ဒူဘုိင္းၿမဳိ႕ေတာ္ အေၾကာင္း သိေကာင္းစရာ

Posted on

ဒူဘုိင္းၿမဳိ႕ဟာ ယူေအအီးလုိ႔ သိၾကတဲ့ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရဲ႕ ၿမဳိ႕ႀကီးတစ္ၿမဳိ႕ျဖစ္ပါတယ္။ ပါရွန္းပင္လယ္ေကြ႔ေတာင္ဘက္ အာရပ္ကြ်န္းဆြယ္ေပၚမွာ တည္ရွိၿပီး ယူေအအီးႏုိင္ငံရဲ႕ လူဦးေရအမ်ားဆုံး နဲ႔ နာမည္အႀကီးဆုံးၿမဳိ႕ျဖစ္ပါတယ္။ ယူေအအီးႏုိင္ငံကုိ seven emirates လုိ႔သိၾကတဲ့ ၿမဳိ႕ ၇ၿမဳိ႕နဲ႔ဖြဲ႔စည္းထားတာပါ။ အဲဒီၿမဳိ႕ေတြကေတာ့ Abu Dhabi ၊ Dubai ၊ Sharjah ၊ Ajman ၊ Umm Al Quawanin နဲ႔ Fujairah တုိ႔ ျဖစ္ပါတယ္။

ဒူဘုိင္းကုိ ဒူဘုိင္းေခ်ာင္း(Dubai Creek) နဲ႔ ေျမာက္ဘက္မွာ Deira ၊ ေတာင္ဘက္မွာ Bur Dubai ဆုိၿပီး ႏွစ္ပုိင္းပိုင္းျခားထားပါတယ္။ တခ်ိန္ကေတာ့ ဒီႏွစ္ခုကို ေရလမ္းခရီးနဲ႔သာ သြားလာခဲ့ရၿပီး ယခုအခါမွာေတာ့ တံတားႏွစ္စင္းအျပင္ ေရေအာက္ဥမင္တစ္ခုနဲ႔ ဆက္သြယ္ထားပါတယ္။

သမုိင္း

၁၈ရာစု အခ်ိန္အထိ ဒူဘုိင္းဆုိတာ တံငါရြာငယ္ေလးတစ္ရြာသာ ျဖစ္ပါတယ္။ ၁၈၃၃ခုႏွစ္မွာေတာ့ အဘူဒါဘီက ေနခြဲထြက္လာတဲ့ AI Maktoum မိသားစုဟာ ဒီတံငါရြာငယ္ေလးကုိ ဦးေဆာင္ခဲ့ပါတယ္။ ေခါင္းေဆာင္တစ္ေယာက္ျဖစ္သူ Sheikh Maktoum ရဲ႕ စြမ္းေဆာင္မႈမ်ားေၾကာင့္ ဒီတံငါရြာငယ္ေလးဟာ လူဦးေရတျဖည္းျဖည္းတုိးပြားလာခဲ့ၿပီး ရြာငယ္မွ ရြာႀကီး ၊ ထုိ႔ေနာက္ ၿမဳိ႕ငယ္ေလးျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ကုန္သည္မ်ား ေရာင္း၀ယ္ေဖာက္ကားမႈမ်ားလာတဲ့ ဆိပ္ကမ္းၿမဳိ႕ေလးတစ္ၿမဳိ႕ အျဖစ္သုိ႔ေရာက္ရွိလာခဲ့ပါတယ္။

သယ္ယူပို႔ေဆာင္ေရးအျဖစ္ ကုန္းလမ္းတြင္ ျမည္း ႏွင့္ ကုလားအုတ္မ်ား ေရလမ္းခရီးတြင္ ေလွငယ္မ်ားကို အသုံးျပဳခဲ့ၾကပါတယ္။ ၁၉၃၀မွာေတာ့ လူဦးေရ ၂ေသာင္း ၀န္းက်င္ခန္႔ ရွိတဲ့ ဒူဘုိင္းၿမိဳ႕ငယ္ေလးဟာ အခ်က္အခ်ာက်တဲ့ ကုန္သည္မႈဗဟုိၿမဳိ႕တစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္အထိ လွ်ပ္စစ္မီးဆုိတာ ဒူဘုိင္းမွာ မရွိေသးပါဘူး။ ၁၉၅၂ခုႏွစ္မွာမွ လွ်ပ္စစ္မီးကို စတင္သုံးစြဲႏုိင္ခဲ့ၾကတာပါ။

1969 ခုႏွစ္က ဒူဘုိင္းကမ္းနား

ဆိပ္ကမ္းၿမဳိ႕အျဖစ္ ပုံမွန္လည္ပတ္ေနရာမွ ၁၉၆၆ခုႏွစ္ ေရနံကုိစတင္ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ပုိင္းမွာ ခ်မ္းသာေသာၿမဳိ႕ျဖစ္လာခဲ့ပါတယ္။ ေခါင္းေဆာင္ျဖစ္သူ Sheikh Rashid ကလည္း ေက်ာင္း ၊ ေဆးရုံ စတဲ့ အေဆာက္အဦးမ်ားကို တုိးခ်ဲ႕တည္ေဆာက္ခဲ့ၿပီး လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေစရန္ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ ႏုိင္ငံတကာ ေလဆိပ္ကုိ တုိးခ်ဲ႕ခဲ့တဲ့အျပင္ ကမာၻေပၚမွာ လူဖန္တီးတဲ့ (သဘာ၀မဟုတ္ေသာ) အႀကီးဆုံးပင္လယ္ဆိပ္ကမ္း Jebel Ali သေဘၤာဆိပ္ကုိ တည္ေဆာက္ႏုိင္ခဲ့ပါတယ္။

ဒူဘုိင္းရဲ႕ Jebel Ali ဆိပ္ကမ္း

၁၉၆၀ မွာ အဘူဒါဘီ နဲ႔ ပူေပါင္းလုိက္ၿပီး ယူေအအီးကုိ စတင္တည္ေထာင္ႏုိင္ဖုိ႔ အျခားၿမဳိ႕ ၄ၿမဳိ႕နဲ႔ အတူႀကဳိးစားခဲ့ပါတယ္။ ၁၉၇၂ခုႏွစ္မွာေတာ့ Ras Al khaimah ၿမဳိ႕ကလည္း၀င္ေရာက္လာတဲ့အတြက္ ယူေအအီးႏုိင္ငံကုိ တည္ေထာင္ႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဥမင္လုိဏ္ေခါင္းေတြ ၊ ပန္းၿခံေတြ ၊ ဘဏ္ေတြကို တည္ေဆာက္ဖြင့္လွစ္ခဲ့ၿပီး အလူမီနီယမ္ ထုတ္လုပ္ေရး နဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြကုိပါ ခ်ဲ႕ထြင္ခဲ့ပါတယ္။ ၁၉၈၅ခုႏွစ္မွာေတာ့ Emirates ေလေၾကာင္းလုိင္းကုိ စတင္ခဲ့ၿပီး ဒူဘုိင္းေဆးေကာလိပ္ကိုပါ ဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။

၁၉၈၉ခုႏွစ္မွာေတာ့ ကႏာၱရေဂါက္သီးရုိက္ၿပဳိင္ပြဲ နဲ႔ ပထမဆုံး ဒူဘုိင္းေလယာဥ္ျပပြဲတုိ႔ကုိပါ က်င္းပႏုိင္တဲ့အထိ ဒူဘုိင္းဟာ တုိးတက္လာခဲ့ပါတယ္။ ၁၉၉၀ခုႏွစ္မွာေတာ့ ဒူဘုိင္းေခါင္းေဆာင္ Maktoum bin Rashid ဟာ ယူေအအီးႏုိင္ငံရဲ႕၀န္ႀကီးခ်ဳပ္ျဖစ္လာခဲ့ပါတယ္။

ေနာက္ထပ္ ႏွစ္ေပါင္း ၂၀ဆက္တုိက္ ေဆာက္လုပ္ေရးေတြကုိ မရပ္မနားလုပ္ခဲ့တဲ့ ဒူဘုိင္းဟာ ၂၀၁၀ ၀န္းက်င္မွာေတာ့ ကမာၻ႔ထိပ္တန္းၿမဳိ႕တစ္ၿမဳိ႕ျဖစ္လာခဲ့ပါတယ္။ ခမ္းနားျမင့္မားတဲ့ ဟုိတယ္ႀကီးေတြအျပင္ လူလုပ္ကမ္းေျခမ်ား ၊ ကြ်န္းမ်ား ကုိတည္ေဆာက္ထားတဲ့ ဒူဘုိင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ေရနံကုိ အားကုိးစရာမလုိေတာ့ပဲ ခရီးသြားလုပ္ငန္းကေန ႏုိင္ငံ၀င္ေငြအေျမာက္အမ်ားရရွိတဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္လာပါၿပီ။

ဒူဘုိင္းၿမဳိ႕ရဲ႕အက်ယ္အ၀န္းဟာ စတုရန္းမုိင္ ၁၅၈၈ မုိင္ရွိပါတယ္။ ၿမဳိ႕ေပၚေနလူဦးေရကေတာ့ ၃သန္းေက်ာ္ရွိၿပီး ျပည္နယ္တစ္ခုလုံးဆုိရင္ေတာ့ ၅.၆သန္း ရွိပါတယ္။ ေနထုိင္သူေတြထဲမွာ အိႏၵိယလူမ်ဳိးကေတာ့ အမ်ားဆုံးျဖစ္ၿပီး ၄၃% ေတာင္ ရွိပါတယ္။ အိႏၵိယလူမ်ဳိးေတြေနာက္မွာ Emirati ဆုိတဲ့ မူရင္းေနထုိင္တဲ့လူမ်ဳိးက ၂၃% ၊ ပါကစၥတန္က ၁၇% ေနထိုင္ၾကၿပီး ဘဂၤလားေဒ့ရွ္ ၊ ဖိလစ္ပိုင္ ၊ သိရိလကၤာ ၊ အေမရိကန္ နဲ႔ အျခားတုိင္းျပည္က လူမ်ဳိးေတြေနထုိင္ၾကပါတယ္။

ဒူဘုိင္းၿမဳိ႕ရဲ႕ စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕

ဒူဘုိင္းဟာ ကမာၻေပၚမွာ အေဆာက္အအုံတည္ေဆာက္ေရး အလုပ္ႏုိင္ဆုံးၿမဳိ႕ျဖစ္ၿပီး ကမာၻေပၚက စုစုေပါင္း ကရိန္းေပါင္းရဲ႕ ၂၀% ကုိ ဒူဘုိင္းမွာ အသုံးျပဳေနပါတယ္။

၁၈၆၈ ကေန ၁၉၇၅ ခုႏွစ္အထိ ၈ႏွစ္အတြင္း ဒူဘုိင္းရဲ႕ လူဦးေရဟာ ၃၀၀% အထိတုိးတက္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ ေရနံအေျမာက္အမ်ားေတြ႔ရွိအၿပီး အျခားေဒသက လူေပါင္းမ်ားစြာ အလုံးအရင္းနဲ႔၀င္ေရာက္လာၾကလုိ႔ပါ။

ယေန႔ ကားအရႈပ္ဆုံးၿမဳိ႕လုိ႔ ဆုိရမေလာက္ေအာင္ ကားအလြန္ေပါတဲ့ ဒူဘုိင္းၿမဳိ႕ဟာ ၁၉၆၈ခုႏွစ္မွာ တစ္ၿမဳိ႕လုံးေပါင္းမွ ကား ၁၃စီးပဲ ရွိခဲ့ပါတယ္။

လက္ရွိ ကမာၻ႔အျမင့္ဆုံး မုိးေမွ်ာ္တုိက္ျဖစ္တဲ့ Burj Khalifa တာ၀ါဟာ ဒူဘုိင္းမွာတည္ရွိၿပီး ၂၇၁၇ေပ ျမင့္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဒူဘုိင္းစီးပြား၀င္ေငြရဲ႕ ၆% သာ ေရနံမွရရွိတာျဖစ္ၿပီး က်န္တာကုိေတာ့ ခရီးသြားလာေရး ၊ အိမ္ၿခံေျမလုပ္ငန္း ၊ ဘဏ္လုပ္ငန္း နဲ႔ ကုန္သြယ္ေရးတုိ႔ကေန ရရွိပါတယ္။

ဒူဘုိင္းမွာ ရာဇ၀တ္မႈ မရွိသေလာက္ရွားပါတယ္။ တင္းက်ပ္တဲ့ ဥပေဒေတြခ်မွတ္ထားတဲ့အျပင္ လူေတြအားလုံးနီးပါး ခ်မ္းသာၾကၿပီး စည္းကမ္းလုိက္နာၾကတာေၾကာင့္ ရာဇ၀တ္မႈနည္းပါးရျခင္းျဖစ္ပါတယ္။

ဒူဘုိင္းရဲဌာနဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံးရဲဌာနလုိ႔ ဆုိႏုိင္ပါတယ္။ ရဲေတြအတြက္ ေနာက္ဆုံးေပၚနည္းပညာေတြ ၊ ေနာက္ဆုံးေပၚတန္ဖုိးႀကီးကားေတြ(Lamborghini, Ferrari and Bentley)အျပင္ ၊ မုိးပ်ံဆုိင္ကယ္ေတြေတာင္ ျဖည့္စြက္ေပးထားပါတယ္။

ယူေအအီးႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ၇ၿမဳိ႕ရွိေသာ္လည္း ႏိုင္ငံႏွင့္ ပတ္သက္ေသာ အေရးႀကီး ကိစၥမ်ားတြင္ ဗီတိုအာဏာသုံး၍ ဆုံးျဖတ္ပိုင္ခြင့္ ရွိသည္မွာ ဒူဘိုင္း ႏွင့္ အဘူဒါဘီ ႏွစ္ၿမိဳ႕ မွာသာရွိပါတယ္။

ေနရာအႏွံ႔မွာ အဂၤလိပ္ဘာသာကုိ သုံးစြဲၾကေသာ္လည္း ရုံးသုံးဘာသာစကားကေတာ့ အာေရးဘီးယန္းဘာသာစကားျဖစ္ပါတယ္။

ေငြေၾကးအေနနဲ႔ Dirham ကုိသုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာမွာ Emirati Dirham ၃.၆၇ ပဲ ရွိပါတယ္။

အာေရးဘီးယန္း သဲကႏာၱရထဲမွာ ရွိတဲ့ ဒူဘုိင္းဟာ ေျခာက္ေသြ႔ေသာရာသီဥတုရွိၿပီး ပ်မ္းမွ်အပူခ်ိန္ကေတာ့ ၇၅ဒီဂရီ ဖာရင္ဟုိက္ ျဖစ္ပါတယ္။ တစ္ႏွစ္ကုိ ပ်မ္းမွ် မုိးေရခ်ိန္လက္မ ၃.၇၁ လက္မသာ ရွိတာေၾကာင့္ အလြန္မုိးနည္းတဲ့ ေဒသျဖစ္ပါတယ္။

ဒူဘုိင္းဟာ ငလွ်င္ နဲ႔ ဆူနာမီမ်ား အလြန္နည္းပါးတဲ့ေနရာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ပါရွန္းပင္လယ္ေကြ႔ဟာ ဆူနာမီကုိ အစပ်ဳိးဖုိ႔ လုံေလာက္တဲ့ အနက္မရွိလုိ႔ ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံဟာ ဒူဘုိင္းရဲ႕အႀကီးမားဆုံး ကုန္သြယ္ဖက္ႏုိင္ငံျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ အိႏၵိယ နဲ႔ အေမရိကန္တုိ႔လုိက္ပါတယ္။

ဒူဘုိင္းရဲ႕ ႏုိင္ငံတကာေလဆိပ္ DXB ဟာ ကမာၻေပၚမွာ တတိယ အလုပ္အရႈပ္ဆုံးေလဆိပ္ျဖစ္ၿပီး ခရီးသြားလာသူစုစုေပါင္း ၈၈.၂သန္းကုိ ၀န္ေဆာင္မႈေပးခဲ့ၿပီးပါၿပီ။

ဒူဘုိင္းေလဆိပ္

ဒူဘုိင္းရဲ႕ လူျမင္ကြင္းမွာ အျမင္မေတာ္တာေတြ မလုပ္ဖုိ႔ အျပင္းအထန္ကန္႔ကြက္ထားပါတယ္။ လူျမင္ကြင္းမွာ နမ္းရႈံ႕ျခင္းျပဳလုပ္ရင္ေတာင္ ျပည္ႏွင္ဒဏ္အေပးခံရႏုိင္ပါတယ္။

ဒူဘုိင္းရဲဟုိတယ္ေစ်းႏႈန္းေတြဟာ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာက ဟုိတယ္ရဲ႕ေနာက္မွာ ဒုတိယေစ်းအႀကီးဆုံးအျဖစ္ ရပ္တည္ေနပါတယ္။

ဒူဘုိင္းမွာ ေရွာ့ပင္းစင္တာႀကီးေပါင္း အခု ၇၀ေက်ာ္ရွိၿပီး အေရွ႕အလယ္ပိုင္းရဲ႕ ေစ်း၀ယ္ၿမဳိ႕ေတာ္လုိ႔ေတာင္ တင္စားခံရပါတယ္။

နာမည္အႀကီးဆုံး ေရွာ့ပင္းစင္တာကေတာ့ ကမာၻ႔အႀကီးဆုံး ေရွာ့ပင္းစင္တာတစ္ခုျဖစ္တဲ့ Dubai Mall ျဖစ္ၿပီး စတုရန္းမီတာ ၅.၄သန္းက်ယ္၀န္းကာ ဆုိင္ခန္းေပါင္း ၁၂၀၀ေက်ာ္ ရွိတဲ့ေနရာျဖစ္ပါတယ္။

Dubai Mall

ကမာၻ႔အႀကီးဆုံး ပန္းဥယ်ာဥ္ႀကီးျဖစ္တဲ့ Dubai Miracle Garden ဟာလည္း ဒူဘုိင္းမွာပဲ ရွိေနၿပီး ပန္းပြင့္ေပါင္း ၄၅သန္းခန္႔ကုိ အစက္ခ်စုိက္ပ်ဳိးနည္းနဲ႔ စိုက္ပ်ဳိးထားပါတယ္။

Dubai Miracle Garden

မူဆလင္ႏုိင္ငံျဖစ္ေပမယ့္ ဒူဘုိင္းမွာ ၀က္သားစားျခင္းကို အျခားသူမ်ားအတြက္ တရား၀င္ခြင့္ျပဳထားပါတယ္။ သတ္မွတ္ထားတဲ့ ေနရာေတြ နဲ႔ စူပါမတ္ကတ္ေတြမွာ အလြယ္တကူ၀ယ္ယူစားသုံးႏုိင္ပါတယ္။

American football နဲ႔ ခရစ္ကတ္ကစားနည္းေတြဟာ ဒူဘုိင္းမွာ ေပၚျပဴလာအျဖစ္ဆုံး အားကစားနည္းေတြျဖစ္ပါတယ္။

ဒူဘုိင္းဟာ ကႏာၱရထဲမွာ တည္ရွိတဲ့ၿမဳိ႕ျဖစ္ေပမယ့္ ေရခဲျပင္စကိတ္စီးခ်င္ရင္ စီးႏုိင္ပါတယ္။ Mall of the Emirates မွာ ေရခဲျပင္စကိတ္ကြင္းကို ဖန္တီးေပးထားပါတယ္။

ဒူဘုိင္း သူေဌးေတြဟာ ေၾကာက္စရာသတၱ၀ါေတြျဖစ္တဲ့ ျခေသၤ့ ၊ က်ား နဲ႔ က်ားသစ္ေတြေတြကုိ အခ်စ္ေတာ္ တိရစာၦန္ေတြ အျဖစ္ မေၾကာက္မရြံ႕ေမြးျမဴၾကပါတယ္။ ဒီလုိေမြးျမဴျခင္းဟာ သူတုိ႔ၾကားမွာ အလြန္ေရပန္းစားပါတယ္။

အရက္ေသစာ ေသာက္စားျခင္းကုိ တင္းက်ပ္ထားေပမယ့္ သတ္မွတ္ထားတဲ့ ဘား နဲ႔ စားေသာက္ဆုိင္ေတြမွာေတာ့ ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္ လမ္းေပၚမွာ ေသာက္ၿပီးမူးေနမယ္ဆုိရင္ေတာ့ အခ်ဳပ္က်ႏုိင္ပါတယ္။

၁၉၉၁ ခုႏွစ္က ဒူဘုိင္းမွာ အေဆာက္အအုံဆုိတာ မရွိသေလာက္ပါပဲ။ ႏွစ္ ၂၀အတြင္းမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး တုိးတက္မႈအျမန္ဆုံး ၿမဳိ႕ျဖစ္လာခဲ့တာပါ။

ဒူဘုိင္းမွာ ေျမေအာက္မီးရထားစနစ္ကုိ ၂၀၀၉ခုႏွစ္မွ စတင္ခဲ့တာပါ။ ဒါေပမယ့္ ၂ႏွစ္အတြင္း ဘူတာရုံ ၄၂ခုေဆာက္လုပ္ခဲ့ၿပီး တစ္ၿမဳိ႕လုံး သြားလာေရးအတြက္ လုံေလာက္ေစခဲ့ပါတယ္။

ကမာၻေပၚက ေရႊေတြအတုံးလုိက္ အေခ်ာင္းလုိက္ ၀ယ္ယူမႈအမ်ားဆုံးဟာ ဒူဘုိင္းၿမဳိ႕မွာ ျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္ တစ္ႏွစ္တည္းမွာပဲ ၇၀ဘီလ်ံဖုိးေလာက္ အေရာင္းအ၀ယ္ျဖစ္ခဲ့ပါတယ္။ အေလးခ်ိန္အေနနဲ႔ ၂၂၅၀တန္ရွိၿပီး ဒါဟာ ဆင္အေကာင္ ၃၅၄ေကာင္ထက္ေတာင္ ေလးပါေသးတယ္။

ဒူဘုိင္းမွာ ေနထုိင္သူေတြဟာ ကုိယ္ပုိင္၀င္ေငြအတြက္ အခြန္ေပးေဆာင္စရာမလုိပါဘူး။ ဒါေၾကာင့္လည္း ကုိယ္ရွာသမွ်ေငြေၾကးကုိ ကုိယ့္ဘာသာ စုေဆာင္းႏုိင္ပါတယ္။

Burj Al Arab ဟုိတယ္ဟာ ကမာၻေက်ာ္ေပမယ့္ လူသိနည္းတဲ့အခ်က္ကေတာ့ ဒီဟုိတယ္ရဲ႕ ေနရာ ၃၉% ခန္႔ဟာ လူေနထုိင္မႈမရွိပဲ လြတ္ေနၿပီး အပုိသက္သက္ျဖစ္ေနတာပါ။ ဒီဟုိတယ္ရဲ႕ အေကာင္းဆုံးအခန္းကုန္က်စရိတ္က တစ္ညကို ေဒၚလာ ၂၄၀၀၀ ျဖစ္ၿပီး ဒါဟာ ႏုိင္ငံေပါင္းမ်ားစြာကုိ လည္ပတ္ႏုိင္တဲ့ ပမာဏျဖစ္ပါတယ္။

ဒူဘုိင္းဟာ ပူျပင္းတဲ့ၿမဳိ႕ျဖစ္တာေၾကာင့္ ေနရာတုိင္းမွာ အဲကြန္းေတြကုိ တပ္ဆင္ထားရပါတယ္။ ဘတ္စ္ကားဂိတ္လုိေနရာမ်ဳိးမွာေတာင္ အလုံပိတ္ၿပီး အဲကြန္းေတြကုိ တပ္ဆင္ေပးထားပါတယ္။

ဒူဘုိင္းက ဘတ္စ္ကားဂိတ္

ကမာၻ႔အျမင့္ဆုံး တင္းနစ္ကြင္းကလည္း ဒူဘုိင္းက Burj Al Arab အမုိးေပၚမွာ ရွိေနပါတယ္။ တင္းနစ္ကြင္းကုိ ရံဖန္ရံခါမွာေတာ့ ဟယ္လီေကာ္ပတာရပ္နားကြင္း အျဖစ္ အသုံးျပဳပါတယ္။

လူလုပ္ကြ်န္းတုမ်ား
သဲကႏာၱရထဲ ခရီးသြားခ်င္သူမ်ားအတြက္
ေရႊထုတ္ယူႏုိင္တဲ့ ATM
ကမာၻ႔အျမင့္ဆုံး တင္းနစ္ကြင္း

ဒူဘုိင္းရဲ႕ ေကာင္းကင္

ကမ္ဘာ့နာမည်ကြီး ဒူဘိုင်းမြို့တော် အကြောင်း သိကောင်းစရာ (unicode)

ဒူဘိုင်းမြို့ဟာ ယူအေအီးလို့ သိကြတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ပါရှန်းပင်လယ်ကွေ့တောင်ဘက် အာရပ်ကျွန်းဆွယ်ပေါ်မှာ တည်ရှိပြီး ယူအေအီးနိုင်ငံရဲ့ လူဦးရေအများဆုံး နဲ့ နာမည်အကြီးဆုံးမြို့ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံကို seven emirates လို့သိကြတဲ့ မြို့ ၇မြို့နဲ့ဖွဲ့စည်းထားတာပါ။ အဲဒီမြို့တွေကတော့ Abu Dhabi ၊ Dubai ၊ Sharjah ၊ Ajman ၊ Umm Al Quawanin နဲ့ Fujairah တို့ ဖြစ်ပါတယ်။

ဒူဘိုင်းကို ဒူဘိုင်းချောင်း(Dubai Creek) နဲ့ မြောက်ဘက်မှာ Deira ၊ တောင်ဘက်မှာ Bur Dubai ဆိုပြီး နှစ်ပိုင်းပိုင်းခြားထားပါတယ်။ တချိန်ကတော့ ဒီနှစ်ခုကို ရေလမ်းခရီးနဲ့သာ သွားလာခဲ့ရပြီး ယခုအခါမှာတော့ တံတားနှစ်စင်းအပြင် ရေအောက်ဥမင်တစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။

သမိုင်း

၁၈ရာစု အချိန်အထိ ဒူဘိုင်းဆိုတာ တံငါရွာငယ်လေးတစ်ရွာသာ ဖြစ်ပါတယ်။ ၁၈၃၃ခုနှစ်မှာတော့ အဘူဒါဘီက နေခွဲထွက်လာတဲ့ AI Maktoum မိသားစုဟာ ဒီတံငါရွာငယ်လေးကို ဦးဆောင်ခဲ့ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ Sheikh Maktoum ရဲ့ စွမ်းဆောင်မှုများကြောင့် ဒီတံငါရွာငယ်လေးဟာ လူဦးရေတဖြည်းဖြည်းတိုးပွားလာခဲ့ပြီး ရွာငယ်မှ ရွာကြီး ၊ ထို့နောက် မြို့ငယ်လေးဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ကုန်သည်များ ရောင်းဝယ်ဖောက်ကားမှုများလာတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေးအဖြစ် ကုန်းလမ်းတွင် မြည်း နှင့် ကုလားအုတ်များ ရေလမ်းခရီးတွင် လှေငယ်များကို အသုံးပြုခဲ့ကြပါတယ်။ ၁၉၃ဝမှာတော့ လူဦးရေ ၂သောင်း ဝန်းကျင်ခန့် ရှိတဲ့ ဒူဘိုင်းမြို့ငယ်လေးဟာ အချက်အချာကျတဲ့ ကုန်သည်မှုဗဟိုမြို့တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်အထိ လျှပ်စစ်မီးဆိုတာ ဒူဘိုင်းမှာ မရှိသေးပါဘူး။ ၁၉၅၂ခုနှစ်မှာမှ လျှပ်စစ်မီးကို စတင်သုံးစွဲနိုင်ခဲ့ကြတာပါ။

ဆိပ်ကမ်းမြို့အဖြစ် ပုံမှန်လည်ပတ်နေရာမှ ၁၉၆၆ခုနှစ် ရေနံကိုစတင်တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ ချမ်းသာသောမြို့ဖြစ်လာခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်သူ Sheikh Rashid ကလည်း ကျောင်း ၊ ဆေးရုံ စတဲ့ အဆောက်အဦးများကို တိုးချဲ့တည်ဆောက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အကောင်အထည်ဖော်ခဲ့ပါတယ်။ နိုင်ငံတကာ လေဆိပ်ကို တိုးချဲ့ခဲ့တဲ့အပြင် ကမ္ဘာပေါ်မှာ လူဖန်တီးတဲ့ (သဘာဝမဟုတ်သော) အကြီးဆုံးပင်လယ်ဆိပ်ကမ်း Jebel Ali သင်္ဘောဆိပ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

၁၉၆၀ မှာ အဘူဒါဘီ နဲ့ ပူပေါင်းလိုက်ပြီး ယူအေအီးကို စတင်တည်ထောင်နိုင်ဖို့ အခြားမြို့ ၄မြို့နဲ့ အတူကြိုးစားခဲ့ပါတယ်။ ၁၉၇၂ခုနှစ်မှာတော့ Ras Al khaimah မြို့ကလည်းဝင်ရောက်လာတဲ့အတွက် ယူအေအီးနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဥမင်လိုဏ်ခေါင်းတွေ ၊ ပန်းခြံတွေ ၊ ဘဏ်တွေကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အလူမီနီယမ် ထုတ်လုပ်ရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ ချဲ့ထွင်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာတော့ Emirates လေကြောင်းလိုင်းကို စတင်ခဲ့ပြီး ဒူဘိုင်းဆေးကောလိပ်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာတော့ ကန္တာရဂေါက်သီးရိုက်ပြိုင်ပွဲ နဲ့ ပထမဆုံး ဒူဘိုင်းလေယာဉ်ပြပွဲတို့ကိုပါ ကျင်းပနိုင်တဲ့အထိ ဒူဘိုင်းဟာ တိုးတက်လာခဲ့ပါတယ်။ ၁၉၉ဝခုနှစ်မှာတော့ ဒူဘိုင်းခေါင်းဆောင် Maktoum bin Rashid ဟာ ယူအေအီးနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ် နှစ်ပေါင်း ၂ဝဆက်တိုက် ဆောက်လုပ်ရေးတွေကို မရပ်မနားလုပ်ခဲ့တဲ့ ဒူဘိုင်းဟာ ၂၀၁၀ ဝန်းကျင်မှာတော့ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။ ခမ်းနားမြင့်မားတဲ့ ဟိုတယ်ကြီးတွေအပြင် လူလုပ်ကမ်းခြေများ ၊ ကျွန်းများ ကိုတည်ဆောက်ထားတဲ့ ဒူဘိုင်းဟာ လက်ရှိအချိန်မှာတော့ ရေနံကို အားကိုးစရာမလိုတော့ပဲ ခရီးသွားလုပ်ငန်းကနေ နိုင်ငံဝင်ငွေအမြောက်အများရရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။

ဒူဘိုင်းမြို့ရဲ့အကျယ်အဝန်းဟာ စတုရန်းမိုင် ၁၅၈၈ မိုင်ရှိပါတယ်။ မြို့ပေါ်နေလူဦးရေကတော့ ၃သန်းကျော်ရှိပြီး ပြည်နယ်တစ်ခုလုံးဆိုရင်တော့ ၅.၆သန်း ရှိပါတယ်။ နေထိုင်သူတွေထဲမှာ အိန္ဒိယလူမျိုးကတော့ အများဆုံးဖြစ်ပြီး ၄၃% တောင် ရှိပါတယ်။ အိန္ဒိယလူမျိုးတွေနောက်မှာ Emirati ဆိုတဲ့ မူရင်းနေထိုင်တဲ့လူမျိုးက ၂၃% ၊ ပါကစ္စတန်က ၁၇% နေထိုင်ကြပြီး ဘင်္ဂလားဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ သိရိလင်္ကာ ၊ အမေရိကန် နဲ့ အခြားတိုင်းပြည်က လူမျိုးတွေနေထိုင်ကြပါတယ်။

ဒူဘိုင်းမြို့ရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့

ဒူဘိုင်းဟာ ကမ္ဘာပေါ်မှာ အဆောက်အအုံတည်ဆောက်ရေး အလုပ်နိုင်ဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်က စုစုပေါင်း ကရိန်းပေါင်းရဲ့ ၂၀% ကို ဒူဘိုင်းမှာ အသုံးပြုနေပါတယ်။

၁၈၆၈ ကနေ ၁၉၇၅ ခုနှစ်အထိ ၈နှစ်အတွင်း ဒူဘိုင်းရဲ့ လူဦးရေဟာ ၃၀၀% အထိတိုးတက်လာခဲ့ပါတယ်။ အကြောင်းကတော့ ရေနံအမြောက်အများတွေ့ရှိအပြီး အခြားဒေသက လူပေါင်းများစွာ အလုံးအရင်းနဲ့ဝင်ရောက်လာကြလို့ပါ။

ယနေ့ ကားအရှုပ်ဆုံးမြို့လို့ ဆိုရမလောက်အောင် ကားအလွန်ပေါတဲ့ ဒူဘိုင်းမြို့ဟာ ၁၉၆၈ခုနှစ်မှာ တစ်မြို့လုံးပေါင်းမှ ကား ၁၃စီးပဲ ရှိခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်တဲ့ Burj Khalifa တာဝါဟာ ဒူဘိုင်းမှာတည်ရှိပြီး ၂၇၁၇ပေ မြင့်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒူဘိုင်းစီးပွားဝင်ငွေရဲ့ ၆% သာ ရေနံမှရရှိတာဖြစ်ပြီး ကျန်တာကိုတော့ ခရီးသွားလာရေး ၊ အိမ်ခြံမြေလုပ်ငန်း ၊ ဘဏ်လုပ်ငန်း နဲ့ ကုန်သွယ်ရေးတို့ကနေ ရရှိပါတယ်။

ဒူဘိုင်းမှာ ရာဇဝတ်မှု မရှိသလောက်ရှားပါတယ်။ တင်းကျပ်တဲ့ ဥပဒေတွေချမှတ်ထားတဲ့အပြင် လူတွေအားလုံးနီးပါး ချမ်းသာကြပြီး စည်းကမ်းလိုက်နာကြတာကြောင့် ရာဇဝတ်မှုနည်းပါးရခြင်းဖြစ်ပါတယ်။

ဒူဘိုင်းရဲဌာနဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲဌာနလို့ ဆိုနိုင်ပါတယ်။ ရဲတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေ ၊ နောက်ဆုံးပေါ်တန်ဖိုးကြီးကားတွေ(Lamborghini, Ferrari and Bentley)အပြင် ၊ မိုးပျံဆိုင်ကယ်တွေတောင် ဖြည့်စွက်ပေးထားပါတယ်။

ယူအေအီးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၇မြို့ရှိသော်လည်း နိုင်ငံနှင့် ပတ်သက်သော အရေးကြီး ကိစ္စများတွင် ဗီတိုအာဏာသုံး၍ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မှာ ဒူဘိုင်း နှင့် အဘူဒါဘီ နှစ်မြို့ မှာသာရှိပါတယ်။

နေရာအနှံ့မှာ အင်္ဂလိပ်ဘာသာကို သုံးစွဲကြသော်လည်း ရုံးသုံးဘာသာစကားကတော့ အာရေးဘီးယန်းဘာသာစကားဖြစ်ပါတယ်။

ငွေကြေးအနေနဲ့ Dirham ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာမှာ
Emirati Dirham ၃.၆၇ ပဲ ရှိပါတယ်။

အာရေးဘီးယန်း သဲကန္တာရထဲမှာ ရှိတဲ့ ဒူဘိုင်းဟာ ခြောက်သွေ့သောရာသီဥတုရှိပြီး ပျမ်းမျှအပူချိန်ကတော့ ၇၅ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန်လက်မ ၃.၇၁ လက်မသာ ရှိတာကြောင့် အလွန်မိုးနည်းတဲ့ ဒေသဖြစ်ပါတယ်။

ဒူဘိုင်းဟာ ငလျှင် နဲ့ ဆူနာမီများ အလွန်နည်းပါးတဲ့နေရာဖြစ်ပါတယ်။ အကြောင်းကတော့ ပါရှန်းပင်လယ်ကွေ့ဟာ ဆူနာမီကို အစပျိုးဖို့ လုံလောက်တဲ့ အနက်မရှိလို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒူဘိုင်းရဲ့အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သူ့နောက်မှာတော့ အိန္ဒိယ နဲ့ အမေရိကန်တို့လိုက်ပါတယ်။

ဒူဘိုင်းရဲ့ နိုင်ငံတကာလေဆိပ် DXB ဟာ ကမ္ဘာပေါ်မှာ တတိယ အလုပ်အရှုပ်ဆုံးလေဆိပ်ဖြစ်ပြီး ခရီးသွားလာသူစုစုပေါင်း ၈၈.၂သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီးပါပြီ။

ဒူဘိုင်းရဲ့ လူမြင်ကွင်းမှာ အမြင်မတော်တာတွေ မလုပ်ဖို့ အပြင်းအထန်ကန့်ကွက်ထားပါတယ်။ လူမြင်ကွင်းမှာ နမ်းရှုံ့ခြင်းပြုလုပ်ရင်တောင် ပြည်နှင်ဒဏ်အပေးခံရနိုင်ပါတယ်။

ဒူဘိုင်းရဲဟိုတယ်ဈေးနှုန်းတွေဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ဟိုတယ်ရဲ့နောက်မှာ ဒုတိယဈေးအကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။

ဒူဘိုင်းမှာ ရှော့ပင်းစင်တာကြီးပေါင်း အခု ၇၀ကျော်ရှိပြီး အရှေ့အလယ်ပိုင်းရဲ့ ဈေးဝယ်မြို့တော်လို့တောင် တင်စားခံရပါတယ်။

နာမည်အကြီးဆုံး ရှော့ပင်းစင်တာကတော့ ကမ္ဘာ့အကြီးဆုံး ရှော့ပင်းစင်တာတစ်ခုဖြစ်တဲ့ Dubai Mall ဖြစ်ပြီး စတုရန်းမီတာ ၅.၄သန်းကျယ်ဝန်းကာ ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ရှိတဲ့နေရာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ပန်းဥယျာဉ်ကြီးဖြစ်တဲ့ Dubai Miracle Garden ဟာလည်း ဒူဘိုင်းမှာပဲ ရှိနေပြီး ပန်းပွင့်ပေါင်း ၄၅သန်းခန့်ကို အစက်ချစိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထားပါတယ်။

မူဆလင်နိုင်ငံဖြစ်ပေမယ့် ဒူဘိုင်းမှာ ဝက်သားစားခြင်းကို အခြားသူများအတွက် တရားဝင်ခွင့်ပြုထားပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေ နဲ့ စူပါမတ်ကတ်တွေမှာ အလွယ်တကူဝယ်ယူစားသုံးနိုင်ပါတယ်။

American football နဲ့ ခရစ်ကတ်ကစားနည်းတွေဟာ ဒူဘိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းတွေဖြစ်ပါတယ်။

ဒူဘိုင်းဟာ ကန္တာရထဲမှာ တည်ရှိတဲ့မြို့ဖြစ်ပေမယ့် ရေခဲပြင်စကိတ်စီးချင်ရင် စီးနိုင်ပါတယ်။ Mall of the Emirates မှာ ရေခဲပြင်စကိတ်ကွင်းကို ဖန်တီးပေးထားပါတယ်။

ဒူဘိုင်း သူဌေးတွေဟာ ကြောက်စရာသတ္တဝါတွေဖြစ်တဲ့ ခြင်္သေ့ ၊ ကျား နဲ့ ကျားသစ်တွေတွေကို အချစ်တော် တိရစ္ဆာန်တွေ အဖြစ် မကြောက်မရွံ့မွေးမြူကြပါတယ်။ ဒီလိုမွေးမြူခြင်းဟာ သူတို့ကြားမှာ အလွန်ရေပန်းစားပါတယ်။

အရက်သေစာ သောက်စားခြင်းကို တင်းကျပ်ထားပေမယ့် သတ်မှတ်ထားတဲ့ ဘား နဲ့ စားသောက်ဆိုင်တွေမှာတော့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ သောက်ပြီးမူးနေမယ်ဆိုရင်တော့ အချုပ်ကျနိုင်ပါတယ်။

၁၉၉၁ ခုနှစ်က ဒူဘိုင်းမှာ အဆောက်အအုံဆိုတာ မရှိသလောက်ပါပဲ။ နှစ် ၂ဝအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တိုးတက်မှုအမြန်ဆုံး မြို့ဖြစ်လာခဲ့တာပါ။

ဒူဘိုင်းမှာ မြေအောက်မီးရထားစနစ်ကို ၂၀၀၉ခုနှစ်မှ စတင်ခဲ့တာပါ။ ဒါပေမယ့် ၂နှစ်အတွင်း ဘူတာရုံ ၄၂ခုဆောက်လုပ်ခဲ့ပြီး တစ်မြို့လုံး သွားလာရေးအတွက် လုံလောက်စေခဲ့ပါတယ်။

ကမ္ဘာပေါ်က ရွှေတွေအတုံးလိုက် အချောင်းလိုက် ဝယ်ယူမှုအများဆုံးဟာ ဒူဘိုင်းမြို့မှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် တစ်နှစ်တည်းမှာပဲ ၇ဝဘီလျံဖိုးလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အလေးချိန်အနေနဲ့ ၂၂၅ဝတန်ရှိပြီး ဒါဟာ ဆင်အကောင် ၃၅၄ကောင်ထက်တောင် လေးပါသေးတယ်။

ဒူဘိုင်းမှာ နေထိုင်သူတွေဟာ ကိုယ်ပိုင်ဝင်ငွေအတွက် အခွန်ပေးဆောင်စရာမလိုပါဘူး။ ဒါကြောင့်လည်း ကိုယ်ရှာသမျှငွေကြေးကို ကိုယ့်ဘာသာ စုဆောင်းနိုင်ပါတယ်။

Burj Al Arab ဟိုတယ်ဟာ ကမ္ဘာကျော်ပေမယ့် လူသိနည်းတဲ့အချက်ကတော့ ဒီဟိုတယ်ရဲ့ နေရာ ၃၉% ခန့်ဟာ လူနေထိုင်မှုမရှိပဲ လွတ်နေပြီး အပိုသက်သက်ဖြစ်နေတာပါ။ ဒီဟိုတယ်ရဲ့ အကောင်းဆုံးအခန်းကုန်ကျစရိတ်က တစ်ညကို ဒေါ်လာ ၂၄၀၀၀ ဖြစ်ပြီး ဒါဟာ နိုင်ငံပေါင်းများစွာကို လည်ပတ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။

ဒူဘိုင်းဟာ ပူပြင်းတဲ့မြို့ဖြစ်တာကြောင့် နေရာတိုင်းမှာ အဲကွန်းတွေကို တပ်ဆင်ထားရပါတယ်။ ဘတ်စ်ကားဂိတ်လိုနေရာမျိုးမှာတောင် အလုံပိတ်ပြီး အဲကွန်းတွေကို တပ်ဆင်ပေးထားပါတယ်။

ကမ္ဘာ့အမြင့်ဆုံး တင်းနစ်ကွင်းကလည်း ဒူဘိုင်းက Burj Al Arab အမိုးပေါ်မှာ ရှိနေပါတယ်။ တင်းနစ်ကွင်းကို ရံဖန်ရံခါမှာတော့ ဟယ်လီကော်ပတာရပ်နားကွင်း အဖြစ် အသုံးပြုပါတယ်။

Leave a Reply