ျပန္လည္ရွာေဖြေတြ႔ရွိခဲ့ေသာ ကမာၻ႔ ေရွးအက်ဆုံးပစၥည္းမ်ား

Posted on

ဒီတစ္ခါ သုတဇုန္မိတ္ေဆြေတြကုိ ဗဟုသုတအေနနဲ႔ မွ်၀ေမယ့္အေၾကာင္းကေတာ့ သုေတသနပညာရွင္မ်ား ရွာေဖြေတြ႔ရွိခဲ့တဲ့ ကမာၻ႔ေနရာအႏွံ႔က ေရွးအက်ဆုံးပစၥည္းတခ်ဳိ႕ရဲ႕ အေၾကာင္းပဲဖစ္ပါတယ္။ ဒီအထဲမွာ ႏွစ္ေပါင္း ရာဂဏန္း ၊ ေထာင္ဂဏန္း ေသာင္းဂဏန္း သက္တမ္းရွိတဲ့ ပစၥည္းေတြပါ၀င္ပါတယ္။ တခ်ဳိ႕အရာေတြဟာ ေခတ္မီေနၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက လူေတြဟာ ဒါေတြလုပ္တတ္ေနပါလားဆုိၿပီး အံၾသသြားရမွာျဖစ္ပါတယ္။

၁။ ေရွးအက်ဆုံး ေျခအိတ္ ( ႏွစ္ေပါင္း ၁၅၀၀ ေက်ာ္)

ဒီေျခအိတ္ေတြကို ၁၉ရာစု အကုန္က အီဂ်စ္မွာ ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ စစ္ေဆးခဲ့တဲ့အခါမွာေတာ့ ၄ရာစု နဲ႔ ၅ရာစုၾကားက ဖန္တီးခဲ့တယ္လုိ႔ သိရတာေၾကာင့္ ဒီေျခအိတ္ရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း ၁၅၀၀ေက်ာ္ၿပီ ျဖစ္ပါတယ္။ three-ply သုိးေမႊးကို အသုံးျပဳၿပီး အပ္တစ္ေခ်ာင္းတည္းနဲ႔ ထုိိးတဲ့နည္းပညာကုိ သုံးကာ ဖန္တီးခဲ့တယ္လုိ႔ သိရပါတယ္။ Victoria and Albert ျပတုိက္မွာ ျပသထားပါတယ္။

၂။ ေရွးအက်ဆုံး အညႊန္းစာ (ႏွစ္ေပါင္း ၅၀၀၀ေက်ာ္)

အခုျမင္ရတဲ့ ရြံ႕ခ်ပ္ျပားက ကမာၻ႔ေရွးအက်ဆုံးအညႊန္းစာျဖစ္ၿပီး ဆူမားရီးယန္းလူမ်ဳိးေတြက ဘီစီ ၃၀၀၀ ခန္႔မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ မက္ဆုိပိုေတးမီးယားနယ္ေျမက ရွာေဖြေတြ႔ရွိခဲ့တဲ့ ဒီရႊံ႕ခ်ပ္ဟာ ဘီယာေဖာ္စပ္နည္းအညႊန္းစာျဖစ္ပါတယ္။ ဘီယာဟာ ဘီစီ ၉၅၀၀ ခန္႔ကတည္းက ေပၚေနၿပီဆုိေပမယ့္ အေထာက္အထားမရွိပါဘူး။ ဒီရြံ႕ခ်ပ္ကေတာ့ အေကာင္းဆုံးသက္ေသျဖစ္ပါတယ္။

၃။ ေရွးအက်ဆုံး ေနကာမ်က္မွန္ (ႏွစ္ေပါင္း ၈၀၀ေက်ာ္)

ကမာၻ႔ေရွးအက်ဆုံး ေနကာမ်က္မွန္ကုိေတာ့ ကေနဒါႏုိင္ငံ Baffin ကြ်န္းကေန ရွာေဖြေတြ႔ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ယေန႔ေခတ္ေနကာမ်က္မွန္လုိ ေနကုိတုိက္ရုိက္ကာတဲ့ မ်က္မွန္ေတာ့မဟုတ္ပါဘူး။ ဆင္စြယ္နဲ႔ျပဳလုပ္ထားတဲ့ ဒီမ်က္မွန္ကုိ ႏွင္းေတြကေန ေရာင္ျပန္တဲ့ေနေရာင္ျခည္ကို ကာကြယ္ႏုိင္ဖုိ႔ သုံးခဲ့တာျဖစ္ၿပီး ေအဒီ ၁၂ရာစု ၀န္းက်င္က Thule လူမ်ဳိးေတြက ဖန္တီးခဲ့တယ္လုိ႔ သိရပါတယ္။ ဒီမ်က္မွန္ကုိ ကေနဒါသမုိင္းျပတုိက္မွာ ျပသထားပါတယ္။

၄။ ေရွးအက်ဆုံးလူပုံစံရုပ္တု (လြန္ခဲ့ေသာႏွစ္ေပါင္း ၃၅၀၀၀ ႏွင့္ ၄၀၀၀၀ ၾကား)

Venus of Hohle Fels လုိ႔အမည္ေပးထားတဲ့ ဒီလူ့ပုံရုပ္တုေတြကုိ သမုိင္းမတြင္မီေခတ္က အေမႊးရွည္ဆင္ႀကီးေတြရဲ႕ အစြယ္နဲ႔ ထုလုပ္ထားခဲ့တာျဖစ္ပါတယ္။ ဒီေရွးအက်ဆုံးရုပ္တုေတြကုိ ဂ်ာမနီႏုိင္ငံ Schelklingen ၿမဳိ႕အနီးက ရွာေဖြေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။ ဒီရုပ္တုေတြကုိ ဂ်ာမနီႏုိင္ငံ Blaubeuren ၿမဳိ႕ သမုိင္းျပတုိက္မွာ ျပသထားပါတယ္။

၅။ ေရွးအက်ဆုံး ရႈးဖိနပ္ (လြန္ခဲ့ေသာႏွစ္ေပါင္း ၅၅၀၀ ခန္႔)

ဒီရႈးဖိနပ္ကုိေတာ့ Areni-1 shoe လုိ႔သိၾကပါတယ္။ ၂၀၀၈ခုႏွစ္က အာေမးနီးယားမွာရွိတဲ့ Areni-1 ဂူထဲက ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ လည္သာနဲ႔ ျပဳလုပ္ထားတဲ့ ဒီဖိနပ္ဟာ ဆုိဒ္နံပါတ္ ၇ (European size 38, UK women’s size 5)သာ ရွိတာေၾကာင့္ အမ်ဳိးသမီးတစ္ဦးရဲ႕ဖိနပ္လုိ႔ ခန္႔မွန္းၾကေပမယ့္ အတိအက်ေတာ့ မမွန္ကန္ႏုိင္ပါဘူး။ စတင္ေတြ႔ရွိစဥ္က ဒီဖိနပ္ရဲ႕သက္တမ္းကုိ ႏွစ္ ၆၀၀-၇၀၀ ခန္႔သာ ခန္႔မွန္းခဲ့ၾကေပမယ့္ ကာဘြန္နည္းနဲ႔ သက္တမ္းစစ္လုိက္တဲ့အခါမွာေတာ့ ႏွစ္ေပါင္း ၅၅၀၀ ခန္႔ ရွိေနၿပီ ဆုိတာ အံၾသစြာသိရွိလုိက္ရပါတယ္။ ဒီေရွးအက်ဆုံးဖိနပ္ကုိ အာေမးနီးယားသမုိင္းျပတုိက္မွာ ျပသထားပါတယ္။

၆။ ေရွးအက်ဆုံး ပုေလြ (လြန္ခဲ့ေသာႏွစ္ေပါင္း ၄၀၀၀၀ ခန္႔)

ကမာၻ႔ေ႐ွးအက်ဆုံး တူရိယာကေတာ့ ဂ်ာမဏီႏုိင္ငံ Hohle Fels ဂူထဲက ႐ွာေဖြေတြ႔႐ွိခဲ့တဲ့ ပုေလြတစ္ေခ်ာင္းျဖစ္ပါတယ္။ အပုိင္းအစ ၁၂ခုကုိ ျပန္ဆက္ခဲ့ရျခင္းျဖစ္ပါတယ္။ အေပါက္ငါးေပါက္ပါတဲ့ ဒီတူရိယာရဲ႕ သက္တမ္းကုိ ကာဘြန္နည္းနဲ႔ တြက္ခ်က္ၾကည့္တဲ့အခါမွာေတာ့ ႏွစ္ေပါင္း ၃၅၀၀၀ နဲ႔ ၄၃၀၀၀ ၾကား ႐ွိၿပီလုိ႔ သိရပါတယ္။ အ႐ွည္ ၈လက္မခြဲ႐ွိၿပီး vulture ငွက္ရဲ႕ အ႐ုိးကုိ ထြင္းထားတယ္လုိ႔ သိရပါတယ္။

၇။ ေရွးအက်ဆုံးေဘာင္းဘီ (လြန္ခဲ့ေသာႏွစ္ေပါင္း ၃၃၀၀ ခန္႔)

ဒီေဘာင္းဘီကုိေတာ့ တ႐ုတ္ႏုိင္ငံ အေနာက္ဘက္ တာရင္ေဘဆင္အရပ္က သခၤ်ဳိင္းတခုမွာ ရွာေဖြေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။ သက္တမ္း ႏွစ္ေပါင္း ၃၃၀၀ခန္႔ရွိၿပီး လက္ယက္ေဘာင္းဘီအမ်ဳိးအစားပါ။ ေတြ႔ဖူးသမွ် ေဘာင္းဘီေတြထဲက ေရွးအက်ဆံုး တစ္ခုျဖစ္တဲ့ ဒီေဘာင္းဘီကုိ ျမင္းစီးဖုိ႔အတြက္ သီးသန္႔ဖန္တီးထားတာျဖစ္တယ္ လုိ႔ ခန္႔မွန္းထားၾကပါတယ္။

၈။ ေရွးအက်ဆုံး အိမ္သာ ( ႏွစ္ေပါင္း ၂၀၀၀ခန္႔)

ဒီအိမ္သာကိုေတာ့ တူရကီက ေရွးေဟာင္းၿမဳိ႕တစ္ၿမဳိ႕ျဖစ္တဲ့ Ephesus ၿမဳိ႕မွာ ရွာေဖြေတြ႔ရွိခဲ့တာပါ။ အမ်ားသုံးအိမ္သာျဖစ္ၿပီး ေအာက္ဘက္မွာ ေရေတြကို စီးဆင္းေနေစရန္ဖန္တီးထားၿပီး အဲဒီေရေတြဟာ အညစ္အေၾကးေတြကို အေ၀းကုိသယ္ေဆာင္သြားၿပီး ျမစ္ထဲကို ပို႔ေဆာင္ေစပါတယ္။

၉။ ေရွးအက်ဆုံး ဘရာစီယာ (လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀ ခန္႔)

ဒီဘရာစီယာကေတာ့ အလယ္ေခတ္မွာ အသုံးျပဳခဲ့တဲ့ ဘရာစီယာျဖစ္ၿပီး ၾသစႀကီးယား Innsbruck တကၠသုိလ္က သုေတသနပညာရွင္ေတြက ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ အလယ္ေခတ္စာေတြထဲမွာေတာ့ ဘရာစီယာကို breastbags လုိ႔ေဖာ္ျပေလ့ရွိပါတယ္။ သက္တမ္းကုိ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ဒီဘရာစီယာကုိ ၾသစႀတီးယားမွာ ေအဒီ ၁၃၉၀ နဲ႔ ၁၄၈၅ၾကားမွာ အသုံးျပဳခဲ့တယ္လုိ႔ သိရပါတယ္။

၁၀။ ေရွးအက်ဆုံး ေျခတု ( လြန္ခဲ့ေသာႏွစ္ေပါင္း ၃၀၀၀ ခန္႔)

ဒီေျခတုကိုေတာ့ မန္ခ်က္စတာတကၠသိုလ္က ပညာရွင္ Jacky Finch က အီဂ်စ္ႏုိင္ငံ Luxor ၿမဳိ႕အနီးကေတြ႔ရွိခဲ့တဲ့ အမ်ဳိးသမီးမံမီရုပ္အေလာင္းတစ္ခုရဲ႕ ေျခေထာက္ကေန ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ဘီစီ ၉၅၀ ကေန ဘီစီ ၇၁၀ အတြင္း ဒီေျခတုကို ဖန္တီးခဲ့တာျဖစ္ၿပီး သုေတသနပညာရွင္ေတြရဲ႕စစ္ေဆးခ်က္အရ ဒီေျခတုဟာ တကယ္အလုပ္လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

၁၁။ ေရွးအက်ဆုံး ပိုက္ဆံအိတ္ (လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၂၀၀ခန္႔)

ဒီပုိက္ဆံအိတ္ကိုေတာ့ ဂ်ာမနီႏုိင္ငံ လုိက္ပဆစ္ၿမဳိ႕ သခၤ်ဳိင္းတစ္ခုထဲကေန တူးေဖာ္ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ဘီစီ ၂၂၀၀ ခန္႔က ဖန္တီးခဲ့တဲ့ ဒီပုိက္ဆံအိတ္မွာ ထူးျခားတာကေတာ့ အျပင္ဘက္ျခမ္းကို ရာေပါင္းမ်ားစြာေသာ ေခြးသြားေတြ စုိက္ထားျခင္းျဖစ္ပါတယ္။ အဲဒီေခတ္အခါက ေခြးသြားေတြကို လက္ကုိင္အသုံးအေဆာင္ေတြမွာ တပ္ဆင္ေလ့ရွိၿပီး ပုိက္ဆံအိတ္ပုိင္ရွင္ေသဆုံးသြားတဲ့အခါ သူနဲ႔အတူျမဳပ္ႏွံခဲ့တာလုိ႔ ခန္႔မွန္းၾကပါတယ္။

၁၂။ ေရွးအက်ဆုံး ကြန္ဒုံး (လြန္ခဲ့ေသာႏွစ္ေပါင္း ၃၇၀ခန္႔)

၀က္အူ နဲ႔ ျပဳလုပ္ထားတဲ့ ဒီကြန္ဒုံးကုိ ၁၆၄၀ခုႏွစ္က ဆြီဒင္မွာ အသုံးျပဳခဲ့တာျဖစ္ပါတယ္။(တခ်ဳိ႕ကေတာ့ သုိးအေရျပားနဲ႔ ဖန္တီးတယ္လုိ႔ဆုိပါတယ္) တစ္ခါသုံးမဟုတ္ပဲ အႀကိမ္ႀကိမ္သုံးလုိ႔ရတဲ့ ကြန္ဒုံးျဖစ္ပါတယ္။ သုံးၿပီးတဲ့အခါ ေႏြးေနတဲ့ႏြားႏုိ႔နဲ႔ သန္႔ရွင္းေရးျပဳလုပ္နည္းကုိ ပုိင္ရွင္က ဘက္တင္ဘာသာရဲ႕ ေရးသားခဲ့ပါေသးတယ္။ ဒီလုိသန္႔ရွင္းေရးလုပ္ျခင္းအားျဖင့္ လိင္နဲ႔ဆုိင္တဲ့ေရာဂါေတြကို ကာကြယ္ေပးတယ္လုိ႔ ဆုိပါတယ္။

၁၃။ ေရွးအက်ဆုံး ပီေက

သက္တမ္း ႏွစ္ ၅၀၀၀ ခန္႔ရွိၿပီျဖစ္တဲ့ ဒီပီေကအပိုင္းအစကိုေတာ့ ဖင္လန္ႏုိင္ငံ က ေက်ာက္ေခတ္ေႏွာင္းပုိင္းလူသားေတြ ေနခဲ့တဲ့ေနရာကေန ေတြ႔ရွိခဲ့တာပါ။ Birchbark ပင္ကရတဲ့ အေစးနဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး ေက်ာက္ေခတ္ေႏွာင္းပုိင္းလူသားေတြဟာ ဒီအရာကို ပါးစပ္ သန္႔ရွင္းေရးအတြက္အသုံးျပဳတဲ့အျပင္ ေကာ္အျဖစ္လည္းအသုံးျပဳခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

၁၄။ ေရွးအက်ဆုံးဂီတမွတ္တမ္း (လြန္ခဲ့ေသာႏွစ္ေပါင္း ၃၄၀၀ခန္႔)

ရြံ႕ေစးတဲ့မွတ္တမ္းတင္ထားတဲ့ ဒီဂီတသေကၤတကုိေတာ့ ဆီရီယားႏုိင္ငံ Ugarit ၿမဳိ႕အနီးက ရွာေဖြေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ဒီေနရာဟာ ေၾကး၀ါေခတ္ေႏွာင္းပုိင္းလူသားေတြ ေနခဲ့တဲ့ေနရာျဖစ္ပါတယ္။ ဒီဂီတသေကၤတကုိေတာ့ lyre လုိ႔ေခၚတဲ့ ေရွးေခတ္ ႀကဳိးခုႏွစ္ပင္တပ္ေစာင္းနဲ႔ တီးခတ္ရတာျဖစ္ၿပီး ဒီရြံ႕ေစးျပားကုိ ဘီစီ ၁၄၀၀ ခန္႔က ဖန္တီးခဲ့တယ္လုိ႔ သိရပါတယ္။

၁၅။ ေရွးအက်ဆုံး ဒဂၤါးျပား (လြန္ခဲ့ေသာႏွစ္ေပါင္း ၂၇၀၀ခန္႔)

ဒီေရွးေဟာင္းဒဂၤါးျပားကုိေတာ့ တူရကီႏုိင္ငံက တခ်ိန္က ဂရိေရွးေဟာင္းၿမဳိ႕ျဖစ္ခဲ့တဲ့ Efesos ၿမဳိ႕အနီးကေန ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ electrum နဲ႔ဖန္တီးထားတာျဖစ္ပါတယ္။ electrum ကေတာ့ ေရႊ နဲ႔ ေငြတုိ႔ဟာ သဘာ၀အတုိင္းေပါင္းစပ္ျဖစ္လာတဲ့ သတၱဳစပ္တစ္မ်ဳိးပါ။ ေအးရွားမုိင္းနားက Lydia ဘုရင့္ႏုိင္ငံမွာ ဘီစီ ၇၀၀ ခန္႔က ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒဂၤါးျပားတစ္ဖက္ကို သာ ျခေသၤ့ဦးေခါင္းပုံ ဒီဇုိင္းေဖာ္ထားပါတယ္။

ဒီလုိ ထူးထူးျခားျခား ဗဟုသုတ အေၾကာင္းအရာေလးေတြကို အၿမဲဖတ္ခ်င္ရင္ သုတဇုန္စာမ်က္ႏွာကုိ ဆီးဖက္စ္လုပ္ထားလုိက္ပါ 🙂

သုတဇုန္


ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာ့ ရှေးအကျဆုံးပစ္စည်းများ (unicode)

ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို ဗဟုသုတအနေနဲ့ မျှ၀မေယ့်အကြောင်းကတော့ သုတေသနပညာရှင်များ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့နေရာအနှံ့က ရှေးအကျဆုံးပစ္စည်းတချို့ရဲ့ အကြောင်းပဲဖစ်ပါတယ်။ ဒီအထဲမှာ နှစ်ပေါင်း ရာဂဏန်း ၊ ထောင်ဂဏန်း သောင်းဂဏန်း သက်တမ်းရှိတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ တချို့အရာတွေဟာ ခေတ်မီနေပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူတွေဟာ ဒါတွေလုပ်တတ်နေပါလားဆိုပြီး အံဩသွားရမှာဖြစ်ပါတယ်။

၁။ ရှေးအကျဆုံး ခြေအိတ် ( နှစ်ပေါင်း ၁၅၀၀ ကျော်)

ဒီခြေအိတ်တွေကို ၁၉ရာစု အကုန်က အီဂျစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးခဲ့တဲ့အခါမှာတော့ ၄ရာစု နဲ့ ၅ရာစုကြားက ဖန်တီးခဲ့တယ်လို့ သိရတာကြောင့် ဒီခြေအိတ်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၅၀၀ကျော်ပြီ ဖြစ်ပါတယ်။ three-ply သိုးမွှေးကို အသုံးပြုပြီး အပ်တစ်ချောင်းတည်းနဲ့ ထိုးတဲ့နည်းပညာကို သုံးကာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ Victoria and Albert ပြတိုက်မှာ ပြသထားပါတယ်။

၂။ ရှေးအကျဆုံး အညွှန်းစာ (နှစ်ပေါင်း ၅၀၀၀ကျော်)

အခုမြင်ရတဲ့ ရွံ့ချပ်ပြားက ကမ္ဘာ့ရှေးအကျဆုံးအညွှန်းစာဖြစ်ပြီး ဆူမားရီးယန်းလူမျိုးတွေက ဘီစီ ၃၀၀၀ ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မက်ဆိုပိုတေးမီးယားနယ်မြေက ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီရွှံ့ချပ်ဟာ ဘီယာဖော်စပ်နည်းအညွှန်းစာဖြစ်ပါတယ်။ ဘီယာဟာ ဘီစီ ၉၅၀၀ ခန့်ကတည်းက ပေါ်နေပြီဆိုပေမယ့် အထောက်အထားမရှိပါဘူး။ ဒီရွံ့ချပ်ကတော့ အကောင်းဆုံးသက်သေဖြစ်ပါတယ်။

၃။ ရှေးအကျဆုံး နေကာမျက်မှန် (နှစ်ပေါင်း ၈၀၀ကျော်)

ကမ္ဘာ့ရှေးအကျဆုံး နေကာမျက်မှန်ကိုတော့ ကနေဒါနိုင်ငံ Baffin ကျွန်းကနေ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်နေကာမျက်မှန်လို နေကိုတိုက်ရိုက်ကာတဲ့ မျက်မှန်တော့မဟုတ်ပါဘူး။ ဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ဒီမျက်မှန်ကို နှင်းတွေကနေ ရောင်ပြန်တဲ့နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးခဲ့တာဖြစ်ပြီး အေဒီ ၁၂ရာစု ဝန်းကျင်က Thule လူမျိုးတွေက ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီမျက်မှန်ကို ကနေဒါသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၄။ ရှေးအကျဆုံးလူပုံစံရုပ်တု (လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀၀ နှင့် ၄၀၀၀၀ ကြား)

Venus of Hohle Fels လို့အမည်ပေးထားတဲ့ ဒီလူ့ပုံရုပ်တုတွေကို သမိုင်းမတွင်မီခေတ်က အမွှေးရှည်ဆင်ကြီးတွေရဲ့ အစွယ်နဲ့ ထုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီရှေးအကျဆုံးရုပ်တုတွေကို ဂျာမနီနိုင်ငံ Schelklingen မြို့အနီးက ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်တုတွေကို ဂျာမနီနိုင်ငံ Blaubeuren မြို့ သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၅။ ရှေးအကျဆုံး ရှုးဖိနပ် (လွန်ခဲ့သောနှစ်ပေါင်း ၅၅၀၀ ခန့်)

ဒီရှုးဖိနပ်ကိုတော့ Areni-1 shoe လို့သိကြပါတယ်။ ၂၀၀၈ခုနှစ်က အာမေးနီးယားမှာရှိတဲ့ Areni-1 ဂူထဲက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လည်သာနဲ့ ပြုလုပ်ထားတဲ့ ဒီဖိနပ်ဟာ ဆိုဒ်နံပါတ် ၇ (European size 38, UK women’s size 5)သာ ရှိတာကြောင့် အမျိုးသမီးတစ်ဦးရဲ့ဖိနပ်လို့ ခန့်မှန်းကြပေမယ့် အတိအကျတော့ မမှန်ကန်နိုင်ပါဘူး။ စတင်တွေ့ရှိစဉ်က ဒီဖိနပ်ရဲ့သက်တမ်းကို နှစ် ၆၀၀-၇၀၀ ခန့်သာ ခန့်မှန်းခဲ့ကြပေမယ့် ကာဘွန်နည်းနဲ့ သက်တမ်းစစ်လိုက်တဲ့အခါမှာတော့ နှစ်ပေါင်း ၅၅၀၀ ခန့် ရှိနေပြီ ဆိုတာ အံဩစွာသိရှိလိုက်ရပါတယ်။ ဒီရှေးအကျဆုံးဖိနပ်ကို အာမေးနီးယားသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၆။ ရှေးအကျဆုံး ပုလွေ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့်)

ကမ္ဘာ့ရှေးအကျဆုံး တူရိယာကတော့ ဂျာမဏီနိုင်ငံ Hohle Fels ဂူထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ပုလွေတစ်ချောင်းဖြစ်ပါတယ်။ အပိုင်းအစ ၁၂ခုကို ပြန်ဆက်ခဲ့ရခြင်းဖြစ်ပါတယ်။ အပေါက်ငါးပေါက်ပါတဲ့ ဒီတူရိယာရဲ့ သက်တမ်းကို ကာဘွန်နည်းနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ နှစ်ပေါင်း ၃၅၀၀၀ နဲ့ ၄၃၀၀၀ ကြား ရှိပြီလို့ သိရပါတယ်။ အရှည် ၈လက်မခွဲရှိပြီး vulture ငှက်ရဲ့ အရိုးကို ထွင်းထားတယ်လို့ သိရပါတယ်။

၇။ ရှေးအကျဆုံးဘောင်းဘီ (လွန်ခဲ့သောနှစ်ပေါင်း ၃၃၀၀ ခန့်)

ဒီဘောင်းဘီကိုတော့ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ သက်တမ်း နှစ်ပေါင်း ၃၃၀ဝခန့်ရှိပြီး လက်ယက်ဘောင်းဘီအမျိုးအစားပါ။ တွေ့ဖူးသမျှ ဘောင်းဘီတွေထဲက ရှေးအကျဆုံး တစ်ခုဖြစ်တဲ့ ဒီဘောင်းဘီကို မြင်းစီးဖို့အတွက် သီးသန့်ဖန်တီးထားတာဖြစ်တယ် လို့ ခန့်မှန်းထားကြပါတယ်။

၈။ ရှေးအကျဆုံး အိမ်သာ ( နှစ်ပေါင်း ၂၀၀ဝခန့်)

ဒီအိမ်သာကိုတော့ တူရကီက ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Ephesus မြို့မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ အများသုံးအိမ်သာဖြစ်ပြီး အောက်ဘက်မှာ ရေတွေကို စီးဆင်းနေစေရန်ဖန်တီးထားပြီး အဲဒီရေတွေဟာ အညစ်အကြေးတွေကို အဝေးကိုသယ်ဆောင်သွားပြီး မြစ်ထဲကို ပို့ဆောင်စေပါတယ်။

၉။ ရှေးအကျဆုံး ဘရာစီယာ (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်)

ဒီဘရာစီယာကတော့ အလယ်ခေတ်မှာ အသုံးပြုခဲ့တဲ့ ဘရာစီယာဖြစ်ပြီး ဩစကြီးယား Innsbruck တက္ကသိုလ်က သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလယ်ခေတ်စာတွေထဲမှာတော့ ဘရာစီယာကို breastbags လို့ဖော်ပြလေ့ရှိပါတယ်။ သက်တမ်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီဘရာစီယာကို ဩစတြီးယားမှာ အေဒီ ၁၃၉၀ နဲ့ ၁၄၈၅ကြားမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၁၀။ ရှေးအကျဆုံး ခြေတု ( လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်)

ဒီခြေတုကိုတော့ မန်ချက်စတာတက္ကသိုလ်က ပညာရှင် Jacky Finch က အီဂျစ်နိုင်ငံ Luxor မြို့အနီးကတွေ့ရှိခဲ့တဲ့ အမျိုးသမီးမံမီရုပ်အလောင်းတစ်ခုရဲ့ ခြေထောက်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘီစီ ၉၅၀ ကနေ ဘီစီ ၇၁၀ အတွင်း ဒီခြေတုကို ဖန်တီးခဲ့တာဖြစ်ပြီး သုတေသနပညာရှင်တွေရဲ့စစ်ဆေးချက်အရ ဒီခြေတုဟာ တကယ်အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၁။ ရှေးအကျဆုံး ပိုက်ဆံအိတ် (လွန်ခဲ့သော နှစ်ပေါင်း ၄၂၀ဝခန့်)

ဒီပိုက်ဆံအိတ်ကိုတော့ ဂျာမနီနိုင်ငံ လိုက်ပဆစ်မြို့ သင်္ချိုင်းတစ်ခုထဲကနေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘီစီ ၂၂၀၀ ခန့်က ဖန်တီးခဲ့တဲ့ ဒီပိုက်ဆံအိတ်မှာ ထူးခြားတာကတော့ အပြင်ဘက်ခြမ်းကို ရာပေါင်းများစွာသော ခွေးသွားတွေ စိုက်ထားခြင်းဖြစ်ပါတယ်။ အဲဒီခေတ်အခါက ခွေးသွားတွေကို လက်ကိုင်အသုံးအဆောင်တွေမှာ တပ်ဆင်လေ့ရှိပြီး ပိုက်ဆံအိတ်ပိုင်ရှင်သေဆုံးသွားတဲ့အခါ သူနဲ့အတူမြုပ်နှံခဲ့တာလို့ ခန့်မှန်းကြပါတယ်။

၁၂။ ရှေးအကျဆုံး ကွန်ဒုံး (လွန်ခဲ့သောနှစ်ပေါင်း ၃၇ဝခန့်)

ဝက်အူ နဲ့ ပြုလုပ်ထားတဲ့ ဒီကွန်ဒုံးကို ၁၆၄ဝခုနှစ်က ဆွီဒင်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။(တချို့ကတော့ သိုးအရေပြားနဲ့ ဖန်တီးတယ်လို့ဆိုပါတယ်) တစ်ခါသုံးမဟုတ်ပဲ အကြိမ်ကြိမ်သုံးလို့ရတဲ့ ကွန်ဒုံးဖြစ်ပါတယ်။ သုံးပြီးတဲ့အခါ နွေးနေတဲ့နွားနို့နဲ့ သန့်ရှင်းရေးပြုလုပ်နည်းကို ပိုင်ရှင်က ဘက်တင်ဘာသာရဲ့ ရေးသားခဲ့ပါသေးတယ်။ ဒီလိုသန့်ရှင်းရေးလုပ်ခြင်းအားဖြင့် လိင်နဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

၁၃။ ရှေးအကျဆုံး ပီကေ

သက်တမ်း နှစ် ၅၀၀၀ ခန့်ရှိပြီဖြစ်တဲ့ ဒီပီကေအပိုင်းအစကိုတော့ ဖင်လန်နိုင်ငံ က ကျောက်ခေတ်နှောင်းပိုင်းလူသားတွေ နေခဲ့တဲ့နေရာကနေ တွေ့ရှိခဲ့တာပါ။ Birchbark ပင်ကရတဲ့ အစေးနဲ့ပြုလုပ်ထားတာဖြစ်ပြီး ကျောက်ခေတ်နှောင်းပိုင်းလူသားတွေဟာ ဒီအရာကို ပါးစပ် သန့်ရှင်းရေးအတွက်အသုံးပြုတဲ့အပြင် ကော်အဖြစ်လည်းအသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၄။ ရှေးအကျဆုံးဂီတမှတ်တမ်း (လွန်ခဲ့သောနှစ်ပေါင်း ၃၄၀ဝခန့်)

ရွံ့စေးတဲ့မှတ်တမ်းတင်ထားတဲ့ ဒီဂီတသင်္ကေတကိုတော့ ဆီရီယားနိုင်ငံ Ugarit မြို့အနီးက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာဟာ ကြေးဝါခေတ်နှောင်းပိုင်းလူသားတွေ နေခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒီဂီတသင်္ကေတကိုတော့ lyre လို့ခေါ်တဲ့ ရှေးခေတ် ကြိုးခုနှစ်ပင်တပ်စောင်းနဲ့ တီးခတ်ရတာဖြစ်ပြီး ဒီရွံ့စေးပြားကို ဘီစီ ၁၄၀၀ ခန့်က ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

၁၅။ ရှေးအကျဆုံး ဒင်္ဂါးပြား (လွန်ခဲ့သောနှစ်ပေါင်း ၂၇၀ဝခန့်)

ဒီရှေးဟောင်းဒင်္ဂါးပြားကိုတော့ တူရကီနိုင်ငံက တချိန်က ဂရိရှေးဟောင်းမြို့ဖြစ်ခဲ့တဲ့ Efesos မြို့အနီးကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ electrum နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ electrum ကတော့ ရွှေ နဲ့ ငွေတို့ဟာ သဘာဝအတိုင်းပေါင်းစပ်ဖြစ်လာတဲ့ သတ္တုစပ်တစ်မျိုးပါ။ အေးရှားမိုင်းနားက Lydia ဘုရင့်နိုင်ငံမှာ ဘီစီ ၇၀၀ ခန့်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒင်္ဂါးပြားတစ်ဖက်ကို သာ ခြင်္သေ့ဦးခေါင်းပုံ ဒီဇိုင်းဖော်ထားပါတယ်။

သုတဇုန်

Leave a Reply