သမုိင္းတေလွ်ာက္ ကမာၻ႔အရပ္အရွည္ဆုံးလူသား ရဲ႕ ဘ၀ဇာတ္ေၾကာင္း

Posted on

လက္လွမ္းမိခဲ့သမွ် သမုိင္းတေလွ်ာက္ အရည္အရွည္ဆုံးလူသားအျဖစ္ သတ္မွတ္ခံရသူကေတာ့ အေမရိကန္က Robert Wadlow ဆုိသူျဖစ္ပါတယ္။ ႀကီးမားတဲ့ ခႏၶာကိုယ္အရြယ္အစားေၾကာင့္ သူ႔ကုိ ေအာ္တင္က လူ႔ဘီလူး (သုိ႔) အီလီႏြဳိက္က လူ႔ဘီလူးလုိ႔ ေခၚၾကပါတယ္။

ကေလးငယ္ဘ၀

သူ႔ကုိ ၁၉၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၂ရက္ေန႔တုန္းက အေမရိကန္ အီလီႏြဳိက္ျပည္နယ္ ေအာ္တင္ၿမဳိ႕မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးစတုန္းက ဒီကေလးဟာ တခ်ိန္မွာ ကမာၻ႔အရပ္အရွည္ဆုံးလူသားျဖစ္လာခဲ့မယ္လုိ႔ ဘယ္သူမွ မထင္ခဲ့ၾကပါဘူး။ ပုံမွန္မိဘႏွစ္ပါးက ပုံမွန္အတုိင္းေမြးဖြားလာတဲ့ က်န္းမာသန္စြမ္းတဲ့ ကေလးတစ္ေယာက္ျဖစ္ေနလုိ႔ပါ။

ေဆာ့လြန္းကဲလြန္းတဲ့ ဒီကေလးရဲ႕ ေရာဂါဟာ ၂ႏွစ္အရြယ္မွာ စတင္ခဲ့ပါတယ္။ ဦးေႏွာက္ေအာက္ေျခရွိ အဆီက်ိတ္ႀကီးထြားလာခဲ့ရာက ႀကီးထြားေဟာ္မုန္းလြန္ကဲလာခဲ့ၿပီး ခႏၶာကုိယ္ကလည္း အဆမတန္ႀကီးထြားလာခဲ့ပါတယ္။ ၅ႏွစ္အရြယ္ သူ၀တ္တဲ့အကၤ်ီဟာ ပုံမွန္ဆုိရင္ ၁၇ႏွစ္အရြယ္လူငယ္တစ္ေယာက္ရဲ႕အကၤ်ီဆုိဒ္ျဖစ္လာပါတယ္။ ၅ႏွစ္သား Wadlow ရဲ႕ အရပ္ဟာ ၅ေပ ၄လက္မ ရွိခဲ့ပါတယ္။

၁၀ႏွစ္သား အရြယ္
မိဘ ညီအစ္ကုိေမာင္ႏွမမ်ားႏွင့္

အသက္ ၆ႏွစ္အရြယ္မွာ ၆ေပ ရွိလာၿပီး ၈ႏွစ္အရြယ္မွာေတာ့ ၆ေပ ၂လက္မအထိရွိလာၿပီး သူ႔ဖခင္အရပ္ထက္ေတာင္ ပုိရွည္ေနပါၿပီ။ ကုိယ္ခႏၶာအေလးခ်ိန္ကလည္း ၂၀၀ေပါင္ အထိရွိလာပါတယ္။ သူုု႔ရဲ႕မိဘေတြဟာ Wadlow ကုိ ပုံမွန္ကေလးတစ္ေယာက္အတုိင္း အသက္ရွင္ႏုိင္ေစဖုိ႔ အစြမ္းကုန္ႀကဳိးစားခဲ့ၾကပါတယ္။ ဂရုတစိုက္ကုသေပးခဲ့ၾကေပမယ့္ သူ႔ရဲ႕ႀကီးထြားေဟာ္မုန္းက ရပ္တန္႔မသြားခဲ့ပါဘူး။

အထက္တန္းေက်ာင္းကို တက္တဲ့အခါမွာေတာ့ အရပ္က ၈ေပ ေက်ာ္သြားၿပီး ဒီအရပ္ေၾကာင့္ပဲ သူ႔ကုိ ကမာၻက သတိထားမိခဲ့ၾကပါတယ္။ အရပ္ေၾကာင့္ သူ႔ဘ၀ရွင္သန္မႈဟာလည္း ခက္ခဲၿပီး အဆင္မေျပျဖစ္ခဲ့ပါတယ္။ နိမ့္တဲ့အမုိးေအာက္၀င္တဲ့အခါ ၊ အိပ္ယာေပၚမွာ အိပ္တဲ့အခါမ်ဳိးေတြမွာေပါ့။ အ၀တ္အစား နဲ႔ ဖိနပ္ေတြကုိလည္း သူ႔အတြက္ သီးသန္႔ခ်ဳပ္လုပ္ေပးၿပီး ၀တ္ဆင္ခဲ့ရပါတယ္။

ထမင္းစားရတဲ့အခါ

သူဟာ ေအာ္တင္အထက္တန္းေက်ာင္းကေန ေအာင္ျမင္ၿပီးတဲ့ေနာက္ Shurtleff ေကာလိပ္မွာ ဥပေဒဘာသာကုိ ဆက္လက္တက္ေရာက္ခဲ့ပါတယ္။ အသက္ ၁၈ႏွစ္အရြယ္မွာေတာ့ သူ႔ရဲ႕အရပ္ဟာ ၈ေပ ၄လက္မအထိရွိလာၿပီး သူ႔အရင္ ကမာၻ႔အရပ္အရွည္ဆုံးလူသား ဂြ်န္ေရာ္ဂန္တင္ထားတဲ့ ၈ေပ ၄လက္မ စခ်ိန္ကုိ မီခဲ့ၿပီး မၾကာခင္မွာပဲ ေက်ာ္သြားခဲ့ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕က်န္းမာေရးကေတာ့ တေန႔တျခားဆုိးရြားလာခဲ့ပါတယ္။ ခႏၶာကုိယ္အဆမတန္ ရွည္ထြက္လာျခင္းေၾကာင့္ အရုိးအားနည္းေရာဂါပါ ထပ္ရလာၿပီး ေကာင္းေကာင္းလမ္းမေလွ်ာက္ႏုိင္ေတာ့ပါဘူး။ လမ္းေလွ်ာက္တဲအခါ ေျခထိမ္းကိရိယာနဲ႔ ႀကိမ္လုံံးေတြရဲ႕အကူအညီကုိ ယူရပါတယ္။

ဒါေပမယ့္ သူ႔ကုိ အကူအညီေပးတဲ့ ဒီေျခထိမ္းကိရိယာေၾကာင့္ပဲ သူဟာ ေသဆုံးခဲ့ရပါတယ္။ ၁၉၄၀ခုႏွစ္ မွာ ေျခထိမ္းကိရိယာကို အၿမဲ၀တ္ရာကေန သူ႔ရဲ႕ေျခက်င္း၀တ္ေတြဟာ မီးေလာင္သလုိ အပူဖုေတြျဖစ္လာခဲ့ပါတယ္။ အဲဒီအပူဖုေတြက တစ္ဆင့္ ဆုိးရြားစြာပုိး၀င္ခဲ့တာေၾကာင့္ ဆရာ၀န္ေတြက အေရးေပၚကုသေပးခဲ့ပါတယ္။

ဒါေပမယ့္ ေရာဂါက သက္သာလာျခင္းမရွိပဲ ၁၉၄၀ခုႏွစ္ ဇူလုိင္လ ၁၅ရက္ေန႔ အသက္ ၂၂ႏွစ္ အရြယ္မွာ သူဟာ ေသဆုံးခဲ့ရပါတယ္။ သူကြယ္လြန္ခဲ့တဲ့အခ်ိန္မွာ သူ႔ရဲ႕အရပ္ဟာ ၈ေပ ၁၁.၁လက္မ အထိရွိခဲ့တာေၾကာင့္ သမုိင္းတေလွ်ာက္ အရပ္အရွည္ဆုံးလူသားအျဖစ္ စာရင္း၀င္ခဲ့ပါတယ္။

ေဆးရုံတက္ေနရင္း သူမကြယ္လြန္မီ ေနာက္ဆုံး ၀မ္းနည္းစြာ ေျပာခဲ့တဲ့ စကားအေနနဲ႔ “ဆရာ၀န္ေတြက ကြ်န္ေတာ့္ကုိ အိမ္ျပန္လုိ႔မရေတာ့ဘူးလုိ႔ေျပာတယ္။ ကြ်န္ေတာ္သြားခ်င္တဲ့ မဂၤလာပြဲကို သြားလုိ႔မရေတာ့ပါဘူး” လုိ႔ေျပာခဲ့ပါတယ္။ သူအရမ္းခ်စ္ရတဲ့ အဘိုးအဘြားေတြရဲ႕ ေရႊရတုပြဲကုိ သူအရမ္းတက္ခ်င္ေပမယ့္ တက္ခြင့္မရေတာ့ပဲ အသက္ ၂၂ႏွစ္အရြယ္မွာပဲ ကမာၻ႔အရပ္အရွည္ဆုံးလူသားဟာ အိပ္ေပ်ာ္ေနရင္း ကြယ္လြန္သြားခဲ့ပါေတာ့တယ္။

သူ႔ရဲ႕အေခါင္းဟာ အရွည္ ၁၀ေပ ၉လက္မ ၊ အနံ ၂ေပ ၈လက္မ ၊ ေဇာက္ ၂ေပ၆လက္မ ရွိၿပီး ေပါင္ ၁၀၀၀ ခန္႔ေလးတာေၾကာင့္ သူ႔စ်ာပနပြဲျပဳလုပ္တဲ့အခါမွာ အေခါင္းထမ္းဖုိ႔ လူ အေယာက္ ၂၀ ရဲ႕ အကူအညီကုိ ယူခဲ့ရပါတယ္။ သူ႔ကုိ ေအာ္တင္ၿမဳိ႕က Oakwood သခၤ်ဳိင္းမွာ ျမဳပ္ႏွံခဲ့ပါတယ္။ သူ႔ရဲ႕ဖိနပ္ကုိ အမွတ္ရအေနနဲ႔ ေအာ္တင္ျပတုိက္မွာ ျပသထားလွ်က္ရွိပါတယ္။

VIDEO

စ်ာပန 
ျပတုိက္မွာ ျပသထားတဲ့ သူ႔ရဲ႕ဖိနပ္


သမိုင်းတလျှောက် ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ရဲ့ ဘဝဇာတ်ကြောင်း (unicode)

လက်လှမ်းမိခဲ့သမျှ သမိုင်းတလျှောက် အရည်အရှည်ဆုံးလူသားအဖြစ် သတ်မှတ်ခံရသူကတော့ အမေရိကန်က Robert Wadlow ဆိုသူဖြစ်ပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့် သူ့ကို အော်တင်က လူ့ဘီလူး (သို့) အီလီနွိုက်က လူ့ဘီလူးလို့ ခေါ်ကြပါတယ်။

သူ့ကို ၁၉၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တုန်းက အမေရိကန် အီလီနွိုက်ပြည်နယ် အော်တင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးစတုန်းက ဒီကလေးဟာ တချိန်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ပုံမှန်မိဘနှစ်ပါးက ပုံမှန်အတိုင်းမွေးဖွားလာတဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်နေလို့ပါ။ ဆော့လွန်းကဲလွန်းတဲ့ ဒီကလေးရဲ့ ရောဂါဟာ ၂နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။ ဦးနှောက်အောက်ခြေရှိ အဆီကျိတ်ကြီးထွားလာခဲ့ရာက ကြီးထွားဟော်မုန်းလွန်ကဲလာခဲ့ပြီး ခန္ဓာကိုယ်ကလည်း အဆမတန်ကြီးထွားလာခဲ့ပါတယ်။ ၅နှစ်အရွယ် သူဝတ်တဲ့အင်္ကျီဟာ ပုံမှန်ဆိုရင် ၁၇နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့အင်္ကျီဆိုဒ်ဖြစ်လာပါတယ်။ ၅နှစ်သား Wadlow ရဲ့ အရပ်ဟာ ၅ပေ ၄လက်မ ရှိခဲ့ပါတယ်။

အသက် ၆နှစ်အရွယ်မှာ ၆ပေ ရှိလာပြီး ၈နှစ်အရွယ်မှာတော့ ၆ပေ ၂လက်မအထိရှိလာပြီး သူ့ဖခင်အရပ်ထက်တောင် ပိုရှည်နေပါပြီ။ ကိုယ်ခန္ဓာအလေးချိန်ကလည်း ၂၀၀ပေါင် အထိရှိလာပါတယ်။ သု့ရဲ့မိဘတွေဟာ Wadlow ကို ပုံမှန်ကလေးတစ်ယောက်အတိုင်း အသက်ရှင်နိုင်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ဂရုတစိုက်ကုသပေးခဲ့ကြပေမယ့် သူ့ရဲ့ကြီးထွားဟော်မုန်းက ရပ်တန့်မသွားခဲ့ပါဘူး။ အထက်တန်းကျောင်းကို တက်တဲ့အခါမှာတော့ အရပ်က ၈ပေ ကျော်သွားပြီး ဒီအရပ်ကြောင့်ပဲ သူ့ကို ကမ္ဘာက သတိထားမိခဲ့ကြပါတယ်။ အရပ်ကြောင့် သူ့ဘဝရှင်သန်မှုဟာလည်း ခက်ခဲပြီး အဆင်မပြေဖြစ်ခဲ့ပါတယ်။ နိမ့်တဲ့အမိုးအောက်ဝင်တဲ့အခါ ၊ အိပ်ယာပေါ်မှာ အိပ်တဲ့အခါမျိုးတွေမှာပေါ့။ အဝတ်အစား နဲ့ ဖိနပ်တွေကိုလည်း သူ့အတွက် သီးသန့်ချုပ်လုပ်ပေးပြီး ဝတ်ဆင်ခဲ့ရပါတယ်။

သူဟာ အော်တင်အထက်တန်းကျောင်းကနေ အောင်မြင်ပြီးတဲ့နောက် Shurtleff ကောလိပ်မှာ ဥပဒေဘာသာကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ အသက် ၁၈နှစ်အရွယ်မှာတော့ သူ့ရဲ့အရပ်ဟာ ၈ပေ ၄လက်မအထိရှိလာပြီး သူ့အရင် ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ဂျွန်ရော်ဂန်တင်ထားတဲ့ ၈ပေ ၄လက်မ စချိန်ကို မီခဲ့ပြီး မကြာခင်မှာပဲ ကျော်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးကတော့ တနေ့တခြားဆိုးရွားလာခဲ့ပါတယ်။ ခန္ဓာကိုယ်အဆမတန် ရှည်ထွက်လာခြင်းကြောင့် အရိုးအားနည်းရောဂါပါ ထပ်ရလာပြီး ကောင်းကောင်းလမ်းမလျှောက်နိုင်တော့ပါဘူး။ လမ်းလျှောက်တဲအခါ ခြေထိမ်းကိရိယာနဲ့ ကြိမ်လုံံးတွေရဲ့အကူအညီကို ယူရပါတယ်။

ဒါပေမယ့် သူ့ကို အကူအညီပေးတဲ့ ဒီခြေထိမ်းကိရိယာကြောင့်ပဲ သူဟာ သေဆုံးခဲ့ရပါတယ်။ ၁၉၄ဝခုနှစ် မှာ ခြေထိမ်းကိရိယာကို အမြဲဝတ်ရာကနေ သူ့ရဲ့ခြေကျင်းဝတ်တွေဟာ မီးလောင်သလို အပူဖုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအပူဖုတွေက တစ်ဆင့် ဆိုးရွားစွာပိုးဝင်ခဲ့တာကြောင့် ဆရာဝန်တွေက အရေးပေါ်ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် ရောဂါက သက်သာလာခြင်းမရှိပဲ ၁၉၄ဝခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ အသက် ၂၂နှစ် အရွယ်မှာ သူဟာ သေဆုံးခဲ့ရပါတယ်။ သူကွယ်လွန်ခဲ့တဲ့အချိန်မှာ သူ့ရဲ့အရပ်ဟာ ၈ပေ ၁၁.၁လက်မ အထိရှိခဲ့တာကြောင့် သမိုင်းတလျှောက် အရပ်အရှည်ဆုံးလူသားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

ဆေးရုံတက်နေရင်း သူမကွယ်လွန်မီ နောက်ဆုံး ဝမ်းနည်းစွာ ပြောခဲ့တဲ့ စကားအနေနဲ့ “ဆရာဝန်တွေက ကျွန်တော့်ကို အိမ်ပြန်လို့မရတော့ဘူးလို့ပြောတယ်။ ကျွန်တော်သွားချင်တဲ့ မင်္ဂလာပွဲကို သွားလို့မရတော့ပါဘူး” လို့ပြောခဲ့ပါတယ်။ သူအရမ်းချစ်ရတဲ့ အဘိုးအဘွားတွေရဲ့ ရွှေရတုပွဲကို သူအရမ်းတက်ချင်ပေမယ့် တက်ခွင့်မရတော့ပဲ အသက် ၂၂နှစ်အရွယ်မှာပဲ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားဟာ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့ပါတော့တယ်။

သူ့ရဲ့အခေါင်းဟာ အရှည် ၁၀ပေ ၉လက်မ ၊ အနံ ၂ပေ ၈လက်မ ၊ ဇောက် ၂ပေ၆လက်မ ရှိပြီး ပေါင် ၁၀၀၀ ခန့်လေးတာကြောင့် သူ့ဈာပနပွဲပြုလုပ်တဲ့အခါမှာ အခေါင်းထမ်းဖို့ လူ အယောက် ၂၀ ရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူ့ကို အော်တင်မြို့က Oakwood သင်္ချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။ သူ့ရဲ့ဖိနပ်ကို အမှတ်ရအနေနဲ့ အော်တင်ပြတိုက်မှာ ပြသထားလျှက်ရှိပါတယ်။

Leave a Reply