လူသိနည္းသြားၿပီျဖစ္တဲ့ လ်ဳိ႕၀ွက္စာေရးနည္းမ်ား

Posted on

ေရးသားသူ – Mr.Vampire(ျမန္မာမိသားစု)

ဒီနည္းေလးေတြက အခုေခတ္မွာ သိတဲ့သူအင္မတန္ရွားပါးေနပါျပီ။ ဒါေၾကာင့္ က်ြန္ေတာ္လက္လွမ္းမွီသေလာက္ ေလ့လာရင္း ျပန္လည္ေ၀မ်ွေပးလိုက္ပါတယ္။ ဒီလိုေ၀မွ်ေပးလိုက္လို့ မသိေသးတဲ့သူေတြအတြက္ပဲ ျဖစ္ျဖစ္ ဗဟုသုတရသြားတယ္ဆိုရင္ပဲ ကြ်န္ေတာ္ေက်နပ္ပါတယ္။ ကြ်န္ေတာ္တင္ျပေပးမယ့္ စာေရးနည္းေတြကေတာ့……

(၁) ပိတုန္းပ်ံ၀ဲ ေရးနည္းဖတ္နည္း
(၂) ၀ါးခြဲ ေရးနည္းဖတ္နည္း
(၃) ရင္ေစ့ ေရးနည္းဖတ္နည္း

(၄) ရင္ခြဲ ေရးနည္းဖတ္နည္း
(၅) ငေျပတက္သက္ ေရးနည္းဖတ္နည္း
(၆) သု၀ဏၰလိပ္ ေရးနည္းဖတ္နည္း

တို့ပဲျဖစ္ပါတယ္။

(၁) ပိတုန္းပ်ံ၀ဲ ေရးနည္းဖတ္နည္း

အဆံုးအကၡရာကစျပီး (၂) လံုးေက်ာ္ ပိတုန္းပ်ံ၀ဲသကဲ့သို့ ဖတ္ျပီးလ်ွင္ အစအကၡရာ (၃) လံုး၌ အဆံုးသက္၍ ေရးရဖတ္ရမည္။

ေရးနည္း ။ ။ လွည့္ပါဆြတ္ ၾကည့္ေန၀န္း ရွဳမင္းရံ တူ၀ျခံေန ေရႊေရႊသည္ေန၌ မၺဴဌာယံဇ က်ြန္းကမ္းဆင္း ေရႊေရႊသူကို ၾကံရပ္ပန္းဆင္း ေျမႏြယ္ေခ်ာင္း ေရႊေရႊေရႊ ။ ။

ဖတ္နည္း ။ ။ ေရႊေခ်ာင္းစင္းၾကံ ေရႊကမ္းယံ၌ ေရႊျခံရံ၀န္း ေရႊႏြယ္ပန္းကို ေရႊကြ်န္းဌာန ေရႊ၀မင္းေန ေရႊေျမရပ္သူ ဆင္းဇမၺဴသည္ ေနတူရွဳၾကည့္ ဆြတ္ပါလွည့္ ။ ။

(၂) ၀ါးခြဲ ေရးနည္းဖတ္နည္း

အလယ္အကၡရာကစ၍ ဓါးခြဲသကဲ့သို့ ေရွ့ေနာက္တစ္လံုးစီ တိုးသျဖင့္ အဆံုးအကၡရာ၌ အစသက္၍ ေရးဖတ္ရမည္။

ေရးနည္း ။ ။ ေစတံ့ရွည္ အ၀ရမ္စု မိျမန္မာသား ဖိုထာရ ဓြန့္တည္ပါ။ ။

ဖတ္နည္း ။ ။ ျမန္မာမိသားစုဖိုရမ္ ထာ၀ရ အဓြန့္ရွည္ တည္တံံ့ပါေစ။ ။

(၃) ရင္ေစ့ ေရးနည္းဖတ္နည္း

အရင္းတစ္လံုး ၊ အဖ်ားတစ္လံုး ဘယ္ျပန္ညာျပန္ ဖတ္၍ အလယ္အကၡရာတြင္ အဆံုသတ္ရမည္။

ေရးနည္း ။ ။ မွန္ခ်ပ္ျပရွိ လိုတေကာင္းခ်ိန္ ပင္မွားႏုိင္သည္ ပါရွိအမွာ ေနရားကံသ ဒါးမွာတစ္။ ။

ဖတ္နည္း ။ ။ မွန္တစ္ခ်ပ္မွာ ျပဒါးရွိသလို ကံတရားေကာင္းေနခ်ိန္မွာပင္ အမွားရွိႏုိင္ပါသည္။ ။

(၄) ရင္ခြဲေရးနည္းဖတ္နည္း

၀ါးခြဲေရးနည္းႏွင့္သေဘာတူသည္။

ေရးနည္း ။ ။ တယ္ၾကီးအတတ္ ေအာင္တိုင္ကို အအကိုယ္တာ ေအာင္ျမင္သူ အရည္ပိုင္ မိမိကိုယ္စြမ္းကိုျခားမ်ားသာ ျပထက္ပိုင္ရည္ခ်င္း ကိုယ္ျမင္ၾကည့္ဖို့ေရးပါ။ ။

ဖတ္နည္း ။ ။ မိမိကိုယ္ပိုင္စြမ္းရည္ကို အျခားသူမ်ားျမင္သာေအာင္ ျပတာထက္ ကိုယ္ပိုင္အရည္အခ်င္းကို ကိုယ္တိုင္ျမင္ေအာင္ ၾကည့္တတ္ဖို့အေရးၾကီးပါတယ္။

(၅) ငေျပတက္သက္ေရးနည္း

အစအကၡရာကစျပီး တစ္လံုးေက်ာ္ ၊ အဆံုးအကၡရာ ေနာက္အကၡရာတစ္လံုးေက်ာ္ ေရးရ ၊ ဖတ္ရမည္။

ေရးနည္း ။ ။ ေရႊသိအမွ ေၾကာင္းေပါင္းဖေၾကာင္းေယာင္း အမွလူသိ ။

ဖတ္နည္း ။ ။ ေရႊအေၾကာင္းဖေယာင္းမွသိ လူအေၾကာင္းေပါင္းမွသိ ။

(၆)သု၀ဏလိပ္ ေရးနည္းဖတ္နည္း

အဆံုးအကၡရာရဲ့ေရွ့ျဖစ္တဲ့ အကၡရာကစျပီး အျပန္ဖတ္ျပီး အဆံုးအကၡရာ၌အစသက္၍ ေရးဖတ္ရမည္။

ေရးနည္း ။ ။ကိုႏွယ္ဇူမည္ မုန္းဂဆုံုးၾကိဳင္ ေမႊးပ်ံ႕သည္ေပး၍ ကံုးေလးျမတ္မက္စံု ႏွင့္လက္ခင္ သရက္ေခါက္ရည္းတင့္လည္းေသာ္ရပန္မွ။

ဖတ္နည္း ။ ။ ပန္ရေသာ္လည္း တင့္ရည္းေခါက္ရက္ သခင္လက္ႏွင့္ စံုမက္ျမတ္ေလး ကံုး၍ေပးသည္ပ်ံ႕ေမႊးၾကိဳင္ဆံုး ဂမုန္းမဥၨဴ ႏွယ္ကိုမွ။

ဗဟုသုတ အနည္းငယ္ေတာ့ ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္

Mr.Vampire
ၿမန္မာမိသားစု


လူသိနည်းသွားပြီဖြစ်တဲ့ လျို့ဝှက်စာရေးနည်းများ (unicode)

ရေးသားသူ – Mr.Vampire(မြန်မာမိသားစု)

ဒီနည်းလေးတွေက အခုခေတ်မှာ သိတဲ့သူအင်မတန်ရှားပါးနေပါပြီ။ ဒါကြောင့် ကျွန်တော်လက်လှမ်းမှီသလောက် လေ့လာရင်း ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။ ဒီလိုဝေမျှပေးလိုက်လို့ မသိသေးတဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ် ဗဟုသုတရသွားတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တင်ပြပေးမယ့် စာရေးနည်းတွေကတော့……

(၁) ပိတုန်းပျံဝဲ ရေးနည်းဖတ်နည်း
(၂) ဝါးခွဲ ရေးနည်းဖတ်နည်း
(၃) ရင်စေ့ ရေးနည်းဖတ်နည်း

(၄) ရင်ခွဲ ရေးနည်းဖတ်နည်း
(၅) ငပြေတက်သက် ရေးနည်းဖတ်နည်း
(၆) သုဝဏ္ဏလိပ် ရေးနည်းဖတ်နည်း

တို့ပဲဖြစ်ပါတယ်။

(၁) ပိတုန်းပျံဝဲ ရေးနည်းဖတ်နည်း

အဆုံးအက္ခရာကစပြီး (၂) လုံးကျော် ပိတုန်းပျံဝဲသကဲ့သို့ ဖတ်ပြီးလျှင် အစအက္ခရာ (၃) လုံး၌ အဆုံးသက်၍ ရေးရဖတ်ရမည်။

ရေးနည်း ။ ။ လှည့်ပါဆွတ် ကြည့်နေဝန်း ရှုမင်းရံ တူ၀ခြံနေ ရွှေရွှေသည်နေ၌ မ္ဗူဌာယံဇ ကျွန်းကမ်းဆင်း ရွှေရွှေသူကို ကြံရပ်ပန်းဆင်း မြေနွယ်ချောင်း ရွှေရွှေရွှေ ။ ။

ဖတ်နည်း ။ ။ ရွှေချောင်းစင်းကြံ ရွှေကမ်းယံ၌ ရွှေခြံရံဝန်း ရွှေနွယ်ပန်းကို ရွှေကျွန်းဌာန ရွှေဝမင်းနေ ရွှေမြေရပ်သူ ဆင်းဇမ္ဗူသည် နေတူရှုကြည့် ဆွတ်ပါလှည့် ။ ။

(၂) ဝါးခွဲ ရေးနည်းဖတ်နည်း

အလယ်အက္ခရာကစ၍ ဓါးခွဲသကဲ့သို့ ရှေ့နောက်တစ်လုံးစီ တိုးသဖြင့် အဆုံးအက္ခရာ၌ အစသက်၍ ရေးဖတ်ရမည်။

ရေးနည်း ။ ။ စေတံ့ရှည် အဝရမ်စု မိမြန်မာသား ဖိုထာရ ဓွန့်တည်ပါ။ ။

ဖတ်နည်း ။ ။ မြန်မာမိသားစုဖိုရမ် ထာဝရ အဓွန့်ရှည် တည်တံ့ပါစေ။ ။

(၃) ရင်စေ့ ရေးနည်းဖတ်နည်း

အရင်းတစ်လုံး ၊ အဖျားတစ်လုံး ဘယ်ပြန်ညာပြန် ဖတ်၍ အလယ်အက္ခရာတွင် အဆုံသတ်ရမည်။

ရေးနည်း ။ ။ မှန်ချပ်ပြရှိ လိုတကောင်းချိန် ပင်မှားနိုင်သည် ပါရှိအမှာ နေရားကံသ ဒါးမှာတစ်။ ။

ဖတ်နည်း ။ ။ မှန်တစ်ချပ်မှာ ပြဒါးရှိသလို ကံတရားကောင်းနေချိန်မှာပင် အမှားရှိနိုင်ပါသည်။ ။

(၄) ရင်ခွဲရေးနည်းဖတ်နည်း

ဝါးခွဲရေးနည်းနှင့်သဘောတူသည်။

ရေးနည်း ။ ။ တယ်ကြီးအတတ် အောင်တိုင်ကို အအကိုယ်တာ အောင်မြင်သူ အရည်ပိုင် မိမိကိုယ်စွမ်းကိုခြားများသာ ပြထက်ပိုင်ရည်ချင်း ကိုယ်မြင်ကြည့်ဖို့ရေးပါ။ ။

ဖတ်နည်း ။ ။ မိမိကိုယ်ပိုင်စွမ်းရည်ကို အခြားသူများမြင်သာအောင် ပြတာထက် ကိုယ်ပိုင်အရည်အချင်းကို ကိုယ်တိုင်မြင်အောင် ကြည့်တတ်ဖို့အရေးကြီးပါတယ်။

(၅) ငပြေတက်သက်ရေးနည်း

အစအက္ခရာကစပြီး တစ်လုံးကျော် ၊ အဆုံးအက္ခရာ နောက်အက္ခရာတစ်လုံးကျော် ရေးရ ၊ ဖတ်ရမည်။

ရေးနည်း ။ ။ ရွှေသိအမှ ကြောင်းပေါင်းဖကြောင်းယောင်း အမှလူသိ ။
ဖတ်နည်း ။ ။ ရွှေအကြောင်းဖယောင်းမှသိ လူအကြောင်းပေါင်းမှသိ ။

(၆)သုဝဏလိပ် ရေးနည်းဖတ်နည်း

အဆုံးအက္ခရာရဲ့ရှေ့ဖြစ်တဲ့ အက္ခရာကစပြီး အပြန်ဖတ်ပြီး အဆုံးအက္ခရာ၌အစသက်၍ ရေးဖတ်ရမည်။

ရေးနည်း ။ ။ကိုနှယ်ဇူမည် မုန်းဂဆုံးကြိုင် မွှေးပျံ့သည်ပေး၍ ကုံးလေးမြတ်မက်စုံ နှင့်လက်ခင် သရက်ခေါက်ရည်းတင့်လည်းသော်ရပန်မှ။

ဖတ်နည်း ။ ။ ပန်ရသော်လည်း တင့်ရည်းခေါက်ရက် သခင်လက်နှင့် စုံမက်မြတ်လေး ကုံး၍ပေးသည်ပျံ့မွှေးကြိုင်ဆုံး ဂမုန်းမဥ္ဇူ နှယ်ကိုမှ။

ဗဟုသုတ အနည်းငယ်တော့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်

Mr.Vampire
မြန်မာမိသားစု

Leave a Reply