ဒီေန႔မနက္ အုိဆာကာ မွာ လႈပ္ခဲ့တဲ့ငလွ်င္

Posted on

ဒီကေန႔(၁၈ ဇြန္ ၂၀၁၈) မနက္ပုိင္းမွာ ဂ်ပန္ႏုိင္ငံအေနာက္ပိုင္း အုိဆာကာျပည္နယ္မွာ လႈပ္ခတ္သြားတဲ့ ငလွ်င္ေၾကာင့္ လူသုံးဦး ေသဆုံးခဲ့ၿပီး အမ်ားအျပားဒါဏ္ရာရခဲ့ပါတယ္။ မီးသတ္နဲ႔ သဘာ၀ကပ္ေဘး စီမံခန္႔ခြဲမႈ ေအဂ်င္စီရဲ႕ ေျပာၾကားခ်က္အရ အုိဆာကာ ၊ ဟရုိဂုိ နဲ႔ က်ဳိတုိတစ္၀ုိက္မွာ လူေပါင္း ၉၁ေယာက္ခန္႔ ဒါဏ္ရရွိသြားတယ္လုိ႔ သိရပါတယ္။

ေသဆုံးသြားသူေတြထဲက တစ္ေယာက္ဟာ ၉ႏွစ္အရြယ္ ေက်ာင္းသူေလးျဖစ္ကာ သူမရဲ႕မူလတန္းေက်ာင္းမွာလမ္းေလွ်ာက္ေနစဥ္ အုတ္နံရံၿပဳိက်ခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ေယာက္ျဖစ္တဲ့ အသက္ ၈၀အဘုိးအုိကလည္း အုတ္တံတုိင္းၿပဳိက်မႈေၾကာင့္ေသဆုံးခဲ့ရၿပီး ေနာက္ အသက္ ၈၄ႏွစ္ရွိတဲ့ အဘုိးအုိတစ္ေယာက္ကလည္း စာအုပ္စင္ပိကာ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔မနက္ ၇နာရီ ၅၈မိနစ္ခန္႔ အခ်ိန္မွာ ျပင္းအား ၆.၁ ရွိတဲ့ငလွ်င္ဟာ အုိဆာကာေျမာက္ပုိင္း (အနက္ ၁၃ကီလုိမီတာ) ကို ဗဟုိျပဳၿပီး လႈပ္ေခတ္ခဲ့တာျဖစ္ပါတယ္။ ဒီျပင္းထန္တဲ့လႈပ္ခတ္မႈေၾကာင့္ အုိဆာကာသာမက ဟရုိဂုိ နဲ႔ က်ဳိတုိ အထိတုိင္ငလွ်င္ဒါဏ္ကို ခံစားခဲ့ရပါတယ္။

အပ်က္အစီးအေနနဲ႔ေတာ့ႀကီးႀကီးမားမားမရွိပဲ နံရံေတြၿပဳိတာ ၊ ျပတင္းေပါက္ေတြ မွန္ေတြ ပ်က္စီးတာ ၊ အေဆာက္အဦးတခ်ဳိ႕မီးေလာင္တာ ၊ ေရပုိက္လုိင္းမ်ား ေပါက္ထြက္တာေတြေတာ့ျဖစ္ပြားခဲ့ပါတယ္။ ပုံရိပ္ေတြအရေတာ့ ဆုိင္ေတြမွာ ပစၥည္းေတြျပန္႔ႀကဲေနတာ အေဆာက္အဦးအခ်ဳိ႕အနည္းငယ္ၿပဳိတာ လမ္းေပးမွာ အပ်က္အစီးတခ်ဳိ႕စုပုံေနတာကုိ ေတြ႔ရွိပါတယ္။

အုိဆာကာရွိ လူေနအိမ္ေပါင္း ၁၇ဝ,ဝဝဝ ေက်ာ္ လွ်ပ္စစ္မီးျပတ္ေတာက္သြားခဲ့တာေၾကာင့္ ႏွင့္ အနီးအနားျပည္နယ္ျဖစ္သည့္ Hyogo ျပည္နယ္မွ လွ်ပ္စစ္မီးမ်ားကုိ ငလ်င္ဒဏ္ခံရသည့္ အုိဆာကာျပည္နယ္သုိ ့ေထာက္ပံ့ေပးပုိ ့ထားေၾကာင္း သိရပါတယ္။ အုိဆာကာ ဂတ္စ္ဓာတ္ေငြ ့ကုမၸဏီကေတာ့ မီးေလာင္ကြ်မ္းမႈမ်ား မျဖစ္ေပၚေစရန္ ႀကိဳတင္ကာကြယ္မႈအျဖစ္ လူေနအိမ္ေပါင္း ၁ဝ၈,ဝဝဝ ထံဂတ္စ္အားေပးပို႔မႈ ရပ္ဆုိင္းထားပါတယ္။

ေနာက္ပို္င္းမွာေတာ့ ေအဂ်င္စီက ငလ်င္ဟာ ကနဦးမွာ အင္အား ၅.၉ ပမာဏနဲ႔ လႈပ္ခတ္သြားခဲ့တယ္လို႔ ေအဂ်င္စီက ျပန္လည္ျပင္ဆင္ေၾကညာခဲ့ပါတယ္။ အိုဆာကာ ဧရိယာထဲက က်ည္ဆံရထားေတြ အပါအ၀င္ မီးရထား၀န္ေဆာင္မႈေတြဟာလည္း ထိခိုက္ပ်က္စီးမႈကို စစ္ေဆးဖို႔အတြက္ ေျပးဆြဲမႈကို ေခတၱခဏ ဆုိင္းငံ့ထားရတယ္လို႔ သိရပါတယ္။

ဂ်ပန္ႏုိင္ငံအလယ္ပုိင္းတြင္ရွိေသာ ႏ်ဴကလီးယားဓာတ္ေပါင္းဖုိမ်ားကေတာ့ ပံုမွန္အေျခအေနမွာရွိေနၿပီး အနီးပတ္ဝန္းက်င္မွာရွိတဲ့ Fukui ျပည္နယ္က ႏ်ဴကလီးယားဓာတ္ေပါင္းဖုိ ၁၅ လံုးမွာလည္း ပံုမွန္အတုိင္း ေကာင္းမြန္စြာ လည္ပတ္ေနေၾကာင္း တာဝန္ရွိသူေတြက ဆုိပါတယ္။ အုိဆာကာျပည္နယ္မွာ ေနာက္ထပ္ငလ်င္မ်ား ထပ္မံျဖစ္ေပၚႏုိင္ေၾကာင္း ကြ်မ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။

ငလွ်င္လႈပ္ခတ္ေနစဥ္ရုိက္ကူးထားတဲ့ ဗီဒီယုိကုိ ေအာက္မွာၾကည့္ရႈ႕ႏုိင္ပါတယ္။

VIDEO


ဒီနေ့မနက် အိုဆာကာ မှာ လှုပ်ခဲ့တဲ့ငလျှင် (unicode)

ဒီကနေ့(၁၈ ဇွန် ၂၀၁၈) မနက်ပိုင်းမှာ ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာပြည်နယ်မှာ လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး အများအပြားဒါဏ်ရာရခဲ့ပါတယ်။ မီးသတ်နဲ့ သဘာဝကပ်ဘေး စီမံခန့်ခွဲမှု အေဂျင်စီရဲ့ ပြောကြားချက်အရ အိုဆာကာ ၊ ဟရိုဂို နဲ့ ကျိုတိုတစ်ဝိုက်မှာ လူပေါင်း ၉၁ယောက်ခန့် ဒါဏ်ရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေထဲက တစ်ယောက်ဟာ ၉နှစ်အရွယ် ကျောင်းသူလေးဖြစ်ကာ သူမရဲ့မူလတန်းကျောင်းမှာလမ်းလျှောက်နေစဉ် အုတ်နံရံပြိုကျခဲ့တာဖြစ်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ အသက် ၈ဝအဘိုးအိုကလည်း အုတ်တံတိုင်းပြိုကျမှုကြောင့်သေဆုံးခဲ့ရပြီး နောက် အသက် ၈၄နှစ်ရှိတဲ့ အဘိုးအိုတစ်ယောက်ကလည်း စာအုပ်စင်ပိကာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့မနက် ၇နာရီ ၅၈မိနစ်ခန့် အချိန်မှာ ပြင်းအား ၆.၁ ရှိတဲ့ငလျှင်ဟာ အိုဆာကာမြောက်ပိုင်း (အနက် ၁၃ကီလိုမီတာ) ကို ဗဟိုပြုပြီး လှုပ်ခေတ်ခဲ့တာဖြစ်ပါတယ်။ ဒီပြင်းထန်တဲ့လှုပ်ခတ်မှုကြောင့် အိုဆာကာသာမက ဟရိုဂို နဲ့ ကျိုတို အထိတိုင်ငလျှင်ဒါဏ်ကို ခံစားခဲ့ရပါတယ်။

အပျက်အစီးအနေနဲ့တော့ကြီးကြီးမားမားမရှိပဲ နံရံတွေပြိုတာ ၊ ပြတင်းပေါက်တွေ မှန်တွေ ပျက်စီးတာ ၊ အဆောက်အဦးတချို့မီးလောင်တာ ၊ ရေပိုက်လိုင်းများ ပေါက်ထွက်တာတွေတော့ဖြစ်ပွားခဲ့ပါတယ်။ ပုံရိပ်တွေအရတော့ ဆိုင်တွေမှာ ပစ္စည်းတွေပြန့်ကြဲနေတာ အဆောက်အဦးအချို့အနည်းငယ်ပြိုတာ လမ်းပေးမှာ အပျက်အစီးတချို့စုပုံနေတာကို တွေ့ရှိပါတယ်။

အိုဆာကာရှိ လူနေအိမ်ပေါင်း ၁၇ဝ,ဝဝဝ ကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့တာကြောင့် နှင့် အနီးအနားပြည်နယ်ဖြစ်သည့် Hyogo ပြည်နယ်မှ လျှပ်စစ်မီးများကို ငလျင်ဒဏ်ခံရသည့် အိုဆာကာပြည်နယ်သို့ထောက်ပံ့ပေးပို့ထားကြောင်း သိရပါတယ်။ အိုဆာကာ ဂတ်စ်ဓာတ်ငွေ့ကုမ္ပဏီကတော့ မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုအဖြစ် လူနေအိမ်ပေါင်း ၁ဝ၈,ဝဝဝ ထံဂတ်စ်အားပေးပို့မှု ရပ်ဆိုင်းထားပါတယ်။

နောက်ပ်ိုင်းမှာတော့ အေဂျင်စီက ငလျင်ဟာ ကနဦးမှာ အင်အား ၅.၉ ပမာဏနဲ့ လှုပ်ခတ်သွားခဲ့တယ်လို့ အေဂျင်စီက ပြန်လည်ပြင်ဆင်ကြေညာခဲ့ပါတယ်။ အိုဆာကာ ဧရိယာထဲက ကျည်ဆံရထားတွေ အပါအဝင် မီးရထားဝန်ဆောင်မှုတွေဟာလည်း ထိခိုက်ပျက်စီးမှုကို စစ်ဆေးဖို့အတွက် ပြေးဆွဲမှုကို ခေတ္တခဏ ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းတွင်ရှိသော နျူကလီးယားဓာတ်ပေါင်းဖိုများကတော့ ပုံမှန်အခြေအနေမှာရှိနေပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ Fukui ပြည်နယ်က နျူကလီးယားဓာတ်ပေါင်းဖို ၁၅ လုံးမှာလည်း ပုံမှန်အတိုင်း ကောင်းမွန်စွာ လည်ပတ်နေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အိုဆာကာပြည်နယ်မှာ နောက်ထပ်ငလျင်များ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Leave a Reply