စစ္မွန္ေသာေပါင္းသင္းဆက္ဆံေရး ရရွိလုိသူမ်ား သိထားသင့္တဲ့ အခ်က္ ၂၀

Posted on

ေရးသားသူ – သိဂၤါေက်ာ္(ႏွင္းဆီတစ္ခင္း ပန္းတစ္ျခင္း)

မိသားစုု ဆိုုသည္မွာ ေသြးသားစစ္စစ္မွ မဟုုတ္ပါ။ သင့္ကုိ သူတိုု႕ဘဝထဲမွာ တန္ဖိုုးထားျပီး ပါဝင္ေစခဲ့သူမ်ား၊ သင့္ ခႏၶာကိုုယ္ က်န္းမာေရး၊ သင့္ စိတ္ဓါတ္ စြမ္းအား ထက္သန္မႈ တိုု႕ကိုု တိုုးတက္ေစသူမ်ား၊ သင္ လက္ရွိ ဘယ္သူလဲ ဆိုုတာကိုု စိတ္ေရာ ကိုုယ္ပါ လိႈက္လိႈက္လွဲလွဲ လက္ခံျပီး သင္လိုုအပ္တာကိုု ေထာက္ပံ့ေပးသူမ်ား…။ ထိုုကဲ့သိုု႕ေသာ သူမ်ားသည္ သင္၏ မိသားစုုဝင္ ရင္းခ်ာ ဟုုတ္သည္ျဖစ္ေစ၊ မဟုုတ္သည္ျဖစ္ေစ အမွန္တကယ္ ေပါင္းသင္းသင့္သူမ်ား ျဖစ္ပါ၏။

ေအာက္ပါ အခ်က္မ်ားမွာ ထိုုကဲ့သိုု႕ စစ္မွန္ ထူးျခားေသာ ဆက္ဆံေရးကိုု ရွာေဖြ ျပဳစုုပ်ိဳးေထာင္ရန္ အတြက္ ျဖစ္ပါသည္။

၁။ မေကာင္းျမင္တတ္သူမ်ားထံမွ ဖယ္ခြာပါ။

ဥာဏ္ရွိသူ၊ အလုုပ္လုုပ္သူ၊ အေတြးအၾကံတူသူ လူေကာင္းမ်ားႏွင့္သာ ေပါင္းသင္းပါ။ သင့္ကိုု ကူညီမယ့္ ဆက္ဆံေရးသာ ျဖစ္သင့္ျပီး သင့္ကို နာက်င္ေစမယ့္ ဆက္ဆံေရး မျဖစ္သင့္ပါ။ သင့္နံေဘးတြင္ သင္ျဖစ္ခ်င္ေသာ လူပုုဂၢိဳလ္မ်ိဳးကိုုသာ ဝန္းရံေနပါေစ။ သင္အေနႏွင့္ သိကၽြမ္းရတာ ဂုုဏ္ယူစရာေကာင္းသူ၊ သင္က ေလးစားသူ၊ သင့္ကိုု ခ်စ္ခင္ေလးစားသူ – သင့္တစ္ေန႕တာကိုု အနည္းငယ္ေလးပဲ ျဖစ္ျဖစ္ ရိုုးစင္းစြာ ေတာက္ပေစနိုုင္ေသာ သူငယ္ခ်င္းမ်ားကိုုသာ ေရြးခ်ယ္ပါ။ သင့္ကိုု မေပ်ာ္ရႊင္ေအာင္လုုပ္မယ့္ လူမ်ားနဲ႕ အခ်ိန္ကုုန္ေစဖိုု႕အတြက္ ဘဝဟာ တိုုေတာင္းလြန္းပါတယ္။

၂။ သြားျပီးသား သူမ်ား ထြက္သြားပါေစ။

ဝမ္းနည္းစရာေကာင္းတဲ့ အမွန္တရားတစ္ခုုက သင့္ဆီမွာ သူတိုု႕ လိုုခ်င္တာ ရွိေနသေရြ႕ပဲ သင့္အနားမွာ ရွိေနမယ့္ လူတစ္ခ်ိဳ႕ ရွိေနတာပါပဲ။ သင္က သူတိုု႕ကိုု မျဖည့္ဆည္းေပးနိုုင္တဲ့ အခ်ိန္မွာ သူတိုု႕ ထြက္ခြာသြားမွာပါ။ သတင္းေကာင္းကေတာ့ သင့္ကိုု နာက်င္ေစတဲ့ အဲဒီ ေပါင္းပင္လိုု လူေတြ သင့္ဘဝထဲက ထြက္ခြာသြားျပီးတဲ့အခါ သင့္မွာ လူေကာင္းတစ္ခ်ိဳ႕ က်န္ခဲ့တာကိုုပါ။ ကၽြန္ေတာ္တိုု႕ ရွားရွားပါးပါး အျဖစ္နဲ႕ သူငယ္ခ်င္းေတြ ခ်စ္သူေတြ ဆံုုးရံႈး ျပီးတဲ့အခါ ဘယ္သူက အစစ္အမွန္လဲ ဆိုုတာ ရွာေဖြေတြ႕ရွိတတ္ပါတယ္။ အဲဒါေၾကာင့္ လူေတြ သင့္ဆီက ထြက္ခြာသြားၾကတဲ့အခါ သူတိုု႕ သြားၾကပါေစ..။ သင့္ကိုု ခ်န္ထားရစ္ခဲ့သူေတြကိုု ခ်ည္ေႏွာင္ထားႏိုုင္စြမ္း သင့္မွာ ဘယ္ေတာ့မွ ရွိမွာ မဟုုတ္ပါဘူး။ ဆိုုလိုုတာက သူတိုု႕ဟာ ဆိုုးတဲ့လူေတြ ဟုုတ္ခ်င္မွ ဟုုတ္မယ္။ သင့္ပံုုျပင္ထဲမွာ သူတိုု႕ ပါဝင္တဲ့ အပိုုင္းက ျပီးဆံုုးသြားျပီ ဆိုုတာပါပဲ။

၃။ သင္မသိတဲ့ လူေတြကိုု မွ်တတဲ့ အခြင့္အလမ္း ေပးပါ။

သင္ လူတစ္ေယာက္ကိုု ၾကည့္တဲ့အခါ – ဘယ္သူပဲ ျဖစ္ျဖစ္ လူတိုုင္းမွာ ပံုုျပင္တစ္ပုုဒ္ ရွိတယ္ဆိုုတာ သတိရပါ။ လူတိုင္းမွာ သူတိုု႕ကိုု ေျပာင္းလဲေစခဲ့တဲ့ တစ္စံုုတစ္ရာကိုု ျဖတ္သန္းခဲ့ရတယ္။ သူတိုု႕ ၾကီးျပင္းလာဖိုု႕ တြန္းအားေပးခဲ့တဲ့ တစ္စံုုတစ္ရာ ရွိခဲ့တယ္။ သင္သာ သူတိုု႕ကိုု အခြင့္အလမ္းတစ္ခုု ေပးရင္ သူတိုု႕မွာလည္း ထူးျခားတဲ့ တစ္စံုုတစ္ရာကိုု ျပန္ေပးဖိုု႕ ရွိပါတယ္။ အဲဒါေၾကာင့္ ဆက္ဆံေရး အေဟာင္းက ၾကာရွည္ အဆင္မေျပေတာ့ဘူး ဆိုုတဲ့အခါ ဆက္ဆံေရး အသစ္ကိုု စတင္ၾကည့္ပါ။ မရင္းႏွီးတဲ့ နယ္ပယ္ထဲကိုု ဝင္သြားေနတယ္ဆိုုတာ သိေနရင္းနဲ႕ပဲ ေပါင္းသင္းဆက္ဆံေရး အသစ္ကိုု ထိေတြ႕ပါ။ သင္ယူေလ့လာဖိုု႕၊ စိန္ေခၚဖိုု႕၊ သင့္ဘဝကိုု ေျပာင္းလဲေစမယ့္ တစ္စံုုတစ္ေယာက္ကိုု ေတြ႕ဖိုု႕ အစဥ္အျမဲ အသင့္ရွိေနပါ။

၄။ လူတိုုင္းကိုု ၾကင္နာပါ၊ ေလးစားပါ။

သင့္အေပၚမွာ ရိုုင္းျပတဲ့ လူပင္ ျဖစ္ပါေစ၊ လူတိုုင္းကိုု ၾကင္ၾကင္နာနာ ဆက္ဆံျပီး ရိုုေသေလးစားပါ။ သူတိုု႕ မေကာင္းေသာ္လည္း သင္ကေတာ့ ေကာင္းရပါမယ္။ ရိုုေသေလးစားထိုုက္သူ ရယ္လိုု႕ ခြဲျခား သတ္မွတ္ရိုုးမရွိပါ။ လူတိုုင္းကိုု အဆင့္အတန္း တေျပးညီ သတ္မွတ္၍ ေကာင္းမြန္စြာ ဆက္ဆံပါ။ လူေတြက သင့္ရဲ႕ ၾကင္နာမႈကိုု သတိထားမိ လာၾကမွာပါ။

၅။ လူမ်ားကိုု သူတိုု႕ရဲ႕ အရွိအတိုုင္း လက္ခံပါ။

မ်ားေသာအားျဖင့္ သူတိုု႕ကိုု ေျပာင္းလဲဖိုု႕ ဆိုုတာ မျဖစ္နိုုင္တဲ့ ကိစၥပါ။ အဲဒါေၾကာင့္ သင့္ကိုုယ္သင္ မလိုုအပ္ပဲ စိတ္ပင္ပန္းမႈ အျဖစ္မခံပါနဲ႕။ တစ္ျခားလူေတြကိုု ေျပာင္းလဲဖိုု႕ ၾကိဳးစားတာထက္ သူတိုု႕ကိုု သင္ကပဲ အေထာက္အပံ့ ေပးလိုုက္ပါ။ ဥပမာ အေနနဲ႕ ေရွ႕ေဆာင္လမ္းျပ ျပဳလိုုက္ပါ။

၆။ သူတစ္ပါးကိုု အားေပးေထာက္ပံ့ပါ။ ေကာင္းခ်ီးေပးပါ။

သင့္နံေဘးက အေပါင္းအသင္းမ်ား ရွိေနျခင္းရဲ႕ အံၾသစရာေကာင္းမႈကိုု အသိအမွတ္ျပဳ တန္ဖိုုးထားျခင္းက ေကာင္းမြန္တဲ့ ေနရာဌာနမ်ား- ထုုတ္လုုပ္ဖန္တီးနိုုင္ေသာ၊ ေက်နပ္နွစ္သိမ့္မႈ ေပးစြမ္းနိုုင္ေသာ၊ ေအးခ်မ္းေသာ ေနရာမ်ား ကိုု ဦးတည္ေစမွာပါ။ အဲဒါေၾကာင့္ အဲဒီအတြက္ တိုုးတက္မႈကိုု ျဖစ္ေစတဲ့ အဲဒီလူမ်ား အတြက္ ေပ်ာ္ရႊင္စြာေနပါ။ သူတိုု႕ ေအာင္ျမင္မႈေတြ အတြက္ ဝမ္းေျမာက္ေၾကာင္းေျပာေပးပါ။ သူတိုု႕ရဲ႕ ခ်ီးက်ဴးမႈေတြ အတြက္ ပြင့္လင္းစြာ ေက်းဇူးတင္ေၾကာင္း ေျပာပါ။ သြားတဲ့ အရာေတြက ျပန္လာတတ္ပါတယ္။ လူအမ်ားကိုု သင္က ဝမ္းေျမာက္ဝမ္းသာ ေကာင္းခ်ီးေပးမႈက ေနာင္တစ္ခ်ိန္မွာ သင့္အတြက္ ေကာင္းခ်ီးေပးမႈအေနနဲ႕ ေရာက္လာမွာပါ။

၇။ မျပည့္စံုုလွတဲ့ သင္ကိုုယ္တိုုင္ရဲ႕ ျပည့္စံုုမႈ

သင့္ကိုုသင္ တစ္ျခားတစ္ေယာက္လိုု ျဖစ္ေအာင္ ၾကိဳးစားေနတဲ့ ဒီလိုု ရူးသြပ္တဲ့ ကမၻာၾကီးမွာ သင့္ရဲ႕ ေကာင္းမြန္မႈကိုု စြမ္းနိုုင္သမွ် ထိန္းသိမ္းတယ္။ အဲဒီေတာ့ သူတိုု႕က သင္ရဲ႕ မတူညီမႈေတြအတြက္ သင့္ကိုု ရယ္ေမာတယ္၊ သင္ကလည္း အဲဒီလိုုပဲ သူတိုု႕ကိုု ျပန္ရယ္ေမာတယ္။ သင့္ကို ျပံဳးေစတဲ့ လူေတြနဲ႕ အခ်ိန္မ်ားမ်ား အတူေနပါ။ သင့္ကိုု စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ လူေတြနဲ႕ အခ်ိန္နည္းနည္းပဲ ေနပါ။ ကၽြန္ေတာ္တိုု႕ဟာ လူတိုုင္းအတြက္ ျပည့္စံုုသူ ျဖစ္မေပးနိုုင္ပါဘူး။ ကၽြန္ေတာ္တိုု႕ဟာ ကၽြန္ေတာ္တိုု႕ကိုု သိဖိုု႕ အခ်ိန္ယူၾကိဳးစားေပးတဲ့ တစ္ခ်ိဳ႕လူနည္းနည္းအတြက္၊ ကၽြန္ေတာ္တိုု႕ကိုု ခ်စ္တဲ့ လူအနည္းငယ္ အတြက္ပဲ ျပည့္စံုုတဲ့သူ ျဖစ္နိုုင္မွာပါ။ အဲဒီ လက္ေရြးစင္ လူတစ္ခ်ိဳ႕က ကၽြန္ေတာ္တိုု႕ရဲ႕ မျပည့္စံုုလွတဲ့ ျပည့္စံုုမႈကိုုပဲ ခ်စ္ၾကတာပါ။

၈။ လူမ်ားကိုု ခြင့္လႊတ္ျပီး ေရွ႕ဆက္တိုုးပါ။

သင့္အသည္းႏွလံုုးထဲမွာ အမုုန္းတရားေတြ ထည့္ထားျပီး သင့္ဘဝကိုု မေနပါနဲ႕။ သင္မုုန္းတဲ့ လူေတြထက္ သင့္ကိုုယ္သင္ ပိုုမိုု နာက်င္ေစပါလိမ့္မယ္။ ခြင့္လႊတ္ျခင္းဆိုုတာ “မင္း ငါ့ကိုု လုုပ္ခဲ့တဲ့ ကိစၥက အိုုေကပါတယ္” လိုု႕ ေျပာတာ မဟုုတ္ပါဘူး။ “မင္းလုုပ္ခဲ့တဲ့ အရာ အတြက္ ငါ့ေပ်ာ္ရႊင္မႈကိုု ထာဝရ ပ်က္စီးေအာင္ လုုပ္ခြင့္မျပဳဘူး” လိုု႕ ဆိုုလိုုတာပဲ ျဖစ္ပါတယ္။ ခြင့္လႊတ္ျခင္းဟာ ကုုစားျခင္းပါပဲ။ သင့္ရဲ႕ အတိတ္ကိုု ဖ်က္ဆီးပစ္ရမယ္၊ ဘာျဖစ္ခဲ့တယ္ ဆိုုတာ ေမ့ပစ္လိုုက္ရမယ္ လိုု႕ ဆိုုလိုုတာ မဟုုတ္ပါဘူး။ ခါးသီး နာက်ည္းမႈေတြကိုု ထြက္သြားေစဖိုု႕ ဆိုုလိုုတာပါ။ အဲဒီအစား မေတာ္တဆမႈကေန သင္ခန္းစာ ယူျပီး သင့္ဘဝကိုု ေရွ႕ဆက္ေလွ်ာက္ဖိုု႕ပါ။ သင့္ကိုု နာက်င္ေစခဲ့သူေတြကိုု မုုန္းေနတဲ့ အခ်ိန္ေတြ ေလ်ာ့လာတဲ့အခါ သင့္ကိုု ခ်စ္တဲ့သူေတြအတြက္ အခ်ိန္ေတြ ပိုုေပးလာနိုုင္တာကိုု သတိရပါ။

၉။ ေန႕တိုုင္း တစ္ျခားသူေတြအတြက္ နည္းနည္းေလာက္ လုုပ္ေဆာင္ေပးပါ။

တစ္ခါတစ္ရံမွာ အေသးအဖြဲ အရာေလးေတြက တစ္ျခားသူေတြရဲ႕ အသည္းႏွလံုုးမွာ အၾကီးမားဆံုုး အစိတ္အပိုုင္း ျဖစ္သြားနိုုင္ပါတယ္။ သင္ဟာ လူတိုုင္းအတြက္ အရာရာတိုုင္းကိုု လုုပ္ေဆာင္မေပးနိုုင္ပါဘူး။ ဒါေပမယ့္ လူအနည္းစုုအတြက္ေတာ့ အရာရာတိုုင္း ျဖစ္ေအာင္ လုုပ္ေပးနိုုင္ပါတယ္။ အဲဒီ သင့္ဘဝထဲက လူတစ္ခ်ိဳ႕က ဘယ္သူေတြ ဆိုုတာ ဆံုုးျဖတ္ေရြးခ်ယ္ျပီး သူတိုု႕ကိုု သစၥာရွိရွိ ဆက္ဆံပါ။

၁၀။ သင့္ရဲ႕ သူငယ္ခ်င္း အစစ္အမွန္ ေတြကိုု ဂရုုစိုုက္ေပးပါ။

ကၽြန္ေတာ္တိုု႕ ၾကီးျပင္းလာတဲ့အခါ သူငယ္ခ်င္း အေရအတြက္ မ်ားဖိုု႕ထက္ စစ္မွန္တဲ့ သူငယ္ခ်င္း ရွိဖိုု႕က ပိုုျပီး အေရးၾကီးတယ္ ဆိုုတာ စဥ္းစားတတ္လာပါတယ္။ ဘဝဆိုုတာ ပါတီပြဲ တစ္ခုုလိုုပါပဲ။ သင္ လူအမ်ားၾကီး ဖိတ္တယ္၊ တစ္ခ်ိဳ႕က ေစာေစာ ျပန္သြားတယ္၊ တစ္ခ်ိဳ႕က တစ္ညလံုုး ေနတယ္၊ တစ္ခ်ိဳ႕က သင္နဲ႕ အတူရယ္ေမာတယ္၊ တစ္ခ်ိဳ႕က သင့္ကိုု ရယ္ေမာတယ္။ ေပ်ာ္ပြဲ ျပီးဆံုုးခ်ိန္မွာေတာ့ သင့္ကိုု အမိႈက္ေတြ အရႈပ္အပြေတြ ကူညီျပီး ရွင္းလင္း ေပးမယ့္သူက နည္းနည္းပဲ က်န္ခဲ့ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အဲဒီ အမိႈက္ အရႈပ္ေတြကိုု ဖြခဲ့တဲ့သူကလည္း က်န္ခဲ့တဲ့ သူတိုု႕ မဟုုတ္ၾကပါဘူး။ အဲဒီလူေတြက သင့္ဘဝမွာ သူငယ္ခ်င္း အစစ္ေတြပါပဲ။

၁၁။ အျမဲတမ္း သစၥာေစာင့္ထိန္းပါ။

အခ်စ္စစ္နဲ႕ စစ္မွန္တဲ့ ခင္မင္မႈ ဆိုုတာ ခြဲျခားလိုု႕ ရတဲ့အရာ မဟုုတ္ပါဘူး။ အဲဒီလိုု ဆက္ဆံေရးေတြ ဆိုုတာ လူႏွစ္ေယာက္ အတူတူ ရွိမေနေတာင္မွပဲ တစ္ေယာက္အေပၚ တစ္ေယာက္ စိတ္ရင္း အစစ္အမွန္ ရွိေနတာပါ။ ဆက္ဆံေရးတစ္ခုု ျဖစ္လာျပီ ဆိုုတာနဲ႕ သစၥာေစာင့္ထိန္းမႈ ဆိုုတာ ရွိရမွာပါ။ အဲဒါ ေရြးခ်ယ္စရာ မဟုုတ္ပါဘူး။ ဦးစားေပးရမယ့္ အရာပါ။ သစၥာရွိမႈ ဆိုုတာ အရာရာတိုုင္းပါပဲ။

၁၂။ သင္နဲ႕ ပတ္သက္သူေတြနဲ႕ ထိေတြ႕ဆက္ဆံျပီး ေနတာ ပိုုေကာင္းပါတယ္။

လူသားခ်င္း ဆက္ဆံေရးမွာ မိုုင္ အကြာအေဝးေတြက တိုုင္းတာစရာ မဟုုတ္ဘူး ဆိုုေပမယ့္ သက္ေရာက္မႈေတာ့ ရွိပါတယ္။ လူႏွစ္ဦး မိုုင္မ်ားစြာ ေဝးကြာေနေပမယ့္ ေဘးခ်င္းယွဥ္လွ်က္လိုု ရွိေနနိုုင္ပါတယ္။ သင္ ဂရုုစိုုက္တဲ့သူ တစ္စံုုတစ္ေယာက္ကိုု ဥေပကၡာျပဳမထားပါနဲ႕။ ဘာျဖစ္လိုု႕လဲဆိုုေတာ့ အာရံုုစိုုက္မေပးနိုုင္တာက ေဒါသထြက္တဲ့ စကားလံုုးေတြထက္ သူ႕ကိုု ပိုုျပီး နာက်င္ေစလိုု႕ပါပဲ။ သင္နဲ႕ ပတ္သက္သူေတြနဲ႕ အျမဲတမ္း ထိေတြ႕ဆက္ဆံေနပါ။ သင့္မွာ သူငယ္ခ်င္း အေရအတြက္ မ်ားမ်ား မလိုုအပ္ေပမယ့္ အနည္းငယ္ေသာ သူငယ္ခ်င္းေကာင္းေတြေတာ့ ရွိေနရမယ္ ဆိုုတာ သတိရပါ။ အဲဒီလိုုလူေတြကိုု ဂရုုစိုုက္ေပးဖိုု႕က အေရးၾကီးတဲ့ အလုုပ္တစ္ခုုပါ။

၁၃။ သင့္ရဲ႕ ကတိစကားေတြကိုု ထိန္းသိမ္းပါ၊ အမွန္အတိုုင္း ေျပာပါ။

သင္ တစ္စံုုတစ္ရာ လုုပ္မယ္လိုု႕ ေျပာခဲ့ရင္ တကယ္ လုုပ္ပါ။ တစ္ေနရာ သြားမယ္လိုု႕ ေျပာထားရင္ အဲဒီ ေနရာမွာ ရွိေနပါ။ သင္ တစ္စံုုတစ္ရာ ခံစားရတယ္ လိုု႕ ေျပာရင္ တကယ္ပဲ ျဖစ္ပါေစ။ သင္ မလုုပ္နိုုင္ရင္၊ မဟုုတ္နိုုင္ရင္၊ မလိမ္ပါနဲ႕။ လူေတြကိုု ေရွ႕တင္ အမွန္အတိုုင္း ေျပာတာက အျမဲတမ္း ပိုုျပီး ေကာင္းမြန္ပါတယ္။ လူေတြရဲ႕ ဦးေခါင္းေတြ၊ အသည္းႏွလံုုးေတြနဲ႕ ကစားပြဲ မကစားပါနဲ႕။ တစ္ဝက္တစ္ျပက္ အမွန္တရားေတြလည္း မေျပာပါနဲ႕။ သင့္ကိုု ယံုုၾကည္ခ်င္တဲ့ လူေတြက သင့္ဆီက အမွန္စစ္စစ္ကိုုပဲ လိုုခ်င္တာပါ။ တစ္ဝက္တစ္ျပက္ အမွန္ ဆိုုတာ လိမ္တာထက္ ပိုုျပီး မေကာင္းပါဘူး။ အခ်စ္နဲ႕ သူငယ္ခ်င္းခ်င္းခင္မင္မႈကိုု မနာက်င္ေစဖိုု႕ သတိထားပါ။ လိမ္ညာေျပာတာ၊ လွည့္စားတာ၊ လွည့္ပတ္တာက လူေတြရဲ႕ခံစားခ်က္ေတြကိုု နာက်င္ေစပါတယ္။ သင့္ကိုုယ္သင္ မေသခ်ာပဲနဲ႕ သူတစ္ပါးရဲ႕ ခံစားခ်က္ကိုု ဘယ္ေတာ့မွ ရႈပ္ေထြးေအာင္ မလုုပ္ပါနဲ႕။ အျမဲတမ္း ပြင့္လင္း ရိုုးသားပါ။

၁၄။ သင္ လိုုခ်င္တဲ့ အရာကိုု ေပးပါ။

သင္ မေပးခ်င္တဲ့ အရာကိုု မေမွ်ာ္လင့္ပါနဲ႕။ ေရႊေရာင္ စည္းမ်ဥ္းကိုု စတင္ လိုုက္နာပါ။ သင္ အခ်စ္ကိုု လိုုခ်င္ရင္ အခ်စ္ကိုု ေပးပါ။ သူငယ္ခ်င္း မိတ္ေဆြ လိုုခ်င္ရင္ ေဖာ္ေရႊ ခင္မင္ပါ။ ေငြေၾကး လိုုခ်င္ရင္ အလုုပ္လုုပ္ပါ။ ရိုုးရိုုးေလးပါပဲ။ ဒါေပမယ့္ အလုုပ္ျဖစ္ပါတယ္။

၁၅။ သင္ ဆိုုလိုုခ်င္တဲ့ အရာကိုုပဲ ေျပာဆိုုပါ။ ေျပာတဲ့အတိုုင္းလည္း အဓိပၺါယ္ ရွိပါေစ။

သူ႕အလိုုလိုု သိဖိုု႕ ေမွ်ာ္လင့္ေနတာထက္ သင့္ဘဝထဲက လူေတြကိုု သူတိုု႕ လိုုခ်င္တဲ့ သတင္းအခ်က္အလက္ေတြ ေပးပါ။ သတင္းအခ်က္အလက္ ဆိုုတာက ဆက္သြယ္မႈ လုုပ္ငန္းေဆာင္တာကို ေခ်ာေမြ႕ေျပျပစ္ေေအာင္ ထိန္းသိမ္းေပးတဲ့ အရာပါ။ တစ္ျခား လူေတြရဲ႕ စိတ္ကိုု ဖတ္ဖိုု႕ မၾကိဳးစားပါနဲ႕။ တစ္ျခားလူေတြကိုုလည္း သင့္စိတ္ကိုု ဖတ္ခြင့္ မျပဳပါနဲ႕။ မိသားစုုအတြင္း၊ သူငယ္ခ်င္း မိတ္ေဆြခ်င္း၊ စီးပြားေရး လုုပ္ေဖာ္ကိုုင္ဖက္မ်ားအတြင္း ျဖစ္တဲ့ ျပႆနာ အမ်ားစုုဟာ ၾကီးသည္ျဖစ္ေစ၊ ေသးသည္ျဖစ္ေစ ေပါင္းသင္းဆက္ဆံမႈ ညံဖ်င္းတဲ့ အခ်က္ကေန စတင္ တတ္ပါတယ္။

၁၆။ တစ္ျခားလူမ်ားကိုု သူတိုု႕ ကိုုယ္ပိုုင္ ဆံုုးျဖတ္ခ်က္ ခ်ခြင့္ေပးပါ။

သင့္ရဲ႕ အတိတ္က အေတြ႕အၾကံဳအရ မဆံုုးျဖတ္ပါနဲ႕။ သူတိုု႕ရဲ႕ ေနထိုုင္မႈ ဘဝဟာ သင္နဲ႕ မတူညီပါဘူး။ တစ္ဦးတစ္ေယာက္ အတြက္ ေကာင္းတဲ့အရာ ျဖစ္နိုုင္ေပမယ့္ တစ္ျခားတစ္ေယာက္ အတြက္ေတာ့ မေကာင္းနိုုင္ပါဘူး။ တစ္ဦးတစ္ေယာက္အတြက္ မေကာင္းတဲ့အရာ ျဖစ္ေပမယ့္ တစ္ျခားတစ္ေယာက္ရဲ႕ ဘဝကို ပိုုေကာင္းေအာင္ ေျပာင္းေပးနိုုင္တာမ်ိဳးလည္း ရွိပါတယ္။ လူေတြကိုု သူတိုု႕ ကိုုယ္ပိုုင္ အမွားေတြ လုုပ္ခြင့္ေပးျပီး သူတိုု႕ ကိုုယ္ပိုုင္ ဆံုုးျဖတ္ခ်က္ေတြ ခ်ပါေစ။

၁၇။ နည္းနည္းေျပာျပီး မ်ားမ်ား နားေထာင္ပါ။

အၾကံဥာဏ္ နည္းနည္းပဲ ေပးတာက မၾကာခဏ ဆိုုသလိုု အေကာင္းဆံုုး အၾကံဥာဏ္ ျဖစ္တတ္ပါတယ္။ လူေတြက အၾကံဥာဏ္ အမ်ားၾကီး မလိုုပါဘူး။ သူတိုု႕လိုုတာက နားေထာင္ေပးမယ့္ နားတစ္စံုုရယ္၊ အျပဳသေဘာေဆာင္တဲ့ ခြန္အားျဖည့္ေပးမႈရယ္ ပါပဲ။ သူတိုု႕ လိုုခ်င္တဲ့အရာက သူတိုု႕ စိတ္တြင္း တစ္ေနရာမွာ ရွိျပီးသားပါ။ စဥ္းစားေတြးေတာဖိုု႕ အခ်ိန္ပဲ လိုုတာပါ။ သူတိုု႕ရဲ႕ ဦးတည္ခ်က္ မေသခ်ာတဲ့ ခရီးေတြကိုု ဆက္လက္ သံုုးသပ္ဖိုု႕ လိုုတဲ့အခါ၊ ဦးတည္ရာလမ္းေၾကာင္းကိုု ရွာေဖြဖိုု႕လိုုတဲ့အခါ ကူညီေပးဖိုု႕ပါပဲ။

၁၈။ အေရးမပါတဲ့ ျငင္းခုုန္မႈေတြကိုု ဒီတိုုင္း ထားလိုုက္ပါ။

သင့္အတြက္ မွန္မယ့္အရာက တစ္ျခား တစ္စံုုတစ္ေယာက္ဆီမွာ မွားဖိုု႕ မရွိပါဘူး။ အမွန္တရားဆီ ဦးတည္တဲ့ လမ္းေတြ အမ်ားၾကီး ရွိပါတယ္။ အခ်ိန္ေတြ အမ်ားစုုမွာ အဲဒါက အဲဒီေလာက္မ်ားမ်ား ျပႆနာ မရွိလွပါဘူး။

၁၉။ မသံုုးမဝင္တဲ့၊ နာက်င္ေစတဲ့ ေဝဖန္ခ်က္ေတြကိုု လ်စ္လ်ဴရႈပါ။

ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သင့္ကိုု မွန္မွန္ကန္ကန္ ဆံုုးျဖတ္မေပးနိုုင္ပါဘူး။ သူတိုု႕က သင့္အေၾကာင္းကိုု နားေထာင္ေပးခဲ့ေပမယ့္ သင္ခံစားရသလိုု ခံစားရမွာ မဟုုတ္ပါဘူး။ သင္ ဘာပဲ လုုပ္လုုပ္ သင္နဲ႕ အျမင္မတူတဲ့သူ တစ္ေယာက္ေယာက္ေတာ့ အျမဲတမ္း ရွိေနမွာပါပဲ။ သင့္ ႏွလံုုးသားက မွန္တယ္လိုု႕ ယံုုၾကည္တာကိုုပဲ လုုပ္ဖိုု႕ အာရံုုစိုုက္ပါ။ လူအမ်ားစုု ဘယ္လိုု ထင္မယ္၊ သင္နဲ႕ ပတ္သက္ျပီး ဘာေျပာၾကမယ္ ဆိုုတာက အေရးမၾကီးလွပါဘူး။ ကိုုယ့္ဟာကိုုယ္ ဘယ္လိုု ခံစားရတယ္ ဆိုုတာကပဲ အေရးၾကီးတာပါ။

၂၀။ ကိုုယ္ကိုုယ္တိုုင္နဲ႕ ဆက္သြယ္မႈကိုုလည္း ဂရုုစိုုက္ေပးပါ။

အနာက်င္ဆံုုး အရာေတြထဲက တစ္ခုုက တစ္ျခားလူေတြကိုုပဲ ဂရုုစိုုက္ ခ်စ္ခင္ေပးေနျပီး ကိုုယ့္ကိုုယ္ကိုု ဆံုုးရံႈးျခင္းပါ။ သင့္ကိုုယ္သင္ အထူးသီးသန္႕အေနနဲ႕ ခ်စ္ခင္ဖိုု႕ကိုု ေမ့ေလ်ာ့ေနတာပါ။ တစ္စံုုတစ္ေယာက္က သူတိုု႕ သင့္ကိုု ခ်စ္တဲ့အေၾကာင္း ေျပာခဲ့ဖူးတဲ့ အခ်ိန္က သင္ဘယ္လိုု ခံစားခဲ့ရသလဲ ဆိုုတာ ေတြးၾကည့္ပါ။ တစ္စံုုတစ္ေယာက္က သင္ အလုုပ္ေကာင္းေကာင္း လုုပ္ခဲ့တယ္ ဆိုုျပီး ခ်ီးက်ဴးခဲ့ဖူးတဲ့ အခ်ိန္၊ သင့္ကိုု ေနရာေကာင္းတစ္ခုုခုုကိုု ေခၚသြားခဲ့တဲ့ အခ်ိန္၊ အဲဒီအခ်ိန္ေတြတုုန္းက သင္ေပ်ာ္ရႊင္ခဲ့ဖူးတယ္ မဟုုတ္လား။ အဲဒီ တစ္စံုုတစ္ေယာက္က သင္ကိုုယ္တိုုင္ ျဖစ္ခဲ့ရင္ေရာ…။

20 Things to Start Doing in Your Relationships by PositiveMed Team ကိုု သင့္ေလ်ာ္သလိုု ျပန္ဆိုုပါသည္။

သိဂၤါေက်ာ္
ႏွင္းဆီတစ္ခင္း ပန္းတစ္ျခင္းဘေလာ့

————————————————————————–

စစ်မှန်သောပေါင်းသင်းဆက်ဆံရေး ရရှိလိုသူများ သိထားသင့်တဲ့ အချက် ၂၀ (unicode)

ရေးသားသူ – သိင်္ဂါကျော်(နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း)

မိသားစု ဆိုသည်မှာ သွေးသားစစ်စစ်မှ မဟုတ်ပါ။ သင့်ကို သူတို့ဘဝထဲမှာ တန်ဖိုးထားပြီး ပါဝင်စေခဲ့သူများ၊ သင့် ခန္ဓာကိုယ် ကျန်းမာရေး၊ သင့် စိတ်ဓါတ် စွမ်းအား ထက်သန်မှု တို့ကို တိုးတက်စေသူများ၊ သင် လက်ရှိ ဘယ်သူလဲ ဆိုတာကို စိတ်ရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ လက်ခံပြီး သင်လိုအပ်တာကို ထောက်ပံ့ပေးသူများ…။ ထိုကဲ့သို့သော သူများသည် သင်၏ မိသားစုဝင် ရင်းချာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တကယ် ပေါင်းသင်းသင့်သူများ ဖြစ်ပါ၏။

အောက်ပါ အချက်များမှာ ထိုကဲ့သို့ စစ်မှန် ထူးခြားသော ဆက်ဆံရေးကို ရှာဖွေ ပြုစုပျိုးထောင်ရန် အတွက် ဖြစ်ပါသည်။

၁။ မကောင်းမြင်တတ်သူများထံမှ ဖယ်ခွာပါ။
ဥာဏ်ရှိသူ၊ အလုပ်လုပ်သူ၊ အတွေးအကြံတူသူ လူကောင်းများနှင့်သာ ပေါင်းသင်းပါ။ သင့်ကို ကူညီမယ့် ဆက်ဆံရေးသာ ဖြစ်သင့်ပြီး သင့်ကို နာကျင်စေမယ့် ဆက်ဆံရေး မဖြစ်သင့်ပါ။ သင့်နံဘေးတွင် သင်ဖြစ်ချင်သော လူပုဂ္ဂိုလ်မျိုးကိုသာ ဝန်းရံနေပါစေ။ သင်အနေနှင့် သိကျွမ်းရတာ ဂုဏ်ယူစရာကောင်းသူ၊ သင်က လေးစားသူ၊ သင့်ကို ချစ်ခင်လေးစားသူ – သင့်တစ်နေ့တာကို အနည်းငယ်လေးပဲ ဖြစ်ဖြစ် ရိုးစင်းစွာ တောက်ပစေနိုင်သော သူငယ်ချင်းများကိုသာ ရွေးချယ်ပါ။ သင့်ကို မပျော်ရွှင်အောင်လုပ်မယ့် လူများနဲ့ အချိန်ကုန်စေဖို့အတွက် ဘဝဟာ တိုတောင်းလွန်းပါတယ်။

၂။ သွားပြီးသား သူများ ထွက်သွားပါစေ။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုက သင့်ဆီမှာ သူတို့ လိုချင်တာ ရှိနေသရွေ့ပဲ သင့်အနားမှာ ရှိနေမယ့် လူတစ်ချို့ ရှိနေတာပါပဲ။ သင်က သူတို့ကို မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်မှာ သူတို့ ထွက်ခွာသွားမှာပါ။ သတင်းကောင်းကတော့ သင့်ကို နာကျင်စေတဲ့ အဲဒီ ပေါင်းပင်လို လူတွေ သင့်ဘဝထဲက ထွက်ခွာသွားပြီးတဲ့အခါ သင့်မှာ လူကောင်းတစ်ချို့ ကျန်ခဲ့တာကိုပါ။ ကျွန်တော်တို့ ရှားရှားပါးပါး အဖြစ်နဲ့ သူငယ်ချင်းတွေ ချစ်သူတွေ ဆုံးရှုံး ပြီးတဲ့အခါ ဘယ်သူက အစစ်အမှန်လဲ ဆိုတာ ရှာဖွေတွေ့ရှိတတ်ပါတယ်။ အဲဒါကြောင့် လူတွေ သင့်ဆီက ထွက်ခွာသွားကြတဲ့အခါ သူတို့ သွားကြပါစေ..။ သင့်ကို ချန်ထားရစ်ခဲ့သူတွေကို ချည်နှောင်ထားနိုင်စွမ်း သင့်မှာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက သူတို့ဟာ ဆိုးတဲ့လူတွေ ဟုတ်ချင်မှ ဟုတ်မယ်။ သင့်ပုံပြင်ထဲမှာ သူတို့ ပါဝင်တဲ့ အပိုင်းက ပြီးဆုံးသွားပြီ ဆိုတာပါပဲ။

၃။ သင်မသိတဲ့ လူတွေကို မျှတတဲ့ အခွင့်အလမ်း ပေးပါ။
သင် လူတစ်ယောက်ကို ကြည့်တဲ့အခါ – ဘယ်သူပဲ ဖြစ်ဖြစ် လူတိုင်းမှာ ပုံပြင်တစ်ပုဒ် ရှိတယ်ဆိုတာ သတိရပါ။ လူတိုင်းမှာ သူတို့ကို ပြောင်းလဲစေခဲ့တဲ့ တစ်စုံတစ်ရာကို ဖြတ်သန်းခဲ့ရတယ်။ သူတို့ ကြီးပြင်းလာဖို့ တွန်းအားပေးခဲ့တဲ့ တစ်စုံတစ်ရာ ရှိခဲ့တယ်။ သင်သာ သူတို့ကို အခွင့်အလမ်းတစ်ခု ပေးရင် သူတို့မှာလည်း ထူးခြားတဲ့ တစ်စုံတစ်ရာကို ပြန်ပေးဖို့ ရှိပါတယ်။ အဲဒါကြောင့် ဆက်ဆံရေး အဟောင်းက ကြာရှည် အဆင်မပြေတော့ဘူး ဆိုတဲ့အခါ ဆက်ဆံရေး အသစ်ကို စတင်ကြည့်ပါ။ မရင်းနှီးတဲ့ နယ်ပယ်ထဲကို ဝင်သွားနေတယ်ဆိုတာ သိနေရင်းနဲ့ပဲ ပေါင်းသင်းဆက်ဆံရေး အသစ်ကို ထိတွေ့ပါ။ သင်ယူလေ့လာဖို့၊ စိန်ခေါ်ဖို့၊ သင့်ဘဝကို ပြောင်းလဲစေမယ့် တစ်စုံတစ်ယောက်ကို တွေ့ဖို့ အစဉ်အမြဲ အသင့်ရှိနေပါ။

၄။ လူတိုင်းကို ကြင်နာပါ၊ လေးစားပါ။
သင့်အပေါ်မှာ ရိုင်းပြတဲ့ လူပင် ဖြစ်ပါစေ၊ လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပြီး ရိုသေလေးစားပါ။ သူတို့ မကောင်းသော်လည်း သင်ကတော့ ကောင်းရပါမယ်။ ရိုသေလေးစားထိုက်သူ ရယ်လို့ ခွဲခြား သတ်မှတ်ရိုးမရှိပါ။ လူတိုင်းကို အဆင့်အတန်း တပြေးညီ သတ်မှတ်၍ ကောင်းမွန်စွာ ဆက်ဆံပါ။ လူတွေက သင့်ရဲ့ ကြင်နာမှုကို သတိထားမိ လာကြမှာပါ။

၅။ လူများကို သူတို့ရဲ့ အရှိအတိုင်း လက်ခံပါ။
များသောအားဖြင့် သူတို့ကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲဒါကြောင့် သင့်ကိုယ်သင် မလိုအပ်ပဲ စိတ်ပင်ပန်းမှု အဖြစ်မခံပါနဲ့။ တစ်ခြားလူတွေကို ပြောင်းလဲဖို့ ကြိုးစားတာထက် သူတို့ကို သင်ကပဲ အထောက်အပံ့ ပေးလိုက်ပါ။ ဥပမာ အနေနဲ့ ရှေ့ဆောင်လမ်းပြ ပြုလိုက်ပါ။

၆။ သူတစ်ပါးကို အားပေးထောက်ပံ့ပါ။ ကောင်းချီးပေးပါ။
သင့်နံဘေးက အပေါင်းအသင်းများ ရှိနေခြင်းရဲ့ အံဩစရာကောင်းမှုကို အသိအမှတ်ပြု တန်ဖိုးထားခြင်းက ကောင်းမွန်တဲ့ နေရာဌာနများ- ထုတ်လုပ်ဖန်တီးနိုင်သော၊ ကျေနပ်နှစ်သိမ့်မှု ပေးစွမ်းနိုင်သော၊ အေးချမ်းသော နေရာများ ကို ဦးတည်စေမှာပါ။ အဲဒါကြောင့် အဲဒီအတွက် တိုးတက်မှုကို ဖြစ်စေတဲ့ အဲဒီလူများ အတွက် ပျော်ရွှင်စွာနေပါ။ သူတို့ အောင်မြင်မှုတွေ အတွက် ဝမ်းမြောက်ကြောင်းပြောပေးပါ။ သူတို့ရဲ့ ချီးကျူးမှုတွေ အတွက် ပွင့်လင်းစွာ ကျေးဇူးတင်ကြောင်း ပြောပါ။ သွားတဲ့ အရာတွေက ပြန်လာတတ်ပါတယ်။ လူအများကို သင်က ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးမှုက နောင်တစ်ချိန်မှာ သင့်အတွက် ကောင်းချီးပေးမှုအနေနဲ့ ရောက်လာမှာပါ။

၇။ မပြည့်စုံလှတဲ့ သင်ကိုယ်တိုင်ရဲ့ ပြည့်စုံမှု
သင့်ကိုသင် တစ်ခြားတစ်ယောက်လို ဖြစ်အောင် ကြိုးစားနေတဲ့ ဒီလို ရူးသွပ်တဲ့ ကမ္ဘာကြီးမှာ သင့်ရဲ့ ကောင်းမွန်မှုကို စွမ်းနိုင်သမျှ ထိန်းသိမ်းတယ်။ အဲဒီတော့ သူတို့က သင်ရဲ့ မတူညီမှုတွေအတွက် သင့်ကို ရယ်မောတယ်၊ သင်ကလည်း အဲဒီလိုပဲ သူတို့ကို ပြန်ရယ်မောတယ်။ သင့်ကို ပြုံးစေတဲ့ လူတွေနဲ့ အချိန်များများ အတူနေပါ။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ လူတွေနဲ့ အချိန်နည်းနည်းပဲ နေပါ။ ကျွန်တော်တို့ဟာ လူတိုင်းအတွက် ပြည့်စုံသူ ဖြစ်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို သိဖို့ အချိန်ယူကြိုးစားပေးတဲ့ တစ်ချို့လူနည်းနည်းအတွက်၊ ကျွန်တော်တို့ကို ချစ်တဲ့ လူအနည်းငယ် အတွက်ပဲ ပြည့်စုံတဲ့သူ ဖြစ်နိုင်မှာပါ။ အဲဒီ လက်ရွေးစင် လူတစ်ချို့က ကျွန်တော်တို့ရဲ့ မပြည့်စုံလှတဲ့ ပြည့်စုံမှုကိုပဲ ချစ်ကြတာပါ။

၈။ လူများကို ခွင့်လွှတ်ပြီး ရှေ့ဆက်တိုးပါ။
သင့်အသည်းနှလုံးထဲမှာ အမုန်းတရားတွေ ထည့်ထားပြီး သင့်ဘဝကို မနေပါနဲ့။ သင်မုန်းတဲ့ လူတွေထက် သင့်ကိုယ်သင် ပိုမို နာကျင်စေပါလိမ့်မယ်။ ခွင့်လွှတ်ခြင်းဆိုတာ “မင်း ငါ့ကို လုပ်ခဲ့တဲ့ ကိစ္စက အိုကေပါတယ်” လို့ ပြောတာ မဟုတ်ပါဘူး။ “မင်းလုပ်ခဲ့တဲ့ အရာ အတွက် ငါ့ပျော်ရွှင်မှုကို ထာဝရ ပျက်စီးအောင် လုပ်ခွင့်မပြုဘူး” လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ ကုစားခြင်းပါပဲ။ သင့်ရဲ့ အတိတ်ကို ဖျက်ဆီးပစ်ရမယ်၊ ဘာဖြစ်ခဲ့တယ် ဆိုတာ မေ့ပစ်လိုက်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခါးသီး နာကျည်းမှုတွေကို ထွက်သွားစေဖို့ ဆိုလိုတာပါ။ အဲဒီအစား မတော်တဆမှုကနေ သင်ခန်းစာ ယူပြီး သင့်ဘဝကို ရှေ့ဆက်လျှောက်ဖို့ပါ။ သင့်ကို နာကျင်စေခဲ့သူတွေကို မုန်းနေတဲ့ အချိန်တွေ လျော့လာတဲ့အခါ သင့်ကို ချစ်တဲ့သူတွေအတွက် အချိန်တွေ ပိုပေးလာနိုင်တာကို သတိရပါ။

၉။ နေ့တိုင်း တစ်ခြားသူတွေအတွက် နည်းနည်းလောက် လုပ်ဆောင်ပေးပါ။
တစ်ခါတစ်ရံမှာ အသေးအဖွဲ အရာလေးတွေက တစ်ခြားသူတွေရဲ့ အသည်းနှလုံးမှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်သွားနိုင်ပါတယ်။ သင်ဟာ လူတိုင်းအတွက် အရာရာတိုင်းကို လုပ်ဆောင်မပေးနိုင်ပါဘူး။ ဒါပေမယ့် လူအနည်းစုအတွက်တော့ အရာရာတိုင်း ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒီ သင့်ဘဝထဲက လူတစ်ချို့က ဘယ်သူတွေ ဆိုတာ ဆုံးဖြတ်ရွေးချယ်ပြီး သူတို့ကို သစ္စာရှိရှိ ဆက်ဆံပါ။

၁၀။ သင့်ရဲ့ သူငယ်ချင်း အစစ်အမှန် တွေကို ဂရုစိုက်ပေးပါ။
ကျွန်တော်တို့ ကြီးပြင်းလာတဲ့အခါ သူငယ်ချင်း အရေအတွက် များဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း ရှိဖို့က ပိုပြီး အရေးကြီးတယ် ဆိုတာ စဉ်းစားတတ်လာပါတယ်။ ဘဝဆိုတာ ပါတီပွဲ တစ်ခုလိုပါပဲ။ သင် လူအများကြီး ဖိတ်တယ်၊ တစ်ချို့က စောစော ပြန်သွားတယ်၊ တစ်ချို့က တစ်ညလုံး နေတယ်၊ တစ်ချို့က သင်နဲ့ အတူရယ်မောတယ်၊ တစ်ချို့က သင့်ကို ရယ်မောတယ်။ ပျော်ပွဲ ပြီးဆုံးချိန်မှာတော့ သင့်ကို အမှိုက်တွေ အရှုပ်အပွတွေ ကူညီပြီး ရှင်းလင်း ပေးမယ့်သူက နည်းနည်းပဲ ကျန်ခဲ့ပါတယ်။ များသောအားဖြင့်တော့ အဲဒီ အမှိုက် အရှုပ်တွေကို ဖွခဲ့တဲ့သူကလည်း ကျန်ခဲ့တဲ့ သူတို့ မဟုတ်ကြပါဘူး။ အဲဒီလူတွေက သင့်ဘဝမှာ သူငယ်ချင်း အစစ်တွေပါပဲ။

၁၁။ အမြဲတမ်း သစ္စာစောင့်ထိန်းပါ။
အချစ်စစ်နဲ့ စစ်မှန်တဲ့ ခင်မင်မှု ဆိုတာ ခွဲခြားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ အဲဒီလို ဆက်ဆံရေးတွေ ဆိုတာ လူနှစ်ယောက် အတူတူ ရှိမနေတောင်မှပဲ တစ်ယောက်အပေါ် တစ်ယောက် စိတ်ရင်း အစစ်အမှန် ရှိနေတာပါ။ ဆက်ဆံရေးတစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ သစ္စာစောင့်ထိန်းမှု ဆိုတာ ရှိရမှာပါ။ အဲဒါ ရွေးချယ်စရာ မဟုတ်ပါဘူး။ ဦးစားပေးရမယ့် အရာပါ။ သစ္စာရှိမှု ဆိုတာ အရာရာတိုင်းပါပဲ။

၁၂။ သင်နဲ့ ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး နေတာ ပိုကောင်းပါတယ်။
လူသားချင်း ဆက်ဆံရေးမှာ မိုင် အကွာအဝေးတွေက တိုင်းတာစရာ မဟုတ်ဘူး ဆိုပေမယ့် သက်ရောက်မှုတော့ ရှိပါတယ်။ လူနှစ်ဦး မိုင်များစွာ ဝေးကွာနေပေမယ့် ဘေးချင်းယှဉ်လျှက်လို ရှိနေနိုင်ပါတယ်။ သင် ဂရုစိုက်တဲ့သူ တစ်စုံတစ်ယောက်ကို ဥပေက္ခာပြုမထားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အာရုံစိုက်မပေးနိုင်တာက ဒေါသထွက်တဲ့ စကားလုံးတွေထက် သူ့ကို ပိုပြီး နာကျင်စေလို့ပါပဲ။ သင်နဲ့ ပတ်သက်သူတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေပါ။ သင့်မှာ သူငယ်ချင်း အရေအတွက် များများ မလိုအပ်ပေမယ့် အနည်းငယ်သော သူငယ်ချင်းကောင်းတွေတော့ ရှိနေရမယ် ဆိုတာ သတိရပါ။ အဲဒီလိုလူတွေကို ဂရုစိုက်ပေးဖို့က အရေးကြီးတဲ့ အလုပ်တစ်ခုပါ။

၁၃။ သင့်ရဲ့ ကတိစကားတွေကို ထိန်းသိမ်းပါ၊ အမှန်အတိုင်း ပြောပါ။
သင် တစ်စုံတစ်ရာ လုပ်မယ်လို့ ပြောခဲ့ရင် တကယ် လုပ်ပါ။ တစ်နေရာ သွားမယ်လို့ ပြောထားရင် အဲဒီ နေရာမှာ ရှိနေပါ။ သင် တစ်စုံတစ်ရာ ခံစားရတယ် လို့ ပြောရင် တကယ်ပဲ ဖြစ်ပါစေ။ သင် မလုပ်နိုင်ရင်၊ မဟုတ်နိုင်ရင်၊ မလိမ်ပါနဲ့။ လူတွေကို ရှေ့တင် အမှန်အတိုင်း ပြောတာက အမြဲတမ်း ပိုပြီး ကောင်းမွန်ပါတယ်။ လူတွေရဲ့ ဦးခေါင်းတွေ၊ အသည်းနှလုံးတွေနဲ့ ကစားပွဲ မကစားပါနဲ့။ တစ်ဝက်တစ်ပြက် အမှန်တရားတွေလည်း မပြောပါနဲ့။ သင့်ကို ယုံကြည်ချင်တဲ့ လူတွေက သင့်ဆီက အမှန်စစ်စစ်ကိုပဲ လိုချင်တာပါ။ တစ်ဝက်တစ်ပြက် အမှန် ဆိုတာ လိမ်တာထက် ပိုပြီး မကောင်းပါဘူး။ အချစ်နဲ့ သူငယ်ချင်းချင်းခင်မင်မှုကို မနာကျင်စေဖို့ သတိထားပါ။ လိမ်ညာပြောတာ၊ လှည့်စားတာ၊ လှည့်ပတ်တာက လူတွေရဲ့ခံစားချက်တွေကို နာကျင်စေပါတယ်။ သင့်ကိုယ်သင် မသေချာပဲနဲ့ သူတစ်ပါးရဲ့ ခံစားချက်ကို ဘယ်တော့မှ ရှုပ်ထွေးအောင် မလုပ်ပါနဲ့။ အမြဲတမ်း ပွင့်လင်း ရိုးသားပါ။

၁၄။ သင် လိုချင်တဲ့ အရာကို ပေးပါ။
သင် မပေးချင်တဲ့ အရာကို မမျှော်လင့်ပါနဲ့။ ရွှေရောင် စည်းမျဉ်းကို စတင် လိုက်နာပါ။ သင် အချစ်ကို လိုချင်ရင် အချစ်ကို ပေးပါ။ သူငယ်ချင်း မိတ်ဆွေ လိုချင်ရင် ဖော်ရွှေ ခင်မင်ပါ။ ငွေကြေး လိုချင်ရင် အလုပ်လုပ်ပါ။ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်။

၁၅။ သင် ဆိုလိုချင်တဲ့ အရာကိုပဲ ပြောဆိုပါ။ ပြောတဲ့အတိုင်းလည်း အဓိပ္ဗါယ် ရှိပါစေ။
သူ့အလိုလို သိဖို့ မျှော်လင့်နေတာထက် သင့်ဘဝထဲက လူတွေကို သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေ ပေးပါ။ သတင်းအချက်အလက် ဆိုတာက ဆက်သွယ်မှု လုပ်ငန်းဆောင်တာကို ချောမွေ့ပြေပြစ်ေအောင် ထိန်းသိမ်းပေးတဲ့ အရာပါ။ တစ်ခြား လူတွေရဲ့ စိတ်ကို ဖတ်ဖို့ မကြိုးစားပါနဲ့။ တစ်ခြားလူတွေကိုလည်း သင့်စိတ်ကို ဖတ်ခွင့် မပြုပါနဲ့။ မိသားစုအတွင်း၊ သူငယ်ချင်း မိတ်ဆွေချင်း၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအတွင်း ဖြစ်တဲ့ ပြဿနာ အများစုဟာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပေါင်းသင်းဆက်ဆံမှု ညံဖျင်းတဲ့ အချက်ကနေ စတင် တတ်ပါတယ်။

၁၆။ တစ်ခြားလူများကို သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။
သင့်ရဲ့ အတိတ်က အတွေ့အကြုံအရ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့ နေထိုင်မှု ဘဝဟာ သင်နဲ့ မတူညီပါဘူး။ တစ်ဦးတစ်ယောက် အတွက် ကောင်းတဲ့အရာ ဖြစ်နိုင်ပေမယ့် တစ်ခြားတစ်ယောက် အတွက်တော့ မကောင်းနိုင်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် မကောင်းတဲ့အရာ ဖြစ်ပေမယ့် တစ်ခြားတစ်ယောက်ရဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းပေးနိုင်တာမျိုးလည်း ရှိပါတယ်။ လူတွေကို သူတို့ ကိုယ်ပိုင် အမှားတွေ လုပ်ခွင့်ပေးပြီး သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချပါစေ။

၁၇။ နည်းနည်းပြောပြီး များများ နားထောင်ပါ။
အကြံဥာဏ် နည်းနည်းပဲ ပေးတာက မကြာခဏ ဆိုသလို အကောင်းဆုံး အကြံဥာဏ် ဖြစ်တတ်ပါတယ်။ လူတွေက အကြံဥာဏ် အများကြီး မလိုပါဘူး။ သူတို့လိုတာက နားထောင်ပေးမယ့် နားတစ်စုံရယ်၊ အပြုသဘောဆောင်တဲ့ ခွန်အားဖြည့်ပေးမှုရယ် ပါပဲ။ သူတို့ လိုချင်တဲ့အရာက သူတို့ စိတ်တွင်း တစ်နေရာမှာ ရှိပြီးသားပါ။ စဉ်းစားတွေးတောဖို့ အချိန်ပဲ လိုတာပါ။ သူတို့ရဲ့ ဦးတည်ချက် မသေချာတဲ့ ခရီးတွေကို ဆက်လက် သုံးသပ်ဖို့ လိုတဲ့အခါ၊ ဦးတည်ရာလမ်းကြောင်းကို ရှာဖွေဖို့လိုတဲ့အခါ ကူညီပေးဖို့ပါပဲ။

၁၈။ အရေးမပါတဲ့ ငြင်းခုန်မှုတွေကို ဒီတိုင်း ထားလိုက်ပါ။
သင့်အတွက် မှန်မယ့်အရာက တစ်ခြား တစ်စုံတစ်ယောက်ဆီမှာ မှားဖို့ မရှိပါဘူး။ အမှန်တရားဆီ ဦးတည်တဲ့ လမ်းတွေ အများကြီး ရှိပါတယ်။ အချိန်တွေ အများစုမှာ အဲဒါက အဲဒီလောက်များများ ပြဿနာ မရှိလှပါဘူး။

၁၉။ မသုံးမဝင်တဲ့၊ နာကျင်စေတဲ့ ဝေဖန်ချက်တွေကို လျစ်လျူရှုပါ။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်မပေးနိုင်ပါဘူး။ သူတို့က သင့်အကြောင်းကို နားထောင်ပေးခဲ့ပေမယ့် သင်ခံစားရသလို ခံစားရမှာ မဟုတ်ပါဘူး။ သင် ဘာပဲ လုပ်လုပ် သင်နဲ့ အမြင်မတူတဲ့သူ တစ်ယောက်ယောက်တော့ အမြဲတမ်း ရှိနေမှာပါပဲ။ သင့် နှလုံးသားက မှန်တယ်လို့ ယုံကြည်တာကိုပဲ လုပ်ဖို့ အာရုံစိုက်ပါ။ လူအများစု ဘယ်လို ထင်မယ်၊ သင်နဲ့ ပတ်သက်ပြီး ဘာပြောကြမယ် ဆိုတာက အရေးမကြီးလှပါဘူး။ ကိုယ့်ဟာကိုယ် ဘယ်လို ခံစားရတယ် ဆိုတာကပဲ အရေးကြီးတာပါ။

၂၀။ ကိုယ်ကိုယ်တိုင်နဲ့ ဆက်သွယ်မှုကိုလည်း ဂရုစိုက်ပေးပါ။
အနာကျင်ဆုံး အရာတွေထဲက တစ်ခုက တစ်ခြားလူတွေကိုပဲ ဂရုစိုက် ချစ်ခင်ပေးနေပြီး ကိုယ့်ကိုယ်ကို ဆုံးရှုံးခြင်းပါ။ သင့်ကိုယ်သင် အထူးသီးသန့်အနေနဲ့ ချစ်ခင်ဖို့ကို မေ့လျော့နေတာပါ။ တစ်စုံတစ်ယောက်က သူတို့ သင့်ကို ချစ်တဲ့အကြောင်း ပြောခဲ့ဖူးတဲ့ အချိန်က သင်ဘယ်လို ခံစားခဲ့ရသလဲ ဆိုတာ တွေးကြည့်ပါ။ တစ်စုံတစ်ယောက်က သင် အလုပ်ကောင်းကောင်း လုပ်ခဲ့တယ် ဆိုပြီး ချီးကျူးခဲ့ဖူးတဲ့ အချိန်၊ သင့်ကို နေရာကောင်းတစ်ခုခုကို ခေါ်သွားခဲ့တဲ့ အချိန်၊ အဲဒီအချိန်တွေတုန်းက သင်ပျော်ရွှင်ခဲ့ဖူးတယ် မဟုတ်လား။ အဲဒီ တစ်စုံတစ်ယောက်က သင်ကိုယ်တိုင် ဖြစ်ခဲ့ရင်ရော…။

20 Things to Start Doing in Your Relationships by PositiveMed Team ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်
နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းဘလော့


Leave a Reply