တရုတ္သမၼတႏုိင္ငံ (သုိ႔) ထုိင္၀မ္ကြ်န္းအေၾကာင္း သိေကာင္းစရာ

Posted on

ထုိမ္၀မ္ကုိ တရုတ္ႏုိင္ငံနဲ႔ ကြ်န္ေတာ္တုိ႔အမ်ားစု မၾကာခဏ မွားတတ္ေလ့ရွိပါတယ္။ တကယ္ေတာ့ ထုိင္၀မ္နဲ႔ တရုတ္ႏုိင္ငံဟာ တစ္ခုစီျဖစ္ပါတယ္။ ထုိင္၀မ္လုိ႔ သာအမ်ားစုသိၾကေပမယ့္ သူ႔ရဲ႕တရား၀င္နာမည္က တရုတ္သမၼတႏုိင္ငံ(Republic of China) ျဖစ္ပါတယ္။ အိမ္နီးျခင္းမ်ားအျဖစ္ အေနာက္ဘက္မွာ တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ၊ အေရွ႕ေျမာက္ဘက္မွာ ဂ်ပန္ႏုိင္ငံ နဲ႔ ေတာင္ဘက္မွာ ဖိလစ္ပုိင္ႏုိင္ငံေတြ တည္ရွိပါတယ္။ တရုတ္ျပည္မႀကီးကမူ ထုိင္၀မ္အား တရား၀င္ႏုိင္ငံအျဖစ္ အသိအမွတ္မျပဳသလုိ ထုိင္၀မ္ကလည္း တရုတ္ျပည္မႀကီးသည္ ROC ၏ ပုိင္နက္သာျဖစ္ေၾကာင္း အျပန္အလွန္ဆုိေလ့ရွိပါတယ္။

တရုတ္တုိ႔ မတုိင္မီ ထုိကြ်န္းတြင္ေနထုိင္ၾကသူမ်ားမွာ မေလးဖိလစ္ပီႏုိ လူရုိင္းမ်ားျဖစ္ပါတယ္။ တရုတ္လူမ်ဳိး ႏွင့္ ဂ်ပန္လူမ်ဳိး နယ္ေျမသစ္ရွာသူမ်ားဟာ ထုိကြ်န္းကုိ သိမ္းပုိက္ရန္အၿပဳိင္အဆိုင္ႀကဳိးစားၾကေသာ္လည္း လူရုိင္းမ်ား၏တန္ျပန္တုိက္ခုိက္မႈမ်ားေၾကာင့္ မေအာင္ျမင္ခဲ့ပါ။ ၁၆၆၂ ခုႏွစ္မွာေတာ့ တ႐ုတ္မ်ိဳးခ်စ္ ပုဂၢိဳလ္တဦးျဖစ္သည့္ ခ်င္းခ်င္းကြန္းဟာ ပင္လယ္ဓားျပမ်ားကို ‌ေခါင္း‌ေဆာင္ကာ၊ လူ႐ိုင္းမ်ားကို ႏွိမ္နင္း၍ တကၽြန္းလုံးကို သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။

၁၆ ရာစု၀န္းက်င္က ေပၚတူဂီမ်ားသည္ ထုိင္၀မ္ကြ်န္းကို ျမင္သည့္အခါ ေဖာ္မုိဆာ(အလြန္လွပေသာကြ်န္း) ဟု အမည္ေပးခဲ့ၾကပါတယ္။ ထုိင္၀မ္ ကုိ ေဖာ္ဖုိဆာ လုိ႔ ဒုတိယကမာၻစစ္မတုိင္မီအထိေခၚေ၀ၚခဲ့ၾကပါတယ္။ ယေန႔တုိင္ တခ်ဳိ႕ေနရာေတြမွာ ေဖာ္မိုဆာ ဆုိတဲ့အသုံးအႏႈန္းကို ျမင္ေတြ႔ေနရဆဲျဖစ္ပါတယ္။

၁၇၀၀ ျပည့္ႏွစ္၀န္းက်င္မွာေတာ့ ထုိင္၀မ္ကြ်န္းဟာ ဒတ္ခ်္တုိ႔ရဲ႕ လက္ေအာက္ ကုိလုိနီနယ္ေျမတစ္ခုျဖစ္လာခဲ့ပါတယ္။ ဒတ္ခ်္ေတြဟာ တရုတ္ျပည္မႀကီး Guangdong နဲ႔ Fujian ျပည္နယ္က ဟန္လူမ်ဳိးေတြကို ထုိင္၀မ္ကြ်န္းေပၚဆြဲသြင္းေနထုိင္ေစခဲ့ပါတယ္။ ၁၈ရာစုမွာ စပိန္ေတြဟာ ထုိင္၀မ္ကုိ တုိက္ခုိက္နယ္ခ်ဲ႕ဖုိ႔ႀကဳိးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ခ်င္းမင္းဆက္ က်ဆုံးအၿပီး ၁၉၁၂ခုႏွစ္မွာေတာ့ တရုတ္သမၼတႏုိင္ငံ (ROC) ကုိ တရုုတ္ျပည္မႀကီးမွာပဲ စတင္တည္ေထာင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ထုိင္၀မ္ကြ်န္းကေတာ့ ၁၈၉၅ခုႏွစ္ ပထမ တရုတ္-ဂ်ပန္ စစ္ပြဲအၿပီးကတည္းက ဂ်ပန္အင္ပါယာလက္ေအာက္ကုိ ေရာက္ရွိေနခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဂ်ပန္ရဲ႕ ပညာေရးစနစ္ဟာ ထုိင္၀မ္မွာစတင္ခဲ့ပါတယ္။ ထုိင္၀မ္လူမ်ဳိးေတြဟာ ဒုတိယကမာၻစစ္အတြင္းမွာ ဂ်ပန္စစ္သားေတြနဲ႔အတူ ပူးေပါင္းပါ၀င္ခဲ့ပါတယ္။

၁၉၄၅ခုႏွစ္ ဂ်ပန္ေတြစစ္ရႈံးအၿပီးမွာေတာ့ ထုိင္၀မ္ဟာ တရုတ္ရဲ႕ထိမ္းခ်ဳပ္မႈေအာက္ကို ျပန္ေရာက္ခဲ့ပါတယ္။ အဲဒီအခ်ိန္က တရုတ္ျပည္မႀကီးကို ခ်န္ေကရွိတ္ရဲ႕ အမ်ဳိးသားအစုိးရ က အုပ္ခ်ဳပ္ေနခဲ့တာပါ။ ဒါေပမယ့္ တရုတ္ျပည္တြင္းစစ္အၿပီးမွာ ခ်န္ေကရွိတ္အစုိးရ ရႈံးနိမ့္ခဲ့တဲ့အတြက္ ျပည္မႀကီးကေန ထုိင္၀မ္ကြ်န္းကုိ ထြက္ေျပးသြားခဲ့ပါတယ္။ ၁၉၅၀ျပည့္ႏွစ္ မတ္လ ၁ရက္ေန႔မွာေတာ့ ခ်န္ေကရွိတ္ဟာ ထုိင္၀မ္ကြ်န္းကုိ တရုတ္အမ်ဳိးသားအစုိးရႏုိင္ငံအျဖစ္ ဆက္လက္တည္ေထာင္ခဲ့ပါတယ္။ ခ်န္ေကရွိတ္ဟာ သူကြယ္လြန္ခဲ့တဲ့အခ်ိန္အထိ ႏွစ္ေပါင္း ၂၆ႏွစ္တုိင္ ထုိင္၀မ္ကုိ သမၼတအျဖစ္အုပ္ခ်ဳပ္သြားခဲ့ပါတယ္။

ခ်န္ေကရွိတ္

၁၉၅၀ – ၁၉၆၀ ခုႏွစ္မ်ားအၾကားတြင္ ကြန္မင္တန္ပါတီ ျပန္လည္ဖြဲ႕စည္းမႈအား က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ခဲ့ကာ အဂတိလိုက္စားမႈ ပေပ်ာက္ေရးႏွင့္ လယ္ေျမ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီ့ေနာက္တြင္ စီးပြားေရး အရွိန္အဟုန္ျဖင့္ တိုးတက္လာကာ အာရွ က်ားေလးေကာင္ စာရင္းဝင္ႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။ ၁၉၈၀ – ၁၉၉၀ ခုႏွစ္မ်ားတြင္ အုပ္ခ်ဳပ္ေရးစနစ္မွာ ၿငိမ္းခ်မ္းသည့္ ဒီမိုကေရစီႏိုင္ငံေရးစနစ္အျဖစ္ အသြင္ေျပာင္းလာခဲ့ပါတယ္။

ထိုင္ဝမ္သည္ ယူ႐ိုေအးရွားေက်ာက္လႊာႏွင့္ ဖိလစ္ပိုင္ပင္လယ္ေရေအာက္ ေက်ာက္လႊာတို႔ တြန္းထိုးမႈမွ ေပၚထြက္လာသည့္ ကၽြန္းျဖစ္သည္။ ပုံသဏၭာန္အားျဖင့္ ရွည္ေျမာေျမာ ကန္စြန္းဥပုံရွိသည္။ အက်ယ္အ၀န္းအားျဖင့္ စတုရန္းမုိင္ ၁၃၉၇၆ ရွိသည္။ ထိုင္ဝမ္ တစ္လႊားရွိ ေျမအေနအထားမွာ ေတာင္တန္းမ်ားျဖစ္ၿပီး ျမင့္မားမတ္ေဆာက္သည္။ ေတာင္တန္းမ်ားသည္ မ်ားေသာအားျဖင့္ အေရွ႕ေျမာက္အရပ္မွ အေနာက္ေတာင္အရပ္ဘက္သို႔ သြယ္တန္းလ်က္ရွိသည္။ လြင္ျပင္မ်ားမွာ က်ဥ္းေျမာင္းသည္။ မၾကာခဏ ေျမငလ်င္လႈပ္ေလ့ရွိၿပီး ေရပူစမ္းႏွင့္ မီးေသေတာင္မ်ား ေပါမ်ားသည္။

အာရွရဲ႕ ်က်ားေလးေကာင္

ထိုင္ဝမ္တြင္ လူဦးေရ ၂၃.၅ သန္းခန္႔ ရွိသည့္အနက္ ေဟာ္ေလာ့လူမ်ိဳး အမ်ားစုေနထိုင္ၾကၿပီး ဟတ္ကားလူမ်ိဳး ၊ တိုင္းရင္းသားလူမ်ိဳးႏွင့္ တ႐ုတ္ႏိုင္ငံ အျခားျပည္နယ္မွ လူမ်ိဳးႏြယ္စုမ်ားကိုလည္း ေတြ႕ရွိႏိုင္သည္။ အစိုးရ႐ုံးသုံးစာမွာ တ႐ုတ္စာ အခက္ေရးနည္းျဖစ္ၿပီး အဓိက သုံးစြဲသည့္ ဘာသာစကားမ်ားမွာ ထိုင္ဝမ္စကား(မင္နန္စကား)၊ ေကာ္ယြီတ႐ုတ္စကား(႐ုံးသုံးတ႐ုတ္စကား)၊ ဟတ္ကားစကားႏွင့္ တိုင္းရင္းသား ဘာသာစကားမ်ား ျဖစ္ၾကသည္။

ဆန္စပါးႏွင့္ လက္ဖက္ကိုလည္း စိုက္ပ်ိဳးၾကသည္။ ႀကံပင္မ်ားကိုလည္း စိုက္ပ်ိဳးၾကသျဖင့္၊ သၾကားစက္႐ုံ‌ေပါင္း ၁၅၀ ခန္႔ရွိ၍၊ ႏိုင္ငံျခားသို႔ တင္ပို႔ႏိုင္သည္။ မိုင္‌ေပါင္း ၆၀၀ ‌ေက်ာ္‌ေသာ အစိုးရမီးရထားလမ္းမ်ားႏွင့္ သၾကားကုမၸဏီမ်ား၏ မီးရထားလမ္း မ်ားစြာပင္ရွိသည္။ သတၱဳလုပ္ငန္းသည္ ဤ‌ေခတ္တြင္မွ အထူးတိုးတက္လ်က္ရွိသည္။ ‌ေ႐ႊ၊ ‌ေငြ၊ ‌ေၾကး၊ ‌ေက်ာက္မီး‌ေသြး ထုတ္လုပ္‌ေရးသည္ အဓိက သတၱဳလုပ္ငန္း ျဖစ္၏။ ဒန္၊ သံ၊ သံမဏိတို႔ကိုလည္း ထုတ္လုပ္၍ရသည္။

အေရးပါသည့္ စီးပြားေရးလုပ္ငန္းမွာ အဆင့္ျမင့္နည္းပညာလုပ္ငန္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖစ္ၿပီး လက္ရွိတြင္ နာႏိုနည္းပညာ၊ အလင္းႏွင့္ လၽွပ္စစ္ပစၥည္း ထုတ္လုပ္ေရး လုပ္ငန္းမ်ားသို႔ ဦးတည္ ေဆာင္႐ြက္လ်က္ရွိသည္။ သြင္းကုန္အပိုင္းတြင္ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ အပါအဝင္ စြမ္းအင္အရင္းအျမစ္မ်ားကို အဓိကတင္သြင္းပါသည္။ လက္ရွိတြင္ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အင္တိုက္အားတိုက္ ေဆာင္႐ြက္လ်က္ရွိသည္။

တိုင္ဟိုကူးၿမိဳ႕‌ေခၚ တိုင္‌ေပၿမိဳ႕သည္ တိုင္းဝမ္ကၽြန္းၿမိဳ႕‌ေတာ္ျဖစ္၏။ ၁၉၂၈ ခုႏွစ္က ထိုၿမိဳ႕တြင္ တကၠသိုလ္‌ေက်ာင္းႀကီး တ‌ေက်ာင္း စတင္ဖြင့္လွစ္ ခဲ့‌ေလသည္။ အျခားထင္ရွားေသာ ၿမဳိ႕ႀကီးမ်ားမွာ ေကာင္းရႈံ ၊ တုိင္ေပၿမဳိ႕သစ္ ၊ တုိင္းခြ်န္ ၊ ကီလြန္းၿမိဳ႕ႏွင့္ တိုင္နန္ၿမိဳ႕တုိ႔ျဖစ္သည္။

ထုိင္၀မ္အေၾကာင္း စိတ္၀င္စားဖြယ္အခ်က္မ်ား

ထုိင္၀မ္က Yushan ေတာင္ဟာ ကမာၻေပၚက ကြ်န္းစုမ်ားမွာရွိတဲ့ ၄ခုေျမာက္အျမင့္ဆုံးေတာင္ျဖစ္ၿပီး ေပ ၁၂၉၆၆ ျမင့္ပါတယ္။

ထုိင္၀မ္မွာ အမ်ဳိးသားဥယ်ာဥ္ႀကီးေပါင္း ၉ခု ရွိၿပီး ဒီဥယ်ာဥ္ေတြရဲ႕ ဧရိယာဟာ ထုိင္၀မ္တစ္ႏုိင္ငံလုံး ဧရိယာရဲ႕ ၈.၆% ရွိပါတယ္။

တုိင္ေပ မွာရွိတဲ့ အမ်ဳိးသားျပတုိက္မွာေတာ့ ႏွစ္ေပါင္း ၈၀၀၀ တစ္ေလွ်ာက္ ေရွးေဟာင္းပစၥည္းအပုိင္းအစေပါင္း ၇သိန္းခန္႔ကုိ ျပသထားပါတယ္။ ဒီအထဲက အရည္အေသြးအျမင့္ဆုံးပစၥည္းေတြကေတာ့ တရုတ္အင္ပါယာေတြလက္ထက္က ပစၥည္းမ်ားျဖစ္ပါတယ္။

ထုိင္၀မ္ရဲ႕ လူသိအမ်ားဆုံး ဘုံေက်ာင္းကေတာ့ ၁၇၃၈ခုႏွစ္မွာတည္ေဆာက္ခဲ့တဲ့ Lungshan Temple of Manka ျဖစ္ပါတယ္။ တုိင္ေပ က ေက်းရြာေဟာင္းတစ္ခုမွာတည္ရွိၿပီး ကြမ္ယင္မယ္ေတာ္ကုိ ရည္စူးတည္ေဆာက္ခဲ့တာပဲျဖစ္ပါတယ္။

ခ်န္ေကရွိတ္ အထိမ္းအမွတ္ခန္းမ ကလည္း ထုိင္၀မ္ရဲ႕ အဓိကေနရာတစ္ခုျဖစ္ၿပီး ခရီးသြားေပါင္းမ်ားစြာကို ဆြဲေဆာင္လွ်က္ရွိပါတယ္။ တုိင္ေပက Zhongzheng ျပည္နယ္မွာရွိတဲ့ ဒီေနရာဟာ ထုိင္၀မ္ေခါင္းေဆာင္ႀကီး ခ်န္ေကရွိတ္ကို ရည္စူးၿပီး ၁၉၇၆ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ခ်န္ေကရွိတ္ အထိမ္းအမွတ္ခန္းမ

အျမင့္ ၁၆၆၇ေပ ျမင့္တဲ့ တုိင္ေပ ၁၀၁ အေဆာက္အဦးဟာ ၂၀၀၄ ကေန ၂၀၁၀ အထိ ကမာၻ႔အျမင့္ဆုံးအေဆာက္အဦးျဖစ္ခဲ့ပါတယ္။ အထပ္ ၁၀၁ ထပ္ရွိတဲ့ ဒီအေဆာက္အဦးဟာ လက္ရွိမွာေတာ့ ကမာၻ႔အျမင့္ဆုံး နံပါတ္ ၁၀ ေနရာကို ေရာက္ရွိသြားပါတယ္။

တုိင္ေပ မွာ ထုိင္၀မ္ရဲ႕ၿမဳိ႕ေတာ္ျဖစ္ေသာ္လည္း အႀကီးၿမဳိ႕စာရင္းတြင္မူ နံပါတ္ ၄သာ ခ်ိတ္ၿပီး လူဦးေရ ၁.၉သန္းခန္႔ေနထုိင္ပါတယ္။ တုိင္ေပၿမဳိ႕သစ္မွာမူ လူဦးေရအမ်ားဆုံးၿမဳိ႕ျဖစ္ၿပီး ၄သန္းနီးပါးေနထုိင္ၾကပါတယ္။

ထုိင္၀မ္ရဲ႕ အေအးဆုံးအခ်ိန္ဟာ ဇန္န၀ါရီလျဖစ္ၿပီး ပ်မ္းမွ်အားျဖင့္ ၁၂.၈ဒီဂရီ ဆဲစီးယပ္ျဖစ္ပါတယ္။ အပူဆုံးအခ်ိန္ကေတာ့ ၾသဂုတ္လျဖစ္ၿပီး ပ်မ္းမွ်အားျဖင့္ ၃၀ဒီဂရီ ဆဲစီးယပ္ ျဖစ္ပါတယ္။

ထုိိင္၀မ္ဟာ ကမာၻ႔အခ်မ္းသာဆုံး ႏုိင္ငံမ်ားစာရင္းမွာ နံပါတ္ ၁၉ ေနရာမွာရွိပါတယ္။ ၂၀၁၇ ခုႏွစ္စာရင္းအရ ထုိင္၀မ္ႏုိင္ငံသား တစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္၀င္ေငြဟာ ေဒၚလာ ၄၉၈၂၇ ျဖစ္ပါတယ္။

ႏုိင္ငံတကာေလဆိပ္ႀကီး ၄ခုရွိၿပီး ၿမဳိ႕လယ္မွာေတာ့ က်ည္ဆန္ရထားေတြေျပးဆြဲလွ်က္ရွိပါတယ္။

အျခားႏုိင္ငံေတြနဲ႔ မတူတာကေတာ့ ထုိင္၀မ္ရဲ႕ အမႈိက္သိမ္းစနစ္ပါ။ ထုိင္၀မ္က အမႈိက္ပုံးေတြကုိ လမ္းေတြေပၚမွာေတြ႔ရေလ့မရွိပဲ အိမ္ (သုိ႔) အေဆာက္အအုံေတြထဲမွာပဲ ထားရပါတယ္။ အမႈိက္သိမ္းကားလာတဲ့အခါ သီခ်င္းသံအက်ယ္ႀကီးဖြင့္ေလ့ရွိၿပီး အဲဒီအခါမွသာ အမႈိက္ေတြကို ကားေပၚကုိ တုိက္ရုိက္ပစ္ခြင့္ရွိပါတယ္။

တခ်ိန္က ကူမင္တန္ပါတီရဲ႕အလံဟာ လက္ရွိထုိင္၀မ္ရဲ႕အလံျဖစ္ပါတယ္။ အျပာေရာင္ေကာင္းကင္မွာ လင္းေနတဲ့ အျဖဴေရာင္ေန ကုိ ကုိယ္စားျပဳပါတယ္။ အနီေရာင္ကေတာ့ တရုတ္သမၼတႏုိင္ငံျဖစ္လာဖုိ႔အတြက္ ေသြးေျမက်ခဲ့ရတဲ့ revolution ေတြကုိ ရည္ညြန္းပါတယ္။ ဒီအလံကုိပဲ တရုတ္ျပည္မႀကီးမွာ ကူမင္တန္ပါတီ အာဏာရခဲ့စဥ္က အသုံးျပဳခဲ့ဖူးပါတယ္။

၂၀၁၁ ခုႏွစ္က စလုိ႔ ထုိင္၀မ္ဟာ ႏုိင္ငံသားတုိင္းကုိ အင္တာနက္အခမဲ့အသုံးျပဳခြင့္ေပးခဲ့တဲ့ ပထမဆုံးႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ပါတယ္။ အခမဲ့ ၀ိုင္ဖုိေဟာ့စေပါ့ေပါင္း ၅၀၀၀ ေက်ာ္ကုိ ေနရာအႏွံ႔အျပားမွာ လႊတ္ေပးထားပါတယ္။

ထုိင္၀မ္ဟာ ဗုဒၶဘာသာ နဲ႔ တာအုိဘာသာကုိ အမ်ားဆုံးကုိးကြယ္ၾကပါတယ္။ ဗုဒၶဘာသာ ၃၅% ၊ တာအုိဘာသာ ၃၃ % ၊ ဘာသာမဲ့ ၁၈.၇% ၊ ခရစ္ယာန္ ၃.၉% အသီးသီးကုိးကြယ္ၾကပါတယ္။

Tamsu ျမစ္နဲ႔ တုိင္ေပၿမဳိ႕


တရုတ်သမ္မတနိုင်ငံ (သို့) ထိုင်ဝမ်ကျွန်းအကြောင်း သိကောင်းစရာ (unicode)

ထိုမ်ဝမ်ကို တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့အများစု မကြာခဏ မှားတတ်လေ့ရှိပါတယ်။ တကယ်တော့ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံဟာ တစ်ခုစီဖြစ်ပါတယ်။ ထိုင်ဝမ်လို့ သာအများစုသိကြပေမယ့် သူ့ရဲ့တရားဝင်နာမည်က တရုတ်သမ္မတနိုင်ငံ(Republic of China) ဖြစ်ပါတယ်။ အိမ်နီးခြင်းများအဖြစ် အနောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အရှေ့မြောက်ဘက်မှာ ဂျပန်နိုင်ငံ နဲ့ တောင်ဘက်မှာ ဖိလစ်ပိုင်နိုင်ငံတွေ တည်ရှိပါတယ်။ တရုတ်ပြည်မကြီးကမူ ထိုင်ဝမ်အား တရားဝင်နိုင်ငံအဖြစ် အသိအမှတ်မပြုသလို ထိုင်ဝမ်ကလည်း တရုတ်ပြည်မကြီးသည် ROC ၏ ပိုင်နက်သာဖြစ်ကြောင်း အပြန်အလှန်ဆိုလေ့ရှိပါတယ်။

တရုတ်တို့ မတိုင်မီ ထိုကျွန်းတွင်နေထိုင်ကြသူများမှာ မလေးဖိလစ်ပီနို လူရိုင်းများဖြစ်ပါတယ်။ တရုတ်လူမျိုး နှင့် ဂျပန်လူမျိုး နယ်မြေသစ်ရှာသူများဟာ ထိုကျွန်းကို သိမ်းပိုက်ရန်အပြိုင်အဆိုင်ကြိုးစားကြသော်လည်း လူရိုင်းများ၏တန်ပြန်တိုက်ခိုက်မှုများကြောင့် မအောင်မြင်ခဲ့ပါ။ ၁၆၆၂ ခုနှစ်မှာတော့ တရုတ်မျိုးချစ် ပုဂ္ဂိုလ်တဦးဖြစ်သည့် ချင်းချင်းကွန်းဟာ ပင်လယ်ဓားပြများကို ‌ခေါင်း‌ဆောင်ကာ၊ လူရိုင်းများကို နှိမ်နင်း၍ တကျွန်းလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၆ ရာစုဝန်းကျင်က ပေါ်တူဂီများသည် ထိုင်ဝမ်ကျွန်းကို မြင်သည့်အခါ ဖော်မိုဆာ(အလွန်လှပသောကျွန်း) ဟု အမည်ပေးခဲ့ကြပါတယ်။ ထိုင်ဝမ် ကို ဖော်ဖိုဆာ လို့ ဒုတိယကမ္ဘာစစ်မတိုင်မီအထိခေါ်ဝေါ်ခဲ့ကြပါတယ်။ ယနေ့တိုင် တချို့နေရာတွေမှာ ဖော်မိုဆာ ဆိုတဲ့အသုံးအနှုန်းကို မြင်တွေ့နေရဆဲဖြစ်ပါတယ်။

၁၇၀၀ ပြည့်နှစ်ဝန်းကျင်မှာတော့ ထိုင်ဝမ်ကျွန်းဟာ ဒတ်ခ်ျတို့ရဲ့ လက်အောက် ကိုလိုနီနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒတ်ခ်ျတွေဟာ တရုတ်ပြည်မကြီး Guangdong နဲ့ Fujian ပြည်နယ်က ဟန်လူမျိုးတွေကို ထိုင်ဝမ်ကျွန်းပေါ်ဆွဲသွင်းနေထိုင်စေခဲ့ပါတယ်။ ၁၈ရာစုမှာ စပိန်တွေဟာ ထိုင်ဝမ်ကို တိုက်ခိုက်နယ်ချဲ့ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ချင်းမင်းဆက် ကျဆုံးအပြီး ၁၉၁၂ခုနှစ်မှာတော့ တရုတ်သမ္မတနိုင်ငံ (ROC) ကို တရုတ်ပြည်မကြီးမှာပဲ စတင်တည်ထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ကျွန်းကတော့ ၁၈၉၅ခုနှစ် ပထမ တရုတ်-ဂျပန် စစ်ပွဲအပြီးကတည်းက ဂျပန်အင်ပါယာလက်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲဒီနောက်တော့ ဂျပန်ရဲ့ ပညာရေးစနစ်ဟာ ထိုင်ဝမ်မှာစတင်ခဲ့ပါတယ်။ ထိုင်ဝမ်လူမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်သားတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

၁၉၄၅ခုနှစ် ဂျပန်တွေစစ်ရှုံးအပြီးမှာတော့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ထိမ်းချုပ်မှုအောက်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က တရုတ်ပြည်မကြီးကို ချန်ကေရှိတ်ရဲ့ အမျိုးသားအစိုးရ က အုပ်ချုပ်နေခဲ့တာပါ။ ဒါပေမယ့် တရုတ်ပြည်တွင်းစစ်အပြီးမှာ ချန်ကေရှိတ်အစိုးရ ရှုံးနိမ့်ခဲ့တဲ့အတွက် ပြည်မကြီးကနေ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားခဲ့ပါတယ်။ ၁၉၅၀ပြည့်နှစ် မတ်လ ၁ရက်နေ့မှာတော့ ချန်ကေရှိတ်ဟာ ထိုင်ဝမ်ကျွန်းကို တရုတ်အမျိုးသားအစိုးရနိုင်ငံအဖြစ် ဆက်လက်တည်ထောင်ခဲ့ပါတယ်။ ချန်ကေရှိတ်ဟာ သူကွယ်လွန်ခဲ့တဲ့အချိန်အထိ နှစ်ပေါင်း ၂၆နှစ်တိုင် ထိုင်ဝမ်ကို သမ္မတအဖြစ်အုပ်ချုပ်သွားခဲ့ပါတယ်။

၁၉၅၀ – ၁၉၆၀ ခုနှစ်များအကြားတွင် ကွန်မင်တန်ပါတီ ပြန်လည်ဖွဲ့စည်းမှုအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကာ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် လယ်မြေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီ့နောက်တွင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အာရှ ကျားလေးကောင် စာရင်းဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ – ၁၉၉၀ ခုနှစ်များတွင် အုပ်ချုပ်ရေးစနစ်မှာ ငြိမ်းချမ်းသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။

ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၃၉၇၆ ရှိသည်။ ထိုင်ဝမ် တစ်လွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်အရပ်မှ အနောက်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမြောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစမ်းနှင့် မီးသေတောင်များ ပေါများသည်။

ထိုင်ဝမ်တွင် လူဦးရေ ၂၃.၅ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုး ၊ တိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကား(မင်နန်စကား)၊ ကော်ယွီတရုတ်စကား(ရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။

ဆန်စပါးနှင့် လက်ဖက်ကိုလည်း စိုက်ပျိုးကြသည်။ ကြံပင်များကိုလည်း စိုက်ပျိုးကြသဖြင့်၊ သကြားစက်ရုံ‌ပေါင်း ၁၅၀ ခန့်ရှိ၍၊ နိုင်ငံခြားသို့ တင်ပို့နိုင်သည်။ မိုင်‌ပေါင်း ၆၀၀ ‌ကျော်‌သော အစိုးရမီးရထားလမ်းများနှင့် သကြားကုမ္ပဏီများ၏ မီးရထားလမ်း များစွာပင်ရှိသည်။ သတ္တုလုပ်ငန်းသည် ဤ‌ခေတ်တွင်မှ အထူးတိုးတက်လျက်ရှိသည်။ ‌ရွှေ၊ ‌ငွေ၊ ‌ကြေး၊ ‌ကျောက်မီး‌သွေး ထုတ်လုပ်‌ရေးသည် အဓိက သတ္တုလုပ်ငန်း ဖြစ်၏။ ဒန်၊ သံ၊ သံမဏိတို့ကိုလည်း ထုတ်လုပ်၍ရသည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး လက်ရှိတွင် နာနိုနည်းပညာ၊ အလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

တိုင်ဟိုကူးမြို့‌ခေါ် တိုင်‌ပေမြို့သည် တိုင်းဝမ်ကျွန်းမြို့‌တော်ဖြစ်၏။ ၁၉၂၈ ခုနှစ်က ထိုမြို့တွင် တက္ကသိုလ်‌ကျောင်းကြီး တ‌ကျောင်း စတင်ဖွင့်လှစ် ခဲ့‌လေသည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ကောင်းရှုံ ၊ တိုင်ပေမြို့သစ် ၊ တိုင်းချွန် ၊ ကီလွန်းမြို့နှင့် တိုင်နန်မြို့တို့ဖြစ်သည်။

ထိုင်ဝမ်အကြောင်း စိတ်ဝင်စားဖွယ်အချက်များ

ထိုင်ဝမ်က Yushan တောင်ဟာ ကမ္ဘာပေါ်က ကျွန်းစုများမှာရှိတဲ့ ၄ခုမြောက်အမြင့်ဆုံးတောင်ဖြစ်ပြီး ပေ ၁၂၉၆၆ မြင့်ပါတယ်။

ထိုင်ဝမ်မှာ အမျိုးသားဥယျာဉ်ကြီးပေါင်း ၉ခု ရှိပြီး ဒီဥယျာဉ်တွေရဲ့ ဧရိယာဟာ ထိုင်ဝမ်တစ်နိုင်ငံလုံး ဧရိယာရဲ့ ၈.၆% ရှိပါတယ်။

တိုင်ပေ မှာရှိတဲ့ အမျိုးသားပြတိုက်မှာတော့ နှစ်ပေါင်း ၈၀၀၀ တစ်လျှောက် ရှေးဟောင်းပစ္စည်းအပိုင်းအစပေါင်း ၇သိန်းခန့်ကို ပြသထားပါတယ်။ ဒီအထဲက အရည်အသွေးအမြင့်ဆုံးပစ္စည်းတွေကတော့ တရုတ်အင်ပါယာတွေလက်ထက်က ပစ္စည်းများဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ လူသိအများဆုံး ဘုံကျောင်းကတော့ ၁၇၃၈ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ Lungshan Temple of Manka ဖြစ်ပါတယ်။ တိုင်ပေ က ကျေးရွာဟောင်းတစ်ခုမှာတည်ရှိပြီး ကွမ်ယင်မယ်တော်ကို ရည်စူးတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

ချန်ကေရှိတ် အထိမ်းအမှတ်ခန်းမ ကလည်း ထိုင်ဝမ်ရဲ့ အဓိကနေရာတစ်ခုဖြစ်ပြီး ခရီးသွားပေါင်းများစွာကို ဆွဲဆောင်လျှက်ရှိပါတယ်။ တိုင်ပေက Zhongzheng ပြည်နယ်မှာရှိတဲ့ ဒီနေရာဟာ ထိုင်ဝမ်ခေါင်းဆောင်ကြီး ချန်ကေရှိတ်ကို ရည်စူးပြီး ၁၉၇၆ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အမြင့် ၁၆၆၇ပေ မြင့်တဲ့ တိုင်ပေ ၁၀၁ အဆောက်အဦးဟာ ၂၀၀၄ ကနေ ၂၀၁၀ အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့ပါတယ်။ အထပ် ၁၀၁ ထပ်ရှိတဲ့ ဒီအဆောက်အဦးဟာ လက်ရှိမှာတော့ ကမ္ဘာ့အမြင့်ဆုံး နံပါတ် ၁၀ နေရာကို ရောက်ရှိသွားပါတယ်။

တိုင်ပေ မှာ ထိုင်ဝမ်ရဲ့မြို့တော်ဖြစ်သော်လည်း အကြီးမြို့စာရင်းတွင်မူ နံပါတ် ၄သာ ချိတ်ပြီး လူဦးရေ ၁.၉သန်းခန့်နေထိုင်ပါတယ်။ တိုင်ပေမြို့သစ်မှာမူ လူဦးရေအများဆုံးမြို့ဖြစ်ပြီး ၄သန်းနီးပါးနေထိုင်ကြပါတယ်။

ထိုင်ဝမ်ရဲ့ အအေးဆုံးအချိန်ဟာ ဇန်နဝါရီလဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁၂.၈ဒီဂရီ ဆဲစီးယပ်ဖြစ်ပါတယ်။ အပူဆုံးအချိန်ကတော့ ဩဂုတ်လဖြစ်ပြီး ပျမ်းမျှအားဖြင့် ၃ဝဒီဂရီ ဆဲစီးယပ် ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများစာရင်းမှာ နံပါတ် ၁၉ နေရာမှာရှိပါတယ်။ ၂၀၁၇ ခုနှစ်စာရင်းအရ ထိုင်ဝမ်နိုင်ငံသား တစ်ဦးချင်းစီရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ ၄၉၈၂၇ ဖြစ်ပါတယ်။

နိုင်ငံတကာလေဆိပ်ကြီး ၄ခုရှိပြီး မြို့လယ်မှာတော့ ကျည်ဆန်ရထားတွေပြေးဆွဲလျှက်ရှိပါတယ်။

အခြားနိုင်ငံတွေနဲ့ မတူတာကတော့ ထိုင်ဝမ်ရဲ့ အမှိုက်သိမ်းစနစ်ပါ။ ထိုင်ဝမ်က အမှိုက်ပုံးတွေကို လမ်းတွေပေါ်မှာတွေ့ရလေ့မရှိပဲ အိမ် (သို့) အဆောက်အအုံတွေထဲမှာပဲ ထားရပါတယ်။ အမှိုက်သိမ်းကားလာတဲ့အခါ သီချင်းသံအကျယ်ကြီးဖွင့်လေ့ရှိပြီး အဲဒီအခါမှသာ အမှိုက်တွေကို ကားပေါ်ကို တိုက်ရိုက်ပစ်ခွင့်ရှိပါတယ်။

တချိန်က ကူမင်တန်ပါတီရဲ့အလံဟာ လက်ရှိထိုင်ဝမ်ရဲ့အလံဖြစ်ပါတယ်။ အပြာရောင်ကောင်းကင်မှာ လင်းနေတဲ့ အဖြူရောင်နေ ကို ကိုယ်စားပြုပါတယ်။ အနီရောင်ကတော့ တရုတ်သမ္မတနိုင်ငံဖြစ်လာဖို့အတွက် သွေးမြေကျခဲ့ရတဲ့ revolution တွေကို ရည်ညွန်းပါတယ်။ ဒီအလံကိုပဲ တရုတ်ပြည်မကြီးမှာ ကူမင်တန်ပါတီ အာဏာရခဲ့စဉ်က အသုံးပြုခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ်က စလို့ ထိုင်ဝမ်ဟာ နိုင်ငံသားတိုင်းကို အင်တာနက်အခမဲ့အသုံးပြုခွင့်ပေးခဲ့တဲ့ ပထမဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အခမဲ့ ဝိုင်ဖိုဟော့စပေါ့ပေါင်း ၅၀၀၀ ကျော်ကို နေရာအနှံ့အပြားမှာ လွှတ်ပေးထားပါတယ်။

ထိုင်ဝမ်ဟာ ဗုဒ္ဓဘာသာ နဲ့ တာအိုဘာသာကို အများဆုံးကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာ ၃၅% ၊ တာအိုဘာသာ ၃၃ % ၊ ဘာသာမဲ့ ၁၈.၇% ၊ ခရစ်ယာန် ၃.၉% အသီးသီးကိုးကွယ်ကြပါတယ်။

Leave a Reply