ကမာၻ႔တန္ဖိုးအႀကီးဆုံး ရဟတ္ယာဥ္ ၇ စီး အေၾကာင္း

Posted on

ေရးသားသူ – ခ်စ္ေဖ(ေတာင္တြင္းေျမ)
Via : Irrawaddy Burmese

အခု ေျပာမွာကေတာ့ ဘက္စုံသုံးအေနနဲ႕ လက္ရွိ အသုံးျပဳေနတဲ့ ကမာၻတလႊားက ဟယ္လီေကာ္ပတာေတြထဲက တန္ဖိုးအျမင့္ ဆုံးေမာ္ဒယ္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

စိတ္ႀကိဳက္ ေျမေနရာ ဆင္းသက္နိုင္မႈ၊ ေဝဟင္အတြင္း ရပ္တန႔္ပ်ံသန္းေနနိုင္မႈေတြေၾကာင့္ ဟယ္လီေကာ္ပတာေတြဟာ ေလ ေၾကာင္းသြားလာေရးအတြက္ အေရးပါတဲ့အခန္းက႑ကေန ပါရွိေနတာလည္း ျဖစ္ပါတယ္။

(၇) Agusta Westland AW139

ေမာ္ဒယ္က တန္ဖိုး ေဒၚလာ ၁၂သန္း ရွိပါတယ္။ အလတ္တန္စား ကိုယ္ထည္ အ႐ြယ္ရွိ အင္ဂ်င္ႏွစ္လုံးနဲ႔ ေမာ္ဒယ္ျဖစ္ပါတယ္။ ၂၀၀၃ ခုႏွစ္ကမွ စတင္ မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး အေရးႀကီးပုဂၢိဳလ္ေတြ စီးနင္းဖို႔၊ ကမ္းလြန္ ခရီးေဝးပို႔ေဆာင္ေရးေတြမွာ သုံးဖို႔နဲ႕ စစ္ဘက္ေရးရာမွာပါသုံးနိုင္ေအာင္ ဖန္တီးထားတာ ေတြ႕ရပါတယ္။

ကနဦးပိုင္းမွာ Bell နဲ႕ AgustaWestland တို႔ ပူးေပါင္း ထုတ္လုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ AgustaWestland ကပဲ မူပိုင္ ထုတ္လုပ္လာပါတယ္။ အစၥေရး ေလတပ္၊ ယူေအအီးေလတပ္၊ ကာတာေလတပ္ေတြမွာ အသုံးမ်ားတာ ေတြ႕ရပါတယ္။ ဆီအျပည့္နဲ႕ဆိုရင္ ကီလိုမီတာ ၁၂၅၀ထိေအာင္ ေရာက္ၿပီး တစ္နာရီ ၂၀၆ကီလိုမီတာ ေမာင္းႏွင္ႏိုင္မယ့္ ေမာ္ဒယ္ပါ။

(၆) Sikorsky S-76C

ေဒၚလာ ၁၃ သန္းထိေအာင္ တန္ပါတယ္။ အ႐ြယ္အလတ္တန္းစား စီးပြားေရး လုပ္ငန္းသုံး ေမာ္ဒယ္ပါ။ Sikorsky Aircraft Coporation ကေန ထုတ္လုပ္မႈ ျဖစ္ပါတယ္။ ၁၉၇၇ခုႏွစ္ေလာက္ကတည္းက စတင္ ထုတ္လုပ္ေနခဲ့တဲ့ ေမာ္ဒယ္ပါ။ အဂၤလန္ ေတာ္ဝင္မိသားစုလည္း သုံးတာ ေတြ႕ရသလို အေမရိကန္ရဲ႕ ၄၅ေယာက္ေျမာက္ လက္ရွိ သမၼတ ေဒၚနယ္ထရန႔္လည္း စီး နင္းေနပါတယ္။ တစ္နာရီ ၂၈၇ ကီလိုမီတာ ေရာက္နိုင္ၿပီး ဆီအျပည့္နဲ႕ ၈၃၂ ကီလိုမီတာ ေမာင္းႏွင္နိုင္ပါတယ္။

(၅) Bell 525 Relentless

ေဒၚလာ ၁၅သန္း တန္ဖိုးရွိ အေမရိကန္ ရဟတ္ယာဥ္ထုတ္ကုမၸဏီ Bell Helicoptersရဲ႕ ေမာ္ဒယ္ပါ။ သတၱဳသားကို ဦးစားေပး အသုံးျပဳဖန္တီးထားတဲ့ ေမာ္ဒယ္ျဖစ္ၿပီး သြက္လက္မႈ ဦးစားေပး ပုံစံပါ။ ဒီေမာ္ဒယ္ဟာ တစ္နာရီကို ၂၉၆ ကီလိုမီတာထိေအာင္ ေရာက္နိုင္ၿပီး ဆီအျပည့္နဲ႕ ဆိုရင္ ၁၀၃၇ ကီလိုမီတာေရာက္ပါတယ္။ ဒလက္ ၅ေခ်ာင္းနဲ႕ ရဟတ္ယာဥ္ပါ။ ခရီးသည္ ၁၆ေယာက္ထိေအာင္ လိုက္ပါ စီးနင္းနိုင္ပါတယ္။

(၄) Airbus AS332 L1e VIP Super Puma

ပင္မ ဒလက္ ၄ေခ်ာင္းပါတယ္၊ အင္ဂ်င္ ၂လုံး ထိုင္ထားတယ္၊ အလတ္တန္းစား အ႐ြယ္ရွိ ဘက္စုံသုံး ရဟတ္ယာဥ္ပါ။ Aerospatible နဲ႕ Eurocopter ရဲ႕ပူးေပါင္း ဖန္တီးမႈ ျဖစ္ၿပီး ေမာ္ဒယ္ေဟာင္း SA 330 Puma ကို အဆင့္ျမႇင့္ ဖန္တီးထား တာ ျဖစ္ပါတယ္။ စစ္ဘက္ေရးရာမွာ အသုံးမ်ားပါတယ္။ တစ္နာရီ ၂၅၂ကီလိုမီတာႏႈန္းနဲ႕ ေမာင္းႏွင္နိုင္ၿပီး ဆီအျပည့္နဲ႕ဆိုရင္ ၈၄၁ ကီလိုမီတာထိေအာင္ ေရာက္နိုင္ပါတယ္။ တန္ဖိုး ေဒၚလာ ၁၅.၅သန္း တန္ပါတယ္။

(၃) Sikorsky S-92

ဒီေမာ္ဒယ္မွာလည္း အင္ဂ်င္ ၂လုံးထည့္ထားပါတယ္။ ဝန္ဆြဲ ေလယာဥ္ အမ်ိဳးအစားပါ။ စစ္ဘက္မွာေရာ အျခားအသုံးေတြမွာ အဆင္ေျပသလို သုံးတာ ေတြ႕ရပါတယ္။ အလူမီနမ္ ကိုယ္ထည္ အထိုင္သားကို သုံးထားၿပီး ႀကံ့ခိုင္ေရး အထူးေကာင္းမြန္ပါတယ္။ ေမာ္ဒယ္ကို စစ္ဘက္သုံးဖို႔ ျပန္လည္ ျပင္ဆင္ၿပီး H-92, VH-92ေတြ အျဖစ္ အေမရိကန္ ကမ္းတက္တပ္မွာ သုံးတာ ေတြ႕ရၿပီး အေမရိကန္ သမၼတစီးနင္းဖို႔လည္း သုံးတာ ေတြ႕ရပါတယ္။ ေဒၚလာ ၁၇.၇ သန္းေလာက္ထိေအာင္ တန္ဖိုး ရွိပါတယ္။ ဆီအျပည့္နဲ႕ဆိုရင္ ကီလိုမီတာ ၉၉၉ထိေအာင္ ေရာက္ပါတယ္။

(၂) AgustaWestland AW101

ေဒၚလာ ၂၁သန္းတန္ဖိုးရွိတဲ့ အခု ေမာ္ဒယ္က ၁၉၉၉ခုႏွစ္ေလာက္ကတည္းက ထုတ္လုပ္ေနခဲ့တာပါ။ ကမာၻတလႊားမွာ စစ္ဘက္သုံး ရဟတ္ယာဥ္အျဖစ္ အသုံးမ်ားပါတယ္။ အဂၤလန္ေတာ္ဝင္ေရတပ္၊ အီတလီေရတပ္၊ ဒိန္းမတ္တပ္မေတာ္၊ ေပၚတူဂီ၊ ေနာ္ေဝနဲ႕ ဥေရာပနိုင္ငံအခ်ိဳ႕ရဲ႕စစ္တပ္ေတြမွာ အသုံးမ်ားပါတယ္။ တစ္နာရီ ၂၇၇ ကီလိုမီတာႏႈန္းနဲ႕ထိေအာင္ ပ်ံသန္းနိုင္သလို ဆီအျပည့္နဲ႕ဆိုရင္ ၁၃၆၃ ကီလိုမီတာထိေအာင္ ေရာက္နိုင္ပါတယ္။

(၁) Airbus H225 Super Puma

တစ္စီးကို တန္ဖိုး ေဒၚလာ ၂၇ သန္းေလာက္ တန္ပါတယ္။ အင္ဂ်င္ႏွစ္လုံး ထိုင္ထားတယ္၊ ခရီးသည္တင္ေမာ္ဒယ္ျဖစ္ၿပီး Eurocopter ကေန ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ လူ ၂၄ ေယာက္ထိေအာင္ လိုက္ပါ စီးနင္းႏုိင္ပါတယ္။ အစက ၂၀၀၅ ခုႏွစ္အတြင္း Eurocopter EC725 အျဖစ္ သတ္မွတ္ ဒီဇိုင္းဆြဲခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အမည္ေျပာင္းၿပီး H225 ျဖစ္လာ ပါတယ္။ Eurocopter ကလည္း Airbus Helicopters အျဖစ္ အမည္ေျပာင္းလဲ လုပ္ကိုင္ေနတာပါ။ တစ္နာရီ ၂၇၅.၅ ကီလိုမီတာႏႈန္း နဲ႕ ပ်ံသန္းနိုင္ၿပီး ဆီအျပည့္နဲ႕ဆိုရင္ ခရီး ကီလိုမီတာ ၈၇၅ ထိေအာင္ ေရာက္ပါတယ္။

Ref: www.wonderslist.com

ခ်စ္ေဖ(ေတာင္တြင္းေျမ)
Via : Irrawaddy Burmese


ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရဟတ်ယာဉ် ၇ စီး အကြောင်း (unicode)

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)
Via : Irrawaddy Burmese

အခု ပြောမှာကတော့ ဘက်စုံသုံးအနေနဲ့ လက်ရှိ အသုံးပြုနေတဲ့ ကမ္ဘာတလွှားက ဟယ်လီကော်ပတာတွေထဲက တန်ဖိုးအမြင့် ဆုံးမော်ဒယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

စိတ်ကြိုက် မြေနေရာ ဆင်းသက်နိုင်မှု၊ ဝေဟင်အတွင်း ရပ်တန့်ပျံသန်းနေနိုင်မှုတွေကြောင့် ဟယ်လီကော်ပတာတွေဟာ လေ ကြောင်းသွားလာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါရှိနေတာလည်း ဖြစ်ပါတယ်။

(၇) Agusta Westland AW139

မော်ဒယ်က တန်ဖိုး ဒေါ်လာ ၁၂သန်း ရှိပါတယ်။ အလတ်တန်စား ကိုယ်ထည် အရွယ်ရှိ အင်ဂျင်နှစ်လုံးနဲ့ မော်ဒယ်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကမှ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တွေ စီးနင်းဖို့၊ ကမ်းလွန် ခရီးဝေးပို့ဆောင်ရေးတွေမှာ သုံးဖို့နဲ့ စစ် ဘက်ရေးရာမှာပါသုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

ကနဦးပိုင်းမှာ Bell နဲ့ AgustaWestland တို့ ပူးပေါင်း ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ AgustaWestland ကပဲ မူပိုင် ထုတ်လုပ်လာပါတယ်။ အစ္စရေး လေတပ်၊ ယူအေအီးလေတပ်၊ ကာတာလေတပ်တွေမှာ အသုံးများတာ တွေ့ရပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ကီလိုမီတာ ၁၂၅ဝထိအောင် ရောက်ပြီး တစ်နာရီ ၂၀၆ကီလိုမီတာ မောင်းနှင်နိုင်မယ့် မော်ဒယ်ပါ။

(၆) Sikorsky S-76C

ဒေါ်လာ ၁၃ သန်းထိအောင် တန်ပါတယ်။ အရွယ်အလတ်တန်းစား စီးပွားရေး လုပ်ငန်းသုံး မော်ဒယ်ပါ။ SikorskyAircraft Coporationကနေ ထုတ်လုပ်မှု ဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်လောက်ကတည်းက စတင် ထုတ်လုပ်နေခဲ့တဲ့ မော်ဒယ်ပါ။ အင်္ဂလန် တော်ဝင်မိသားစုလည်း သုံးတာ တွေ့ရသလို အမေရိကန်ရဲ့ ၄၅ယောက်မြောက် လက်ရှိ သမ္မတ ဒေါ်နယ်ထရန့်လည်း စီး နင်းနေပါတယ်။ တစ်နာရီ ၂၈၇ ကီလိုမီတာ ရောက်နိုင်ပြီး ဆီအပြည့်နဲ့ ၈၃၂ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

(၅) Bell 525 Relentless

ဒေါ်လာ ၁၅သန်း တန်ဖိုးရှိ အမေရိကန် ရဟတ်ယာဉ်ထုတ်ကုမ္ပဏီ Bell Helicoptersရဲ့ မော်ဒယ်ပါ။ သတ္တုသားကို ဦးစားပေး အသုံးပြုဖန်တီးထားတဲ့ မော်ဒယ်ဖြစ်ပြီး သွက်လက်မှု ဦးစားပေး ပုံစံပါ။ မော်ဒယ်ကို တနာရီကို ၂၉၆ ကီလိုမီတာထိအောင် ရောက်နိုင်ပြီး ဆီအပြည့်နဲ့ ဆိုရင် ၁၀၃၇ ကီလိုမီတာရောက်ပါတယ်။ ဒ လက် ၅ချောင်းနဲ့ ရဟတ်ယာဉ်ပါ။ ခရီးသည် ၁၆ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်ပါတယ်။

(၄) Airbus AS332 L1e VIP Super Puma

ပင်မ ဒလက် ၄ချောင်းပါတယ်၊ အင်ဂျင် ၂လုံး ထိုင်ထားတယ်၊ အလတ်တန်းစား အရွယ်ရှိ ဘက်စုံသုံး ရဟတ်ယာဉ်ပါ။ Aerospatible နဲ့ Eurocopter ရဲ့ပူးပေါင်း ဖန်တီးမှု ဖြစ်ပြီး မော်ဒယ်ဟောင်း SA 330 Puma ကို အဆင့်မြှင့် ဖန်တီးထား တာ ဖြစ်ပါတယ်။ စစ်ဘက်ရေးရာမှာ အသုံးများပါတယ်။ တနာရီ ၂၅၂ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပြီး ဆီအပြည့်နဲ့ဆိုရင် ၈၄၁ ကီလိုမီတာထိအောင် ရောက်နိုင်ပါတယ်။ တန်ဖိုး ဒေါ်လာ ၁၅.၅သန်း တန်ပါတယ်။

(၃) Sikorsky S-92

ဒီမော်ဒယ်မှာလည်း အင်ဂျင် ၂လုံးထည့်ထားပါတယ်။ ဝန်ဆွဲ လေယာဉ် အမျိုးအစားပါ။ စစ်ဘက်မှာရော အခြားအသုံးတွေမှာ အဆင်ပြေသလို သုံးတာ တွေ့ရပါတယ်။ အလူမီနမ် ကိုယ်ထည် အထိုင်သားကို သုံးထားပြီး ကြံ့ခိုင်ရေး အထူးကောင်းမွန်ပါတယ်။ မော်ဒယ်ကို စစ်ဘက်သုံးဖို့ ပြန်လည် ပြင်ဆင်ပြီး H-92, VH-92တွေ အဖြစ် အမေရိကန် ကမ်းတက်တပ်မှာ သုံးတာ တွေ့ရပြီး အမေရိကန် သမ္မတစီးနင်းဖို့လည်း သုံးတာ တွေ့ရပါတယ်။ ဒေါ်လာ ၁၇.၇ သန်းလောက်ထိအောင် တန်ဖိုး ရှိပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ကီလိုမီတာ ၉၉၉ထိအောင် ရောက်ပါတယ်။

(၂) AgustaWestland AW101

ဒေါ်လာ ၂၁သန်းတန်ဖိုးရှိတဲ့ အခု မော်ဒယ်က ၁၉၉၉ခုနှစ်လောက်ကတည်းက ထုတ်လုပ်နေခဲ့တာပါ။ ကမ္ဘာတလွှားမှာ စစ်ဘက်သုံး ရဟတ်ယာဉ်အဖြစ် အသုံးများပါတယ်။ အင်္ဂလန်တော်ဝင်ရေတပ်၊ အီတလီရေတပ်၊ ဒိန်းမတ်တပ်မတော်၊ ပေါ်တူဂီ၊ နော်ဝေနဲ့ ဥရောပနိုင်ငံအချို့ရဲ့စစ်တပ်တွေမှာ အသုံးများပါတယ်။ တနာရီ ၂၇၇ ကီလိုမီတာနှုန်းနဲ့ထိအောင် ပျံသန်းနိုင်သလို ဆီအပြည့်နဲ့ဆိုရင် ၁၃၆၃ ကီလိုမီတာထိအောင် ရောက်နိုင်ပါတယ်။

(၁) Airbus H225 Super Puma

တစီးကို တန်ဖိုး ဒေါ်လာ ၂၇ သန်းလောက် တန်ပါတယ်။ အင်ဂျင်နှစ်လုံး ထိုင်ထားတယ်၊ ခရီးသည်တင်မော်ဒယ်ဖြစ်ပြီး Eurocopter ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လူ ၂၄ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်ပါတယ်။ အစက ၂၀၀၅ ခုနှစ်အတွင်း Eurocopter EC725 အဖြစ် သတ်မှတ် ဒီဇိုင်းဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာ အမည်ပြောင်းပြီး H225 ဖြစ်လာ ပါတယ်။ Eurocopter ကလည်း Airbus Helicopters အဖြစ် အမည်ပြောင်းလဲ လုပ်ကိုင်နေတာပါ။ တနာရီ ၂၇၅.၅ ကီလိုမီတာနှုန်း နဲ့ ပျံသန်းနိုင်ပြီး ဆီအပြည့်နဲ့ဆိုရင် ခရီး ကီလိုမီတာ ၈၇၅ ထိအောင် ရောက်ပါတယ်။

Ref: www.wonderslist.com

ချစ်ဖေ(တောင်တွင်းမြေ)
Via : Irrawaddy Burmese

Leave a Reply