နာဇီေတြေၾကာက္ရြံ႕ခဲ့ရေသာ အမ်ဳိးသမီးစႏုိက္ဘာ ၁၀ ေယာက္

Posted on

ဒုတိယ ကမာၻစစ္ အတြင္းက နာဇီေခါင္းေဆာင္ႀကီး ဟစ္တလာရဲ႕ အႀကီးဆံုးအမွားကေတာ့ ဥေရာပမွာစစ္ေရး အသာရေနတဲ့ သူ႔နာဇီတပ္ေတြကို ႐ု႐ွားဘက္ကို ခ်ီတက္တိုက္ခိုက္ေစျခင္းပါပဲ။ ဟစ္တလာဟာ ျပင္သစ္စစ္ဘုရင္ နပိုလီယံနည္းတူ ႐ု႐ွားရဲ႕ၾကမ္းတမ္းတဲ့ ရာသီဥတုအေျခအေနနဲ႔ အေရးမလွရင္ ဘယ္လိုဆုတ္ခြာရမလဲဆိုတဲ့ အဓိကအခ်က္ ၂ခ်က္ကို ထည့္သြင္းစဥ္းစားျခင္းမ႐ွိခဲ့ပါဘူး။

ဟစ္တလာရဲ႕ စစ္မ်က္ႏွာမ်ား လက္တံရွည္လ်ားလတာေၾကာင့္ အဲဒီအခ်ိန္ကစလုိ႔ မႏိုင္မနင္းျဖစ္ခဲ့ပါတယ္။ နာဇီတို႔ရဲ႕ထိုးစစ္ကို စတာလင္ဦးေဆာင္တဲ့ ဆိုဗီယက္တပ္နီေတြဟာ အေကာင္းဆံုးခုခံတားဆီးႏိုင္ခဲ့ပါတယ္။ ခုခံစစ္ကိုဆင္ႏႊဲရာမွာ အလႊာေပါင္းစံု ၊ လူမ်ိဳးေပါင္းစံု ၊ က်ား/မ မေရြးတဲ့ဆိုဗီယက္ျပည္သူေတြဟာ စစ္တပ္နဲ႔ ပူးေပါင္းၿပီး တိုက္ပြဲဝင္ခဲ့ၾကပါတယ္။

ျပင္းထန္လွတဲ့ ႐ု႐ွားရာသီဥတုမွာ တစ္မ်ိဳးသားလံုး စုစုစည္းစည္းတိုက္ခိုက္ခဲ့မႈေတြသာမက ဒုတိယကမာၻစစ္ေႏွာင္းပိုင္းမွ စစ္ထဲဝင္လာတဲ့ အေမရိကန္ျပည္ေထာင္စု စတဲ့ အမ်ိဳးစံုေသာဖိအားေတြေၾကာင့္ ေဘးၾကပ္နံၾကပ္ျဖစ္ကာ ဂ်ာမန္ေတြအရံူးႀကီး႐ူံးခဲ့ရပါတယ္။

ထိုအခ်ိန္က ႐ု႐ွားအမ်ိဳးသမီးမ်ားဟာ ေယာက်ၤားသားမ်ားနဲ႔ ရင္ေပါင္တန္းၿပီး တိုက္ပြဲဝင္ခဲ့ၾကရာ ႏိုင္ငံေတာ္ကဂုဏ္ထူးေဆာင္ဘြဲ႔တံဆိပ္ေတြ ခ်ီးျမႇင့္ခံရေလာက္သည္အထိ အစြမ္းျပႏိုင္ခဲ့ၾကပါတယ္။ အခု မိတ္ေဆြတုိ႔ကုိ ဗဟုသုတအေနနဲ႔ မွ်ေ၀မယ့္ အေၾကင္းကေတာ့ ဒုတိယကမာၻစစ္သမိုင္းမွာ နာဇီတို႔အထူးေၾကာက္ရြံခဲ့ရတဲ့ ေသမင္းတမန္႐ု႐ွားအမ်ိဳးသမီး စႏုိက္ဘာမ်ားရဲ႕အေၾကာင္းပဲျဖစ္ပါတယ္။

၁၀။ Tanya Baramina

မူလတန္းျပဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ေနခဲ့တဲ့ Tanya ကို႐ု႐ွားႏိုင္ငံ Tatiara Nikalavena Baramzina အရပ္မွာေမြးဖြားခဲ့ပါတယ္။ ႐ု႐ွားအမွတ္(၃၃)တပ္မရဲ႕ အမွတ္(၇၀)႐ိုင္ဖယ္တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သူမတုိ႔တပ္ဖြဲ႔ဟာ ဂ်ာမန္တပ္ေတြ ထိုးေဖာက္ဝင္ေရာက္လာတဲ့ Belorussian အေ႐ွ႕ပိုင္းစစ္မ်က္ႏွာမွာ ရန္သူတပ္ရင္းေတြရဲ႕ ေနာက္ကေနစြန္႔စြန္႔စားစား ေလထီးခုန္ဆင္းၿပီး လ်ိဳ႕ဝွက္တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲဒီစစ္ဆင္ေရးမတိုင္ခင္တည္းကTanya ဟာဂ်ာမန္စစ္သား ၁၆ ဦးခန္႔ကို စႏိုက္ဘာ အသံုးျပဳၿပီး သုတ္သက္ခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီစစ္ဆင္ေရးအတြင္းမွာ လည္းေနာက္ထပ္ဂ်ာမန္စစ္သား ၂၀ဦး အထိ သတ္ျဖတ္ႏိုင္ခဲ့ပါတယ္။ တိုက္ပြဲအတြင္း သူမဟာ ရန္သူေတြရဲ႕ဖမ္းဆီးျခင္းကိုခံရၿပီး ေနာက္ပိုင္းမွာအဆံုးစီရင္ျခင္း ခံခဲ့ရပါတယ္။ သူမရဲ႕စြန္႔လႊတ္စြန္႔စားတိုက္ခိုက္မူေတြအတြက္ ဆိုဗီယက္ျပည္ေထာင္စုအစိုးရက ေရႊၾကယ္တံဆိပ္ကို ခ်ီးျမႇင့္ၿပီး သူရဲေကာင္းအျဖစ္ ၁၉၄၅ခုႏွစ္ မတ္လ ၂၄ရက္ေန႔မွာ အသိအမွတ္ျပဳခဲ့ပါတယ္။

၉။ Nadezda kolesnikov

သူမဟာအေပ်ာ္တမ္း စႏုိက္ဘာသမားတစ္ဦးအေနနဲ႔ Volkhvsky အေ႐ွ႕ဘက္စစ္မ်က္ႏွာမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ စစ္အတြင္း ဂ်ာမန္စစ္သား ၁၉ဦးကို သုတ္သင္ႏိုင္ခဲ့ပါတယ္။ ထိုအခ်ိန္ကဆိုဗီယက္႐ု႐ွားတပ္မေတာ္မွာအမ်ိဳးသမီးစစ္သည္ ၈သိန္း နီးပါးဟာ စႏိုက္ဘာတပ္ ၊ အေျမာတ္တပ္ ၊ ေထာက္ပို႔တပ္နဲ႔ စစ္သူနာျပဳမ်ားသာမက ေလယာဥ္မႉးေတြအထိ တာဝန္ထမ္းေဆာင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

သူမတာဝန္က်ရာ စစ္ေျမျပင္မွာ အမ်ိဳးသမီးစစ္သား ၂ေထာင္ခန္႔႐ွိၿပီး ၅၀၀ခန္႔သာက်န္တဲ့အထိ အက်အဆံုးမ်ားခဲ့ပါတယ္။ အဲလိုက်န္႐ွိတဲ့အမ်ိဳးသမီးစစ္သည္ေတြထဲက တစ္ဦးျဖစ္တဲ့ kolesnikov ဟာ စစ္ႀကီးၿပီးတဲ့အခ်ိန္မွာ သူရဲေကာင္းဆုတံဆိပ္နဲ႔ ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္

၈။ Tania Chenova

ဒါ႐ိုက္တာRachel Weisz ႐ိုက္ကူးၿပီး႐ုပ္႐ွင္မင္းသားJude Lawသ႐ုပ္ေဆာင္ထားတဲ့ Enemy at thegates ကားထဲက အမ်ိဳးသမီးစႏိုက္ဘာသမားေတြရဲ႕ အေျခအေနဟာ Tania ရင္ဆိုင္ခဲ့ရတဲ့ တကယ္အျပင္ကအျဖစ္အပ်က္နဲ႔ျခားနားပါတယ္။ အေမရိကန္-႐ု႐ွားကျပားျဖစ္တဲ့ Tania ဟာ ဘီလာ႐ုစ္မွာ႐ွိတဲ့ သူမအဘိုးအဘြားေတြဆီ ခရီးထြက္ခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဂ်ာမန္တပ္ေတြရဲ႕လက္ခ်က္နဲ႔ သူ႔အဘိုး့ဘြားေတြေသဆံုးခဲ့ရပါတယ္။

အဲဒီေနာက္သူမဟာ Hares မွာ႐ွိတဲ့ ဆိုဗီယက္စစ္တပ္မွာ စတင္အမႈထမ္းခဲ့ပါတယ္။ စစ္အတြင္းနာမည္ႀကီး ႐ု႐ွားေအဂ်င့္ Vatsily Zaytsev ဖြဲ႔စည္းတဲ့ စႏိုက္ဘာအဖြဲ႔ဝင္တစ္ဦး ျဖစ္လာပါတယ္။ အဲဒီအဖြဲ႔နဲ႔အတူ Tania ဟာ ထင္ေပၚလာၿပီး ဂ်ာမန္စစ္သား ၂၄ေယာက္ကုိ သုတ္သင္ႏိုင္ခဲ့ပါတယ္။ တိုက္ပြဲေတြမွာ ရြပ္ရြပ္ခြၽံခြၽံတိုက္ခိုက္ရင္း ဝမ္းဗိုက္ကိုမိုင္းစမွန္ခဲ့ပါတယ္။ ဆိုဗီယက္ေနာက္တန္း စစ္ဌာနခ်ဳပ္ျဖစ္တဲ့ Tashkentကို ပို႔ၿပီးျပန္လည္ေပ်ာက္ကင္းေအာင္ကုသေပးခဲ့ပါတယ္။ အဲေနာက္ပိုင္းမွာေတာ့ သူမၾက့ံခိုင္မႈအေနအထားရ စစ္ပြဲေတြဆီကို သူမျပန္ေရာက္လာျခင္းမ႐ွိေတာ့ပါဘူး။

၇။ Ziba Ganiyeva

႐ွား႐ွားပါးပါး ဒီအမ်ိဳးသမီးစစ္သည္ေတာ္ဟာ အဇာဘိုင္ဂ်န္(ဆိုဗီယက္ျပည္ေထာင္စုမၿပိဳကြဲခင္)မွ နာမည္ႀကီး ႐ုပ္႐ွင္မင္းသမီးျဖစ္ပါတယ္။ ဆိုဗီယက္အမွတ္၃ ႐ိုင္ဖယ္ေသနက္တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ အလြန္ရဲရင့္သူျဖစ္ၿပီး ဂ်ာမန္တပ္ေတြရဲ႕ အနီးဆံုးဧရိယာအတြင္း ၁၆ႀကိမ္ေလာက္ အထိဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။

တိုက္ပြဲျဖစ္စဥ္ေတြမွာ ဂ်ာမန္တပ္ဖြဲ႔ဝင္ ၂၁ ဦးအထိသတ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ေမာ္စကိုတိုက္ပြဲမွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရ႐ွိခဲ့ပါတယ္။ ေဆးရံုေပၚမွာ ၁၁လအထိၾကာျမင့္ခဲ့ၿပီး ျပန္လည္သက္သာလာေပမယ့္ စစ္ဆင္ေရးေတြမွာ ပါဝင္ႏိုင္ျခင္းမ႐ွိေတာ့ပါဘူး။ သူမကိုအနီေရာင္တိုက္ပြဲဝင္တံဆိပ္နဲ႔ အနီၾကယ္ဆုတံဆိပ္ေတြခ်ီးျမွင့္ခဲ့ပါတယ္။

၆။ Roza Shanina

ဒုတိယကမာၻစစ္အတြင္း အေ႐ွ႕ပရပ္႐ွားစစ္ေျမျပင္မွာ မျမင္ႏိုင္ေသာေသမင္း လို႔နာမည္ေျပာင္ရထားတဲ့အခ်ိန္မွာ Roza ဟာအသက္ ၂၀ အရြယ္သာ႐ွိေသးပါတယ္။ သူမကို ၁၉၂၄ခုႏွစ္မွာ ႐ု႐ွားႏိုင္ငံ Yedma ေက်းရြာေလးမွာ ေမြးခဲ့တာပါ။ ဆိုဗီယက္ေခါင္းေဆာင္ စတာလင္ဆီ စာႏွစ္ႀကိမ္ေရးသားၿပီး စစ္ပြဲေတြမွာပါဝင္တိုက္ခိုက္ဖို႔ဆနၵျပဳခဲ့သူပါ။ Order of glory ဆုရတဲ့ ပထမဆံုးအမ်ိဳးသမီးစစ္သည္ေတာ္ျဖစ္ၿပီး အဲဒီဆုကို နာမည္ေက်ာ္ Vilnius စစ္ပြဲမွာရ႐ွိခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္စစ္သည္ ၅၉ဦးအထိ သုတ္သင္ႏိုင္ခဲ့ေပမယ့္ သူမကေတာ့က်ဆံုးခဲ့ပါတယ္။ သူမဟာ ဒဏ္ရာရ ႐ု႐ွားစစ္သည္ေတြကို ကယ္ထုတ္တဲ့ စစ္ဆင္ေရးတစ္ခုမွာ ရင္ဘတ္ကိဗံုးဆန္မွန္ခဲ့တာပါ။ အူေတြအေခြလိုက္ျပဳတ္က်ေနရင္း ေနာက္ဆံုးအခ်ိန္အထိ တိုက္ပြဲဝင္သြားခဲ့သူျဖစ္ပါတယ္။ သူမဟာ ယင္းတိုက္ပြဲၿပီးဆံုးတဲ့ ေနာက္တစ္ေန႔ျဖစ္တဲ့ ၁၉၄၅ခုႏွစ္ ဇန္နဝါရီ ၂၇ ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။

၅။ Lubya Makarova

တပ္ၾကပ္ႀကီး Lubya Makarova ဟာ ကံေကာင္းစြာ အသက္ရွင္က်န္ခဲ့တဲ့ အမ်ဳိးသမီးစစ္သည္ ၅၀၀ ထဲက တစ္ဦးျဖစ္ၿပီး ရုရွား အမွတ္ ၃ တုိက္ခုိက္ေရးတပ္မွာ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

ဒုတိယ ေဘာ္လ္တစ္အေရွ႕ျခင္း နဲ႔ Kalnin တုိက္ပြဲေတြမွာ တက္ၾကြတဲ့စစ္သည္တစ္ဦးအျဖစ္ အလြန္ေက်ာ္ၾကားခဲ့သူ ၊ ဂ်ာမန္စစ္သားေပါင္း ၈၄ေယာက္ကုိ သတ္ျဖတ္ခဲ့ၿပီး သူမ ဇာတိေျမ Perm ကုိ သူရဲေကာင္းစစ္ျပန္တစ္ဦးအျဖစ္ ျပန္လာႏုိင္ခဲ့သူပါ။ ႏုိင္ငံေတာ္က သူမကုိ Order of Glory ဒုတိယ နဲ႔ တတိယအဆင့္ေတြအထိ ခ်ီးျမွင့္ခဲ့ပါတယ္။

၄။ Klavdiya Kalugina

ရုရွားတပ္နီေတာ္ရဲ႕ အငယ္ဆုံးစစ္သည္ အငယ္ဆုံး စႏုိက္ဘာသမား ဟာ Kalugina ျဖစ္ပါတယ္။ အသက္ ၁၇ႏွစ္ထဲက စစ္ထဲ၀င္ခဲ့တာျဖစ္ၿပီး စစ္ထဲမ၀င္ခင္ကေတာ့ လက္နက္ခဲယမ္းထုတ္လုပ္တဲ့စက္ရုံမွာ အလုပ္လုပ္ခဲ့ရသူျဖစ္ပါတယ္။ စစ္ထဲ၀င္ၿပီး မၾကာမီမွာ စႏုိက္ဘာသင္တန္းကုိ တက္ေရာက္ၿပီး သူမတူတဲ့ အရည္အခ်င္းေတြေၾကာင့္ တတိယ Belorussian တုိက္ပြဲစစ္မ်က္ႏွာကုိ ေစလြတ္ျခင္းခံခဲ့ရပါတယ္။

ပုိလန္ေျမမွာ တုိက္ခုိက္ခဲ့ၿပီးတဲ့ေနာက္ လီနင္ဂရက္စစ္ပြဲကို ထပ္မံေစလြတ္ခံခဲ့ရျပန္ပါတယ္။ အဲဒီမွာ သူမဟာ ၿမဳိ႕ကုိ ဂ်ာမန္ေတြရဲ႕လက္က ကာကြယ္ဖုိ႔ကူညီေပးခဲ့ပါတယ္။ တုိက္ပြဲအတြင္း ဂ်ာမန္စစ္သား ၂၅၇ ေယာက္ ကို သူမရဲ႕အစြမ္းနဲ႔ ပစ္သတ္ႏုိင္ခဲ့ပါတယ္။ အနီးဆုံး မီတာ၂၀၀ အေ၀းဆုံးမီတာ ၁၂၀၀ အကြာအေ၀းကေန ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ စစ္ႀကီးၿပီးတဲ့အထိ လီနင္ဂရက္မွာပဲ သူမရဲ႕တာ၀န္ကို ထမ္းေဆာင္ခဲ့ပါတယ္။

၃။ Nina Lobkovskaya

Nina ဟာ ဖခင္ေသဆုံးၿပီး ၁၉၄၂ခုႏွစ္မွာ ရုရွားစစ္တပ္ထဲကုိ ၀င္ေရာက္ခဲ့ပါတယ္။ ရုရွားအမွတ္ ၃ ေျခလွ်င္တပ္ရင္းမွာ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး အဲဒီမွာ ဗုိလ္အဆင့္ရာထူးကို ရရွိခဲ့ပါတယ္။

ဘာလင္ၿမဳိ႕သိမ္းတုိက္ပြဲမွာေတာ့ သူမဟာ အမ်ဳိးသမီး စႏုိက္ဘာ အေယာက္ ၁၀၀ နဲ႔ဖြဲ႔စည္းထားတဲ့ တပ္ဖြဲ႔ရဲ႕ ဦးေဆာင္ညႊန္ၾကားသူ ျဖစ္ခဲ့ပါတယ္။ အဲဒီပြဲမွာ အဖြဲ႔ကို အေကာင္းဆုံးထိန္းခ်ဳပ္ညႊန္ၾကားႏုိင္ခဲ့ၿပီး သူမကုိယ္တုိင္လည္း ရန္သူအေယာက္ ၈၉ေယာက္ကို သတ္ခဲ့ပါေသးတယ္။

၂။ Nina Pavlovna Petrova

Nina ႏွစ္ေယာက္ျဖစ္တဲ့အတြက္ အသက္ပုိႀကီးတဲ့ Nina Pavlovna Petrova ကုိ Mama Nia လုိ႔ေခၚၾကတယ္။ သူမဟာ အမ်ဳိးသမီးစႏုိက္ဘာေတြထဲမွာ အသက္အႀကီးဆုံးျဖစ္ပါတယ္။ ၁၈၉၃မွာ ေမြးဖြားခဲ့တဲ့ သူမဟာ စစ္ထဲစ၀င္တဲ့အခ်ိန္မွာ အသက္ ၄၈ႏွစ္ရွိပါၿပီ။

စႏုိက္ဘာသင္တန္းေက်ာင္းဆင္းခဲ့ၿပီးတဲ့ေနာက္ အမွတ္ ၂၁ ရုိင္ဖယ္ေသနတ္ကုိင္တပ္ရင္းမွာ တက္ၾကြစြာတာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ အသက္ႀကီးေပမယ့္ Petrova ဟာ ရန္သူစစ္သားေပါင္း ၁၂၂ေယာက္ကို သတ္ျဖတ္ႏုိင္ခဲ့တဲ့အထိ လက္သံေျပာင္ခဲ့ပါတယ္။ တုိက္ပြဲအတြင္းမေသခဲ့တဲ့ သူမဟာ စစ္ႀကီးၿပီးတဲ့အခ်ိန္မွာေတာ့ ကားမေတာ္တဆမႈျဖစ္ၿပီး ခုႏွစ္ရက္အၾကာမွာ ကြယ္လြန္ခဲ့ရပါတယ္။ အဲဒီအခ်ိန္က သူမအသက္ဟာ ၅၃ႏွစ္ပဲ ရွိပါေသးတယ္။

၁။ Lyudmila Pavlichenko

Lady Death လို႔ေတာင္အမည္ရတဲ့ Pavlichenko ကို ၁၉၁၆ခုႏွစ္ ယူကရိန္းမွာ ေမြးဖြားခဲ့ပါတယ္။ စစ္ထဲမဝင္ခင္က သူမဟာတကၠသိုလ္ေက်ာင္းသူတစ္ဦးျဖစ္ၿပီး တကၠသိုလ္အေပ်ာ္တမ္းေသနက္ပစ္အဖြဲ႔ရဲ႕ လက္ေရြးစင္တစ္ဦးလည္းျဖစ္ပါတယ္။ အသက္ ၂၄ႏွစ္ အရြယ္မွာ စႏိုက္ဘာသင္တန္းေက်ာင္းတက္ေရာက္ခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ အမွတ္ ၂၅ ႐ု႐ွားတပ္နီေတာ္ရဲ႕ Chapayev ႐ိုင္ဖယ္တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သူမကို စစ္သမိုင္းတစ္ေလ်ာက္အေတာ္ဆုံး အမ်ဳိးသမီး စႏိုက္ဘာ သမားလို႔သတ္မွတ္ၾကပါတယ္။ ရန္သူစႏိုက္ဘာသမား ၂၉ ဦး အပါအ၀င္ ရန္သူဂ်ာမန္တပ္သား ၃၀၉ ဦး အထိသုတ္သင္ခဲ့သူပါ။ ဒါေၾကာင့္လည္း ဆိုဗီယက္အစိုးရက သူရဲေကာင္းတံဆိပ္ေရႊၾကယ္နဲ႔ သူမမ်က္ႏွာနဲ႔တံဆိပ္ေခါင္းထုတ္ေပးၿပီး ဂုဏ္ျပဳေပးခဲ့ပါတယ္။

သုတဇုန္


နာဇီတွေကြောက်ရွံ့ခဲ့ရတဲ့ အမျိုးသမီးစနိုက်ဘာ ၁၀ ယောက် (unicode)

ရေးသားသူ – အောင်ကောင်းထက်(GAD)
ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ အကြီးဆုံးအမှားကတော့ ဥရောပမှာစစ်ရေး အသာရနေတဲ့ သူ့နာဇီတပ်တွေကို ရုရှားဘက်ကို ချီတက်တိုက်ခိုက်စေခြင်းပါပဲ။ ဟစ်တလာဟာ ပြင်သစ်စစ်ဘုရင် နပိုလီယံနည်းတူ ရုရှားရဲ့ကြမ်းတမ်းတဲ့ ရာသီဥတုအခြေအနေနဲ့ အရေးမလှရင် ဘယ်လိုဆုတ်ခွာရမလဲဆိုတဲ့ အဓိကအချက် ၂ချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။ ဟစ်တလာရဲ့ စစ်မျက်နှာများ လက်တံရှည်လျားလတာကြောင့် အဲဒီအချိန်ကစလို့ မနိုင်မနင်းဖြစ်ခဲ့ပါတယ်။ နာဇီတို့ရဲ့ထိုးစစ်ကို စတာလင်ဦးဆောင်တဲ့ ဆိုဗီယက်တပ်နီတွေဟာ အကောင်းဆုံးခုခံတားဆီးနိုင်ခဲ့ပါတယ်။ ခုခံစစ်ကိုဆင်နွှဲရာမှာ အလွှာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ ကျား/မ မရွေးတဲ့ဆိုဗီယက်ပြည်သူတွေဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ပြင်းထန်လှတဲ့ ရုရှားရာသီဥတုမှာ တစ်မျိုးသားလုံး စုစုစည်းစည်းတိုက်ခိုက်ခဲ့မှုတွေသာမက ဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှ စစ်ထဲဝင်လာတဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ အမျိုးစုံသောဖိအားတွေကြောင့် ဘေးကြပ်နံကြပ်ဖြစ်ကာ ဂျာမန်တွေအရူံးကြီးရူံးခဲ့ရပါတယ်။ ထိုအချိန်က ရုရှားအမျိုးသမီးများဟာ ယောင်္ကျားသားများနဲ့ ရင်ပေါင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြရာ နိုင်ငံတော်ကဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရလောက်သည်အထိ အစွမ်းပြနိုင်ခဲ့ကြပါတယ်။ အခု မိတ်ဆွေတို့ကို ဗဟုသုတအနေနဲ့ မျှဝေမယ့် အကြေင်းကတော့ ဒုတိယကမ္ဘာစစ်သမိုင်းမှာ နာဇီတို့အထူးကြောက်ရွံခဲ့ရတဲ့ သေမင်းတမန်ရုရှားအမျိုးသမီး စနိုက်ဘာများရဲ့အကြောင်းပဲဖြစ်ပါတယ်။

၁၀။ Tanya Baramina

မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ Tanya ကိုရုရှားနိုင်ငံ Tatiara Nikalavena Baramzina အရပ်မှာမွေးဖွားခဲ့ပါတယ်။ ရုရှားအမှတ်(၃၃)တပ်မရဲ့ အမှတ်(၇၀)ရိုင်ဖယ်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမတို့တပ်ဖွဲ့ဟာ ဂျာမန်တပ်တွေ ထိုးဖောက်ဝင်ရောက်လာတဲ့ Belorussian အရှေ့ပိုင်းစစ်မျက်နှာမှာ ရန်သူတပ်ရင်းတွေရဲ့ နောက်ကနေစွန့်စွန့်စားစား လေထီးခုန်ဆင်းပြီး လျို့ဝှက်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးမတိုင်ခင်တည်းကTanya ဟာဂျာမန်စစ်သား ၁၆ ဦးခန့်ကို စနိုက်ဘာ အသုံးပြုပြီး သုတ်သက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ လည်းနောက်ထပ်ဂျာမန်စစ်သား ၂၀ဦး အထိ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း သူမဟာ ရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီး နောက်ပိုင်းမှာအဆုံးစီရင်ခြင်း ခံခဲ့ရပါတယ်။ သူမရဲ့စွန့်လွှတ်စွန့်စားတိုက်ခိုက်မူတွေအတွက် ဆိုဗီယက်ပြည်ထောင်စုအစိုးရက ရွှေကြယ်တံဆိပ်ကို ချီးမြှင့်ပြီး သူရဲကောင်းအဖြစ် ၁၉၄၅ခုနှစ် မတ်လ ၂၄ရက်နေ့မှာ အသိအမှတ်ပြုခဲ့ပါတယ်။

၉။ Nadezda kolesnikov

သူမဟာအပျော်တမ်း စနိုက်ဘာသမားတစ်ဦးအနေနဲ့ Volkhvsky အရှေ့ဘက်စစ်မျက်နှာမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အတွင်း ဂျာမန်စစ်သား ၁၉ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်။ ထိုအချိန်ကဆိုဗီယက်ရုရှားတပ်မတော်မှာအမျိုးသမီးစစ်သည် ၈သိန်း နီးပါးဟာ စနိုက်ဘာတပ် ၊ အမြောတ်တပ် ၊ ထောက်ပို့တပ်နဲ့ စစ်သူနာပြုများသာမက လေယာဉ်မှူးတွေအထိ တာဝန်ထမ်းဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သူမတာဝန်ကျရာ စစ်မြေပြင်မှာ အမျိုးသမီးစစ်သား ၂ထောင်ခန့်ရှိပြီး ၅၀ဝခန့်သာကျန်တဲ့အထိ အကျအဆုံးများခဲ့ပါတယ်။ အဲလိုကျန်ရှိတဲ့အမျိုးသမီးစစ်သည်တွေထဲက တစ်ဦးဖြစ်တဲ့ kolesnikov ဟာ စစ်ကြီးပြီးတဲ့အချိန်မှာ သူရဲကောင်းဆုတံဆိပ်နဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်

၈။ Tania Chenova

ဒါရိုက်တာRachel Weisz ရိုက်ကူးပြီးရုပ်ရှင်မင်းသားJude Lawသရုပ်ဆောင်ထားတဲ့ Enemy at thegates ကားထဲက အမျိုးသမီးစနိုက်ဘာသမားတွေရဲ့ အခြေအနေဟာ Tania ရင်ဆိုင်ခဲ့ရတဲ့ တကယ်အပြင်ကအဖြစ်အပျက်နဲ့ခြားနားပါတယ်။ အမေရိကန်-ရုရှားကပြားဖြစ်တဲ့ Tania ဟာ ဘီလာရုစ်မှာရှိတဲ့ သူမအဘိုးအဘွားတွေဆီ ခရီးထွက်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဂျာမန်တပ်တွေရဲ့လက်ချက်နဲ့ သူ့အဘို့းဘွားတွေသေဆုံးခဲ့ရပါတယ်။ အဲနောက်သူမဟာ Hares မှာရှိတဲ့ ဆိုဗီယက်စစ်တပ်မှာ စတင်အမှုထမ်းခဲ့ပါတယ်။ စစ်အတွင်းနာမည်ကြီး ရုရှားအေဂျင့် Vatsily Zaytsev ဖွဲ့စည်းတဲ့ စနိုက်ဘာအဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ အဲဒီအဖွဲ့နဲ့အတူ Tania ဟာ ထင်ပေါ်လာပြီး ဂျာမန်စစ်သား ၂၄ယောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ဝမ်းဗိုက်ကိုမိုင်းစမှန်ခဲ့ပါတယ်။ ဆိုဗီယက်နောက်တန်း စစ်ဌာနချုပ်ဖြစ်တဲ့ Tashkentကို ပို့ပြီးပြန်လည်ပျောက်ကင်းအောင်ကုသပေးခဲ့ပါတယ်။ အဲနောက်ပိုင်းမှာတော့ သူမကြံ့ခိုင်မှုအနေအထားရ စစ်ပွဲတွေဆီကို သူမပြန်ရောက်လာခြင်းမရှိတော့ပါဘူး။

၇။ Ziba Ganiyeva

ရှားရှားပါးပါး ဒီအမျိုးသမီးစစ်သည်တော်ဟာ အဇာဘိုင်ဂျန်(ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်)မှ နာမည်ကြီး ရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။ ဆိုဗီယက်အမှတ်၃ ရိုင်ဖယ်သေနက်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အလွန်ရဲရင့်သူဖြစ်ပြီး ဂျာမန်တပ်တွေရဲ့ အနီးဆုံးဧရိယာအတွင်း ၁၆ကြိမ်လောက် အထိဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်စဉ်တွေမှာ ဂျာမန်တပ်ဖွဲ့ဝင် ၂၁ ဦးအထိသတ်ဖြတ်နိုင်ခဲ့ပါတယ်။ မော်စကိုတိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးရုံပေါ်မှာ ၁၁လအထိကြာမြင့်ခဲ့ပြီး ပြန်လည်သက်သာလာပေမယ့် စစ်ဆင်ရေးတွေမှာ ပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။ သူမကိုအနီရောင်တိုက်ပွဲဝင်တံဆိပ်နဲ့ အနီကြယ်ဆုတံဆိပ်တွေချီးမြှင့်ခဲ့ပါတယ်။

၆။ Roza Shanina

ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ပရပ်ရှားစစ်မြေပြင်မှာ မမြင်နိုင်သောသေမင်း လို့နာမည်ပြောင်ရထားတဲ့အချိန်မှာ Roza ဟာအသက် ၂၀ အရွယ်သာရှိသေးပါတယ်။ သူမကို ၁၉၂၄ခုနှစ်မှာ ရုရှားနိုင်ငံ Yedma ကျေးရွာလေးမှာ မွေးခဲ့တာပါ။ ဆိုဗီယက်ခေါင်းဆောင် စတာလင်ဆီ စာနှစ်ကြိမ်ရေးသားပြီး စစ်ပွဲတွေမှာပါဝင်တိုက်ခိုက်ဖို့ဆန္ဒပြုခဲ့သူပါ။ Order of glory ဆုရတဲ့ ပထမဆုံးအမျိုးသမီးစစ်သည်တော်ဖြစ်ပြီး အဲဒီဆုကို နာမည်ကျော် Vilnius စစ်ပွဲမှာရရှိခဲ့တာဖြစ်ပါတယ်။ ဂျာမန်စစ်သည် ၅၉ဦးအထိ သုတ်သင်နိုင်ခဲ့ပေမယ့် သူမကတော့ကျဆုံးခဲ့ပါတယ်။ သူမဟာ ဒဏ်ရာရ ရုရှားစစ်သည်တွေကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးတစ်ခုမှာ ရင်ဘတ်ကိဗုံးဆန်မှန်ခဲ့တာပါ။ အူတွေအခွေလိုက်ပြုတ်ကျနေရင်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားခဲ့သူဖြစ်ပါတယ်။ သူမဟာ ယင်းတိုက်ပွဲပြီးဆုံးတဲ့ နောက်တစ်နေ့ဖြစ်တဲ့ ၁၉၄၅ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

၅။ Lubya Makarova

တပ်ကြပ်ကြီး Lubya Makarova ဟာ ကံကောင်းစွာ အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးစစ်သည် ၅၀၀ ထဲက တစ်ဦးဖြစ်ပြီး ရုရှား အမှတ် ၃ တိုက်ခိုက်ရေးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒုတိယ ဘော်လ်တစ်အရှေ့ခြင်း နဲ့ Kalnin တိုက်ပွဲတွေမှာ တက်ကြွတဲ့စစ်သည်တစ်ဦးအဖြစ် အလွန်ကျော်ကြားခဲ့သူ ၊ ဂျာမန်စစ်သားပေါင်း ၈၄ယောက်ကို သတ်ဖြတ်ခဲ့ပြီး သူမ ဇာတိမြေ Perm ကို သူရဲကောင်းစစ်ပြန်တစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့သူပါ။ နိုင်ငံတော်က သူမကို Order of Glory ဒုတိယ နဲ့ တတိယအဆင့်တွေအထိ ချီးမြှင့်ခဲ့ပါတယ်။

၄။ Klavdiya Kalugina

ရုရှားတပ်နီတော်ရဲ့ အငယ်ဆုံးစစ်သည် အငယ်ဆုံး စနိုက်ဘာသမား ဟာ Kalugina ဖြစ်ပါတယ်။ အသက် ၁၇နှစ်ထဲက စစ်ထဲဝင်ခဲ့တာဖြစ်ပြီး စစ်ထဲမဝင်ခင်ကတော့ လက်နက်ခဲယမ်းထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ခဲ့ရသူဖြစ်ပါတယ်။ စစ်ထဲဝင်ပြီး မကြာမီမှာ စနိုက်ဘာသင်တန်းကို တက်ရောက်ပြီး သူမတူတဲ့ အရည်အချင်းတွေကြောင့် တတိယ Belorussian တိုက်ပွဲစစ်မျက်နှာကို စေလွတ်ခြင်းခံခဲ့ရပါတယ်။ ပိုလန်မြေမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လီနင်ဂရက်စစ်ပွဲကို ထပ်မံစေလွတ်ခံခဲ့ရပြန်ပါတယ်။ အဲဒီမှာ သူမဟာ မြို့ကို ဂျာမန်တွေရဲ့လက်က ကာကွယ်ဖို့ကူညီပေးခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဂျာမန်စစ်သား ၂၅၇ ယောက် ကို သူမရဲ့အစွမ်းနဲ့ ပစ်သတ်နိုင်ခဲ့ပါတယ်။ အနီးဆုံး မီတာ၂၀၀ အဝေးဆုံးမီတာ ၁၂၀၀ အကွာအဝေးကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စစ်ကြီးပြီးတဲ့အထိ လီနင်ဂရက်မှာပဲ သူမရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

၃။ Nina Lobkovskaya

Nina ဟာ ဖခင်သေဆုံးပြီး ၁၉၄၂ခုနှစ်မှာ ရုရှားစစ်တပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ရုရှားအမှတ် ၃ ခြေလျှင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီမှာ ဗိုလ်အဆင့်ရာထူးကို ရရှိခဲ့ပါတယ်။ ဘာလင်မြို့သိမ်းတိုက်ပွဲမှာတော့ သူမဟာ အမျိုးသမီး စနိုက်ဘာ အယောက် ၁၀၀ နဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားသူ ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ အဖွဲ့ကို အကောင်းဆုံးထိန်းချုပ်ညွှန်ကြားနိုင်ခဲ့ပြီး သူမကိုယ်တိုင်လည်း ရန်သူအယောက် ၈၉ယောက်ကို သတ်ခဲ့ပါသေးတယ်။

၂။ Nina Pavlovna Petrova

Nina နှစ်ယောက်ဖြစ်တဲ့အတွက် အသက်ပိုကြီးတဲ့ Nina Pavlovna Petrova ကို Mama Nia လို့ခေါ်ကြတယ်။ သူမဟာ အမျိုးသမီးစနိုက်ဘာတွေထဲမှာ အသက်အကြီးဆုံးဖြစ်ပါတယ်။ ၁၈၉၃မှာ မွေးဖွားခဲ့တဲ့ သူမဟာ စစ်ထဲစဝင်တဲ့အချိန်မှာ အသက် ၄၈နှစ်ရှိပါပြီ။ စနိုက်ဘာသင်တန်းကျောင်းဆင်းခဲ့ပြီးတဲ့နောက် အမှတ် ၂၁ ရိုင်ဖယ်သေနတ်ကိုင်တပ်ရင်းမှာ တက်ကြွစွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသက်ကြီးပေမယ့် Petrova ဟာ ရန်သူစစ်သားပေါင်း ၁၂၂ယောက်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အထိ လက်သံပြောင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမသေခဲ့တဲ့ သူမဟာ စစ်ကြီးပြီးတဲ့အချိန်မှာတော့ ကားမတော်တဆမှုဖြစ်ပြီး ခုနှစ်ရက်အကြာမှာ ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီအချိန်က သူမအသက်ဟာ ၅၃နှစ်ပဲ ရှိပါသေးတယ်။

၁။ Lyudmila Pavlichenko
Lady Death လို့တောင်အမည်ရတဲ့ Pavlichenko ကို ၁၉၁၆ခုနှစ် ယူကရိန်းမှာ မွေးဖွားခဲ့ပါတယ်။ စစ်ထဲမဝင်ခင်က သူမဟာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး တက္ကသိုလ်အပျော်တမ်းသေနက်ပစ်အဖွဲ့ရဲ့ လက်ရွေးစင်တစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၂၄နှစ် အရွယ်မှာ စနိုက်ဘာသင်တန်းကျောင်းတက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်တော့ အမှတ် ၂၅ ရုရှားတပ်နီတော်ရဲ့ Chapayev ရိုင်ဖယ်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမကို စစ်သမိုင်းတစ်လျောတ်အကောင်းဆုံး စနိုက်ဘာ သမားလို့သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါတယ်။ ရန်သူစနိုက်ဘာသမား ၂၉ ဦး အပါအဝင် ရန်သူဂျာမန်တပ်သား ၃၀၉ ဦး အထိသုတ်သင်ခဲ့သူပါ။ ဒါကြောင့်လည်း ဆိုဗီယက်အစိုးရက သူရဲကောင်းတံဆိပ်ရွှေကြယ်နဲ့ သူမမျက်နှာနဲ့တံဆိပ်ခေါင်းထုတ်ပေးပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

သုတဇုန်

Leave a Reply