ေသဆုံးသူရဲ႕ ဆႏၵအရ ကားထဲထည့္ျမဳပ္ေပးရတဲ့ စ်ာပနပြဲ

Posted on

တရုတ္ႏုိင္ငံေျမာက္ပုိင္းက ကားခ်စ္သူတစ္ေယာက္ဟာ သူ႔ရဲ႕ေနာက္ဆုံးဆႏၵအျဖစ္ သူေသဆုံးသြားတဲ့အခါ ဆလြန္းကားတစ္စီးထဲမွာ သူ႔ကုိထည့္ၿပီး ျမဳပ္ႏွံေစခ်င္ခဲ့ပါတယ္။ သူကေတာ့ တရုတ္ႏုိင္ငံ Hebeiျပည္နယ္ Baoding ၿမဳိ႕အနီးက ရြာတစ္ရြာမွာေနထုိင္တဲ့ Qi လုိ႔အမည္ရတဲ့သူပါ။ သူ႔ရဲ႕ေနာက္ဆုံးေသတမ္းစာထဲမွာ သူ႔ကုိ ပုံမွန္စ်ာပနပြဲေတြလုိ အေခါင္းထဲမွာမထည့္ပဲ ဆလြန္းကားတစ္စီးထဲမွာထည့္ကာ ျမဳပ္ႏွံဖုိ႔ ေရးသားသြားခဲ့ပါတယ္။

ဒါေၾကာင့္ က်န္ရစ္တဲ့ သူ႔ရဲ႕မိသားစုဟာ Hyundai Sonata အမ်ဳိးအစားဆလြန္းကားေဟာင္းတစ္စီးကုိ တရုတ္ ယြန္ ၁၀၀၀၀ (ေဒၚလာ ၁၅၆၂) ခန္႔နဲ႔ ၀ယ္ယူခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေသဆုံးသြားတဲ့ ကားခ်စ္သူရဲ႕ အေလာင္းကို ကားထဲထည့္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္ အဂၤါေန႔က သူ႔ကုိဂူသြင္းသၿဂၤဳိဟ္ခဲ့ပါတယ္။ ကားပါျမဳပ္ႏွံရမွာျဖစ္တဲ့အတြက္ ဂူကုိ ကားနဲ႔တုိင္းကာ ျပဳလုပ္ခဲ့ရပါတယ္။ ဗီဒီယုိထဲမွာေတာ့ ကားကုိ ၀န္ခ်ီစက္နဲ႔ ျဖည္းျဖည္းမတင္ၿပီးေနာက္ ဂူထဲကို ထည့္သြင္းေနတာကို ျမင္ရမွာျဖစ္ပါတယ္။

စ်ာပနပြဲမွာ ေနာက္ဆုံးခရီးကုိ လုိက္ပုိ႔ၾကသူေတြကေတာ့ ေငြေရာင္ဆလြန္းကားကို ဂူႀကီးထဲထည့္ေနတဲ့အခ်ိန္မွာ ရပ္ၾကည့္ရင္း ေသဆုံးသူ ေကာင္းရာဘုံကုိေရာက္ဖုိ႔ ဆုေတြေတာင္းေပးေနၾကပါတယ္။ ကားမွာေတာ့ လုိင္စင္နံပါတ္ျပားက ကပ္လွ်က္ပါပဲ။ ဂူထဲကုိ ကားအေခါင္း ထည့္ၿပီးတဲ့အခါမွာေတာ့ ေျမႀကီးေတြနဲ႔ ဖုိ႔လုိက္ၾကပါတယ္။

တ႐ုတ္လူမ်ိဳးေတြဟာ အေခါင္း ထဲတြင္ ထည့္ေပးလိုက္တဲ့ ပစၥည္းရဲ႕တန္ဖိုးဟာ ေသဆုံးသူအသက္ရွိစဥ္က ပိုင္ဆိုင္ခဲ့ေသာလူမႈအဆင့္အတန္းကို ကိုယ္စားျပဳသည္ဟု ယုံၾကည္ၾကေၾကာင္း သိရပါတယ္။ ဒါဟာ ျဖဳန္းတီးမႈတစ္ခုလုိ႔ ဆုိႏုိင္ေပမယ့္ တရုတ္ႏုိင္ငံ ၿမဳိ႕ႀကီးေတြက စ်ာပနပြဲေတြနဲ႔ ယွဥ္ရင္မေျပာပေလာက္ပါဘူး။  ရွန္ဟုိင္း ၊ ေဘဂ်င္း ၊ ကြမ္က်ဳိး စတဲ့ၿမဳိ႕ႀကီးေတြနဲ႔ အနီးအနား၀န္းက်င္ေတြမွာေတာ့ စ်ာပနပြဲတစ္ခုအတြက္ ပ်မ္းမွ်ကုန္က်စရိတ္က ယြန္ ၈၀၀၀၀ (ေဒၚလာ ၁၂၄၉၈) ၀န္းက်င္ အသုံးျပဳေနၾကေၾကာင္း သိရပါတယ္။

VIDEO


သေဆုံးသူရဲ့ ဆန္ဒအရ ကားထဲထည့်မြုပ်ပေးရတဲ့ ဈာပနပွဲ (unicode)

တရုတ်နိုင်ငံမြောက်ပိုင်းက ကားချစ်သူတစ်ယောက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒအဖြစ် သူသေဆုံးသွားတဲ့အခါ ဆလွန်းကားတစ်စီးထဲမှာ သူ့ကိုထည့်ပြီး မြုပ်နှံစေချင်ခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံ Hebeiပြည်နယ် Baoding မြို့အနီးက ရွာတစ်ရွာမှာနေထိုင်တဲ့ Qi လို့အမည်ရတဲ့သူပါ။ သူ့ရဲ့နောက်ဆုံးသေတမ်းစာထဲမှာ သူ့ကို ပုံမှန်ဈာပနပွဲတွေလို အခေါင်းထဲမှာမထည့်ပဲ ဆလွန်းကားတစ်စီးထဲမှာထည့်ကာ မြုပ်နှံဖို့ ရေးသားသွားခဲ့ပါတယ်။

ဒါကြောင့် ကျန်ရစ်တဲ့ သူ့ရဲ့မိသားစုဟာ Hyundai Sonata အမျိုးအစားဆလွန်းကားဟောင်းတစ်စီးကို တရုတ် ယွန် ၁၀၀၀၀ (ဒေါ်လာ ၁၅၆၂) ခန့်နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ သေဆုံးသွားတဲ့ ကားချစ်သူရဲ့ အလောင်းကို ကားထဲထည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် အင်္ဂါနေ့က သူ့ကိုဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ကားပါမြုပ်နှံရမှာဖြစ်တဲ့အတွက် ဂူကို ကားနဲ့တိုင်းကာ ပြုလုပ်ခဲ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ ကားကို ဝန်ချီစက်နဲ့ ဖြည်းဖြည်းမတင်ပြီးနောက် ဂူထဲကို ထည့်သွင်းနေတာကို မြင်ရမှာဖြစ်ပါတယ်။

ဈာပနပွဲမှာ နောက်ဆုံးခရီးကို လိုက်ပို့ကြသူတွေကတော့ ငွေရောင်ဆလွန်းကားကို ဂူကြီးထဲထည့်နေတဲ့အချိန်မှာ ရပ်ကြည့်ရင်း သေဆုံးသူ ကောင်းရာဘုံကိုရောက်ဖို့ ဆုတွေတောင်းပေးနေကြပါတယ်။ ကားမှာတော့ လိုင်စင်နံပါတ်ပြားက ကပ်လျှက်ပါပဲ။ ဂူထဲကို ကားအခေါင်း ထည့်ပြီးတဲ့အခါမှာတော့ မြေကြီးတွေနဲ့ ဖို့လိုက်ကြပါတယ်။

တရုတ်လူမျိုးတွေဟာ အခေါင်း ထဲတွင် ထည့်ပေးလိုက်တဲ့ ပစ္စည်းရဲ့တန်ဖိုးဟာ သေဆုံးသူအသက်ရှိစဉ်က ပိုင်ဆိုင်ခဲ့သောလူမှုအဆင့်အတန်းကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြကြောင်း သိရပါတယ်။ ဒါဟာ ဖြုန်းတီးမှုတစ်ခုလို့ ဆိုနိုင်ပေမယ့် တရုတ်နိုင်ငံ မြို့ကြီးတွေက ဈာပနပွဲတွေနဲ့ ယှဉ်ရင်မပြောပလောက်ပါဘူး။  ရှန်ဟိုင်း ၊ ဘေဂျင်း ၊ ကွမ်ကျိုး စတဲ့မြို့ကြီးတွေနဲ့ အနီးအနားဝန်းကျင်တွေမှာတော့ ဈာပနပွဲတစ်ခုအတွက် ပျမ်းမျှကုန်ကျစရိတ်က ယွန် ၈၀၀၀၀ (ဒေါ်လာ ၁၂၄၉၈) ဝန်းကျင် အသုံးပြုနေကြကြောင်း သိရပါတယ်။

Leave a Reply