အာရွတုိက္ရဲ႕ ဒုတိယအႀကီးဆုံး ဂုိဘီသဲကႏာၱရႀကီး အေၾကာင္းသိေကာင္းစရာ

Posted on

ဂုိဘီသဲကႏာၱရႀကီးဟာ ကမာၻေပၚမွာ ငါးခုေျမာက္အႀကီးဆုံး အာရွမွာ ဒုတိယအႀကီးဆုံး သဲကႏာၱရႀကီးျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ အလ်ား ၉၃၂မုိင္ အနံ ၄၉၇မုိင္ စုစုေပါင္းဧရိယာကေတာ့ စတုရန္းမုိင္ ၅ေသာင္းျဖစ္ၿပီး တရုတ္ နဲ႔ မြန္ဂုိလီးယား ႏွစ္ႏုိင္ငံေပၚမွာတည္ရွိေနပါတယ္။

ဂုိဘီဟာ တခ်ိန္တုန္းက ကမာၻ႔အႀကီးဆုံးနယ္ေျမတစ္ဆက္တည္း အင္ပါယာျဖစ္တဲ့ မြန္ဂုိအင္ပါယာရဲ႕ အစိတ္အပုိင္းတစ္ခုျဖစ္ခဲ့ပါတယ္။ ဂုိဘီရဲ႕အဓိပၸါယ္ကေတာ့ ေရနည္းပါးေသာေနရာ(Waterless Place) ဆုိၿပီးျဖစ္ပါတယ္။

သဲကႏာၱရဆုိေပမယ့္ ဂုိဘီဟာ အပူပုိင္းသဲကႏာၱရမဟုတ္ပဲ အေအးပုိင္းသဲကႏာၱရတစ္ခုသာ ျဖစ္ပါတယ္။ ဒါ့အျပင္ သမုိင္းထဲက အေရးပါတဲ့ၿမဳိ႕ေတြျဖစ္ခဲ့တဲ့ Dunhuang, Hami, Old Turpan စတဲ့ ၿမဳိ႕ေတြတည္ရွိခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။ ဒီၿမဳိ႕ေတြဟာ နာမည္ေက်ာ္ပုိးလမ္းမႀကီး တစ္ေလွ်ာက္မွာ တည္ရွိခဲ့တာပါ။

တရုတ္ေတြကေတာ့ ဂုိဘီအျပင္ Sha-mo နဲ႔ Han-hal ဆုိၿပီး ဒီသဲကႏာၱရႀကီးကို ေခၚေ၀ၚၾကပါေသးတယ္။ Sha-mo က သဲကႏာၱရ လုိ႔အဓိပၸါယ္ရၿပီး Han-hal ကေတာ့ ေျခာက္ေသြ႔ေသာပင္လယ္လုိ႔ အဓိပၸါယ္ရပါတယ္။

အေအးပိုင္းသဲကႏာၱရဆုိတဲ့အတုိင္း ဂုိဘီဟာ အႏၱရာယ္ရွိတဲ့ သဲကႏာၱရတစ္ခုျဖစ္ပါတယ္။ ပုံမွန္အတုိင္းပူေနရာကေန ခ်က္ခ်င္းပဲ ေရခဲမွတ္ေအာက္က်ဆင္းသြားတတ္ၿပီး အႏာၱတိကတုိက္ကိုေရာက္သြားသလုိ ခံစားရမွာပါ။

ဒီအခ်ိန္မွာ အပူခ်ိန္က -၄၀ဒီဂရီဆဲစီးယပ္စ္အထိေတာင္ ေရာက္ရွိႏုိင္ပါတယ္။ ဒီလုိ အပူခ်ိန္ အေျပာင္းအလဲကြာျခားခ်က္ဟာ ရာသီဥတုနဲ႔မဆုိင္ပဲ ေန႔စဥ္ အခ်ိန္မေရြးျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္လည္း သဲကႏာၱရျဖစ္ေပမယ့္ မၾကာခဏႏွင္းေတြ က်ဆင္းေနတတ္ပါတယ္။ ဒီလုိ ဆီႏွင္းေတြ က်ဆင္းတာဟာ သဲကႏာၱရတိရစာၦန္ေတြရဲ႕ အသက္ရွင္ေရးကုိ ေထာက္ပံ့ေပးထားပါတယ္။

ပထမဆုံး ဒိုင္ႏုိေဆာ့ဥ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြကုိ ရွာေဖြေတြ႔ရွိခဲ့တာ ဒီဂုိဘီသဲကႏာၱရႀကီးထဲမွာ ျဖစ္ပါတယ္။ ၁၉၂၂ ကေန ၁၉၂၅ခုႏွစ္ ၾကားမွာ ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဒီရုပ္ၾကြင္း ဒုိင္ႏုိေဆာဥေတြကုိ အေမရိကန္ သဘာ၀သမုိင္းျပတုိက္မွာ ထိမ္းသိမ္းထားပါတယ္။ ဒါေၾကာင့္ ဒီေနရာဟာ တခ်ိန္ကဒုိင္ႏုိေဆာေတြ ေနခဲ့တဲ့ေနရာလုိ႔ သိရွိခဲ့ၾကၿပီး ေနာက္ထပ္လည္း ဒုိင္ႏုိေဆာေတြနဲ႔ေျခရာနဲ႔ ရုပ္ၾကြင္းေပါင္းမ်ားစြာကုိ ရွာေဖြေတြ႔ရွိခဲ့ပါေသးတယ္။

တူးေဖာ္ရရွိခဲ့ေသာ ဒုိင္ႏုိေဆာဥမ်ား

ဂုိဘီဟာ သဲကႏာၱရျဖစ္ေပမယ့္ ဒီသဲကႏာၱရထဲမွာပဲ လူဦးေရ ၅၇၀၀၀ ခန္႔ ေနထုိင္ပါတယ္။ အမ်ားစုကေတာ့ မြန္ဂုိလူမ်ဳိးေတြျဖစ္ၿပီး က်န္အနည္းငယ္ကေတာ့ ဟန္တရုတ္လူမ်ဳိးေတြပါ။ သူတုိ႔ေတြဟာ သဲကႏာၱရထဲမွာ အတည္တက်ေနထုိင္တာကုိ မႏွစ္သက္ပဲ လွည့္လည္သြားလာေနထုိင္ၾကပါတယ္။

သူတုိ႔စခန္းခ်တဲ့ေနရာမွာေတာ့ သကၠာလပ္နဲ႔ဖန္တီးထားတဲ့ မြန္ဂုိရုိးရာတဲေတြကုိ ေဆာက္လုပ္ေနထုိင္ၾကပါတယ္။ ဂိုဘီဟာ ပုံမွန္လူေတြေနထုိင္ဖို႔ မလြယ္တဲ့ ကႏာၱရျဖစ္ေပမယ့္ ေဒသခံေတြကေတာ့ ရာသီဥတုနဲ႔ တသားတည္းေနထုိင္တတ္ၾကပါတယ္။ ဂုိဘီေဒသခံေတြဟာ သဲကႏာၱရထဲကို လာလည္တဲ့ဧည့္သည္ေတြအေပၚ အလြန္ေဖာ္ေရြတတ္ၿပီး အစားအစာ နဲ႔ ေနရာထုိင္ခင္းေတြပါေပးတတ္ၾကပါတယ္။

ေဖာ္ေရြလွတဲ့ ေဒသခံမိသားစုတစ္စု

သဲကႏာၱရဆုိေပမယ့္ သဲျပင္ေတာင္ကုန္းက ၅% ပဲပါ၀င္ၿပီး ဧရိယာအစိတ္အပုိင္းရဲ႕အမ်ားစုကေတာ့ သစ္ပင္မရွိတဲ့ စတက္ျမက္ခင္းျပင္သာျဖစ္ပါတယ္။ ဒါအျပင္ ပန္းပြင့္ျမက္ခင္းျပင္ ၊ ေက်ာက္ေဆာင္ေတြ နဲ႔ ေရကန္ငယ္ေလးေတြလည္း ရွိပါတယ္။ အပင္အနည္းငယ္သာေပါက္ၿပီး တစ္ႏွစ္တာ ပ်မ္းမွ်မုိးေရခ်ိန္က ၇လက္မ၀န္းက်င္ပဲ ရွိတတ္ပါတယ္။ ဂုိဘီထဲမွာ အလွပဆုံးသဲေတာင္ကုန္းႀကီးကေတာ့ Khongoryn လုိ႔ေခၚၿပီး အျမင့္ဆုံးေနရာက ၉၈၀ေပ ခန္႔ရွိပါတယ္။

The sand dunes of Khongoryn

လူသိနည္းတဲ့အခ်က္ကေတာ့ ဂုိဘီသဲကႏာၱရမွာ ေရႊ ၊ ေၾကးနီ နဲ႔ ေက်ာက္မီးေသြးေတြ ထြက္ရွိတယ္ဆုိတာပါ။ အဲဒီအထဲက Oyu Tolgoi လုိ႔ေခၚတဲ့ မုိင္းတြင္းကေတာ့ ကမာၻေပၚမွာတတိယအႀကီးဆုံး ေရႊ နဲ႔ ေၾကးနီမုိင္းျဖစ္ပါတယ္။

ဒီ ဂုိဘီသဲကႏာၱရႀကီးထဲမွာ တိရစာၦန္ေပါင္းမ်ားစြာလည္း ေနထုိင္ၾကပါတယ္။ ႏွင္းက်ားသစ္ ၊ ဂုိဘီ၀က္၀ံ ၊ အၿမီးနက္ဒရယ္ငယ္ ၊ ေျမြပါမ်ဳိးႏြယ္၀င္ Marbled Polecat ၊ ဂုိဘီေတာဆိတ္ရုိင္း ၊ မြန္ဂုိျမည္းရုိင္း ၊ ေရႊေရာင္လင္းယုန္ငွက္ ၊ Bactrian ကုလားအုတ္ ၊ ဂုိဘီေျမြေပြး နဲ႔ ဂ်ာဗုိးအာေကာင္ စတဲ့အေကာင္ေပါင္းစုံပါ။

ဂုိဘီသဲကႏာၱရထဲတြင္ ေနထုိင္ေသာ တိရစာၦန္အခ်ဳိ႕

ဒါ့အျပင္လန္႔စရာ အေကာင္တစ္မ်ဳိးရွိပါေသးတယ္။ ဒါကေတာ့ မြန္ဂုိလီးယန္းေသမင္းတီေကာင္(Mongolian death worm) ျဖစ္ပါတယ္။ အရွည္ ၂ေပကေန ၅ေပ အထိရွိၿပီး အလြန္အဆိပ္ျပင္းတဲ့အေကာင္ပါ။ ခႏၶာကုိယ္ကုိ အက္ဆစ္ဓာတ္ျဖင့္ ဖုံးအုပ္ထားပုံရၿပီး အဆိပ္ရည္နဲ႔ အကြာအေ၀းအနည္းငယ္ကေန ျဖန္းပက္ႏုိင္ပါတယ္။ သူ႔အဆိပ္နဲ႔ ထိတဲ့အခါ အလြန္အမင္းနာက်င္ၿပီး ေသေစႏုိင္တဲ့အထိျပင္းထန္တဲ့အတြက္ေသမင္းတီေကာင္လုိ႔ နာမည္ေပးထားရျခင္းျဖစ္ပါတယ္။

Mongolian death worm


အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံး ဂိုဘီသဲကန္တာရကြီး အကြောင်းသိကောင်းစရာ (unicode)

ဂိုဘီသဲကန္တာရကြီးဟာ ကမ္ဘာပေါ်မှာ ငါးခုမြောက်အကြီးဆုံး အာရှမှာ ဒုတိယအကြီးဆုံး သဲကန္တာရကြီးဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် အလျား ၉၃၂မိုင် အနံ ၄၉၇မိုင် စုစုပေါင်းဧရိယာကတော့ စတုရန်းမိုင် ၅သောင်းဖြစ်ပြီး တရုတ် နဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပေါ်မှာတည်ရှိနေပါတယ်။

ဂိုဘီဟာ တချိန်တုန်းက ကမ္ဘာ့အကြီးဆုံးနယ်မြေတစ်ဆက်တည်း အင်ပါယာဖြစ်တဲ့ မွန်ဂိုအင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဂိုဘီရဲ့အဓိပ္ပါယ်ကတော့ ရေနည်းပါးသောနေရာ(Waterless Place) ဆိုပြီးဖြစ်ပါတယ်။

သဲကန္တာရဆိုပေမယ့် ဂိုဘီဟာ အပူပိုင်းသဲကန္တာရမဟုတ်ပဲ အအေးပိုင်းသဲကန္တာရတစ်ခုသာ ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းထဲက အရေးပါတဲ့မြို့တွေဖြစ်ခဲ့တဲ့ Dunhuang, Hami, Old Turpan စတဲ့ မြို့တွေတည်ရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ဒီမြို့တွေဟာ နာမည်ကျော်ပိုးလမ်းမကြီး တစ်လျှောက်မှာ တည်ရှိခဲ့တာပါ။

တရုတ်တွေကတော့ ဂိုဘီအပြင် Sha-mo နဲ့ Han-hal ဆိုပြီး ဒီသဲကန္တာရကြီးကို ခေါ်ဝေါ်ကြပါသေးတယ်။ Sha-mo က သဲကန္တာရ လို့အဓိပ္ပါယ်ရပြီး Han-hal ကတော့ ခြောက်သွေ့သောပင်လယ်လို့ အဓိပ္ပါယ်ရပါတယ်။

အအေးပိုင်းသဲကန္တာရဆိုတဲ့အတိုင်း ဂိုဘီဟာ အန္တရာယ်ရှိတဲ့ သဲကန္တာရတစ်ခုဖြစ်ပါတယ်။ ပုံမှန်အတိုင်းပူနေရာကနေ ချက်ချင်းပဲ ရေခဲမှတ်အောက်ကျဆင်းသွားတတ်ပြီး အန္တာတိကတိုက်ကိုရောက်သွားသလို ခံစားရမှာပါ။

ဒီအချိန်မှာ အပူချိန်က -၄ဝဒီဂရီဆဲစီးယပ်စ်အထိတောင် ရောက်ရှိနိုင်ပါတယ်။ ဒီလို အပူချိန် အပြောင်းအလဲကွာခြားချက်ဟာ ရာသီဥတုနဲ့မဆိုင်ပဲ နေ့စဉ် အချိန်မရွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း သဲကန္တာရဖြစ်ပေမယ့် မကြာခဏနှင်းတွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို ဆီနှင်းတွေ ကျဆင်းတာဟာ သဲကန္တာရတိရစ္ဆာန်တွေရဲ့ အသက်ရှင်ရေးကို ထောက်ပံ့ပေးထားပါတယ်။

ပထမဆုံး ဒိုင်နိုဆော့ဥ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဒီဂိုဘီသဲကန္တာရကြီးထဲမှာ ဖြစ်ပါတယ်။ ၁၉၂၂ ကနေ ၁၉၂၅ခုနှစ် ကြားမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီရုပ်ကြွင်း ဒိုင်နိုဆောဥတွေကို အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ ထိမ်းသိမ်းထားပါတယ်။ ဒါကြောင့် ဒီနေရာဟာ တချိန်ကဒိုင်နိုဆောတွေ နေခဲ့တဲ့နေရာလို့ သိရှိခဲ့ကြပြီး နောက်ထပ်လည်း ဒိုင်နိုဆောတွေနဲ့ခြေရာနဲ့ ရုပ်ကြွင်းပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

ဂိုဘီဟာ သဲကန္တာရဖြစ်ပေမယ့် ဒီသဲကန္တာရထဲမှာပဲ လူဦးရေ ၅၇၀၀၀ ခန့် နေထိုင်ပါတယ်။ အများစုကတော့ မွန်ဂိုလူမျိုးတွေဖြစ်ပြီး ကျန်အနည်းငယ်ကတော့ ဟန်တရုတ်လူမျိုးတွေပါ။ သူတို့တွေဟာ သဲကန္တာရထဲမှာ အတည်တကျနေထိုင်တာကို မနှစ်သက်ပဲ လှည့်လည်သွားလာနေထိုင်ကြပါတယ်။

သူတို့စခန်းချတဲ့နေရာမှာတော့ သက္ကာလပ်နဲ့ဖန်တီးထားတဲ့ မွန်ဂိုရိုးရာတဲတွေကို ဆောက်လုပ်နေထိုင်ကြပါတယ်။ ဂိုဘီဟာ ပုံမှန်လူတွေနေထိုင်ဖို့ မလွယ်တဲ့ ကန္တာရဖြစ်ပေမယ့် ဒေသခံတွေကတော့ ရာသီဥတုနဲ့ တသားတည်းနေထိုင်တတ်ကြပါတယ်။ ဂိုဘီဒေသခံတွေဟာ သဲကန္တာရထဲကို လာလည်တဲ့ဧည့်သည်တွေအပေါ် အလွန်ဖော်ရွေတတ်ပြီး အစားအစာ နဲ့ နေရာထိုင်ခင်းတွေပါပေးတတ်ကြပါတယ်။

သဲကန္တာရဆိုပေမယ့် သဲပြင်တောင်ကုန်းက ၅% ပဲပါဝင်ပြီး ဧရိယာအစိတ်အပိုင်းရဲ့အများစုကတော့ သစ်ပင်မရှိတဲ့ စတက်မြက်ခင်းပြင်သာဖြစ်ပါတယ်။ ဒါအပြင် ပန်းပွင့်မြက်ခင်းပြင် ၊ ကျောက်ဆောင်တွေ နဲ့ ရေကန်ငယ်လေးတွေလည်း ရှိပါတယ်။ အပင်အနည်းငယ်သာပေါက်ပြီး တစ်နှစ်တာ ပျမ်းမျှမိုးရေချိန်က ၇လက်မဝန်းကျင်ပဲ ရှိတတ်ပါတယ်။ ဂိုဘီထဲမှာ အလှပဆုံးသဲတောင်ကုန်းကြီးကတော့ Khongoryn လို့ခေါ်ပြီး အမြင့်ဆုံးနေရာက ၉၈၀ပေ ခန့်ရှိပါတယ်။

လူသိနည်းတဲ့အချက်ကတော့ ဂိုဘီသဲကန္တာရမှာ ရွှေ ၊ ကြေးနီ နဲ့ ကျောက်မီးသွေးတွေ ထွက်ရှိတယ်ဆိုတာပါ။ အဲဒီအထဲက Oyu Tolgoi လို့ခေါ်တဲ့ မိုင်းတွင်းကတော့ ကမ္ဘာပေါ်မှာတတိယအကြီးဆုံး ရွှေ နဲ့ ကြေးနီမိုင်းဖြစ်ပါတယ်။

ဒီ ဂိုဘီသဲကန္တာရကြီးထဲမှာ တိရစ္ဆာန်ပေါင်းများစွာလည်း နေထိုင်ကြပါတယ်။ နှင်းကျားသစ် ၊ ဂိုဘီဝက်ဝံ ၊ အမြီးနက်ဒရယ်ငယ် ၊ မြွေပါမျိုးနွယ်ဝင် Marbled Polecat ၊ ဂိုဘီတောဆိတ်ရိုင်း ၊ မွန်ဂိုမြည်းရိုင်း ၊ ရွှေရောင်လင်းယုန်ငှက် ၊ Bactrian ကုလားအုတ် ၊ ဂိုဘီမြွေပွေး နဲ့ ဂျာဗိုးအာကောင် စတဲ့အကောင်ပေါင်းစုံပါ။

ဒါ့အပြင်လန့်စရာ အကောင်တစ်မျိုးရှိပါသေးတယ်။ ဒါကတော့ မွန်ဂိုလီးယန်းသေမင်းတီကောင်(Mongolian death worm) ဖြစ်ပါတယ်။ အရှည် ၂ပေကနေ ၅ပေ အထိရှိပြီး အလွန်အဆိပ်ပြင်းတဲ့အကောင်ပါ။ ခန္ဓာကိုယ်ကို အက်ဆစ်ဓာတ်ဖြင့် ဖုံးအုပ်ထားပုံရပြီး အဆိပ်ရည်နဲ့ အကွာအဝေးအနည်းငယ်ကနေ ဖြန်းပက်နိုင်ပါတယ်။ သူ့အဆိပ်နဲ့ ထိတဲ့အခါ အလွန်အမင်းနာကျင်ပြီး သေစေနိုင်တဲ့အထိပြင်းထန်တဲ့အတွက်သေမင်းတီကောင်လို့ နာမည်ပေးထားရခြင်းဖြစ်ပါတယ်။

Leave a Reply