္ပြဲအခ်ိန္မ်ားမဟုတ္လၽွင္ လယ္ယာစိုက္ပ်ိဳးၿပီး စစ္ပြဲရွိလၽွင္ စစ္မႈထမ္းၾကရသည္။ သို႔ေသာ္ အၿမဲတမ္းစစ္တပ္တည္ေထာင္လိုက္ေသာအခါတြင္ လယ္သမားတို႔အေနျဖင့္ စစ္မႈထမ္းျခင္းျဖင့္သာ အသက္ေမြးရေတာ့ၿပီး လယ္ယာစိုက္ပ်ိဳးရန္ မျဖစ္ႏိုင္ေတာ့ေပ။ ထို႔ေၾကာင္း အင္ပါယာတစ္ဝွမ္းတြင္ စိုက္ပ်ိဳးသူမဲ့ လယ္ေျမမ်ား ေပါမ်ားလာၿပီး စီးပြားေရး ဆုပ္ယုတ္လာသည္။

ထိုသို႔ စီးပြားေရး က်ဆင္းေနခ်ိန္တြင္ အင္ပါယာအတြင္းသို႔ စီးပြားေရး အျမင္က်ယ္သည့္ အာေရးမီးယန္း(Arameans) လူမ်ိဳးမ်ား ဝင္ေရာက္လာၿပီးေနာက္ ႏိုင္ငံ၏စီးပြားေရးက႑ကို အခ်ိန္တိုအတြင္း ဦးေဆာင္ႏိုင္သူမ်ား ျဖစ္လာသည္။ အက်ိဳးဆက္အေနျဖင့္ အဆီးရီးယန္းဘာသာစကားႏွင့္ အာေရးမီးယန္းဘာသာစကားႏွစ္ခုတြင္ အာေရးမီးယန္းဘာသာစကားမွာ အသုံးက်ယ္ျပန္႔ တြင္က်ယ္လာၿပီး အဆီးရီးယန္းဘာသာစကားမွာ က်ဆင္းလာသည္။ ၿမိဳ႕ေတာ္ နင္နေဗးမွာပင္ အဆီးရီးယန္းဘာသာစကားထက္ အာေရးမီးယန္းဘာသာစကားကို ပိုမိုအသုံးျပဳလာၾကသည္။

ထိုအခ်က္မ်ားေၾကာင့္ အင္ပါယာယိမ္းယိုင္လာသည့္အခ်ိန္တြင္ အဘက္ဘက္မွ မ်ိဳးႏြယ္စုမ်ားက အင္ပါယာဗဟိုခ်က္ကို ဦးတည္ကာ က်ဴးေက်ာ္ေ႐ႊ႕ေျပာင္း အေျခခ်လာၾကျခင္းမွာလည္း ျပႆနာႀကီးတစ္ရပ္ျဖစ္လာသည္။ ေတာင္ဖက္မွ အာေရးမီးယန္းမ်ား၊ အေရွ႕ဖက္ပါရွန္းပင္လယ္ေကြ႕ဖက္မွ ကယ္လ္ဒီးယန္းမ်ား(Caldians)၊ ေျမာက္ဖက္မွ အင္ဒို-ဥေရာပအႏြယ္ဝင္မ်ားျဖစ္သည့္ မီးဒီးစ္လူမ်ိဳး(Medes) ႏွင့္ ပါရွန္းလူမ်ိဳး(Persians) မ်ား ဦးေဆာင္ဝင္ေရာက္လာၾကသည္။ အဘက္ဘက္မွ လူလႈိင္းႀကီးမ်ားသဖြယ္ အုပ္စုႀကီးငယ္ျဖင့္ ဝင္ေရာက္အေျခခ်လာၾကျခင္းကို အဆီးရီးယန္းတို႔ မည္သို႔မွ မေျဖရွင္းႏိုင္ၾကေတာ့ေပ။

အင္ပါယာၿပိဳလဲေစသည့္ အေရးႀကီးသည့္ အခ်က္တစ္ခ်က္မွာ စစ္တပ္အတြင္းတြင္ လက္ေအာက္ခံႏိုင္ငံမ်ားမွ ႏိုင္ငံျခားသားမ်ား မ်ားျပားလြန္းေနျခင္းမွာလည္း တစ္ခုအပါအဝင္ျဖစ္သည္။ အမွန္တကယ္ ပ်က္စီးခ်ိန္ႀကဳံေသာအခါတြင္ အဆိုပါ ႏိုင္ငံျခားသားတို႔မွာ မည္သို႔မၽွ အားထုတ္ႀကိဳးပမ္းျခင္းမရွိေတာ့ဘဲ အဆီးရီးယန္းမ်ားပ်က္လၽွင္ မိမိတို႔ လြတ္လပ္မည္ ဟူေသာ အေတြးမ်ိဳးျဖင့္ပင္ ရန္သူဖက္မွ ပါၾကေတာ့သည္။

ပ်က္စီးျခင္း

ဘီစီ ၆၁၆တြင္ ေတာင္ပိုင္းေဒသမ်ားရွိ ကယ္လ္ဒီးယန္းတို႔သည္ အဆီးရီးယန္းတို႔အား ဆန္႔က်င္သည့္ အေနျဖင့္ ေဘဘီလုံအား ၿမိဳ႕တည္ကာ နဘိုေပၚလက္ဆာ (Nabopolassar) ဆိုသူက အက္ကတ္ဘုရင္(King of Akkad) အမည္ျဖင့္ အုပ္ခ်ဳပ္ေလသည္။ ေနာက္တစ္ႏွစ္အၾကာတြင္ အဆူးၿမိဳ႕ေတာ္ေဟာင္းအထိ ခ်ီတက္တိုက္ခိုက္လာသည္။ ထိုတိုက္ပြဲမ်ားတြင္ အဆူးၿမိဳ႕ေတာ္ မက်ေသာ္လည္း အဆီးရီးယန္းတပ္မ်ားက ႏွစ္ႀကိမ္တိုင္တိုင္ မ႐ႈမလွ႐ႈံးႏွိမ့္သည္။

ဘီစီ ၆၁၄တြင္ ေျမာက္ပိုင္းမွ မီးဒီးစ္တို႔သည္ ဘုရင္ ဆိုင္းယက္ဆီရိစ္(Cyaxares)၏ ဦးေဆာင္မႈျဖင့္ အဆူးၿမိဳ႕ေတာ္ကို သိမ္းပိုက္သည္။ ထိုေနာက္ နဘိုေပၚလက္ဆာႏွင့္ ဆိုင္းယက္ဆီရိစ္တို႔ မဟာမိတ္ဖြဲ႕ကာ နင္နေဗးၿမိဳ႕ေတာ္ကို တိုက္ခိုက္သည္။ အဆီးရီးယန္းတို႔အေနျဖင့္ ႏွစ္ႀကိမ္တိုင္တိုင္ ႐ြပ္႐ြပ္ခၽြံခၽြံ ခုခံၾကေသာ္လည္း တတိယအႀကိမ္ ဘီစီ ၆၁၂တြင္ နင္နေဗးၿမိဳ႕ေတာ္သည္ ျပပုံဘဝသို႔ ဆင္းသက္ရသည္။ ထိုျပာပုံ၊ မီးခိုးလုံးႀကီးအား ျမင္ေတြ႕ရသည့္အတြက္ ရက္စက္သည့္အင္ပါယာေအာက္မွ လြတ္ေျမာက္သည့္အထိမ္းအမွတ္ျဖင့္ လူတို႔၏ ဟစ္ေႂကြးသံမွာ ကပ္စပီယန္ပင္လယ္မွ ႏိုင္းျမစ္ဝွမ္းအထိ တစ္ခဲနက္ ေပၚထြက္လာသည္ဟုပင္ ဆိုစမွတ္ျပဳၾကသည္။

ျမန္မာ့စြယ္စုံက်မ္း
Myanmar Wikipedia


ရှေးဦး ကမ္ဘာ့သမိုင်းထဲက အင်အားကြီးမားတဲ့ အဆီးရီးယား အင်ပါယာ (unicode)

ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသ (ဘေဘီလုံလွင်ပြင်) ၏ မြောက်ဖက်၊ လခြမ်းရပ်ဝန်းဒေသ ၏တောင်ဖက်တွင် အဆူး(Assur) အမည်ရှိ ဒေသတည်ရှိသည်။ အဆူး ဟူသည့် အမည်မှာ ကိုးကွယ်သော နတ်အား အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်ပြီး နောင်တွင် အဆီးရီးယား(Assyria) ဟုပြောင်းလဲ ခေါ်ဆိုလာကြကာ ထိုဒေသရှိ လူမျိုးများအား အဆီးရီးယန်း ဟု သတ်မှတ်ကြသည်။ ထို အဆီးရီးယန်းတို့သည် မည်သည့်မျိုးနွယ်မှ ဆင်းသက်လာသည်ကို လည်းကောင်း၊ မည်သည့်အချိန် မည်သည့်ဒေသမှ ပြောင်းရွှေ့လာကြသည်ကို လည်းကောင်း ကောင်းစွာမသိရှိရပေ။ ဘာသာစကားအားဖြင့် အက်ကတ်ဒီးယန်းများနှင့် ဆင်တူကာ ကွဲပြားမှုအနည်းငယ်ရှိသည်။

ခေတ်ဦး အဆီးရီးယန်း သမိုင်း

ဘီစီ ၂၉၀၀ ခန့်မှ စကာ အဆီးရီးယန်းတို့သည် မြို့ပြနိုင်ငံများ တည်ထောင်ကာနေထိုင်ကြသည်။ ထိုမြို့ပြနိုင်ငံများတွင် အဆီးရီးယန်းများသာမက၊ ဆူမားရီးယန်းများပါ ရောနှောနေထိုင်ကြသည်။ အဆီးရီးယားမြို့ပြနိုင်ငံများသည် သေးငယ်ကာအင်အားနည်းသည်ဖြစ်၍ မြောက်ပိုင်းမှ ဟစ်တီတီ လူမျိုးနွယ်များ၏ မကြာခဏကျူးကျော်ခြင်းကို ခံရလေ့ရှိသည်။ ထို့အတူ တောင်ပိုင်း အမ်မိုရိုက်နွယ်ဝင်များ အင်အားကြီးလျှင်လည်း အသာတကြည်ပင် လက်အောက်ခံကြသည်။

ကာလကြာသောအခါ အဆီးရီးယန်းများသည်လည်း ကျူးကျော်စစ်များကို တွန်းလှန်ရန်အတွက် ကိုယ်ပိုင်စစ်တပ်များအား ဂရုတစိုက်ဖြင့် ထူထောင်လာကြသည်။ထို့အတူ မိမိအား အုပ်စိုးဖူးပါလျက်နှင့် ပျက်သုဉ်းသွားရသည့် အင်အားကြီးသူများထံမှလည်း သင်ခန်းစာများကို ကောင်းစွာရကြသဖြင့် မြို့ပြနိုင်ငံများအဖြစ်မှ စည်းလုံးသည့် နိုင်ငံတစ်ခုအသွင်သို့ ကူးပြောင်းလာကာ အဆူးမြို့သည် နိုင်ငံ၏အချက်အချာ မြို့ကြီးဖြစ်လာသည်။

စီးပွားရေးနှင့် ယဉ်ကျေးမှု

စစ်အင်အား ကြီးထွားစေရန်သာမက စီးပွားအင်အားကြီးထွားရန်ပါ အဆီးရီယန်းတို့ ကြိုးစာကြသည်။ အာရှမိုင်းနားတောင်ဖက်ရှိ စီလီရှားဒေသမှ ငွေတွင်းများအထိတိုင် အဆီးရီးယန်းတို့ ပေါက်ရောက်ကြောင်း တွေ့ရသည်။ ထိုမှ ရရှိသည့် ငွေအား ကုန်စည်ဖလှယ်ရေးတွင် အစားထိုးအသုံးပြုကြသည်။ ငွေထုတ်လုပ်ရေးနှင့် အာမခံချက်ထားရှိရေးတွင်မူ ဝတ်ကျောင်းများမှ တာဝန်ယူဆောင်ရွက်ရသည်။ ထိုမျှမက ချက်လက်မှတ် အဖြစ်လည်း ရွှံ့ပြားများတွင် စာရေးမှတ်၍လည်း အသုံးပြုသည်ကို တွေ့ရသည်။ ထိုသို့ ငွေ၊ ချက်လက်မှတ် အသုံပြုနည်းများသည် ကုန်စည်ရောင်းဝယ်ရေးတွင် အထူးအဆင်ပြေလွယ်ကူစေသဖြင့် နောင်တွင် လူ့ယဉ်ကျေးမှုကို ပြောင်းလဲပေးစေနိုင်သည်ကိုလည်း တွေ့နိုင်သည်။

အင်ပါယာထူထောင်ခြင်း

အဆီးရီးယားနိုင်ငံငယ်လေးသည် အစဦးတွင် အင်အားကြီးနိုင်ငံများ၏ ကျူးကျော်သိမ်းပိုက်မှုများကို ခံရသဖြင့် ထိုကျူးကျော်စစ်များအား ခုခံတွန်းလှန်နိုင်ရန်အတွက် အမြဲတမ်းစစ်တပ်များကို ဖွဲ့စည်းခဲ့ကြသည်။ အင်အားတောင့်တင်းသည့် စစ်တပ်ကို ပိုင်ဆိုင်သောအခါတွင် မိမိကတစ်လှည့် အခြားနိုင်ငံများကို ကျူးကျော်ရန်ပါ ရည်ရွယ်လာကြသည်။

ရှေးဦးစွာ ပင်လယ်ထွက်ပေါက်ရရှိရေးအတွက် ရည်ရွယ်ကာ မြေထဲပင်လယ်ကမ်းခြေအား သိမ်းယူရန်ကြိုးစားသည်။ သို့သော် ထိုဒေသတွင်ရှိကြသည့် များပြားလှသော မျိုးနွယ်စုနှင့် မြို့ပြနိုင်ငံများကို အနိုင်ယူရန်မှာ ခက်ခဲလှသည်။ ထိုနိုင်ငံများမှာ အင်ဒို-ဥရောပသားများ၏ မီတန်းနီးနိုင်ငံ၊ ဖီနီရှန်းနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ နှင့် ဆီးရီးယားမြို့ပြနိုင်ငံငယ်များဖြစ်ကြသည်။ အထူးသဖြင့် မီတန်းနီးနိုင်ငံသည် စစ်အင်အားတောင့်တောင်းကာ တစ်ချိန်က အဆီးရီးယားတို့အား ကျူးကျော်အုပ်ချုပ်ဖူးသည်။ ထို့အပြင် ထိုနိုင်ငံများအား ထီးရိပ်မိုးထားသည့် အနောက်ဖက်မှ အီဂျစ်တို့ကိုလည်း ရင်ဆိုင်ရမည့် အနေအထားတွင်ရှိပြန်သည်။

ဘီစီ ၁၄၀၀ ခန့်တွင် အာရှမိုင်းနားဒေသမှ ဟစ်တီတီများ အင်အားကောင်းလာကာ အင်ပါယာထူထောင်၍ တောင်ဖက်ရှိ အီဂျစ်အင်ပါယာနှင့် စစ်ပြိုင်ပြုကြသည်။ ဘီစီ ၁၂၀၀ ခန့်တွင် အနောက်ဖက်မှ ရန်သူများ၏တိုက်ခိုက်မှုကြောင့် ဟစ်တီတီအင်ပါယာပြိုလဲသွားသည်။ စစ်ကာလကြာမြင့်သဖြင့် အီဂျစ်လည်း နောက်နှစ် ၁၀၀ ခန့်တွင် ဆက်လက်ပြိုလဲသွားပြီး အီဂျစ်နှင့် လက်တွဲသည့် မီတန်းနီးနိုင်ငံပါ အင်အားချိနဲ့သွားသည်။ သို့ဖြင့် အဆီးရီးယန်းတို့၏ အနောက်ဖက်ကျူးကျော်စစ်တွင် အဓိကအခက်အခဲကြီးများ မြိုလဲကာ အင်အားအသင့်အတင့်သာရှိကြသည့် ပါလက်စတိုင်း၊ ဖီနီရှန်း နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။

သို့သော် အဆီးရီးယန်းတို့အနေဖြင့် အရှေ့ဖက်နှင့် တောင်ဖက်တစ်လွှားမှ အင်အားကြီး ရန်သူများအား ရင်ဆိုင်နေခဲ့ရသဖြင့် ဘီစီ ၇၅၀ ရောက်မှသာလျှင် မြေထဲပင်လယ်ကမ်းခြေဖက်သို့ ဦးတည်လာနိုင်သည်။ ဆီးရီးယားနိုင်ငံများအနက် အင်အားကောင်းသည့် ဒမက်စကပ်အား အကြီးအမှူးထားကာ ကျန်မြို့ပြနိုင်ငံများက အဆီးရီးယန်းတို့အား ခုခံကြသော်လည်း ဘီစီ ၇၃၂တွင် ဒမက်စကပ် ကျသဖြင့် ကျန်မြို့ပြနိုင်ငံငယ်များလည်း အဆီးရီးယားထံ အညံ့ခံရသည်။ ထိုနောက်တွင် အနီးအပါးရှိနိုင်ငံငယ်များအား ဆက်လက် ချီတက်သိမ်းသွင်းသည်။ ထိုအချိန်မှစကာ အဆူးမြို့အား အခြေတည်သည့် အဆီးရီးယားအင်ပါယာသည် အနောက်အာရှတွင် အင်အားပြည့်ဝသည့် အင်ပါယာအဖြစ်သို့ရောက်လာသည်။

ဒုတိယမြောက် ဆာဂွန်

ထိုသို့ ချီတက်စဉ် ဘီစီ၇၂၂တွင် ဘုရင်နတ်ရွာစံသဖြင့် သားဖြစ်သူက ဒုတိယမြောက် ဆာဂွန်(ဘီစီ ၇၂၂-၇၀၅)ဘွဲ့ခံကာ နန်းတက်သည်။ ထိုမင်းလက်ထက်တွင် အဆီးရီးယားအင်ပါယာ အထွတ်အထိပ်ရောက်သည်ဟု ဆိုနိုင်သည်။ မြို့တော်အား နင်နဗေး(Nineveh) မှ ဒူး-ရှားရူးကင်း(Dur-Sharrukin) သို့ပြောင်းရွှေ့သည်။ ၎င်းလက်ထက်တွင် နိုင်ငံအတွင်း ဆက်သွယ်ရေးအတွက် လမ်းမများအား ဖောက်လုပ်စေသည်။ မြို့တော်နှင့် ဆက်စပ်ထားသည့် လမ်းမများ၏ အချက်အချာနေရာတိုင်းတွင် အမှုထမ်းများ ခန့်ထား၍ စာလွှာများ သယ်ယူပို့ဆောင်ရေးကို ကြပ်မတ်ဆောင်ရွက်ရသည်။ ၎င်းမှာ စာပို့စနစ်နှင့် စာတိုက်စနစ်၏ အစဖြစ်သည်။

ဆနက်အာရစ်

ဒုတိယမြောက် ဆာဂွန် လွန်လျှင် သားဖြစ်သူ ဆနက်အာရစ်(ဘီစီ ၇၀၅-၆၈၁)ဆက်ခံသည်။ နန်းတက်ပြီး ငါးနှစ်အတွင်း လခြမ်းရပ်ဝန်းဒေသ တစ်ခုလုံးကို အင်ပါယာအတွင်းသို့ ထည့်သွင်းအုပ်ချုပ်နိုင်ခဲ့သည်။ ထိုနောက်တွင် အီဂျစ်နယ်စပ်ဖြစ်သည့် အနောက်ဖက် မြေထဲပင်လယ်ကမ်းရိုးတမ်းနယ်များကိုပါ သိမ်းယူသည်။ အီဂျစ်အား သိမ်းပိုက်ရန်စီစဉ်သော်လည်း စစ်သည်များ ရောဂါဆိုးတစ်မျိုး ကူးစက်ခံရသဖြင့် ဆုတ်ခွာရသည်။ ထိုနောက် ဘေဘီလုံမှ ပုန်ကန်သဖြင့် ပြင်းထန်ရက်စက်စွာ နှိမ်နှင်းသည်။ ပုန်ကန်သူများအား သတ်ဖြတ်အပြစ်ပေးသည်။ မြို့သူမြို့သား နှစ်သိန်းခန့်ကိုလည်း သုံပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့တော်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုမှ အားမရသဖြင့် ယူဖရေးတီးမြစ်မှ ရေသယ်ယူသည့် တူမြောင်းကြီးအား ဘေဘီလုံမြို့သို့ ဖောက်ချသေးသည်။

ဘုရင် ဆနက်အာရစ်သည် ဘိုးဘေးများ တည်ထောင်သွားသည့် နန်းတော်အား တိုးချဲ့ပြုပြင်သည်။ မြို့တော်အား နင်နဗေး သို့ပြန်လည် ရွှေ့ပြောင်းပြီး အင်ပါယာ၏ ဗဟိုချက်မဖြစ်လာစေရန် အားထုတ်သည်။ ဖခင် ဒုတိယမြောက် ဆာဂွန်လက်ထက်က အစပျိုးခဲ့သည့် လမ်းမများဖောက်လုပ်ခြင်းနှင့် စာတိုက်စနစ်များအား တိုးချဲ့ဖွံဖြိုးစေသည်။ ထို့ကြောင့် ကုန်စည်ကူးသန်းရေးတွင်လည်းကောင်း၊ လက်အောက်ခံဘုရင်ခံများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ တိုက်ပွဲကာလများတွင် စစ်တပ်များအား လွယ်ကူစွာ အရွှေ့အပြောင်း လုပ်နိုင်သဖြင့် လည်းကောင်း များစွာ တိုးတက်လာသည်။ မြို့တော် ရေရရှိရေးအတွက် မိုင်သုံးဆယ်ကျော်အရပ်မှ ရေအား သယ်ယူသည်။ ထိုရေသယ်ယူရာ မြစ်ကြောင်းတစ်နေရာတွင် ကျောက်သားတမံ တူးမြောင်းတစ်ခုကို တည်ဆောက်ထားပြီး ၎င်းမှာ ကမ္ဘာ့ရှေးအကျဆုံး ကျောက်သားတမံတူးမြောင်း ဖြစ်သည်။

နင်နဗေးမြို့တော်

နင်းနဗေးမြို့တော်သည် မြို့ရိုးနှစ်ထပ်ကာရံထားသော မြို့ဖြစ်ပြီး အပြင်မြို့ရိုးသည် တိုက်ဂရစ်မြစ်ကမ်းနဖူးပေါ်တွင် အရှည်နှစ်မိုင်ခွဲခန့် ရှိသည်။ ကျန် အစိတ်အပိုင်းများမှာ ရှစ်မိုင်ကျော် ရှည်လျားသည်။ ထိုအတွင်းတွင်မှ အတွင်းမြို့ရိုးဖြင့် ကာရံထားသည့် နန်းတော်တည်ရှိပြန်သည်။ ဘုရင် ဆနက်အာရစ်သည် ဥယျာဉ်စိုက်ပျိုးရေးတွင် အထူးဝါသနာပါသူဖြစ်သဖြင့် မြို့တော် နင်နဗေးပန်ဝန်းကျင်ရှိ တိုက်ဂရစ်မြစ်ကမ်းတစ်လျှောက်တွင် ဥယျာဉ်များစိုက်ပျိုးစေသည်။ ထိုဥယျာဉ်များတွင် သူ့အင်ပါယာအတွင်းရှိ ထူးခြားသည့် သစ်ပင်ပန်းပင်များအား စိုက်ပျိုးထားရှိစေသည်။ ထိုအပင်များအနက် အိန္ဒိယမှ ယူဆောင်လာသည့် ဝါပင် လည်းပါဝင်သည်။

အီဂျစ်အား အနိုင်ရခြင်း

ဆနက်အာရစ်အား ဆက်ခံ၍ ဘီစီ ၆၈၁တွင် သားတော် အီဆာဟက်ဒွန်(Esarhaddon) (ဘီစီ ၆၈၁-၆၉၉)နန်းတက်လာသည်။ ၎င်းလက်ထက်တွင် အီဂျစ်က မြေထဲပင်လယ် ကမ်းခြေဒေသရှိ နိုင်ငံငယ်များအား ပုန်ကန်ရန် အားပေးသဖြင့် အီဂျစ်သို့ စစ်ချီသည်။ အီဂျစ်အောက်ပိုင်းဖြစ်သည့် နိုင်းမြစ်ဝှမ်းဒေသအား သိမ်းယူပြီးချိန်တွင် အီဆာဟက်ဒွန် ကွယ်လွန်သဖြင့် သားတော် အဆူးဘာနီပါ(Assurbanipal)(၆၉၉-၆၂၆) မှ ဆက်လက်ဦးဆောင်သည့်အတွက် အီဂျစ်လည်း အညံ့ခံရသည်။

အဆီးရီးယား တပ်မတော်

ဒုတိယ ဆာဂွန်လက်ထက်တွင် တည်ထောင်လာသည့် အဆီးရီးယား တပ်မတော်ကြီးသည် ၎င်း၏မြေးတော်စပ်သည့် အီဆာဟက်ဒွန် လက်ထက်တွင် အင်အားအင်မတန် တောင့်တင်းသည့် စစ်တပ်ကြီး ဖြစ်လာခဲ့သည်။ ထိုစစ်တပ်ကြီးသည် သံ လက်နက်တပ်ဆင်ထားသည့် စစ်တပ်ကြီးဖြစ်သည်။ တပ်ဖွဲ့စည်းပုံအရ စစ်သည်အများစုမှ လေးသည်တော်များဖြစ်ပြီး ၎င်းနောက်တွင် လှံရှည်ကိုင်သည့် ဒိုင်းကာ ခြေလျင်စစ်သည်များဖြစ်သည်။ ထိုနောက်တွင် မြင်းတပ်နှင့် မြင်းဆွဲစစ်ရထားများ ပါဝင်သည်။

ထို့အပြင် ဘီးခြောက်လုံးပါ သံချပ်ကာရထားများအား မြို့ရိုးဖျက်လက်နက်အဖြစ် သုံးကြသေးသည်။ ထို သံချပ်ကာကားပေါ်တွင် သံဖြင့် ကာရံထားသည့် မျှော်စင်ငယ် နှစ်ခုပါဝင်ပြီး တစ်ခုမှာ အုပ်ချုပ်သူအကြီးအကဲအတွက်ဖြစ်ပြီး ကျန်တစ်ခုမှာ လေးသည်တော်များအတွက်ဖြစ်သည်။ ထိုလက်နက်များအပြင် ကျော်ကြားသည့် အဆီရီးယန်းတပ်သားတို့၏ အရည်အချင်းတစ်ရပ်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် မြို့ပြများသည် ပြာပုံအတိကျန်ရစ်တတ်သည့် အပြင် ခုခံတိုက်ခိုက်သည့် ထိုမြို့၏အကြီးအကဲ၊ ရှင်ဘုရင် စသူတို့မှာလည်း အရှင်လတ်လတ် တံကျင်လျှိုကာ သတ်ဖြတ်ခြင်းကို ခံရသေးသည်။ မြို့သူမြို့သားများကိုလည်း သတ်ဖြတ်ကာ အစုလိုက်ပုံထားလေ့ရှိသည်။ ထို့နောက်တွင် ရှိသမျှသော ရွှေငွေ စည်းစိမ်ဥစ္စာ၊ ဆိတ်၊ ကျွဲ၊ နွား၊ မြင်း စသဖြင့် မကျန်လေအောင် သိမ်းယူလေ့ရှိသည်။ အညံ့ခံသည့်တိုင် ရှင်ဘုရင်အား ခေါင်းဖြတ်၍ ထိုခေါင်းပြတ်ကို အမတ်များက လည်တွင် ဆွဲထားရပြန်သည်။

အင်ပါယာ ယိမ်းယိုင်လာခြင်း

အကြောင်းရင်းများ

နိုင်ငံကျယ်ပြန့်လာသည့်အတွက် စစ်တပ်ကိုလည်း တိုးချဲ့လာရသည်။ ယခင်ကာလများက လယ်သမားများအနေဖြင့် စစ်ပွဲအချိန်များမဟုတ်လျှင် လယ်ယာစိုက်ပျိုးပြီး စစ်ပွဲရှိလျှင် စစ်မှုထမ်းကြရသည်။ သို့သော် အမြဲတမ်းစစ်တပ်တည်ထောင်လိုက်သောအခါတွင် လယ်သမားတို့အနေဖြင့် စစ်မှုထမ်းခြင်းဖြင့်သာ အသက်မွေးရတော့ပြီး လယ်ယာစိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင်း အင်ပါယာတစ်ဝှမ်းတွင် စိုက်ပျိုးသူမဲ့ လယ်မြေများ ပေါများလာပြီး စီးပွားရေး ဆုပ်ယုတ်လာသည်။

ထိုသို့ စီးပွားရေး ကျဆင်းနေချိန်တွင် အင်ပါယာအတွင်းသို့ စီးပွားရေး အမြင်ကျယ်သည့် အာရေးမီးယန်း(Arameans) လူမျိုးများ ဝင်ရောက်လာပြီးနောက် နိုင်ငံ၏စီးပွားရေးကဏ္ဍကို အချိန်တိုအတွင်း ဦးဆောင်နိုင်သူများ ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့် အဆီးရီးယန်းဘာသာစကားနှင့် အာရေးမီးယန်းဘာသာစကားနှစ်ခုတွင် အာရေးမီးယန်းဘာသာစကားမှာ အသုံးကျယ်ပြန့် တွင်ကျယ်လာပြီး အဆီးရီးယန်းဘာသာစကားမှာ ကျဆင်းလာသည်။ မြို့တော် နင်နဗေးမှာပင် အဆီးရီးယန်းဘာသာစကားထက် အာရေးမီးယန်းဘာသာစကားကို ပိုမိုအသုံးပြုလာကြသည်။

ထိုအချက်များကြောင့် အင်ပါယာယိမ်းယိုင်လာသည့်အချိန်တွင် အဘက်ဘက်မှ မျိုးနွယ်စုများက အင်ပါယာဗဟိုချက်ကို ဦးတည်ကာ ကျူးကျော်ရွှေ့ပြောင်း အခြေချလာကြခြင်းမှာလည်း ပြဿနာကြီးတစ်ရပ်ဖြစ်လာသည်။ တောင်ဖက်မှ အာရေးမီးယန်းများ၊ အရှေ့ဖက်ပါရှန်းပင်လယ်ကွေ့ဖက်မှ ကယ်လ်ဒီးယန်းများ(Caldians)၊ မြောက်ဖက်မှ အင်ဒို-ဥရောပအနွယ်ဝင်များဖြစ်သည့် မီးဒီးစ်လူမျိုး(Medes) နှင့် ပါရှန်းလူမျိုး(Persians) များ ဦးဆောင်ဝင်ရောက်လာကြသည်။ အဘက်ဘက်မှ လူလှိုင်းကြီးများသဖွယ် အုပ်စုကြီးငယ်ဖြင့် ဝင်ရောက်အခြေချလာကြခြင်းကို အဆီးရီးယန်းတို့ မည်သို့မှ မဖြေရှင်းနိုင်ကြတော့ပေ။

အင်ပါယာပြိုလဲစေသည့် အရေးကြီးသည့် အချက်တစ်ချက်မှာ စစ်တပ်အတွင်းတွင် လက်အောက်ခံနိုင်ငံများမှ နိုင်ငံခြားသားများ များပြားလွန်းနေခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အမှန်တကယ် ပျက်စီးချိန်ကြုံသောအခါတွင် အဆိုပါ နိုင်ငံခြားသားတို့မှာ မည်သို့မျှ အားထုတ်ကြိုးပမ်းခြင်းမရှိတော့ဘဲ အဆီးရီးယန်းများပျက်လျှင် မိမိတို့ လွတ်လပ်မည် ဟူသော အတွေးမျိုးဖြင့်ပင် ရန်သူဖက်မှ ပါကြတော့သည်။

ပျက်စီးခြင်း

ဘီစီ ၆၁၆တွင် တောင်ပိုင်းဒေသများရှိ ကယ်လ်ဒီးယန်းတို့သည် အဆီးရီးယန်းတို့အား ဆန့်ကျင်သည့် အနေဖြင့် ဘေဘီလုံအား မြို့တည်ကာ နဘိုပေါ်လက်ဆာ (Nabopolassar) ဆိုသူက အက်ကတ်ဘုရင်(King of Akkad) အမည်ဖြင့် အုပ်ချုပ်လေသည်။ နောက်တစ်နှစ်အကြာတွင် အဆူးမြို့တော်ဟောင်းအထိ ချီတက်တိုက်ခိုက်လာသည်။ ထိုတိုက်ပွဲများတွင် အဆူးမြို့တော် မကျသော်လည်း အဆီးရီးယန်းတပ်များက နှစ်ကြိမ်တိုင်တိုင် မရှုမလှရှုံးနှိမ့်သည်။

ဘီစီ ၆၁၄တွင် မြောက်ပိုင်းမှ မီးဒီးစ်တို့သည် ဘုရင် ဆိုင်းယက်ဆီရိစ်(Cyaxares)၏ ဦးဆောင်မှုဖြင့် အဆူးမြို့တော်ကို သိမ်းပိုက်သည်။ ထိုနောက် နဘိုပေါ်လက်ဆာနှင့် ဆိုင်းယက်ဆီရိစ်တို့ မဟာမိတ်ဖွဲ့ကာ နင်နဗေးမြို့တော်ကို တိုက်ခိုက်သည်။ အဆီးရီးယန်းတို့အနေဖြင့် နှစ်ကြိမ်တိုင်တိုင် ရွပ်ရွပ်ချွံချွံ ခုခံကြသော်လည်း တတိယအကြိမ် ဘီစီ ၆၁၂တွင် နင်နဗေးမြို့တော်သည် ပြပုံဘဝသို့ ဆင်းသက်ရသည်။ ထိုပြာပုံ၊ မီးခိုးလုံးကြီးအား မြင်တွေ့ရသည့်အတွက် ရက်စက်သည့်အင်ပါယာအောက်မှ လွတ်မြောက်သည့်အထိမ်းအမှတ်ဖြင့် လူတို့၏ ဟစ်ကြွေးသံမှာ ကပ်စပီယန်ပင်လယ်မှ နိုင်းမြစ်ဝှမ်းအထိ တစ်ခဲနက် ပေါ်ထွက်လာသည်ဟုပင် ဆိုစမှတ်ပြုကြသည်။

မြန်မာ့စွယ်စုံကျမ်း
Myanmar Wikipedia

Leave a Reply