ကေနဒါရဲ႕အႀကီးဆုံးၿမဳိ႕ေတာ္ တုိရြန္တုိ အေၾကာင္းသိေကာင္းစရာ

Posted on

တို႐ြန္တိုၿမိဳ႕သည္ ကေနဒါႏိုင္ငံ အြန္‌ေတးရီးယိုးနယ္၏ ၿမိဳ႕‌ေတာ္ျဖစ္ၿပီး ကေနဒါ၏ အႀကီးဆုံးၿမဳိ႕ ၊ ေျမာက္အေမရိက၏ ပဥၥမေျမာက္အႀကီးဆုံးၿမဳိ႕လည္းျဖစ္သည္။ ေျမာက္အေမရိကရဲ႕ အႀကီးဆုံးၿမဳိ႕ ၄ၿမဳိ႕ကေတာ့ မကၠဆီကုိစီးတီး ၊ နယူးေယာက္ ၊ ေလာ့အင္ဂ်လိ နဲ႔ ခ်ီကာဂုိ တုိ႔ျဖစ္သည္။ ၿမိဳ႕၏ အက်ယ္အဝန္းမွာ စတုရန္းမိုင္‌ေပါင္း ၂၄၀ခန္႔ ရွိ၍၊ လူဦး‌ေရမွာ ၂၀၁၆ခုႏွစ္ စာရင္းအရ ၂.၇၃သန္း ရွိသည္။ တို႐ြန္တိုၿမိဳ႕သည္ အြန္‌ေတးရီးယိုး‌ေရအိုင္၏ ‌ေျမာက္ ဘက္ ‌ေပ ၃၀၀ ခန္႔ျမင့္‌ေသာကုန္း‌ေျမ ‌ေပၚတြင္တည္ရွိ၏။ ဒြန္ ျမစ္သည္ ၿမိဳ႕၏အ‌ေရွ႕ပိုုင္းကိုျဖတ္၍ စီးဆင္းၿပီးလၽွင္ အ‌ေနာက္ ဘက္တြင္မူကား ဟမ္းဗားျမစ္က နယ္နိမိတ္သတ္ထား‌ေလ သည္။

တို႐ြန္တိုၿမိဳ႕၏ အမည္‌ေဟာင္းမွာ ‌ေယာ့ၿမိဳ႕ျဖစ္၏။ အ‌ေမရိကန္ လြတ္လပ္‌ေရးစစ္ပြဲအတြင္းက မီး႐ႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရ၏။ သို႔ရာတြင္ မၾကာမီအတြင္း အသစ္တည္ကာ ျပန္လည္ထူ‌ေထာင္ ခဲ့သျဖင့္ ယခုအခါ က‌ေနဒါႏိုင္ငံတြင္ ႀကီးက်ယ္ခမ္းနား‌ေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျဖစ္လာ‌ေလၿပီ။ ဤၿမိဳ႕တြင္ ‌ေနထိုင္သူမ်ားသည္ မ်ား‌ေသာအားျဖင့္ အ‌ေမရိကန္ လြတ္လပ္‌ေရးစစ္ပြဲအတြင္းက ၿဗိတိသၽွတို႔ဘက္မွ ပါဝင္တိုက္ခိုက္ခဲ့‌ေသာ စစ္သည္‌ေတာ္တို႔၏ အဆက္အႏြယ္မ်ားျဖစ္သည္။

တို႐ြန္တိုၿမိဳ႕တြင္ လွပ‌ေသာ အ‌ေဆာက္အအုံႀကီးမ်ား အမ်ား အျပားရွိသည့္အနက္ ၿမိဳ႕လယ္ရွိဘုရင္မပန္းၿခံအတြင္း၌ သဲ၊ ‌ေက်ာက္အနီအျပာျဖင့္ ‌ေဆာက္လုပ္ထား‌ေသာ ပါလီမန္ အ‌ေဆာက္အအုံမ်ား မိုးထိအ‌ေဆာက္အအုံမ်ား၊ ၿမိဳ႕‌ေတာ္ခန္းမ၊ ဘုရားရွိခိုး‌ေက်ာင္း၊ တကၠသိုလ္‌ေက်ာင္း၊ က‌ေနဒီယန္ ကူးသန္း ‌ေရာင္း ဝယ္‌ေရးဘဏ္ႏွင့္ ႐ြိဳင္ယယ္‌ေယာ့ဟိုတယ္တို႔သည္ ထင္ရွား၏။

တို႐ြန္တိုတကၠသိုလ္၌ပါဝင္‌ေသာ ‌ေကာလိပ္ ‌ေက်ာင္း‌ေပါင္း ၁၀ေက်ာင္းရွိသည္။ ထို႔ျပင္ ကူးသန္း‌ေရာင္း ဝယ္‌ေရး ႏွင့္ စက္မႈလက္မႈပညာသင္တန္းျမင့္‌ေက်ာင္း၊ မိန္းက‌ေလး‌ေက်ာင္းႏွင့္ ဥပ‌ေဒပညာသင္‌ေက်ာင္းမ်ားလည္း ရွိ‌ေလသည္။ တို႐ြန္တိုၿမိဳ႕၌ ‌ေဆး႐ုံ‌ေပါင္း ၇၂ ခုရွိရာ၊ ၁၀ ခုမွာ ျပည္သူ႕‌ေဆး႐ုံႀကီးမ်ားျဖစ္၍ တို႐ြန္တို‌ေဆး႐ုံမွာ အႀကီးဆုံး ျဖစ္သည္။

တို႐ြန္တိုၿမိဳ႕သည္ စက္မႈလုပ္ငန္း ထြန္းကား‌ေသာၿမိဳ႕ႀကီး တစ္ၿမိဳ႕ျဖစ္ရာ အငယ္ဆုံး‌ေသာ ဆပ္ျပာခ်က္လုပ္ငန္းမွ အႀကီး ဆုံး‌ေသာ သံစက္ကရိယာလုပ္ငန္းအထိရွိသည္။ ကုန္စည္ထုတ္ လုပ္‌ေရးအတြက္ ကုန္စိမ္းကုန္႐ိုင္းကို ၿမိဳ႕ႏွင့္မနီးမ‌ေဝးရွိနယ္မ်ား မွ ရရွိႏိုင္၍ လၽွပ္စစ္ဓာတ္အားကိုမူ ၿမိဳ႕ႏွင့္ ၈၃ မိုင္ခန္႔သာ‌ေဝးေသာ ႏိုင္အဂၢရာ‌ေရတံခြန္မွ ရရွိႏိုင္‌ေလသည္။ ၿမဳိ႕တြင္းသြားလာ ‌ေရးအတြက္လည္း လၽွပ္စစ္ဓာတ္အားျဖင့္သြား‌ေသာ မီးရထားႏွင့္ ကားမ်ားရွိ‌ေလသည္။ တို႐ြန္တိုၿမိဳ႕သည္ လမ္းပန္းသာယာ‌ေသာ ဆိပ္ကမ္းၿမိဳ႕လည္းျဖစ္ျခင္း‌ေၾကာင့္ ကုန္စည္မ်ားကို ‌ေရလမ္းမွ၎ ကုန္းလမ္းမွ၎ အလြယ္တကူ တင္ပို႔ႏိုင္‌ေလသည္။

စက္မႈလက္မႈႏွင့္ ကုန္ကူးသန္း‌ေရး၌ တြင္က်ယ္ထြန္းကား ‌ေသာ ၿမိဳ႕ျဖစ္‌ေသာ‌ေၾကာင့္ က‌ေနဒီယန္အမ်ိဳးသား စက္မႈလက္မႈ ပညာျပပြဲႀကီးကို တို႐ြန္တိုၿမိဳ႕၌ ႏွစ္စဥ္ခင္းက်င္းျပသ‌ေလ့ရွိ သည္။ ထိုျပပြဲႀကီးသည္ ကမၻာ‌ေပၚတြင္ အႀကီးက်ယ္ဆုံးျပပြဲ ျဖစ္၍ အ‌ေမရိကန္ျပည္‌ေထာင္စုမွပင္ လာ‌ေရာက္ၾကည့္႐ႈၾကရ သည္။ ႏြား‌ေမြးျမဴ‌ေရးလုပ္ငန္း၊ ‌ေကာက္ပဲသီးႏွံ စိုက္ပ်ိဳး‌ေရး လုပ္ငန္း၊ သစ္လုပ္ငန္း၊ ‌ေက်ာက္မီး‌ေသြး တူး‌ေဖာ္‌ေရးလုပ္ငန္း စ‌ေသာလုပ္ငန္းမ်ားလည္း တိုးတက္ႀကီးပြားလ်က္ရွိ‌ေလသည္။

တုိရြန္တုိ တကၠသုိလ္

တုိရြန္တုိရဲ႕ စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕

တုိရြန္တုိ ဆုိတဲ့ စကားလုံးဟာ ကေနဒါေရွးလူမ်ဳိးေတြျဖစ္တဲ့ Mohawk တုိ႔ရဲ႕ စကား tkaronto ကေန ဆင္းသက္လာခဲ့တာျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ ေရထဲမွာေပါက္ေသာသစ္ပင္မ်ားရွိရာေနရာ ျဖစ္ပါတယ္။

၁။ တုိရြန္တုိဟာ စားေသာက္ဆုိင္ နဲ႔ အရက္ဘား ဆုိင္ႀကီးေပါင္း ၈၁၀၀ ရွိရာၿမဳိ႕ျဖစ္ပါတယ္။ ဒီလုပ္ငန္းဟာ ၿမဳိ႕စုစုေပါင္းလုပ္ငန္းရဲ႕ ၆.၅% ကို ကုိယ္စားျပဳပါတယ္။

၂။ တျဖည္းျဖည္းမ်ားျပား တုိးတက္လာတဲ့ လူဦးေရေၾကာင့္ တုိရြန္တုိၿမဳိ႕ရဲ႕ လူဦးေရဟာ ၂၀၃၆ခုႏွစ္မွာ ၉သန္း အထိရွိလာမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

၃။ တုိရြန္တုိရဲ႕ သမုိင္းမွတ္တမ္းတေလွ်ာက္ အနိမ့္ဆုံးအပူခ်ိန္ဟာ အႏႈတ္ ၃၁.၃ ဒီဂရီဆဲစီးယပ္ ျဖစ္ၿပီး ၁၉၄၃ခုႏွစ္မွာ ဒီီစံခ်ိန္ကုိ တင္ခဲ့တာပဲ ျဖစ္ပါတယ္။

၄။ အီတလီ ၊ ေပၚတူဂီ နဲ႔ တရုတ္ ရပ္ကြက္အနည္းငယ္ဟာ တုိရြန္တုိၿမဳိ႕မွာရွိေနပါတယ္။ အဲဒီေနရာေတြက လမ္းသေကၤတေတြကို ဘာသာစကား ႏွစ္မ်ဳိး(သုိ႔) သုံးမ်ဳိးနဲ႔ ေရးသားထားပါတယ္။

၅။ တုိရြန္တုိမွာ လမ္းေပါင္း ၉၅၂၀ ရွိေနၿပီး သစ္ပင္ေပါင္း ၁၀သန္းခန္႔ကုိ စုိက္ပ်ဳိးထားရွိတဲ့ ေခတ္မီသဘာ၀ၿမဳိ႕တစ္ၿမဳိ႕ျဖစ္ပါတယ္။

၆။ တုိရြန္တုိ Pearson ႏုိင္ငံတကာေလဆိပ္ဟာ ကေနဒါမွာ အႀကီးဆုံးေလဆိပ္ျဖစ္ၿပီး ၂၀၁၇ခုႏွစ္ တစ္ႏွစ္တည္းမွာပင္ ခရီးသြား ၄၇သန္းေက်ာ္ကုိ ၀န္ေဆာင္မႈေပးခဲ့ၿပီးပါၿပီ။

၇။ ဧကေပါင္း ၇၁၀ဧက က်ယ္တဲ့ တုိရြန္တုိ တိရစာၦန္ရုံဟာ ကေနဒါမွာ အႀကီးဆုံးတိရစာၦန္္ရုံျဖစ္ၿပီီး ကမာၻမွာတတိယ အႀကီးဆုံး တိရစာၦန္ရုံလည္း ျဖစ္ပါတယ္။ အဲဒီမွာ တိရစာၦန္ေပါင္း ၁၆၀၀ ေက်ာ္ရွိၿပီး မ်ဳိးစိတ္ေပါင္း ၄၉၁မ်ဳိးကို ထားရွိပါတယ္။

၈။ ဘာသာစကားေပါင္း ၁၈၀ ခန္႔ကုိ ေျပာဆုိတဲ့ၿမဳိ႕ျဖစ္ၿပီး တရား၀င္ဘာသာစကားကေတာ့ အဂၤလိပ္ နဲ႔ ျပင္သစ္ တုိ႔ျဖစ္ပါတယ္။

တုိရြန္တုိ Pearson ႏုိင္ငံတကာေလဆိပ္

၉။ တုိရြန္တုိက လူဦးေရစုစုေပါင္းကုိ အဓိက လူမ်ဳိးႀကီး ၅မ်ဳိးခြဲႏုိင္ပါတယ္။ အဲဒါေတြကေတာ့ ေတာင္အာရွ(၁၂%) ၊ တရုတ္ (၁၁.၄%) ၊ အာဖရိက(၈.၄%) ၊ ဖိလစ္ပုိင္(၄.၁%) နဲ႔ လက္တင္အေမရိက (၂.၆%) တုိ႔ပဲျဖစ္ပါတယ္။

၁၀။ တုိရြန္တုိမွာရွိတဲ့ လူဦးေရစုစုေပါင္းရဲ႕ တစ္၀က္က အျခားႏုိင္ငံက လာခဲ့ၾကသူေတြျဖစ္ပါတယ္။

၁၁။ က်ယ္၀န္းလွပတဲ့ပန္းၿခံေပါင္း ၁၅၀၀ခန္႔ ရွိတဲ့ၿမဳိ႕လည္းျဖစ္ပါတယ္။

၁၂။ တုိရြန္တုိသည္ တစ္ႏွစ္တြင္ ရက္ေပါင္း ၃၀၀ ခန္႔ ေတာက္ေပေသာ ေနေရာင္ကို ရရွိသည့္ၿမဳိ႕ျဖစ္သည္။ ပုံမွန္အားျဖင့္ နံနက္ ၅နာရီခြဲတြင္ ေနထြက္ၿပီး ည ၉နာရီမွ ေန၀င္ေလ့ရွိသည္။ ေဆာင္းရာသီအခ်ဳိ႕ရက္မ်ားတြင္မူ ညေန ၄း၄၅ နာရီ ခန္႔အခ်ိန္တြင္ေန၀င္ေလ့ရွိသည္။

၁၃။ တုိရြန္တုိ၏ ရုပ္ရွင္ပြဲေတာ္ Toronto International Film Festival (TIFF) ကမာၻေပၚတြင္ Cannes ရုပ္ရွင္ပြဲေတာ္ၿပီးလွ်င္ အေက်ာ္ၾကားဆုံးျဖစ္သည္။

၁၄။ တုိရန္တုိ၏ အေက်ာ္ၾကားဆုံးေနရာတစ္ခုမွာ CN တာ၀ါျဖစ္ၿပီး အျမင့္ေပ ၁၈၀၅ေပ ရွိသည္။ ကမာၻ႔အျမင့္ဆုံးတာ၀ါေနရာကို ၃၄ႏွစ္တုိင္ ရယူထားခဲ့ေသာ တာ၀ါျဖစ္ၿပီး လက္ရွိအခ်ိန္တြင္မူ တတိယအျမင့္ဆုံးတာ၀ါျဖစ္သည္။

၁၅။ Ripley ေရေအာက္ျပတုိက္မွာ ေရေအာက္သတၱ၀ါေပါင္း ၂ေသာင္းခန္႔ကုိ ထိမ္းသိမ္းျပသထားၿပီး ဒီျပတုိက္ကုိ Ripley Entertainment က ပုိင္ဆုိင္ပါတယ္။

Ripley ေရေအာက္ျပတုိက္

၁၆။ အြန္ေတရီယုိ ေရကန္ထဲမွာ တုိရြန္တုိကြ်န္းစု ရွိပါတယ္။ ကြ်န္းေပါင္း ၁၅ခုပါ၀င္တဲ့ ဒီကြ်န္းစုကုိ တံတားမ်ားနဲ႔ ခ်ိတ္ဆက္ထားၿပီး ေျမာက္အေမရိကရဲ႕ အႀကီးဆုံး car-free ဧရိယာလည္းျဖစ္ပါတယ္။

၁၇။ တုိရြန္တုိကုိ ေျမေအာက္ၿမဳိ႕ေတာ္လုိ႔ တင္စားႏုိင္ၿပီး ေစ်း၀ယ္စင္တာေပါင္းမ်ားစြာကို ေျမေအာက္မွာေဆာက္ထားၿပီး ခ်ိတ္ဆက္ထားတဲ့ လမ္းအရွည္ကတင္ ၂၇ကီလုိမီတာ ရွိေနပါတယ္။ ကမာၻ႔အႀကီးမားဆုံး ေျမေအာက္ေစ်း၀ယ္စင္တာ complex လည္းျဖစ္ပါတယ္။

Myanmar Wikpedia
Facts of Toronto
totallytoronto


ကနေဒါရဲ့အကြီးဆုံးမြို့တော် တိုရွန်တို အကြောင်းသိကောင်းစရာ (unicode)

တိုရွန်တိုမြို့သည် ကနေဒါနိုင်ငံ အွန်‌တေးရီးယိုးနယ်၏ မြို့‌တော်ဖြစ်ပြီး ကနေဒါ၏ အကြီးဆုံးမြို့ ၊ မြောက်အမေရိက၏ ပဥ္စမမြောက်အကြီးဆုံးမြို့လည်းဖြစ်သည်။ မြောက်အမေရိကရဲ့ အကြီးဆုံးမြို့ ၄မြို့ကတော့ မက္ကဆီကိုစီးတီး ၊ နယူးယောက် ၊ လော့အင်ဂျလိ နဲ့ ချီကာဂို တို့ဖြစ်သည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင်‌ပေါင်း ၂၄ဝခန့် ရှိ၍၊ လူဦး‌ရေမှာ ၂၀၁၆ခုနှစ် စာရင်းအရ ၂.၇၃သန်း ရှိသည်။ တိုရွန်တိုမြို့သည် အွန်‌တေးရီးယိုး‌ရေအိုင်၏ ‌မြောက် ဘက် ‌ပေ ၃၀၀ ခန့်မြင့်‌သောကုန်း‌မြေ ‌ပေါ်တွင်တည်ရှိ၏။ ဒွန် မြစ်သည် မြို့၏အ‌ရှေ့ပိုင်းကိုဖြတ်၍ စီးဆင်းပြီးလျှင် အ‌နောက် ဘက်တွင်မူကား ဟမ်းဗားမြစ်က နယ်နိမိတ်သတ်ထား‌လေ သည်။

တိုရွန်တိုမြို့၏ အမည်‌ဟောင်းမှာ ‌ယော့မြို့ဖြစ်၏။ အ‌မေရိ ကန် လွတ်လပ်‌ရေးစစ်ပွဲအတွင်းက မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ၏။ သို့ရာတွင် မကြာမီအတွင်း အသစ်တည်ကာ ပြန်လည်ထူ‌ထောင် ခဲ့သဖြင့် ယခုအခါ က‌နေဒါနိုင်ငံတွင် ကြီးကျယ်ခမ်းနား‌သော မြို့ကြီးတစ်မြို့ ဖြစ်လာ‌လေပြီ။ ဤမြို့တွင် ‌နေထိုင်သူများသည် များ‌သောအားဖြင့် အ‌မေရိကန် လွတ်လပ်‌ရေးစစ်ပွဲအတွင်းက ဗြိတိသျှတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့‌သော စစ်သည်‌တော်တို့၏ အဆက်အနွယ်များဖြစ်သည်။

တိုရွန်တိုမြို့တွင် လှပ‌သော အ‌ဆောက်အအုံကြီးများ အများ အပြားရှိသည့်အနက် မြို့လယ်ရှိဘုရင်မပန်းခြံအတွင်း၌ သဲ၊ ‌ကျောက်အနီအပြာဖြင့် ‌ဆောက်လုပ်ထား‌သော ပါလီမန် အ‌ဆောက်အအုံများ မိုးထိအ‌ဆောက်အအုံများ၊ မြို့‌တော်ခန်းမ၊ ဘုရားရှိခိုး‌ကျောင်း၊ တက္ကသိုလ်‌ကျောင်း၊ က‌နေဒီယန် ကူးသန်း ‌ရောင်း ဝယ်‌ရေးဘဏ်နှင့် ရွိုင်ယယ်‌ယော့ဟိုတယ်တို့သည် ထင်ရှား၏။ တိုရွန်တိုတက္ကသိုလ်၌ပါဝင်‌သော ‌ကောလိပ် ‌ကျောင်း‌ပေါင်း ၁၀ကျောင်းရှိသည်။ ထို့ပြင် ကူးသန်း‌ရောင်း ဝယ်‌ရေး နှင့် စက်မှုလက်မှုပညာသင်တန်းမြင့်‌ကျောင်း၊ မိန်းက‌လေး‌ကျောင်းနှင့် ဥပ‌ဒေပညာသင်‌ကျောင်းများလည်း ရှိ‌လေသည်။ တိုရွန်တိုမြို့၌ ‌ဆေးရုံ‌ပေါင်း ၇၂ ခုရှိရာ၊ ၁၀ ခုမှာ ပြည်သူ့‌ဆေးရုံကြီးများဖြစ်၍ တိုရွန်တို‌ဆေးရုံမှာ အကြီးဆုံး ဖြစ်သည်။

တိုရွန်တိုမြို့သည် စက်မှုလုပ်ငန်း ထွန်းကား‌သောမြို့ကြီး တစ်မြို့ဖြစ်ရာ အငယ်ဆုံး‌သော ဆပ်ပြာချက်လုပ်ငန်းမှ အကြီး ဆုံး‌သော သံစက်ကရိယာလုပ်ငန်းအထိရှိသည်။ ကုန်စည်ထုတ် လုပ်‌ရေးအတွက် ကုန်စိမ်းကုန်ရိုင်းကို မြို့နှင့်မနီးမ‌ဝေးရှိနယ်များ မှ ရရှိနိုင်၍ လျှပ်စစ်ဓာတ်အားကိုမူ မြို့နှင့် ၈၃ မိုင်ခန့်သာ‌ဝေးသော နိုင်အဂ္ဂရာ‌ရေတံခွန်မှ ရရှိနိုင်‌လေသည်။ မြို့တွင်းသွားလာ ‌ရေးအတွက်လည်း လျှပ်စစ်ဓာတ်အားဖြင့်သွား‌သော မီးရထားနှင့် ကားများရှိ‌လေသည်။ တိုရွန်တိုမြို့သည် လမ်းပန်းသာယာ‌သော ဆိပ်ကမ်းမြို့လည်းဖြစ်ခြင်း‌ကြောင့် ကုန်စည်များကို ‌ရေလမ်းမှ၎င်း ကုန်းလမ်းမှ၎င်း အလွယ်တကူ တင်ပို့နိုင်‌လေသည်။

စက်မှုလက်မှုနှင့် ကုန်ကူးသန်း‌ရေး၌ တွင်ကျယ်ထွန်းကား ‌သော မြို့ဖြစ်‌သော‌ကြောင့် က‌နေဒီယန်အမျိုးသား စက်မှုလက်မှု ပညာပြပွဲကြီးကို တိုရွန်တိုမြို့၌ နှစ်စဉ်ခင်းကျင်းပြသ‌လေ့ရှိ သည်။ ထိုပြပွဲကြီးသည် ကမ္ဘာ‌ပေါ်တွင် အကြီးကျယ်ဆုံးပြပွဲ ဖြစ်၍ အ‌မေရိကန်ပြည်‌ထောင်စုမှပင် လာ‌ရောက်ကြည့်ရှုကြရ သည်။ နွား‌မွေးမြူ‌ရေးလုပ်ငန်း၊ ‌ကောက်ပဲသီးနှံ စိုက်ပျိုး‌ရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ ‌ကျောက်မီး‌သွေး တူး‌ဖော်‌ရေးလုပ်ငန်း စ‌သောလုပ်ငန်းများလည်း တိုးတက်ကြီးပွားလျက်ရှိ‌လေသည်။

တိုရွန်တိုရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့

တိုရွန်တို ဆိုတဲ့ စကားလုံးဟာ ကနေဒါရှေးလူမျိုးတွေဖြစ်တဲ့ Mohawk တို့ရဲ့ စကား tkaronto ကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ရေထဲမှာပေါက်သောသစ်ပင်များရှိရာနေရာ ဖြစ်ပါတယ်။

၁။ တိုရွန်တိုဟာ စားသောက်ဆိုင် နဲ့ အရက်ဘား ဆိုင်ကြီးပေါင်း ၈၁၀၀ ရှိရာမြို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ မြို့စုစုပေါင်းလုပ်ငန်းရဲ့ ၆.၅% ကို ကိုယ်စားပြုပါတယ်။

၂။ တဖြည်းဖြည်းများပြား တိုးတက်လာတဲ့ လူဦးရေကြောင့် တိုရွန်တိုမြို့ရဲ့ လူဦးရေဟာ ၂၀၃၆ခုနှစ်မှာ ၉သန်း အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

၃။ တိုရွန်တိုရဲ့ သမိုင်းမှတ်တမ်းတလျှောက် အနိမ့်ဆုံးအပူချိန်ဟာ အနှုတ် ၃၁.၃ ဒီဂရီဆဲစီးယပ် ဖြစ်ပြီး ၁၉၄၃ခုနှစ်မှာ ဒီစံချိန်ကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။

၄။ အီတလီ ၊ ပေါ်တူဂီ နဲ့ တရုတ် ရပ်ကွက်အနည်းငယ်ဟာ တိုရွန်တိုမြို့မှာရှိနေပါတယ်။ အဲဒီနေရာတွေက လမ်းသင်္ကေတတွေကို ဘာသာစကား နှစ်မျိုး(သို့) သုံးမျိုးနဲ့ ရေးသားထားပါတယ်။

၅။ တိုရွန်တိုမှာ လမ်းပေါင်း ၉၅၂၀ ရှိနေပြီး သစ်ပင်ပေါင်း ၁ဝသန်းခန့်ကို စိုက်ပျိုးထားရှိတဲ့ ခေတ်မီသဘာ၀မြို့တစ်မြို့ဖြစ်ပါတယ်။

၆။ တိုရွန်တို Pearson နိုင်ငံတကာလေဆိပ်ဟာ ကနေဒါမှာ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ၂၀၁၇ခုနှစ် တစ်နှစ်တည်းမှာပင် ခရီးသွား ၄၇သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီးပါပြီ။

၇။ ဧကပေါင်း ၇၁၀ဧက ကျယ်တဲ့ တိုရွန်တို တိရစ္ဆာန်ရုံဟာ ကနေဒါမှာ အကြီးဆုံးတိရစ္ဆာန်ရုံဖြစ်ပြီး ကမ္ဘာမှာတတိယ အကြီးဆုံး တိရစ္ဆာန်ရုံလည်း ဖြစ်ပါတယ်။ အဲဒီမှာ တိရစ္ဆာန်ပေါင်း ၁၆၀၀ ကျော်ရှိပြီး မျိုးစိတ်ပေါင်း ၄၉၁မျိုးကို ထားရှိပါတယ်။

၈။ ဘာသာစကားပေါင်း ၁၈၀ ခန့်ကို ပြောဆိုတဲ့မြို့ဖြစ်ပြီး တရားဝင်ဘာသာစကားကတော့ အင်္ဂလိပ် နဲ့ ပြင်သစ် တို့ဖြစ်ပါတယ်။

၉။ တိုရွန်တိုက လူဦးရေစုစုပေါင်းကို အဓိက လူမျိုးကြီး ၅မျိုးခွဲနိုင်ပါတယ်။ အဲဒါတွေကတော့ တောင်အာရှ(၁၂%) ၊ တရုတ် (၁၁.၄%) ၊ အာဖရိက(၈.၄%) ၊ ဖိလစ်ပိုင်(၄.၁%) နဲ့ လက်တင်အမေရိက (၂.၆%) တို့ပဲဖြစ်ပါတယ်။

၁၀။ တိုရွန်တိုမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ တစ်ဝက်က အခြားနိုင်ငံက လာခဲ့ကြသူတွေဖြစ်ပါတယ်။

၁၁။ ကျယ်ဝန်းလှပတဲ့ပန်းခြံပေါင်း ၁၅၀ဝခန့် ရှိတဲ့မြို့လည်းဖြစ်ပါတယ်။

၁၂။ တိုရွန်တိုသည် တစ်နှစ်တွင် ရက်ပေါင်း ၃၀၀ ခန့် တောက်ပေသော နေရောင်ကို ရရှိသည့်မြို့ဖြစ်သည်။ ပုံမှန်အားဖြင့် နံနက် ၅နာရီခွဲတွင် နေထွက်ပြီး ည ၉နာရီမှ နေဝင်လေ့ရှိသည်။ ဆောင်းရာသီအချို့ရက်များတွင်မူ ညနေ ၄း၄၅ နာရီ ခန့်အချိန်တွင်နေဝင်လေ့ရှိသည်။

၁၃။ တိုရွန်တို၏ ရုပ်ရှင်ပွဲတော် Toronto International Film Festival (TIFF) ကမ္ဘာပေါ်တွင် Cannes ရုပ်ရှင်ပွဲတော်ပြီးလျှင် အကျော်ကြားဆုံးဖြစ်သည်။

၁၄။ တိုရန်တို၏ အကျော်ကြားဆုံးနေရာတစ်ခုမှာ CN တာဝါဖြစ်ပြီး အမြင့်ပေ ၁၈၀၅ပေ ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးတာဝါနေရာကို ၃၄နှစ်တိုင် ရယူထားခဲ့သော တာဝါဖြစ်ပြီး လက်ရှိအချိန်တွင်မူ တတိယအမြင့်ဆုံးတာဝါဖြစ်သည်။

၁၅။ Ripley ရေအောက်ပြတိုက်မှာ ရေအောက်သတ္တဝါပေါင်း ၂သောင်းခန့်ကို ထိမ်းသိမ်းပြသထားပြီး ဒီပြတိုက်ကို Ripley Entertainment က ပိုင်ဆိုင်ပါတယ်။

၁၆။ အွန်တေရီယို ရေကန်ထဲမှာ တိုရွန်တိုကျွန်းစု ရှိပါတယ်။ ကျွန်းပေါင်း ၁၅ခုပါဝင်တဲ့ ဒီကျွန်းစုကို တံတားများနဲ့ ချိတ်ဆက်ထားပြီး မြောက်အမေရိကရဲ့ အကြီးဆုံး car-free ဧရိယာလည်းဖြစ်ပါတယ်။

၁၇။ တိုရွန်တိုကို မြေအောက်မြို့တော်လို့ တင်စားနိုင်ပြီး ဈေးဝယ်စင်တာပေါင်းများစွာကို မြေအောက်မှာဆောက်ထားပြီး ချိတ်ဆက်ထားတဲ့ လမ်းအရှည်ကတင် ၂၇ကီလိုမီတာ ရှိနေပါတယ်။ ကမ္ဘာ့အကြီးမားဆုံး မြေအောက်ဈေးဝယ်စင်တာ complex လည်းဖြစ်ပါတယ်။

Myanmar Wikpedia
Facts of Toronto
totallytoronto

Leave a Reply