ကမၻာေပၚက တန္ဖိုးအရွိဆုံး ျဒပ္စင္ (၁၀)မ်ဳိး

Posted on

ေရးသားသူ – ခ်စ္ေဖ(ေတာင္တြင္းေျမ)
Via : Irrawaddy Burmese

ေသခ်ာတာကေတာ့ ဘယ္လို ျဒပ္စင္က ကမၻာေပၚမွာ တန္ဖိုး အႀကီးဆုံးလဲလို႔ ေမးရင္ ေ႐ႊလို႔ပဲ လူအမ်ားစုက ေျဖမွာပါ။

ဟုတ္ပါတယ္၊ ေ႐ႊဟာ ကမၻာေပၚက ထြက္ရွိသမၽွ ျဒပ္စင္ေတြထဲမွာ တန္ဖိုးအႀကီးဆုံး ျဒပ္စင္တခုပါပဲ။ ဒါေပမယ့္ တန္ဖိုး အႀကီးဆုံး ဟုတ္ပါရဲ႕လား။ အခု က်ေနာ္က ကမၻာ့တန္ဖိုးအႀကီးဆုံး ျဒပ္စင္ေတြကို ေျပာျပခ်င္ပါတယ္။

(၁၀) ေ႐ႊ

ေ႐ႊဟာ သာမန္ အပူခ်ိန္ႏွင့္ ဖိအားေအာက္တြင္ အခဲသဏၭာန္ တည္ရွိသည့္ သတၱဳ ျဒပ္စင္တစ္မ်ိဳး ျဖစ္ပါတယ္။ မထင္မွတ္ဘဲ က်ေနာ္တို႔ တန္ဖိုးအႀကီးဆုံးလို႔ ထင္ထားတဲ့ ေ႐ႊက အဆင့္ ၁၀ပဲ ရပါတယ္။ သူ႕ကိုေတာ့ အမ်ားဆုံး တန္ဖိုးရွိ ျဒပ္စင္အျဖစ္ သတ္မွတ္ၿပီး ေ႐ႊေခ်ာင္းအျဖစ္နဲ႔ေရာ လက္ဝတ္ရတနာအျဖစ္ပါ ဖန္တီး အသုံးျပဳပါတယ္။ တဂရမ္ကို ၅၆ ေဒၚ လာ တန္ဖိုးရွိပါတယ္။

(၉) ႐ိုဒီယမ္

ေမာ္ေတာ္ကားေတြမွာ အမ်ားဆုံး အသုံးျပဳပါတယ္။ လၽွပ္ကူး ကြန္ဗက္တာေတြထဲမွာ ထည့္သြင္း အသုံးျပဳတာ ျဖစ္ပါတယ္။ ဘယ္လို အပူခ်ိန္၊ အေျခအေနေၾကာင့္ ျဒပ္စင္အသြင္ေျပာင္းျခင္း ျဖစ္ပြားႏႈန္း နည္းတာေၾကာင့္ အသုံးျပဳတာ ျဖစ္ပါတယ္။ ေ႐ႊ ျဖဴထဲမွာ ေက်ာက္မ်က္ေတြ ထည့္ရင္ အထိုင္သားမာေအာင္ သုံးပါတယ္။ ေ႐ႊမွာ ေၾကးေရာသလို ေ႐ႊျဖဴမွာ ႐ိုဒီယမ္ေရာတဲ့ သ ေဘာပါ။ တဂရမ္ကို ၅၈ ေဒၚလာခန္႔ ေဈးရွိပါတယ္။

(၈) ေ႐ႊျဖဴ

ျပည္တြင္းမွာေတာ့ ပလက္တီနမ္အျဖစ္ပဲ လူသိမ်ားပါတယ္။ အရည္ေပ်ာ္မွတ္ ျမင့္မားတယ္၊ ႏွစ္စဥ္ကမၻာမွာ ေ႐ႊျဖဴ တန္ ခ်ိန္ ရာဂဏန္းေလာက္ပဲ တူးေဖာ္ရရွိပါတယ္။ ေက်ာက္မ်က္ရတနာေတြနဲ႔ ျဖစ္ေစ၊ လက္ဝတ္ရတနာအေနနဲ႔ ျဖစ္ေစ ဖန္တီးဝတ္ ဆင္မႈ မ်ားပါတယ္။ ကားေတြမွာေရာ၊ ေဆးဝါးထုတ္လုပ္မႈမွာပါ အနည္းငယ္ သုံးတာလည္း ေတြ႕ရပါတယ္။ တဂရမ္ကို ေဒၚ လာ ၆၀ေလာက္ ရွိပါတယ္။

(၇) လန္သနမ္

ေငြျဖဴေရာင္ သတၱဳတမ်ိဳးပါ။ ဓားနဲ႔ ျဖတ္ရင္ေတာင္ ရေလာက္ေအာင္ ေပ်ာ့ပါတယ္။ ၎ဟာ ရွားပါးေသာ ေရဒီယိုသတၱိႂကြ ျဒပ္စင္မ်ားထဲတြင္ ထူးျခားၿပီး၊ ဓာတ္ျပဳႏိုင္စြမ္းအား ေကာင္းေသာ ျဒပ္စင္တစ္မ်ိဳးျဖစ္ပါတယ္။ ေလထဲ၌ ေအာက္စီဂ်င္ႏွင့္ လၽွင္ျမန္စြာဓာတ္ျပဳႏိုင္ၿပီး၊ ေရႏွင့္အတူဓာတ္ျပဳ၍ Hydroxides ျဖစ္ေပၚေစပါတယ္။ လန္သနမ္ဟာ လြယ္ကူစြာ မီးေလာင္ ႏိုင္ေသာ္လည္း ဆားအျဖစ္ ေပ်ာ္ဝင္ႏိုင္စြမ္းမရွိပါ။ စတီရီယိုသုံး မီးသီးေတြ၊ ပ႐ိုဂ်က္တာ လို ျပသစက္ေတြ၊ လၽွပ္ကူး ကတ္သုတ္ေတြ၊ အျခား အရည္အေသြးျမင့္ လၽွပ္စစ္ပစၥည္းေတြမွာ သုံးပါတယ္။ ၁ ဂရမ္ကို ၆၄ ေဒၚ လာ ရွိပါတယ္။

(၆) လူတီတီယမ္

ေရနံတူးေဖာ္မႈနဲ႔ ဆက္စပ္တဲ့ လုပ္ငန္းေတြ၊ ေရနံထြက္ပစၥည္း ထုတ္လုပ္မႈေတြမွာ သုံးတာပါ။ ထြက္ရွိႏႈန္း အလြန္ကို နည္း ပါးပါတယ္။ တူးေဖာ္လို႔ ရႏိုင္တဲ့ေျမနဲ႔ ေဒသလည္း အလြန္ကို ရွားပါတယ္။ တဂရမ္ကို ၆၉ ေဒၚလာ ရွိပါတယ္။

(၅) စကန္ဒီယမ္

စကန္ဒီယမ္ဟာ ေပ်ာ့ေပ်ာင္း၍ ေတာက္ပေသာအေရာင္ရွိၿပီး ေျပာင္းလဲျခင္းရွိေသာ ျဒပ္စင္တစ္ခုျဖစ္ပါတယ္။ ၎ျဒပ္စင္ကို စကန္ဒီနာဗီယာၿမိဳ႕မွရွားပါးေသာသတၱဳတြင္းတြင္ ေတြ႕ရွိခဲ့တာပါ။ ေလႏွင့္ထိေတြ႕ေသာအခါ အဝါေရာင္ေဖ်ာ့ေဖ်ာ့ (သို႔) ပန္းႏုေရာင္အျဖစ္ ျမင္ေတြ႕ႏိုင္ပါတယ္။ အလူမီနမ္ အလြိဳင္းသားေတြကို အရည္အေသြး ပိုေကာင္းေစတဲ့ ျဒပ္စင္ျဖစ္ၿပီး ၁၉၇၀ ျပည့္ႏွစ္မွာမွ စတင္ ရွာေဖြေတြ႕ရွိ ခဲ့တာ ပါ။ တႏွစ္ကို ၁၀ တန္ေလာက္ပဲ ကမၻာမွာ ထြက္ရွိၿပီး တဂရမ္ကို ေဒၚလာ ၂၇၀ ေလာက္ တန္ပါတယ္။

(၄) ပလူတိုနီယမ္

ပလူတိုနီယမ္ ျဒပ္စင္ကေတာ့ ေငြေရာင္ရွိၿပီး အနည္းငယ္ဓာတ္တိုးမႈ ျပဳလုပ္ေသာအခါ အဝါေဖ်ာ့ေဖ်ာ့ အေရာင္ အျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ ပလူတိုနီယမ္ အပိုင္းအစႀကီး တစ္ခုကို ထိေတြ႕ၾကည့္ ပါက ပူးေႏြးေနတတ္တဲ့ အေၾကာင္းကေတာ့ အလိုေလၽွာက္ အယ္ဖာေရာင္စဥ္ ယိုယြင္းမႈ (Alpha decay) ျဖစ္စဥ္မွ ထြတ္ရွိလာေသာ စြမ္းအင္ေၾကာင့္ ျဖစ္ပါတယ္။ ႀကီးမားေသာ ပလူတိုနီယမ္ အပိုင္းမ်ား သည္ ေရဆူပြက္ ႏိုင္သည္အထိ လုံေလာက္ေသာ အပူစြမ္းအင္ ကို ထုတ္ေပးႏိုင္ပါတယ္။ ႏ်ဴလက္နက္ေတြနဲ႔ ႏ်ဴစြမ္းအင္သုံး ဓာတ္ေပါင္းဖိုေတြမွာ သုံးပါတယ္။ 239 နဲ႔ 241 ဆိုတဲ့ အဆင့္ ခြဲျခားသတ္မွတ္ခ်က္ေတြ ရွိ ပါတယ္။ ကိုင္တြယ္လို႔ မရပါဘူး။ ထည့္သြင္းထားတဲ့အခန္းနဲ႔ သယ္ေဆာင္ ဖန္တီးယူရပါတယ္။ တဂရမ္ကို ေဒၚလာ ၄၀၀၀ ေလာက္ ေပးမွ ရႏိုင္ပါလိမ့္မယ္။

(၃) ကာဗြန္

အမ်ိဳးသမီးမ်ား အထူးသျဖင့္ တန္ဖိုးထားၾကတဲ့ စိန္ႏွင့္ ကမၻာ့ေန႔စဥ္သုံး ပစၥည္းတစ္ခုျဖစ္ေသာ ခဲတံတြင္ ပါရွိ သည့္ ဂရက္ဖိုက္ (ခဲနက္)တို႔သည္ အျခားမည္သည့္ပစၥည္းႏွင့္မၽွ မေရာေသာ ကာဗြန္အစစ္မ်ား သာလၽွင္ ျဖစ္ၾကပါတယ္။ ေက်ာက္မီး ေသြးႏွင့္မီးေသြးတို႔ဟာ ကာဗြန္အစစ္မ်ား မဟုတ္ၾကေသာ္ လည္း ကာဗြန္ အမ်ားဆုံး ပါရွိေသာ ပစၥည္းမ်ား ျဖစ္ၾကပါတယ္။ က်ေနာ္တို႔ ခႏၶာကိုယ္မွာလည္း ကာဗြန္ေတြ အမ်ားအျပား ရွိပါတယ္။ ၿပီးေတာ့ ေက်ာက္မီးေသြးနဲ႔ ဂရပ္ဖိုကေတြမွာလည္း ကာ ဗြန္ေတြ အမ်ားအျပား ပါရွိပါတယ္။ ဒါေပမယ့္ ကာဗြန္စစ္စစ္ အေနအထားဆိုရင္ေတာ့ ေဈးအရမ္းႀကီးပါတယ္။ ဥပမာ စိန္ လိုမ်ိဳးေပါ့။ ၁ ဂရမ္ကို ေဒၚလာ ၆၅၀၀၀ ေလာက္ တန္ဖိုးရွိႏိုင္ၿပီး ပုံမွန္ ကာဗြန္စစ္စစ္ကေတာ့ ေဒၚလာ ၆၅၀၀ ေလာက္ပဲရွိ ပါတယ္။

(၂) ကယ္လီဖိုနီယမ္

ကယ္လီဖိုနီယမ္ ဟာ အုပ္စုဝင္ ေရဒီယို သတၱိႂကြ သတၳဳတစ္မ်ိဳး ျဖစ္ပါသည္။ ၎ဟာ ေလ၊ ေရေႏြးေငြ႕၊ အက္ဆစ္တို႔ႏွင့္သာ အလြယ္တကူ ဓာတ္ျပဳႏိုင္ၿပီး ေဘ့စ္ႏွင့္ အလြယ္တကူ ဓာတ္မျပဳႏိုင္ေသာေၾကာင့္  ဓာတ္တိုး၊ ဓာတ္ေလၽွာ႔ မလြယ္ေသာ သတၳဳျဖစ္ပါသည္။ ထို႔ေၾကာင့္ ၎ကို ယေန႔အခ်ိန္ထိ သီးသန္႔ပုံစံ အေနအထားျဖင့္ မေတြ႕ရေသးပါဘူး။ ၁၉၅၀ ခုႏွစ္ဝန္းက်င္က အေမရိကန္ ကယ္လီဖိုးနီးယားတကၠသိုလ္ရဲ႕ ဓာတ္ေရာင္ျခည္ ေလ့လာခန္းမွာ စတင္ ေတြ႕ရွိခဲ့တာ ပါ။ အယ္ဖာအမႈန္ေတြကို ခြဲျခမ္းရင္ကေန ရပါတယ္။ ဘယ္မွာသုံးတယ္ဆိုတာ ေသခ်ာမသိရေပမယ့္ တစ္ႏွစ္ကို ကယ္လီ ဖိုနီယမ္ ဂရမ္ဝက္ေလာက္ပဲ ထုတ္လုပ္ႏိုင္တာ ေတြ႕ရပါတယ္။ ၁ ဂရမ္ကို ေဒၚလာ ၂၅ သန္းကေန ၂၇သန္းအတြင္း တန္ဖိုး ရွိပါတယ္။

(၁) ဖရန္စီယမ္

ဖရန္စီယမ္ဟာ အရွားပါးဆုံးျဒပ္စင္တစ္မ်ဳိး ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ အခုခ်ိန္ထိေအာင္ ကမၻာေပၚမွာ ဖရန္စီယမ္ တဂရမ္ျပည့္ေအာင္ မေတြ႕ရပါဘူး။ အေၾကာင္းကေတာ့ ဒီ ျဒပ္စင္ရဲ႕သက္တမ္းက မိနစ္ ၅၀ ဝန္းက်င္ပဲ ရွိလို႔ပါ။ တူးေဖာ္လိုက္ၿပီး မၾကာခင္မွာ အေငြ႕ပ်ံသြားလို႔ ထိန္းသိမ္းဖို႔ ခက္ပါ တယ္။ ဓာတ္ခြဲခန္းမွာ ေသခ်ာေအာင္ ထုတ္လုပ္မွ ရႏိုင္ၿပီး အက္တမ္ေပါင္း ၃ သိန္းခန္႔နဲ႔ ဖြဲ႕စည္းဖန္တီးရပါတယ္။ တန္ဖိုး ကေတာ့ တဂရမ္ကိုတင္ ေဒၚလာ ၁ ဘီလီယံေလာက္ ရွိပါတယ္။

Ref: www.wonderslist.com

ခ်စ္ေဖ(ေတာင္တြင္းေျမ)
Via : Irrawaddy Burmese


ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး ဒြပ်စင် (၁၀)မျိုး (unicode)

သေချာတာကတော့ ဘယ်လို ဒြပ်စင်က ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးလဲလို့ မေးရင် ရွှေလို့ပဲ လူအများစုက ဖြေမှာပါ။

ဟုတ်ပါတယ်၊ ရွှေဟာ ကမ္ဘာပေါ်က ထွက်ရှိသမျှ ဒြပ်စင်တွေထဲမှာ တန်ဖိုးအကြီးဆုံး ဒြပ်စင်တခုပါပဲ။ ဒါပေမယ့် တန်ဖိုး အကြီးဆုံး ဟုတ်ပါရဲ့လား။ အခု ကျနော်က ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒြပ်စင်တွေကို ပြောပြချင်ပါတယ်။

(၁၀) ရွှေ

ရွှေဟာ သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အခဲသဏ္ဌာန် တည်ရှိသည့် သတ္တု ဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။ မထင်မှတ်ဘဲ ကျနော်တို့ တန်ဖိုးအကြီးဆုံးလို့ ထင်ထားတဲ့ ရွှေက အဆင့် ၁ဝပဲ ရပါတယ်။ သူ့ကိုတော့ အများဆုံး တန်ဖိုးရှိ ဒြပ်စင်အဖြစ် သတ်မှတ်ပြီး ရွှေချောင်းအဖြစ်နဲ့ရော လက်ဝတ်ရတနာအဖြစ်ပါ ဖန်တီး အသုံးပြုပါတယ်။ တဂရမ်ကို ၅၆ ဒေါ် လာ တန်ဖိုးရှိပါတယ်။

(၉) ရိုဒီယမ်

မော်တော်ကားတွေမှာ အများဆုံး အသုံးပြုပါတယ်။ လျှပ်ကူး ကွန်ဗက်တာတွေထဲမှာ ထည့်သွင်း အသုံးပြုတာ ဖြစ်ပါတယ်။ ဘယ်လို အပူချိန်၊ အခြေအနေကြောင့် ဒြပ်စင်အသွင်ပြောင်းခြင်း ဖြစ်ပွားနှုန်း နည်းတာကြောင့် အသုံးပြုတာ ဖြစ်ပါတယ်။ ရွှေ ဖြူထဲမှာ ကျောက်မျက်တွေ ထည့်ရင် အထိုင်သားမာအောင် သုံးပါတယ်။ ရွှေမှာ ကြေးရောသလို ရွှေဖြူမှာ ရိုဒီယမ်ရောတဲ့ သ ဘောပါ။ တဂရမ်ကို ၅၈ ဒေါ်လာခန့် ဈေးရှိပါတယ်။

(၈) ရွှေဖြူ

ပြည်တွင်းမှာတော့ ပလက်တီနမ်အဖြစ်ပဲ လူသိများပါတယ်။ အရည်ပျော်မှတ် မြင့်မားတယ်၊ နှစ်စဉ်ကမ္ဘာမှာ ရွှေဖြူ တန် ချိန် ရာဂဏန်းလောက်ပဲ တူးဖော်ရရှိပါတယ်။ ကျောက်မျက်ရတနာတွေနဲ့ ဖြစ်စေ၊ လက်ဝတ်ရတနာအနေနဲ့ ဖြစ်စေ ဖန်တီးဝတ် ဆင်မှု များပါတယ်။ ကားတွေမှာရော၊ ဆေးဝါးထုတ်လုပ်မှုမှာပါ အနည်းငယ် သုံးတာလည်း တွေ့ရပါတယ်။ တဂရမ်ကို ဒေါ် လာ ၆၀လောက် ရှိပါတယ်။

(၇) လန်သနမ်

ငွေဖြူရောင် သတ္တုတမျိုးပါ။ ဓားနဲ့ ဖြတ်ရင်တောင် ရလောက်အောင် ပျော့ပါတယ်။ ၎င်းဟာ ရှားပါးသော ရေဒီယိုသတ္တိကြွ ဒြပ်စင်များထဲတွင် ထူးခြားပြီး၊ ဓာတ်ပြုနိုင်စွမ်းအား ကောင်းသော ဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ လေထဲ၌ အောက်စီဂျင်နှင့် လျှင်မြန်စွာဓာတ်ပြုနိုင်ပြီး၊ ရေနှင့်အတူဓာတ်ပြု၍ Hydroxides ဖြစ်ပေါ်စေပါတယ်။ လန်သနမ်ဟာ လွယ်ကူစွာ မီးလောင် နိုင်သော်လည်း ဆားအဖြစ် ပျော်ဝင်နိုင်စွမ်းမရှိပါ။ စတီရီယိုသုံး မီးသီးတွေ၊ ပရိုဂျက်တာ လို ပြသစက်တွေ၊ လျှပ်ကူး ကတ်သုတ်တွေ၊ အခြား အရည်အသွေးမြင့် လျှပ်စစ်ပစ္စည်းတွေမှာ သုံးပါတယ်။ ၁ ဂရမ်ကို ၆၄ ဒေါ် လာ ရှိပါတယ်။

(၆) လူတီတီယမ်

ရေနံတူးဖော်မှုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်မှုတွေမှာ သုံးတာပါ။ ထွက်ရှိနှုန်း အလွန်ကို နည်း ပါးပါတယ်။ တူးဖော်လို့ ရနိုင်တဲ့မြေနဲ့ ဒေသလည်း အလွန်ကို ရှားပါတယ်။ တဂရမ်ကို ၆၉ ဒေါ်လာ ရှိပါတယ်။

(၅) စကန်ဒီယမ်

စကန်ဒီယမ်ဟာ ပျော့ပျောင်း၍ တောက်ပသောအရောင်ရှိပြီး ပြောင်းလဲခြင်းရှိသော ဒြပ်စင်တစ်ခုဖြစ်ပါတယ်။ ၎င်းဒြပ်စင်ကို စကန်ဒီနာဗီယာမြို့မှရှားပါးသောသတ္တုတွင်းတွင် တွေ့ရှိခဲ့တာပါ။ လေနှင့်ထိတွေ့သောအခါ အဝါရောင်ဖျော့ဖျော့ (သို့) ပန်းနုရောင်အဖြစ် မြင်တွေ့နိုင်ပါတယ်။ အလူမီနမ် အလွိုင်းသားတွေကို အရည်အသွေး ပိုကောင်းစေတဲ့ ဒြပ်စင်ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှာမှ စတင် ရှာဖွေတွေ့ရှိ ခဲ့တာ ပါ။ တနှစ်ကို ၁၀ တန်လောက်ပဲ ကမ္ဘာမှာ ထွက်ရှိပြီး တဂရမ်ကို ဒေါ်လာ ၂၇၀ လောက် တန်ပါတယ်။

(၄) ပလူတိုနီယမ်

ပလူတိုနီယမ် ဒြပ်စင်ကတော့ ငွေရောင်ရှိပြီး အနည်းငယ်ဓာတ်တိုးမှု ပြုလုပ်သောအခါ အဝါဖျော့ဖျော့ အရောင် အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ပလူတိုနီယမ် အပိုင်းအစကြီး တစ်ခုကို ထိတွေ့ကြည့် ပါက ပူးနွေးနေတတ်တဲ့ အကြောင်းကတော့ အလိုလျှောက် အယ်ဖာရောင်စဉ် ယိုယွင်းမှု (Alpha decay) ဖြစ်စဉ်မှ ထွတ်ရှိလာသော စွမ်းအင်ကြောင့် ဖြစ်ပါတယ်။ ကြီးမားသော ပလူတိုနီယမ် အပိုင်းများ သည် ရေဆူပွက် နိုင်သည်အထိ လုံလောက်သော အပူစွမ်းအင် ကို ထုတ်ပေးနိုင်ပါတယ်။ နျူလက်နက်တွေနဲ့ နျူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေမှာ သုံးပါတယ်။ 239 နဲ့ 241 ဆိုတဲ့ အဆင့် ခွဲခြားသတ်မှတ်ချက်တွေ ရှိ ပါတယ်။ ကိုင်တွယ်လို့ မရပါဘူး။ ထည့်သွင်းထားတဲ့အခန်းနဲ့ သယ်ဆောင် ဖန်တီးယူရပါတယ်။ တဂရမ်ကို ဒေါ်လာ ၄၀၀၀ လောက် ပေးမှ ရနိုင်ပါလိမ့်မယ်။

(၃) ကာဗွန်

မျိုးသမီးများ အထူးသဖြင့် တန်ဖိုးထားကြတဲ့ စိန်နှင့် ကမ္ဘာ့နေ့စဉ်သုံး ပစ္စည်းတစ်ခုဖြစ်သော ခဲတံတွင် ပါရှိ သည့် ဂရက်ဖိုက် (ခဲနက်)တို့သည် အခြားမည်သည့်ပစ္စည်းနှင့်မျှ မရောသော ကာဗွန်အစစ်များ သာလျှင် ဖြစ်ကြပါတယ်။ ကျောက်မီး သွေးနှင့်မီးသွေးတို့ဟာ ကာဗွန်အစစ်များ မဟုတ်ကြသော် လည်း ကာဗွန် အများဆုံး ပါရှိသော ပစ္စည်းများ ဖြစ်ကြပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာလည်း ကာဗွန်တွေ အများအပြား ရှိပါတယ်။ ပြီးတော့ ကျောက်မီးသွေးနဲ့ ဂရပ်ဖိုကတွေမှာလည်း ကာ ဗွန်တွေ အများအပြား ပါရှိပါတယ်။ ဒါပေမယ့် ကာဗွန်စစ်စစ် အနေအထားဆိုရင်တော့ ဈေးအရမ်းကြီးပါတယ်။ ဥပမာ စိန် လိုမျိုးပေါ့။ ၁ ဂရမ်ကို ဒေါ်လာ ၆၅၀၀၀ လောက် တန်ဖိုးရှိနိုင်ပြီး ပုံမှန် ကာဗွန်စစ်စစ်ကတော့ ဒေါ်လာ ၆၅၀၀ လောက်ပဲရှိ ပါတယ်။

(၂) ကယ်လီဖိုနီယမ်

ကယ်လီဖိုနီယမ် ဟာ အုပ်စုဝင် ရေဒီယို သတ္တိကြွ သတ္ထုတစ်မျိုး ဖြစ်ပါသည်။ ၎င်းဟာ လေ၊ ရေနွေးငွေ့၊ အက်ဆစ်တို့နှင့်သာ အလွယ်တကူ ဓာတ်ပြုနိုင်ပြီး ဘေ့စ်နှင့် အလွယ်တကူ ဓာတ်မပြုနိုင်သောကြောင့်  ဓာတ်တိုး၊ ဓာတ်လျှော့ မလွယ်သော သတ္ထုဖြစ်ပါသည်။ ထို့ကြောင့် ၎င်းကို ယနေ့အချိန်ထိ သီးသန့်ပုံစံ အနေအထားဖြင့် မတွေ့ရသေးပါဘူး။ ၁၉၅၀ ခုနှစ်ဝန်းကျင်က အမေရိကန် ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဓာတ်ရောင်ခြည် လေ့လာခန်းမှာ စတင် တွေ့ရှိခဲ့တာ ပါ။ အယ်ဖာအမှုန်တွေကို ခွဲခြမ်းရင်ကနေ ရပါတယ်။ ဘယ်မှာသုံးတယ်ဆိုတာ သေချာမသိရပေမယ့် တစ်နှစ်ကို ကယ်လီ ဖိုနီယမ် ဂရမ်ဝက်လောက်ပဲ ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။ ၁ ဂရမ်ကို ဒေါ်လာ ၂၅ သန်းကနေ ၂၇သန်းအတွင်း တန်ဖိုး ရှိပါတယ်။

(၁) ဖရန်စီယမ်

ဖရန်စီယမ်ဟာ အရှားပါးဆုံးဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။ သေချာတာကတော့ အခုချိန်ထိအောင် ကမ္ဘာပေါ်မှာ ဖရန်စီယမ် တဂရမ်ပြည့်အောင် မတွေ့ရပါဘူး။ အကြောင်းကတော့ ဒီ ဒြပ်စင်ရဲ့သက်တမ်းက မိနစ် ၅၀ ဝန်းကျင်ပဲ ရှိလို့ပါ။ တူးဖော်လိုက်ပြီး မကြာခင်မှာ အငွေ့ပျံသွားလို့ ထိန်းသိမ်းဖို့ ခက်ပါ တယ်။ ဓာတ်ခွဲခန်းမှာ သေချာအောင် ထုတ်လုပ်မှ ရနိုင်ပြီး အက်တမ်ပေါင်း ၃ သိန်းခန့်နဲ့ ဖွဲ့စည်းဖန်တီးရပါတယ်။ တန်ဖိုး ကတော့ တဂရမ်ကိုတင် ဒေါ်လာ ၁ ဘီလီယံလောက် ရှိပါတယ်။

Ref: www.wonderslist.com

ချစ်ဖေ(တောင်တွင်းမြေ)
Via : Irrawaddy Burmese

Leave a Reply