အာဏာရွင္ႀကီးဟစ္တလာရဲ႕ နာဇီဂ်ာမနီတပ္မေတာ္က သုံးခဲ့ေသာ အစြမ္းထက္လက္နက္ ၅ မ်ဳိး

Posted on

Via : Irrawaddy Burmese

ဒုတိယကမၻာစစ္အတြင္းက နာဇီဂ်ာမဏီတပ္ေတြဟာ ပံ့ပိုးမႈအမ်ားဆုံးရတဲ့ တပ္မ်ားလို႔ဆိုရမွာပါ။ သိပၸံပညာ၊ အင္ဂ်င္နီယာ ပညာနဲ႔ ေခတ္သစ္ထုတ္လုပ္မႈ နည္းပညာမ်ားရဲ့ ေထာက္ကူမႈေတြနဲ႔ ဂ်ာမန္တပ္မ်ားရဲ့ လႈပ္ရွားမႈဟာ အဆင့္ျမင့္မားစြာ ယႏၲရားတပ္ဆင္ထားတဲ့ စစ္ေရးလႈပ္ရွားမႈမ်ား ျဖစ္လာပါတယ္။

အရင္ ႏွစ္ ၂၀ေက်ာ္က တိုက္ပြဲမ်ားမွာ ပါဝင္ခဲ့တဲ့ တပ္ေတြထက္ ပိုမိုလၽွင္ျမန္ၿပီး တိုက္ခိုက္နိုင္စြမ္း ျမင့္မားကာ ၎ထက္ ေႏွးေကြးတဲ့ ရန္သူေတြကို ျပတ္ျပတ္ သားသားေခ်မႈန္းၿပီး ဥေရာပတိုက္ႀကီး တခုလုံးကို ဂ်ာမနီ ထိန္းခ်ဳပ္မႈ ေအာက္ေရာက္ေအာင္ အေထာက္ အကူျပဳခဲ့ပါတယ္။ အေနာက္တိုင္း လူ႔အဖြဲ႕အစည္းကို နိဂုံးခ်ဳပ္သြားသေလာက္နီးပါး ျဖစ္ခဲ့ရတဲ့ ဂ်ာမန္ စစ္ေရးနည္းပညာ လက္နက္ ၅ ခုကို ေဖာ္ျပလိုက္ပါတယ္။

၅။ ပန္ဇာ VI (သို႔မဟုတ္)က်ားတင့္ကား

ဒုတိယကမၻာစစ္ အေစာပိုင္းက ဂ်ာမန္စစ္တပ္မ်ားဟာ ပန္ဇာတင့္ကားမ်ားကို အသုံးျပဳကာ လွ်င္ျမန္ၿပီး ပစ္အားေကာင္းေကာင္းနဲ႔ စစ္ဆင္ေရးေတြကို လုပ္ခဲ့တာေၾကာင့္ သတ္ျဖတ္နိုင္စြမ္းျမင့္မားတယ္ဆိုတဲ့ အဲဒီ တင့္ကားေတြရဲ့ ဂုဏ္သတင္းထြက္ေပၚလာခဲ့ပါတယ္။ တင့္ကားေတြကို ပထမကမာၻစစ္အတြင္းက ၿဗိတိန္နိုင္ငံက တီထြင္ခဲ့တာျဖစ္ေပမယ့္ ဂ်ာမန္တပ္ေတြနဲ႔ အက္စ္အက္စ္တပ္ဖြဲ႕ေတြဟာ ပန္ဇာတင့္ေတြကို အထိေရာက္ဆုံး အသုံးခ်ကာ စစ္ရဲ့ခ်ိန္ခြင္လွ်ာကို ခံစစ္မွထိုးစစ္အေနအထားကိုေျပာင္းလဲေစခဲ့ပါတယ္။

ဂ်ာမန္ေတြရဲ့ တင့္ကားတပ္ေတြဟာ Panzerkampfwagen III ႏွင့္ Panzerkampfwagen IV စတဲ့ တင့္ကား အမ်ိဳးအစားေတြနဲ႔ ဖြဲ႕စည္းထားၿပီး သံခ်ပ္ကာစစ္ေျမျပင္မွာေတာ့ အဆုံးျဖတ္ေပးတဲ့ အခန္းက႑ကေန ပါဝင္ခဲ့ပါတယ္။ ပန္ဇာတင့္ေတြဟာ ၅၄တန္ေလးတာေၾကာင့္ ဒီကေန႔ေခတ္ အသုံးျပဳေနတဲ့ တင့္ကားေတြထက္စာရင္ သိသိသာသာ ပိုမိုႀကီးမားကာ ထူထဲတဲ့သံခ်ပ္ကာနဲ႔ ၈၈ မီလီမီတာ အေျမာက္ပါ တပ္ဆင္ထားတဲ့ အတြက္ လြန္စြာေလးလံတဲ့ တင့္ကားမ်ားျဖစ္ပါတယ္။

၁၉၄၂ ခုႏွစ္က စတင္အသုံးျပဳခဲ့တဲ့ က်ားတင့္ကားမ်ားရဲ့ KwK 36 အေျမာက္မ်ားဟာ မဟာမိတ္တို႔ရဲ့ တင့္ကား အတြင္းပိုင္းအထိ ဖ်က္ဆီးႏိုင္ၿပီး၊ တင့္ကားမွာသုံးတဲ့ သံခ်ပ္ကာေတြကလည္း မဟာမိတ္တို႔ ရဲ့ တင့္ကားဖ်က္ လက္နက္ေတြရဲ့ ဒဏ္ကို ခံနိုင္ခဲ့ပါတယ္။ ဂ်ာမန္တပ္မႉးေတြဟာ ပန္ဇာတင့္ကားေတြကို အလိုအပ္ဆုံးေနရာျဖစ္တဲ့ ျပင္းထန္တဲ့ တင့္ကားတိုက္ပြဲ မ်ားမွာ ျဖန႔္က်က္ပါတယ္။ ပန္ဇာတင့္ဟာ ကာကြယ္လႈပ္ရွားနိုင္မႈ ဦးစားေပးတဲ့ ေယဘူယ်ထိုးစစ္ေတြမွာ အသုံးျပဳတဲ့ တျခားတင့္ကားေတြနဲ႔ မတူဘဲ လႈပ္ရွားႏိုင္မႈ စြမ္းရည္ထက္ အကာအကြယ္နဲ႔ ပစ္အားကိုသာ အဓိကထားတယ္လို႔ သိရပါတယ္။

၄။ မက္ဆာစမစ္ တိုက္ေလယာဥ္(Messerschmitt Bf 109)

မက္ဆာစမစ္ တိုက္ေလယာဥ္ေတြဟာ ဒုတိယကမၻာစစ္အတြင္းက စြမ္းရည္အျမင့္ဆုံး တိုက္ေလယာဥ္ ေတြျဖစ္ပါတယ္၊ သမိုင္းဝင္ဂ်ာမန္ ေလယာဥ္ဒီဇိုင္းထုတ္လုပ္သူ Willy Messerschmitt က ၁၉၃၀ ခုႏွစ္မွာ ပုံစံထုတ္ၿပီး တိုက္ေလယာဥ္ ေဟာင္းမ်ား ေနရာမွာ အစားထိုးခဲ့ပါတယ္။ တိုက္ေလယာဥ္ဟာ Monocoque အမ်ိဳးအစား ကိုယ္ထည္၊ ထုတ္သြင္းနိုင္တဲ့ ဆင္းသက္ေရးကိရိယာ နဲ႔ အေသပိတ္ထားတဲ့ ေမာင္းႏွင္ခန္းပါဝင္ပါတယ္။

Bf109A ေလယာဥ္အေစာပိုင္း အမ်ိဳးအစားေတြကို စပိန္ျပည္တြင္းစစ္မွာ သုံးခဲ့ၿပီး၊ ေနာက္ပိုင္းမွာ ေတာ့ Me 109 ေလယာဥ္ေတြဟာ ဂ်ာမန္ ေလတပ္ အတြက္ အဓိကတိုက္ေလယာဥ္ျဖစ္လာပါတယ္။ လွ်င္ျမန္စြာ ဆုတ္တက္လႈပ္ရွား လြယ္႐ုံသာမက ၅၁ ကလီဘာ စက္ေသနတ္ႀကီး ၂လက္နဲ႔ ၂၀ မီလီမီ တာ စက္အေျမာက္တလက္တပ္ဆင္ထားပါတယ္။ မက္ဆာစမစ္ တိုက္ေလယာဥ္ ေတြကို ဥေရာပနဲ႔ ႐ုရွားနယ္နမိတ္မွာ တာဝန္ထမ္းေဆာင္ေစကာ ၁၉၄၃ ခုႏွစ္အထိ ၿဗိတိန္ေလတပ္မွအပ က်န္ေလတပ္ေတြအားလုံးထက္ သာလြန္တယ္လို႔ အသိအမွတ္ျပဳခဲ့ရပါတယ္။

စစ္အတြင္းမွာ ပုံစံသစ္ေတြျဖစ္တဲ့ အေဒါ့ဖ္ဂဲလန္း၊ ဝါနာ မိုးလ္ဒါးစ္နဲ႔ ဂ်ိဳဟန္းစတိန္းေဟာ့ စတဲ့ စြမ္း ေဆာင္ရည္ အရွိဆုံး ေလယာဥ္မႈးမ်ား ေမာင္းႏွင္တဲ့ ေလယာဥ္မ်ားထုတ္လုပ္ခဲ့ၿပီး စုစုေပါင္း ၃၃၉၈၄ စင္းကို ဂ်ာမဏီႏွင့္ ခ်က္ကိုဆလို ဗက္ကီးယားမွာရွိတဲ့ စက္႐ုံေတြမွာ တည္ေဆာက္ခဲ့ပါတယ္။ ခ်က္ကိုစလိုဗက္ကီးယားထုတ္တဲ့ Bf109 မ်ိဳးဆက္လို႔ ဆိုရမယ့္ Czech Avia 199 ေလယာဥ္ေတြဟာ ေနာက္ပိုင္း အစၥေရးေလတပ္ စတင္တည္ေထာင္ရာမွာ အဓိကအခန္းက ပါဝင္ခဲ့ပါတယ္။

၃။ MG-42 စက္ေသနတ္

အတြဲလိုက္ပစ္ရတဲ့ စက္ေသနတ္ေတြေၾကာင့္ ပထမကမာၻစစ္မွာ ထိခိုက္ေသေၾကမႈျမင့္မားခဲ့ရာ ကမာၻစစ္ ၂ခုၾကားကာလ ဂ်ာမန္တပ္မေတာ္ဟာ MG-34 စက္ေသနတ္ကို ၁၉၃၄ ခုႏွစ္မွာ ျပင္ဆင္ထုတ္လုပ္ခဲ့ၿပီး အေလးခ်ိန္ေပါ့ပါးကာ တစ္မိနစ္လွ်င္ က်ည္ ၁၂၀၀ အထက္ျမင့္မားတဲ့ ပစ္အားရွိခဲ့ပါတယ္။

အလၽွင္အျမန္ ေသနတ္ေျပာင္း လဲလွယ္တပ္ဆင္ႏိုင္ေပမယ့္၊ စစ္အတြင္း ထုတ္လုပ္မႈက စစ္ေျမျပင္ လက္နက္ထုတ္လုပ္ပုံနဲ႔ မတူပဲ လက္ပတ္နာရီထုတ္တဲ့ ပုံစံျဖစ္ေန တာေၾကာင့္ ဝယ္လိုအား ျပည့္မီေအာင္ မထုတ္နိုင္ခဲ့ပါဘူး။ စုစုေပါင္း အလက္ ၄ သိန္းအထိထုတ္လုပ္ႏိုင္ခဲ့ၿပီး၊ MG-42 ရဲ့ ျမင့္မားလွတဲ့ ပစ္အားဟာ ခံစစ္မ်ားမွာ အက်ိဳးျပဳၿပီး အထူးသျဖင့္ အေရွ႕ဖက္႐ုရွားစစ္မ်က္ႏွာက ေရြ႕လွ်ားအရန္တပ္မ်ားမွာ ပိုမိုေကာင္းမြန္စြာ အသုံးျပဳႏုိင္ခဲ့ပါတယ္။

၂။ ယူဘုတ္(U-Boat)

ဒုတိယ ကမၻာစစ္အတြင္းက ဂ်ာမန္ေရတပ္ဟာ အဓိကတပ္ဖြဲ႕မဟုတ္ခဲ့ေပ။ ပထမကမာၻစစ္ကလိုႀကီးမားတဲ့ ေရတပ္ သေဘၤာအုပ္စုမ်ားကို တည္ေဆာင္ျခင္း မရွိေတာ့တာေၾကာင့္ အစဥ္အလာရန္သူ ၿဗိတိန္ေရတပ္ကိုယွဥ္ၿပိဳင္ဖို႔ အကန႔္အသတ္ရွိတဲ့ ရင္းျမစ္ေတြကိုသာ အာ႐ုံစိုက္ေနရပါတယ္။ ျပင္သစ္ေရတပ္ကို တုံ႔ျပန္ရာမွာ ၾကည္းတပ္ကိုသာ အသုံးျပဳခဲ့ေပမယ့္ ၿဗိတိန္ေရတပ္ကိုေတာ့ ေရတပ္ခ်င္းသာ တုံ႔ျပန္ဖို႔ လိုအပ္ေနပါတယ္။ ဒါေၾကာင့္လည္း စစ္သေဘၤာႀကီးေတြမရွိဘဲ အတၱလန္တိတ္ သမုဒၵရာမွာ တိုက္ခိုက္ႏိုင္လိမ့္မယ္ မဟုတ္တာေၾကာင့္ ဖ်က္စြမ္းအားႀကီးမ်ားတဲ့ U- Boat ေရငုပ္သေဘၤာေတြကို တည္ေဆာက္ခဲ့ရာ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာပါ။

၁၉၃၉ မွ ၁၉၄၅ ခုႏွစ္အတြင္း မဟာမိတ္ေရတပ္ သေဘၤာ ၂၇၇၉ စင္း စုစုေပါင္းတန္ခ်ိန္ ၁၄.၁ သန္း ကို ျမႇုပ္ပစ္ခဲ့ႏိုင္ခဲ့ရာမွာေတာ့ ေအာင္ျမင္မႈအရွိဆုံးကေတာ့ ယူဘုတ္မွာ U-48 ျဖစ္ၿပီး သေဘၤာ ၅၁ စင္းျမႇုဳပ္ပစ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီပမာဏဟာ တန္ခ်ိန္ ၃၀၆၈၇၄ ရွိၿပီး ေခတ္သစ္ နိမစ္ အတန္းအစားေလယာဥ္သေဘၤာႀကီး ၃စီးရဲ့ အေလးခ်ိန္နဲ႔ ညီပါတယ္။ ယူဘုတ္ေတြရဲ့ ထိုးစစ္ေၾကာင့္ အတၱလန္တိတ္သမုဒၵရာမွာ မဟာမိတ္တပ္ေတြရဲ့ လႈပ္ရွားမႈနဲ႔ စစ္သုံး ပစၥည္းပို႔ေဆာင္မႈ ေႏွးေကြးေစခဲ့ၿပီး အေစာင့္အေရွာက္ျဖင့္သြားလာေစခဲ့ရ႐ုံသာမက ရိကၡာနဲ႔ အျခား ကုန္စည္အျမဲလိုလို ျပတ္ေတာက္ေနတာေၾကာင့္ ၿဗိတိန္အရပ္သားမ်ားကိုပါ ထိခိုက္ေစခဲ့ပါတယ္။

ကနဦးအစပိုင္း အားေကာင္းခဲ့ေပမယ့္ ၿဗိတိန္ရဲ့ တန္ျပန္တိုက္ခိုက္မႈေတြေၾကာင့္ ယူဘုတ္ေတြဟာ လႈပ္ရွားႏိုင္ျခင္း မရွိေတာ့ဘဲ ေျမာက္အေမရိကနဲ႔ အေနာက္ ဥေရာပၾကား ဆက္သြယ္ေရးလမ္းေၾကာင္းကို မျပတ္ေတာက္ႏုိင္ေတာ့ပဲ ယူဘုတ္တပ္ဖြဲ႕လည္း အဆုံးအရႈံးမ်ား ခဲ့ပါ တယ္။ဒုတိယကမာၻစစ္အတြင္း ယူဘုတ္စုစုေပါင္း ၇၆၅ စင္းဆုံးရႈံးခဲ့ပါတယ္။

၁။ Panzerfaust တင့္ကားဖ်က္လက္နက္

ေခတ္သစ္စစ္ေျမျပင္မွာ ဂ်ာမန္က တင့္ကားမ်ားကို အလုံးအရင္း အသုံးျပဳလိုက္ျခင္းဟာ ျပႆနာကို မီးေမႊးလိုက္ျခင္းျဖစ္ၿပီး၊ ႏွစ္အနည္းငယ္အတြင္းမွာပဲ ၿဗိတိန္၊ ဆိုဗီယက္နဲ႔ အေမရိကန္တို႔က အလားတူ အလုံးအရင္းနဲ႔ ရင္ဆိုင္လာရာ ဂ်ာမန္တပ္မ်ား ထိခိုက္လာေၾကာင့္ တင့္ကားဖ်က္လက္နက္မ်ား လိုအပ္လာပါတယ္။ ဒါေၾကာင့္ Panzerfaust တင့္ကားဖ်က္လက္နက္ကို ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

Panzerfaust တင့္ကားဖ်က္လက္နက္ဟာ မယုံၾကည္စရာ ေကာင္းေလာက္ေအာင္ ရိုးရွင္းၿပီး၊ တစ္ႀကိမ္သာ အသုံးျပဳနိုင္တဲ့ ေနာက္ကန္အားမဲ့ လက္နက္ျဖစ္ကာ ကိုက္ ၃၀အတြင္း ထိခိုက္မႈ ျပင္းထန္၍ ၇.၉ လက္မအထိ ထြင္းေဖါက္နိုင္တာေၾကာင့္ မည္သည့္ မဟာမိတ္တင့္ကားကိုမဆို ေကာင္းစြာ ဖ်က္ဆီးနိုင္ပါတယ္။ ဒုတိယကမာၻစစ္ ေနာက္ပိုင္း ကေလးလူႀကီးအားလုံး ဂ်ာမန္တပ္မေတာ္ ပါဝင္လာရာ Panzerfaust ေၾကာင့္ တင့္ကားဖ်က္ဆီးနိုင္သူမ်ားျဖစ္လာခဲ့ပါတယ္။

တာတိုပစ္ ေနာက္ဆုံးခံကတုတ္လက္နက္ေၾကာင့္ မဟာမိတ္ တင့္ကားမ်ား ဟာ ဆြဲအေျမာက္လို တင့္ဖ်က္လက္နက္မပါတဲ့ ဂ်ာမန္ေျခလၽွင္တပ္ေတြကို သတိထားေစာင့္ၾကည့္လာရပါတယ္။ ဘာလင္ၿမိဳ႕သိမ္း တိုက္ပြဲမွာ Panzerfaust တင့္ဖ်က္ လက္နက္ေၾကာင့္ ဆိုဗီယက္ တင့္ကားေတြမွာ စပရိန္ခံထားတဲ့ သံဇကာေတြကိုတပ္ဆင္ကာ ထိုတင့္ဖ်က္လက္နက္ရဲ့ ရန္မွ ကာကြယ္ရန္ႀကိဳးစားခဲ့ရပါတယ္။ ထိုစပရိန္စကာေၾကာင့္ တင့္ဖ်က္ထိပ္ဖူးဟာ တင့္ကားကိုမထိခင္ ေပါက္ကြဲသြားတာေၾကာင့္ ေနာင္ ဆယ္စုႏွစ္ အတန္ၾကာတဲ့အခါ အဲဒီနည္းကို အေမရိကန္စစ္တပ္က Stryker သံခ်ပ္ကာယာဥ္မ်ားတြင္ အသုံးျပဳခဲ့ပါတယ္။

The National Interest မဂၢဇင္းပါ Hitler’s 5 Most Lethal Weapons of War ကို ဘာသာျပန္ဆိုပါတယ္။

Irrawaddy Burmese


အာဏာရှင်ကြီးဟစ်တလာရဲ့ နာဇီဂျာမနီတပ်မတော်က သုံးခဲ့သော အစွမ်းထက်လက်နက် ၅ မျိုး (unicode)

Via : Irrawaddy Burmese

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီတပ်တွေဟာ ပံ့ပိုးမှုအများဆုံးရတဲ့ တပ်များလို့ဆိုရမှာပါ။ သိပ္ပံပညာ၊ အင်ဂျင်နီယာ ပညာနဲ့ ခေတ်သစ်ထုတ်လုပ်မှု နည်းပညာများရဲ့ ထောက်ကူမှုတွေနဲ့ ဂျာမန်တပ်များရဲ့ လှုပ်ရှားမှုဟာ အဆင့်မြင့်မားစွာ ယန္တရားတပ်ဆင်ထားတဲ့ စစ်ရေးလှုပ်ရှားမှုများ ဖြစ်လာပါတယ်။

အရင် နှစ် ၂၀ကျော်က တိုက်ပွဲများမှာ ပါဝင်ခဲ့တဲ့ တပ်တွေထက် ပိုမိုလျှင်မြန်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားကာ ၎င်းထက် နှေးကွေးတဲ့ ရန်သူတွေကို ပြတ်ပြတ် သားသားချေမှုန်းပြီး ဥရောပတိုက်ကြီး တခုလုံးကို ဂျာမနီ ထိန်းချုပ်မှု အောက်ရောက်အောင် အထောက် အကူပြုခဲ့ပါတယ်။ အနောက်တိုင်း လူ့အဖွဲ့အစည်းကို နိဂုံးချုပ်သွားသလောက်နီးပါး ဖြစ်ခဲ့ရတဲ့ ဂျာမန် စစ်ရေးနည်းပညာ လက်နက် ၅ ခုကို ဖော်ပြလိုက်ပါတယ်။

၅။ ပန်ဇာ VI (သို့မဟုတ်)ကျားတင့်ကား

ဒုတိယကမ္ဘာစစ် အစောပိုင်းက ဂျာမန်စစ်တပ်များဟာ ပန်ဇာတင့်ကားများကို အသုံးပြုကာ လျှင်မြန်ပြီး ပစ်အားကောင်းကောင်းနဲ့ စစ်ဆင်ရေးတွေကို လုပ်ခဲ့တာကြောင့် သတ်ဖြတ်နိုင်စွမ်းမြင့်မားတယ်ဆိုတဲ့ အဲဒီ တင့်ကားတွေရဲ့ ဂုဏ်သတင်းထွက်ပေါ်လာခဲ့ပါတယ်။ တင့်ကားတွေကို ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်နိုင်ငံက တီထွင်ခဲ့တာဖြစ်ပေမယ့် ဂျာမန်တပ်တွေနဲ့ အက်စ်အက်စ်တပ်ဖွဲ့တွေဟာ ပန်ဇာတင့်တွေကို အထိရောက်ဆုံး အသုံးချကာ စစ်ရဲ့ချိန်ခွင်လျှာကို ခံစစ်မှထိုးစစ်အနေအထားကိုပြောင်းလဲစေခဲ့ပါတယ်။

ဂျာမန်တွေရဲ့ တင့်ကားတပ်တွေဟာ Panzerkampfwagen III နှင့် Panzerkampfwagen IV စတဲ့ တင့်ကား အမျိုးအစားတွေနဲ့ ဖွဲ့စည်းထားပြီး သံချပ်ကာစစ်မြေပြင်မှာတော့ အဆုံးဖြတ်ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပန်ဇာတင့်တွေဟာ ၅၄တန်လေးတာကြောင့် ဒီကနေ့ခေတ် အသုံးပြုနေတဲ့ တင့်ကားတွေထက်စာရင် သိသိသာသာ ပိုမိုကြီးမားကာ ထူထဲတဲ့သံချပ်ကာနဲ့ ၈၈ မီလီမီတာ အမြောက်ပါ တပ်ဆင်ထားတဲ့ အတွက် လွန်စွာလေးလံတဲ့ တင့်ကားများဖြစ်ပါတယ်။

၁၉၄၂ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ ကျားတင့်ကားများရဲ့ KwK 36 အမြောက်များဟာ မဟာမိတ်တို့ရဲ့ တင့်ကား အတွင်းပိုင်းအထိ ဖျက်ဆီးနိုင်ပြီး၊ တင့်ကားမှာသုံးတဲ့ သံချပ်ကာတွေကလည်း မဟာမိတ်တို့ ရဲ့ တင့်ကားဖျက် လက်နက်တွေရဲ့ ဒဏ်ကို ခံနိုင်ခဲ့ပါတယ်။ ဂျာမန်တပ်မှူးတွေဟာ ပန်ဇာတင့်ကားတွေကို အလိုအပ်ဆုံးနေရာဖြစ်တဲ့ ပြင်းထန်တဲ့ တင့်ကားတိုက်ပွဲ များမှာ ဖြန့်ကျက်ပါတယ်။ ပန်ဇာတင့်ဟာ ကာကွယ်လှုပ်ရှားနိုင်မှု ဦးစားပေးတဲ့ ယေဘူယျထိုးစစ်တွေမှာ အသုံးပြုတဲ့ တခြားတင့်ကားတွေနဲ့ မတူဘဲ လှုပ်ရှားနိုင်မှု စွမ်းရည်ထက် အကာအကွယ်နဲ့ ပစ်အားကိုသာ အဓိကထားတယ်လို့ သိရပါတယ်။

၄။ မက်ဆာစမစ် တိုက်လေယာဉ်(Messerschmitt Bf 109)

မက်ဆာစမစ် တိုက်လေယာဉ်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက စွမ်းရည်အမြင့်ဆုံး တိုက်လေယာဉ် တွေဖြစ်ပါတယ်၊ သမိုင်းဝင်ဂျာမန် လေယာဉ်ဒီဇိုင်းထုတ်လုပ်သူ Willy Messerschmitt က ၁၉၃၀ ခုနှစ်မှာ ပုံစံထုတ်ပြီး တိုက်လေယာဉ် ဟောင်းများ နေရာမှာ အစားထိုးခဲ့ပါတယ်။ တိုက်လေယာဉ်ဟာ Monocoque အမျိုးအစား ကိုယ်ထည်၊ ထုတ်သွင်းနိုင်တဲ့ ဆင်းသက်ရေးကိရိယာ နဲ့ အသေပိတ်ထားတဲ့ မောင်းနှင်ခန်းပါဝင်ပါတယ်။

Bf109A လေယာဉ်အစောပိုင်း အမျိုးအစားတွေကို စပိန်ပြည်တွင်းစစ်မှာ သုံးခဲ့ပြီး၊ နောက်ပိုင်းမှာ တော့ Me 109 လေယာဉ်တွေဟာ ဂျာမန် လေတပ် အတွက် အဓိကတိုက်လေယာဉ်ဖြစ်လာပါတယ်။ လျှင်မြန်စွာ ဆုတ်တက်လှုပ်ရှား လွယ်ရုံသာမက ၅၁ ကလီဘာ စက်သေနတ်ကြီး ၂လက်နဲ့ ၂၀ မီလီမီ တာ စက်အမြောက်တလက်တပ်ဆင်ထားပါတယ်။ မက်ဆာစမစ် တိုက်လေယာဉ် တွေကို ဥရောပနဲ့ ရုရှားနယ်နမိတ်မှာ တာဝန်ထမ်းဆောင်စေကာ ၁၉၄၃ ခုနှစ်အထိ ဗြိတိန်လေတပ်မှအပ ကျန်လေတပ်တွေအားလုံးထက် သာလွန်တယ်လို့ အသိအမှတ်ပြုခဲ့ရပါတယ်။

စစ်အတွင်းမှာ ပုံစံသစ်တွေဖြစ်တဲ့ အဒေါ့ဖ်ဂဲလန်း၊ ဝါနာ မိုးလ်ဒါးစ်နဲ့ ဂျိုဟန်းစတိန်းဟော့ စတဲ့ စွမ်း ဆောင်ရည် အရှိဆုံး လေယာဉ်မှုးများ မောင်းနှင်တဲ့ လေယာဉ်များထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၃၃၉၈၄ စင်းကို ဂျာမဏီနှင့် ချက်ကိုဆလို ဗက်ကီးယားမှာရှိတဲ့ စက်ရုံတွေမှာ တည်ဆောက်ခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီးယားထုတ်တဲ့ Bf109 မျိုးဆက်လို့ ဆိုရမယ့် Czech Avia 199 လေယာဉ်တွေဟာ နောက်ပိုင်း အစ္စရေးလေတပ် စတင်တည်ထောင်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။

၃။ MG-42 စက်သေနတ်

အတွဲလိုက်ပစ်ရတဲ့ စက်သေနတ်တွေကြောင့် ပထမကမ္ဘာစစ်မှာ ထိခိုက်သေကြေမှုမြင့်မားခဲ့ရာ ကမ္ဘာစစ် ၂ခုကြားကာလ ဂျာမန်တပ်မတော်ဟာ MG-34 စက်သေနတ်ကို ၁၉၃၄ ခုနှစ်မှာ ပြင်ဆင်ထုတ်လုပ်ခဲ့ပြီး အလေးချိန်ပေါ့ပါးကာ တစ်မိနစ်လျှင် ကျည် ၁၂၀၀ အထက်မြင့်မားတဲ့ ပစ်အားရှိခဲ့ပါတယ်။

အလျှင်အမြန် သေနတ်ပြောင်း လဲလှယ်တပ်ဆင်နိုင်ပေမယ့်၊ စစ်အတွင်း ထုတ်လုပ်မှုက စစ်မြေပြင် လက်နက်ထုတ်လုပ်ပုံနဲ့ မတူပဲ လက်ပတ်နာရီထုတ်တဲ့ ပုံစံဖြစ်နေ တာကြောင့် ဝယ်လိုအား ပြည့်မီအောင် မထုတ်နိုင်ခဲ့ပါဘူး။ စုစုပေါင်း အလက် ၄ သိန်းအထိထုတ်လုပ်နိုင်ခဲ့ပြီး၊ MG-42 ရဲ့ မြင့်မားလှတဲ့ ပစ်အားဟာ ခံစစ်များမှာ အကျိုးပြုပြီး အထူးသဖြင့် အရှေ့ဖက်ရုရှားစစ်မျက်နှာက ရွေ့လျှားအရန်တပ်များမှာ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။

၂။ ယူဘုတ်(U-Boat)

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်ရေတပ်ဟာ အဓိကတပ်ဖွဲ့မဟုတ်ခဲ့ပေ။ ပထမကမ္ဘာစစ်ကလိုကြီးမားတဲ့ ရေတပ် သင်္ဘောအုပ်စုများကို တည်ဆောင်ခြင်း မရှိတော့တာကြောင့် အစဉ်အလာရန်သူ ဗြိတိန်ရေတပ်ကိုယှဉ်ပြိုင်ဖို့ အကန့်အသတ်ရှိတဲ့ ရင်းမြစ်တွေကိုသာ အာရုံစိုက်နေရပါတယ်။ ပြင်သစ်ရေတပ်ကို တုံ့ပြန်ရာမှာ ကြည်းတပ်ကိုသာ အသုံးပြုခဲ့ပေမယ့် ဗြိတိန်ရေတပ်ကိုတော့ ရေတပ်ချင်းသာ တုံ့ပြန်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်လည်း စစ်သင်္ဘောကြီးတွေမရှိဘဲ အတ္တလန်တိတ် သမုဒ္ဒရာမှာ တိုက်ခိုက်နိုင်လိမ့်မယ် မဟုတ်တာကြောင့် ဖျက်စွမ်းအားကြီးများတဲ့ U- Boat ရေငုပ်သင်္ဘောတွေကို တည်ဆောက်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

၁၉၃၉ မှ ၁၉၄၅ ခုနှစ်အတွင်း မဟာမိတ်ရေတပ် သင်္ဘော ၂၇၇၉ စင်း စုစုပေါင်းတန်ချိန် ၁၄.၁ သန်း ကို မြှုပ်ပစ်ခဲ့နိုင်ခဲ့ရာမှာတော့ အောင်မြင်မှုအရှိဆုံးကတော့ ယူဘုတ်မှာ U-48 ဖြစ်ပြီး သင်္ဘော ၅၁ စင်းမြှုပ်ပစ်နိုင်ခဲ့ပါတယ်။ အဲ့ဒီပမာဏဟာ တန်ချိန် ၃၀၆၈၇၄ ရှိပြီး ခေတ်သစ် နိမစ် အတန်းအစားလေယာဉ်သင်္ဘောကြီး ၃စီးရဲ့ အလေးချိန်နဲ့ ညီပါတယ်။ ယူဘုတ်တွေရဲ့ ထိုးစစ်ကြောင့် အတ္တလန်တိတ်သမုဒ္ဒရာမှာ မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ စစ်သုံး ပစ္စည်းပို့ဆောင်မှု နှေးကွေးစေခဲ့ပြီး အစောင့်အရှောက်ဖြင့်သွားလာစေခဲ့ရရုံသာမက ရိက္ခာနဲ့ အခြား ကုန်စည်အမြဲလိုလို ပြတ်တောက်နေတာကြောင့် ဗြိတိန်အရပ်သားများကိုပါ ထိခိုက်စေခဲ့ပါတယ်။

ကနဦးအစပိုင်း အားကောင်းခဲ့ပေမယ့် ဗြိတိန်ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ယူဘုတ်တွေဟာ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ မြောက်အမေရိကနဲ့ အနောက် ဥရောပကြား ဆက်သွယ်ရေးလမ်းကြောင်းကို မပြတ်တောက်နိုင်တော့ပဲ ယူဘုတ်တပ်ဖွဲ့လည်း အဆုံးအရှုံးများ ခဲ့ပါ တယ်။ဒုတိယကမ္ဘာစစ်အတွင်း ယူဘုတ်စုစုပေါင်း ၇၆၅ စင်းဆုံးရှုံးခဲ့ပါတယ်။

၁။ Panzerfaust တင့်ကားဖျက်လက်နက်

ခေတ်သစ်စစ်မြေပြင်မှာ ဂျာမန်က တင့်ကားများကို အလုံးအရင်း အသုံးပြုလိုက်ခြင်းဟာ ပြဿနာကို မီးမွှေးလိုက်ခြင်းဖြစ်ပြီး၊ နှစ်အနည်းငယ်အတွင်းမှာပဲ ဗြိတိန်၊ ဆိုဗီယက်နဲ့ အမေရိကန်တို့က အလားတူ အလုံးအရင်းနဲ့ ရင်ဆိုင်လာရာ ဂျာမန်တပ်များ ထိခိုက်လာကြောင့် တင့်ကားဖျက်လက်နက်များ လိုအပ်လာပါတယ်။ ဒါကြောင့် Panzerfaust တင့်ကားဖျက်လက်နက်ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Panzerfaust တင့်ကားဖျက်လက်နက်ဟာ မယုံကြည်စရာ ကောင်းလောက်အောင် ရိုးရှင်းပြီး၊ တစ်ကြိမ်သာ အသုံးပြုနိုင်တဲ့ နောက်ကန်အားမဲ့ လက်နက်ဖြစ်ကာ ကိုက် ၃ဝအတွင်း ထိခိုက်မှု ပြင်းထန်၍ ၇.၉ လက်မအထိ ထွင်းဖေါက်နိုင်တာကြောင့် မည်သည့် မဟာမိတ်တင့်ကားကိုမဆို ကောင်းစွာ ဖျက်ဆီးနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကလေးလူကြီးအားလုံး ဂျာမန်တပ်မတော် ပါဝင်လာရာ Panzerfaust ကြောင့် တင့်ကားဖျက်ဆီးနိုင်သူများဖြစ်လာခဲ့ပါတယ်။

တာတိုပစ် နောက်ဆုံးခံကတုတ်လက်နက်ကြောင့် မဟာမိတ် တင့်ကားများ ဟာ ဆွဲအမြောက်လို တင့်ဖျက်လက်နက်မပါတဲ့ ဂျာမန်ခြေလျှင်တပ်တွေကို သတိထားစောင့်ကြည့်လာရပါတယ်။ ဘာလင်မြို့သိမ်း တိုက်ပွဲမှာ Panzerfaust တင့်ဖျက် လက်နက်ကြောင့် ဆိုဗီယက် တင့်ကားတွေမှာ စပရိန်ခံထားတဲ့ သံဇကာတွေကိုတပ်ဆင်ကာ ထိုတင့်ဖျက်လက်နက်ရဲ့ ရန်မှ ကာကွယ်ရန်ကြိုးစားခဲ့ရပါတယ်။ ထိုစပရိန်စကာကြောင့် တင့်ဖျက်ထိပ်ဖူးဟာ တင့်ကားကိုမထိခင် ပေါက်ကွဲသွားတာကြောင့် နောင် ဆယ်စုနှစ် အတန်ကြာတဲ့အခါ အဲဒီနည်းကို အမေရိကန်စစ်တပ်က Stryker သံချပ်ကာယာဉ်များတွင် အသုံးပြုခဲ့ပါတယ်။

The National Interest မဂ္ဂဇင်းပါ Hitler’s 5 Most Lethal Weapons of War ကို ဘာသာပြန်ဆိုပါတယ်။

Irrawaddy Burmese

Leave a Reply