ကမ္ဘာ့ပထမဆုံးဓာတ်ဆီအင်ဂျင်နဲ့ မောင်းနှင်တဲ့ မော်တော်ကားကို မားစီးဒီးဘင့်ဇ်ကားတို့ရဲ့ဖခင်ကြီးဖြစ်တဲ့ ကားလ်ဘင့်ဇ်(Karl Benz) က ၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။
သူ့ရှေ့မှာ ရေနွေးငွေ့အင်ဂျင်နဲ့မောင်းတဲ့ လမ်းပေါ်သွားယာဉ်တီထွင်သူတွေ၊ လျှပ်စစ်နဲ့မောင်းတဲ့ယာဉ်တီထွင်သူတွေ ရှိပေမယ့် ကားလ်ဘင့်ဇ် ကိုသာ ယခုခေတ်ကားတွေရဲ့ ရှေ့ဆောင် တီထွင်သူအဖြစ် သတ်မှတ်ကြပါတယ်။
ဂျာမန်စက်မူအင်ဂျင်နီယာတဦးဖြစ်တဲ့ ဘင့်ဇ် ဟာ သူတီထွင်ခဲ့တဲ့အဲဒီကားကို မူပိုင်ခွင့်လျှောက်ထားခဲ့ရာ ၁၈၈၆ ခုနှစ်ဇန်နဝါရီလ၂၉ရက်မှာ German Patent No.37435 အဖြစ်မူပိုင်ခွင့်ရခဲ့ပါတယ်။ ဇူလိုင်လ ၃ရက်နေ့ လူထုပရိသတ် ရှေ့မှောက်မှာ ပထမဆုံးအကြိမ် မောင်းနှင်ပြသခဲ့ပါတယ်။
လမ်းမှာမကြာခဏဆီပြတ်လပ်မူ၊ ဘရိတ်အဆင်မပြေမူ၊ အတက်အဆင်း တွေမှာ ဒုက္ခရောက်မူတွေ ကြုံတွေ့ပေမယ့် Benz ရဲ့ဇနီးပီပီ တချို့အခက်အခဲတွေကို သူမဖာသာကြံဖန် ဖြေရှင်းနိုင်ခဲ့ပါတယ်။
အဲဒီခရီးကရတဲ့အတွေ့အကြုံတွေက သူမယောကျာင်္းကို ကားရဲ့ဆီတိုင်ကီနဲ့ ဆီပို့စနစ်တွေ၊ ဘရိတ်ပိုင်းဆိုင်ရာနဲ့ ဂီယာတို့ကို ဆက်လက် မွမ်းမံတီထွင်နိုင်စေခဲ့ပါတယ်။
ယနေ့ခတ်ကားတွေရဲ့ရှေ့ဆောင် ကမ္ဘာ့ပထမဆုံး ဓာတ်ဆီအင်ဂျင် မော်တော်ကား (unicode)
ရေးသားသူ – Ko Kyaw Min Aung
ကမ္ဘာ့ပထမဆုံးဓာတ်ဆီအင်ဂျင်နဲ့ မောင်းနှင်တဲ့ မော်တော်ကားကို မားစီးဒီးဘင့်ဇ်ကားတို့ရဲ့ဖခင်ကြီးဖြစ်တဲ့ ကားလ်ဘင်႔ဇ်(Karl Benz) က ၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ သူ့ရှေ့မှာ ရေနွေးငွေ့အင်ဂျင်နဲ့မောင်းတဲ့ လမ်းပေါ်သွားယာဉ်တီထွင်သူတွေ၊ လျှပ်စစ်နဲ့မောင်းတဲ့ယာဉ်တီထွင်သူတွေ ရှိပေမယ်႔ ကားလ်ဘင်႔ဇ် ကိုသာ ယခုခေတ်ကားတွေရဲ့ ရှေ့ဆောင် တီထွင်သူအဖြစ် သတ်မှတ်ကြပါတယ်။
သူ့ကားရဲ့ထူးခြားချက် က အတွင်းမီးတောက်အင်ဂျင်(Internal Combustion Engine) ကို အသုံးပြုထားပြီး အင်ဂျင်နဲ့ကိုယ်ထည်ကို ယူနစ်တခုတည်း အဖြစ်ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့ကားတန်ဖိုးက ယခုခေတ်ငွေတန်ဖိုးနဲ့ဆို ဒေါ်လာနှစ်သောင်းခွဲလောက်ကျပါတယ်။ ကားအလေးချိန်က ၂၆၅ ကီလိုရှိပြီး အရှည်က၂.၇မီတာ၊ အနံက ၁.၄မီတာ ရှိပါတယ်။ တစ်နာရီကို ၁၆ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။
အင်ဂျင်ကမြင်းကောင်ရေသုံးမတ်ရှိတဲ့ single cylinder four-stroke အင်ဂျင်ဖြစ်ပါတယ်။ ဓာတ်ဆီ၁လီတာက်ို ၁ဝကီလိုမီတာမောင်းနိုင်ပါတယ်။ ဂျာမန်စက်မူအင်ဂျင်နီယာတဦးဖြစ်တဲ့ ဘင်႔ဇ် ဟာ သူတီထွင်ခဲ့တဲ့အဲဒီကားကို မူပိုင်ခွင်႔လျှောက်ထားခဲ့ရာ ၁၈၈၆ ခုနှစ်ဇန်နဝါရီလ၂၉ရက်မှာ German Patent No.37435 အဖြစ်မူပိုင်ခွင့်ရခဲ့ပါတယ်။ ဇူလိူင်လ ၃ရက်နေ့ လူထုပရိသတ် ရှေ့မှောက်မှာ ပထမဆုံးအကြိမ် မောင်းနှင်ပြသခဲ့ပါတယ်။
သူမောင်းနေစဉ်မှာကားဆီပြတ်ပြီး ရပ်မသွားစေဖို့ သူ့သားကဓာတ်ဆီဘူးကိုကိုင်ပြီး ကားနောက်က တကောက်ကောက် အပြေးလိုက်နေရပါတယ်။ ၁၈၈၈ခုနှစ်ရဲ့တခုသောမနက်ခင်းမှာ ဇနီးဖြစ်သူက Benz တီထွင်ထားတဲ့ အဲဒီကားကို ယောင်္ကျားဖြစ်သူမသိ လိုက်ပဲ သားနှစ်ယောက်ကိုတင်ပြီး တခြားမြို့တမြို့က သူ့အမေဆီ အလည်သွားဖို့မောင်းထွက်လာခဲ့ပါတယ်။ လမ်းမှာမကြာခဏဆီပြတ်လပ်မူ၊ ဘရိတ်အဆင်မပြေမူ၊ အတက်အဆင်း တွေမှာ ဒုက္ခရောက်မူတွေ ကြုံတွေ့ပေမယ့် Benz ရဲ့ဇနီးပီပီ တချို့အခက်အခဲတွေကို သူမဖာသာကြံဖန် ေျဖရှင်းနိုင်ခဲ့ပါတယ်။
၆၆မိုင်ရှည်တဲ့ အဲဒီခရီးဟာ(အသွားအပြန်ဆိုရင် ၁၃၂မိုင်)မော်တော်ကားတစီးအနေနဲ့ ကမာ႓မှာပထမဆုံး အရှည်ကြာဆုံးမောင်းနိုင်တဲ့ခရီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမ ကိုယ်တိုင်လည်း ကမ္ဘာမှာ ပထမဆုံး ဟိုင်းဝေးမောင်းတဲ့ဒရိုင်ဘာ အဖြစ် အသိအမှတ်ပြုခံရပါတယ်။ အဲဒီခရီးကရတဲ့အတွေ့အကြုံတွေက သူမယောကျာၤးကို ကားရဲ့ဆီတိုင်ကီနဲ့ ဆီပို့စနစ်တွေ၊ ဘရိတ်ပိုင်းဆိုင်ရာနဲ့ ဂီယာတို့ကို ဆက်လက် မွမ်းမံတီထွင်နိုင်စေခဲ့ပါတယ်။
ကားလ်ဘင်႔ဇ်ဟာသူတီထွင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံးကားကို ၁၉၀၆ ခုနှစ်မှာ မြူးနစ်ပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။ ၁၉၃၆ခုနှစ်မှာပုံစံတူပြုလုပ်ခဲ့တဲ့ သုံးစုံကတော့ မားစီးဒီးဘင့်ဇ်ပြတိုက်၊ ဗီယင်နာမြိုက နည်းပညာပြတိုက်( Museum of Technology)နဲ့ ဒရက်ဒန်မြို့က သယ်ယူပို့ဆောင်ရေးပြတိုက်(Museum of Transportation) တွေမှာရှိပါတယ်။
Written by Kyaw Min Aung