ပထမဆုံး ျမန္မာအမ်ဳိးသမီး ေရွ႕ေန (သုိ႔) ေဒၚဖြားမွီ

Posted on

ေဒၚဖြားမွီသည္ ရန္ကုန္ၿမိဳ႕ ေကာ္ပိုေရးရွင္းအခြန္ဝန္ ဦးထြန္းေသာ္ႏွင့္ ေဒၚသဲႏုတို႔၏ သားသမီး ငါးေယာက္အနက္ အႀကီးဆုံးျဖစ္၍ ၁၉၀၂ ခုႏွစ္တြင္ ဖြားျမင္ခဲ့သည္။ ငယ္စဥ္က စိန္ေမရီဒိုင္အိုႏွင့္ ရန္ကုန္ေကာလိပ္မွ အိုင္ေအေအာင္ခဲ့ၿပီး အဂၤလန္ႏိုင္ငံတြင္ ဥပေဒပညာ သင္ေနၾကေသာ ျမန္မာ ပညာေတာ္သင္ေတြမွာ အဂၤလန္တြင္ အေတာ္ရွိခဲ့သည္။ သို႔ေသာ္ ၁၉၂၃ ခုႏွစ္က ေရွ႕ေနအျဖစ္ ႐ုံးေတာ္မ်ား၌ လိုက္ပါ ေဆာင္႐ြက္ႏိုင္ရန္ သင္ၾကားေနေသာ ေယာက္်ားမ်ား ႏွင့္အတူ အဂၤလန္ျပည္သူ တစ္ဦးႏွစ္ဦးသာ ရွိေသးသည့္ အေျခအေန၌ ေဒၚဖြားမွီသည္ ကမၻာ့ အေရွ႕ပိုင္းေဒသ ျမန္မာျပည္မွ အမ်ိဳးသမီးတစ္ဦး အျဖစ္ ေပၚေပါက္လာသည့္အတြက္ တအံ့တၾသ စိတ္ဝင္စားခဲ့ၾကသည္။

ထိုေခတ္က ၿဗိတိသၽွ တရားလႊတ္ေတာ္ခ်ဳပ္ႏွင့္ ေအာက္႐ုံမ်ားတြင္ ဝတ္လုံေတာ္ရ ေရွ႕ေနအျဖစ္ႏွင့္ လိုက္ပါ ေဆာင္႐ြက္ႏိုင္ရန္ သင္ၾကားေပးသည့္ (Inns of Court) ေခၚ ေက်ာင္းႀကီးေလးေက်ာင္း ရွိသည့္အနက္ (Inner Temple) ေခၚ ေက်ာင္းတြင္ ေဒၚဖြားမွီသည္ တက္ေရာက္ သင္ၾကားၿပီး ၁၉၂၅ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ စာေမးပြဲ ေအာင္ျမင္ခဲ့သည္။ ထိုအခါက်မွ သတ္မွတ္ေပးထားေသာ ဝတ္လုံေတာ္အက်ႌ ကို အပ္ႏွံခံရၿပီး ဝတ္ဆင္ခြင့္ ရခဲ့ေလသည္။ တစ္ခ်ိန္တည္းမွာပင္ ၿဗိတိသၽွ တရားလႊတ္ေတာ္၌ ဝတ္လုံေတာ္ရ ေရွ႕ေနမ်ား စာရင္းတြင္ နာမည္ထည့္သြင္းခြင့္ ရရွိခဲ့သည္။ ဤကဲ့သို႔ ထူးထူးခၽြန္ခၽြန္ အေရွ႕တိုင္းသူတစ္ဦး ေအာင္ျမင္သည့္ အတြက္ ၿဗိတိသၽွ သတင္းစာမ်ားကလည္း အသားေပးၿပီး ခ်ီးက်ဴး ေဖာ္ျပခဲ့ၾကသည္။

ေဒၚဖြားမွီ ျမန္မာျပည္သို႔ ျပန္ေရာက္ လာေသာအခါ ရန္ကုန္လႊတ္ေတာ္ခ်ဳပ္၏ ဝတ္လုံေတာ္ရ ေရွ႕ေနအျဖစ္ႏွင့္ လိုက္ပါ ေဆာင္႐ြက္ႏိုင္ရန္ ခြင့္ေတာင္းခဲ့ရာ တရားဝန္ႀကီးခ်ဳပ္က ေလၽွာက္ထားသူမွာ ၿဗိတိသၽွ လႊတ္ေတာ္ခ်ဳပ္တြင္ပင္ အမႈလိုက္ႏိုင္ခြင့္ရသူ (Barister Law) ပထမ ျမန္မာအမ်ိဳးသမီး ျဖစ္သည္ဟု ေဖာ္ျပကာ ႀကိဳဆိုသည့္ အခမ္းအနားကို ႐ုံးခန္းအမွတ္ (၁) တြင္ တရားဝန္ႀကီးမ်ား၊ ေရွ႕ေနခ်ဳပ္ႀကီးမ်ားႏွင့္ ဥပေဒေလာကမွ ေရွ႕ေနႀကီးမ်ား ေရွ႕ေမွာက္၌ ဂုဏ္ျပဳခဲ့ေလသည္။ ထိုေန႔ကား ၂၆၊ ၁၊ ၂၇ ရက္ေန႔ပင္ ျဖစ္သည္။

ေဒၚဖြားမွီက ေက်းဇူးတင္စကား ျပန္လည္ ေျပာၾကားရာ၌ တရားဝန္ႀကီးခ်ဳပ္၏ ခ်ီးက်ဴး စကားမ်ားမွာ မိမိတစ္ဦးတည္း အဖို႔သာမက ျမန္မာအမ်ိဳူသမီး တစ္ရပ္လုံးကိုပါ ခ်ီးက်ဴးျခင္း ျဖစ္ပါသည္ဟု ထည့္သြင္း ေျပာဆိုခဲ့သည္။

ေဒၚဖြားမွီသည္ အမ်ိဳးသားမ်ားသာ က်က္စားေနေသာ တရား႐ုံးေတာ္ႀကီး၌ တစ္ဦးတည္းေသာ အမ်ိဳးသမီးျဖစ္ခဲ့၏ ။ မိန္းကေလး တစ္ေယာက္ တိုးလာ၍အေနက်ဳံ႕လိမ့္မည္ဟုလည္း ေစာေစာပိုင္းက အမ်ိဳးသားအခ်ိဳ႕က စိုးရိမ္ခဲ့ၾကသည္။ ရန္ကုန္ ေရွ႕ေနႀကီးမ်ား အသင္းသို႔ ဝင္ခြင့္ရ၍ အသင္းလူႀကီးမ်ား က လက္ခံရာ၌ နာယက အမ်ိဳးသမီး အပန္းေျဖ အေပါ့အပါးသြားႏိုင္ရန္ သီးသန္႔ ေပါင္ဒါခန္းေတာ့ ေဆာက္လုပ္ မေပးႏိုင္၍ ဝမ္းနည္းပါသည္ဟု ေထ့ေငါ့ ေျပာသည္ကိုပင္ ေဒၚဖြားမွီကား ေခါင္းငုံ႔၍ ခံလာခဲ့သည္။ သူ၏ ဗီဇာ မက်ယ္တတ္ေသာ၊ ေရာင့္ရဲလြယ္တတ္ေသာ ဝါသနာ ဗီဇအရ ယခုကဲ့သို႔ေသာ အဆင္မေျပမႈမ်ား အတြက္ကို ေခါင္း႐ႈပ္ခံ၍ ျပသာနာတက္ေသာသူ မဟုတ္သျဖင့္ သူ႕စိတ္သေဘာထားကို ေကာင္းစြာ သိလာၾကသည့္အခါ၌ ေဒၚဖြားမွီကို အမ်ိဳးသမီးဟူ၍ မခြဲျခားေတာ့ဘဲ ရင္းႏွီးစြာ ဆက္ဆံလာခဲ့ၾကေလသည္။

ဟိုက္ကုတ္တြင္ သာမက အျခား ေအာက္႐ုံးမ်ား၌လည္း အမႈလိုက္ခဲ့ရာ တစ္ခါက သာယာဝတီ တရား႐ုံးသို႔ အမႈလိုက္သြားစဥ္ သူ႕ကို လာၾကည့္ၾကေသာ ပရိတ္သတ္ႀကီးမွာ မ်ားလြန္း၍ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားေလသည္။ ထို႔အတြက္ ခက္ထန္ေသာ ၿဗိတိသၽွ တရားသူႀကီးက ႐ုံးေတာ္ကို မ႐ိုမေသမႈျဖင့္ လူတစ္ေယာက္အား ဒဏ္ေငြ ၅၀ိ-/ တပ္လိုက္သည္။ ေဒၚဖြားမွီမွာ မ်ားစြာ အားလည္းနာ၊ က႐ုဏာလည္း သက္၍ ထိုေငြကို မိမိက စိုက္ၿပီး ေဆာင္မည္ျပဳရာ ဒဏ္တပ္ခံရသူက လက္မခံသည့္အျပင္ အျခား႐ုံးတြင္ ရွိေနေသာ မိမိ၏ အမႈတစ္ခုကိုပါ ေဆာင္႐ြက္ေပးရန္ ေမတၱာရပ္ခံခဲ့ေလသည္။

ေဒၚဖြားမွီသည္ အဂၤလန္တြင္ အတူ ပညာသင္ၾကားလာခဲ့၍ ေရွ႕ေနလိုက္ေဖာ္ လိုက္ဖက္ခ်င္း လည္းျဖစ္ၿပီး တစ္ဦးကို တစ္ဦးလည္း ကူညီ႐ိုင္းပင္း လာခဲ့ၾကေသာ ဝတ္လုံေတာ္ရ ဦးျမင့္သိန္းႏွင့္ ၁၉၃၂ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။၎တို႔မွာ အသြင္တူ၍ အလိုက္ဖက္ဆုံးေသာ ဇနီးေမာင္ႏွံမ်ား ျဖစ္ၾကေလသည္။ သူတို႔၏ အိမ္ေထာင္သည္ ခ်မ္းၿငိမ္းသာယာ ေအးျမလွ၏။ သားေထာက္ သမီးခံ လည္း မရွိခဲ့ေပ။

ေလာကဓမၼတရား အတိုင္းပင္ အဖက္ဖက္က ျပည့္စုံခဲ့ေသာ္လည္း တစ္ေထာင့္တစ္ ေကြ႕တြင္ကား ခ်ိဳ႕ယြင္းမႈေလးေတြက ရွိၾကစၿမဲ။ က်န္းမာေရး ကလည္း ခ်ိဳ႕တဲ့လာျပန္သည္။ ေဒၚဖြားမွီသည္ ေရွ႕ေနအလုပ္ကို ဆက္လက္ လုပ္ခဲ့ေသာ္လည္း ရန္ကုန္ ရာဇဝတ္႐ုံးမွ အမႈမ်ားကိုမူ အထူးသျဖင့္ ေရွာင္ၾကဥ္ခဲ့သည္။ အေၾကာင္းမွာ သူ၏ ခင္ပြန္းသည္မွာ ထိုစဥ္က ရန္ကုန္ၿမိဳ႕ အစိုးရေရွ႕ေနျဖစ္၍ အမႈအခင္းအားလုံး ဟူသ၍ကို ကြပ္ကဲရသည့္အတြက္ ခင္ပြန္းသည္၏ အလုပ္ကို မေႏွာင့္ယွက္မိေစရန္ ေရွာင္ခဲ့ျခင္းျဖစ္သည္။

၁၉၃၆ ခုႏွစ္တြင္ကား က်န္းမာေရး မညီၫြတ္သည့္ အတြက္ ေရွ႕ေနလိုက္ျခင္းကို ရပ္စဲခဲ့သည္။ သို႔ေသာ္ တတ္ထားသည့္ ပညာကို အသုံးျပဳၿပီး အစိုးရ အလုပ္တစ္ခုခုကို လုပ္ကိုင္ရန္ တရားဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ထဲေရး၊ တရားေရးဝန္ႀကီးတို႔က တိုက္တြန္းခဲ့ရာ ခ်ိဳ႕တဲ့ေသာ က်န္းမာေရးေၾကာင့္ အခ်ိန္ျပည့္ တာဝန္ မထမ္းေဆာင္ႏိုင္သည့္အတြက္ တိုင္းျပည္ႏွင့္ လူထုအက်ိဳးငွာ ေစတနာ႔ဝန္ထမ္း သမာဓိၿမိဳ႕ဝန္ ပထမအဆင့္ ရာထူးကို လက္ခံခဲ့သည္။

ေရွ႕ေနမလုပ္ေတာ့သည့္ တိုင္ေအာင္ သူ ေလ့လာ ဆည္းပူးခဲ့ေသာ ဥပေဒပညာရပ္ႏွင့္ ကင္းကြာခဲ့သည္ မဟုတ္ပါ။ သမာဓိၿမိဳ႕ဝန္ ခုံ႐ုံးမ်ားအျပင္ ကေလး တရား႐ုံးမ်ား၌လည္း ၁၉၃၂ ခုႏွစ္မွ ၁၉၄၂ ခုႏွစ္အထိ ႐ုံးထိုင္၍ စစ္ေဆးကြပ္ကဲ ေျဖရွင္းေပးရေသာ တာဝန္ကို ထမ္း႐ြက္လာခဲ့သည္။ ကေလးတရား႐ုံးမ်ား၌ ၎တို႔၏ မိသားစု အေျခအေန ပတ္ဝန္းက်င္ဘဝ စသည္မ်ားကို စုံစမ္းေလ့လာၿပီး အမႈစစ္သကဲ့သို႔ မဟုတ္ဘဲ ကေလးတို႔ ျပသာနာ အရပ္ရပ္ကို စိတ္ရွည္လက္ရွည္ က႐ုဏာအျပည့္ႏွင့္ ေျဖရွင္းေပးခဲ့ျခင္း၊ မိဘလက္သို႔ ျပန္လည္အပ္ျခင္း စေသာ လူမႈေရး စိတ္ဓာတ္အျပည့္ျဖင့္ ပါဝင္ကူညီ ခဲ့သည္။ ထိုေခတ္က ဆရာအတတ္သင္ ေက်ာင္းကိုလည္း စစ္ေဆးၾကည့္႐ႈရန္ ခန္႔အပ္ျခင္း ခံရသည္။

ဂ်ဴးဘန္းလမ္းရွိ ကေလးေစာင့္ေရွာက္ေရး ေဂဟာအဖြဲ႕ဝင္ လူႀကီး အျဖစ္လည္း ႏွစ္ေပါင္းမ်ားစြာ ကူညီခဲ့သည္။ လူမႈေရး လုပ္ငန္းမ်ား၌ စိတ္ပါဝင္စားစြာ ေအာင္ေအာင္ျမင္ျမင္ ပါဝင္လႈပ္ရွားလာခဲ့သူ တစ္ဦးျဖစ္၍လည္း ျမန္မာျပည္ လြတ္လပ္ၿပီးေနာက္ ၁၉၅၃ ခုႏွစ္တြင္ေဒလီၿမိဳ႕၌ က်င္းပေသာ ေတာင္အာရွ အမ်ိဳးသမားမ်ား အခြင့္အေရး ေဆြးေႏြးပြဲသို႔ ငါးဦးအဖြဲ႕၏ ေခါင္းေဆာင္အျဖစ္ တက္ေရာက္ခဲ့ရသည္။ လာအို၊ အင္ဒိုနီးရွား၊ ယူနက္စကို၊ ပါကစၥတန္၊ ထိုင္းမွ ကိုယ္စားလွယ္ (၄၆) ဦးႏွင့္အတူ ေတာင္အာရွ အမ်ိဳးသမီးတို႔၏ အခြင့္အေရးမ်ား အေၾကာင္း တင္ျပေဆြးေႏြးခဲ့သည္။

လြတ္လပ္ေရးရၿပီးသည့္ ၁၉၄၈ ခုႏွစ္မွ ၁၉၅၂ ခုႏွစ္ အခ်ိန္မ်ား၌ကား ျမန္မာျပည္တြင္ လူမႈဝန္ထမ္း လုပ္ငန္းမ်ားကို မေဆာင္႐ြက္ ႏိုင္ခဲ့ေပ။ ခင္ပြန္းသည္ ဦးျမင့္သိန္းမွာ တ႐ုတ္ျပည္ သံအမတ္ႀကီးအျဖစ္ နန္ကင္း၊ ပီကင္းၿမိဳ႕မ်ားသို႔ ေျပာင္းေ႐ႊ႕သြားရေသာေၾကာင့္ ျဖစ္သည္။ ၁၉၅၂ ခုႏွစ္လယ္တြင္ တရားဝန္ႀကီး ခန္႔အပ္ျခင္း ခံရ၍ ျမန္မာျပည္ ျပန္ေရာက္လာမွသာ ေရွးကကဲ့သို႔ လူမႈဝန္ထမ္း လုပ္ငန္းမ်ားကို ဆက္လက္ လုပ္ကိုင္ခဲ့ျပန္သည္။

အိႏၵိယသံ အမတ္ႀကီး တစ္ဦးျဖစ္ေသာ မစၥတာပင္နီကာက ၎ေရးသားခဲ့ေသာ (In two Chinas) ေခၚ စာအုပ္တြင္ ေဒၚဖြားမွီသည္ ပညာတတ္ ဇနီးသည္ တစ္ဦး အျဖစ္ႏွင့္ လူတန္းစား အလႊာ အသီးသီးတြင္ ခ်စ္ခင္ေလးစား ေက်ာ္ၾကားေသာ ျမန္မာအမ်ိဳးသမီး ျဖစ္သည္ဟု ေဖာ္ျပခဲ့ဖူးသည္။ ထို႔အျပင္ ျမန္မာႏိုင္ငံ အတြင္းသို႔ တ႐ုတ္ အမ်ိဳးသား ကူမင္တန္အစိုးရ ထပ္သား ၁၂၀၀၀ ဝင္ေရာက္ က်ဴးေက်ာ္၍ ၁၉၄၃ ခု၊ မတ္လ ၂၆ ရက္ေန႔တြင္ ကုလသမဂၢ လႊတ္ေတာ္ ညီလာခံသို႔ ဦးျမင့္သိန္း ေခါင္းေဆာင္ေသာ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕က သြားေရာက္ တိုင္တန္းခဲ့သည္။ ေဒၚဖြားမွီသည္ ထိုအဖြဲ႕ႏွင့္ ကိုယ္စားလွယ္ တစ္ဦးအျဖစ္ လိုက္ပါသြားခဲ့၏။

ဧၿပီလ ၂၂ ရက္ေန႔တြင္ က်င္းပေသာ ႏိုင္ငံေရးရာႏွင့္ လုံၿခဳံေကာင္စီက ႏိုင္ငံျခားတပ္မ်ား ျမန္မာႏိုင္ငံ အတြင္းမွ ထြက္ခြာသြားရမည္၊ သို႔မဟုတ္လၽွင္ လက္နက္ခ် အပ္၍ ခ်က္ခ်င္း အဖမ္းခံရမည္ဟု ဆုံးျဖတ္ခ်က္ ခ်ခဲ့သည္။ မဲခြဲ၍ အဆုံးအျဖတ္ေပးသည့္ ထိုကုလသမဂၢကို သတၱမ အႀကိမ္ေျမာက္ အစည္းအေဝးႀကီး၌ ႏိုင္ငံတကာက ျမန္မာျပည္အား ေထာက္ခံခဲ့သည့္အတြက္ ဤေအာင္ျမင္မႈမွာ သမိုင္း တစ္ရပ္အေနႏွင့္ က်န္ရစ္ခဲ့ေပသည္။

ေဒၚဖြားမွီသည္ အမ်ိဳးသမီးမ်ား၊ ျမန္မာလူမ်ိဳးမ်ားကို ေနရာေကာင္းေပးရန္ မလြယ္ကူလွေသာ ထိုအခ်ိန္ကပင္ မိမိ၏ အရည္အေသြးျဖင့္ မားမားမတ္မတ္ ရပ္တည္ျပႏိုင္ခဲ့၍ ေနရာမွန္ကို ထိုက္ထိုက္တန္တန္ ရခဲ့သူ ျဖစ္သည္။ အမ်ိဳးသမီးမ်ားႏွင့္ ဥပေဒေလာကကိုလည္း ေပါင္းကူး ဆက္သြယ္ေပးခဲ့ေသာ ပထမဆုံးလမ္းျပ အမ်ိဳးသမီးႀကီး ျဖစ္ခဲ့သည္။ ယခင့္ယခင္က အမ်ိဳးသားေတြခ်ည္းသာ လႈပ္ရွားခဲ့ေသာ ဥပေဒ အသိုင္းအဝိုင္းထဲသို႔ အမ်ိဳးသမီး တစ္ေယက္အေနႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္အျဖစ္ ထိုးေဖာက္ ဝင္ေရာက္လာခဲ့ေသာ အမ်ိဳးသမီးႀကီး ဝတ္လုံေတာ္ရ ေဒၚဖြားမွီမွာ ၁၉၆၂ ခု၊ ဇြန္လ ၂၆ ရက္ေန႔ အသက္ ၆၀ႏွစ္ အရြယ္တြင္ ကြယ္လြန္ခဲ့ေလသည္။

အမ်ိဳးသမီးေလာက၊ ဥပေဒေလာက၌ လၽွမ္းလၽွမ္းေတာက္ ေက်ာ္ၾကားခဲ့ေသာ ေဒၚဖြားမွီ၏ အသက္ရွင္စဥ္က လႈပ္ရွား ေဆာင္႐ြက္ခဲ့သည့္ ေကာင္းသတင္းမ်ားက သူမရွိေတာ့ၿပီ ျဖစ္ေသာ္လည္း အေပါင္းအသင္းမ်ား၏ ပတ္ဝန္းက်င္၌ ေမႊးႀကိဳင္ေနဆဲ။ သူ႕ကို ခ်စ္ခင္ျမတ္ႏိုးစြာ သတိရေနဆဲ ျဖစ္ပါသည္။

ျမန္မာအမ်ဳိးသမီး – ေစာမုံညွင္း
ျမန္မာ့စြယ္စုံက်မ္း


ပထမဆုံး မြန်မာအမျိုးသမီး ရှေ့နေ (သို့) ဒေါ်ဖွားမှီ (unicode)

ဒေါ်ဖွားမှီသည် ရန်ကုန်မြို့ ကော်ပိုရေးရှင်းအခွန်ဝန် ဦးထွန်းသော်နှင့် ဒေါ်သဲနုတို့၏ သားသမီး ငါးယောက်အနက် အကြီးဆုံးဖြစ်၍ ၁၉၀၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က စိန်မေရီဒိုင်အိုနှင့် ရန်ကုန်ကောလိပ်မှ အိုင်အေအောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာ သင်နေကြသော မြန်မာ ပညာတော်သင်တွေမှာ အင်္ဂလန်တွင် အတော်ရှိခဲ့သည်။ သို့သော် ၁၉၂၃ ခုနှစ်က ရှေ့နေအဖြစ် ရုံးတော်များ၌ လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားနေသော ယောက်ျားများ နှင့်အတူ အင်္ဂလန်ပြည်သူ တစ်ဦးနှစ်ဦးသာ ရှိသေးသည့် အခြေအနေ၌ ဒေါ်ဖွားမှီသည် ကမ္ဘာ့ အရှေ့ပိုင်းဒေသ မြန်မာပြည်မှ အမျိုးသမီးတစ်ဦး အဖြစ် ပေါ်ပေါက်လာသည့်အတွက် တအံ့တဩ စိတ်ဝင်စားခဲ့ကြသည်။

ထိုခေတ်က ဗြိတိသျှ တရားလွှတ်တော်ချုပ်နှင့် အောက်ရုံများတွင် ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားပေးသည့် (Inns of Court) ခေါ် ကျောင်းကြီးလေးကျောင်း ရှိသည့်အနက် (Inner Temple) ခေါ် ကျောင်းတွင် ဒေါ်ဖွားမှီသည် တက်ရောက် သင်ကြားပြီး ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ထိုအခါကျမှ သတ်မှတ်ပေးထားသော ဝတ်လုံတော်အင်္ကျီ ကို အပ်နှံခံရပြီး ဝတ်ဆင်ခွင့် ရခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ဗြိတိသျှ တရားလွှတ်တော်၌ ဝတ်လုံတော်ရ ရှေ့နေများ စာရင်းတွင် နာမည်ထည့်သွင်းခွင့် ရရှိခဲ့သည်။ ဤကဲ့သို့ ထူးထူးချွန်ချွန် အရှေ့တိုင်းသူတစ်ဦး အောင်မြင်သည့် အတွက် ဗြိတိသျှ သတင်းစာများကလည်း အသားပေးပြီး ချီးကျူး ဖော်ပြခဲ့ကြသည်။

ဒေါ်ဖွားမှီ မြန်မာပြည်သို့ ပြန်ရောက် လာသောအခါ ရန်ကုန်လွှတ်တော်ချုပ်၏ ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် ခွင့်တောင်းခဲ့ရာ တရားဝန်ကြီးချုပ်က လျှောက်ထားသူမှာ ဗြိတိသျှ လွှတ်တော်ချုပ်တွင်ပင် အမှုလိုက်နိုင်ခွင့်ရသူ (Barister Law) ပထမ မြန်မာအမျိုးသမီး ဖြစ်သည်ဟု ဖော်ပြကာ ကြိုဆိုသည့် အခမ်းအနားကို ရုံးခန်းအမှတ် (၁) တွင် တရားဝန်ကြီးများ၊ ရှေ့နေချုပ်ကြီးများနှင့် ဥပဒေလောကမှ ရှေ့နေကြီးများ ရှေ့မှောက်၌ ဂုဏ်ပြုခဲ့လေသည်။ ထိုနေ့ကား ၂၆၊ ၁၊ ၂၇ ရက်နေ့ပင် ဖြစ်သည်။

ဒေါ်ဖွားမှီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ၌ တရားဝန်ကြီးချုပ်၏ ချီးကျူး စကားများမှာ မိမိတစ်ဦးတည်း အဖို့သာမက မြန်မာအမျိူသမီး တစ်ရပ်လုံးကိုပါ ချီးကျူးခြင်း ဖြစ်ပါသည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

ဒေါ်ဖွားမှီသည် အမျိုးသားများသာ ကျက်စားနေသော တရားရုံးတော်ကြီး၌ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့၏ ။ မိန်းကလေး တစ်ယောက် တိုးလာ၍အနေကျုံ့လိမ့်မည်ဟုလည်း စောစောပိုင်းက အမျိုးသားအချို့က စိုးရိမ်ခဲ့ကြသည်။ ရန်ကုန် ရှေ့နေကြီးများ အသင်းသို့ ဝင်ခွင့်ရ၍ အသင်းလူကြီးများ က လက်ခံရာ၌ နာယက အမျိုးသမီး အပန်းဖြေ အပေါ့အပါးသွားနိုင်ရန် သီးသန့် ပေါင်ဒါခန်းတော့ ဆောက်လုပ် မပေးနိုင်၍ ဝမ်းနည်းပါသည်ဟု ထေ့ငေါ့ ပြောသည်ကိုပင် ဒေါ်ဖွားမှီကား ခေါင်းငုံ့၍ ခံလာခဲ့သည်။ သူ၏ ဗီဇာ မကျယ်တတ်သော၊ ရောင့်ရဲလွယ်တတ်သော ဝါသနာ ဗီဇအရ ယခုကဲ့သို့သော အဆင်မပြေမှုများ အတွက်ကို ခေါင်းရှုပ်ခံ၍ ပြသာနာတက်သောသူ မဟုတ်သဖြင့် သူ့စိတ်သဘောထားကို ကောင်းစွာ သိလာကြသည့်အခါ၌ ဒေါ်ဖွားမှီကို အမျိုးသမီးဟူ၍ မခွဲခြားတော့ဘဲ ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြလေသည်။

ဟိုက်ကုတ်တွင် သာမက အခြား အောက်ရုံးများ၌လည်း အမှုလိုက်ခဲ့ရာ တစ်ခါက သာယာဝတီ တရားရုံးသို့ အမှုလိုက်သွားစဉ် သူ့ကို လာကြည့်ကြသော ပရိတ်သတ်ကြီးမှာ များလွန်း၍ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။ ထို့အတွက် ခက်ထန်သော ဗြိတိသျှ တရားသူကြီးက ရုံးတော်ကို မရိုမသေမှုဖြင့် လူတစ်ယောက်အား ဒဏ်ငွေ ၅၀ိ-/ တပ်လိုက်သည်။ ဒေါ်ဖွားမှီမှာ များစွာ အားလည်းနာ၊ ကရုဏာလည်း သက်၍ ထိုငွေကို မိမိက စိုက်ပြီး ဆောင်မည်ပြုရာ ဒဏ်တပ်ခံရသူက လက်မခံသည့်အပြင် အခြားရုံးတွင် ရှိနေသော မိမိ၏ အမှုတစ်ခုကိုပါ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့လေသည်။

ဒေါ်ဖွားမှီသည် အင်္ဂလန်တွင် အတူ ပညာသင်ကြားလာခဲ့၍ ရှေ့နေလိုက်ဖော် လိုက်ဖက်ချင်း လည်းဖြစ်ပြီး တစ်ဦးကို တစ်ဦးလည်း ကူညီရိုင်းပင်း လာခဲ့ကြသော ဝတ်လုံတော်ရ ဦးမြင့်သိန်းနှင့် ၁၉၃၂ ခုနှစ်တွင် လက်ထပ်ခဲ့သည်။၎င်းတို့မှာ အသွင်တူ၍ အလိုက်ဖက်ဆုံးသော ဇနီးမောင်နှံများ ဖြစ်ကြလေသည်။ သူတို့၏ အိမ်ထောင်သည် ချမ်းငြိမ်းသာယာ အေးမြလှ၏။ သားထောက် သမီးခံ လည်း မရှိခဲ့ပေ။

လောကဓမ္မတရား အတိုင်းပင် အဖက်ဖက်က ပြည့်စုံခဲ့သော်လည်း တစ်ထောင့်တစ် ကွေ့တွင်ကား ချို့ယွင်းမှုလေးတွေက ရှိကြစမြဲ။ ကျန်းမာရေး ကလည်း ချို့တဲ့လာပြန်သည်။ ဒေါ်ဖွားမှီသည် ရှေ့နေအလုပ်ကို ဆက်လက် လုပ်ခဲ့သော်လည်း ရန်ကုန် ရာဇဝတ်ရုံးမှ အမှုများကိုမူ အထူးသဖြင့် ရှောင်ကြဉ်ခဲ့သည်။ အကြောင်းမှာ သူ၏ ခင်ပွန်းသည်မှာ ထိုစဉ်က ရန်ကုန်မြို့ အစိုးရရှေ့နေဖြစ်၍ အမှုအခင်းအားလုံး ဟူသ၍ကို ကွပ်ကဲရသည့်အတွက် ခင်ပွန်းသည်၏ အလုပ်ကို မနှောင့်ယှက်မိစေရန် ရှောင်ခဲ့ခြင်းဖြစ်သည်။

၁၉၃၆ ခုနှစ်တွင်ကား ကျန်းမာရေး မညီညွတ်သည့် အတွက် ရှေ့နေလိုက်ခြင်းကို ရပ်စဲခဲ့သည်။ သို့သော် တတ်ထားသည့် ပညာကို အသုံးပြုပြီး အစိုးရ အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် တရားဝန်ကြီးချုပ်နှင့် ပြည်ထဲရေး၊ တရားရေးဝန်ကြီးတို့က တိုက်တွန်းခဲ့ရာ ချို့တဲ့သော ကျန်းမာရေးကြောင့် အချိန်ပြည့် တာဝန် မထမ်းဆောင်နိုင်သည့်အတွက် တိုင်းပြည်နှင့် လူထုအကျိုးငှာ စေတနာ့ဝန်ထမ်း သမာဓိမြို့ဝန် ပထမအဆင့် ရာထူးကို လက်ခံခဲ့သည်။

ရှေ့နေမလုပ်တော့သည့် တိုင်အောင် သူ လေ့လာ ဆည်းပူးခဲ့သော ဥပဒေပညာရပ်နှင့် ကင်းကွာခဲ့သည် မဟုတ်ပါ။ သမာဓိမြို့ဝန် ခုံရုံးများအပြင် ကလေး တရားရုံးများ၌လည်း ၁၉၃၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ ရုံးထိုင်၍ စစ်ဆေးကွပ်ကဲ ဖြေရှင်းပေးရသော တာဝန်ကို ထမ်းရွက်လာခဲ့သည်။ ကလေးတရားရုံးများ၌ ၎င်းတို့၏ မိသားစု အခြေအနေ ပတ်ဝန်းကျင်ဘဝ စသည်များကို စုံစမ်းလေ့လာပြီး အမှုစစ်သကဲ့သို့ မဟုတ်ဘဲ ကလေးတို့ ပြသာနာ အရပ်ရပ်ကို စိတ်ရှည်လက်ရှည် ကရုဏာအပြည့်နှင့် ဖြေရှင်းပေးခဲ့ခြင်း၊ မိဘလက်သို့ ပြန်လည်အပ်ခြင်း စသော လူမှုရေး စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ကူညီ ခဲ့သည်။ ထိုခေတ်က ဆရာအတတ်သင် ကျောင်းကိုလည်း စစ်ဆေးကြည့်ရှုရန် ခန့်အပ်ခြင်း ခံရသည်။

ဂျူးဘန်းလမ်းရှိ ကလေးစောင့်ရှောက်ရေး ဂေဟာအဖွဲ့ဝင် လူကြီး အဖြစ်လည်း နှစ်ပေါင်းများစွာ ကူညီခဲ့သည်။ လူမှုရေး လုပ်ငန်းများ၌ စိတ်ပါဝင်စားစွာ အောင်အောင်မြင်မြင် ပါဝင်လှုပ်ရှားလာခဲ့သူ တစ်ဦးဖြစ်၍လည်း မြန်မာပြည် လွတ်လပ်ပြီးနောက် ၁၉၅၃ ခုနှစ်တွင်ဒေလီမြို့၌ ကျင်းပသော တောင်အာရှ အမျိုးသမားများ အခွင့်အရေး ဆွေးနွေးပွဲသို့ ငါးဦးအဖွဲ့၏ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရသည်။ လာအို၊ အင်ဒိုနီးရှား၊ ယူနက်စကို၊ ပါကစ္စတန်၊ ထိုင်းမှ ကိုယ်စားလှယ် (၄၆) ဦးနှင့်အတူ တောင်အာရှ အမျိုးသမီးတို့၏ အခွင့်အရေးများ အကြောင်း တင်ပြဆွေးနွေးခဲ့သည်။

လွတ်လပ်ရေးရပြီးသည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အချိန်များ၌ကား မြန်မာပြည်တွင် လူမှုဝန်ထမ်း လုပ်ငန်းများကို မဆောင်ရွက် နိုင်ခဲ့ပေ။ ခင်ပွန်းသည် ဦးမြင့်သိန်းမှာ တရုတ်ပြည် သံအမတ်ကြီးအဖြစ် နန်ကင်း၊ ပီကင်းမြို့များသို့ ပြောင်းရွှေ့သွားရသောကြောင့် ဖြစ်သည်။ ၁၉၅၂ ခုနှစ်လယ်တွင် တရားဝန်ကြီး ခန့်အပ်ခြင်း ခံရ၍ မြန်မာပြည် ပြန်ရောက်လာမှသာ ရှေးကကဲ့သို့ လူမှုဝန်ထမ်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြန်သည်။

အိန္ဒိယသံ အမတ်ကြီး တစ်ဦးဖြစ်သော မစ္စတာပင်နီကာက ၎င်းရေးသားခဲ့သော (In two Chinas) ခေါ် စာအုပ်တွင် ဒေါ်ဖွားမှီသည် ပညာတတ် ဇနီးသည် တစ်ဦး အဖြစ်နှင့် လူတန်းစား အလွှာ အသီးသီးတွင် ချစ်ခင်လေးစား ကျော်ကြားသော မြန်မာအမျိုးသမီး ဖြစ်သည်ဟု ဖော်ပြခဲ့ဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ တရုတ် အမျိုးသား ကူမင်တန်အစိုးရ ထပ်သား ၁၂၀၀၀ ဝင်ရောက် ကျူးကျော်၍ ၁၉၄၃ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ လွှတ်တော် ညီလာခံသို့ ဦးမြင့်သိန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့က သွားရောက် တိုင်တန်းခဲ့သည်။ ဒေါ်ဖွားမှီသည် ထိုအဖွဲ့နှင့် ကိုယ်စားလှယ် တစ်ဦးအဖြစ် လိုက်ပါသွားခဲ့၏။

ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော နိုင်ငံရေးရာနှင့် လုံခြုံကောင်စီက နိုင်ငံခြားတပ်များ မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာသွားရမည်၊ သို့မဟုတ်လျှင် လက်နက်ချ အပ်၍ ချက်ချင်း အဖမ်းခံရမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ မဲခွဲ၍ အဆုံးအဖြတ်ပေးသည့် ထိုကုလသမဂ္ဂကို သတ္တမ အကြိမ်မြောက် အစည်းအဝေးကြီး၌ နိုင်ငံတကာက မြန်မာပြည်အား ထောက်ခံခဲ့သည့်အတွက် ဤအောင်မြင်မှုမှာ သမိုင်း တစ်ရပ်အနေနှင့် ကျန်ရစ်ခဲ့ပေသည်။

ဒေါ်ဖွားမှီသည် အမျိုးသမီးများ၊ မြန်မာလူမျိုးများကို နေရာကောင်းပေးရန် မလွယ်ကူလှသော ထိုအချိန်ကပင် မိမိ၏ အရည်အသွေးဖြင့် မားမားမတ်မတ် ရပ်တည်ပြနိုင်ခဲ့၍ နေရာမှန်ကို ထိုက်ထိုက်တန်တန် ရခဲ့သူ ဖြစ်သည်။ အမျိုးသမီးများနှင့် ဥပဒေလောကကိုလည်း ပေါင်းကူး ဆက်သွယ်ပေးခဲ့သော ပထမဆုံးလမ်းပြ အမျိုးသမီးကြီး ဖြစ်ခဲ့သည်။ ယခင့်ယခင်က အမျိုးသားတွေချည်းသာ လှုပ်ရှားခဲ့သော ဥပဒေ အသိုင်းအဝိုင်းထဲသို့ အမျိုးသမီး တစ်ယေက်အနေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် ထိုးဖောက် ဝင်ရောက်လာခဲ့သော အမျိုးသမီးကြီး ဝတ်လုံတော်ရ ဒေါ်ဖွားမှီမှာ ၁၉၆၂ ခု၊ ဇွန်လ ၂၆ ရက်နေ့ အသက် ၆၀နှစ် အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။

အမျိုးသမီးလောက၊ ဥပဒေလောက၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဒေါ်ဖွားမှီ၏ အသက်ရှင်စဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ကောင်းသတင်းများက သူမရှိတော့ပြီ ဖြစ်သော်လည်း အပေါင်းအသင်းများ၏ ပတ်ဝန်းကျင်၌ မွှေးကြိုင်နေဆဲ။ သူ့ကို ချစ်ခင်မြတ်နိုးစွာ သတိရနေဆဲ ဖြစ်ပါသည်။

မြန်မာအမျိုးသမီး – စောမုံညှင်း
မြန်မာ့စွယ်စုံကျမ်း

Leave a Reply