ေဘ့စ္​ဂစ္​တာသမား ဘဝက​ေန ကမၻာ့အ​ေတာ္​ဆုံး သိပၸံပညာရွင္​ အ​ေယာက္​၁၀၀ ထဲပါတဲ့ ျမန္​မာတစ္ေယာက္ (သုိ႔) ေဒါက္​တာ ​ေစာ​ေဝလွ

Posted on

ေရးသားသူ – ခက္ေဇာ္(The Voice)

တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္က် ဘ၀မွာနိုင္ငံတကာကသိတဲ့ဂစ္တာသမားတစ္ေယာက္ျဖစ္ရမယ္

၁၉၈၂ ခုနွစ္ …..
စိန္ၾသဂတ္စတင္းေက်ာင္းသား ၊ လီယိုေဟမာန္ တီး၀ိုင္းရဲ႕ (၁၆)နွစ္သား ေဘ့စ္ဂစ္တာသမားေလး ေစာေ၀လွ ရဲ႕ တစ္ခ်ိန္က ရည္မွန္းခ်က္ ။ aစာေ၀လွ အေဖက မဆလအစိုးရလက္ထက္ စက္မႈ(၂) ၀န္ၾကီးဌာန မွာ ဒု၀န္ၾကီးတာ၀န္ယူခဲ့ဖူးသည္ ။မိခင္ျဖစ္သူ ေက်ာင္းဆရာမ ။ စစ္ေတြဇာတိ မိဘနွစ္ပါးကေန ေမြးလာတဲ့ ရန္ကုန္သား ရခိုင္လူမ်ိဳးေလး ေစာေ၀လွ ရဲ႕ ဂစ္တာသမားဘ၀က ေအာင္ျမင္ခဲ့သည္ ။

အခ်ိန္တိုအတြင္း မာလာေဆာင္ေရွ႕အုတ္ခံုမွသည္ ျမန္မာ့အသံတြင္ သီခ်င္းသံုးပုဒ္လႊင့္ခြင့္ရခဲ့သည္ ။ သၾကၤန္စင္ျမင့္မ်ားထက္တြင္ လီယုိ နွင့္အတူ ေဘ့စ္သမားဘ၀ကို ေအာင္ျမင္စြာေက်ာ္ျဖတ္ေနခဲ့ျပီ ။ ဂစ္တာသည္သာ ဘ၀ ၊ ဂစ္တာသည္ သာ ရည္မွန္းခ်က္ ။ စာသင္နွစ္မ်ားမွာလည္း အတန္းမွန္မွန္မတက္ ၊ ဂစ္တာကို စာအုပ္ေတြထက္ ပိုဖက္တြယ္မိခဲ့သည့္ ေစာေ၀လွ ။ သို႕ေသာ္လည္း ဘုရားေပးသည့္ ဥာဏ္ပညာကား ေစာေ၀လွဘက္မွာ ရွိသည္ ။ ဂစ္တာတီးရင္းတစ္နွစ္တစ္တန္းမွန္မွန္တက္ကာ တကၠသိုလ္ေန႕စြဲမ်ားကို အလြယ္တကူျဖတ္ေက်ာ္နိုင္ခဲ့၏။

၁၉၈၅ ရူပေဗျဖင့္ ဘြဲ႕ရခဲ့ျပီ ။ ဘြဲ႕ရလ်င္ အလုပ္လုပ္ရေတာ့မည္ ။ ေစာေ၀လွက ဂစ္တာပဲ တီးခ်င္သည္ ။ ဒီေတာ့ ဘာလုပ္ရမလဲ ။ ရူပေဗဒ ဘာသာရပ္ျဖင့္ မာစတာဆက္တတ္သည္ ။ ေက်ာင္းသားဘ၀ မွာပဲ ဂစ္တာ က လြတ္လြတ္လပ္လပ္တီးခြင့္ရွိမည္ မဟုတ္လား ။ မာစတာတက္ရင္း ဂစ္တာတီးသည္ ။ လီယို၀ိုင္းေတာ္သားမ်ားျဖင့္ ပြဲေတာ္ေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့သည္။ အင္းလ်ားလိတ္မွ မဂၤလာေဆာင္ပြဲေတြမွာလည္း တစ္ပတ္ကို သံုးရက္ေလာက္ လီယိုက တီးရသည္ ။ စတိတ္ရႈိးေတြ ၊ ေမြးေန႕ပြဲေတြမွာ ဆူဆူညံညံသိပ္မရွိေသာ လီယို ကို ငွားရမ္းၾကသည္ ။ ဂစ္တာတီးသည့္ ေငြျဖင့္ ကိုယ့္ဘာသာကိုယ္ ရပ္တည္နိုင္ခဲ့သည္ ။

၁၉၈၆ မွာ စက္မႈေက်ာင္းကဘြဲ႕ရသူငယ္ခ်င္းေတြ ၊ ရာဇူးက သူငယ္ခ်င္းမ်ားအဆြယ္ေကာင္းသျဖင့္ တပ္မေတာ္ဗိုလ္ေလာင္းသင္တန္းေက်ာင္း OTS ၀င္ခြင့္ကို သြားေျဖလိုက္သည္ ။ တကၠသိုလ္မွ ဆရာမ်ားကလည္း သူ႕ကို ေက်ာင္းတြင္ သရုပ္ျပဆရာျပန္လုပ္ရန္ တိုက္တြန္းၾကသည္ ။ ဒါလည္း သြားေလ်ွာက္လိုက္သည္ ။ ေလ်ွာက္ထားသည့္ အလုပ္နွစ္ခုလံုးက မီးစိမ္းျပလာျပီ ။ တကၠသိုလ္ေက်ာင္းဆရာလုပ္မလား ။ စစ္ဗိုလ္လုပ္မလား ။ စာသင္ခန္းနွင့္ စစ္ေျမျပင္ ၊ တိုက္ပံုအကၤ်ီနွင့္ ယူနီေဖာင္း ၊ ေျမျဖဴခဲနွင့္ ေသနတ္ ၊ လက္ခ်ာစင္ျမင့္နွင့္ ပခံုးေပၚက အပြင့္..။

တလက္လက္ေတာက္ပေနသည့္ အနာဂတ္မ်ားအား ခြ်န္ျမရင္း လမ္းဆံုမွာ ေရာက္ေနသည့္ လူငယ္ေစာေ၀လွ ။ ဘာကိုေရြးမလဲ ။ အသက္ေမြး၀မ္းေၾကာင္းတစ္ခုကို လုပ္ကိုင္ရင္း ဘ၀ရဲ႕ တပ္မက္အရူးသြပ္ဆံုး ဂစ္တာကို ကိုလဲ ကိုင္ခြင့္ရမည့္ အလုပ္မ်ိဳးက ဘာျဖစ္မလဲ ။စစ္တပ္မွာေတာ့ ဂစ္တာ ကို ကိုင္ခြင့္ရမည္မဟုတ္ ။ တကၠသိုလ္ဆရာဘ၀ နဲ႕ ဂစ္တာတီးလို႕ က အိုေကမည္ ။ ဒီေတာ့…

“ကြ်န္ေတာ္တို႕ တပ္ထဲ မ၀င္ခ်င္ေတာ့ပါဘူး ။ အဲဒါေလး လာေျပာတာပါ”
“ဘာ..မင္းတို႕ကို ဗိုလ္သင္တန္းတက္ဖို႕ ေရြးျပီးသြားျပီ ။ အခုတမ်ိဳးေတာ္ၾကာတစ္မ်ိဳးနဲ႕ အလုပ္လာရႈပ္တယ္ ။ စစ္တပ္ကြ..စစ္တပ္…မင္းတို႕ ပေထြးအိမ္မဟုတ္ဘူး..”

ေမွာ္ဘီရွိ ဗိုလ္ေရြးအဖြဲ႕မွ အရာရွိမ်ား၏ ဆဲသံကို ေစာေ၀လွနွင့္ သူငယ္ခ်င္းျဖစ္သူတို႕ ဇက္ကေလးပုကာ နားေသာတဆင္ရင္း ကုတ္ကုတ္ေလးထြက္လာခဲ့ရသည္ ။မတတ္နိုင္ ဂစ္တာနွင့္စစ္သားဘယ္လိုမွမအပ္စပ္သူတို႕က ေသနတ္တိုက္ျခင္တာမဟုတ္..ေဘ့စ္ဂစ္တာေလးကို ၾကိဳးညိွ႕ျပီး တီးလံုးေတြပဲ တိုက္ခ်င္တာ။ မတတ္နုိင္ ။

၁၉၈၇ ခုနွစ္မွာေတာ့ ျမန္မာ့နိုင္ငံေရးအေျခအေနက ခပ္ယဲ့ယဲ့ေစာေ၀လွကရန္ကုန္တကၠသိုလ္ရူပေဗဒဌာနမွ သရုပ္ျပဆရာေလး..။ တီး၀ိုင္းက သူငယ္ခ်င္းေတြက နိုင္ငံျခားထြက္သြားၾကသျဖင့္ လီယိုလည္း ပ်က္သြားျပီ (၈၈)အေရးအခင္းၾကီးျဖစ္ျပီ တပည့္ေက်ာင္းသားေတြၾကားသူငယ္ခ်င္းဆရာေတြၾကား လႈပ္လႈပ္ရွားရွားေလးျဖစ္ကုန္သည္ ။ ေစာေ၀လွက လစ္ဘရယ္သမား ။ ဒီေတာ့ သိပ္ေတာ့ ျပင္းျပင္းထန္ထန္ၾကီး ၀င္မပါျဖစ္လိုက္ ။ ဒီလိုနွင့္ တံတားျဖဴသည္ နီသြားခဲ့ျပီ ။ ဂ်ပ္ဆင္သည္လည္း လရိပ္ျပာျပာေအာက္မွာ ငုတ္တုတ္ေမ့ေနခဲ့ျပီ ။ သစ္ပုပ္ပင္ၾကီးလည္း အရိပ္ခိုသူေတြမဲ့ခဲ့ျပီ ။ေက်ာင္းၾကီးက တစ္ေမ်ွာ္တစ္ေခၚပိတ္သြားခဲ့ေလျပီ ။

စာသင္ဆဲ MSC ေက်ာင္းသားတစ္ျဖစ္လဲ ေက်ာင္းဆရာေလး ေစာေ၀လွ ေက်ာင္းပိတ္ျပီဆိုေတာ့ အလုပ္မရွိျဖစ္သြားသည္ ။ ဂစ္တာတီးတုန္းက စုထားတဲ့ပိုက္ဆံ ၊ ေက်ာင္းဆရာဘ၀က စုထားတဲ့လစာ ၊ မိဘေတြဆီက နည္းနည္းပါးပါးနွင့္ ေစာေ၀လွ စီးပြားေရးေလာကထဲ ၀င္သည္ ။ စီးပြားေရးေလာကဆိုလို႕ ၾကီးၾကီးက်ယ္က်ယ္ေတာ့မဟုတ္ ။ အဲ့ဒီတုန္းက ေခတ္ေရစီးက ဗီဒီယိုေခတ္ဦးမဟုတ္လား ။ ဒီေတာ့ ေစာေ၀လွ ဗြီဒီယိုအေခြအငွားဆိုင္ေလးတစ္ခု တံတားျဖဴမွာ ဖြင့္သည္။ ဗြီဒီယို ေအာက္စက္ (၅)လံုးနွင့္ အေခြေတြ ေကာ္ပီကူးရျပီ ။ ဂစ္တာတီးခ်င္တဲ့ ေက်ာင္းဆရာ အေခြဆိုင္ထိုင္ျပီး စာရင္းေတြမွတ္ရျပီ ။ တစ္နွစ္ၾကာေတာ့ လုပ္ငန္းက ထင္သေလာက္မေအာင္ျမင္လာခဲ့ ။

ေစာေ၀လွ ေငြေနာက္လိုက္ဖို႕ ေလာကၾကီးထဲ ၀င္ခဲ့သည္ ။ ရွမ္းျပည္နယ္ ၀န္းသိုဘက္ကို ထြက္ျပီး သစ္အေရာင္းအ၀ယ္လုပ္ငန္းဘက္ေျခဦးလွည့္ခဲ့သည္ ။ ဂစ္တာတီး ၊ စာသင္ ၊ အေခြငွား ျမိဳ႕ေပၚက အနုသမားဘ၀ က အခု တစ္ေတာ၀င္ တစ္ေတာထြက္ သစ္၀ယ္ထြက္ခဲ့ရျပီ ။ တကယ့္ဘ၀ ၊ တကယ့္တိုက္ပြဲ ၊ တကယ့္စီးပြားေရးဂြင္ထဲမွာ ေစာေ၀လွ က်င္လည္ခဲ့သည္ ။ အက်ိဳးအျမတ္ရသမ်ွ ရဲကိုေပးရသည္ ။ သစ္ေတာကိုေပးရသည္ ။ မ၀တကို ေပးရသည္ ။ ေပးရသည္ ။ေပးရသည္ ။ တကယ့္ လာဘ္ေပးလာဘ္ယူဇုန္ၾကီးထဲမွာ ေစာေ၀လွ က သူတို႕ကို လုပ္ေကြ်းသလိုျဖစ္ေန၏ ။ ဒီေတာ့ ရန္ကုန္ကို ေနာက္ေၾကာင္းျပန္လွည့္လိုက္သည္ ။ သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကလည္း နိုင္ငံျခားေရာက္ကုန္ျပီ ။ ေက်ာင္းေတြကလည္း ဖြင့္ဖို႕ကမေသခ်ာ ။ ဒီေတာ့ ေစာေ၀လွ နိုင္ငံျခားကို ေျခဆန္႕ဖုိ႕ ျပင္သည္ ။

ပတ္စ္ပို႕ ၊ ဗီဇာရျပီးေနာက္ (၆၄)ေဒၚလာကို အိတ္ကပ္ထဲထည့္ကာ ထိုင္းနိုင္ငံသို႕ ထြက္ခြာခဲ့သည္ ။ေဒါင္က်က် ျပားက်က် ဘ၀ကို အဓိပါယ္ရွိရွိေတာ့ ထူေထာင္ရေတာ့မည္ ။ ဘန္ေကာက္ေလဆိပ္တြင္ လီယိုတီး၀ိုင္းတုန္းက သူငယ္ခ်င္း ကိုေအာင္မင္းတို႕က လာၾကိဳသည္ ။ ကိုေအာင္မင္းတို႕ဆီမွာ သူတည္းရမည္ ။ သို႕ေသာ္ ေရာက္ေရာက္ျခင္း ကိုေအာင္မင္းတို႕ ေနသည့္ေနရာကို သူမသြားရေသး ။ ကိုေအာင္မင္း တို႕က ဘန္ေကာက္ရွိ ဘားမ်ားတြင္ ဂစ္တာလိုက္တီးေနသည္။ အခုလည္း ဘားမွာ ဂစ္တာသြားတီးရမည္ ။ ဒီေတာ့ ေစာေ၀လွ ဘားကို လိုက္ခဲ့ ။ ပြဲျပီးမွ အိမ္အတူျပန္ၾကမည္ ။

ဘန္ေကာက္ေရာက္ေရာက္ျခင္း ေသတၱာကို ဆြဲကာ ကိုေအာင္မင္းတို႕ဂစ္တာတီးမည့္ ဘားကို လိုက္သြားလိုက္သည္ ။ ဟိုေရာက္ေတာ့ ရုပ္ရွင္မင္းသားကိုျမင့္တို႕လည္း တီး၀ိုင္းအဖြဲ႕မွာ ပါေနသည္ ။ေသတၱာေလးကိုခ်ကာ သူတို႕တီးတာထိုင္ၾကည့္ရင္း ကိုေအာင္မင္းတို႕က ၀င္တီးဖို႕ ဖိတ္ေခၚသည္ ။ျမန္မာျပည္သား ေဘ့စ္ဂစ္တာလစ္ ေစာေ၀လွ ၏ ဂီတ ကို ဘန္ေကာက္သို႕ ပထမဆံုးေျခခ်သည့္ေန႕မွာပင္ ထိုင္းေတြကို ျပသခြင့္ရခဲ့သည္ ။ ေစာေ၀လွတစ္ေယာက္ ဘန္ေကာက္ေရာက္ေရာက္ျခင္းကိုေအာင္မင္းတို႕နွင့္အတူ ဂစ္တာတီးသည့္ အလုပ္ကို ရျပီ ။ကိုေအာင္မင္းတို႕နွင့္အတူေနသည္။

ကိုေအာင္မင္းတို႕ေနတာက ဘန္ေကာက္ ေအးဘတ္တကၠသိုလ္၀န္းထဲတြင္ ။ ဒီေတာ့ တကၠသိုလ္ထဲတြင္ ျမန္မာျပည္မွထြက္ခြာလာၾကသည့္ တကၠသိုလ္ဆရာအသိုင္းအ၀ိုင္းကလည္း ရွိေနသည္ ။ ဘန္ေကာက္ေရာက္ျပီး ေနာက္တစ္ေန႕တြင္ပင္ ေစာေ၀လွ မာစတာတန္းတက္ခဲ့စဥ္က ဆရာရင္း ေဒါက္တာခိုင္ညြန္႕နွင့္ တကၠသိုလ္တြင္းလမ္းတစ္ခုတြင္ ဆံုမိၾကသည္ ။ ဘန္ေကာက္တြင္ အင္ဂ်င္နီယာေကာလိပ္ကို စဖြင့္စအခ်ိန္ျဖစ္သျဖင့္ ဆရာအင္အားက လိုေနသည္ ။ ထိုင္းနိုင္ငံရွိ တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားက ျမန္မာနိုင္ငံရွိ တကၠသိုလ္ေပါင္းစံုမွ အလုပ္ထြက္လာၾကသည့္ ပညာရွင္ျမန္မာဆရာတို႕၏ အင္အားျဖင့္ သူတို႕နိုင္ငံ၏ ပညာေရးကို တည္ေဆာက္ေနခ်ိန္ ။ ရန္ကုန္ RIT မွ ေဒါက္တာ၀င္းတင္ ၊ ေဒါက္တာခိုင္ညြန္႕တို႕က ေစာေ၀ ကို ဘန္ေကာက္မွာ တကၠသိုလ္ဆရာလုပ္ဖို႕ ကမ္းလွမ္းသည္ ။

အိုေခ…ေစာေ၀ ေခါင္းညိတ္လိုက္ျပီ ။ ဘန္ေကာက္သို႕ေရာက္ျပီး နွစ္ရက္အတြင္းတြင္ ဂစ္တာတီးသည့္အလုပ္ေရာ ၊ တကၠသိုလ္ဆရာအလုပ္ကိုပါ ေစာေ၀လွ တစ္ျပိဳင္တည္းရရွိလိုက္သည္ ။ကံၾကမၼာကား ကိုယ့္ဘက္မွာ ေစာေ၀လွဘက္မွာ အသာစီး ။ ရုပ္ရွင္မင္းသား ကိုျမင့္တို႕နွင့္အတူ ဘန္ေကာက္တြင္ တစ္နွစ္ဂစ္တာတီးသည္ ။ေန႕ပိုင္းတြင္ စာသင္ ညပိုင္းတြင္ ဘားမွာ ဂစ္တာလိုက္တီးသည္ ။ ဘန္ေကာက္ရွိ စီယံပတ္ခ္ ဆိုသည့္ေနရာတြင္ စေနတနဂၤေႏြ အားလပ္ရက္မ်ားတြင္ ဂစ္တာတီးသည္ ။ ဘန္ေကာက္ေန႕စြဲမ်ားသည္ ေစာေ၀လွအတြက္ အေပ်ာ္ရႊင္ဆံုးျဖတ္သန္းမႈမ်ားျဖစ္ခဲ့ရ၏ ။ ကိုယ္တီးခ်င္သည့္ ဂစ္တာလည္း တီးရသည္ ။ စာသင္သည့္အလုပ္ကိုလည္း မစြန္႕လႊတ္ရ ။ ဒီလိုနွင့္ တစ္နွစ္ေက်ာ္ကာလကို အသာေလးျဖတ္သန္းသြားနိုင္ခဲ့၏ ။

တစ္ရက္ေတာ့ အီတလီနိုင္ငံတြင္ ရူပေဗဒဘြဲ႕လြန္သင္တန္းတစ္ခုအတြက္ စေကာလားရွစ္ေလ်ွာက္လႊာတစ္ေစာင္ ကို ေစာေ၀လွ သြားေတြ႕သည္ ။ လွမ္းေလ်ွာက္ၾကည့္သည္ ။ စေကာလားရွစ္ရသည္ ။အဆင္ေျပသည္ ။ ဒီေတာ့ ထိုင္းတကၠသိုလ္ကလည္း အီတလီသြားရန္ ခြင့္ျပဳလိုက္သည္။ လစာရေနမည္ ။ ပညာသင္ျပီးျပန္လာလ်ွင္ ဒီတကၠသိုလ္တြင္ပင္ ရာထူးတိုး လစာတိုးျဖင့္ ဆရာျပန္၀င္လုပ္ ။ ထိုင္းေတြက အကြက္ျမင္သည္ ။ ပညာတတ္၏ တန္ဖိုးကို သိသည္ ။ ဆြဲေဆာင္သည္ ။ ထိုကာလတြင္ ျမန္မာျပည္တြင္ေတာ့ ေက်ာင္းမ်ားက တံခါးပိတ္ထားဆဲ ။

ဘန္ေကာက္မွသည္ အီတလီ သို႕ ျမန္မာျပည္သားေဘ့စ္ဂစ္တာသမား ရူပေဗဒဆရာေပါက္စ ေစာေ၀လွ ခရီးဆက္ျပီ ။ ထိုစဥ္က ကမၻာ့အင္အားၾကီးနွစ္နိုင္ငံျဖစ္ေသာ အရင္းရွင္အေမရိကန္နွင့္ ကြန္ျမဴနစ္ဆိုဗီယက္တို႕၏ စစ္ေအးတိုက္ပြဲေနာက္ဆံုးနွစ္မ်ားျဖစ္သည္ ။ အနုျမဴသီအိုရီနွင့္ပတ္သက္ျပီး နွစ္နိုင္ငံၾကားျပိဳင္ဆိုင္မႈကား ျပင္းထန္ေနခ်ိန္ ။ ကမၻာ့ကုလသမဂၢ၏ အဖြဲ႕ခြဲတစ္ခုျဖစ္ေသာ ယူနက္စကို ၏ ေအာက္တြင္ ICDP ေခၚ နိုင္ငံတကာရူပေဗဒေလ့လာေရးဌာနရွိသည္ ။ ICDP တြင္ အေမရိကန္အုပ္စုမွ အနုျမဴသိပၹံပညာရွင္မ်ားနွင့္ ရုရွအုပ္စုဘက္မွ အနုျမဴသိပၹံပညာရွင္မ်ား တစ္နွစ္လ်ွင္ (၅၀၀၀)ခန္႕တက္ေရာက္ကာ ေဆြးေႏြးပြဲမ်ားျပဳလုပ္သည့္အစီအစဥ္က်င္းပၾကသည္ ။ ယင္းအစီအစဥ္မွတဆင့္ မ်ိဳးဆက္သစ္သိပၹံပညာရွင္မ်ားေမြးထုတ္ရန္ ပရိုဂရမ္တစ္ခုေရးဆြဲၾကသည္ ။

တစ္ကမၻာလံုးမွ မ်ိဳးဆက္သစ္သိပၹံပညာရွင္ (၁၀) ဦးကို ေရြးခ်ယ္ကာ ပညာသင္ဆုေပးရန္ စီစဥ္ခဲ့ၾကသည္ ။ တစ္ကမၻာလံုးမွ လူေျခာက္ရာ ၀င္ေလ်ွာက္ၾကသည္ ။ေစာေ၀လွက အေရြးခံရသည့္ (၁၀)ေယာက္ထဲ ပါသြားသည္ ။ အီတလီတြင္အင္တာဗ်ဴးေျဖရမည္ ။ေစာေ၀လွ ဗန္ေကာက္မွတဆင့္ ေရာမျမိဳ႕သို႕ ေရာက္သည္ ။ ထိုမွတဆင့္ အီတလီနွင့္ ဆလိုေဗးနီးယား နယ္စပ္ရွိ တူးရစ္ဆိုသည့္ ပင္လယ္ကမ္းေျချမိဳ႕ေလးသို႕ ခရီးဆက္ရသည္ ။ ဥေရာပသားဆရာေတြက ရွင္းရွင္းပဲေျပာသည္ ။ စာသင္မည္ ။ စာေမးပြဲစစ္မည္ ။ အမွတ္မေကာင္းလ်င္ လာရာလမ္းကို ျပန္ပို႕မည္ ။

သံုးလျပည့္ေတာ့ ေစာေ၀လွ ရန္ကုန္တကၠသိုလ္မွာ သိထား တတ္ထားသမ်ွ ပညာရပ္က ကုန္ျပီ ။ က်န္တာေတြ ဘာမွ မသိေတာ့ ။ အေနာက္သားေတြၾကားမွာ ကိုယ္က တစ္ဦးတည္းေသာ ျမန္မာ ။ေနာက္ဆုတ္လို႕ကမျဖစ္ ။ ေရွ႕တိုးဖို႕ပဲ ရွိေတာ့သည္ ။ ဒီေတာ့ ဘုရင့္ေနာင္ေဖာင္ဖ်က္ ေစာေ၀လွ ေရွ႕သို႕သာ ကုန္းရုန္းတက္ရေခ်ျပီ ။ ပထမသံုးလပတ္စာေမးပြဲ စစ္သည္ ။ ဆယ္ေယာက္မွာ နွစ္ေယာက္က်သည္ ။ က်သည့္ ထဲ ျမန္မာျပည္သား ေစာေ၀လွ မပါ ။ အဆင့္ B နွင့္ ေအာင္သည္ ။ စာေမးပြဲက်သည့္ ရိုေမးနီးယားနွင့္ က်ဴးဘားသားနွစ္ေယာက္ အိမ္ျပန္သြားရျပီ ။ B ေရွ႕မွာ A ရွိေသးသည္ ။

ဒုတိယ စာသင္နွစ္က် ဘာသာရပ္အားလံုးတြင္ ေစာေ၀လွ ရသည္က B ေရွ႕က A ။ တတိယစာသင္နွစ္မွာ ဒီဂရီရေတာ့…စာသင္သားအားလံုးထဲမွာ ေစာေ၀လွ သည္ ပထမ ။ျမန္မာျပည္က လူညိဳေကာင္ေလးသည့္ ပထမ ။ ဒီေတာ့ အီတလီတကၠသိုလ္က ေစာေ၀လွကို PhD ဆက္တက္ဖို႕ ကမ္းလွမ္းလာရျပီ ။ အဂၤလန္ရွိ လစ္ဗာပူးလ္တကၠသိုလ္ကလည္း ျမန္မာျပည္သားေစာေ၀လွ ကို စေကာလာေပးျပီး ကမ္းလွမ္းလာခဲ့ျပီ ။ အျမဲတမ္းလမ္းဆံုမွာ ေရြးရခက္သည့္ ေစာေ၀လွ ။ ဂစ္တာကိုခ်စ္သည့္ေစာေ၀လွ သည္ တစ္ခ်ိန္က စစ္ဗိုလ္ဘ၀နွင့္ ေက်ာင္းဆရာဘ၀တြင္ ဂစ္တာနွင့္ နီးစပ္သည့္ ေက်ာင္းဆရာဘ၀ကို ေရြးခဲ့သလို..။

ယခုတစ္ခ်ိန္တြင္လည္း သူ၏ ဥေရာပေန႕ရက္မ်ား အစျပဳခဲ့ရာ တူးရင့္ျမိဳ႕မွ တကၠသိုလ္ကိုသာ ေရြးခ်ယ္ခဲ့ျပန္သည္ ။ အီတလီနွင့္ စလိုေဗးနီးယားနယ္စပ္ျမိဳ႕ေလး။ ၁၉၉၃ တြင္ PhD ေက်ာင္းသားဘ၀စျပီ ။ ဒီေတာ့ အီတလီနွင့္ စလိုေဗးနီးယားနွစ္နိုင္ငံျခား သုေတသနခရီးေတြ အၾကိမ္ၾကိမ္သြားခဲ့ရသည္ ။ ပထမဆံုး အီတလီမွ ဆလိုေဗးနီးယားဘက္ျခမ္းသို႕ သြားရသည့္ခရီးစဥ္တြင္ အျဖစ္အပ်က္တစ္ခုၾကံဳခဲ့ရျပန္သည္ ။ နယ္စပ္ျမိဳ႕နွစ္ျမိဳ႕ျဖစ္သျဖင့္ ရထားျဖင့္သြားသည့္ခရီးတြင္ ရထားတစ္စင္းလံုးတြင္ အာရွသားကား ေစာေ၀လွတစ္ေယာက္တည္း ။ နယ္စပ္အေရာက္တြင္ အီတလီရဲမွ ပတ္စ္ပို႕လာေရာက္စစ္ရင္း ေစာေ၀လွ ပတ္စ္ပို႕ကို ယူသြားသည္ ။ ပတ္စ္ပို႕ျပန္လာမေပးသျဖင့္ နာရီ၀က္ခန္႕ ရထားတစ္စင္းလံုးေစာင့္ေနၾကရသည္ ။ ခဏေနေတာ့ အီတာလ်ံ ရဲ ျပန္ေရာက္လာသည္ ။

“ဟဲလို မစၥတာ..ဒီ ပတ္စ္ပို႕ က ကမၻာေပၚမွာ မရွိတဲ့နိုင္ငံ ျဖစ္ေနပါတယ္” ေစာေ၀လွ ေခါင္းစားရျပီ ။
“ရွိပါတယ္..ကြ်န္ေတာ္ေျမပံုမွာ လိုက္ျပပါ့မယ္”
အေစာင့္ရဲ နွင့္ ေစာေ၀လွ ရဲစခန္းထဲ ၀င္ျပီး ကမၻာ့ေျမပံုေရွ႕ မတ္တပ္ရပ္ၾကသည္ ။ကပၹလီပင္လယ္ ၊ ဘဂၤလားပင္လယ္ ၊ ခ်ိဳင္းနား ၊ အိႏၵိယၾကား ေဟာ့ဒီမွာ.ေျခတစ္ေပါင္က်ိဳး နိုင္ငံေလး.။ေျမပံုေပၚမွာက အီတလီလိုေရးထားသည္ ။ျမန္မာ မဟုတ္ အီတလီအေခၚ ေဘရ္မန္းနီးယား..တဲ့..။

အီတလီရဲက ေခါင္းတညိတ္ညိတ္နွင့္ ျပံဳးျပျပီး ခြင့္ျပဳလိုက္သည္ ။ စလိုေဗးနီးယားအျခမ္း..ေရာက္ျပန္ျပီ ။ ထံုးစံအတိုင္း စလိုေဗးနီးယားရဲက ေမးသည္ ။ေစာေ၀လွက ေျဖသည္ ။
“ျမန္မာ”

“၀ိုး မေလးရွား”
“နိုး..ျမန္..မာ”

“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”

စာသင္နွစ္တစ္နွစ္ပတ္လံုး စလိုေဗးနီးယားရဲမ်ားအၾကား ျမန္မာသည္ မေလးရွား ၊ မာရာကာစတာ ၊ ဘဟားမား အမ်ိဳးမ်ိဳးျဖစ္ခဲ့ရေလသည္ ။ေစာေ၀လွ PhD ဘြဲ႕ရျပီ ။ေဒါက္တာ ေစာေ၀လွ ျဖစ္ျပီ ။ ပေရာ္ဖက္ဆာေစာေ၀လွျဖစ္ျပီ ။ သိပၹံပညာရွင္ ေစာေ၀လွျဖစ္ျပီ ။အီတလီတကၠသိုလ္တြင္ပင္ တာ၀န္ထမ္းေဆာင္ေနစဥ္ ဂ်ာမနီရွိ ဘာလင္တကၠသိုလ္မွ ဧည့္ပါေမာကၡအျဖစ္ သင္ျပေပးရန္ ကမ္းလွမ္းျပန္သည္ ။ ဘာလင္တကၠသိုလ္တြင္ ေလးနွစ္တာ စာသင္ၾကားရင္း နာနိုရူပေဗဒ ဆက္လက္ေလ့လာသည္ ။ ထိုသို႕ေလ့လာရင္း Chemical Reaction ကို ေမာ္လီက်ဴးတစ္လံုးထဲျဖင့္ ထုတ္လုပ္နိုင္သည့္နည္းကို ေစာေ၀လွ ေအာင္ျမင္စြာ ရွာေဖြေတြ႕ရွိခဲ့သည္ ။ ကမၻာေပၚတြင္ မည္သည့္သိပၹံပညာရွင္မွ မေအာင္ျမင္ေသးသည္ကို ျမန္မာလူမ်ိဳး ပေရာ္ဖက္ဆာ က ပထမဆံုးအၾကိမ္ေအာင္ျမင္ခဲ့သည္ ။ ၂၀၀၀ ျပည့္နွစ္ကမၻာ့ထိပ္တန္းသိပၹံပညာရွင္ (၁၀၀) စာရင္းတြင္ ေစာေ၀လွ ပါ၀င္ခဲ့ျပီ ။ ဂစ္တာသမားေစာေ၀လွ မွ ကမၻာေက်ာ္သိပၹံပညာရွင္ ေစာေ၀လွ ျဖစ္ခဲ့ျပီ ။

အေမရိကားသည့္ ပထမ ဆိုသည့္ လူမ်ားအတြက္ အခြင့္အေရးအမ်ားဆံုးေပးကာ စုစည္းသည့္နိုင္ငံျဖစ္သည္ ။၂၀၀၁ အေမရိကန္အစိုးရနွင့္ တကၠသိုလ္မ်ားက ေဒါက္တာ ေစာေ၀လွ ကို ကမ္းလွမ္းေလျပီ ။ Ohio တကၠသိုလ္တြင္ ပါေမာကၡတာ၀န္ယူရန္ ေဒါက္တာေစာေ၀လွ လက္ခံလိုက္သည္ ။ နွစ္နွစ္အတြင္း တကၠသိုလ္၏ ရာသက္ပန္ေပါေမာကၡျဖစ္လာသည္ ။ အေမရိကန္နိုင္ငံ၏ အျမင့္ဆံုးအဆင့္ေပါေမာကၡ ေဒါက္တာေစာေ၀လွျဖစ္လာသည္ ။ ၂၀၁၁ ခုနွစ္အထိ (၁၄)နွစ္အတြင္း PhD ေက်ာင္းသား (၉)ေယာက္ကို ပေရာ္ဖက္ဆာေဒါက္တာေစာေ၀လွ ေမြးထုတ္ေပးနိုင္ခဲ့ျပီျဖစ္သည္ ။ျမန္မာနိုင္ငံရွိ တကၠသိုလ္မ်ားတြင္ ဆယ္နွစ္အတြင္း PhD ဘြဲ႕ရေပါင္း ဒါဇင္မ်ားနွင့္ခ်ီကာ ထြက္ေနေသာ္လည္း အေမရိကန္၏ စံႏႈန္းအရ PhD ဘြဲ႕ (၉)ေယာက္ဆိုသည္မွာ မ်ားျပားသည့္ ဦးေရျဖစ္သည္ ။

အေမရိကန္နိုင္ငံ၏ စြမ္းအင္၀န္ၾကီးဌာနစီမံကိန္းမ်ားတြင္လည္း ေဒါက္တာေစာေ၀လွ ပါ၀င္ထမ္းေဆာင္ေနသည္။ ကမၻာ့အနွံတကၠသိုလ္မ်ား၏ ဖိတ္ၾကားခ်က္အရ ေဒါက္တာေစာေ၀လွ ကမၻာပတ္ကာ ေဟာေျပာပြဲေတြ လုပ္ေပးရသည္ ။ တစ္လလ်င္ ေဟာေျပာပြဲ နွစ္ေခါက္ထြက္ရသည္ ။ နိုင္ငံေပါင္း(၂၀)ေက်ာ္ လွည့္လည္ခဲ့ရသည္ ။ နိုင္ငံတကာကြန္ဖရင့္ေတြ တက္ရသည္ ။ သက္ဆိုင္ရာတကၠသိုလ္မ်ားက ေငြေၾကးအကုန္အက်ခံကာ ေဒါက္တာေစာေ၀လွကို လက္ခ်ာေပးရန္ ဖိတ္ၾကားၾကရသည္ ။ သြားသည့္နိုင္ငံတိုင္းတြင္ ေဒါက္တာေစာေ၀လွ အေမးခံရသည္ ။

“ေဒါက္တာက အေမရိကန္နိုင္ငံသားေတာ့ ဟုတ္ပါျပီ..ဒါေပမယ့္ အာရွမ်ိဳးႏြယ္မဟုတ္လား” ဆိုသည့္ ေမးခြန္း ။
“ဖိလစ္ပိုင္လား ၊ အင္ဒိုနီးရွားလား ၊ ထိုင္းလား”
ထုိသို႕ေမးသည့္အခါတိုင္း သူ စိတ္မေကာင္းျဖစ္ရသည္ ။

ေမးသည့္သူမ်ားသည္ ျမန္မာကို သိၾက၏ ။
သို႕ေသာ္ ထက္ျမက္ထူးခြ်န္ေသာ ပညာေရးနွင့္တြဲစပ္လာလ်က္ ျမန္မာကို စာရင္းထဲမထည့္ ။
ထိုအခါက် ေဒါက္တာေစာေ၀လွ ရင္ကို ေကာ့ျပီး ေျပာျပရသည္ ။

“No No. I am Burmese”
ျမန္မာထဲမွာ ဒီလိုသိပၹံပညာရွင္မ်ိဳး ရွိလား အံၾသတၾကီး ထပ္ေမးၾကသည္ ။
ရွိလုိ႕ မင္းျမင္ေနရတာေပါ့ ေဒါက္တာက အဲ့ဒီလိုပဲ ေျဖတတ္သည္ ။

ျမန္မာျပည္မွ ထြက္ခြာလာခဲ့ေသာ ေဘ့စ္ဂစ္တာသမား ရူပေဗဒ ေက်ာင္းဆရာေလးဘ၀မွ ကမၻာေက်ာ္သိပၹံပညာရွင္ ပေရာ္ဖက္ဆာတစ္ေယာက္ဘ၀အၾကား ဘန္ေကာက္တြင္ သံုးနွစ္ ၊ ဥေရာပတြင္ (၁၁)နွစ္ အေမရိကားတြင္ (၁၄)နွစ္ ။ ဓာတ္ခြဲခန္းေတြ ေဖာ္ျမဴလာေတြၾကားမွာ ေဘ့စ္ဂစ္တာသမားသည္ အမိေျမ ျဖစ္သည့္ ျမန္မာနိုင္ငံကိုေတာ့ မေမ့နိုင္ခဲ့တာ ေသခ်ာသည္ ။ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အေမရိကန္နွင့္ ဥေရာပနိုင္ငံတို႕မွ ပညာေရးစနစ္ေတြကို သိေစခ်င္သည့္ ဆႏၵ ေဒါက္တာေစာေ၀လွမွာ ရွိေနျပန္သည္ ။ တိုးတက္ေသာပညာေရးစနစ္မ်ားအေၾကာင္း ေဒါက္တာေစာေ၀လွက သူ႕အေတြ႕အၾကံဳနွင့္ယွဥ္ကာ မ်ွေ၀ လိုသည္ ။

ထို႕ေၾကာင့္…… ပညာေရးစနစ္တစ္ခုကို အျပစ္ထိုင္ေျပာေနလို႕ေတာ့ ဘာအေျဖမွ ထြက္မွာ မဟုတ္ဘူး ။ ဒီေတာ့ သူမ်ားနိုင္ငံက ပညာေရးစနစ္ေတြရဲ႕ ေကာင္းကြက္ ဆိုးကြက္ေတြ အတုယူသင့္တာေလးေတြကို ကြ်န္ေတာ္ရွင္းျပခ်င္တယ္ ။ အေမရိကန္ရဲ႕ တကၠသိုလ္ပညာေရးစနစ္က စျပီး ရွင္းျပမယ္ ။ အေမရိကန္ရဲ႕ တကၠသိုလ္အားလံုးက အဆင့္ဆင့္ေသာပေရာ္ဖက္ဆာေတြအားလံုးဟာ အင္ဒီပန္းဒန္႕ လြတ္လပ္သူေတြပဲ ။ ဘယ္သူ႕လက္ေအာက္မွာမွ ဘယ္သူမရွိဘူး ။ ပေရာ္ဖက္ဆာခန္႕ေတာ့မယ္ဆိုရင္လည္း တကမၻာလံုးကို ေလ်ွာက္လႊာေခၚျပီး အေတာ္ဆံုးလူေတြကို ေ၇ြးခန္႕တယ္ ။ၾကိဳက္တဲ့ေနရာကလာ အေတာ္ဆံုးလူျဖစ္ရင္ျပီးေရာ ။ ပေရာ္ဖက္ဆာခန္႕ျပီဆိုတာနဲ႕ တကၠသိုလ္အာဏာပိုင္အဖြဲ႕က ေခၚေတြ႕တယ္ ။ ပေရာ္ဖက္ဆာမွန္ရင္ ကိုယ္ပိုင္ ဓာတ္ခြဲခန္းရွိရမယ္ ။ အဲ့ဒီအတြက္ လိုအပ္တဲ့ေငြကိုေျပာ ။ ေဒၚလာနွစ္သန္းလိုလား ။ နွစ္နွစ္အတြင္းမွာ အဲ့ေငြကို ကုန္ေအာင္သံုး ။ ျပီးသြားရင္ ေငြတစ္ျပားမွ မေပးေတာ့ဘူး ။

ျပီးေတာ့ ထူးျခားတာက PhD ေက်ာင္းသားေတြကို သက္ဆိုင္ရာပေရာ္ဖက္ဆာက လစာေပးရတယ္ ။ ကြ်န္ေတာ္တို႕ အုိဟိုင္းယို တကၠသိုလ္မွာဆို PhD ေက်ာင္းသားတစ္ေယာက္ကို တစ္နွစ္ ေဒၚလာ နွစ္ေသာင္းေပးရတယ္ ။ ပေရာ္ဖက္ဆာက ဘာေၾကာင့္ PhD ေက်ာင္းသားေတြကို လစာေပးရသလဲ ။ ကြ်န္ေတာ္ရွင္းျပမယ္ ။ ပေရာ္ဖက္ဆာတစ္ေယာက္မွာ တာ၀န္သံုးခုရွိတယ္ ။ တစ္ခုက တကၠသိုလ္မွာ စာသင္ရတယ္ ။ တစ္ပတ္ကို ေလးနာရီထက္ပိုမမ်ားပဲသင္ရတယ္ ။ ရိုးရိုးတန္းနဲ႕ ဂုဏ္ထူးတန္းေက်ာင္းသားေတြကို သင္ရတာ ။ ဒုတိယတာ၀န္က PhD ေက်ာင္းသားေတြနဲ႕ သုေတသနလုပ္ရတယ္ ။ တတိယတာ၀န္က အေမရိကန္အစိုးရက ေတာင္းတဲ့အၾကံဥာဏ္ေတြေပးရတယ္ ။ အဲဒီသံုးခု ကို အဓိက လုပ္ရတယ္ ။

စာသင္တာအတြက္က လစာရတယ္ ။ သုေတသနပိုင္းက်ေတာ့ ေငြေၾကးကို ကိုယ့္ဘာသာရွာရတယ္ ။ ဘယ္လိုရွာရသလဲဆိုေတာ့ နာနို နည္းပညာဆို သူနဲ႕ပတ္သက္တဲ့ ကုမၼဏီေတြရွိတယ္ ။ သူတို႕ကို ကြ်န္ေတာ္တို႕ သုေတသနလုပ္မယ့္ပေရာ့ဂ်က္နဲ႕ပတ္သက္ျပီး ေျပာျပရတယ္ ။ သူတို႕က ေငြေၾကးခ်ေပးမယ္ ။ သုေတသနေအာင္ျမင္သြားတဲ့နည္းပညာကို သူတိုု႕နဲ႕ အက်ိဳးတူသံုးစြဲမယ္ ။ အေမရိကန္မွာ ျမန္မာနဲ႕မတူတာတစ္ခုက ေဆးတကၠသိုလ္ကိစၥပဲ ။ အေမရိကန္မွာက ေဆးတကၠသိုလ္ကို တိုက္ရိုက္တက္ခြင့္မရွိဘူး ။ ပထမသိပၹံ ဒီဂရီဘြဲ႕တစ္ခုခုရျပီးမွ ေဆးေက်ာင္းကို ေလ်ွာက္ခြင့္ရွိတယ္ ။ အေျခခံပညာတန္းျပီးရံုနဲ႕ ေဆးတကၠသိုလ္၀င္ခြင့္မရွိဘူး ။

ဒီဂရီနွစ္ခုရမွ ဆရာ၀န္ျဖစ္တဲ့အတြက္ ေဒါက္တာ လို႕ သတ္မွတ္တာ ။ ပေရာ္ဖက္ဆာေတြနဲ႕ အဆင့္တူသတ္မွတ္လိုက္ျပီး ေဒါက္တာလို႕ေခၚၾကတာ ျဖစ္တယ္ ။ ကြ်န္ေတာ္တို႕ကိုလစာေပးတာကလည္း အစိုးရမဟုတ္ဘူး ။ First Year ေက်ာင္းသားေတြ ။ ပထမနွစ္ ေက်ာင္းသားေတြက ကြ်န္ေတာ့္ရဲ႕ ေဘာစ္ေတြ ။ အလုပ္ရွင္ေတြ ။ ကြ်န္ေတာ့္အတန္းကိုလာတက္တဲ့ ပထမနွစ္ေက်ာင္းသားေတြက ကြ်န္ေတာ့္စာသင္ပံုေပၚ မူတည္ျပီး ကြန္မန္႕ေတြေပးၾကရတယ္ ။ သူတို႕ကြန္မန္႕ေတြေပၚ မူတည္ျပီး တကၠသိုလ္က ကြ်န္ေတာ္တို႕ရဲ႕ လစာအတိုးအေလ်ာ့ေတြ ၊ ရာထူးအတိုးအေလ်ာ့ေတြကို ဆံုးျဖတ္တယ္ ။ သူတို႕ကလည္း တကယ့္ကို မွန္မွန္ကန္ကန္ အကဲျဖတ္ၾကတာ ။
မၾကိဳက္ရင္ မၾကိဳက္ဘူး ၾကိဳက္ရင္ၾကိဳက္တယ္ ပဲ ။

ပထမနွစ္၀က္မွာ ေက်ာင္းသားေတြက ပေရာ္ဖက္ဆာကို ကြန္မန္႕ေရးတဲ့အခ်ိန္ ကြ်န္ေတာ္တို႕က အထဲမ၀င္ရဘူး ။ သူတို႕က ေရးျပီးသားေတြကို မဲပံုးထဲ ထည့္ခဲ့တာ ။ အဲဒါကို တကၠသိုလ္ဘုတ္အဖြဲ႕က ၾကည့္ျပီး ပေရာ္ဖက္ဆာကို မိတၳဴေပးတယ္ ။ ကြ်န္ေတာ္တို႕ အဲ့ဒီမွာ ကိုယ့္အားနည္းခ်က္ကို ဖတ္ျပီး လိုအပ္တာရွိ ျပဳျပင္ရတယ္ ။အထက္က ဆရာက ကိုယ္မသိတဲ့ အားနည္းခ်က္ကို တပည့္ေတြက ေထာက္ျပတာျဖစ္တဲ့အတြက္ ကိုယ့္ကိုကုိယ္ ျပန္ျပဳျပင္နိုင္လာတယ္ ။ သူတို႕နိုင္ငံရဲ႕ စနစ္မွာက အထက္ကလူရဲ႕ ရပ္တည္ခ်က္ကို ေအာက္ကလူမ်ားစု က အကဲျဖတ္ ဆံုးျဖတ္ေပးတာပဲ ။

ကြ်န္ေတာ္တုိ႕ကို ေက်ာင္းသားေတြက ေစာင့္ၾကည့္အကဲျဖတ္သလို ကြ်န္ေတာ္တို႕ကလည္း သမၼတတို႕ ဒုသမၼတတို႕ အစိုးရအဖြဲ႕တို႕ကို ေစာင့္ၾကည့္အကဲျဖတ္ရတယ္ ။ ကြ်န္ေတာ္တို႕ဆီက တကၠသိုလ္ဆိုတာ ေဆးေကာလိပ္ပါတယ္ ။ နည္းပညာေကာလိပ္ပါတယ္ ။ အျခားအသက္ေမြးေကာလိပ္ေတြပါတယ္ ။ ကိုယ္ပိုင္ဓာတ္ခြဲခန္းေတြရွိတယ္ ။ ကိုယ္ပိုင္ေလယာဥ္ကြင္းေတြ . ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြရွိတယ္ ။ ပေရာ္ဖက္ဆာ အေယာက္ (၇၆၀)ေက်ာ္ရွိတယ္ ။ တစ္နွစ္မွာ အေကာင္းဆံုးပေရာ္ဖက္ဆာတစ္ေယာက္ကို ဆုေပးေလ့ရွိတယ္ ။ (၂၀၀၆)ခုနွစ္မွာ အေကာင္းဆံုးပေရာ္ဖက္ဆာဆု ကြ်န္ေတာ္ရခဲ့တယ္ ။

အဲ့ဒီဆု ဘာလို႕ရသလဲ ။
ေက်ာင္းသားေတြေပးတဲ့ကြန္မန္႕ေတြဖတ္ျပီး ကြ်န္ေတာ္ ကိုယ့္ကိုကိုယ္ ျပဳျပင္ခဲ့လို႕ ရတာ ။ ဒါကေတာ့ အေမရိကားပညာေရးစနစ္ရဲ႕ ဆရာေတြနဲ႕ ပတ္သက္တဲ့ကိစၥပါပဲ ။ျမန္မာနိုင္ငံရဲ႕ အေျပာင္းအလဲကို ေ၀ဖန္ရရင္ေတာ့ ေျပာင္းတာျမန္ပါတယ္ ။ အထဲကလူထက္စာရင္ အျပင္က လာတဲ့လူအေနနဲ႕ ပိုျမင္သာတယ္ ။ မနွစ္က ကြ်န္ေတာ္ျပန္လာတာ တစ္လၾကာတယ္ ။ျမန္မာျပည္ကေတာ္ေတာ္ေကာင္းလာတယ္ေပါ့ ။ ေဟာ့ အခု ဒီနွစ္ျပန္လာေတာ့ ပိုေကာင္းလာတယ္လို႕ ျမင္တယ္ ။ မနွစ္က ျပန္လာတုန္းကဆို ကြ်န္ေတာ္သူငယ္ခ်င္းေတြနဲ႕ မုိးခ်ဳပ္သြားေတာ့ တကၠစီငွားျပန္တယ္ ။ျပည္လမ္းေပၚေရာက္ေတာ့ တကၠစီသမားက ဆက္မသြားရဲေတာ့ဘူး ။ ေရွ႕မွာက ျပိဳင္ကားေတြ ကိုးစီးေလာက္ရွိတယ္ ။ သူတို႕က ညဘက္ ကားျပိဳင္ၾကမွာ ။ က်န္တဲ့ကားေတြလည္း အကုန္ေၾကာက္ျပီး ရပ္ေနၾကရတယ္ ။

လူေတြသြားတဲ့လမ္းမွာ ကားလာျပိဳင္တာ အံၾသဖို႕ေကာင္းတယ္ ။ အေမရိကန္လိုေနရာမ်ိဳးမွာ ကားၿပိဳင္ပြဲေတြရွိတယ္ ။ ဒါေပမယ့္ လူေတြသြားတဲ့လမ္းမွာ ဘယ္သူမွ မျပိဳင္ၾကဘူး ။ ဒီတစ္ေခါက္ျပန္လာေတာ့ အဲ့ဒါေတြ မေတြ႕ရေတာ့ဘူး ။ အဲဒါ မ်ွတလာတဲ့သေဘာပဲ ။ တစ္နွစ္ထက္တစ္နွစ္ ပိုျပီး လူေတြ စည္းကမ္းရွိလာသလို တိုးတက္လာတာေတြ႕ရတယ္ ။ အခု ျမန္မာဆို နိုင္ငံတကာက အရမ္းစိတ္၀င္စားၾကတယ္ ။ ကြ်န္ေတာ္ ျမန္မာပတ္စ္ပို႕ကိုင္ျပီး မ်က္နွာငယ္ခဲ့ရတဲ့အခ်ိန္ေတြရွိတယ္ ။ အခု ကြ်န္ေတာ္အေမရိကန္နိုင္ငံသားခံယူလိုက္ေတာ့မွ ျမန္မာက ဂုဏ္ယူစရာျဖစ္လာတယ္ ။ အခု ကြ်န္ေတာ့္ကို သူငယ္ခ်င္းသိပၹံပညာရွင္ေတြက လာေျပာၾကတယ္ ။ မင္းဇာတိ ျမန္မာနိုင္ငံမွာ ကြန္ဖရင့္ လုပ္ေပးပါ ။ ငါတို႕အေတာ္ဆံုးသိပၹံပညာရွင္ေတြ လက္ခ်ာလာေဟာေျပာၾကမယ္ေပါ့ ။

သူတို႕က အရမ္းလာခ်င္ေနၾကတယ္ ။ ကြ်န္ေတာ္ကလည္း ခဏေစာင့္ခိုင္းထားရတယ္ ။ ကိုယ့္ဆီက ပညာေရးက နည္းနည္းေလး လိုက္မမွီေသးတာေတြ႕ရတယ္ ။ တစ္ေန႕ေတာ့ ျဖစ္ကို ျဖစ္လာရမွာပါ ။ ကြ်န္ေတာ္ သိပၹံပညာရွင္တစ္ေယာက္ျဖစ္ဖို႕အတြက္ ပတ္၀န္းက်င္ ၊ ဗီဇ ၊ ၀ါသနာ ဘာေၾကာင့္လဲဆိုတာ သံုးသပ္ရရင္ ကြ်န္ေတာ္က ဗီဇ ေၾကာင့္လို႕ပဲ ယူဆတယ္ ။ ပတ္၀န္းက်င္ေၾကာင့္သာဆိုရင္ ကြ်န္ေတာ္ အဲ့ဒီတုန္းက စစ္ဗိုလ္ျဖစ္ေနျပီ ။အဲဒီတုန္းက ပတ္၀န္းက်င္မွာ ဗိုလ္ျဖစ္တာ ပိုဂုဏ္ယူဖို႕ေကာင္းတယ္ေလ ။ေနာက္ ကံ ဆိုတာ အလုပ္ေနာက္ကို လိုက္တာပဲ ။ အားလံုးေတာ့ ကိုယ္လုပ္တိုင္းမေအာင္ျမင္နိုင္ဘူး ။

ဥပမာ မႏၱေလးသြားခ်င္တယ္ မႏၱေလးသြားတဲ့လမ္းေပၚလမ္းေရာက္ေနတယ္ သြားလည္းသြားေနတယ္ဆိုရင္ ေရာက္ဖို႕ ရာခိုင္ႏႈန္းမ်ားတယ္ ။ သြားခ်င္တဲ့စိတ္သာရွိျပီး မႏၱေလးလမ္းေပၚမဟုတ္ျပန္ရင္လည္း ေရာက္ဖို႕မလြယ္သလို လမ္းေပၚေရာက္လ်က္နဲ႕ ဆက္မသြားရင္လည္း မႏၱေလးက ေ၀းေနမွာပဲ ။ ကိုယ္ ဒါကို လုပ္ခ်င္တယ္ ဒီလမ္းေပၚလမ္းေရာက္ေနတယ္ဆို ေအာင္ျမင္ျခင္းအတြက္ စိတ္ပဲလိုပါတယ္ ။ အားလံုးကို ကြ်န္ေတာ္ ကိုယ့္အစြမ္းအစနဲ႕ လုပ္ခဲ့တာခ်ည္းပဲ ။ (၆၄)ေဒၚလာကေန စခဲ့တဲ့ဘ၀ ကိုယ့္ဘာသာ ၾကိဳးစားခဲ့တဲ့အတြက္ ကိုယ့္ကိုကိုယ္ ဂုဏ္ယူတယ္ ။ လူငယ္တစ္ေယာက္ဟာ ဖေယာင္းလိုပဲ ။ ကိုယ္လိုခ်င္တဲ့ေနရာကို ပတ္၀န္းက်င္နဲ႕ ဗီဇက ေျပာင္းလဲျဖစ္တယ္ ။ သူ႕ သူငယ္ခ်င္းေတြအားလံုးက ခိုးဆိုးေနသူခ်ည္းပဲဆိုရင္ သူပင္ကိုယ္စရိုက္ဘယ္ေလာက္ေကာင္းေကာင္း သူခိုးျဖစ္လာဖို႕မ်ားတယ္ ။ အဲ့ဒီအရြယ္မွာ ဗီဇ ဟာ မပီျပင္ေသးဘူး ။ ဒီေတာ့ ပတ္၀န္းက်င္လႊမ္းမိုးမႈကို ခံရနိုင္ဖို႕ကပဲမ်ားေနတယ္ ။

အစပိုင္းမွာ ပတ္၀န္းက်င္က အေရးၾကီးေပမယ့္ ေနာက္ပိုင္းက် ဗီဇက ပိုအေရးၾကီးလာတယ္ ။ ကြ်န္ေတာ္ပတ္၀န္းက်င္ဆို လက္ရွိေရာက္ေနတဲ့ ဘ၀နဲ႕ ဘာမွ မဆိုင္ဘူး ။ ကြ်န္ေတာ္ပတ္၀န္းက်င္က ဂီတအနုပညာပတ္၀န္းက်င္ ရွိတယ္ ။ အဲဒါကို အတိုင္းအတာတစ္ခုထိေအာင္ျမင္ေအာင္လုပ္ခဲ့တယ္ ။ လမ္းလြဲမသြားဘူး ။ အဲဒီကတဆင့္ ဘ၀မွာ တစ္ေယာက္တည္းရုန္းကန္ခဲ့ရတယ္ ။ အတက္ေတြ ။ အက်ေတြ ။ အခုအခ်ိန္မွာ တစ္ကေနျပန္စရမယ္ဆိုရင္လည္း ကြ်န္ေတာ့္ဘ၀ကိုဒီအတိုင္းပဲေက်နပ္တယ္ ။ မေကာင္းခဲ့တာလည္းေက်နပ္တယ္ ။ ေကာင္းခဲ့တာလည္းေက်နပ္တယ္ ။ အဆိုးကို မသိရင္ အေကာင္းဟာ ဘယ္ေလာက္အရသာရွိတယ္ဆိုတာ မသိနိုင္ဘူး ။

ဘ၀ ဟာ ဒုကၡရွိတယ္ ။ ဒုကၡကို တည္တည္ျငိမ္ျငိမ္ရင္ဆိုင္ရမယ္ ။ တစ္ခ်ိန္က် ေက်ာ္လႊားနိုင္သြားတာပဲ ။ေအာင္ျမင္တဲ့အခါလည္း ေမာက္မာေထာင္လႊားစရာမလိုဘူး ။ သူမ်ားက ကိုယ့္အေပၚမေကာင္းတာ သူ႕ျပသနာ ။ ကိုယ့္ျပသနာမဟုတ္ဘူး ။သူတို႕ မေကာင္းတာကို ကုိယ္က စိတ္ဆိုးမိျပီဆိုတာနဲ႕ ကိုယ့္ျပသနာျဖစ္သြားျပီ ။ ဗီဇ ဆိုတာ ကိုယ္က ေတာ္တာမဟုတ္ဘူး ။ ကိုယ္ ဘာကို ေတာ္လဲ ဆိုတာကို ရွာေဖြေတြ႕ရွိသြားတာ ။ အေရးၾကီးဆံုးက ကိုယ့္ကိုကိုယ္ မလိမ္နဲ႕ ။ ကိုယ့္ကိုကိုယ္လိမ္ရင္ သူမ်ားကိုလိမ္ဖို႕ ပိုလြယ္သြားျပီ ။ ကိုယ့္ကိုကိုယ္ သိရင္ ေအာင္ျမင္ဖို႕ နီးစပ္သြားျပီ ။ ကိုယ္ဘာလုပ္ခ်င္တယ္ဆိုတာကို ကိုယ္ေသခ်ာသိျပီး ေလ့လာအားစိုက္မႈနဲ႕ ၾကိဳးစားမႈေပါင္းစပ္ရင္ တစ္ခ်ိန္မွာ ကိုယ္လိုခ်င္တဲ့ေအာင္ျမင္မႈကို ရကို ရမယ္ ။

ေဒါက္တာေစာေ၀လွ
ေအာင္ျမင္ေသာ ျမန္မာတိုင္းရင္းသား သိပၹံပညာရွင္ ။

ကြ်န္ေတာ္တို႕သည္ စနစ္ဆိုးေခတ္ဆိုးမ်ားၾကားတြင္ ျမန္မာျပည္ဖြား အာဂလူသားမ်ားကို သူမ်ားထံသို႕ ေပးလိုက္ၾကရသည္ ။ တန္ဖိုးထားသူနွင့္ တန္ဖိုးမထားသူၾကား လူသား၏ အရည္အေသြး အဆင့္အတန္းသည္ မ်ားစြာ ကြာျခားသြားခဲ့ျပီ ။ ရန္ကုန္တကၠသိုလ္မွ ေဘ့စ္ဂစ္တာသမား ေက်ာင္းဆရာေလးသည္ ကမၻာေက်ာ္သိပၹံပညာရွင္ၾကီး ျဖစ္လာခဲ့သည္ ။ အေမရိကန္နိုင္ငံ၏ ဓာတ္ခြဲခန္းတစ္ခုထဲတြင္ ျမန္မာျပည္က ေဘ့စ္ဂစ္တာသံသည္ သံစဥ္အသစ္မ်ားျဖင့္ သိပၹံကၾကိဳးကို တီးခတ္ေနဆဲ…….။

ခက္ေဇာ္ (The Voice)


ဘေ့စ်​ဂစ်​တာသမား ဘဝက​နေ ကမ္ဘာ့အ​တော်​ဆုံး သိပ္ပံပညာရှင်​ အ​ယောက်​၁၀၀ ထဲပါတဲ့ မြန်​မာတစ်ယောက် (သို့) ဒေါက်​တာ ​စော​ဝေလှ (unicode)

ရေးသားသူ – ခက်ဇော်(The Voice)

❝ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘဝမှာနိုင်ငံတကာကသိတဲ့ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်❞

၁၉၈၂ ခုနှစ် …..
စိန်ဩဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။ aစာဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ဝန်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။မိခင်ဖြစ်သူ ကျောင်းဆရာမ ။ စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘဝက အောင်မြင်ခဲ့သည် ။

အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ်လွှင့်ခွင့်ရခဲ့သည် ။ သင်္ကြန်စင်မြင့်များထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘဝကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။ ဂစ်တာသည်သာ ဘ၀ ၊ ဂစ်တာသည် သာ ရည်မှန်းချက် ။ စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက် ၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ ။ သို့သော်လည်း ဘုရားပေးသည့် ဥာဏ်ပညာကား စောဝေလှဘက်မှာ ရှိသည် ။ ဂစ်တာတီးရင်းတစ်နှစ်တစ်တန်းမှန်မှန်တက်ကာ တက္ကသိုလ်နေ့စွဲများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့၏။

၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။ ဘွဲ့ရလျင် အလုပ်လုပ်ရတော့မည် ။ စောဝေလှက ဂစ်တာပဲ တီးချင်သည် ။ ဒီတော့ ဘာလုပ်ရမလဲ ။ ရူပဗေဒ ဘာသာရပ်ဖြင့် မာစတာဆက်တတ်သည် ။ ကျောင်းသားဘ၀ မှာပဲ ဂစ်တာ က လွတ်လွတ်လပ်လပ်တီးခွင့်ရှိမည် မဟုတ်လား ။ မာစတာတက်ရင်း ဂစ်တာတီးသည် ။ လီယိုဝိုင်းတော်သားများဖြင့် ပွဲတော်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။ အင်းလျားလိတ်မှ မင်္ဂလာဆောင်ပွဲတွေမှာလည်း တစ်ပတ်ကို သုံးရက်လောက် လီယိုက တီးရသည် ။ စတိတ်ရှိုးတွေ ၊ မွေးနေ့ပွဲတွေမှာ ဆူဆူညံညံသိပ်မရှိသော လီယို ကို ငှားရမ်းကြသည် ။ ဂစ်တာတီးသည့် ငွေဖြင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့သည် ။

၁၉၈၆ မှာ စက်မှုကျောင်းကဘွဲ့ရသူငယ်ချင်းတွေ ၊ ရာဇူးက သူငယ်ချင်းများအဆွယ်ကောင်းသဖြင့် တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်း OTS ဝင်ခွင့်ကို သွားဖြေလိုက်သည် ။ တက္ကသိုလ်မှ ဆရာများကလည်း သူ့ကို ကျောင်းတွင် သရုပ်ပြဆရာပြန်လုပ်ရန် တိုက်တွန်းကြသည် ။ ဒါလည်း သွားလျှောက်လိုက်သည် ။ လျှောက်ထားသည့် အလုပ်နှစ်ခုလုံးက မီးစိမ်းပြလာပြီ ။ တက္ကသိုလ်ကျောင်းဆရာလုပ်မလား ။ စစ်ဗိုလ်လုပ်မလား ။ စာသင်ခန်းနှင့် စစ်မြေပြင် ၊ တိုက်ပုံအင်္ကျီနှင့် ယူနီဖောင်း ၊ မြေဖြူခဲနှင့် သေနတ် ၊ လက်ချာစင်မြင့်နှင့် ပခုံးပေါ်က အပွင့်..။

တလက်လက်တောက်ပနေသည့် အနာဂတ်များအား ချွန်မြရင်း လမ်းဆုံမှာ ရောက်နေသည့် လူငယ်စောဝေလှ ။ ဘာကိုရွေးမလဲ ။ အသက်မွေးဝမ်းကြောင်းတစ်ခုကို လုပ်ကိုင်ရင်း ဘဝရဲ့ တပ်မက်အရူးသွပ်ဆုံး ဂစ်တာကို ကိုလဲ ကိုင်ခွင့်ရမည့် အလုပ်မျိုးက ဘာဖြစ်မလဲ ။စစ်တပ်မှာတော့ ဂစ်တာ ကို ကိုင်ခွင့်ရမည်မဟုတ် ။ တက္ကသိုလ်ဆရာဘ၀ နဲ့ ဂစ်တာတီးလို့ က အိုကေမည် ။ ဒီတော့…

“ကျွန်တော်တို့ တပ်ထဲ မဝင်ချင်တော့ပါဘူး ။ အဲဒါလေး လာပြောတာပါ”
“ဘာ..မင်းတို့ကို ဗိုလ်သင်တန်းတက်ဖို့ ရွေးပြီးသွားပြီ ။ အခုတမျိုးတော်ကြာတစ်မျိုးနဲ့ အလုပ်လာရှုပ်တယ် ။ စစ်တပ်ကွ..စစ်တပ်…မင်းတို့ ပထွေးအိမ်မဟုတ်ဘူး..”

မှော်ဘီရှိ ဗိုလ်ရွေးအဖွဲ့မှ အရာရှိများ၏ ဆဲသံကို စောဝေလှနှင့် သူငယ်ချင်းဖြစ်သူတို့ ဇက်ကလေးပုကာ နားသောတဆင်ရင်း ကုတ်ကုတ်လေးထွက်လာခဲ့ရသည် ။မတတ်နိုင် ဂစ်တာနှင့်စစ်သားဘယ်လိုမှမအပ်စပ်သူတို့က သေနတ်တိုက်ခြင်တာမဟုတ်..ဘေ့စ်ဂစ်တာလေးကို ကြိုးညှိ့ပြီး တီးလုံးတွေပဲ တိုက်ချင်တာ။ မတတ်နိုင် ။

၁၉၈၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ခပ်ယဲ့ယဲ့စောဝေလှကရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှ သရုပ်ပြဆရာလေး..။ တီးဝိုင်းက သူငယ်ချင်းတွေက နိုင်ငံခြားထွက်သွားကြသဖြင့် လီယိုလည်း ပျက်သွားပြီ (၈၈)အရေးအခင်းကြီးဖြစ်ပြီ တပည့်ကျောင်းသားတွေကြားသူငယ်ချင်းဆရာတွေကြား လှုပ်လှုပ်ရှားရှားလေးဖြစ်ကုန်သည် ။ စောဝေလှက လစ်ဘရယ်သမား ။ ဒီတော့ သိပ်တော့ ပြင်းပြင်းထန်ထန်ကြီး ဝင်မပါဖြစ်လိုက် ။ ဒီလိုနှင့် တံတားဖြူသည် နီသွားခဲ့ပြီ ။ ဂျပ်ဆင်သည်လည်း လရိပ်ပြာပြာအောက်မှာ ငုတ်တုတ်မေ့နေခဲ့ပြီ ။ သစ်ပုပ်ပင်ကြီးလည်း အရိပ်ခိုသူတွေမဲ့ခဲ့ပြီ ။ကျောင်းကြီးက တစ်မျှော်တစ်ခေါ်ပိတ်သွားခဲ့လေပြီ ။

စာသင်ဆဲ MSC ကျောင်းသားတစ်ဖြစ်လဲ ကျောင်းဆရာလေး စောဝေလှ ကျောင်းပိတ်ပြီဆိုတော့ အလုပ်မရှိဖြစ်သွားသည် ။ ဂစ်တာတီးတုန်းက စုထားတဲ့ပိုက်ဆံ ၊ ကျောင်းဆရာဘဝက စုထားတဲ့လစာ ၊ မိဘတွေဆီက နည်းနည်းပါးပါးနှင့် စောဝေလှ စီးပွားရေးလောကထဲ ဝင်သည် ။ စီးပွားရေးလောကဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ် ။ အဲ့ဒီတုန်းက ခေတ်ရေစီးက ဗီဒီယိုခေတ်ဦးမဟုတ်လား ။ ဒီတော့ စောဝေလှ ဗွီဒီယိုအခွေအငှားဆိုင်လေးတစ်ခု တံတားဖြူမှာ ဖွင့်သည်။ ဗွီဒီယို အောက်စက် (၅)လုံးနှင့် အခွေတွေ ကော်ပီကူးရပြီ ။ ဂစ်တာတီးချင်တဲ့ ကျောင်းဆရာ အခွေဆိုင်ထိုင်ပြီး စာရင်းတွေမှတ်ရပြီ ။ တစ်နှစ်ကြာတော့ လုပ်ငန်းက ထင်သလောက်မအောင်မြင်လာခဲ့ ။

စောဝေလှ ငွေနောက်လိုက်ဖို့ လောကကြီးထဲ ဝင်ခဲ့သည် ။ ရှမ်းပြည်နယ် ဝန်းသိုဘက်ကို ထွက်ပြီး သစ်အရောင်းအဝယ်လုပ်ငန်းဘက်ခြေဦးလှည့်ခဲ့သည် ။ ဂစ်တာတီး ၊ စာသင် ၊ အခွေငှား မြို့ပေါ်က အနုသမားဘ၀ က အခု တစ်တောဝင် တစ်တောထွက် သစ်ဝယ်ထွက်ခဲ့ရပြီ ။ တကယ့်ဘ၀ ၊ တကယ့်တိုက်ပွဲ ၊ တကယ့်စီးပွားရေးဂွင်ထဲမှာ စောဝေလှ ကျင်လည်ခဲ့သည် ။ အကျိုးအမြတ်ရသမျှ ရဲကိုပေးရသည် ။ သစ်တောကိုပေးရသည် ။ မဝတကို ပေးရသည် ။ ပေးရသည် ။ပေးရသည် ။ တကယ့် လာဘ်ပေးလာဘ်ယူဇုန်ကြီးထဲမှာ စောဝေလှ က သူတို့ကို လုပ်ကျွေးသလိုဖြစ်နေ၏ ။ ဒီတော့ ရန်ကုန်ကို နောက်ကြောင်းပြန်လှည့်လိုက်သည် ။ သူငယ်ချင်းတော်တော်များများကလည်း နိုင်ငံခြားရောက်ကုန်ပြီ ။ ကျောင်းတွေကလည်း ဖွင့်ဖို့ကမသေချာ ။ ဒီတော့ စောဝေလှ နိုင်ငံခြားကို ခြေဆန့်ဖို့ ပြင်သည် ။

ပတ်စ်ပို့ ၊ ဗီဇာရပြီးနောက် (၆၄)ဒေါ်လာကို အိတ်ကပ်ထဲထည့်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည် ။ဒေါင်ကျကျ ပြားကျကျ ဘဝကို အဓိပါယ်ရှိရှိတော့ ထူထောင်ရတော့မည် ။ ဘန်ကောက်လေဆိပ်တွင် လီယိုတီးဝိုင်းတုန်းက သူငယ်ချင်း ကိုအောင်မင်းတို့က လာကြိုသည် ။ ကိုအောင်မင်းတို့ဆီမှာ သူတည်းရမည် ။ သို့သော် ရောက်ရောက်ခြင်း ကိုအောင်မင်းတို့ နေသည့်နေရာကို သူမသွားရသေး ။ ကိုအောင်မင်း တို့က ဘန်ကောက်ရှိ ဘားများတွင် ဂစ်တာလိုက်တီးနေသည်။ အခုလည်း ဘားမှာ ဂစ်တာသွားတီးရမည် ။ ဒီတော့ စောဝေလှ ဘားကို လိုက်ခဲ့ ။ ပွဲပြီးမှ အိမ်အတူပြန်ကြမည် ။

ဘန်ကောက်ရောက်ရောက်ခြင်း သေတ္တာကို ဆွဲကာ ကိုအောင်မင်းတို့ဂစ်တာတီးမည့် ဘားကို လိုက်သွားလိုက်သည် ။ ဟိုရောက်တော့ ရုပ်ရှင်မင်းသားကိုမြင့်တို့လည်း တီးဝိုင်းအဖွဲ့မှာ ပါနေသည် ။သေတ္တာလေးကိုချကာ သူတို့တီးတာထိုင်ကြည့်ရင်း ကိုအောင်မင်းတို့က ဝင်တီးဖို့ ဖိတ်ခေါ်သည် ။မြန်မာပြည်သား ဘေ့စ်ဂစ်တာလစ် စောဝေလှ ၏ ဂီတ ကို ဘန်ကောက်သို့ ပထမဆုံးခြေချသည့်နေ့မှာပင် ထိုင်းတွေကို ပြသခွင့်ရခဲ့သည် ။ စောဝေလှတစ်ယောက် ဘန်ကောက်ရောက်ရောက်ခြင်းကိုအောင်မင်းတို့နှင့်အတူ ဂစ်တာတီးသည့် အလုပ်ကို ရပြီ ။ကိုအောင်မင်းတို့နှင့်အတူနေသည်။

ကိုအောင်မင်းတို့နေတာက ဘန်ကောက် အေးဘတ်တက္ကသိုလ်ဝန်းထဲတွင် ။ ဒီတော့ တက္ကသိုလ်ထဲတွင် မြန်မာပြည်မှထွက်ခွာလာကြသည့် တက္ကသိုလ်ဆရာအသိုင်းအဝိုင်းကလည်း ရှိနေသည် ။ ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင်ပင် စောဝေလှ မာစတာတန်းတက်ခဲ့စဉ်က ဆရာရင်း ဒေါက်တာခိုင်ညွန့်နှင့် တက္ကသိုလ်တွင်းလမ်းတစ်ခုတွင် ဆုံမိကြသည် ။ ဘန်ကောက်တွင် အင်ဂျင်နီယာကောလိပ်ကို စဖွင့်စအချိန်ဖြစ်သဖြင့် ဆရာအင်အားက လိုနေသည် ။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တော်တော်များများက မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ အလုပ်ထွက်လာကြသည့် ပညာရှင်မြန်မာဆရာတို့၏ အင်အားဖြင့် သူတို့နိုင်ငံ၏ ပညာရေးကို တည်ဆောက်နေချိန် ။ ရန်ကုန် RIT မှ ဒေါက်တာဝင်းတင် ၊ ဒေါက်တာခိုင်ညွန့်တို့က စောဝေ ကို ဘန်ကောက်မှာ တက္ကသိုလ်ဆရာလုပ်ဖို့ ကမ်းလှမ်းသည် ။

အိုခေ…စောဝေ ခေါင်းညိတ်လိုက်ပြီ ။ ဘန်ကောက်သို့ရောက်ပြီး နှစ်ရက်အတွင်းတွင် ဂစ်တာတီးသည့်အလုပ်ရော ၊ တက္ကသိုလ်ဆရာအလုပ်ကိုပါ စောဝေလှ တစ်ပြိုင်တည်းရရှိလိုက်သည် ။ကံကြမ္မာကား ကိုယ့်ဘက်မှာ စောဝေလှဘက်မှာ အသာစီး ။ ရုပ်ရှင်မင်းသား ကိုမြင့်တို့နှင့်အတူ ဘန်ကောက်တွင် တစ်နှစ်ဂစ်တာတီးသည် ။နေ့ပိုင်းတွင် စာသင် ညပိုင်းတွင် ဘားမှာ ဂစ်တာလိုက်တီးသည် ။ ဘန်ကောက်ရှိ စီယံပတ်ခ် ဆိုသည့်နေရာတွင် စနေတနင်္ဂနွေ အားလပ်ရက်များတွင် ဂစ်တာတီးသည် ။ ဘန်ကောက်နေ့စွဲများသည် စောဝေလှအတွက် အပျော်ရွှင်ဆုံးဖြတ်သန်းမှုများဖြစ်ခဲ့ရ၏ ။ ကိုယ်တီးချင်သည့် ဂစ်တာလည်း တီးရသည် ။ စာသင်သည့်အလုပ်ကိုလည်း မစွန့်လွှတ်ရ ။ ဒီလိုနှင့် တစ်နှစ်ကျော်ကာလကို အသာလေးဖြတ်သန်းသွားနိုင်ခဲ့၏ ။

တစ်ရက်တော့ အီတလီနိုင်ငံတွင် ရူပဗေဒဘွဲ့လွန်သင်တန်းတစ်ခုအတွက် စကောလားရှစ်လျှောက်လွှာတစ်စောင် ကို စောဝေလှ သွားတွေ့သည် ။ လှမ်းလျှောက်ကြည့်သည် ။ စကောလားရှစ်ရသည် ။အဆင်ပြေသည် ။ ဒီတော့ ထိုင်းတက္ကသိုလ်ကလည်း အီတလီသွားရန် ခွင့်ပြုလိုက်သည်။ လစာရနေမည် ။ ပညာသင်ပြီးပြန်လာလျှင် ဒီတက္ကသိုလ်တွင်ပင် ရာထူးတိုး လစာတိုးဖြင့် ဆရာပြန်ဝင်လုပ် ။ ထိုင်းတွေက အကွက်မြင်သည် ။ ပညာတတ်၏ တန်ဖိုးကို သိသည် ။ ဆွဲဆောင်သည် ။ ထိုကာလတွင် မြန်မာပြည်တွင်တော့ ကျောင်းများက တံခါးပိတ်ထားဆဲ ။

ဘန်ကောက်မှသည် အီတလီ သို့ မြန်မာပြည်သားဘေ့စ်ဂစ်တာသမား ရူပဗေဒဆရာပေါက်စ စောဝေလှ ခရီးဆက်ပြီ ။ ထိုစဉ်က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အရင်းရှင်အမေရိကန်နှင့် ကွန်မြူနစ်ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲနောက်ဆုံးနှစ်များဖြစ်သည် ။ အနုမြူသီအိုရီနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကား ပြင်းထန်နေချိန် ။ ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ယူနက်စကို ၏ အောက်တွင် ICDP ခေါ် နိုင်ငံတကာရူပဗေဒလေ့လာရေးဌာနရှိသည် ။ ICDP တွင် အမေရိကန်အုပ်စုမှ အနုမြူသိပ္ဖံပညာရှင်များနှင့် ရုရှအုပ်စုဘက်မှ အနုမြူသိပ္ဖံပညာရှင်များ တစ်နှစ်လျှင် (၅၀၀၀)ခန့်တက်ရောက်ကာ ဆွေးနွေးပွဲများပြုလုပ်သည့်အစီအစဉ်ကျင်းပကြသည် ။ ယင်းအစီအစဉ်မှတဆင့် မျိုးဆက်သစ်သိပ္ဖံပညာရှင်များမွေးထုတ်ရန် ပရိုဂရမ်တစ်ခုရေးဆွဲကြသည် ။

တစ်ကမ္ဘာလုံးမှ မျိုးဆက်သစ်သိပ္ဖံပညာရှင် (၁၀) ဦးကို ရွေးချယ်ကာ ပညာသင်ဆုပေးရန် စီစဉ်ခဲ့ကြသည် ။ တစ်ကမ္ဘာလုံးမှ လူခြောက်ရာ ဝင်လျှောက်ကြသည် ။စောဝေလှက အရွေးခံရသည့် (၁၀)ယောက်ထဲ ပါသွားသည် ။ အီတလီတွင်အင်တာဗျူးဖြေရမည် ။စောဝေလှ ဗန်ကောက်မှတဆင့် ရောမမြို့သို့ ရောက်သည် ။ ထိုမှတဆင့် အီတလီနှင့် ဆလိုဗေးနီးယား နယ်စပ်ရှိ တူးရစ်ဆိုသည့် ပင်လယ်ကမ်းခြေမြို့လေးသို့ ခရီးဆက်ရသည် ။ ဥရောပသားဆရာတွေက ရှင်းရှင်းပဲပြောသည် ။
စာသင်မည် ။ စာမေးပွဲစစ်မည် ။ အမှတ်မကောင်းလျင် လာရာလမ်းကို ပြန်ပို့မည် ။

သုံးလပြည့်တော့ စောဝေလှ ရန်ကုန်တက္ကသိုလ်မှာ သိထား တတ်ထားသမျှ ပညာရပ်က ကုန်ပြီ ။ ကျန်တာတွေ ဘာမှ မသိတော့ ။ အနောက်သားတွေကြားမှာ ကိုယ်က တစ်ဦးတည်းသော မြန်မာ ။နောက်ဆုတ်လို့ကမဖြစ် ။ ရှေ့တိုးဖို့ပဲ ရှိတော့သည် ။ ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် စောဝေလှ ရှေ့သို့သာ ကုန်းရုန်းတက်ရချေပြီ ။ ပထမသုံးလပတ်စာမေးပွဲ စစ်သည် ။ ဆယ်ယောက်မှာ နှစ်ယောက်ကျသည် ။ ကျသည့် ထဲ မြန်မာပြည်သား စောဝေလှ မပါ ။ အဆင့် B နှင့် အောင်သည် ။ စာမေးပွဲကျသည့် ရိုမေးနီးယားနှင့် ကျူးဘားသားနှစ်ယောက် အိမ်ပြန်သွားရပြီ ။ B ရှေ့မှာ A ရှိသေးသည် ။

ဒုတိယ စာသင်နှစ်ကျ ဘာသာရပ်အားလုံးတွင် စောဝေလှ ရသည်က B ရှေ့က A ။ တတိယစာသင်နှစ်မှာ ဒီဂရီရတော့…စာသင်သားအားလုံးထဲမှာ စောဝေလှ သည် ပထမ ။မြန်မာပြည်က လူညိုကောင်လေးသည့် ပထမ ။ ဒီတော့ အီတလီတက္ကသိုလ်က စောဝေလှကို PhD ဆက်တက်ဖို့ ကမ်းလှမ်းလာရပြီ ။ အင်္ဂလန်ရှိ လစ်ဗာပူးလ်တက္ကသိုလ်ကလည်း မြန်မာပြည်သားစောဝေလှ ကို စကောလာပေးပြီး ကမ်းလှမ်းလာခဲ့ပြီ ။ အမြဲတမ်းလမ်းဆုံမှာ ရွေးရခက်သည့် စောဝေလှ ။ ဂစ်တာကိုချစ်သည့်စောဝေလှ သည် တစ်ချိန်က စစ်ဗိုလ်ဘဝနှင့် ကျောင်းဆရာဘဝတွင် ဂစ်တာနှင့် နီးစပ်သည့် ကျောင်းဆရာဘဝကို ရွေးခဲ့သလို..။

ယခုတစ်ချိန်တွင်လည်း သူ၏ ဥရောပနေ့ရက်များ အစပြုခဲ့ရာ တူးရင့်မြို့မှ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ပြန်သည် ။ အီတလီနှင့် စလိုဗေးနီးယားနယ်စပ်မြို့လေး။ ၁၉၉၃ တွင် PhD ကျောင်းသားဘဝစပြီ ။ ဒီတော့ အီတလီနှင့် စလိုဗေးနီးယားနှစ်နိုင်ငံခြား သုတေသနခရီးတွေ အကြိမ်ကြိမ်သွားခဲ့ရသည် ။ ပထမဆုံး အီတလီမှ ဆလိုဗေးနီးယားဘက်ခြမ်းသို့ သွားရသည့်ခရီးစဉ်တွင် အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြန်သည် ။ နယ်စပ်မြို့နှစ်မြို့ဖြစ်သဖြင့် ရထားဖြင့်သွားသည့်ခရီးတွင် ရထားတစ်စင်းလုံးတွင် အာရှသားကား စောဝေလှတစ်ယောက်တည်း ။ နယ်စပ်အရောက်တွင် အီတလီရဲမှ ပတ်စ်ပို့လာရောက်စစ်ရင်း စောဝေလှ ပတ်စ်ပို့ကို ယူသွားသည် ။ ပတ်စ်ပို့ပြန်လာမပေးသဖြင့် နာရီဝက်ခန့် ရထားတစ်စင်းလုံးစောင့်နေကြရသည် ။ ခဏနေတော့ အီတာလျံ ရဲ ပြန်ရောက်လာသည် ။

“ဟဲလို မစ္စတာ..ဒီ ပတ်စ်ပို့ က ကမ္ဘာပေါ်မှာ မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်” စောဝေလှ ခေါင်းစားရပြီ ။
“ရှိပါတယ်..ကျွန်တော်မြေပုံမှာ လိုက်ပြပါ့မယ်”
အစောင့်ရဲ နှင့် စောဝေလှ ရဲစခန်းထဲ ဝင်ပြီး ကမ္ဘာ့မြေပုံရှေ့ မတ်တပ်ရပ်ကြသည် ။ကပ္ဖလီပင်လယ် ၊ ဘင်္ဂလားပင်လယ် ၊ ချိုင်းနား ၊ အိန္ဒိယကြား ဟော့ဒီမှာ.ခြေတစ်ပေါင်ကျိုး နိုင်ငံလေး.။မြေပုံပေါ်မှာက အီတလီလိုရေးထားသည် ။မြန်မာ မဟုတ် အီတလီအခေါ် ဘေရ်မန်းနီးယား..တဲ့..။

အီတလီရဲက ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး ခွင့်ပြုလိုက်သည် ။ စလိုဗေးနီးယားအခြမ်း..ရောက်ပြန်ပြီ ။ ထုံးစံအတိုင်း စလိုဗေးနီးယားရဲက မေးသည် ။စောဝေလှက ဖြေသည် ။
“မြန်မာ”

“ဝိုး မလေးရှား”
“နိုး..မြန်..မာ”

“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”

စာသင်နှစ်တစ်နှစ်ပတ်လုံး စလိုဗေးနီးယားရဲများအကြား မြန်မာသည် မလေးရှား ၊ မာရာကာစတာ ၊ ဘဟားမား အမျိုးမျိုးဖြစ်ခဲ့ရလေသည် ။စောဝေလှ PhD ဘွဲ့ရပြီ ။ဒေါက်တာ စောဝေလှ ဖြစ်ပြီ ။ ပရော်ဖက်ဆာစောဝေလှဖြစ်ပြီ ။ သိပ္ဖံပညာရှင် စောဝေလှဖြစ်ပြီ ။အီတလီတက္ကသိုလ်တွင်ပင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် သင်ပြပေးရန် ကမ်းလှမ်းပြန်သည် ။ ဘာလင်တက္ကသိုလ်တွင် လေးနှစ်တာ စာသင်ကြားရင်း နာနိုရူပဗေဒ ဆက်လက်လေ့လာသည် ။ ထိုသို့လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးထဲဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို စောဝေလှ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည် ။ ကမ္ဘာပေါ်တွင် မည်သည့်သိပ္ဖံပညာရှင်မှ မအောင်မြင်သေးသည်ကို မြန်မာလူမျိုး ပရော်ဖက်ဆာ က ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည် ။ ၂၀၀၀ ပြည့်နှစ်ကမ္ဘာ့ထိပ်တန်းသိပ္ဖံပညာရှင် (၁၀၀) စာရင်းတွင် စောဝေလှ ပါဝင်ခဲ့ပြီ ။ ဂစ်တာသမားစောဝေလှ မှ ကမ္ဘာကျော်သိပ္ဖံပညာရှင် စောဝေလှ ဖြစ်ခဲ့ပြီ ။

အမေရိကားသည့် ပထမ ဆိုသည့် လူများအတွက် အခွင့်အရေးအများဆုံးပေးကာ စုစည်းသည့်နိုင်ငံဖြစ်သည် ။၂၀၀၁ အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာ စောဝေလှ ကို ကမ်းလှမ်းလေပြီ ။ Ohio တက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှ လက်ခံလိုက်သည် ။ နှစ်နှစ်အတွင်း တက္ကသိုလ်၏ ရာသက်ပန်ပေါမောက္ခဖြစ်လာသည် ။ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအဆင့်ပေါမောက္ခ ဒေါက်တာစောဝေလှဖြစ်လာသည် ။ ၂၀၁၁ ခုနှစ်အထိ (၁၄)နှစ်အတွင်း PhD ကျောင်းသား (၉)ယောက်ကို ပရော်ဖက်ဆာဒေါက်တာစောဝေလှ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည် ။မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆယ်နှစ်အတွင်း PhD ဘွဲ့ရပေါင်း ဒါဇင်များနှင့်ချီကာ ထွက်နေသော်လည်း အမေရိကန်၏ စံနှုန်းအရ PhD ဘွဲ့ (၉)ယောက်ဆိုသည်မှာ များပြားသည့် ဦးရေဖြစ်သည် ။

အမေရိကန်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနစီမံကိန်းများတွင်လည်း ဒေါက်တာစောဝေလှ ပါဝင်ထမ်းဆောင်နေသည်။ ကမ္ဘာ့အနှံတက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာစောဝေလှ ကမ္ဘာပတ်ကာ ဟောပြောပွဲတွေ လုပ်ပေးရသည် ။ တစ်လလျင် ဟောပြောပွဲ နှစ်ခေါက်ထွက်ရသည် ။ နိုင်ငံပေါင်း(၂၀)ကျော် လှည့်လည်ခဲ့ရသည် ။
နိုင်ငံတကာကွန်ဖရင့်တွေ တက်ရသည် ။ သက်ဆိုင်ရာတက္ကသိုလ်များက ငွေကြေးအကုန်အကျခံကာ ဒေါက်တာစောဝေလှကို လက်ချာပေးရန် ဖိတ်ကြားကြရသည် ။
သွားသည့်နိုင်ငံတိုင်းတွင် ဒေါက်တာစောဝေလှ အမေးခံရသည် ။

“ဒေါက်တာက အမေရိကန်နိုင်ငံသားတော့ ဟုတ်ပါပြီ..ဒါပေမယ့် အာရှမျိုးနွယ်မဟုတ်လား” ဆိုသည့် မေးခွန်း ။
“ဖိလစ်ပိုင်လား ၊ အင်ဒိုနီးရှားလား ၊ ထိုင်းလား”
ထိုသို့မေးသည့်အခါတိုင်း သူ စိတ်မကောင်းဖြစ်ရသည် ။

မေးသည့်သူများသည် မြန်မာကို သိကြ၏ ။
သို့သော် ထက်မြက်ထူးချွန်သော ပညာရေးနှင့်တွဲစပ်လာလျက် မြန်မာကို စာရင်းထဲမထည့် ။
ထိုအခါကျ ဒေါက်တာစောဝေလှ ရင်ကို ကော့ပြီး ပြောပြရသည် ။

“No No. I am Burmese”
မြန်မာထဲမှာ ဒီလိုသိပ္ဖံပညာရှင်မျိုး ရှိလား အံဩတကြီး ထပ်မေးကြသည် ။
ရှိလို့ မင်းမြင်နေရတာပေါ့ ဒေါက်တာက အဲ့ဒီလိုပဲ ဖြေတတ်သည် ။

မြန်မာပြည်မှ ထွက်ခွာလာခဲ့သော ဘေ့စ်ဂစ်တာသမား ရူပဗေဒ ကျောင်းဆရာလေးဘဝမှ ကမ္ဘာကျော်သိပ္ဖံပညာရှင် ပရော်ဖက်ဆာတစ်ယောက်ဘဝအကြား ဘန်ကောက်တွင် သုံးနှစ် ၊ ဥရောပတွင် (၁၁)နှစ် အမေရိကားတွင် (၁၄)နှစ် ။ ဓာတ်ခွဲခန်းတွေ ဖော်မြူလာတွေကြားမှာ ဘေ့စ်ဂစ်တာသမားသည် အမိမြေ ဖြစ်သည့် မြန်မာနိုင်ငံကိုတော့ မမေ့နိုင်ခဲ့တာ သေချာသည် ။မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ပညာရေးစနစ်တွေကို သိစေချင်သည့် ဆန္ဒ ဒေါက်တာစောဝေလှမှာ ရှိနေပြန်သည် ။ တိုးတက်သောပညာရေးစနစ်များအကြောင်း ဒေါက်တာစောဝေလှက သူ့အတွေ့အကြုံနှင့်ယှဉ်ကာ မျှဝေ လိုသည် ။

ထို့ကြောင့်…… ပညာရေးစနစ်တစ်ခုကို အပြစ်ထိုင်ပြောနေလို့တော့ ဘာအဖြေမှ ထွက်မှာ မဟုတ်ဘူး ။ ဒီတော့ သူများနိုင်ငံက ပညာရေးစနစ်တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေ အတုယူသင့်တာလေးတွေကို ကျွန်တော်ရှင်းပြချင်တယ် ။ အမေရိကန်ရဲ့ တက္ကသိုလ်ပညာရေးစနစ်က စပြီး ရှင်းပြမယ် ။ အမေရိကန်ရဲ့ တက္ကသိုလ်အားလုံးက အဆင့်ဆင့်သောပရော်ဖက်ဆာတွေအားလုံးဟာ အင်ဒီပန်းဒန့် လွတ်လပ်သူတွေပဲ ။ ဘယ်သူ့လက်အောက်မှာမှ ဘယ်သူမရှိဘူး ။ ပရော်ဖက်ဆာခန့်တော့မယ်ဆိုရင်လည်း တကမ္ဘာလုံးကို လျှောက်လွှာခေါ်ပြီး အတော်ဆုံးလူတွေကို ရွေးခန့်တယ် ။ကြိုက်တဲ့နေရာကလာ အတော်ဆုံးလူဖြစ်ရင်ပြီးရော ။ ပရော်ဖက်ဆာခန့်ပြီဆိုတာနဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခေါ်တွေ့တယ် ။ ပရော်ဖက်ဆာမှန်ရင် ကိုယ်ပိုင် ဓာတ်ခွဲခန်းရှိရမယ် ။ အဲ့ဒီအတွက် လိုအပ်တဲ့ငွေကိုပြော ။ ဒေါ်လာနှစ်သန်းလိုလား ။ နှစ်နှစ်အတွင်းမှာ အဲ့ငွေကို ကုန်အောင်သုံး ။ ပြီးသွားရင် ငွေတစ်ပြားမှ မပေးတော့ဘူး ။

ပြီးတော့ ထူးခြားတာက PhD ကျောင်းသားတွေကို သက်ဆိုင်ရာပရော်ဖက်ဆာက လစာပေးရတယ် ။ ကျွန်တော်တို့ အိုဟိုင်းယို တက္ကသိုလ်မှာဆို PhD ကျောင်းသားတစ်ယောက်ကို တစ်နှစ် ဒေါ်လာ နှစ်သောင်းပေးရတယ် ။ ပရော်ဖက်ဆာက ဘာကြောင့် PhD ကျောင်းသားတွေကို လစာပေးရသလဲ ။ ကျွန်တော်ရှင်းပြမယ် ။ ပရော်ဖက်ဆာတစ်ယောက်မှာ တာဝန်သုံးခုရှိတယ် ။ တစ်ခုက တက္ကသိုလ်မှာ စာသင်ရတယ် ။ တစ်ပတ်ကို လေးနာရီထက်ပိုမများပဲသင်ရတယ် ။ ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကျောင်းသားတွေကို သင်ရတာ ။ ဒုတိယတာဝန်က PhD ကျောင်းသားတွေနဲ့ သုတေသနလုပ်ရတယ် ။ တတိယတာဝန်က အမေရိကန်အစိုးရက တောင်းတဲ့အကြံဥာဏ်တွေပေးရတယ် ။ အဲဒီသုံးခု ကို အဓိက လုပ်ရတယ် ။

စာသင်တာအတွက်က လစာရတယ် ။ သုတေသနပိုင်းကျတော့ ငွေကြေးကို ကိုယ့်ဘာသာရှာရတယ် ။ ဘယ်လိုရှာရသလဲဆိုတော့ နာနို နည်းပညာဆို သူနဲ့ပတ်သက်တဲ့ ကုမ္မဏီတွေရှိတယ် ။ သူတို့ကို ကျွန်တော်တို့ သုတေသနလုပ်မယ့်ပရော့ဂျက်နဲ့ပတ်သက်ပြီး ပြောပြရတယ် ။ သူတို့က ငွေကြေးချပေးမယ် ။ သုတေသနအောင်မြင်သွားတဲ့နည်းပညာကို သူတို့နဲ့ အကျိုးတူသုံးစွဲမယ် ။ အမေရိကန်မှာ မြန်မာနဲ့မတူတာတစ်ခုက ဆေးတက္ကသိုလ်ကိစ္စပဲ ။ အမေရိကန်မှာက ဆေးတက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်မရှိဘူး ။ ပထမသိပ္ဖံ ဒီဂရီဘွဲ့တစ်ခုခုရပြီးမှ ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ် ။ အခြေခံပညာတန်းပြီးရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မရှိဘူး ။

ဒီဂရီနှစ်ခုရမှ ဆရာဝန်ဖြစ်တဲ့အတွက် ဒေါက်တာ လို့ သတ်မှတ်တာ ။ ပရော်ဖက်ဆာတွေနဲ့ အဆင့်တူသတ်မှတ်လိုက်ပြီး ဒေါက်တာလို့ခေါ်ကြတာ ဖြစ်တယ် ။ ကျွန်တော်တို့ကိုလစာပေးတာကလည်း အစိုးရမဟုတ်ဘူး ။ First Year ကျောင်းသားတွေ ။ ပထမနှစ် ကျောင်းသားတွေက ကျွန်တော့်ရဲ့ ဘောစ်တွေ ။ အလုပ်ရှင်တွေ ။ ကျွန်တော့်အတန်းကိုလာတက်တဲ့ ပထမနှစ်ကျောင်းသားတွေက ကျွန်တော့်စာသင်ပုံပေါ် မူတည်ပြီး ကွန်မန့်တွေပေးကြရတယ် ။ သူတို့ကွန်မန့်တွေပေါ် မူတည်ပြီး တက္ကသိုလ်က ကျွန်တော်တို့ရဲ့ လစာအတိုးအလျော့တွေ ၊ ရာထူးအတိုးအလျော့တွေကို ဆုံးဖြတ်တယ် ။ သူတို့ကလည်း တကယ့်ကို မှန်မှန်ကန်ကန် အကဲဖြတ်ကြတာ ။
မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် ပဲ ။

ပထမနှစ်ဝက်မှာ ကျောင်းသားတွေက ပရော်ဖက်ဆာကို ကွန်မန့်ရေးတဲ့အချိန် ကျွန်တော်တို့က အထဲမဝင်ရဘူး ။ သူတို့က ရေးပြီးသားတွေကို မဲပုံးထဲ ထည့်ခဲ့တာ ။ အဲဒါကို တက္ကသိုလ်ဘုတ်အဖွဲ့က ကြည့်ပြီး ပရော်ဖက်ဆာကို မိတ္ထူပေးတယ် ။ ကျွန်တော်တို့ အဲ့ဒီမှာ ကိုယ့်အားနည်းချက်ကို ဖတ်ပြီး လိုအပ်တာရှိ ပြုပြင်ရတယ် ။အထက်က ဆရာက ကိုယ်မသိတဲ့ အားနည်းချက်ကို တပည့်တွေက ထောက်ပြတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြုပြင်နိုင်လာတယ် ။ သူတို့နိုင်ငံရဲ့ စနစ်မှာက အထက်ကလူရဲ့ ရပ်တည်ချက်ကို အောက်ကလူများစု က အကဲဖြတ် ဆုံးဖြတ်ပေးတာပဲ ။

ကျွန်တော်တို့ကို ကျောင်းသားတွေက စောင့်ကြည့်အကဲဖြတ်သလို ကျွန်တော်တို့ကလည်း သမ္မတတို့ ဒုသမ္မတတို့ အစိုးရအဖွဲ့တို့ကို စောင့်ကြည့်အကဲဖြတ်ရတယ် ။ ကျွန်တော်တို့ဆီက တက္ကသိုလ်ဆိုတာ ဆေးကောလိပ်ပါတယ် ။ နည်းပညာကောလိပ်ပါတယ် ။ အခြားအသက်မွေးကောလိပ်တွေပါတယ် ။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေရှိတယ် ။ ကိုယ်ပိုင်လေယာဉ်ကွင်းတွေ . ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတယ် ။ ပရော်ဖက်ဆာ အယောက် (၇၆၀)ကျော်ရှိတယ် ။ တစ်နှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာတစ်ယောက်ကို ဆုပေးလေ့ရှိတယ် ။ (၂၀၀၆)ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာဆု ကျွန်တော်ရခဲ့တယ် ။

အဲ့ဒီဆု ဘာလို့ရသလဲ ။
ကျောင်းသားတွေပေးတဲ့ကွန်မန့်တွေဖတ်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြုပြင်ခဲ့လို့ ရတာ ။ ဒါကတော့ အမေရိကားပညာရေးစနစ်ရဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ ။မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဝေဖန်ရရင်တော့ ပြောင်းတာမြန်ပါတယ် ။ အထဲကလူထက်စာရင် အပြင်က လာတဲ့လူအနေနဲ့ ပိုမြင်သာတယ် ။ မနှစ်က ကျွန်တော်ပြန်လာတာ တစ်လကြာတယ် ။မြန်မာပြည်ကတော်တော်ကောင်းလာတယ်ပေါ့ ။ ဟော့ အခု ဒီနှစ်ပြန်လာတော့ ပိုကောင်းလာတယ်လို့ မြင်တယ် ။ မနှစ်က ပြန်လာတုန်းကဆို ကျွန်တော်သူငယ်ချင်းတွေနဲ့ မိုးချုပ်သွားတော့ တက္ကစီငှားပြန်တယ် ။ပြည်လမ်းပေါ်ရောက်တော့ တက္ကစီသမားက ဆက်မသွားရဲတော့ဘူး ။ ရှေ့မှာက ပြိုင်ကားတွေ ကိုးစီးလောက်ရှိတယ် ။ သူတို့က ညဘက် ကားပြိုင်ကြမှာ ။ ကျန်တဲ့ကားတွေလည်း အကုန်ကြောက်ပြီး ရပ်နေကြရတယ် ။

လူတွေသွားတဲ့လမ်းမှာ ကားလာပြိုင်တာ အံဩဖို့ကောင်းတယ် ။ အမေရိကန်လိုနေရာမျိုးမှာ ကာပြိုင်ပွဲတွေရှိတယ် ။ ဒါပေမယ့် လူတွေသွားတဲ့လမ်းမှာ ဘယ်သူမှ မပြိုင်ကြဘူး ။ ဒီတစ်ခေါက်ပြန်လာတော့ အဲ့ဒါတွေ မတွေ့ရတော့ဘူး ။ အဲဒါ မျှတလာတဲ့သဘောပဲ ။ တစ်နှစ်ထက်တစ်နှစ် ပိုပြီး လူတွေ စည်းကမ်းရှိလာသလို တိုးတက်လာတာတွေ့ရတယ် ။ အခု မြန်မာဆို နိုင်ငံတကာက အရမ်းစိတ်ဝင်စားကြတယ် ။ ကျွန်တော် မြန်မာပတ်စ်ပို့ကိုင်ပြီး မျက်နှာငယ်ခဲ့ရတဲ့အချိန်တွေရှိတယ် ။ အခု ကျွန်တော်အမေရိကန်နိုင်ငံသားခံယူလိုက်တော့မှ မြန်မာက ဂုဏ်ယူစရာဖြစ်လာတယ် ။ အခု ကျွန်တော့်ကို သူငယ်ချင်းသိပ္ဖံပညာရှင်တွေက လာပြောကြတယ် ။ မင်းဇာတိ မြန်မာနိုင်ငံမှာ ကွန်ဖရင့် လုပ်ပေးပါ ။ ငါတို့အတော်ဆုံးသိပ္ဖံပညာရှင်တွေ လက်ချာလာဟောပြောကြမယ်ပေါ့ ။

သူတို့က အရမ်းလာချင်နေကြတယ် ။ ကျွန်တော်ကလည်း ခဏစောင့်ခိုင်းထားရတယ် ။ ကိုယ့်ဆီက ပညာရေးက နည်းနည်းလေး လိုက်မမှီသေးတာတွေ့ရတယ် ။ တစ်နေ့တော့ ဖြစ်ကို ဖြစ်လာရမှာပါ ။ ကျွန်တော် သိပ္ဖံပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပတ်ဝန်းကျင် ၊ ဗီဇ ၊ ဝါသနာ ဘာကြောင့်လဲဆိုတာ သုံးသပ်ရရင် ကျွန်တော်က ဗီဇ ကြောင့်လို့ပဲ ယူဆတယ် ။ ပတ်ဝန်းကျင်ကြောင့်သာဆိုရင် ကျွန်တော် အဲ့ဒီတုန်းက စစ်ဗိုလ်ဖြစ်နေပြီ ။အဲဒီတုန်းက ပတ်ဝန်းကျင်မှာ ဗိုလ်ဖြစ်တာ ပိုဂုဏ်ယူဖို့ကောင်းတယ်လေ ။နောက် ကံ ဆိုတာ အလုပ်နောက်ကို လိုက်တာပဲ ။ အားလုံးတော့ ကိုယ်လုပ်တိုင်းမအောင်မြင်နိုင်ဘူး ။

ဥပမာ မန္တလေးသွားချင်တယ် မန္တလေးသွားတဲ့လမ်းပေါ်လမ်းရောက်နေတယ် သွားလည်းသွားနေတယ်ဆိုရင် ရောက်ဖို့ ရာခိုင်နှုန်းများတယ် ။ သွားချင်တဲ့စိတ်သာရှိပြီး မန္တလေးလမ်းပေါ်မဟုတ်ပြန်ရင်လည်း ရောက်ဖို့မလွယ်သလို လမ်းပေါ်ရောက်လျက်နဲ့ ဆက်မသွားရင်လည်း မန္တလေးက ဝေးနေမှာပဲ ။ ကိုယ် ဒါကို လုပ်ချင်တယ် ဒီလမ်းပေါ်လမ်းရောက်နေတယ်ဆို အောင်မြင်ခြင်းအတွက် စိတ်ပဲလိုပါတယ် ။ အားလုံးကို ကျွန်တော် ကိုယ့်အစွမ်းအစနဲ့ လုပ်ခဲ့တာချည်းပဲ ။ (၆၄)ဒေါ်လာကနေ စခဲ့တဲ့ဘ၀ ကိုယ့်ဘာသာ ကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ် ။ လူငယ်တစ်ယောက်ဟာ ဖယောင်းလိုပဲ ။ ကိုယ်လိုချင်တဲ့နေရာကို ပတ်ဝန်းကျင်နဲ့ ဗီဇက ပြောင်းလဲဖြစ်တယ် ။ သူ့ သူငယ်ချင်းတွေအားလုံးက ခိုးဆိုးနေသူချည်းပဲဆိုရင် သူပင်ကိုယ်စရိုက်ဘယ်လောက်ကောင်းကောင်း သူခိုးဖြစ်လာဖို့များတယ် ။ အဲ့ဒီအရွယ်မှာ ဗီဇ ဟာ မပီပြင်သေးဘူး ။ ဒီတော့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို ခံရနိုင်ဖို့ကပဲများနေတယ် ။

အစပိုင်းမှာ ပတ်ဝန်းကျင်က အရေးကြီးပေမယ့် နောက်ပိုင်းကျ ဗီဇက ပိုအရေးကြီးလာတယ် ။ ကျွန်တော်ပတ်ဝန်းကျင်ဆို လက်ရှိရောက်နေတဲ့ ဘဝနဲ့ ဘာမှ မဆိုင်ဘူး ။ ကျွန်တော်ပတ်ဝန်းကျင်က ဂီတအနုပညာပတ်ဝန်းကျင် ရှိတယ် ။ အဲဒါကို အတိုင်းအတာတစ်ခုထိအောင်မြင်အောင်လုပ်ခဲ့တယ် ။ လမ်းလွဲမသွားဘူး ။ အဲဒီကတဆင့် ဘဝမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ် ။ အတက်တွေ ။ အကျတွေ ။ အခုအချိန်မှာ တစ်ကနေပြန်စရမယ်ဆိုရင်လည်း ကျွန်တော့်ဘဝကိုဒီအတိုင်းပဲကျေနပ်တယ် ။ မကောင်းခဲ့တာလည်းကျေနပ်တယ် ။ ကောင်းခဲ့တာလည်းကျေနပ်တယ် ။ အဆိုးကို မသိရင် အကောင်းဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ မသိနိုင်ဘူး ။

ဘ၀ ဟာ ဒုက္ခရှိတယ် ။ ဒုက္ခကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရမယ် ။ တစ်ချိန်ကျ ကျော်လွှားနိုင်သွားတာပဲ ။အောင်မြင်တဲ့အခါလည်း မောက်မာထောင်လွှားစရာမလိုဘူး ။ သူများက ကိုယ့်အပေါ်မကောင်းတာ သူ့ပြသနာ ။ ကိုယ့်ပြသနာမဟုတ်ဘူး ။သူတို့ မကောင်းတာကို ကိုယ်က စိတ်ဆိုးမိပြီဆိုတာနဲ့ ကိုယ့်ပြသနာဖြစ်သွားပြီ ။ ဗီဇ ဆိုတာ ကိုယ်က တော်တာမဟုတ်ဘူး ။ ကိုယ် ဘာကို တော်လဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတာ ။ အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် မလိမ်နဲ့ ။ ကိုယ့်ကိုကိုယ်လိမ်ရင် သူများကိုလိမ်ဖို့ ပိုလွယ်သွားပြီ ။ ကိုယ့်ကိုကိုယ် သိရင် အောင်မြင်ဖို့ နီးစပ်သွားပြီ ။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ်သေချာသိပြီး လေ့လာအားစိုက်မှုနဲ့ ကြိုးစားမှုပေါင်းစပ်ရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို ရကို ရမယ် ။

ဒေါက်တာစောဝေလှ
အောင်မြင်သော မြန်မာတိုင်းရင်းသား သိပ္ဖံပညာရှင် ။

ကျွန်တော်တို့သည် စနစ်ဆိုးခေတ်ဆိုးများကြားတွင် မြန်မာပြည်ဖွား အာဂလူသားများကို သူများထံသို့ ပေးလိုက်ကြရသည် ။ တန်ဖိုးထားသူနှင့် တန်ဖိုးမထားသူကြား လူသား၏ အရည်အသွေး အဆင့်အတန်းသည် များစွာ ကွာခြားသွားခဲ့ပြီ ။ ရန်ကုန်တက္ကသိုလ်မှ ဘေ့စ်ဂစ်တာသမား ကျောင်းဆရာလေးသည် ကမ္ဘာကျော်သိပ္ဖံပညာရှင်ကြီး ဖြစ်လာခဲ့သည် ။ အမေရိကန်နိုင်ငံ၏ ဓာတ်ခွဲခန်းတစ်ခုထဲတွင် မြန်မာပြည်က ဘေ့စ်ဂစ်တာသံသည် သံစဉ်အသစ်များဖြင့် သိပ္ဖံကကြိုးကို တီးခတ်နေဆဲ…….။

ခက်ဇော် (The Voice)

Leave a Reply