လြန္ခဲ့ေသာ အႏွစ္ ၂၀၀၀ က ဘ၀ကို ျပန္ျမင္ႏုိင္စြမ္းရွိသူ

Posted on

ေခါင္းစဥ္ကုိ ျမင္ၿပီး သုတဇုန္ေတာ့ ေပါက္ကရေရးၿပီဟု မထင္ေစလုိပါ။ ဒီျဖစ္ရပ္ဟာ တကယ္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ဆန္္းတစ္ခုျဖစ္ၿပီး သိပၸံသုေတသနပညာရွင္မ်ား နဲ႔ သတင္းဌာနႀကီးေတြ စစ္ေဆးမွတ္တမ္းတင္ထားခဲ့တဲ့ တကယ္ျဖစ္ရပ္ပါ။ သက္ရွိထင္ရွားေနခဲ့တဲ့ ပုဂၢဳိလ္တစ္ေယာက္ရဲ႕ျဖစ္ရပ္ပါ။ ဒီလုိ ၿပီးခဲ့တဲဘ၀ေတြကို မွတ္မိတဲ့ျဖစ္ရပ္ဟာ ကြ်န္ေတာ္တုိ႔လူမ်ဳိးေတြနဲ႔ သိပ္ေတာ့ မစိမ္းေပမယ့္ အခုျဖစ္ရပ္လုိမ်ဳိး လြန္ခဲ့တဲ့ ႏွစ္ ၂၀၀၀ ခန္႔ကို အတိအက်ျပန္ျမင္ခဲ့သူရဲ႕ ျဖစ္ရပ္ကေတာ့ ရွားပါးျဖစ္ရပ္တစ္ခု ျဖစ္တာေၾကာင့္ သုတဇုန္ မိတ္ေဆြမ်ားထံ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

သူ႔နာမည္ကေတာ့ အာသာဖလား၀ါဂ်ဴး(Arthur Flowerdew)…။ ၿဗိတိသွ် တပ္မေတာ္က အၿငိမ္းစားအရာရွိတစ္ဦး…။ သူ႔ဟာ ထူးျခားတဲ့အိပ္မက္တစ္ခုရွိတယ္။ ဒီအိပ္မက္ကုိ သူ ၁၀ႏွစ္သား အရြယ္ေလာက္ကတည္းက မက္ခဲ့ဖူးတယ္။ အဲဒါကေတာ့ ‘ထူးျခားဆန္းၾကယ္ေသာ အနီေရာင္ၿမဳိ႕ေတာ္ႀကီး’ တစ္ခုကုိ မၾကာခဏထင္ထင္ရွားရွား ျမင္မက္ရျခင္းျဖစ္တယ္။ ဒီလုိျမင္မက္ရာမွာ အိပ္မက္မွ်သာ မဟုတ္ပဲ အဲဒီၿမဳိ႕ေတာ္ကျမင္ျမင္သမွ်အရာတုိင္းကုိ ေသေသခ်ာခ်ာရင္းႏွီးေနသလုိ ခံစားရျခင္းျဖစ္တယ္။

အသက္တျဖည္းျဖည္းႀကီးလာလုိ႔ စစ္တပ္ကေန အၿငိမ္းစားယူၿပီးသည့္တုိင္ ဒီအိပ္မက္က ေပ်ာက္မသြားခဲ့ဘူး။ ဒီအေၾကာင္းကုိ အျခားမိတ္ေဆြမ်ား နဲ႔ ဇနီးျဖစ္သူ ဖရီဒါကို မၾကာခဏေျပာခဲ့ေပမယ့္ သူတုိ႔ကလက္မခံခဲ့ဘူး။ မေကာင္းတဲ့နိမိတ္တစ္ခုလုိ႔ပဲ ယူဆၾကတယ္။ အာသာကုိယ္တုိင္လည္း ဒီအိပ္မက္ေၾကာင့္ အၿမဲစိတ္ထဲမွာ မရွင္းလင္းပဲ အေႏွာက္အယွက္ျဖစ္ခဲ့ရတယ္။ တစ္ေန႔ တီဗီအစီအစဥ္ၾကည့္ရင္း ေဂ်ာ္ဒန္ႏုိင္ငံက ေရွးေဟာင္းေနရာေတြအေၾကာင္း ျပသေနတာကို ေတြ႔လုိက္တယ္။ ဒီမွာပဲ သူ႔အိမ္မက္ထဲက အနီေရာင္ၿမဳိိ႕ေတာ္ႀကီးကို ေတြ႔လုိက္ရတယ္။
“မိန္းမေရ ေတြ႔ၿပီေတြ႔ၿပီ..အဲဒါ..ငါမက္မက္ေနတဲ့ၿမဳိ႕ ၊ ငါေနခဲ့တဲ့ၿမဳိ႕ေတာ္ႀကီးကြ” လို႔ အလန္႔တၾကားဟစ္ေအာ္မိတယ္။ သူျပလုိက္တဲ့ေနရာက ေဂ်ာ္ဒန္ေရွးေဟာင္းၿမဳိ႕တစ္ၿမဳိ႕ျဖစ္တဲ့ ပီထရာၿမဳိ႕ေတာ္..တကယ္လည္း အနီေရာင္ၿမဳိ႕ေတာ္ႀကီး…..

ပီထရာၿမဳိ႕ေတာ္ နဲ႔ အတူပတ္၀န္းက်င္ ျမင္ကြင္းမ်ားကို တီဗီမွာျမင္လုိက္ရတဲ့အခါ အာသာဟာ ႏွစ္ရွည္လမ်ားထမ္းပုိးခဲ့ရတဲ့ ၀န္ထုပ္ႀကီးကို ပစ္ခ်လုိက္သလုိ စိတ္ေပါ့ပါးသြားတယ္။ အဲဒီမွာတင္ပဲ သူ႔စိတ္ထဲမွာ အတိတ္က အေၾကာင္းေတြ တစ္ခုၿပီးတစ္ခု ကြင္းဆက္သဖြယ္ေပၚလာခဲ့ေတာ့တယ္။ လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀၀ ခန္႔က အဲဒီဘ၀မွာ သူက စစ္သားတစ္ေယာက္ ၊ သူ႔မွာ ဇနီး နဲ႔ သားတစ္ေယာက္ သမီးတစ္ေယာက္ရွိတယ္။ ၿပီးေတာ့ သူေနခဲ့တဲ့ အိမ္ ၊ ပတ္၀န္းက်င္မွ အေဆာက္အအုံမ်ား နဲ႔ ဘုရားရွိခုိးေက်ာင္းႀကီး…။ စစ္သားဆုိေပမယ့္ သူက ၿမဳိ႕ရဲ႕ ဂိတ္ကိုေစာင့္ရတဲ့ စစ္သား ၁၀ေယာက္ရဲ႕ အဖြဲ႔ေခါင္းေဆာင္။

၀တ္ထားတဲ့ ၀တ္စုံက အာရပ္၀တ္စုံနဲ႔ ဆင္တူတယ္။ နဖူးစည္းပတ္ထားၿပီး ေခါင္းေဆာင္းတစ္ခုကို ေဆာင္းထားရတယ္။ လက္ထဲမွာေတာ့ လွံတစ္ေခ်ာင္းကို ကုိင္ထားရတယ္။ လွံလက္ကုိင္ကို သစ္သားနဲ႔ ျပဳလုပ္ထားၿပီး လွံဖ်ားကုိ ေၾကး၀ါကြပ္ထားတယ္။ အဲဒီတုန္းက သူ႔အသက္က ၃၀ ခန္႔သာ ရွိေသးတယ္။ သူ နဲ႔သူ႔အေဖာ္ေတြဟာ ေက်ာက္တုံးၿမဳိ႕ေတာ္ရဲ႕ တံခါးေပါက္ကုိ ေစာင့္ၾကပ္ေနရတယ္။ တံခါးေပါက္က ၁၂ ေပခန္႔ က်ယ္တယ္။ သူ႔ျမင္ကြင္းထဲမွာ ရန္သူစစ္တပ္က သူတုိ႔ၿမဳိ႕ေတာ္ထံခ်ီတက္လာတာကိုျမင္တယ္။ သူေရွ႕တည့္တည္ကုိ အာရုံစုိက္ေနစဥ္မွာပဲ သူ႔အနီးေက်ာက္တုံးေနာက္ကြယ္က သန္မာထြားက်ဳိင္းတဲ့ ရန္သူစစ္သားတစ္ေယာက္ လွံကုိ၀င့္ၿပီး ရုတ္ခ်ည္းေပၚလာတာကို ေတြ႔လုိက္ရတယ္။ သူဘယ္လုိမွ မကာကြယ္ႏုိင္ေတာ့။ သူ႔ေနာက္ေက်ာျပင္က စူးရွတဲ့ ေ၀ဒနာခံစားလုိက္ရၿပီး..ေလာက တစ္ခုလုံးေမွာင္မုိက္သြားရေတာ့တယ္။

အာသာဟာ သူ႔စိတ္ထဲမွာ တစ္ခုၿပီးတစ္ခု ေပၚလာခဲ့တဲ့ အေၾကာင္းအရာေတြကို စာေစာင္တစ္ခုမွာ ေရးသားလုိက္တယ္။ ၀ထၳဳဆန္ဆန္ဒီလုိ အေၾကာင္းအရာကို မည္သူက ယုံပါ့မလဲ။ ဒါေပမယ့္ အာသာက သူမေရာက္ဖူးတဲ့ ေနရာတစ္ခုအေၾကာင္းနဲ႔ အဲဒီတုန္းက ျဖစ္ရပ္ေတြကို အေသးစိတ္ေရးထားေတာ့ အားလုံးအံၾသခဲ့ၾကရတယ္။ သမုိင္းသုေတသနပညာရွင္မ်ားက သူ႔ကိုစစ္ေဆးလုိၾကသလုိ ဘီဘီစီသတင္းဌာနႀကီးကလည္း စိတ္၀င္စားသြားတယ္။ ဒါေၾကာင့္ သုေတသီအဖြဲ႔တစ္ဖြဲ႔နဲ႔ အတူ အာသာကုိ ေလယာဥ္ပ်ံနဲ႔ ေဂ်ာ္ဒန္ကို ပို႔ေဆာင္ေပးခဲ့တယ္။ အန္မန္ၿမဳိ႕ေတာ္ကေန မုိင္ ၁၀၀ေက်ာ္ကြာေ၀းတဲ့ သဲကႏၱာရႀကီးထဲကို ဂ်စ္ကားနဲ႔ ခရီးဆက္ခဲ့ၾကတယ္။

“ဟုိး..ေရွ႕ကျမင္ေနရတဲ့ ေက်ာက္ေတာင္ႀကီးကို ၾကည့္ၾကစမ္း ၊ ကြ်န္ေတာ္ေနခဲ့တဲ့ ပီထရာၿမဳိ႕က အဲဒီေတာင္ေက်ာ္တာနဲ႔ ေရာက္ၿပီ” ဂ်စ္ကားေပၚကေန အာသာ၀မ္းသာအားရ ေအာ္ေျပာလုိက္တဲ့အသံ။ တကယ္လည္း ေက်ာက္ေတာင္လြန္တာနဲ႔ ပီထရာၿမဳိ႕ရဲ႕ တစ္ခုတည္းေသာ ၀င္ေပါက္တံခါးျဖစ္ခဲ့တဲ့ ဆစ္ေတာင္ကုန္းကို ေရာက္ခဲ့ၾကၿပီေလ။

၀င္ေပါက္ကုိ ပိတ္ဆုိ႔ထားေသာ ေက်ာက္တုံးႀကီးကုိ ဖယ္ရွားလုိက္တဲ့အခါ ထုိးထုိးေထာင္ေထာင္ျဖစ္ေနတဲ့ ဘုရားေက်ာင္း၏ တုိင္လုံးႀကီးမ်ားကုိ အားလုံးျမင္ေတြ႔လုိက္ၾကတယ္။ အာသာအဖုိ႔ေတာ့ ျဖစ္ရပ္မ်ား အေသးစိတ္ ကြက္ကြက္ကြင္းကြင္း ထပ္ေပၚလာခဲ့တယ္။
“ေဟာဒီေနရာေပါ့ဗ်၊ ကြ်န္ေတာ္အသတ္ခံခဲ့ရတဲ့ေနရာ ၊ ကြ်န္ေတာ့္ကုိ သတ္သြားတဲ့ လူထြားေကာင္ႀကီးကိုေတာင္ ကြ်န္ေတာ္ျမင္ေယာင္မိတယ္”

အာသာေျပာသည္မွာ အတိအက်မွန္ကန္ေၾကာင္း ၊ ဘီစီ ၄ရာစု၀န္းက်င္က ဆီးရီးယန္းလူမ်ဳိးမ်ားသည္ ပီထရာၿမဳိ႕ေတာ္ကုိ တုိက္ခုိက္ဖ်က္စီးခဲ့ေၾကာင္း သမုိင္းသုေတသီတုိ႔က ေထာက္ခံခဲ့ၾကတယ္။ ၿမဳိ႕ေတာ္ကိုေတြ႔ရွိခဲ့ေပမယ့္ သမုိင္းသုေတသီေတြဟာ အေပၚယံေလာက္ပဲ သိရွိေလ့လာႏုိင္ခဲ့ၾကတယ္။ အာသာက ထုိေခတ္က ပီထရာၿမဳိ႕ရဲ႕ ဓေလ့ထုံးတမ္းေတြ ၊ ေနထုိင္မႈပုံစံေတြ ၊ တာ၀န္ခြဲေ၀ထမ္းေဆာင္ပုံေတြကို အေသးစိတ္ရွင္းျပတဲ့အခါ သုေတသီတုိ႔ ၀မ္းသာခဲ့ၾကတယ္။ ပီထရာရဲ႕ သမုိင္းကို အေသးစိတ္ထပ္မံေလ့လာခြင့္ရခဲ့တယ္။

အာသာက ရန္သူမ်ားလာတဲ့အခါ ဘယ္ေနရာကေန ဘယ္လုိတုိက္ခုိက္ရတယ္ ဆုိၿပီး လ်ဳိ႕၀ွက္ေနရာေတြကိုလည္း ျပသေပးလုိက္တယ္။ တစ္ေနရာမွာေတာ့ ေက်ာက္နံရံႀကီးတစ္ခုမွာ ေက်ာက္ခဲေတြကုိ တမင္ျဖန္႔ႀကဲထားသလုိ ျဖစ္ေနတာကို ျမင္လုိက္ၾကတယ္။ ပညာရွင္မ်ား ဘယ္လုိမွ ဆက္စပ္အေျဖရွာလုိ႔ မရ။ ဒီအေျဖကုိ အာသာက ေျပာျပေပးခဲ့တယ္။ ဒီလုိ နံရံမွာ ေက်ာက္ခဲေတြကုိ ျပန္႔က်ဲထားတာ အလကားမဟုတ္ေၾကာင္း ၊ ထုိေက်ာက္တုံးေတြရဲ႕ေနရာဟာ စစ္သားအုပ္စုမ်ားအား ေနရာခ်ပုံကုိ ေဖာ္ျပထားတာျဖစ္ေၾကာင္း ၊ အႀကီးအကဲေတြက ဒီေက်ာက္တုံးေတြ အေနအထားကုိ ၾကည့္တာနဲ႔တင္ စစ္သားအုပ္စုေတြ မည္သည့္ေနရာေတြမွာ မည္သုိ႔မည္ပုံရွိေနေၾကာင္း အလြယ္တကူသိႏုိင္တဲ့အေၾကာင္း အာသာက ရွင္းျပလုိက္ေတာ့ သမုိင္းပညာရွင္ေတြ ေက်နပ္သြားၾကတယ္။

စိတ္၏ အာရုံယူႏုိင္ေသာ သတၱိသည္ အလြန္လွ်င္ျမန္သည္။ ကာလႏွင့္ ေဒသ အတားအဆီးမ်ားကိုလည္း ေက်ာ္လြန္ႏုိင္သည္။ ေရွးႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ေတြ႔ႀကဳံခံစားခဲ့ရေသာ အေၾကာင္းအရာမ်ားကို ဘ၀င္စိတ္အစဥ္တြင္ပင္ ေမ်ာပါလွ်က္ရွိရာ အာရုံျပဳလုိက္သည္ႏွင့္ တမဟုတ္ခ်င္း ထင္ထင္ရွားရွားေပၚလာေတာ့၏။ ဒါေၾကာင့္လည္း သိပၸံပညာရွင္မ်ားမွာ ရုပ္၀ထၳဳမ်ားကိုသာ ႏႈိက္ႏႈိက္ခြ်တ္ခြ်တ္ေလ့လာႏုိင္ေသာ္လည္း ဤကဲ့သုိ႔ေသာ ျဖစ္ရပ္မ်ားကိုမူ သိပၸံပညာႏွင့္ ဆက္စပ္ အေျဖရွာမရႏုိင္ျခင္းျဖစ္သည္။ စိတ္၏ အစြမ္းသတၱိကား အံၾသဖြယ္ေကာင္းေပစြ။

( အာသာရဲ႕ ျဖစ္ရပ္ဆန္းကို ဘီဘီစီသတင္းဌာနႀကီးက documentary အေနနဲ႔ရုိက္ကူးခဲ့ၿပီး အာသာဟာ ၂၀၀၂ခုႏွစ္ ေအာက္တုိဘာလမွာ ကြယ္လြန္ခဲ့ပါတယ္)

Ref:
ေရွးဘ၀ေနာက္ဘ၀ သိပၸံနည္းက် အေထာက္အထားမ်ား – ေဒါက္တာမင္းတင္မြန္
https://en.wikipedia.org/wiki/Arthur_Flowerdew
BBC ( https://genome.ch.bbc.co.uk/2d252cb831434406951ba6d66a9fbec3)

သုတဇုန္


လွန်ခဲ့သော အနှစ် ၂၀၀၀ ကို ပြန်မြင်နိုင်စွမ်းရှိသူ (unicode)

ခေါင်းစဉ်ကို မြင်ပြီး သုတဇုန်တော့ ပေါက်ကရရေးပြီဟု မထင်စေလိုပါ။ ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆန်းတစ်ခုဖြစ်ပြီး သိပ္ပံသုတေသနပညာရှင်များ နဲ့ သတင်းဌာနကြီးတွေ စစ်ဆေးမှတ်တမ်းတင်ထားခဲ့တဲ့ တကယ်ဖြစ်ရပ်ပါ။ သက်ရှိထင်ရှားနေခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ဖြစ်ရပ်ပါ။ ဒီလို ပြီးခဲ့တဲဘ၀တွေကို မှတ်မိတဲ့ဖြစ်ရပ်ဟာ ကျွန်တော်တို့လူမျိုးတွေနဲ့ သိပ်တော့ မစိမ်းပေမယ့် အခုဖြစ်ရပ်လိုမျိုး လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ခန့်ကို အတိအကျပြန်မြင်ခဲ့သူရဲ့ ဖြစ်ရပ်ကတော့ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်တာကြောင့် သုတဇုန် မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

သူ့နာမည်ကတော့ အာသာဖလားဝါဂျူး(Arthur Flowerdew)…။ ဗြိတိသျှ တပ်မတော်က အငြိမ်းစားအရာရှိတစ်ဦး…။ သူ့ဟာ ထူးခြားတဲ့အိပ်မက်တစ်ခုရှိတယ်။ ဒီအိပ်မက်ကို သူ ၁၀နှစ်သား အရွယ်လောက်ကတည်းက မက်ခဲ့ဖူးတယ်။ အဲဒါကတော့ ‘ထူးခြားဆန်းကြယ်သော အနီရောင်မြို့တော်ကြီး’ တစ်ခုကို မကြာခဏထင်ထင်ရှားရှား မြင်မက်ရခြင်းဖြစ်တယ်။ ဒီလိုမြင်မက်ရာမှာ အိပ်မက်မျှသာ မဟုတ်ပဲ အဲဒီမြို့တော်ကမြင်မြင်သမျှအရာတိုင်းကို သေသေချာချာရင်းနှီးနေသလို ခံစားရခြင်းဖြစ်တယ်။

အသက်တဖြည်းဖြည်းကြီးလာလို့ စစ်တပ်ကနေ အငြိမ်းစားယူပြီးသည့်တိုင် ဒီအိပ်မက်က ပျောက်မသွားခဲ့ဘူး။ ဒီအကြောင်းကို အခြားမိတ်ဆွေများ နဲ့ ဇနီးဖြစ်သူ ဖရီဒါကို မကြာခဏပြောခဲ့ပေမယ့် သူတို့ကလက်မခံခဲ့ဘူး။ မကောင်းတဲ့နိမိတ်တစ်ခုလို့ပဲ ယူဆကြတယ်။ အာသာကိုယ်တိုင်လည်း ဒီအိပ်မက်ကြောင့် အမြဲစိတ်ထဲမှာ မရှင်းလင်းပဲ အနှောက်အယှက်ဖြစ်ခဲ့ရတယ်။ တစ်နေ့ တီဗီအစီအစဉ်ကြည့်ရင်း ဂျော်ဒန်နိုင်ငံက ရှေးဟောင်းနေရာတွေအကြောင်း ပြသနေတာကို တွေ့လိုက်တယ်။ ဒီမှာပဲ သူ့အိမ်မက်ထဲက အနီရောင်မြို့တော်ကြီးကို တွေ့လိုက်ရတယ်။
“မိန်းမရေ တွေ့ပြီတွေ့ပြီ..အဲဒါ..ငါမက်မက်နေတဲ့မြို့ ၊ ငါနေခဲ့တဲ့မြို့တော်ကြီးကွ” လို့ အလန့်တကြားဟစ်အော်မိတယ်။ သူပြလိုက်တဲ့နေရာက ဂျော်ဒန်ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ ပီထရာမြို့တော်..တကယ်လည်း အနီရောင်မြို့တော်ကြီး…..

ပီထရာမြို့တော် နဲ့ အတူပတ်ဝန်းကျင် မြင်ကွင်းများကို တီဗီမှာမြင်လိုက်ရတဲ့အခါ အာသာဟာ နှစ်ရှည်လများထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်ကြီးကို ပစ်ချလိုက်သလို စိတ်ပေါ့ပါးသွားတယ်။ အဲဒီမှာတင်ပဲ သူ့စိတ်ထဲမှာ အတိတ်က အကြောင်းတွေ တစ်ခုပြီးတစ်ခု ကွင်းဆက်သဖွယ်ပေါ်လာခဲ့တော့တယ်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က အဲဒီဘဝမှာ သူက စစ်သားတစ်ယောက် ၊ သူ့မှာ ဇနီး နဲ့ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ ပြီးတော့ သူနေခဲ့တဲ့ အိမ် ၊ ပတ်ဝန်းကျင်မှ အဆောက်အအုံများ နဲ့ ဘုရားရှိခိုးကျောင်းကြီး…။ စစ်သားဆိုပေမယ့် သူက မြို့ရဲ့ ဂိတ်ကိုစောင့်ရတဲ့ စစ်သား ၁၀ယောက်ရဲ့ အဖွဲ့ခေါင်းဆောင်။

ဝတ်ထားတဲ့ ဝတ်စုံက အာရပ်ဝတ်စုံနဲ့ ဆင်တူတယ်။ နဖူးစည်းပတ်ထားပြီး ခေါင်းဆောင်းတစ်ခုကို ဆောင်းထားရတယ်။ လက်ထဲမှာတော့ လှံတစ်ချောင်းကို ကိုင်ထားရတယ်။ လှံလက်ကိုင်ကို သစ်သားနဲ့ ပြုလုပ်ထားပြီး လှံဖျားကို ကြေးဝါကွပ်ထားတယ်။ အဲဒီတုန်းက သူ့အသက်က ၃၀ ခန့်သာ ရှိသေးတယ်။ သူ နဲ့သူ့အဖော်တွေဟာ ကျောက်တုံးမြို့တော်ရဲ့ တံခါးပေါက်ကို စောင့်ကြပ်နေရတယ်။ တံခါးပေါက်က ၁၂ ပေခန့် ကျယ်တယ်။ သူ့မြင်ကွင်းထဲမှာ ရန်သူစစ်တပ်က သူတို့မြို့တော်ထံချီတက်လာတာကိုမြင်တယ်။ သူရှေ့တည့်တည်ကို အာရုံစိုက်နေစဉ်မှာပဲ သူ့အနီးကျောက်တုံးနောက်ကွယ်က သန်မာထွားကျိုင်းတဲ့ ရန်သူစစ်သားတစ်ယောက် လှံကိုဝင့်ပြီး ရုတ်ချည်းပေါ်လာတာကို တွေ့လိုက်ရတယ်။ သူဘယ်လိုမှ မကာကွယ်နိုင်တော့။ သူ့နောက်ကျောပြင်က စူးရှတဲ့ ဝေဒနာခံစားလိုက်ရပြီး..လောက တစ်ခုလုံးမှောင်မိုက်သွားရတော့တယ်။

အာသာဟာ သူ့စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တဲ့ အကြောင်းအရာတွေကို စာစောင်တစ်ခုမှာ ရေးသားလိုက်တယ်။ ဝထ္ထုဆန်ဆန်ဒီလို အကြောင်းအရာကို မည်သူက ယုံပါ့မလဲ။ ဒါပေမယ့် အာသာက သူမရောက်ဖူးတဲ့ နေရာတစ်ခုအကြောင်းနဲ့ အဲဒီတုန်းက ဖြစ်ရပ်တွေကို အသေးစိတ်ရေးထားတော့ အားလုံးအံဩခဲ့ကြရတယ်။ သမိုင်းသုတေသနပညာရှင်များက သူ့ကိုစစ်ဆေးလိုကြသလို ဘီဘီစီသတင်းဌာနကြီးကလည်း စိတ်ဝင်စားသွားတယ်။ ဒါကြောင့် သုတေသီအဖွဲ့တစ်ဖွဲ့နဲ့ အတူ အာသာကို လေယာဉ်ပျံနဲ့ ဂျော်ဒန်ကို ပို့ဆောင်ပေးခဲ့တယ်။ အန်မန်မြို့တော်ကနေ မိုင် ၁၀၀ကျော်ကွာဝေးတဲ့ သဲကန္တာရကြီးထဲကို ဂျစ်ကားနဲ့ ခရီးဆက်ခဲ့ကြတယ်။

“ဟိုး..ရှေ့ကမြင်နေရတဲ့ ကျောက်တောင်ကြီးကို ကြည့်ကြစမ်း ၊ ကျွန်တော်နေခဲ့တဲ့ ပီထရာမြို့က အဲဒီတောင်ကျော်တာနဲ့ ရောက်ပြီ” ဂျစ်ကားပေါ်ကနေ အာသာဝမ်းသာအားရ အော်ပြောလိုက်တဲ့အသံ။ တကယ်လည်း ကျောက်တောင်လွန်တာနဲ့ ပီထရာမြို့ရဲ့ တစ်ခုတည်းသော ဝင်ပေါက်တံခါးဖြစ်ခဲ့တဲ့ ဆစ်တောင်ကုန်းကို ရောက်ခဲ့ကြပြီလေ။

ဝင်ပေါက်ကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးကို ဖယ်ရှားလိုက်တဲ့အခါ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဘုရားကျောင်း၏ တိုင်လုံးကြီးများကို အားလုံးမြင်တွေ့လိုက်ကြတယ်။ အာသာအဖို့တော့ ဖြစ်ရပ်များ အသေးစိတ် ကွက်ကွက်ကွင်းကွင်း ထပ်ပေါ်လာခဲ့တယ်။
“ဟောဒီနေရာပေါ့ဗျ၊ ကျွန်တော်အသတ်ခံခဲ့ရတဲ့နေရာ ၊ ကျွန်တော့်ကို သတ်သွားတဲ့ လူထွားကောင်ကြီးကိုတောင် ကျွန်တော်မြင်ယောင်မိတယ်”

အာသာပြောသည်မှာ အတိအကျမှန်ကန်ကြောင်း ၊ ဘီစီ ၄ရာစုဝန်းကျင်က ဆီးရီးယန်းလူမျိုးများသည် ပီထရာမြို့တော်ကို တိုက်ခိုက်ဖျက်စီးခဲ့ကြောင်း သမိုင်းသုတေသီတို့က ထောက်ခံခဲ့ကြတယ်။ မြို့တော်ကိုတွေ့ရှိခဲ့ပေမယ့် သမိုင်းသုတေသီတွေဟာ အပေါ်ယံလောက်ပဲ သိရှိလေ့လာနိုင်ခဲ့ကြတယ်။ အာသာက ထိုခေတ်က ပီထရာမြို့ရဲ့ ဓလေ့ထုံးတမ်းတွေ ၊ နေထိုင်မှုပုံစံတွေ ၊ တာဝန်ခွဲဝေထမ်းဆောင်ပုံတွေကို အသေးစိတ်ရှင်းပြတဲ့အခါ သုတေသီတို့ ဝမ်းသာခဲ့ကြတယ်။ ပီထရာရဲ့ သမိုင်းကို အသေးစိတ်ထပ်မံလေ့လာခွင့်ရခဲ့တယ်။

အာသာက ရန်သူများလာတဲ့အခါ ဘယ်နေရာကနေ ဘယ်လိုတိုက်ခိုက်ရတယ် ဆိုပြီး လျို့ဝှက်နေရာတွေကိုလည်း ပြသပေးလိုက်တယ်။ တစ်နေရာမှာတော့ ကျောက်နံရံကြီးတစ်ခုမှာ ကျောက်ခဲတွေကို တမင်ဖြန့်ကြဲထားသလို ဖြစ်နေတာကို မြင်လိုက်ကြတယ်။ ပညာရှင်များ ဘယ်လိုမှ ဆက်စပ်အဖြေရှာလို့ မရ။ ဒီအဖြေကို အာသာက ပြောပြပေးခဲ့တယ်။ ဒီလို နံရံမှာ ကျောက်ခဲတွေကို ပြန့်ကျဲထားတာ အလကားမဟုတ်ကြောင်း ၊ ထိုကျောက်တုံးတွေရဲ့နေရာဟာ စစ်သားအုပ်စုများအား နေရာချပုံကို ဖော်ပြထားတာဖြစ်ကြောင်း ၊ အကြီးအကဲတွေက ဒီကျောက်တုံးတွေ အနေအထားကို ကြည့်တာနဲ့တင် စစ်သားအုပ်စုတွေ မည်သည့်နေရာတွေမှာ မည်သို့မည်ပုံရှိနေကြောင်း အလွယ်တကူသိနိုင်တဲ့အကြောင်း အာသာက ရှင်းပြလိုက်တော့ သမိုင်းပညာရှင်တွေ ကျေနပ်သွားကြတယ်။

စိတ်၏ အာရုံယူနိုင်သော သတ္တိသည် အလွန်လျှင်မြန်သည်။ ကာလနှင့် ဒေသ အတားအဆီးများကိုလည်း ကျော်လွန်နိုင်သည်။ ရှေးနှစ်ပေါင်း ၂ထောင်ကျော်က တွေ့ကြုံခံစားခဲ့ရသော အကြောင်းအရာများကို ဘဝင်စိတ်အစဉ်တွင်ပင် မျောပါလျှက်ရှိရာ အာရုံပြုလိုက်သည်နှင့် တမဟုတ်ချင်း ထင်ထင်ရှားရှားပေါ်လာတော့၏။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များမှာ ရုပ်ဝထ္ထုများကိုသာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာနိုင်သော်လည်း ဤကဲ့သို့သော ဖြစ်ရပ်များကိုမူ သိပ္ပံပညာနှင့် ဆက်စပ် အဖြေရှာမရနိုင်ခြင်းဖြစ်သည်။ စိတ်၏ အစွမ်းသတ္တိကား အံဩဖွယ်ကောင်းပေစွ။

( အာသာရဲ့ ဖြစ်ရပ်ဆန်းကို ဘီဘီစီသတင်းဌာနကြီးက documentary အနေနဲ့ရိုက်ကူးခဲ့ပြီး အာသာဟာ ၂၀၀၂ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်ခဲ့ပါတယ်)

Ref:
ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျ အထောက်အထားများ – ဒေါက်တာမင်းတင်မွန်
https://en.wikipedia.org/wiki/Arthur_Flowerdew
BBC ( https://genome.ch.bbc.co.uk/2d252cb831434406951ba6d66a9fbec3)

သုတဇုန်

Leave a Reply