ကမာၻတလႊားက ထင္ေပၚေက်ာ္ၾကား အထီးက်န္ တေစၦၿမိဳ႕မ်ား

Posted on

ေရးသားသူ – ေကာင္းစည္သူ(သုတစြယ္စုံ)

ၾကြယ္၀ ခ်မ္းသာမႈသည္ ထာ၀ရ တည္ၿမဲေနျခင္းမရွိဟု ဆိုၾကသည္။ တခ်ိန္က ေက်ာက္မီးေသြး၊ ေရႊ၊ ေၾကးနီ၊သတၳဳစသည့္ သယံဇာတ မ်ားထုတ္လုပ္ခဲ့သည့္ စက္မႈလုပ္ငန္းမ်ား ထြန္းကားခဲ့ေသာ ၿမိဳ႕အခ်ိဳ႕သည္ ယခုအခါတြင္ အထီးက်န္စြာ တည္ရွိေနၾက ကာ လာေရာက္လည္ပတ္မည့္ ဧည့္သည္မ်ားကို ေစာင့္စားေနၾကရေပသည္။ ယင္းၿမိဳ႕မ်ားရွိ တစ္ခ်ိန္က အိုးအိမ္မ်ားႏွင့္ စက္မႈလုပ္ငန္း မ်ား သည္ မ်က္တြင္း ေဟာက္ပက္ျဖစ္ေနသည့္ ဦးေခါင္းခြံမ်ားသဖြယ္ တည္ရွိေနၾကေပသည္။

စြန္႕ပယ္ခံၿမိဳ႕မ်ားတြင္ စူးစမ္းရွာေဖြ လိုသူမ်ားအတြက္ တစ္စုံတစ္ခုေသာ အရာမ်ားရွိေနသည္။ ၿမိဳ႕မ်ား၏ အတိတ္သမိုင္း မ်ားသည္ ေဖာ္ထုတ္သူကို ေစာင့္ေမွ်ာ္ေနၾကကာ စြန္႔စားလိုၾကသူမ်ားကိုလည္း ေမွ်ာ္လင့္ေနၾကသည္။ ထို႔ေၾကာင့္ လည္း ယင္းအထီးက်န္ ၿမိဳ႕ရြာမ်ားသည္ ခရီးသြားမ်ား သြားေရာက္လည္ပတ္လိုသည့္ ေနရာမ်ားျဖစ္လာခဲ့ၾကေပသည္။

၁၀။ ေကာ္လ္မန္စ္ေကာ့ပ္ Kolmanskop, Namibia

နမ္မီးဘီးယားႏိုင္ငံရွိ ေကာ္လ္မန္စ္ေကာ့ပ္ၿမိဳ႕သည္ တစ္ခ်ိန္က စိန္တူးေဖာ္ေရး လုပ္ငန္း အၾကီးအက်ယ္ ထြန္းကားခဲ့သည့္ ၿမိဳ႕ျဖစ္သည္။ ထိုစဥ္က ဂ်ာမနီ မိသားစု ရာေပါင္းမ်ားစြာသည္ ေကာ္လ္မန္စ္ေကာ့ပ္ သို႔ အစုလိုက္အၿပဳံလိုက္လာေရာက္ၾက၍ သဲမ်ား အေပၚယံတြင္ နစ္ျမဳပ္ေနသည့္ စိန္မ်ားကိုရွာေဖြခဲ့ၾကသည္။ ေကာ္လ္မန္စ္ေကာ့ပ္ ကို မီးရထား လုပ္သားတစ္ဦးျဖစ္သူ Zacharias Lewala က ၁၉၀၈ ခုႏွစ္တြင္ ေတြ႕ရွိခဲ့သည္။သူသည္ မီးရထားလမ္းတစ္ခုကို တူးရာမွ ရာေပါင္းမ်ားစြာေသာ လူမ်ားကို နမ္မီးဘီးယား ကႏၱာရအတြင္းရွိ ေနရာကြက္တစ္ခုကို ယင္းတို႕၏ ေနအိမ္မ်ားအျဖစ္သို႕ အျမန္ေရာက္ရွိလာေစခဲ့ကာ ဂ်ာမနီၿမိဳ႕တစ္ခုအသြင္ ျဖစ္ေပၚေစခဲ့သည္။

ေကာ္လ္မန္စ္ေကာ့ပ္တြင္ ပထမဆုံး ေတြ႕ရွိခဲ့သည့္ စိန္ပြင့္တစ္ပြင့္သည္ ေသးငယ္ေသာ လူမႈအသိုက္အ၀န္းတစ္ခုကို ျဖစ္ေပၚေစခဲ့ကာ တိုေတာင္းေသာကာလအတြင္း ယင္းေနရာ၌ ေဆးရုံတစ္ရုံအပါအ၀င္ အကရုံ၊ လွ်ပ္စစ္ဓာတ္အားေပးရုံ၊စာသင္ေက်ာင္း၊ ဘိုလိန္းကစားရုံ၊ ကဇာတ္ရုံႏွင့္ ကာစီႏို ရုံတို႕ ကို တည္ေဆာက္ခဲ့ၾကသည္။ ေကာ္လ္မန္စ္ေကာ့ပ္တြင္ စိန္ထုတ္လုပ္မႈသည္ ၁၉၂၀ ျပည့္ႏွစ္တြင္ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့ကာ စစ္ပြဲမ်ားႏွင့္ အျခား အေႏွာင့္အယွက္မ်ားက ၁၉၅၄ ခုႏွစ္တြင္ စိန္ထုတ္လုပ္မႈကို ရပ္တန္႕ေစခဲ့သျဖင့္ ေဒသတြင္ေနထုိင္ၾကသူမ်ားသည္ ေငြေၾကး ပိုမို ရရွိႏိုင္မည့္ ေနရာမ်ားသို႕ ေျပာင္းေရႊ႕သြားခဲ့ၾကသည္။

ယခုအခါတြင္ ေကာ္လ္မန္စ္ေကာ့ပ္တြင္ စြန္႔ပစ္ထားသည့္ အေဆာက္အအုံမ်ားစြာရွိေနကာ ခရီးသြားမ်ားကို ဆြဲေဆာင္လ်က္ ရွိေနသည္။ကႏၱာရအတြင္းတိုက္ခတ္ခဲ့သည့္ သဲမုန္တိုင္းမ်ားေၾကာင့္ အေဆာက္အအုံေဟာင္းမ်ား၏ အခန္းမ်ားသည္ သဲမ်ားျပည့္ေနသည္။ ခြင့္ျပဳခ်က္ရရွိသူမ်ားသာ ေကာ္လ္မန္စ္ေကာ့ပ္ သို႕သြားေရာက္ႏိုင္ၾကၿပီး တေစၦၿမိဳ႕ေတာ္အတြင္း စားေသာက္ဆိုင္ တစ္ခုႏွင့္ ျပတိုက္တစ္ခု တည္ေဆာက္ထားသည္။

၉။ ေျမာက္ပိုင္း ညီအစ္ကိုကၽြန္း North Brother Island, New York

ေျမာက္ပိုင္း ညီအစ္ကိုသည္ နယူးေယာက္၊ Bronx နယ္ေျမ အျပင္ဘက္ရွိ အိစ္ျမစ္အတြင္းမွ ၂၀ ဧကက်ယ္၀န္းေသာ ကၽြန္းတစ္ခုျဖစ္သည္။ ၁၈၈၅ ခုႏွစ္တြင္ ကၽြန္းေပၚတြင္ အူေရာင္ငန္းဖ်ား၊ ေက်ာက္၊ အဆုပ္၊ အသား၀ါ စသည့္ ကူးစက္ေရာဂါမ်ားကို ခံစားေနရသူမ်ားကို ကုသေပးႏိုင္မည့္ ျမစ္ကမ္းေဆးရုံတည္ေဆာက္ရန္ ကၽြန္းကို၀ယ္ယူခဲ့သည္။ ထို႕ေၾကာင့္ ယင္းေနရာသည္ အူေရာင္ငန္းဖ်ားေရာဂါကို ျဖစ္ေစသည့္ ဘက္တီးရီးယားပိုးမ်ားကို သယ္ေဆာင္သည့္ Typhoid Mary ၏ ေနရာဟု ထင္ရွားခဲ့သည္။

ယင္းအမ်ိဳးသမီးကို ကၽြန္းေပၚတြင္ ကူးစက္ေရာဂါမ်ား မကူးစက္ေစရန္ ၁၉၃၈ ခုႏွစ္တြင္ အဆုပ္အေအးမိေရာဂါျဖင့္ ကြယ္လြန္ခ်ိန္ အထိ သီးသန္႕ထားရွိခဲ့သည္။ ၁၉၀၅ ခုႏွစ္တြင္ ကၽြန္းအနီး၌ ေရေႏြးေငြ႕စြမ္းအင္သုံး သေဘၤာတစ္စီးမီးေလာင္ကၽြမ္းခဲ့သျဖင့္ လူေပါင္း ၁၀၀၀ ေက်ာ္ ေသ ဆုံး ခဲ့သည္။ကၽြန္းေဆးရုံကို ဒုတိယကမၻာစစ္အၿပီးတြင္ စစ္ေဘးသင့္သူမ်ားကို ကုသရန္ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ဘိန္းျဖဴစြဲေနသည့္ လူနာမ်ားကို ကုသခဲ့သည္။ စရိတ္စက ျမင့္မားမႈႏွင့္ အလြဲသုံးစားျပဳလုပ္မႈမ်ားေၾကာင့္ ေဆးရုံကို ၁၉၆၃ ခုႏွစ္တြင္ ပိတ္သိမ္းခဲ့ကာ ကၽြန္းေပၚတြင္ ေန ထိုင္ခဲ ့ၾကသူအားလုံးသည္ ကၽြန္းကို စြန္႕ခြာခဲ့ၾကသည္။

ထိုအခ်ိန္မွစ၍ ေျမာက္ပိုင္း ညီအစ္ကိုကၽြန္းသည္ အထီးက်န္စြာ တည္ရွိ ေန ခဲ့ၿပီး ၂၀၀၁ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕ေတာ္ ပန္းဥယ်ာဥ္မ်ားဌာန၏ အုပ္ခ်ဳပ္မႈေအာက္သို႔ ေရာက္ရွိခဲ့ကာ ကန္႕သတ္နယ္ေျမ တစ္ခု ျဖစ္လာခဲ့သည္။ ၿမိဳ႕ေတာ္ေကာင္စီ၀င္မ်ားက ကၽြန္းကို ျပန္လည္ဖြင့္လွစ္ရန္ ႀကိဳးပမ္းခဲ့ကာ ခရီးသြားကန္႔သတ္မႈ မ်ား ျပဳလုပ္ခဲ့သည္။ ခရီးသြားမ်ားကို သမိုင္းအေတြ႕အၾကဳံမ်ားရရွိေစရန္ ေဆာင္ရြက္ေပးသည့္တိုင္ ကၽြန္းေပၚရွိ အေဆာက္အအုံမ်ား သည္ ၿပိဳလဲေနၾကကာ လမ္းမ်ားတြင္ ခ်ဳံႏြယ္မ်ားေပါက္ေရာက္ေနၾကသည္။ ထို႕ေၾကာင့္ ခရီးသြားမ်ားက ေျမာက္ပိုင္း ညီအစ္ကိုကၽြန္း သို႔လာရျခင္း သည္ လုံၿခဳံမႈမရွိဟု ယူဆခဲ့ၾကသည္။

၈။ ဘိုဒီ Bodie, California

အေမရိကန္ႏိုင္ငံ၏ အထင္ရွားဆုံး တေစၦၿမိဳ႕သည္ ကာလီဖိုနီးယားျပည္နယ္ရွိ ဘိုဒီျဖစ္ေၾကာင္း ေျပာေလ့ရွိ ၾကသည္။ ဘိုဒီသည္ တစ္ခ်ိန္ေသာကာလက ေရႊသတၳဳမိုင္းတြင္း တည္ရွိခဲ့ကာ ေနထိုင္သူ တစ္ေသာင္းခန္႔ရွိသည့္ၿမိဳ႕ျဖစ္ခဲ့သည္။ ၿမိဳ႕အမည္ကို မိုႏိုေရအိုင္ အနီးရွိ ေတာင္တန္းမ်ားမွ ေရႊတိုေရႊစမ်ားရွာေဖြေတြ႕ရွိခဲ့သူ ၀ီလီယမ္ဘိုဒီ၏ အမည္ကို ယူကာမွည့္ေခၚခဲ့သည္။

ဘိုဒီက ေရႊစမ်ားေတြ႕ရွိၿပီးေနာက္ပိုင္းတြင္ လူအမ်ားသည္ ယင္းေနရာသို႕ စုရုံးေရာက္ရွိလာခဲ့ရာ ၁၈၀၀ ျပည့္ႏွစ္တြင္ အစည္ကားဆုံး ျဖစ္ခဲ့သည္။ ၁၈၈၁ ခုႏွစ္တြင္ ဘိုဒီတြင္ တရားဥပေဒ စိုးမိုးမႈကင္းမဲ့ခဲ့ကာ လူသတ္မႈမ်ား၊ အႏုၾကမ္းစီးမႈမ်ား၊ လုယက္မႈမ်ား၊ တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့သည္။ယင္းအေျခအေနမ်ားေၾကာင့္ ဘိုဒီေဒသ၏ စည္ပင္၀ေျပာမႈသည္ ၁၈၈၂ ခုႏွစ္မွစတင္ေလ်ာ့ပါးလာခဲ့ကာ ေနထိုင္သူ လူဦးေရက သိသိသာသာက်ဆင္းသြားခဲ့သည္။

၁၈၉၂ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈက ေဒသစီးပြားေရး လုပ္ငန္းအမ်ားစုကို ပ်က္စီးေစခဲ့ကာလူအမ်ားသည္ ဘိုဒီ ကို စြန္႕ခြာခဲ့ၾကသည္။ ေနာင္ႏွစ္ ၄၀ အၾကာတြင္ ထပ္မံျဖစ္ပြားခဲ့သည့္ မီးေလာင္မႈသည္ က်န္ရွိသည့္ အေဆာက္အအုံ ၉၅ ရာခိုင္ ႏႈန္းကို ေလာင္ကၽြမ္းခဲ့သည္။ ဘိုဒီသည္ ၁၉၄၀ ျပည့္ႏွစ္မ်ားမွစ၍ တေစၦၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ကာ၁၉၆၂ ခုႏွစ္တြင္ ျပည္နယ္ သမိုင္း၀င္ဥယ်ာဥ္ႏွင့္ ကာလီဖိုးနီးယားျပည္နယ္၏ သမိုင္း၀င္ေနရာတစ္ခုျဖစ္လာခဲ့သည္။ ဘိုဒီသည္ အစိတ္အပိုင္း အနည္းငယ္မွ်သာ က်န္ရွိေနၿပီး လာေရာက္လည္ပတ္မည့္ ခရီးသြားမ်ားကို ႀကိဳဆိုလ်က္ရွိေနသည္။

၇။ ကင္နီေကာ့ Kennecott, Alaska

အလက္စကာျပည္နယ္ရွိ ကင္နီဗကာ့သည္ တစ္ခ်ိန္က ေၾကးနီသတၳဳတြင္းမ်ား ရွိခဲ့ေသာ္လည္း ယခုအခါတြင္ စြန္႔ပစ္ခံ တေစၦၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ရွိေနသည္။ ကင္နီေကာ့ေၾကးနီ ေကာ္ပိုေရးရွင္းသည္ ေၾကးနီကို ေတာင္တန္းမ်ားမွ ထုတ္ယူ၍ အျခား တစ္ဘက္တြင္ သန္႕စင္ခဲ့ကာအေမရိကန္ ေဒၚလာ သန္း ၂၀၀ တန္ဖိုးရွိသည့္ ေၾကးနီမ်ားကို ၁၉၁၁ ခုႏွစ္မွ ၁၉၃၈ အၾကား ထုတ္လုပ္ႏိုင္ခဲ့သည္။

ေၾကးနီ လုပ္ငန္း ထြန္းကားခဲ့ခ်ိန္တြင္ ကင္နီေကာ့၌ အလုပ္လုပ္သူ ၆၀၀ ခန္႔ရွိခဲ့ကာ ေဆးရုံ၊ စတိုးဆိုင္၊ စာသင္ေက်ာင္း၊ စကိတ္ကြင္း၊ တင္းနစ္ကြင္းႏွင့္ ေမြးျမဴေရးၿခံတို႔ရွိခဲ့ၿပီး စဥ္ဆက္မျပတ္ တိုးတက္မႈရွိခဲ့သည္။ သို႔ေသာ္ ၁၉၂၀ ျပည့္ႏွစ္တြင္ ေၾကးနီ ထုတ္ယူႏိုင္မႈက်ဆင္းခဲ့ကာ ကုန္က်စရိတ္မ်ားတိုးတက္လာၿပီး အျမတ္အစြန္း ေလ်ာ့က်လာခဲ့သျဖင့္ ၁၉၃၈ ခုႏွစ္တြင္ ေၾကးနီ လုပ္ငန္းကို ပိတ္သိမ္းခဲ့သည္။

ယခုအခါတြင္ ကင္နီေကာ့ သည္ အမ်ိဳးသား အထိမ္းအမွတ္ဥယ်ာဥ္တစ္ခုအျဖစ္ ရပ္တည္ေနသည္။ ၿမိဳ႕အတြင္းလမ္း ေလွ်ာက္ႏိုင္သည့္ ခရီးစဥ္က ကင္နီေကာ့ သို႔ လာေရာက္လည္ပတ္ၾကသူမ်ား ကို ဆြဲေဆာင္လ်က္ရွိေနသည္။ သို႔ေသာ္ အနီေရာင္ စက္ရုံအေဆာက္အုံေဟာင္းႀကီးကို ေတြ႕ရွိရန္ လမ္းညႊန္ကိုေခၚ၍ သြားေရာက္ၾကရသည္။

၆။ ဂလန္ရီယို Glenrio, New Mexico/Texas

အေမရိကန္ႏိုင္ငံ တကၠတက္စ္ၿပည္နယ္ႏွင့္ မကၠဆီကို ႏိုင္ငံနယ္စပ္တြင္ တေစၦၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ဂလန္ရီယို တည္ရွိသည္။ ဂလန္ရီယိုသည္ တစ္ခ်ိန္က အမွတ္ ၆၆ အေ၀းေျပး လမ္းမ၏ ေ၀းလံေခါင္ဖ်ားေသာ ေနရာတြင္ တည္ရွိခဲ့ကာ ခရီးသြား ကားမ်ား ညစာစားရန္ တစ္ေထာက္နား ေနႏိုင္သည့္ အရက္ဆိုင္မ်ား၊ မိုတယ္မ်ား၊ ကပြဲေဆာင္မ်ား၊ ကားဓာတ္ေငြ႕ဆိုင္မ်ား ရွိခဲ့သည္။ ခရီးသြားမ်ားျဖင့္ စည္ကားခဲ့သည့္ မီးရထားလမ္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ဂလန္ရီယိုသည္ အသစ္ေဖာက္လုပ္ခဲ့သည့္အေ၀းေျပးလမ္းကို သုံးစြဲမႈ မ်ားလာခ်ိန္တြင္ တစ္ျဖည္းျဖည္း ေျခာက္ေသြ႕လာခဲ့သည္။

၁၉၃၀ ျပည့္ႏွစ္မွ ၁၉၅၀ ျပည့္ႏွစ္အထိ စည္ပင္ခဲ့သည့္ ဂလန္ရီယို သည္ ၁၉၇၅ ခုႏွစ္တြင္ လုံး၀ေခါင္သီသြားခဲ့သည္။ အသစ္ေဖာက္လုပ္ခဲ့သည့္ ျပည္နယ္ျဖတ္လမ္း အမွတ္ ၄၀သည္ ဂလန္ရီယို ကို ေရွာင္ကြင္းသြားခဲ့သျဖင့္ ဂလန္ရီယို သည္ လူအသြားအလာမရွိေတာ့ဘဲ စြန္႔ပစ္ခံၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့သည္။ ဂလန္ရီယို၏ အေဆာက္အအုံအမ်ားစုသည္ စြန္႕ပစ္ထားျခင္းခံရကာ အခ်ိဳ႕သည္ ၿပိဳက်ေနၿပီျဖစ္သည္။ သို႕ေသာ္ ဂလန္ရီယိုသည္ အမ်ိဳးသား သမိုင္း၀င္ေနရာမ်ား မွတ္ပုံတင္စာရင္းတြင္ ထည့္သြင္းထား ျခင္းခံရသည္။

၅။ ေအာ္ရာဒို ဆာဂလန္း Oradour-Sur-Glane, France

ျပင္သစ္ေျမေပၚတြင္ နာဇီတို႔ အဆိုးရြားဆုံး အစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈကို က်ဴးလြန္ခဲ့သည့္ ေနရာသည္ ေအာ္ရာဒို ဆာဂလန္းျဖစ္သည္။နာဇီတို႔သည္ ၁၉၄၄ ခုႏွစ္တြင္ ေအာ္ရာဒို ဆာဂလန္း၌ ကေလး ၂၀၅ ဦးအပါအ၀င္ လူ ၆၂၄ ဦးကို ေသနတ္ ျဖင့္ ပစ္ျခင္း (သို႔) အရွင္လတ္လတ္ မီးရိႈ႕ျခင္းတို႕ကို ျပဳလုပ္ခဲ့သည္။ ယင္းသို႕ ျပဳလုပ္ၿပီးေနာက္ ၿမိဳ႕ကို ဖ်က္ဆီးခဲ့ရာ လူအနည္း ငယ္မွ်သာ အသက္ရွင္က်န္ရစ္ခဲ့သည္။ ေအာ္ရာဒို ဆာဂလန္းကို ျပန္လည္တည္ေဆာက္ခဲ့ျခင္းမျပဳခဲ့ဘဲ ေၾကာက္မက္ဖြယ္ေန႔က အေနအထားအတိုင္း ထားရွိခဲ့ၾကသည္။

ျပင္သစ္ႏိုင္ငံအစိုးရက ေအာ္ရာဒို ဆာဂလန္းအပါအ၀င္ စြန္႕ပစ္ၿမိဳ႕မ်ားကို ထိန္းသိမ္းရန္ ႏွစ္စဥ္ ရံပုံေငြ ခ်ထားေပးလ်က္ ရွိသည္။ ေအာ္ရာဒို ဆာဂလန္းအပ်က္အစီးမ်ားကို သမိုင္း၀င္ အေဆာက္အအုံမ်ားအျဖစ္ သတ္မွတ္ထားကာ ႏွစ္စဥ္ လာေရာက္ ၾကည့္ရႈသူ သုံးသိန္းေက်ာ္ရွိသည္။ ေအာ္ရာဒို ဆာဂလန္းတြင္ ျပတိုက္တစ္ခုဖြင့္လွစ္ထားၿပီး စာရြက္စာတမ္းမ်ား၊သက္ေသခံခ်က္ မ်ား၊ ေၾကာက္မက္ဖြယ္ ျဖစ္ရပ္ဆိုးကို ျပန္ေျပာခဲ့မႈမ်ားကို ျပသထားသည္။

၄။ ရူဘီ Ruby, Arizona

အာရီဇိုးနား ျပည္နယ္ရွိ ရူဘီၿမိဳ႕သည္မကၠဆီကို နယ္စပ္မွ ေလးမိုင္ကြားေ၀းကာ Tucson ၿမိဳ႕၏ အေနာက္ေတာင္ဘက္ မိုင္ ၅၀ အကြာတြင္ တည္ရွိသည္။ ေကာ္ရိုနာဒို အမ်ိဳးသား သစ္ေတာဥယ်ာဥ္၊ ေတာင္တန္းမ်ားႏွင့္ ကႏၱာရတို႔ ပတ္ရံလ်က္ရွိေနသည့္ တေစၦၿမိဳ႕သည္ တစ္ခ်ိန္က အာရီဇိုးနီးယားျပည္နယ္ အေနာက္ေတာင္ပိုင္း သတၳဳတြင္း စခန္းအျဖစ္ တည္ရွိခဲ့သည္။ ၁၉၀၀ ျပည့္ႏွစ္ အေစာပိုင္းတြင္ ေရႊ၊ေငြ၊ သြပ္ႏွင့္ ေၾကးနီမ်ားကို ရူဘီတြင္ ထုတ္လုပ္ခဲ့ၿပီး ၁၉၃၀ ျပည့္ႏွစ္တြင္ လူဦးေရ ၁၂၀၀ အထိ ရွိခဲ့ သည္။ ထိုအခ်ိန္တြင္ ရူဘီ၌ စာသင္ေက်ာင္းတစ္ခု၊ စာပို႔တိုက္၊ ကုန္စုံဆိုင္ တို႕ကို ဖြင့္လွစ္ခဲ့သည္။

သို႔ေသာ္ ၁၉၄၀ ျပည့္ႏွစ္တြင္ သတၳဳတြင္းကို ပိတ္ခဲ့ၿပီးေနာက္ိ ရူဘီသည္ အလ်င္အျမန္ ေျခာက္ေသြ႕ခဲ့ကာ စြန္႔ပစ္ခံၿမိဳ႕တစ္ျမိဳ႕အျဖစ္သို႕ ကူးေျပာင္းခဲ့သည္။ ရူဘီသို႔ သြားေရာက္ခြင့္ကို ႏွစ္ေပါင္းမ်ားစြာ ပိတ္ပင္ထားခဲ့ၿပီး ယခုအခါတြင္ခရီးသြားမ်ားအား လာေရာက္ခြင့္ျပဳခဲ့သည္။ ၿမိဳ႕ေဟာင္းအတြင္း မ်ားစြာေသာ သတၳဳသယ္ လမ္းေၾကာင္းမ်ားက်န္ရွိေနသည္။ ထို႕အတူ ၿမိဳ႕တြင္းရွိ ေရအိုင္ႀကီးမ်ားတြင္ ငါးမွွ်ားႏိုင္ၾကကာ တစ္ေန႔တာ အေပ်ာ္ခရီး နားေနစခန္းမ်ား ျပဳလုပ္ထားေပသည္။

၃။ တိုင္ဟမ္ Tyneham, England

ဒုတိယကမၻာစစ္ႀကီး မျဖစ္မီက တိုင္ဟမ္သည္ ေက်းရြာငယ္တစ္ရြာျဖစ္ခဲ့ကာ ရြာေနသူမ်ားသည္ လယ္ယာစိုက္ပ်ိဳးျခင္းႏွင့္ ငါးဖမ္းျခင္းတို႕ျဖင့္ အသက္ေမြးခဲ့ၾကသည္။ သို႕ေသာ္ ၁၉၄၃ ခုႏွစ္တြင္ တိုင္ဟမ္ကို ေသနတ္ပစ္စက္ကြင္းအျဖစ္အသုံးျပဳရန္ ရြာတြင္ ေနထိုင္သူမ်ားအားလုံးကို ရြာမွ ထြက္ခြာေစခဲ့သည္။ ရြာသားမ်ားကို လုံး၀ ျပန္လာခြင့္မျပဳဘဲ ကာကြယ္ေရး ၀န္ႀကီးဌာနက တိုင္ဟမ္၏ ေတာင္ၾကားေဒသ ကို စက္ပစ္ကြင္းအျဖစ္ ယခုတိုင္ အသုံးျပဳလ်က္ရွိသည္။

၁၉၆၈ ခုႏွစ္တြင္ တိုင္ဟမ္ကို သံဆူးႀကိဳးမ်ားျဖင့္ ကာရံခဲ့သည္။ သို႕ေသာ္ ကမ္းေျခသို႔သြားသည့္ လမ္းကို ရုံးပိတ္ရက္မ်ား တြင္ ျပည္သူမ်ားအား အသုံးျပဳခြင့္ေပးခဲ့သည္။ ၁၉၉၄ ခုႏွစ္တြင္ စာသင္ခန္းေဟာင္းမ်ားကို ျပင္ဆင္မြမ္းမံၿပီး ျပန္လည္ဖြင့္လွစ္ခဲ့ ကာ ၂၀၀၈ ခုႏွစ္တြင္ စိုက္ပ်ိဳးေမြးျမဴေရးၿခံကို ဖြင့္လွစ္ခဲ့သည္။ သို႕ေသာ္ တိုင္ဟမ္တြင္ ကုန္သြယ္မႈ လုပ္ငန္းမ်ားကို ခြင့္မျပဳဘဲ ခရီးသြား မ်ား၀ယ္ယူရန္ လက္ေဆာင္ပစၥည္းဆိုင္တစ္ဆိုင္ပင္ မရွိေခ်။

၂။ ခရာကို Craco, Italy

အီတလီႏိုင္ငံရွိ ခရာကိုသည္ ေတာင္ေစာင္းတြင္တည္ထားသည့္ အလြန္လွပေသာ ၿမိဳ႕ျဖစ္ၿပီး ႏွစ္ေပါင္း ၅၀ ေက်ာ္ စြန္႔ပစ္ခံ ထားရသည့္ ၿမိဳ႕ျဖစ္သည္။အီတလီႏိုင္ငံေတာင္ပိုင္း၊ ေတာပိုင္းေဒသ တြင္တည္ထားခဲ့သည့္ ဥေရာပ အလယ္ေခတ္ ေက်းရြာ ေဟာင္း သည္ လွပေသာ ရႈခင္းမ်ားႏွင့္ တိုက္ခိုက္လာႏိုင္မည့္ ရန္စြယ္သတိေပးမႈမ်ားကို ျမင္ေတြ႕ရေပသည္။

ခရာကိုသည္ တစ္ခ်ိန္က လူဦးေရမ်ားစြာ တိုးတက္ခဲ့သည့္ၿမိဳ႕ျဖစ္ခဲ့ေသာ္လည္း ၁၆၅၆ ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ပလိပ္ ေရာဂါ ေၾကာင့္ ရာေပါင္းမ်ားစြာေသာ ၿမိဳ႕ေနသူမ်ားေသဆုံးခဲ့ၾကရသည္။ ၁၈၉၂ ခုႏွစ္ႏွင့္ ၁၉၂၂ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ ဆိုးရြား ျပင္းထန္ေသာ ငတ္မြတ္မႈေဘးဒဏ္ေၾကာင့္ ေဒသေနသူ အမ်ားအျပားသည္ ေျမာက္အေမရိကသို႕ ေရႊ႕ေျပာင္းထြက္ခြာခဲ့ၾက သည္။

ေတာင္ေစာင္းတြင္ တည္ခဲ့သျဖင့္ ခရာကိုသည္ ေတာင္ၿပိဳမႈဒဏ္ကိုလည္း ကာလၾကာရွည္စြာ ခံစားခဲ့ရသည္။ ၁၉၆၃ ခုႏွစ္တြင္ ခရာကို ၿမိဳ႕သား ၁၈၀၀ေက်ာ္သည္ ၿမိဳ႕ကို စြန္႕ခြာခဲ့ၾကသည့္ ေနာက္ပိုင္တြင္ ေရွးၿမိဳ႕ေဟာင္းသည္ အစြန္႕ခံ ၿမိဳ႕အျဖစ္က်န္ရွိေနခဲ့သည္။ ခရာကို ၿမိဳ႕ျမင္ကြင္းကို The Passion of the Christ ၊ Quantum of Solace ႏွင့္ Saving Grace ရုပ္ရွင္ဇာတ္ကား မ်ားတြင္ ျမင္ေတြ႕ၾကရေပသည္။

၁။ ပိုင္ယာမီဒန္ Pyramiden, Norway

ဆြီဒင္လူမ်ိဳးမ်ား တည္ေထာင္ခဲ့သည့္ ပိုင္ယာမီဒန္ကို ၁၉၂၇ ခုႏွစ္တြင္ ဆိုဗီယက္ယူနီယမ္သို႕ ေရာင္းခ်ခဲ့သည္။ ဆိုဗီယက္တို႔သည္ ေက်ာက္မီးေသြးရွာေဖြရန္ လူေနအိမ္မ်ားကို ေဖာက္ခြဲခဲ့ၿပီး ၁၉၉၈ ခုႏွစ္တြင္ ပိတ္သိမ္းခဲ့သည္။ မ်ားမၾကာမီ ယင္းေနရာ သည္ စြန္႔ပစ္ထားသည့္ ေနရာျဖစ္ခဲ့ၿပီး ယခုအခ်ိန္တြင္ သဘာ၀ေတာရိုင္းေျမတစ္ခုအျဖစ္တည္ရွိေနကာ ပင္လယ္ေပ်ာ္ငွက္ မ်ား၊ ဖ်ံမ်ား၊ ပိုလာ၀က္၀ံမ်ားက်က္စားသည့္ ေနရာတစ္ခုအျဖစ္ တည္ရွိေနသည္။

ပိုင္ယာမီဒန္ ၿမိဳ႕ေဟာင္းရာသည္ ယခုတိုင္က်န္ရွိေနကာ စက္မႈလုပ္ငန္း အၾကြင္းအက်န္မ်ားက တေစၦၿမိဳ႕ကို ျပသရန္ တည္ရွိေနသည္။ ရုပ္သံ ဇာတ္လမ္းတြဲ Life After People တြင္ ပိုင္ယာမီဒန္သည္ ျပင္းထန္ေသာ အာတိတ္ရာသီဥတုေအာက္တြင္ ျပဳျပင္ထိန္းသိမ္းမႈ မရွိဘဲ အနည္းဆုံး ႏွစ္ ၅၀၀ ေက်ာ္ တည္တံ့ခဲ့သည္ဟု ဆိုသည္။ ခရီးသြားမ်ားသည္ ပိုင္ယာမီဒန္သို႕ သေဘၤာျဖင့္သာ လာေရာက္ႏိုင္ၾကၿပီး ေသနတ္ကိုင္ထားသည့္ ဧည့္လမ္းညႊန္ႏွင့္ အတူ လိုက္ပါၾကရသည္။ ဧည့္လမ္းညႊန္မ်ားသည္ ၿမိဳ႕တြင္းေလ့လာၾကည့္ရႈစဥ္ ၀က္၀ံမ်ား၏ တိုက္ခိုက္မႈ အႏၱရာယ္ရွိသျဖင့္ တိုက္ခိုက္လာသည့္ ၀က္၀ံကို ပစ္ခတ္ႏိုင္ရန္ ေသနတ္ကိုအသင့္ ကိုင္ေဆာင္ထားရျခင္းျဖစ္သည္။

ေႏြရာသီကာလတြင္ လာေရာက္လည္ပတ္သူမ်ား အတြက္ ဟိုတယ္ႏွင့္ ျပတိုက္ တစ္ခု ကို ဖြင့္လွစ္ထားသည္။ တစ္ခ်ိန္ေသာ ကာလမ်ား ေနထိုင္သူမ်ားျဖင့္ စည္ပင္ခဲ့သည့္ ၿမဳိ႕ရြာမ်ားသည္ ေနထိုင္သူတို႔ မရွိေတာ့ခ်ိန္တြင္ တေစၦျမိဳ႕မ်ားအျဖစ္က်န္ရွိေနခဲ့ၾကေပသည္။ ယင္းတို႕သည္ အတိတ္သမိုင္းကို ေဖာ္ညႊန္းေနၾကသကဲ့သို႔ စိတ္ပါ၀င္စားသူမ်ား သြားေရာက္ ေလ့လာႏိုင္သည့္ စြန္႔ပစ္ခံၿမိဳ႕မ်ားအျဖစ္ ထင္ရွွားစြာ တည္ရွိေနၾကေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၈ ခုႏွစ္ မတ္လထုတ္ သုတစြယ္စုံမဂၢဇင္းမွ


ကမ္ဘာတလွှားက ထင်ပေါ်ကျော်ကြား အထီးကျန် တစ္ဆေမြို့များ (unicode)

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

ကြွယ်၀ ချမ်းသာမှုသည် ထာဝရ တည်မြဲနေခြင်းမရှိဟု ဆိုကြသည်။ တချိန်က ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီ၊သတ္ထုစသည့် သယံဇာတ များထုတ်လုပ်ခဲ့သည့် စက်မှုလုပ်ငန်းများ ထွန်းကားခဲ့သော မြို့အချို့သည် ယခုအခါတွင် အထီးကျန်စွာ တည်ရှိနေကြ ကာ လာရောက်လည်ပတ်မည့် ဧည့်သည်များကို စောင့်စားနေကြရပေသည်။ ယင်းမြို့များရှိ တစ်ချိန်က အိုးအိမ်များနှင့် စက်မှုလုပ်ငန်း များ သည် မျက်တွင်း ဟောက်ပက်ဖြစ်နေသည့် ဦးခေါင်းခွံများသဖွယ် တည်ရှိနေကြပေသည်။

စွန့်ပယ်ခံမြို့များတွင် စူးစမ်းရှာဖွေ လိုသူများအတွက် တစ်စုံတစ်ခုသော အရာများရှိနေသည်။ မြို့များ၏ အတိတ်သမိုင်း များသည် ဖော်ထုတ်သူကို စောင့်မျှော်နေကြကာ စွန့်စားလိုကြသူများကိုလည်း မျှော်လင့်နေကြသည်။ ထို့ကြောင့် လည်း ယင်းအထီးကျန် မြို့ရွာများသည် ခရီးသွားများ သွားရောက်လည်ပတ်လိုသည့် နေရာများဖြစ်လာခဲ့ကြပေသည်။

၁၀။ ကော်လ်မန်စ်ကော့ပ် Kolmanskop, Namibia

နမ်မီးဘီးယားနိုင်ငံရှိ ကော်လ်မန်စ်ကော့ပ်မြို့သည် တစ်ချိန်က စိန်တူးဖော်ရေး လုပ်ငန်း အကြီးအကျယ် ထွန်းကားခဲ့သည့် မြို့ဖြစ်သည်။ ထိုစဉ်က ဂျာမနီ မိသားစု ရာပေါင်းများစွာသည် ကော်လ်မန်စ်ကော့ပ် သို့ အစုလိုက်အပြုံလိုက်လာရောက်ကြ၍ သဲများ အပေါ်ယံတွင် နစ်မြုပ်နေသည့် စိန်များကိုရှာဖွေခဲ့ကြသည်။ ကော်လ်မန်စ်ကော့ပ် ကို မီးရထား လုပ်သားတစ်ဦးဖြစ်သူ Zacharias Lewala က ၁၉၀၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။သူသည် မီးရထားလမ်းတစ်ခုကို တူးရာမှ ရာပေါင်းများစွာသော လူများကို နမ်မီးဘီးယား ကန္တာရအတွင်းရှိ နေရာကွက်တစ်ခုကို ယင်းတို့၏ နေအိမ်များအဖြစ်သို့ အမြန်ရောက်ရှိလာစေခဲ့ကာ ဂျာမနီမြို့တစ်ခုအသွင် ဖြစ်ပေါ်စေခဲ့သည်။

ကော်လ်မန်စ်ကော့ပ်တွင် ပထမဆုံး တွေ့ရှိခဲ့သည့် စိန်ပွင့်တစ်ပွင့်သည် သေးငယ်သော လူမှုအသိုက်အဝန်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ တိုတောင်းသောကာလအတွင်း ယင်းနေရာ၌ ဆေးရုံတစ်ရုံအပါအဝင် အကရုံ၊ လျှပ်စစ်ဓာတ်အားပေးရုံ၊စာသင်ကျောင်း၊ ဘိုလိန်းကစားရုံ၊ ကဇာတ်ရုံနှင့် ကာစီနို ရုံတို့ ကို တည်ဆောက်ခဲ့ကြသည်။ ကော်လ်မန်စ်ကော့ပ်တွင် စိန်ထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ စစ်ပွဲများနှင့် အခြား အနှောင့်အယှက်များက ၁၉၅၄ ခုနှစ်တွင် စိန်ထုတ်လုပ်မှုကို ရပ်တန့်စေခဲ့သဖြင့် ဒေသတွင်နေထိုင်ကြသူများသည် ငွေကြေး ပိုမို ရရှိနိုင်မည့် နေရာများသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

ယခုအခါတွင် ကော်လ်မန်စ်ကော့ပ်တွင် စွန့်ပစ်ထားသည့် အဆောက်အအုံများစွာရှိနေကာ ခရီးသွားများကို ဆွဲဆောင်လျက် ရှိနေသည်။ကန္တာရအတွင်းတိုက်ခတ်ခဲ့သည့် သဲမုန်တိုင်းများကြောင့် အဆောက်အအုံဟောင်းများ၏ အခန်းများသည် သဲများပြည့်နေသည်။ ခွင့်ပြုချက်ရရှိသူများသာ ကော်လ်မန်စ်ကော့ပ် သို့သွားရောက်နိုင်ကြပြီး တစ္ဆေမြို့တော်အတွင်း စားသောက်ဆိုင် တစ်ခုနှင့် ပြတိုက်တစ်ခု တည်ဆောက်ထားသည်။

၉။ မြောက်ပိုင်း ညီအစ်ကိုကျွန်း North Brother Island, New York

မြောက်ပိုင်း ညီအစ်ကိုသည် နယူးယောက်၊ Bronx နယ်မြေ အပြင်ဘက်ရှိ အိစ်မြစ်အတွင်းမှ ၂၀ ဧကကျယ်ဝန်းသော ကျွန်းတစ်ခုဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် ကျွန်းပေါ်တွင် အူရောင်ငန်းဖျား၊ ကျောက်၊ အဆုပ်၊ အသားဝါ စသည့် ကူးစက်ရောဂါများကို ခံစားနေရသူများကို ကုသပေးနိုင်မည့် မြစ်ကမ်းဆေးရုံတည်ဆောက်ရန် ကျွန်းကိုဝယ်ယူခဲ့သည်။ ထို့ကြောင့် ယင်းနေရာသည် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများကို သယ်ဆောင်သည့် Typhoid Mary ၏ နေရာဟု ထင်ရှားခဲ့သည်။

ယင်းအမျိုးသမီးကို ကျွန်းပေါ်တွင် ကူးစက်ရောဂါများ မကူးစက်စေရန် ၁၉၃၈ ခုနှစ်တွင် အဆုပ်အအေးမိရောဂါဖြင့် ကွယ်လွန်ချိန် အထိ သီးသန့်ထားရှိခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ကျွန်းအနီး၌ ရေနွေးငွေ့စွမ်းအင်သုံး သင်္ဘောတစ်စီးမီးလောင်ကျွမ်းခဲ့သဖြင့် လူပေါင်း ၁၀၀၀ ကျော် သေ ဆုံး ခဲ့သည်။ကျွန်းဆေးရုံကို ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ဘေးသင့်သူများကို ကုသရန် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ဘိန်းဖြူစွဲနေသည့် လူနာများကို ကုသခဲ့သည်။ စရိတ်စက မြင့်မားမှုနှင့် အလွဲသုံးစားပြုလုပ်မှုများကြောင့် ဆေးရုံကို ၁၉၆၃ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကာ ကျွန်းပေါ်တွင် နေ ထိုင်ခဲ့ကြသူအားလုံးသည် ကျွန်းကို စွန့်ခွာခဲ့ကြသည်။

ထိုအချိန်မှစ၍ မြောက်ပိုင်း ညီအစ်ကိုကျွန်းသည် အထီးကျန်စွာ တည်ရှိ နေ ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် နယူးယောက်မြို့တော် ပန်းဥယျာဉ်များဌာန၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကာ ကန့်သတ်နယ်မြေ တစ်ခု ဖြစ်လာခဲ့သည်။ မြို့တော်ကောင်စီဝင်များက ကျွန်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ကာ ခရီးသွားကန့်သတ်မှု များ ပြုလုပ်ခဲ့သည်။ ခရီးသွားများကို သမိုင်းအတွေ့အကြုံများရရှိစေရန် ဆောင်ရွက်ပေးသည့်တိုင် ကျွန်းပေါ်ရှိ အဆောက်အအုံများ သည် ပြိုလဲနေကြကာ လမ်းများတွင် ချုံနွယ်များပေါက်ရောက်နေကြသည်။ ထို့ကြောင့် ခရီးသွားများက မြောက်ပိုင်း ညီအစ်ကိုကျွန်း သို့လာရခြင်း သည် လုံခြုံမှုမရှိဟု ယူဆခဲ့ကြသည်။

၈။ ဘိုဒီ Bodie, California

အမေရိကန်နိုင်ငံ၏ အထင်ရှားဆုံး တစ္ဆေမြို့သည် ကာလီဖိုနီးယားပြည်နယ်ရှိ ဘိုဒီဖြစ်ကြောင်း ပြောလေ့ရှိ ကြသည်။ ဘိုဒီသည် တစ်ချိန်သောကာလက ရွှေသတ္ထုမိုင်းတွင်း တည်ရှိခဲ့ကာ နေထိုင်သူ တစ်သောင်းခန့်ရှိသည့်မြို့ဖြစ်ခဲ့သည်။ မြို့အမည်ကို မိုနိုရေအိုင် အနီးရှိ တောင်တန်းများမှ ရွှေတိုရွှေစများရှာဖွေတွေ့ရှိခဲ့သူ ဝီလီယမ်ဘိုဒီ၏ အမည်ကို ယူကာမှည့်ခေါ်ခဲ့သည်။

ဘိုဒီက ရွှေစများတွေ့ရှိပြီးနောက်ပိုင်းတွင် လူအများသည် ယင်းနေရာသို့ စုရုံးရောက်ရှိလာခဲ့ရာ ၁၈၀၀ ပြည့်နှစ်တွင် အစည်ကားဆုံး ဖြစ်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ဘိုဒီတွင် တရားဥပဒေ စိုးမိုးမှုကင်းမဲ့ခဲ့ကာ လူသတ်မှုများ၊ အနုကြမ်းစီးမှုများ၊ လုယက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ယင်းအခြေအနေများကြောင့် ဘိုဒီဒေသ၏ စည်ပင်၀ပြောမှုသည် ၁၈၈၂ ခုနှစ်မှစတင်လျော့ပါးလာခဲ့ကာ နေထိုင်သူ လူဦးရေက သိသိသာသာကျဆင်းသွားခဲ့သည်။

၁၈၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုက ဒေသစီးပွားရေး လုပ်ငန်းအများစုကို ပျက်စီးစေခဲ့ကာလူအများသည် ဘိုဒီ ကို စွန့်ခွာခဲ့ကြသည်။ နောင်နှစ် ၄၀ အကြာတွင် ထပ်မံဖြစ်ပွားခဲ့သည့် မီးလောင်မှုသည် ကျန်ရှိသည့် အဆောက်အအုံ ၉၅ ရာခိုင် နှုန်းကို လောင်ကျွမ်းခဲ့သည်။ ဘိုဒီသည် ၁၉၄၀ ပြည့်နှစ်များမှစ၍ တစ္ဆေမြို့တစ်မြို့ဖြစ်လာခဲ့ကာ၁၉၆၂ ခုနှစ်တွင် ပြည်နယ် သမိုင်းဝင်ဥယျာဉ်နှင့် ကာလီဖိုးနီးယားပြည်နယ်၏ သမိုင်းဝင်နေရာတစ်ခုဖြစ်လာခဲ့သည်။ ဘိုဒီသည် အစိတ်အပိုင်း အနည်းငယ်မျှသာ ကျန်ရှိနေပြီး လာရောက်လည်ပတ်မည့် ခရီးသွားများကို ကြိုဆိုလျက်ရှိနေသည်။

၇။ ကင်နီကော့ Kennecott, Alaska

အလက်စကာပြည်နယ်ရှိ ကင်နီဗကာ့သည် တစ်ချိန်က ကြေးနီသတ္ထုတွင်းများ ရှိခဲ့သော်လည်း ယခုအခါတွင် စွန့်ပစ်ခံ တစ္ဆေမြို့တစ်မြို့အဖြစ် တည်ရှိနေသည်။ ကင်နီကော့ကြေးနီ ကော်ပိုရေးရှင်းသည် ကြေးနီကို တောင်တန်းများမှ ထုတ်ယူ၍ အခြား တစ်ဘက်တွင် သန့်စင်ခဲ့ကာအမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသည့် ကြေးနီများကို ၁၉၁၁ ခုနှစ်မှ ၁၉၃၈ အကြား ထုတ်လုပ်နိုင်ခဲ့သည်။

ကြေးနီ လုပ်ငန်း ထွန်းကားခဲ့ချိန်တွင် ကင်နီကော့၌ အလုပ်လုပ်သူ ၆၀၀ ခန့်ရှိခဲ့ကာ ဆေးရုံ၊ စတိုးဆိုင်၊ စာသင်ကျောင်း၊ စကိတ်ကွင်း၊ တင်းနစ်ကွင်းနှင့် မွေးမြူရေးခြံတို့ရှိခဲ့ပြီး စဉ်ဆက်မပြတ် တိုးတက်မှုရှိခဲ့သည်။ သို့သော် ၁၉၂၀ ပြည့်နှစ်တွင် ကြေးနီ ထုတ်ယူနိုင်မှုကျဆင်းခဲ့ကာ ကုန်ကျစရိတ်များတိုးတက်လာပြီး အမြတ်အစွန်း လျော့ကျလာခဲ့သဖြင့် ၁၉၃၈ ခုနှစ်တွင် ကြေးနီ လုပ်ငန်းကို ပိတ်သိမ်းခဲ့သည်။

ယခုအခါတွင် ကင်နီကော့ သည် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်တစ်ခုအဖြစ် ရပ်တည်နေသည်။ မြို့အတွင်းလမ်း လျှောက်နိုင်သည့် ခရီးစဉ်က ကင်နီကော့ သို့ လာရောက်လည်ပတ်ကြသူများ ကို ဆွဲဆောင်လျက်ရှိနေသည်။ သို့သော် အနီရောင် စက်ရုံအဆောက်အုံဟောင်းကြီးကို တွေ့ရှိရန် လမ်းညွှန်ကိုခေါ်၍ သွားရောက်ကြရသည်။

၆။ ဂလန်ရီယို Glenrio, New Mexico/Texas

အမေရိကန်နိုင်ငံ တက္ကတက်စ်ပြည်နယ်နှင့် မက္ကဆီကို နိုင်ငံနယ်စပ်တွင် တစ္ဆေမြို့တစ်မြို့ဖြစ်သည့် ဂလန်ရီယို တည်ရှိသည်။ ဂလန်ရီယိုသည် တစ်ချိန်က အမှတ် ၆၆ အဝေးပြေး လမ်းမ၏ ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိခဲ့ကာ ခရီးသွား ကားများ ညစာစားရန် တစ်ထောက်နား နေနိုင်သည့် အရက်ဆိုင်များ၊ မိုတယ်များ၊ ကပွဲဆောင်များ၊ ကားဓာတ်ငွေ့ဆိုင်များ ရှိခဲ့သည်။ ခရီးသွားများဖြင့် စည်ကားခဲ့သည့် မီးရထားလမ်းမြို့တစ်မြို့ဖြစ်သည့် ဂလန်ရီယိုသည် အသစ်ဖောက်လုပ်ခဲ့သည့်အဝေးပြေးလမ်းကို သုံးစွဲမှု များလာချိန်တွင် တစ်ဖြည်းဖြည်း ခြောက်သွေ့လာခဲ့သည်။

၁၉၃၀ ပြည့်နှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ စည်ပင်ခဲ့သည့် ဂလန်ရီယို သည် ၁၉၇၅ ခုနှစ်တွင် လုံး၀ခေါင်သီသွားခဲ့သည်။ အသစ်ဖောက်လုပ်ခဲ့သည့် ပြည်နယ်ဖြတ်လမ်း အမှတ် ၄ဝသည် ဂလန်ရီယို ကို ရှောင်ကွင်းသွားခဲ့သဖြင့် ဂလန်ရီယို သည် လူအသွားအလာမရှိတော့ဘဲ စွန့်ပစ်ခံမြို့တစ်မြို့ဖြစ်လာခဲ့သည်။ ဂလန်ရီယို၏ အဆောက်အအုံအများစုသည် စွန့်ပစ်ထားခြင်းခံရကာ အချို့သည် ပြိုကျနေပြီဖြစ်သည်။ သို့သော် ဂလန်ရီယိုသည် အမျိုးသား သမိုင်းဝင်နေရာများ မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းထား ခြင်းခံရသည်။

၅။ အော်ရာဒို ဆာဂလန်း Oradour-Sur-Glane, France

ပြင်သစ်မြေပေါ်တွင် နာဇီတို့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် နေရာသည် အော်ရာဒို ဆာဂလန်းဖြစ်သည်။နာဇီတို့သည် ၁၉၄၄ ခုနှစ်တွင် အော်ရာဒို ဆာဂလန်း၌ ကလေး ၂၀၅ ဦးအပါအဝင် လူ ၆၂၄ ဦးကို သေနတ် ဖြင့် ပစ်ခြင်း (သို့) အရှင်လတ်လတ် မီးရှို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ပြီးနောက် မြို့ကို ဖျက်ဆီးခဲ့ရာ လူအနည်း ငယ်မျှသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ အော်ရာဒို ဆာဂလန်းကို ပြန်လည်တည်ဆောက်ခဲ့ခြင်းမပြုခဲ့ဘဲ ကြောက်မက်ဖွယ်နေ့က အနေအထားအတိုင်း ထားရှိခဲ့ကြသည်။

ပြင်သစ်နိုင်ငံအစိုးရက အော်ရာဒို ဆာဂလန်းအပါအဝင် စွန့်ပစ်မြို့များကို ထိန်းသိမ်းရန် နှစ်စဉ် ရံပုံငွေ ချထားပေးလျက် ရှိသည်။ အော်ရာဒို ဆာဂလန်းအပျက်အစီးများကို သမိုင်းဝင် အဆောက်အအုံများအဖြစ် သတ်မှတ်ထားကာ နှစ်စဉ် လာရောက် ကြည့်ရှုသူ သုံးသိန်းကျော်ရှိသည်။ အော်ရာဒို ဆာဂလန်းတွင် ပြတိုက်တစ်ခုဖွင့်လှစ်ထားပြီး စာရွက်စာတမ်းများ၊သက်သေခံချက် များ၊ ကြောက်မက်ဖွယ် ဖြစ်ရပ်ဆိုးကို ပြန်ပြောခဲ့မှုများကို ပြသထားသည်။

၄။ ရူဘီ Ruby, Arizona

အာရီဇိုးနား ပြည်နယ်ရှိ ရူဘီမြို့သည်မက္ကဆီကို နယ်စပ်မှ လေးမိုင်ကွားဝေးကာ Tucson မြို့၏ အနောက်တောင်ဘက် မိုင် ၅၀ အကွာတွင် တည်ရှိသည်။ ကော်ရိုနာဒို အမျိုးသား သစ်တောဥယျာဉ်၊ တောင်တန်းများနှင့် ကန္တာရတို့ ပတ်ရံလျက်ရှိနေသည့် တစ္ဆေမြို့သည် တစ်ချိန်က အာရီဇိုးနီးယားပြည်နယ် အနောက်တောင်ပိုင်း သတ္ထုတွင်း စခန်းအဖြစ် တည်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ် အစောပိုင်းတွင် ရွှေ၊ငွေ၊ သွပ်နှင့် ကြေးနီများကို ရူဘီတွင် ထုတ်လုပ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် လူဦးရေ ၁၂၀၀ အထိ ရှိခဲ့ သည်။ ထိုအချိန်တွင် ရူဘီ၌ စာသင်ကျောင်းတစ်ခု၊ စာပို့တိုက်၊ ကုန်စုံဆိုင် တို့ကို ဖွင့်လှစ်ခဲ့သည်။

သို့သော် ၁၉၄၀ ပြည့်နှစ်တွင် သတ္ထုတွင်းကို ပိတ်ခဲ့ပြီးနောကိ် ရူဘီသည် အလျင်အမြန် ခြောက်သွေ့ခဲ့ကာ စွန့်ပစ်ခံမြို့တစ်မြို့အဖြစ်သို့ ကူးပြောင်းခဲ့သည်။ ရူဘီသို့ သွားရောက်ခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့ပြီး ယခုအခါတွင်ခရီးသွားများအား လာရောက်ခွင့်ပြုခဲ့သည်။ မြို့ဟောင်းအတွင်း များစွာသော သတ္ထုသယ် လမ်းကြောင်းများကျန်ရှိနေသည်။ ထို့အတူ မြို့တွင်းရှိ ရေအိုင်ကြီးများတွင် ငါးမျှားနိုင်ကြကာ တစ်နေ့တာ အပျော်ခရီး နားနေစခန်းများ ပြုလုပ်ထားပေသည်။

၃။ တိုင်ဟမ် Tyneham, England

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက တိုင်ဟမ်သည် ကျေးရွာငယ်တစ်ရွာဖြစ်ခဲ့ကာ ရွာနေသူများသည် လယ်ယာစိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်းတို့ဖြင့် အသက်မွေးခဲ့ကြသည်။ သို့သော် ၁၉၄၃ ခုနှစ်တွင် တိုင်ဟမ်ကို သေနတ်ပစ်စက်ကွင်းအဖြစ်အသုံးပြုရန် ရွာတွင် နေထိုင်သူများအားလုံးကို ရွာမှ ထွက်ခွာစေခဲ့သည်။ ရွာသားများကို လုံး၀ ပြန်လာခွင့်မပြုဘဲ ကာကွယ်ရေး ဝန်ကြီးဌာနက တိုင်ဟမ်၏ တောင်ကြားဒေသ ကို စက်ပစ်ကွင်းအဖြစ် ယခုတိုင် အသုံးပြုလျက်ရှိသည်။

၁၉၆၈ ခုနှစ်တွင် တိုင်ဟမ်ကို သံဆူးကြိုးများဖြင့် ကာရံခဲ့သည်။ သို့သော် ကမ်းခြေသို့သွားသည့် လမ်းကို ရုံးပိတ်ရက်များ တွင် ပြည်သူများအား အသုံးပြုခွင့်ပေးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် စာသင်ခန်းဟောင်းများကို ပြင်ဆင်မွမ်းမံပြီး ပြန်လည်ဖွင့်လှစ်ခဲ့ ကာ ၂၀၀၈ ခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးခြံကို ဖွင့်လှစ်ခဲ့သည်။ သို့သော် တိုင်ဟမ်တွင် ကုန်သွယ်မှု လုပ်ငန်းများကို ခွင့်မပြုဘဲ ခရီးသွား များဝယ်ယူရန် လက်ဆောင်ပစ္စည်းဆိုင်တစ်ဆိုင်ပင် မရှိချေ။

၂။ ခရာကို Craco, Italy

အီတလီနိုင်ငံရှိ ခရာကိုသည် တောင်စောင်းတွင်တည်ထားသည့် အလွန်လှပသော မြို့ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် စွန့်ပစ်ခံ ထားရသည့် မြို့ဖြစ်သည်။အီတလီနိုင်ငံတောင်ပိုင်း၊ တောပိုင်းဒေသ တွင်တည်ထားခဲ့သည့် ဥရောပ အလယ်ခေတ် ကျေးရွာ ဟောင်း သည် လှပသော ရှုခင်းများနှင့် တိုက်ခိုက်လာနိုင်မည့် ရန်စွယ်သတိပေးမှုများကို မြင်တွေ့ရပေသည်။

ခရာကိုသည် တစ်ချိန်က လူဦးရေများစွာ တိုးတက်ခဲ့သည့်မြို့ဖြစ်ခဲ့သော်လည်း ၁၆၅၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပလိပ် ရောဂါ ကြောင့် ရာပေါင်းများစွာသော မြို့နေသူများသေဆုံးခဲ့ကြရသည်။ ၁၈၉၂ ခုနှစ်နှင့် ၁၉၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆိုးရွား ပြင်းထန်သော ငတ်မွတ်မှုဘေးဒဏ်ကြောင့် ဒေသနေသူ အများအပြားသည် မြောက်အမေရိကသို့ ရွှေ့ပြောင်းထွက်ခွာခဲ့ကြ သည်။

တောင်စောင်းတွင် တည်ခဲ့သဖြင့် ခရာကိုသည် တောင်ပြိုမှုဒဏ်ကိုလည်း ကာလကြာရှည်စွာ ခံစားခဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် ခရာကို မြို့သား ၁၈၀၀ကျော်သည် မြို့ကို စွန့်ခွာခဲ့ကြသည့် နောက်ပိုင်တွင် ရှေးမြို့ဟောင်းသည် အစွန့်ခံ မြို့အဖြစ်ကျန်ရှိနေခဲ့သည်။ ခရာကို မြို့မြင်ကွင်းကို The Passion of the Christ ၊ Quantum of Solace နှင့် Saving Grace ရုပ်ရှင်ဇာတ်ကား များတွင် မြင်တွေ့ကြရပေသည်။

၁။ ပိုင်ယာမီဒန် Pyramiden, Norway

ဆွီဒင်လူမျိုးများ တည်ထောင်ခဲ့သည့် ပိုင်ယာမီဒန်ကို ၁၉၂၇ ခုနှစ်တွင် ဆိုဗီယက်ယူနီယမ်သို့ ရောင်းချခဲ့သည်။ ဆိုဗီယက်တို့သည် ကျောက်မီးသွေးရှာဖွေရန် လူနေအိမ်များကို ဖောက်ခွဲခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။ များမကြာမီ ယင်းနေရာ သည် စွန့်ပစ်ထားသည့် နေရာဖြစ်ခဲ့ပြီး ယခုအချိန်တွင် သဘာ၀တောရိုင်းမြေတစ်ခုအဖြစ်တည်ရှိနေကာ ပင်လယ်ပျော်ငှက် များ၊ ဖျံများ၊ ပိုလာဝက်ဝံများကျက်စားသည့် နေရာတစ်ခုအဖြစ် တည်ရှိနေသည်။

ပိုင်ယာမီဒန် မြို့ဟောင်းရာသည် ယခုတိုင်ကျန်ရှိနေကာ စက်မှုလုပ်ငန်း အကြွင်းအကျန်များက တစ္ဆေမြို့ကို ပြသရန် တည်ရှိနေသည်။ ရုပ်သံ ဇာတ်လမ်းတွဲ Life After People တွင် ပိုင်ယာမီဒန်သည် ပြင်းထန်သော အာတိတ်ရာသီဥတုအောက်တွင် ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ အနည်းဆုံး နှစ် ၅၀၀ ကျော် တည်တံ့ခဲ့သည်ဟု ဆိုသည်။ ခရီးသွားများသည် ပိုင်ယာမီဒန်သို့ သင်္ဘောဖြင့်သာ လာရောက်နိုင်ကြပြီး သေနတ်ကိုင်ထားသည့် ဧည့်လမ်းညွှန်နှင့် အတူ လိုက်ပါကြရသည်။ ဧည့်လမ်းညွှန်များသည် မြို့တွင်းလေ့လာကြည့်ရှုစဉ် ဝက်ဝံများ၏ တိုက်ခိုက်မှု အန္တရာယ်ရှိသဖြင့် တိုက်ခိုက်လာသည့် ဝက်ဝံကို ပစ်ခတ်နိုင်ရန် သေနတ်ကိုအသင့် ကိုင်ဆောင်ထားရခြင်းဖြစ်သည်။

နွေရာသီကာလတွင် လာရောက်လည်ပတ်သူများ အတွက် ဟိုတယ်နှင့် ပြတိုက် တစ်ခု ကို ဖွင့်လှစ်ထားသည်။ တစ်ချိန်သော ကာလများ နေထိုင်သူများဖြင့် စည်ပင်ခဲ့သည့် မြို့ရွာများသည် နေထိုင်သူတို့ မရှိတော့ချိန်တွင် တစ္ဆေမြို့များအဖြစ်ကျန်ရှိနေခဲ့ကြပေသည်။ ယင်းတို့သည် အတိတ်သမိုင်းကို ဖော်ညွှန်းနေကြသကဲ့သို့ စိတ်ပါဝင်စားသူများ သွားရောက် လေ့လာနိုင်သည့် စွန့်ပစ်ခံမြို့များအဖြစ် ထင်ရှားစွာ တည်ရှိနေကြပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် မတ်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply