ေဒၚလာ သန္း ၂၀ အကုန္အက်ခံၿပီး သန္း ၆၈၀ အျမတ္ရသြားတဲ့ စင္ကာပူရဲ႕အႀကံပုိင္မႈ

Posted on

ၿပီးခဲ့တဲ့ရက္က စင္ကာပူမွာ လုပ္သြားတဲ့ ကမာၻေက်ာ္ျဖစ္ရပ္တစ္ခုကို အားလုံးသိလုိက္ၾကမွာပါ။ အေမရိကန္ သမၼတ နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္တုိ႔ ပထမဆုံး ေတြ႔ဆုံေဆြးေႏြးတဲ့ အခမ္းအနားပါ။ ဒီပြဲကုိ စင္ကာပူႏုိင္ငံ စင္တုိဆာ ကြ်န္းေပၚက ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ Capella ဟုိတယ္မွာ ျပဳလုပ္ခဲ့တာပါ။ ကမာၻ႔ေခါင္းေဆာင္ႏွစ္ေယာက္ ေတြ႔ဆုံၾကတဲ့ ဒီပြဲအတြက္ စင္ကာပူဟာ ျပင္ဆင္မႈမ်ားကို ျပဳလုပ္ခဲ့ရပါတယ္။

သမုိင္း၀င္ေတြ႔ဆုံပြဲျဖစ္ၿပီး အေမရိကန္ေရာ ေျမာက္ကုိရီးယားကေရာ စင္ကာပူႏုိင္ငံကုိသာ ေရြးခ်ယ္ခဲ့တဲ့အတြက္ မျငင္းသာပဲက်င္းပ ေပးခဲ့ရတာျဖစ္ပါတယ္။ ဒီပြဲ က်င္းပတဲ့ရက္ေတြမွာ စစ္ေဆးခံရမႈေတြ ၊ ၾကန္႔ၾကာမႈေတြ ၊ အခက္အခဲေတြ ျဖစ္ခဲ့ရင္ သည္းခံေပးဖုိ႔ စင္ကာပူ ၀န္ႀကီးခ်ဳပ္ကုိယ္တုိင္က ျပည္သူေတြကုိေတာင္းပန္ေျပာၾကားခဲ့ပါတယ္။ စင္ကာပူဟာ ဒီေဆြးေႏြးပြဲကုိ လက္ခံက်င္းပဖုိ႔အတြက္ ျပင္ဆင္မႈအေျမာက္အမ်ားလုပ္ခဲ့ရတဲ့အျပင္ စုစုေပါင္း ကုန္က်စရိတ္ ေဒၚလာ သန္း ၂၀ ခန္႔ ကုန္က်ခဲ့ပါတယ္။

ကြ်န္ေတာ္တုိ႔ သာမန္လူေတြ အျမင္မွာေတာ့ စင္ကာပူဟာ ဒီပြဲလက္ခံက်င္းပရတဲ့အတြက္ ေတာ္ေတာ္အကုန္အက်ခံခဲ့ရၿပီး လုပ္ၿခဳံေရးျပင္ဆင္မႈေတြလုပ္ခဲ့ရတဲ့အတြက္ ခက္ခဲခဲ့တယ္လုိ႔ျမင္ၾကမွာပါ။ ဒါေပမယ့္ တကယ္တန္းေတာ့ ဒီလုိမဟုတ္ပါဘူး။ စင္ကာပူဟာ ဒီပြဲအတြက္ ေဒၚလာ သန္း ၂၀ ကုန္က်ခဲ့ေပမယ့္ သူတုိ႔ျပန္ရခဲ့တာက ေဒၚလာ သန္း ၇၀၀ပါ။ ဒီရက္ပုိင္းအတြင္းမွာ သန္း ၆၈၀ အျမတ္ထြက္သြားတယ္လုိ႔ ဆုိရမွာပါ။ သတင္းယူခြင့္ ၊ ထုတ္လႊင့္ခြင့္ေတြ ၊ ဒီပြဲအတြက္ အလည္လာတဲ့ခရီးသြားေတြ ၊ ေထာင္ခ်ီတဲ့သတင္းေထာက္ေတြ နဲ႔ မီဒီယာေတြဆီက ရရွိခဲ့တာပဲျဖစ္ပါတယ္။

ဒီထက္ပုိတာကေတာ့ အစကတည္းက နာမည္ရွိၿပီးသား စင္ကာပူဟာ ပုိၿပီးနာမည္ႀကီးသြားတာပဲျဖစ္ပါတယ္။ ေတြ႔ဆုံပြဲလုပ္ခဲ့တဲ့ Capella ဟုိတယ္အေၾကာင္းကုိ အြန္လုိင္းေပၚမွာေရးခဲ့တာ ေဆာင္းပါးေပါင္း ၂ေသာင္းေက်ာ္ပါတဲ့။ ဒါအျပင္ ေခါင္းေဆာင္ႏွစ္ေယာက္တည္းခဲ့တဲ့ Shangri-La နဲ႔ St Regis ဟုိတယ္ေတြအေၾကာင္း ေရးတဲ့သူကလည္း မနည္းမေနာပါတဲ့။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကမ္သြားေရာက္လည္ခဲ့တဲ့ Marina Bay Sands နဲ႔ Gardens by the Bay ေတြအေၾကာင္းကိုလည္း လူေတြသိသြားၾကပါတယ္။ အခုဆုိရင္ စင္ကာပူကဘယ္ေနရာမွာလဲ ဆုိတဲ့ေမးခြန္းဟာ ဂုိဂဲမွာ အေမးအမ်ားဆုံး ေမးခြန္းတစ္ခုျဖစ္လာတာေၾကာင့္ စင္ကာပူကုိ ခရီးသြားေတြ မနည္းမေနာ ထပ္လာၾကဦးမွာျဖစ္ၿပီး ႏုိင္ငံအတြက္အျမတ္ေငြအမ်ားႀကီးထပ္ရဦးမွာျဖစ္ပါတယ္။

သမုိင္း၀င္ေတြ႔ဆုံပြဲဟာ အေမရိကန္ နဲ႔ ေျမာက္ကိုရီးယားအျပင္ တကမာၻလုံးအတြက္ အက်ဳိးရွိတဲ့ေတြ႔ဆုံပဲြျဖစ္ေပမယ့္ ဒီပြဲမွာ တကယ္တမ္းအမ်ားဆုံး အျမတ္ထြက္သြားသူက စင္ကာပူပဲျဖစ္ပါတယ္။ ဒီပြဲနဲ႔ အတူ စင္ကာပူရဲ႕ ပုံရိပ္ေတြကို အလုိလုိေႀကာ္ျငာၿပီးသား ျဖစ္သြားေစပါတယ္။ ဒီပြဲက်င္းပစဥ္အတြင္း အဆင္မေျပမႈေတြေၾကာင့္ ၿငဳိျငင္ခဲ့ၾကတဲ့ စင္ကာပူႏုိင္ငံသားေတြလည္း အခုဆုိရင္ စင္ကာပူေခါင္းေဆာင္ေတြရဲ႕ အကြက္ျမင္မႈကို ေလးစားေနရပါၿပီ။ ဒီလုိထက္ျမက္တဲ့ေခါင္းေဆာင္ေတြရဲ႕ စီမံခန္႔ခြဲမႈေတြေၾကာင့္လည္း စင္ကာပူဟာ စတုရန္းမုိင္ ၂၇၈မုိင္သာ က်ယ္တဲ့ႏုိင္ငံေလးျဖစ္ေပမယ့္ ကမာၻ႔ထိပ္တန္းႏုိင္ငံႏုိင္ငံတစ္ခုအျဖစ္ အင္အားႀကီးႏုိင္ငံေတြနဲ႔အတူ ရပ္တည္ေနႏုိင္တာ ျဖစ္ပါတယ္။


ဒေါ်လာ သန်း ၂၀ အကုန်အကျခံပြီး သန်း ၆၈၀ အမြတ်ရသွားတဲ့ စင်ကာပူရဲ့အကြံပိုင်မှု (unicode)

ပြီးခဲ့တဲ့ရက်က စင်ကာပူမှာ လုပ်သွားတဲ့ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုကို အားလုံးသိလိုက်ကြမှာပါ။ အမေရိကန် သမ္မတ နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံး တွေ့ဆုံဆွေးနွေးတဲ့ အခမ်းအနားပါ။ ဒီပွဲကို စင်ကာပူနိုင်ငံ စင်တိုဆာ ကျွန်းပေါ်က ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Capella ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ ကမ္ဘာ့ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံကြတဲ့ ဒီပွဲအတွက် စင်ကာပူဟာ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ရပါတယ်။

သမိုင်းဝင်တွေ့ဆုံပွဲဖြစ်ပြီး အမေရိကန်ရော မြောက်ကိုရီးယားကရော စင်ကာပူနိုင်ငံကိုသာ ရွေးချယ်ခဲ့တဲ့အတွက် မငြင်းသာပဲကျင်းပ ပေးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲ ကျင်းပတဲ့ရက်တွေမှာ စစ်ဆေးခံရမှုတွေ ၊ ကြန့်ကြာမှုတွေ ၊ အခက်အခဲတွေ ဖြစ်ခဲ့ရင် သည်းခံပေးဖို့ စင်ကာပူ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူတွေကိုတောင်းပန်ပြောကြားခဲ့ပါတယ်။ စင်ကာပူဟာ ဒီဆွေးနွေးပွဲကို လက်ခံကျင်းပဖို့အတွက် ပြင်ဆင်မှုအမြောက်အများလုပ်ခဲ့ရတဲ့အပြင် စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀ ခန့် ကုန်ကျခဲ့ပါတယ်။

ကျွန်တော်တို့ သာမန်လူတွေ အမြင်မှာတော့ စင်ကာပူဟာ ဒီပွဲလက်ခံကျင်းပရတဲ့အတွက် တော်တော်အကုန်အကျခံခဲ့ရပြီး လုပ်ခြုံရေးပြင်ဆင်မှုတွေလုပ်ခဲ့ရတဲ့အတွက် ခက်ခဲခဲ့တယ်လို့မြင်ကြမှာပါ။ ဒါပေမယ့် တကယ်တန်းတော့ ဒီလိုမဟုတ်ပါဘူး။ စင်ကာပူဟာ ဒီပွဲအတွက် ဒေါ်လာ သန်း ၂၀ ကုန်ကျခဲ့ပေမယ့် သူတို့ပြန်ရခဲ့တာက ဒေါ်လာ သန်း ၇၀ဝပါ။ ဒီရက်ပိုင်းအတွင်းမှာ သန်း ၆၈၀ အမြတ်ထွက်သွားတယ်လို့ ဆိုရမှာပါ။ သတင်းယူခွင့် ၊ ထုတ်လွှင့်ခွင့်တွေ ၊ ဒီပွဲအတွက် အလည်လာတဲ့ခရီးသွားတွေ ၊ ထောင်ချီတဲ့သတင်းထောက်တွေ နဲ့ မီဒီယာတွေဆီက ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီထက်ပိုတာကတော့ အစကတည်းက နာမည်ရှိပြီးသား စင်ကာပူဟာ ပိုပြီးနာမည်ကြီးသွားတာပဲဖြစ်ပါတယ်။ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ Capella ဟိုတယ်အကြောင်းကို အွန်လိုင်းပေါ်မှာရေးခဲ့တာ ဆောင်းပါးပေါင်း ၂သောင်းကျော်ပါတဲ့။ ဒါအပြင် ခေါင်းဆောင်နှစ်ယောက်တည်းခဲ့တဲ့ Shangri-La နဲ့ St Regis ဟိုတယ်တွေအကြောင်း ရေးတဲ့သူကလည်း မနည်းမနောပါတဲ့။

မြောက်ကိုရီးယားခေါင်းဆောင် ကမ်သွားရောက်လည်ခဲ့တဲ့ Marina Bay Sands နဲ့ Gardens by the Bay တွေအကြောင်းကိုလည်း လူတွေသိသွားကြပါတယ်။ အခုဆိုရင် စင်ကာပူကဘယ်နေရာမှာလဲ ဆိုတဲ့မေးခွန်းဟာ ဂိုဂဲမှာ အမေးအများဆုံး မေးခွန်းတစ်ခုဖြစ်လာတာကြောင့် စင်ကာပူကို ခရီးသွားတွေ မနည်းမနော ထပ်လာကြဦးမှာဖြစ်ပြီး နိုင်ငံအတွက်အမြတ်ငွေအများကြီးထပ်ရဦးမှာဖြစ်ပါတယ်။

သမိုင်းဝင်တွေ့ဆုံပွဲဟာ အမေရိကန် နဲ့ မြောက်ကိုရီးယားအပြင် တကမ္ဘာလုံးအတွက် အကျိုးရှိတဲ့တွေ့ဆုံပွဲဖြစ်ပေမယ့် ဒီပွဲမှာ တကယ်တမ်းအများဆုံး အမြတ်ထွက်သွားသူက စင်ကာပူပဲဖြစ်ပါတယ်။ ဒီပွဲနဲ့ အတူ စင်ကာပူရဲ့ ပုံရိပ်တွေကို အလိုလိုကြော်ငြာပြီးသား ဖြစ်သွားစေပါတယ်။ ဒီပွဲကျင်းပစဉ်အတွင်း အဆင်မပြေမှုတွေကြောင့် ငြိုငြင်ခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားတွေလည်း အခုဆိုရင် စင်ကာပူခေါင်းဆောင်တွေရဲ့ အကွက်မြင်မှုကို လေးစားနေရပါပြီ။ ဒီလိုထက်မြက်တဲ့ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း စင်ကာပူဟာ စတုရန်းမိုင် ၂၇၈မိုင်သာ ကျယ်တဲ့နိုင်ငံလေးဖြစ်ပေမယ့် ကမ္ဘာ့ထိပ်တန်းနိုင်ငံနိုင်ငံတစ်ခုအဖြစ် အင်အားကြီးနိုင်ငံတွေနဲ့အတူ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Leave a Reply