ေစာင္းေကာက္သမုိင္း ႏွင့္ ျမန္မာ့ေစာင္းအေၾကာင္း သိေကာင္းစရာ

Posted on

Cover Photo : U Aye Myint Kyu

ေရွးအက်ဆုံး ႀကိဳးတပ္တူရိယာ

ေစာင္းေကာက္သည္ ကမၻာေပၚရွိ တူရိယာမ်ားအနက္ ေရွးအက်ဆုံး တူရိယာတစ္မ်ိဳး ျဖစ္သည္။ ေရွးပေဝဏီလူတို႔ အမဲလိုက္ရာတြင္ ေလးမ်ားတို႔ကို အသုံးျပဳ ၾကသည့္အခ်ိန္မွစ၍ ေစာင္းတူရိယာကို စတင္တီထြင္လာၾက သည္ဟု ကမၻာ့ပန္တ်ာ သုေတသနပုဂၢိဳလ္ႀကီးမ်ားက ယူဆၾကသည္။ ယေန႔ ကမၻာေပၚရွိ လူမ်ိဳးအသီးသီးအသုံးျပဳေနၾကသည့္ ေစာင္းပုံအမ်ိဳးမ်ိဳးကို အၾကမ္းအားျဖင့္ ခြဲျခားလၽွင္၊ ေလးကိုင္းပုံ ေစာင္းႏွင့္ ႀတိဂံပုံေစာင္းဟူ၍ ေစာင္းအမ်ိဳးအစား ႏွစ္မ်ိဳးရွိေလသည္။

ေစာင္းအမ်ိဳးအစား ႏွစ္မ်ိဳး ရွိသည့္အနက္ ေလးကိုင္းပုံ ေစာင္းအမ်ိဳးအစားသည္ ႀတိဂံပုံ ေစာင္းအမ်ိဳးအစားထက္ ေရွး က်ေၾကာင္း သိရွိရေပသည္။ ကမာၻေပၚတြင္ ေလးကိုင္းပုံသ႑ာန္ ေစာင္းေကာက္အမ်ိဳးအစားသည္ ေရွးေခတ္အီဂ်စ္ႏိုင္ငံ၊ ေရွးေခတ္ အိႏၵိယတိုင္းႏွင့္ ေရွးေခတ္ ဂ်ားဗားကၽြန္းတို႔တြင္ ေပၚထြန္းေခတ္စားခဲ့ေၾကာင္းေတြ႕ရွိရသည္။ ျမန္မာႏိုင္ငံ၌မူယခုတိုင္ ေစာင္းေကာက္ကို ျမတ္ႏိုးႏွစ္သက္စြာ တီးလ်က္ရွိၾကသည္။

သမိုင္းေၾကာင္း

ေစာင္းေကာက္မ်ားသည္ ဘီစီ၃ဝဝဝ ခန္႔မွစ၍ ဆူးမားျပည္ႏွင့္ အီဂ်စ္ျပည္ရွိ အရပ္ေဒသမ်ားမွစတင္၍ ေပၚေပါက္ထြန္းကား လာဟန္ရွိသည္။ ေရွးအက်ဆုံးအီဂ်စ္ေစာင္းမွာ ႀကိဳးတစ္ေခ်ာင္း သာလၽွင္တပ္၍၊ စစ္တိုက္သည့္အခ်န္အခါမ်ားႏွင့္ ရန္သူမ်ား ေနာက္သို႔ လိုက္သည့္အခါမ်ားတြင္ တီးၾကေၾကာင္း သိရွိရသည္။ အိႏၵိယတိုင္း၊ ပါဋလိပုတ္ျပည္၌ ခရစ္ႏွစ္ ၃၃ဝ ျပည့္ ႏွစ္တြင္ နန္းတက္စိုးစံေသာ သမုျဒဂုတၱမင္းလက္ထက္က သြန္းလုပ္ခဲ့ေသာ ဒဂၤါးမ်ားေပၚတြင္ ေစာင္းေကာက္ တီးေနပုံကို ေတြ႕ရသည္။

ဂ်ားဗားကၽြန္းသို႔ အိႏၵိယတိုင္းသားတို႔ ၅ ရာစု ႏွစ္ေလာက္တြင္ သြားေရာက္ေနထိုင္ၾကရာ၊ ေစာင္းေကာက္ စေသာ တူရိယာမ်ား ပါရွိသြားဟန္တူ၏။ ဂ်ားဗားကၽြန္းတြင္ ၈ ရာစုႏွစ္ခန္႔ေလာက္က တည္ထားခဲ့ေသာ borobudur ေစတီေတာ္ႀကီး၏ ပစၥဳယာအဆင့္ ဆင့္၌ရွိေသာ ပန္းတေမာ့ ေက်ာက္႐ုပ္မ်ား တြင္ ေစာင္းေကာက္ပုံမ်ားကို ေတြ႕ရသည္။ ထိုေစာင္းေကာက္ ပုံမ်ား အခ်ိဳ႕တြင္ ျမန္မာေစာင္းေကာက္မ်ားမွာကဲ့သို႔ ေစာင္းႀကိဳး မ်ားကို ဘြဲ႕ႀကိဳးျဖင့္ ခ်ည္ေႏွာင္သည္ကိုေတြ႕ရသည္။

အလယ္ေခတ္က ေစာင္းပုံစံ

အေခၚအေဝၚ

ခရစ္ေတာ္မေပၚမီ ၆ ရာစုႏွစ္ေလာက္က အာရပ္လူမ်ိဳးမ်ား သည္ ေစာင္းတူရိယာကို ‘စက္က’ဟု ေခၚေဝၚၾက၏။ ထို ေဝါဟာရသည္ ေရွးအက်ဆုံးေခၚေဝၚေသာ ေဝါဟာရျဖစ္႐ုံ မၽွမက၊ ယင္းေဝါဟာရမွတစ္ဆင့္ ေစာင္းတူရိယာကို ဂရိ ဘာသာအားျဖင့္ ‘စန္ ဘိ ကီ’ဟူ၍၎၊ လက္တင္ဘာသာ အားျဖင့္ ‘စန္ဘုက’ဟူ၍၎၊ ပါးရွင္းဘာသာအားျဖင့္ ‘ခ်န္း (ခ)’ဟူ၍၎ ယခုအာရပ္ဘာသာအားျဖင့္ ‘စဲ(န္)’ဟူ၍ အသီးသီး ဆင္းသက္လာခဲ့ေလသည္။

ျမန္မာလူမ်ိဳးမ်ား၏ ‘ေစာင္း’ဟူေသာ ေဝါဟာရမွာလည္း အဆိုပါအာရပ္ႏွင့္ ပါးရွင္း ေဝါဟာရမ်ားမွတစ္ဆင့္ ဆင္းသက္လာသည္ဟု ယူဆရသျဖင့္ ယေန႔ျမန္မာ့ ေစာင္းေကာက္မ်ားသည္ အာရပ္ႏွင့္ ပါးရွင္းလူမ်ိဳး မ်ားထံမွ အိႏၵိယမွတစ္ဆင့္ လက္ခံရရွိလိုက္ဟန္ရွိသည္။

ျမန္မာ့ေစာင္း

ယေန႔ ျမန္မာ့စာေပက်မ္းဂန္မ်ားတြင္ ေဖာ္ျပပါရွိေသာ ေဗလုဝေစာင္း၊ ဂုတၱိလေစာင္း၊ ဥတိႏၷေစာင္း၊ မင္းကုသေစာင္း မ်ားသည္ ျမန္မာႏိုင္ငံတြင္ အသုံးျပဳေနသည့္ ျမန္မာေစာင္း ေကာက္မ်ိဳးမ်ား မဟုတ္ဘဲ၊ အိႏၵိယျပည္တြင္ ေရွးပေဝဏီမွ ေပၚေပါက္ေခတ္စားလာခဲ့၍၊ ယေန႔တိုင္ သုံးစြဲေနေသာ ႀကိဳး ၇-ေခ်ာင္းတပ္ ‘ဝီဏာ’ေခၚ အိႏၵိယတူရိယာတစ္မ်ိဳးပင္ ျဖစ္ဟန္ တူသည္။ ျမန္မာႏိုင္ငံေတာ္တြင္ က်န္စစ္မင္းတည္ထားခဲ့ေသာ ပုဂံအာနႏၵာ ေစတီေတာ္အတြင္းရွိ နံရံကပ္ ေက်ာက္႐ုပ္တုေတာ္ မ်ားတြင္ ေစာင္းေကာက္ပုံ တစ္ပုံကို အေစာဆုံး ေတြ႕ရွိရျခင္း အားျဖင့္၊ ပုဂံေခတ္အခါကတည္းကပင္ ျမန္မာႏိုင္ငံ၌ ေစာင္း ေကာက္မ်ား ေခတ္စားခဲ့သည္မွာ ထင္ရွားေပသည္။

ယေန႔ ျမန္မာ့ပန္တ်ာေလာက၌ ျမန္မာေစာင္းေကာက္မ်ား တြင္ ေရွးအခါက ႀကိဳး ၇-ေခ်ာင္းျဖင့္သာ တီးခဲ့ၾကသည္ဟူ ေသာ ယုံၾကည္ခ်က္ႏွင့္ ႀကိဳး၇-ေခ်ာင္းမွ ႀကိဳး ၁၃-ႀကိဳးတီး ေသာ စနစ္ကို ျမဝတီမင္းႀကီး တီထြင္ခဲ့သည္ဟူေသာ ယုံၾကည္ ခ်က္ႏွစ္ရပ္မွာ မခိုင္မာေသာ ယုံၾကည္ခ်က္မ်ားသာျဖစ္ေပသည္။ ေရွးအခါက ျမန္မာေစာင္းမ်ား၌ ႀကိဳး ၇-ေခ်ာင္းတပ္ဆင္ ၍ တီးမႈတ္ၾကသည္ဟူ၍ ယုံၾကည္ခ်က္ ျဖစ္ေပၚလာခဲ့ျခင္း အေၾကာင္းအရင္းမွာ ပုဂံေခတ္အခါက အိႏၵိယပန္တ်ာႏွင့္ စပ္ဆိုင္သည့္ အေၾကာင္းအရာမ်ားပါရွိေသာ အိႏၵိယက်မ္းမ်ားမွ တစ္ဆင့္ ျမန္မာဘာသာသို႔ တိုက္႐ိုက္ဘာသာျပန္ဆိုၾကစဥ္က ‘ဝီဏာ’ေခၚ ႀကိဳး ၇-ေခ်ာင္းတပ္ အိႏၵိယတူရိယာ တစ္မ်ိဳးကို ‘ေစာင္း’ဟူ၍ ဘာသာျပန္ဆိုခဲ့ေသာေၾကာင့္ျဖစ္သည္။

ျမန္မာ့ေစာင္း ႏွင့္ ရြာစားႀကီး စိန္ေဗဒါ

ႀကိဳးခ်ည္နည္း

လြန္ခဲ့ေသာႏွစ္ေပါင္း ၃၅ဝဝ ေလာက္ကတည္းကပင္ အီဂ်စ္ေစာင္းေကာက္မ်ားတြင္ ႀကိဳး ၈-ေခ်ာင္းကို ဘြဲ႕ႀကိဳးမ်ားျဖင့္ ခ်ည္လ်က္ တီးခဲ့သည္ကို ေတြ႕ရွိရသည္တစ္ေၾကာင္း၊ အိႏၵိယျပည္ဘာရဟုတ္ၿမိဳ႕ ဘုရားရွိခိုးေက်ာင္း ႐ုပ္လုံးတုမ်ားတြင္ ေတြ႕ရွိရသည့္ အိႏၵိယေစာင္း ေကာက္မ်ား၌ ႀကိဳးအမ်ားအျပားပါရွိဩည္ကို ေတြ႕ရျခင္းအားျဖင့္၊ အိႏၵိယေစာင္းေကာက္မ်ားမွာ လြန္ခဲ့သည့္ႏွစ္ေပါင္း ႏွစ္ေထာင္ေက်ာ္ကတည္းကပင္ ႀကိဳးအမ်ားအျပားတပ္လ်က္ တီးခဲ့ သည္ကို ေတြ႕ရွိရသည္တစ္ေၾကာင္း၊ အာရပ္လက္ေအာက္ခံ အယ္လဟီးေရာ့နယ္၌ ေတြ႕ရွိသည့္ ၆-ရာစုေခတ္အခါေလာက္ က ေစာင္းမ်ား၌ ႀကိဳး ၁၃-ႀကိဳးမွ ႀကိဳး ၄ဝ အထိ တပ္ဆင္ ထားသည္ကို သိရွိရသည့္တစ္ေၾကာင္းေၾကာင့္၊ ျမန္မာႏိုင္ငံတြင္ ပုဂံေခတ္အခါေလာက္ကတည္းကပင္ ေစာင္းေကာက္မ်ား၌ ႀကိဳး ၁၃ ႀကိဳးတပ္လ်က္ တီးေနၾကၿပီဟူ၍ ယူဆရသည္။

ေစာင္းေကာက္လက္႐ုံးတြင္ ႀကိဳးမ်ားခ်ည္ရာ၌ ဘြဲ႕ႀကိဳးျဖင့္ ၎၊ သို႔မဟုတ္ လက္႐ုံးကိုအေပါက္ ေဖာက္၍ ဒလက္မ်ား တပ္၍၎ ခ်ည္ၾကသည္။ ႀကိဳးခ်ည္နည္းမ်ားအနက္ ေစာင္း လက္႐ုံးႀကိဳး ေလ်ာ့မက် ေစရန္ အထစ္မ်ားျပဳလုပ္၍ ခ်ည္နည္း မွာ ေရွးအက်ဆုံး ခ်ည္နည္းျဖစ္သည္။ ထိုခ်ည္နည္းမွတစ္ဖန္ ယခုျမန္မာ့ ေစာင္းမ်ားတြင္ ဘြဲ႕ႀကိဳးျဖင့္ ဗူးလည္သီးခတ္ခ်ည္နည္းသို႔ ကူးေျပာင္းလာခဲ့သည္။ ျမန္မာႏိုင္ငံအနီးအနားတစ္ဝိုက္ တိုင္းျပည္မ်ားတြင္ ေတြ႕ရွိရေသာ ေရွးေစာင္းေကာက္မ်ားမွာ အမ်ားအားျဖင့္ ဘြဲ႕ႀကိဳးမ်ား ျဖင့္သာလၽွင္ ခ်ည္ၾကေလသည္။

ျမန္မာႏိုင္ငံတြင္ ေစာင္းလက္႐ုံးကို အေပါက္ေဖာက္၍ ဒလက္ မ်ားတပ္လ်က္ ႀကိဳးခ်ည္ထားသည့္ ေစာင္းမ်ိဳး တစ္မ်ိဳးေတြ႕ရွိရသည္။ ထိုေစာင္းမ်ိဳးကို ပဲခူး႐ိုးမတစ္ဝိုက္ရွိ စေကာကကရင္ လူမ်ိဳးမ်ားႏွင့္ ရွမ္းျပည္နယ္အခ်ိဳ႕အရပ္ေဒသမ်ားရွိ ရွမ္းလူမ်ိဳး မ်ားတီးၾကသည္။

မွတ္တမ္း

ပုဂံေခတ္အခါ၌ ေစာင္းတူရိယာႏွင့္ယွဥ္တြဲ၍၊ ျငင္း၊ ကန္႔ လန္႔ျဖတ္ေႁပြမ်ားျဖင့္ တီးမႈတ္ေလ့ရွိေၾကာင္းလည္းသိရေပသည္။ မွန္နန္း မဟာရာဇဝင္ေတာ္ႀကီး၊ ပထမတြဲစာအုပ္၊ စာမ်က္ႏွာ ၂ဝ၅၊ ရတန သိဒၶိပထမတြဲစာအုပ္ စာမ်က္ႏွာ ၂၂၄ တြင္ သုမုႏၵရီၿဖိဳႂကြင္းသကၠရာဇ္ ၈၉ခုႏွစ္ နန္းတက္ေတာ္မူေသာ ပ်ဴေစာထီးမင္း နန္းတက္ပြဲအခမ္းအနား၌ ေစာင္းတူရိယာတီးေၾကာင္း ေတြ႕ရွိရသည္။

သကၠရာဇ္ ၄၅၄ခုႏွစ္ နန္းတက္ေတာ္မူေသာ အေလာင္းစည္သူမင္းႀကီး၏ မိဖုရားႀကီး ၄ပါးတို႔၏ နန္းေတာ္ ေဆာင္မ်ား၌ မိန္းမစည္၊ မိန္းမပတ္၊ မိန္းမေစာင္း၊ မိန္းမျငင္း တို႔ျဖင့္ မျပတ္ေဖ်ာ္ေျဖတီးၾကရေၾကာင္း ေတြ႕ရွိရသျဖင့္၊ ပုဂံ ေခတ္မင္းခမ္းမင္းနားမ်ားတြင္ ေစာင္းတူရိယာမ်ား တီးေၾကာင္း သိရွိရ၏။ ‘ခ်စ္တဲ့သူငယ္ေလ၊ သူငယ္ခ်င္းငယ္ေကာင္း ေယာင္း မတို႔ေတာ္၊ မဲလည္ပင္ႏွင့္ ဒန္းပင္ႏြဲ႕ေႏွာင္း၊ ယွက္ခါငယ္ေပါင္း’ အစခ်ီသုံးေထာင့္ အိုင္ခ်င္းတစ္ပုဒ္၌ ‘စုန္မဲ့ဆို စုံမဲ့ရက္၊ ဆက္ ဆက္မစုန္လို၊ တီးသည့္ေစာင္းႏွင့္ ေလာင္းသည့္ၾကက္ကို ပိုက္ လို႔ငယ္ငို၊ ေမာင့္ကိုကုန္သြား၊ ထဲ့သလားေတာ္’ဟူ၍ ေရးသား ထားခဲ့ျခင္းျဖင့္၊ ေရွးအခါကပင္ ေစာင္းတူရိယာမ်ားကို မင္းခမ္း မင္းနားသဘင္မ်ားတြင္ တီးၾက႐ုံသာမက၊ ေတာင္သူလယ္သမား ဆင္းရဲသားပိုင္း မ်ား၌လည္း ေခတ္စားလ်က္ရွိေၾကာင္း သိရွိရ ေပသည္။

ေရွးအစဥ္အဆက္မွ ဆင္းသက္၍ ကုန္းေဘာင္ေခတ္ဦးပိုင္း တြင္ မိမိတို႔တီးေသာ ေစာင္းတူရိယာမ်ားကို ‘ကရဝိက္သံ၊ ျမ ျခဴသံ၊ ဇီဝစိုး၊ သစ္ကနက္၊ သန္းေခါင္က်ဴး၊ သန္းေခါင္ေမာင္း၊ စံရွား’ အစရွိသည့္ အမည္နာမမ်ိဳးမ်ား မွည့္၍ ေစာင္းအိုး၏ အေနာက္ဘက္၌ ကမၸည္းစာတမ္းထိုးေလ့ရွိၾကသည္။ ၄့ရတြင္း ေတာ္မ်ား၌ ေစာင္းတူရိယာမ်ားကို လက္ဝဲေစာင္း၊ လက္်ာေစာင္းဟူ၍ ခြဲျခားတီးကာ ေဖ်ာ္ေျဖၾကရသည္။ သကၠရာဇ္ ၉၇၁ ခုႏွစ္တြင္ နန္းတက္ေတာ္မူေသာ ေတာင္ငူဘုရင္ နတ္ရွင္ေနာင္၊ သကၠရာဇ္ ၁၁၈၁ ခုႏွစ္ နန္းတက္ေတာ္ မူေသာ ဘႀကီးေတာ္ ဘုရား၊ သကၠရာဇ္ ၁၁၉၉ ခုႏွစ္ နန္းတက္ေတာ္မူေသာ သာယာဝတီမင္းေခၚ ေ႐ႊဘိုမင္း၊ အေနာက္နန္းမေတာ္မျမေလး၊ ျမဝတီဝန္ႀကီးဦးစတို႔သည္ ေစာင္းအတီးပညာကို ကိုယ္တိုင္ ေလ့လာလိုက္စား ဆည္းပူးခဲ့သည္မ်ားကို အေထာက္အထားျပဳ လ်က္ အင္းဝေခတ္ႏွင့္ ကုန္းေဘာင္ေခတ္အခါ၌ ရွင္ဘုရင္မွစ၍ မင္းညီမင္းသားမ်ားကိုယ္တိုင္ ေစာင္းတီးျခင္းကို အျမတ္တႏိုး ေလ့လာလိုက္စားခဲ့ေၾကာင္း သိသာထင္ရွားေပသည္။

ျမန္မာ့ေစာင္း အမ်ိဳးအစားမ်ား

ျမန္မာေစာင္းေကာက္မွာ အ႐ြယ္အားျဖင့္ ႏွစ္စားရွိသည္။ ေယာက္်ားတီးေစာင္းမွာ ႀကီး၍၊ မိန္းမတီး ေစာင္းမွာငယ္သည္။ ျမန္မာေစာင္းေကာက္မ်ားတြင္ တပ္ဆင္ထားေသာႀကိဳး ၁၃ႀကိဳး ကို အထက္ဆုံးမွ ေအာက္ဆုံးႀကိဳးအထိ အသံႀကီးစဥ္ငယ္လိုက္ (၁)အထက္ဒုန္း (၂)ႏွစ္ပင္ဒုန္း (၃)သုံးပင္ဒုန္း (၄)ေလးပင္ဒုန္း (၅)ငါးပင္(၆)ဒုန္းလက္ၫႈိး (၇)ႏွစင္ဒုန္း (ႏွစ္ပင္ ဒုန္းလက္ၫႈိး (၈)သုံးပင္ဒုန္းလက္ၫႈိး (၉)ေတ်ာႀကိဳး (၁ဝ)ေတ်ႀကိဳး (၁၁) တ်ာႀကိဳး (၁၂)သံက်ပ္ႀကိဳး (၁၃)သံျဖားႀကိဳးဟု ၫွင္းလုံးသံစဥ္ ၫွိ၍ တီးသည့္အခါ ေခၚေဝၚၾကသည္။

ယင္းႀကိဳးအေခၚအေဝၚ မ်ားသည္ ၫွင္းလုံးသံစဥ္ျဖင့္ၫွိထားေသာ အခါ၌သာ ေခၚေသာ အမည္မ်ား ျဖစ္၏။ အျခားသံစဥ္မ်ားျဖင့္ ၫွိေသာအခါတြင္ ႀကိဳးအေခၚအေဝၚမ်ား ေျပာင္းလႊဲသြားတတ္သည္။ ယခုအခါ မ်ားေသာအားျဖင့္ အေပၚဆုံးတြင္ တစ္ႀကိဳးတင္ကာ ၁၄ႀကိဳး တပ္၍တီးၾကသည္။ ေရွးအခါက ေစာင္းအတီးပညာကိုသင္ၾကား ရာ၌ ေရွးဦးစြာ ႀကိဳးရွိအသံအေနအထားႏွင့္ ႀကိဳးအတြဲအဖက္ မ်ားကို ေလ့လာသင္ၾကားႏိုင္ရန္ သီခ်င္းအားျဖင့္ ဖြဲ႕ႏြဲ႕စီကုံး ေသာ အေလ့အထမွစတင္၍၊ ႀကိဳးသီခ်င္းဟူေသာ သီခ်င္းအမ်ိဳးအစားမ်ား ျမန္မာ့ပန္တ်ာေလာကတြင္ ေပၚထြန္းခဲ့ရေလ သည္။

ေစာင္းကို သင္ရာတြင္ အသံတူႀကိဳး တြဲတို႔အျပင္ အသံမတူဘဲတြဲဖက္ရေသာ ၃ ႀကိဳးတြဲဌာန္၊ ၄ ႀကိဳးတြဲဌာန္၊ ၅ ႀကိဳး တြဲဌာန္၊ ၇ ႀကိဳးတြဲဌာန္၊ ၉ ႀကိဳးတြဲ ဌာန္ဟူ၍ အမ်ိဳးမ်ိဳးရွိသည့္အျပင္၊ ဒ်န္႔ေခၚ ႀကိဳးတြဲနည္းလည္း ရွိေလသည္။

ေစာင္းသံစဥ္

ေစာင္းတီးရာ၌ ‘ၫွင္းလုံးသံစဥ္၊ ေအာက္ျပန္သံစဥ္၊ ပုလဲ သံစဥ္၊ ျမင္စိုင္းသံစဥ္၊ ဒူရကသံစဥ္၊ ေျခာက္သြယ္ၫြန္႔သံစဥ္၊ ျပည္ေတာ္ျပန္သံစဥ္’ဟူ၍ သံစဥ္ ၇ မ်ိဳးခြဲျခားလ်က္ ႀကိဳးမ်ား ကို ျပဳျပင္ေျပာင္းလႊဲတီးၾက၏။ ဤကဲ့သို႔ေစာင္းမ်ားတြင္ သံစဥ္ ၇ မ်ိဳးျဖင့္ ခြဲျခားတီးေသာ အစဥ္အလာတစ္ရပ္မွာ လြန္ခဲ့သည့္ ႏွစ္ေပါင္းေလးရာေက်ာ္က ေပၚထြန္းခဲ့ေၾကာင္း ခိုင္မာစြာသိရွိရ သည္။ ထိုသံစဥ္ ၇မ်ိဳးအနက္ ဒူရကသံစဥ္၊ ေျခာက္သြယ္ၫြန္႔ သံစဥ္၊ ျပည္ေတာ္ျပန္ သံစဥ္ ၃ မ်ိဳးတီးသည့္ အေလ့အထမွာ ကြယ္ေပ်ာက္ တိမ္ေကာခဲ့ေလၿပီ။ သံစဥ္ ၃မ်ိဳးတီးသည့္ အေလ့ အထ ကြယ္ေပ်ာက္သြားခဲ့ေသာ္လည္း၊အဆိုပါ သံစဥ္ ၃မ်ိဳး တီးနည္းမွာ က်န္ရွိေနေသာ ၫွင္းလုံး၊ ေအာက္ျပန္၊ ပုလဲ၊ ျမင္စိုင္းသံစဥ္မ်ား၌ တီးသည့္နည္းအတိုင္းပင္ ျဖစ္ေလသည္။ က်န္ရွိေနေသာ သံစဥ္မ်ားႏွင့္ ကြယ္ေပ်ာက္သြားေသာ သံစဥ္ မ်ား၏ ကြာျခားခ်က္မွာ အသံအစီအစဥ္ အေနအထား အားျဖင့္ ကြာျခားျခင္းမရွိဘဲ၊ အသံအနိမ့္အျမင့္သာလၽွင္ ကြာျခားေလသည္။

ျပဳလုပ္ပုံ

ေစာင္းအိုးကို အမ်ားအားျဖင့္ ပိေတာက္အႏွစ္သားျဖင့္ ျပဳလုပ္ၾကသည္။ ေစာင္းအိုးကို ျပဳလုပ္ရာ၌ အထူ ၃ ခ်က္၊ အပါး ၃ခ်က္ ရွိရသည္။ အထူ ၃ ခ်က္မွာ(၁)ေစာင္းအိုး၏ေက်ာ (၂)လက္႐ုံး ႏွင့္ ေစာင္းအိုး ဆက္ထားသည့္ ေစာင္းဦးပိုင္း (၃)ဖလားေခၚ ေစာင္း၏ ပဲ့ပိုင္းတို႔ျဖစ္၍၊ အပါး ၃ ခ်က္မွာ ေစာင္းေဘး ႏွစ္ ဖက္ႏွင့္ သမင္ေရတို႔ပင္ျဖစ္ေလသည္။ ေစာင္းလက္႐ုံးႏွင့္ ေစာင္းအိုးဆက္ထားေသာ အပိုင္းမွာ (ေလွ) စံကား႐ြက္သဏၭာန္ ျပဳလုပ္၍၊ ေစာင္း၏ ပဲ့ပိုင္းမွာ ဖလားသဏၭာန္ ျပဳလုပ္ရသည္။

ဤသည္ကိုရည္၍ ေရွးပညာရွင္တို႔က ‘ေရွ႕စကား၊ ေနာက္ ဖလား’ဟူ၍ ဆိုၾက၏။ လက္႐ုံးထိပ္စြန္းတြင္ ေညာင္႐ြက္ရွိရသည္။ ေစာင္းလက္႐ုံးကို ရွားသားျဖင့္ ျပဳလုပ္ၾကသည္။ ေစာင္းလက္႐ုံးျပဳလုပ္ရာ၌ သစ္အေၾကာကိုလိုက္၍ ျပဳလုပ္ၾကရ ျခင္းေၾကာင့္ (၁)သဇင္ေခြ (၂)ေမ်ာက္ထိုင္ (၃)ငါးမၽွားခ်ိတ္ဟု ေခၚေသာ ေစာင္းလက္႐ုံးပုံ အမ်ိဳးအစား ၃ မ်ိဳးရွိသည္။ အခ်ိဳ႕ ပညာရွင္မ်ားက ၄ မ်ိဳးရွိသည္ဟု ဆိုၾကသည္။ ယင္းတို႔မွာ ေမ်ာက္ထိုင္၊ သဇင္ေခြ၊ ေလးႀကိဳး၊ သံလ်က္စြန္းဟူ၍ ျဖစ္ သည္။ အခ်ိဳ႕ပညာရွင္တို႔က ငါးမၽွားခ်ိတ္ေခၚ ေစာင္းလက္႐ုံးပုံ အစားမွန္ျပ လက္႐ုံးပုံဟု ေခၚဆိုၾကသည္။

ေစာင္းခြက္ကို ထြင္းၿပီးလၽွင္၊ ေစာင္းအိုးထိပ္ကို သမင္ေရ ျဖင့္ အုပ္ရသည္။ ေစာင္းသားေရကို ျပန္လည္ ေလ်ာ့က်မသြား ေစရန္ အမ်ားအားျဖင့္ မိုးတြင္း ဝါဆို ဝါေခါင္အခ်ိန္အခါ၌ က်က္ၾကသည္။ ဘြဲ႕ႀကိဳးကို ျပဳလုပ္ရာ၌ ရွာခ်ည္ကို သုံးလြန္း တင္က်စ္၍ အဖ်ားတြင္ပန္းပြားတပ္ၾကသည္။ ေစာင္းႀကိဳးကို ခင္ဝါပိုး႐ိုင္း သို႔မဟုတ္ ခင္ႀကီးပိုးျဖင့္ ေစာင္းအသံ အေန အထားအလိုက္ ႀကိဳးလုံးအႀကီးအေသးက်စ္လ်က္ တပ္ဆင္တီး ၾကသည္။

ခင္တံဟုေခၚေသာ မွင္႐ိုးတြင္ ေစာင္းႀကိဳးမ်ားတပ္ရန္ အေပါက္မ်ားရွိ၏။ ထိုအေပါက္မ်ား အကြာအေဝးအခ်ိဳးမက် ေသာ္ ေစာင္းသံကို ထိခိုက္တတ္သည္။ ထို႔ေၾကာင့္ မွင္႐ိုးမွာ ေစာင္းတြင္အေရးႀကီးေသာ အစိတ္အပိုင္း ျဖစ္သည္။ ခင္တံ ညံ့လၽွင္ ေစာင္းသံမေကာင္း၊ ပုံလည္းမလွျဖစ္တတ္သည္။ ေစာင္းအိုးေကာင္းပါလၽွက္ ခင္တံ အလွီးမေကာင္း၍ အသံ အသည္ကို အခင္ဖ်က္သည္ဟု ေရွးကဆို႐ိုးျပဳၾက၏။ ေရွးလူ ႀကီးမ်ားက ေစာင္းအိုးအတြင္း၌ ေစာင္းႏွင့္ဆိုင္ရာ အထက္အင္း မ်ားခ်ထားတတ္သည္။ သမင္ေရက်က္ၿပီးေသာအခါ နတ္သမီး ေပါက္ေခၚေသာ အေပါက္ေလးေပါက္ကို သခ်ၤာနည္းျဖင့္ အခ်ိဳး က်ေနရာမ်ားတြင္ နတ္ပြဲပသၿပီးမွ ေဖာက္ေလ့ ရွိၾကသည္။

ေစာင္းကိုသုံးေခ်ာင္းေထာက္ေျခခုံတြင္တင္၍ အျမင့္မွာသာ ထားေလ့ရွိၾက၏။ ေရွးအခါက ‘ေျမမသက္ငွက္လည္းမဟုတ္၊ ရင္ဝယ္ထားသားလည္းမဟုတ္၊ မုတ္ဆိတ္ဖြားကုလားမဟုတ္’ ဟု ေစာင္းကို စကားထာဝွက္ၾကသည္။ ေစာင္းအေၾကာင္းကို ေရွးပညာရွင္တစ္ဦးက ‘ပိေတာက္ ကိုတဲ့မတယ္(တည္)။ ရွားေကာက္ေခြေခြႏွင့္၊ သမင္ေရ အေပၚ ဖုံးပါလို႔၊ ဆဲ့သုံးပင္ခင္ဝါပိုးကို၊ မွင္႐ိုးမွာတြယ္။ ၿမီးဖ်ားက ပန္းပြားသြယ္၊ ျခယ္လယ္ လို႔စုေပါင္း။ ဒူေတးတံတ်ာႏွင့္၊ ျမည္ ရွာ လျပည္စုံမက္တယ္၊ နန္းေတာ္ထက္ေစာင္း’ဟူ၍ ေရးစပ္ခဲ့သည္။

Burma Harp ဇာတ္ကားမွ

၁၉၅၆ တြင္ ဂ်ပန္ဒါ႐ိုက္တာ ကြန္အိခ်ိကာဝါ က ဗမာ့ေစာင္း (ဘိ႐ုမာေနာတာတဲဂိုတို) – The Burmese Harp (Biruma no tategoto) အမည္ရွိသည့္ ဒုတိယကမၻာစစ္အေျခခံ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးခဲ့သည္။ စာေရးဆရာ ရဲျမလြင္က ျမန္မာ့ေစာင္း အမည္ျဖင့္ ျမန္မာဘာသာသို႔ ျပန္ဆိုခဲ့သည္။

ျမန္မာ့စြယ္စုံက်မ္း အတြဲ(၄)။
Myanmar Wikipedia


စောင်းကောက်သမိုင်း နှင့် မြန်မာ့စောင်းအကြောင်း သိကောင်းစရာ (unicode)

ရှေးအကျဆုံး ကြိုးတပ်တူရိယာ

စောင်းကောက်သည် ကမ္ဘာပေါ်ရှိ တူရိယာများအနက် ရှေးအကျဆုံး တူရိယာတစ်မျိုး ဖြစ်သည်။ ရှေးပဝေဏီလူတို့ အမဲလိုက်ရာတွင် လေးများတို့ကို အသုံးပြု ကြသည့်အချိန်မှစ၍ စောင်းတူရိယာကို စတင်တီထွင်လာကြ သည်ဟု ကမ္ဘာ့ပန်တျာ သုတေသနပုဂ္ဂိုလ်ကြီးများက ယူဆကြသည်။ ယနေ့ ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးအသုံးပြုနေကြသည့် စောင်းပုံအမျိုးမျိုးကို အကြမ်းအားဖြင့် ခွဲခြားလျှင်၊ လေးကိုင်းပုံ စောင်းနှင့် တြိဂံပုံစောင်းဟူ၍ စောင်းအမျိုးအစား နှစ်မျိုးရှိလေသည်။

စောင်းအမျိုးအစား နှစ်မျိုး ရှိသည့်အနက် လေးကိုင်းပုံ စောင်းအမျိုးအစားသည် တြိဂံပုံ စောင်းအမျိုးအစားထက် ရှေး ကျကြောင်း သိရှိရပေသည်။ ကမ္ဘာပေါ်တွင် လေးကိုင်းပုံသဏ္ဍာန် စောင်းကောက်အမျိုးအစားသည် ရှေးခေတ်အီဂျစ်နိုင်ငံ၊ ရှေးခေတ် အိန္ဒိယတိုင်းနှင့် ရှေးခေတ် ဂျားဗားကျွန်းတို့တွင် ပေါ်ထွန်းခေတ်စားခဲ့ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံ၌မူယခုတိုင် စောင်းကောက်ကို မြတ်နိုးနှစ်သက်စွာ တီးလျက်ရှိကြသည်။

သမိုင်းကြောင်း

စောင်းကောက်များသည် ဘီစီ၃ဝဝဝ ခန့်မှစ၍ ဆူးမားပြည်နှင့် အီဂျစ်ပြည်ရှိ အရပ်ဒေသများမှစတင်၍ ပေါ်ပေါက်ထွန်းကား လာဟန်ရှိသည်။ ရှေးအကျဆုံးအီဂျစ်စောင်းမှာ ကြိုးတစ်ချောင်း သာလျှင်တပ်၍၊ စစ်တိုက်သည့်အချန်အခါများနှင့် ရန်သူများ နောက်သို့ လိုက်သည့်အခါများတွင် တီးကြကြောင်း သိရှိရသည်။ အိန္ဒိယတိုင်း၊ ပါဋလိပုတ်ပြည်၌ ခရစ်နှစ် ၃၃ဝ ပြည့် နှစ်တွင် နန်းတက်စိုးစံသော သမုဒြဂုတ္တမင်းလက်ထက်က သွန်းလုပ်ခဲ့သော ဒင်္ဂါးများပေါ်တွင် စောင်းကောက် တီးနေပုံကို တွေ့ရသည်။

ဂျားဗားကျွန်းသို့ အိန္ဒိယတိုင်းသားတို့ ၅ ရာစု နှစ်လောက်တွင် သွားရောက်နေထိုင်ကြရာ၊ စောင်းကောက် စသော တူရိယာများ ပါရှိသွားဟန်တူ၏။ ဂျားဗားကျွန်းတွင် ၈ ရာစုနှစ်ခန့်လောက်က တည်ထားခဲ့သော borobudur စေတီတော်ကြီး၏ ပစ္စုယာအဆင့် ဆင့်၌ရှိသော ပန်းတမော့ ကျောက်ရုပ်များ တွင် စောင်းကောက်ပုံများကို တွေ့ရသည်။ ထိုစောင်းကောက် ပုံများ အချို့တွင် မြန်မာစောင်းကောက်များမှာကဲ့သို့ စောင်းကြိုး များကို ဘွဲ့ကြိုးဖြင့် ချည်နှောင်သည်ကိုတွေ့ရသည်။

အခေါ်အဝေါ်

ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်လောက်က အာရပ်လူမျိုးများ သည် စောင်းတူရိယာကို ‘စက်က’ဟု ခေါ်ဝေါ်ကြ၏။ ထို ဝေါဟာရသည် ရှေးအကျဆုံးခေါ်ဝေါ်သော ဝေါဟာရဖြစ်ရုံ မျှမက၊ ယင်းဝေါဟာရမှတစ်ဆင့် စောင်းတူရိယာကို ဂရိ ဘာသာအားဖြင့် ‘စန် ဘိ ကီ’ဟူ၍၎င်း၊ လက်တင်ဘာသာ အားဖြင့် ‘စန်ဘုက’ဟူ၍၎င်း၊ ပါးရှင်းဘာသာအားဖြင့် ‘ချန်း (ခ)’ဟူ၍၎င်း ယခုအာရပ်ဘာသာအားဖြင့် ‘စဲ(န်)’ဟူ၍ အသီးသီး ဆင်းသက်လာခဲ့လေသည်။

မြန်မာလူမျိုးများ၏ ‘စောင်း’ဟူသော ဝေါဟာရမှာလည်း အဆိုပါအာရပ်နှင့် ပါးရှင်း ဝေါဟာရများမှတစ်ဆင့် ဆင်းသက်လာသည်ဟု ယူဆရသဖြင့် ယနေ့မြန်မာ့ စောင်းကောက်များသည် အာရပ်နှင့် ပါးရှင်းလူမျိုး များထံမှ အိန္ဒိယမှတစ်ဆင့် လက်ခံရရှိလိုက်ဟန်ရှိသည်။

မြန်မာ့စောင်း

ယနေ့ မြန်မာ့စာပေကျမ်းဂန်များတွင် ဖော်ပြပါရှိသော ဗေလုဝစောင်း၊ ဂုတ္တိလစောင်း၊ ဥတိန္နစောင်း၊ မင်းကုသစောင်း များသည် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မြန်မာစောင်း ကောက်မျိုးများ မဟုတ်ဘဲ၊ အိန္ဒိယပြည်တွင် ရှေးပဝေဏီမှ ပေါ်ပေါက်ခေတ်စားလာခဲ့၍၊ ယနေ့တိုင် သုံးစွဲနေသော ကြိုး ၇-ချောင်းတပ် ‘ဝီဏာ’ခေါ် အိန္ဒိယတူရိယာတစ်မျိုးပင် ဖြစ်ဟန် တူသည်။ မြန်မာနိုင်ငံတော်တွင် ကျန်စစ်မင်းတည်ထားခဲ့သော ပုဂံအာနန္ဒာ စေတီတော်အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတော် များတွင် စောင်းကောက်ပုံ တစ်ပုံကို အစောဆုံး တွေ့ရှိရခြင်း အားဖြင့်၊ ပုဂံခေတ်အခါကတည်းကပင် မြန်မာနိုင်ငံ၌ စောင်း ကောက်များ ခေတ်စားခဲ့သည်မှာ ထင်ရှားပေသည်။

ယနေ့ မြန်မာ့ပန်တျာလောက၌ မြန်မာစောင်းကောက်များ တွင် ရှေးအခါက ကြိုး ၇-ချောင်းဖြင့်သာ တီးခဲ့ကြသည်ဟူ သော ယုံကြည်ချက်နှင့် ကြိုး၇-ချောင်းမှ ကြိုး ၁၃-ကြိုးတီး သော စနစ်ကို မြဝတီမင်းကြီး တီထွင်ခဲ့သည်ဟူသော ယုံကြည် ချက်နှစ်ရပ်မှာ မခိုင်မာသော ယုံကြည်ချက်များသာဖြစ်ပေသည်။ ရှေးအခါက မြန်မာစောင်းများ၌ ကြိုး ၇-ချောင်းတပ်ဆင် ၍ တီးမှုတ်ကြသည်ဟူ၍ ယုံကြည်ချက် ဖြစ်ပေါ်လာခဲ့ခြင်း အကြောင်းအရင်းမှာ ပုဂံခေတ်အခါက အိန္ဒိယပန်တျာနှင့် စပ်ဆိုင်သည့် အကြောင်းအရာများပါရှိသော အိန္ဒိယကျမ်းများမှ တစ်ဆင့် မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုကြစဉ်က ‘ဝီဏာ’ခေါ် ကြိုး ၇-ချောင်းတပ် အိန္ဒိယတူရိယာ တစ်မျိုးကို ‘စောင်း’ဟူ၍ ဘာသာပြန်ဆိုခဲ့သောကြောင့်ဖြစ်သည်။

ကြိုးချည်နည်း

လွန်ခဲ့သောနှစ်ပေါင်း ၃၅ဝဝ လောက်ကတည်းကပင် အီဂျစ်စောင်းကောက်များတွင် ကြိုး ၈-ချောင်းကို ဘွဲ့ကြိုးများဖြင့် ချည်လျက် တီးခဲ့သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အိန္ဒိယပြည်ဘာရဟုတ်မြို့ ဘုရားရှိခိုးကျောင်း ရုပ်လုံးတုများတွင် တွေ့ရှိရသည့် အိန္ဒိယစောင်း ကောက်များ၌ ကြိုးအများအပြားပါရှိဩည်ကို တွေ့ရခြင်းအားဖြင့်၊ အိန္ဒိယစောင်းကောက်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းကပင် ကြိုးအများအပြားတပ်လျက် တီးခဲ့ သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အာရပ်လက်အောက်ခံ အယ်လဟီးရော့နယ်၌ တွေ့ရှိသည့် ၆-ရာစုခေတ်အခါလောက် က စောင်းများ၌ ကြိုး ၁၃-ကြိုးမှ ကြိုး ၄ဝ အထိ တပ်ဆင် ထားသည်ကို သိရှိရသည့်တစ်ကြောင်းကြောင့်၊ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါလောက်ကတည်းကပင် စောင်းကောက်များ၌ ကြိုး ၁၃ ကြိုးတပ်လျက် တီးနေကြပြီဟူ၍ ယူဆရသည်။

စောင်းကောက်လက်ရုံးတွင် ကြိုးများချည်ရာ၌ ဘွဲ့ကြိုးဖြင့် ၎င်း၊ သို့မဟုတ် လက်ရုံးကိုအပေါက် ဖောက်၍ ဒလက်များ တပ်၍၎င်း ချည်ကြသည်။ ကြိုးချည်နည်းများအနက် စောင်း လက်ရုံးကြိုး လျော့မကျ စေရန် အထစ်များပြုလုပ်၍ ချည်နည်း မှာ ရှေးအကျဆုံး ချည်နည်းဖြစ်သည်။ ထိုချည်နည်းမှတစ်ဖန် ယခုမြန်မာ့ စောင်းများတွင် ဘွဲ့ကြိုးဖြင့် ဗူးလည်သီးခတ်ချည်နည်းသို့ ကူးပြောင်းလာခဲ့သည်။ မြန်မာနိုင်ငံအနီးအနားတစ်ဝိုက် တိုင်းပြည်များတွင် တွေ့ရှိရသော ရှေးစောင်းကောက်များမှာ အများအားဖြင့် ဘွဲ့ကြိုးများ ဖြင့်သာလျှင် ချည်ကြလေသည်။

မြန်မာနိုင်ငံတွင် စောင်းလက်ရုံးကို အပေါက်ဖောက်၍ ဒလက် များတပ်လျက် ကြိုးချည်ထားသည့် စောင်းမျိုး တစ်မျိုးတွေ့ရှိရသည်။ ထိုစောင်းမျိုးကို ပဲခူးရိုးမတစ်ဝိုက်ရှိ စကောကကရင် လူမျိုးများနှင့် ရှမ်းပြည်နယ်အချို့အရပ်ဒေသများရှိ ရှမ်းလူမျိုး များတီးကြသည်။

မှတ်တမ်း

ပုဂံခေတ်အခါ၌ စောင်းတူရိယာနှင့်ယှဉ်တွဲ၍၊ ငြင်း၊ ကန့် လန့်ဖြတ်ပြွေများဖြင့် တီးမှုတ်လေ့ရှိကြောင်းလည်းသိရပေသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီး၊ ပထမတွဲစာအုပ်၊ စာမျက်နှာ ၂ဝ၅၊ ရတန သိဒ္ဓိပထမတွဲစာအုပ် စာမျက်နှာ ၂၂၄ တွင် သုမုန္ဒရီဖြိုကြွင်းသက္ကရာဇ် ၈၉ခုနှစ် နန်းတက်တော်မူသော ပျူစောထီးမင်း နန်းတက်ပွဲအခမ်းအနား၌ စောင်းတူရိယာတီးကြောင်း တွေ့ရှိရသည်။

သက္ကရာဇ် ၄၅၄ခုနှစ် နန်းတက်တော်မူသော အလောင်းစည်သူမင်းကြီး၏ မိဖုရားကြီး ၄ပါးတို့၏ နန်းတော် ဆောင်များ၌ မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်း တို့ဖြင့် မပြတ်ဖျော်ဖြေတီးကြရကြောင်း တွေ့ရှိရသဖြင့်၊ ပုဂံ ခေတ်မင်းခမ်းမင်းနားများတွင် စောင်းတူရိယာများ တီးကြောင်း သိရှိရ၏။ ‘ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းငယ်ကောင်း ယောင်း မတို့တော်၊ မဲလည်ပင်နှင့် ဒန်းပင်နွဲ့နှောင်း၊ ယှက်ခါငယ်ပေါင်း’ အစချီသုံးထောင့် အိုင်ချင်းတစ်ပုဒ်၌ ‘စုန်မဲ့ဆို စုံမဲ့ရက်၊ ဆက် ဆက်မစုန်လို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက် လို့ငယ်ငို၊ မောင့်ကိုကုန်သွား၊ ထဲ့သလားတော်’ဟူ၍ ရေးသား ထားခဲ့ခြင်းဖြင့်၊ ရှေးအခါကပင် စောင်းတူရိယာများကို မင်းခမ်း မင်းနားသဘင်များတွင် တီးကြရုံသာမက၊ တောင်သူလယ်သမား ဆင်းရဲသားပိုင်း များ၌လည်း ခေတ်စားလျက်ရှိကြောင်း သိရှိရ ပေသည်။

ရှေးအစဉ်အဆက်မှ ဆင်းသက်၍ ကုန်းဘောင်ခေတ်ဦးပိုင်း တွင် မိမိတို့တီးသော စောင်းတူရိယာများကို ‘ကရဝိက်သံ၊ မြ ခြူသံ၊ ဇီဝစိုး၊ သစ်ကနက်၊ သန်းခေါင်ကျူး၊ သန်းခေါင်မောင်း၊ စံရှား’ အစရှိသည့် အမည်နာမမျိုးများ မှည့်၍ စောင်းအိုး၏ အနောက်ဘက်၌ ကမ္ပည်းစာတမ်းထိုးလေ့ရှိကြသည်။ ၄့ရတွင်း တော်များ၌ စောင်းတူရိယာများကို လက်ဝဲစောင်း၊ လက်ျာစောင်းဟူ၍ ခွဲခြားတီးကာ ဖျော်ဖြေကြရသည်။ သက္ကရာဇ် ၉၇၁ ခုနှစ်တွင် နန်းတက်တော်မူသော တောင်ငူဘုရင် နတ်ရှင်နောင်၊ သက္ကရာဇ် ၁၁၈၁ ခုနှစ် နန်းတက်တော် မူသော ဘကြီးတော် ဘုရား၊ သက္ကရာဇ် ၁၁၉၉ ခုနှစ် နန်းတက်တော်မူသော သာယာဝတီမင်းခေါ် ရွှေဘိုမင်း၊ အနောက်နန်းမတော်မမြလေး၊ မြဝတီဝန်ကြီးဦးစတို့သည် စောင်းအတီးပညာကို ကိုယ်တိုင် လေ့လာလိုက်စား ဆည်းပူးခဲ့သည်များကို အထောက်အထားပြု လျက် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်အခါ၌ ရှင်ဘုရင်မှစ၍ မင်းညီမင်းသားများကိုယ်တိုင် စောင်းတီးခြင်းကို အမြတ်တနိုး လေ့လာလိုက်စားခဲ့ကြောင်း သိသာထင်ရှားပေသည်။

မြန်မာ့စောင်း အမျိုးအစားများ

မြန်မာစောင်းကောက်မှာ အရွယ်အားဖြင့် နှစ်စားရှိသည်။ ယောက်ျားတီးစောင်းမှာ ကြီး၍၊ မိန်းမတီး စောင်းမှာငယ်သည်။ မြန်မာစောင်းကောက်များတွင် တပ်ဆင်ထားသောကြိုး ၁၃ကြိုး ကို အထက်ဆုံးမှ အောက်ဆုံးကြိုးအထိ အသံကြီးစဉ်ငယ်လိုက် (၁)အထက်ဒုန်း (၂)နှစ်ပင်ဒုန်း (၃)သုံးပင်ဒုန်း (၄)လေးပင်ဒုန်း (၅)ငါးပင်(၆)ဒုန်းလက်ညှိုး (၇)နှစင်ဒုန်း (နှစ်ပင် ဒုန်းလက်ညှိုး (၈)သုံးပင်ဒုန်းလက်ညှိုး (၉)တျောကြိုး (၁ဝ)တျေကြိုး (၁၁) တျာကြိုး (၁၂)သံကျပ်ကြိုး (၁၃)သံဖြားကြိုးဟု ညှင်းလုံးသံစဉ် ညှိ၍ တီးသည့်အခါ ခေါ်ဝေါ်ကြသည်။

ယင်းကြိုးအခေါ်အဝေါ် များသည် ညှင်းလုံးသံစဉ်ဖြင့်ညှိထားသော အခါ၌သာ ခေါ်သော အမည်များ ဖြစ်၏။ အခြားသံစဉ်များဖြင့် ညှိသောအခါတွင် ကြိုးအခေါ်အဝေါ်များ ပြောင်းလွှဲသွားတတ်သည်။ ယခုအခါ များသောအားဖြင့် အပေါ်ဆုံးတွင် တစ်ကြိုးတင်ကာ ၁၄ကြိုး တပ်၍တီးကြသည်။ ရှေးအခါက စောင်းအတီးပညာကိုသင်ကြား ရာ၌ ရှေးဦးစွာ ကြိုးရှိအသံအနေအထားနှင့် ကြိုးအတွဲအဖက် များကို လေ့လာသင်ကြားနိုင်ရန် သီချင်းအားဖြင့် ဖွဲ့နွဲ့စီကုံး သော အလေ့အထမှစတင်၍၊ ကြိုးသီချင်းဟူသော သီချင်းအမျိုးအစားများ မြန်မာ့ပန်တျာလောကတွင် ပေါ်ထွန်းခဲ့ရလေ သည်။

စောင်းကို သင်ရာတွင် အသံတူကြိုး တွဲတို့အပြင် အသံမတူဘဲတွဲဖက်ရသော ၃ ကြိုးတွဲဌာန်၊ ၄ ကြိုးတွဲဌာန်၊ ၅ ကြိုး တွဲဌာန်၊ ၇ ကြိုးတွဲဌာန်၊ ၉ ကြိုးတွဲ ဌာန်ဟူ၍ အမျိုးမျိုးရှိသည့်အပြင်၊ ဒျန့်ခေါ် ကြိုးတွဲနည်းလည်း ရှိလေသည်။

စောင်းသံစဉ်

စောင်းတီးရာ၌ ‘ညှင်းလုံးသံစဉ်၊ အောက်ပြန်သံစဉ်၊ ပုလဲ သံစဉ်၊ မြင်စိုင်းသံစဉ်၊ ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့်သံစဉ်၊ ပြည်တော်ပြန်သံစဉ်’ဟူ၍ သံစဉ် ၇ မျိုးခွဲခြားလျက် ကြိုးများ ကို ပြုပြင်ပြောင်းလွှဲတီးကြ၏။ ဤကဲ့သို့စောင်းများတွင် သံစဉ် ၇ မျိုးဖြင့် ခွဲခြားတီးသော အစဉ်အလာတစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းလေးရာကျော်က ပေါ်ထွန်းခဲ့ကြောင်း ခိုင်မာစွာသိရှိရ သည်။ ထိုသံစဉ် ၇မျိုးအနက် ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့် သံစဉ်၊ ပြည်တော်ပြန် သံစဉ် ၃ မျိုးတီးသည့် အလေ့အထမှာ ကွယ်ပျောက် တိမ်ကောခဲ့လေပြီ။ သံစဉ် ၃မျိုးတီးသည့် အလေ့ အထ ကွယ်ပျောက်သွားခဲ့သော်လည်း၊အဆိုပါ သံစဉ် ၃မျိုး တီးနည်းမှာ ကျန်ရှိနေသော ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်းသံစဉ်များ၌ တီးသည့်နည်းအတိုင်းပင် ဖြစ်လေသည်။ ကျန်ရှိနေသော သံစဉ်များနှင့် ကွယ်ပျောက်သွားသော သံစဉ် များ၏ ကွာခြားချက်မှာ အသံအစီအစဉ် အနေအထား အားဖြင့် ကွာခြားခြင်းမရှိဘဲ၊ အသံအနိမ့်အမြင့်သာလျှင် ကွာခြားလေသည်။

ပြုလုပ်ပုံ

စောင်းအိုးကို အများအားဖြင့် ပိတောက်အနှစ်သားဖြင့် ပြုလုပ်ကြသည်။ စောင်းအိုးကို ပြုလုပ်ရာ၌ အထူ ၃ ချက်၊ အပါး ၃ချက် ရှိရသည်။ အထူ ၃ ချက်မှာ(၁)စောင်းအိုး၏ကျော (၂)လက်ရုံး နှင့် စောင်းအိုး ဆက်ထားသည့် စောင်းဦးပိုင်း (၃)ဖလားခေါ် စောင်း၏ ပဲ့ပိုင်းတို့ဖြစ်၍၊ အပါး ၃ ချက်မှာ စောင်းဘေး နှစ် ဖက်နှင့် သမင်ရေတို့ပင်ဖြစ်လေသည်။ စောင်းလက်ရုံးနှင့် စောင်းအိုးဆက်ထားသော အပိုင်းမှာ (လှေ) စံကားရွက်သဏ္ဌာန် ပြုလုပ်၍၊ စောင်း၏ ပဲ့ပိုင်းမှာ ဖလားသဏ္ဌာန် ပြုလုပ်ရသည်။

ဤသည်ကိုရည်၍ ရှေးပညာရှင်တို့က ‘ရှေ့စကား၊ နောက် ဖလား’ဟူ၍ ဆိုကြ၏။ လက်ရုံးထိပ်စွန်းတွင် ညောင်ရွက်ရှိရသည်။ စောင်းလက်ရုံးကို ရှားသားဖြင့် ပြုလုပ်ကြသည်။ စောင်းလက်ရုံးပြုလုပ်ရာ၌ သစ်အကြောကိုလိုက်၍ ပြုလုပ်ကြရ ခြင်းကြောင့် (၁)သဇင်ခွေ (၂)မျောက်ထိုင် (၃)ငါးမျှားချိတ်ဟု ခေါ်သော စောင်းလက်ရုံးပုံ အမျိုးအစား ၃ မျိုးရှိသည်။ အချို့ ပညာရှင်များက ၄ မျိုးရှိသည်ဟု ဆိုကြသည်။ ယင်းတို့မှာ မျောက်ထိုင်၊ သဇင်ခွေ၊ လေးကြိုး၊ သံလျက်စွန်းဟူ၍ ဖြစ် သည်။ အချို့ပညာရှင်တို့က ငါးမျှားချိတ်ခေါ် စောင်းလက်ရုံးပုံ အစားမှန်ပြ လက်ရုံးပုံဟု ခေါ်ဆိုကြသည်။

စောင်းခွက်ကို ထွင်းပြီးလျှင်၊ စောင်းအိုးထိပ်ကို သမင်ရေ ဖြင့် အုပ်ရသည်။ စောင်းသားရေကို ပြန်လည် လျော့ကျမသွား စေရန် အများအားဖြင့် မိုးတွင်း ဝါဆို ဝါခေါင်အချိန်အခါ၌ ကျက်ကြသည်။ ဘွဲ့ကြိုးကို ပြုလုပ်ရာ၌ ရှာချည်ကို သုံးလွန်း တင်ကျစ်၍ အဖျားတွင်ပန်းပွားတပ်ကြသည်။ စောင်းကြိုးကို ခင်ဝါပိုးရိုင်း သို့မဟုတ် ခင်ကြီးပိုးဖြင့် စောင်းအသံ အနေ အထားအလိုက် ကြိုးလုံးအကြီးအသေးကျစ်လျက် တပ်ဆင်တီး ကြသည်။

ခင်တံဟုခေါ်သော မှင်ရိုးတွင် စောင်းကြိုးများတပ်ရန် အပေါက်များရှိ၏။ ထိုအပေါက်များ အကွာအဝေးအချိုးမကျ သော် စောင်းသံကို ထိခိုက်တတ်သည်။ ထို့ကြောင့် မှင်ရိုးမှာ စောင်းတွင်အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ခင်တံ ညံ့လျှင် စောင်းသံမကောင်း၊ ပုံလည်းမလှဖြစ်တတ်သည်။ စောင်းအိုးကောင်းပါလျှက် ခင်တံ အလှီးမကောင်း၍ အသံ အသည်ကို အခင်ဖျက်သည်ဟု ရှေးကဆိုရိုးပြုကြ၏။ ရှေးလူ ကြီးများက စောင်းအိုးအတွင်း၌ စောင်းနှင့်ဆိုင်ရာ အထက်အင်း များချထားတတ်သည်။ သမင်ရေကျက်ပြီးသောအခါ နတ်သမီး ပေါက်ခေါ်သော အပေါက်လေးပေါက်ကို သင်္ချာနည်းဖြင့် အချိုး ကျနေရာများတွင် နတ်ပွဲပသပြီးမှ ဖောက်လေ့ ရှိကြသည်။

စောင်းကိုသုံးချောင်းထောက်ခြေခုံတွင်တင်၍ အမြင့်မှာသာ ထားလေ့ရှိကြ၏။ ရှေးအခါက ‘မြေမသက်ငှက်လည်းမဟုတ်၊ ရင်ဝယ်ထားသားလည်းမဟုတ်၊ မုတ်ဆိတ်ဖွားကုလားမဟုတ်’ ဟု စောင်းကို စကားထာဝှက်ကြသည်။ စောင်းအကြောင်းကို ရှေးပညာရှင်တစ်ဦးက ‘ပိတောက် ကိုတဲ့မတယ်(တည်)။ ရှားကောက်ခွေခွေနှင့်၊ သမင်ရေ အပေါ် ဖုံးပါလို့၊ ဆဲ့သုံးပင်ခင်ဝါပိုးကို၊ မှင်ရိုးမှာတွယ်။ မြီးဖျားက ပန်းပွားသွယ်၊ ခြယ်လယ် လို့စုပေါင်း။ ဒူတေးတံတျာနှင့်၊ မြည် ရှာ လပြည်စုံမက်တယ်၊ နန်းတော်ထက်စောင်း’ဟူ၍ ရေးစပ်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)။
Myanmar Wikipedia

Leave a Reply