ထူးျခားထင္ရွား ကမာၻတစ္လႊားတူးေျမာင္းမ်ား

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ကမၻာ့ႏိုင္ငံမ်ားတြင္ က်ယ္၀န္းေသာသမုဒၵရာမ်ားမွ ေသးငယ္ေသာေရလမ္းေၾကာင္းမ်ားသို႕ဆက္သြယ္သည့္တူးေျမာင္း မ်ားကို အရြယ္အစားမ်ိဳးစုံ၊ ပုံသ႑ာန္မ်ိဳးစုံ တူးေဖာ္ထားသည္ကိုျမင္ႏိုင္ၾကသည္။ ကမာၻ႔ႏိုင္ငံ ၿမိဳ႕ေတာ္အမ်ားစုမွ လူအမ်ားသည္ အီတလီႏိုင္ငံ ၊ ဗင္းနစ္စ္ တူးေျမာင္းကို မိမိတို႕ ႏိုင္ငံမ်ားရွိတူးေျမာင္းမ်ား ႏွင့္ ခိုင္းႏိႈင္းရန္ စိတ္အားထက္သန္စြာေရြးထုတ္ ေဖာ္ျပ ေလ့ရွိၾကသည္။

ထို႔ေၾကာင့္လည္း ကမာၻတစ္၀န္းရွိ ၿမိဳ႕ေတာ္မ်ားသည္ မိမိတို႕ႏိုင္ငံမ်ားမွ တူးေျမာင္းမ်ားအား ဗင္းနစ္ အမည္ကို ထည့္သြင္းအမည္ေပးေလ့ရွိၾကသည္။ ႏိုင္ငံအသီးသီးရွိ တူးေျမာင္းမ်ားသည္ မိမိတို႕ကိုယ္ပိုင္ဟန္ႏွင့္ မိမိတို႕ သမိုင္းေၾကာင္းအရ ခရီးသြားမ်ား လာေရာက္ ၾကည့္ရႈလိုဖြယ္မ်ားသာ ျဖစ္ေပသည္။

၁၀။ စေတာ့ဟုမ္း တူးေျမာင္း(Stockholm Canals )

ဆြီဒင္ႏိုင္ငံမွ ေျမာက္ပိုင္း ဗင္းနစ္စ္ဟု အမည္ေပးထားေသာ တူးေျမာင္းသည္ ကၽြန္းေပါင္း ၁၄ ကၽြန္းေပၚတြင္ တည္ရွိ သည္။မ်ားျပားေသာကၽြန္းမ်ားေပၚတြင္ တည္ေဆာက္ထားေသာ တူးေျမာင္းျဖစ္သျဖင့္ ေရလမ္းေၾကာင္းမ်ား ႏွင့္ ေမာ္ေတာ္မ်ား၊ ေလွမ်ားကို ေနရာတိုင္းတြင္ ေတြ႕ျမင္ၾကရသည္။ စေတာ့ဟုမ္း တူးေျမာင္းမ်ားကို ေလ့လာရန္ အေကာင္းဆုံးေသာ နည္းလမ္းမွာ ကႏိုး သို႔မဟုတ္ ကယက္ေလွတစ္စီး ကို ငွားရမ္းကာ ၿမိဳ႕ေတာ္၏ ကၽြန္းမ်ားအၾကား တူးေျမာင္းမ်ားတြင္ တစ္နာရီၾကာမွ် ေလွာ္ ခတ္ရန္ပင္ျဖစ္သည္။

၉။ အလပ္ပူဇဟာ တူးေျမာင္း (Alappuzha)

အိႏၵိယႏိုင္ငံရွိ အေရွ႕ ဗင္းနစ္ဟု အမည္ေပးထားသည့္ အလပ္ပူဇဟာ သည္ တူးေျမာင္းမ်ား စုစည္း တည္ရွိေနသည့္ လွပေသာေရွးေဟာင္းေဒသ တစ္ခုျဖစ္သည္။ အလပ္ပူဇဟာသည္ နာမည္ေက်ာ္ ေနာက္ျပန္စီးဆင္းေနသည့္ ကီရလာေရလမ္း ေၾကာင္း ႏွင့္ ဆက္သြယ္ေနၿပီး အလပ္ပူဇဟာသို႕ လာေရာက္လည္ပတ္ၾကသူမ်ားသည္ ေနာက္ျပန္ ေရစီးေၾကာင္းကိုစူးစမ္းႏိုင္ ရန္ အိမ္ကဲ့သို႕ေနထိုင္ၿပီး အေပၚတြင္ခ်က္ျပဳတ္စားႏိုင္ေသာ ေလွတစ္စီးကို ငွားရမ္းႏိုင္ၾကသည္။ ထိုေလွျဖင့္ တစ္ရက္ႏွစ္ရက္မွ သည္ ရက္အတန္ၾကာသည္အထိ တူးေျမာင္းမ်ားအတြင္းလွည့္လည္ႏိုင္ၾကသည္။ အလပ္ပူဇဟာ တူးေျမာင္းအတြင္းတြင္ ထင္ ေပၚေက်ာ္ၾကားသည့္ ေနရူးဖလား ေျမြေလွ ၿပိဳင္ပြဲကို က်င္းပေလ့ရွိသည္။ ေလွထိုးသမားမ်ားပါ၀င္သည့္ အဖြဲ႕မ်ားသည္ ေနရူး ဖလားေလွၿပိဳင္ပြဲသို႕ လာေရာက္ယွဥ္ၿပိဳင္ေလ့ရွိသည္။

၈။ ဘန္ေကာက္ကေလာင္ (Bangkok Klong)

ကေလာင္သည္ ထိုင္းဘာသာျဖင့္ တူးေျမာင္းျဖစ္သည္။ ထိုင္းလူမ်ိဳးတို႕သည္ သမိုင္းတစ္ေလ်ာက္ သယ္ယူပို႔ေဆာင္ ေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရးလုပ္ငန္းမ်ားအတြက္ ကေလာင္မ်ားကို အသုံးျပဳခဲ့ၾကသည္။ ထို႕ေၾကာင့္ ဘန္ေကာက္ၿမိဳ႕အား အေရွ႕ ဗင္းနစ္ဟု တင္စားေခၚေ၀ၚခဲ့ၾကသည္။ ယခုအခါတြင္ ထိုင္းႏိုင္ငံတြင္ ကေလာင္အမ်ားစုကို လမ္းမ်ားအျဖစ္အသုံးျပဳလ်က္ ရွိသည္။ ထိုင္းႏိုင္ငံ ရတ္ခ်ာဘူရီ ျပည္နယ္တြင္ ေရွးအစဥ္အလာ ေရေပၚေစ်းမ်ားကို ကမၻာလွည့္ ခရီးသြားမ်ား လည္ပတ္ၾကည့္ရႈ ႏိုင္ၾကသည္။ ဘန္ေကာက္တူးေျမာင္းတစ္ေလ်ာက္ ေလွတစ္စီးငွားကာ လိုရာေနရာသို႔ သြားေရာက္ျခင္း ျဖင့္ ဘန္ေကာက္ၿမိဳ႕၏ ကားလမ္းပိတ္ဆို႔မႈဒဏ္ကို ေရွာင္လႊဲႏိုင္ၾကေပသည္။

၇။ နန္မေဒါ (Nan Madol)

နန္မေဒါ တူးေျမာင္း ေခၚ ပစိဖိတ္ဗင္းနစ္သည္ လူလုပ္ကၽြန္းငယ္မ်ားစုစည္းထားသည့္ ေနရာျဖစ္ၿပီး မိုက္ခရိုနီးရွား၊ ပိုေပကၽြန္းအေရွ႕ကမ္းလြန္တြင္ တည္ရွိသည္။ ထိုကၽြန္းငယ္မ်ားအား ၈ ရာစုႏွစ္တြင္ စတင္ျပဳလုပ္ႏိုင္ဖြယ္ရွိသည္ ဟုယူဆၾကသည္။ သို႔ေသာ္လည္း ေက်ာက္တုံးႀကီးမ်ားျဖင့္ ျပဳလုပ္ထားေသာ ထင္ရွားသည့္ နန္မေဒါ ဗိသုကာ လက္ရာမ်ားသည္ ၁၂ ရာစု ႏွင့္ ၁၃ ရာစု အတြင္း ျပဳလုပ္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ယူဆၾကသည္။ယင္းေနရာသည္ ေဆာ္ဒီလ်ဴရာမင္းဆက္တြင္ ႏွစ္ေပါင္း ၄၀၀ တိုင္ အခမ္းအနားမ်ားက်င္းပရာ ေနရာအျဖစ္အသုံးျပဳခဲ့ၿပီး ရွင္ဘုရင္နန္းထိုင္ရာ ရာဇ ဌာနီအျဖစ္ နန္းၿမိဳ႕ေတာ္က်ဆုံးခ်ိန္အထိ အသုံးျပဳခဲ့သည္။

၆။ စူေခ်ာင္ (Suzhou)

တရုတ္ႏိုင္ငံ၏ ဗင္းနစ္ ဟုေခၚဆိုၾကသည့္ စူေခ်ာင္သည္ ယန္စီျမစ္ေအာက္ပိုင္း တရုတ္ႏိုင္ငံ အေရွ႕ပိုင္းတြင္ တည္ရွိသည္။ ဘီစီ ၅ ရာစုတြင္ ျပဳလုပ္ခဲ့သည့္ စူေခ်ာင္သည္ လွပေသာ ေရလမ္းေၾကာင္းမ်ားေၾကာင့္ ထင္ရွားေက်ာ္ၾကားသည္။ စူေခ်ာင္ တြင္ ရႈပ္ေထြးေသာ ဥယ်ာဥ္မ်ားႏွင့္ သမိုင္း၀င္ ေက်ာက္တံတားမ်ားရွိသည္။ တစ္ခ်ိန္က စူေခ်ာင္ကို ပိုးကုန္သြယ္မႈလုပ္ငန္း လမ္း ေၾကာင္းအျဖစ္အသုံးျပဳခဲ့သျဖင့္ လူသိမ်ားသည္။ ကမာၻေပၚတြင္ အႀကီးဆုံးေသာ ကုန္သြယ္ေရလမ္းေၾကာင္း တစ္ခု ျဖစ္သည့္ ဂရန္းတူးေျမာင္းႏွင့္ ကပ္လ်က္တည္ရွိေနသည္။

၅။ ပနားမား တူးေျမာင္း

ပနားမားတူးေျမာင္းကို မသိသူ နည္းပါးေပလိမ့္မည္။လူတို႕ ေဖာက္လုပ္ခဲ့ေသာ ၇၇ ကီလိုမီတာ( ၄၈)မိုင္ ရွည္လားသည့္ ပနားမား တူးေျမာင္းသည္ ကမာၻ႔ေရေၾကာင္းသြားလာမႈကို ေျပာင္းလဲေစခဲ့သည္။ အတၱလန္တိတ္သမုဒၵရာႏွင့္ ပစိဖိတ္သမုဒၵရာကို ပနားမားႏိုင္ငံရွိ က်ဥ္းေျမာင္းေသာ ကမ္းေမွ်ာင္ေနရာေလးျဖင့္ ဆက္သြယ္ႏိုင္ခဲ့သျဖင့္ သေဘၤာမ်ားသည္ ထိုလမ္းေၾကာင္းမွ သြားလာႏိုင္ခဲ့ၾကသည္။ ၁၉၁၄ ခုႏွစ္တြင္ ေဖာက္လုပ္ၿပီးစီးခဲ့ေသာ ပနားမားတူးေျမာင္းအတြင္း သေဘၤာမ်ား တစ္ဖက္မွ တစ္ဖက္သို႕ ျဖတ္သန္း ခုတ္ေမာင္းႏိုင္ရန္ ေရတံခါးမ်ားျဖင့္ ေရျပင္ကို အနိမ့္အျမင့္ လိုသလို ထိန္းညွိေပးသည္။ ပင္လယ္ကူးသဘၤာမ်ားသည္ ေတာင္အေမရိကတိုက္ကို ပတ္ကာ သြားရသည့္ အလြန္ရွည္လ်ားၿပီး အႏၱရာယ္မ်ားေသာ ေရလမ္းေၾကာင္းကို အသုံးျပဳရန္ မလိုေတာ့ပဲ သမုဒၵရာ တစ္ဖက္မွ တစ္ဖက္သို႕ ပနားမား တူးေျမာင္းကို ျဖတ္သန္းကာ သြားလာႏိုင္ၾကေပသည္။ ယေန႔အခ်ိန္တြင္ ပနားမား တူးေျမာင္းအား သေဘၤာေပါင္း ၁၄၀၀၀ ႏွစ္စဥ္ ျဖတ္သန္းလ်က္ရွိေပသည္။

၄။ ဟိြဳင္အန္း တူးေျမာင္း

ဗီယက္နမ္ႏိုင္ငံ၊ ေတာင္တရုတ္ပင္လယ္ကမ္းေျခရွိ ဟိြဳင္အန္း အမည္ရွိ ရြာငယ္ေလးသည္ တံငါရြာ အျဖစ္မွ ကမာၻလွည့္ခရီးသြားမ်ား စိတ္၀င္စားသည့္ ေနရာတစ္ခုျဖစ္လာခဲ့သည္။ ဗီယက္နမ္ ငါးဖမ္းလုပ္ငန္းေစ်းကြက္ သည္ ဒါနန္ ၿမိဳ႕ေတာ္သို႔ ေရႊ႕ေျပာင္းသြားခဲ့ေသာ္လည္း ဟိြဳင္အန္းသည္ ၁၆ ရာစု ကတည္းက ႏိုင္ငံတကာ ငါးဆိပ္ကမ္း တစ္ခုျဖစ္ခဲ့သည္။ ဟြိဳင္အန္းၿမိဳ႕လယ္ တြင္ ယေန႕တိုင္ ဟိြဳင္အန္ ၿမိဳ႕ေဟာင္းရွိေနသည္။ တရုတ္ ပုံစံ ေစ်းဆိုင္မ်ားကို ယခုအထိျမင္ေတြ႕ႏိုင္သည္။ ဟိြဳင္အန္းသည္ ၿမိဳ႕ အစိတ္အပိုင္းမ်ားအား ျဖတ္သန္းေဖာက္လုပ္ထားသည့္ က်ဥ္းေျမာင္းေသာ တူးေျမာင္းတစ္ခုသျဖင့္ ဗီယက္နမ္ ဗင္းနစ္ ဟု လည္း ေခၚၾကသည္။

၃။ ဗရုစ္ တူးေျမာင္းမ်ား

ဗရုစ္သည္ ဘယ္လ္ဂ်ီယံႏိုင္ငံ၏ လူသိအမ်ားဆုံး ေနရာ တစ္ခုျဖစ္သည္။ယေန႔တိုင္ အေကာင္းဆုံး ထိန္းသိမ္းထားႏိုင္သည့္ ဥေရာပအလယ္ေခတ္ လက္ရာ ၿမိဳ႕ေတာ္ေဟာင္းတစ္ခုလည္းျဖစ္သည္။ ဗရုစ္ရွိ တူးေျမာင္းမ်ားေၾကာင့္ ဗရုစ္ကို ေျမာက္ပိုင္း ဗင္းနစ္ဟု ေခၚၾကသည္။ အလယ္ေခတ္ ကာလမ်ားတြင္ ရီအီ ျမစ္အား တူးေျမာင္းမ်ား ကြန္ယက္တစ္ခုအျဖစ္ေျပာင္းလဲခဲ့သည္။ ထို႔ေၾကာင့္ ကုန္ ပစၥည္းေရာင္းခ်ၾကသူမ်ားသည္ မိမိတို႔၏ ထုတ္ကုန္မ်ားအား ေစ်းမ်ားရွိရာ ေရလမ္းမ်ားသို႔ လြယ္ကူစြာ သယ္ယူႏိုင္ခဲ့ၾကသည္။ ယခုအခါတြင္ ထင္ရွားသည့္ ဗရုစ္တူးေျမာင္းမ်ား အတြင္း ေလွတစ္စီးျဖင့္ စီးနင္းလိုက္ပါကာ ဗရုစ္၏ လွပေသာ ျမင္ကြင္းမ်ားကို ရႈျမင္ခံစားႏိုင္ၾကေပသည္။

၂။ အမ္စတာဒမ္ တူးေျမာင္းမ်ား

ဥေရာပမွ ေျမာက္ပိုင္းဗင္းနစ္ အျခားတစ္ခုမွာ အမ္စတာဒမ္္ တူးေျမာင္းမ်ားျဖစ္သည္။ နယ္သာလန္ ႏိုင္ငံရွိ အမ္စတာဒမ္ တူးေျမာင္းမ်ားအား ဒတ္ခ်္ တို႕၏ ေရႊေခတ္ဟု ဆိုၾကသည့္ ၁၇ ရာစုတြင္ စတင္ေဖာက္လုပ္ခဲ့သည္။ အဓိက တူးေျမာင္းသုံးခု ရွိသည္။ ယင္းတူးေျမာင္းမ်ားသည္ အမ္စတာဒမ္ၿမိဳ႕အား ဗဟိုခ်က္မ ရပ္၀န္းမ်ား ျဖစ္ေစခဲ့သည္။ တူးေျမာင္းမ်ားစုစုေပါင္း အရွည္ သည္ ကီလိုမီတာ ၁၀၀ ေက်ာ္(မိုင္၆၀) ခန္႕ရွည္လ်ားကာ တူးေျမာင္းျဖတ္ တံတားေပါင္း ၁၅၀၀ ရွိသည္။ အဓိက တူးေျမာင္းမ်ား တစ္ေလ်ာက္ အမ္စတာဒမ္ၿမိဳ႕တြင္ အေဆာက္အအုံေပါင္း ၁၅၅၀ ခန္႕ရွိေပသည္။

၁။ ဗင္းနစ္ တူးေျမာင္းမ်ား

ေရျပင္ၿမိဳ႕ေတာ္ဟု ရည္ညႊန္းလ်က္ အီတလီႏိုင္ငံ၊ ဗင္းနစ္ၿမိဳ႕သည္ ကမၻာ့ေရျပင္ၿမိဳ႕ေတာ္မ်ားတြင္ အထင္ရွားဆုံးျဖစ္ သည္။ ဗင္းနစ္ၿမိဳ႕၏ အဓိက တူးေျမာင္း တစ္ဖက္တစ္ခ်က္တြင္ရွိသည့္ ေရာမ ဂြန္ဒိုလာႏွင့္ အီတလီ ဗိသုကာ လက္ရာမ်ား က ဗင္းနစ္ကို ပိုမို ထင္ရွားေစခဲ့သည္။ တူးေျမာင္းငယ္ ၁၅၀ ေက်ာ္ ကို တြဲသီထားသကဲ့သို႕ျဖစ္ေနသည့္ ဗင္းနစ္သည္ အီတလီတို႕၏ ေကာင္းစားခဲ့စဥ္ အထြတ္အထိပ္ ကာလမွာပင္ ယိုယြင္းမႈမ်ားရွိခဲ့သည္။ဗင္းနစ္သို႔ လာေရာက္လည္ပတ္ၾကသူမ်ားက ဗင္းနစ္ တြင္ေနထိုင္သူမ်ားထက္ မ်ားျပားသည့္အတြက္ အလွပ်က္မႈမ်ားရွိခဲ့ေသာ္လည္ ၾကည္ႏူးဖြယ္ အလွအပမ်ားက က်န္ရွိေနဆဲျဖစ္ သည္။ ဗင္းနစ္ၿမိဳ႕သည္ ယေန႔တိုင္ ေမာ္ေတာ္ယာဥ္မ်ား မရွိသျဖင့္ ေရေပၚ တက္စီဟု ေခၚၾကသည့္ ေလွငယ္မ်ားမွလြဲ၍ မည္သည့္ ယာဥ္တစ္စီးကိုမွ ေခၚ၍ရမည္မဟုတ္ပါေခ်။

လူမ်ားေနထိုင္လ်က္ရွိသည့္ ၿမိဳ႕ျပမ်ား အၾကားတြင္ ရွိေနသည့္ ကမၻာေက်ာ္ တူးေျမာင္းမ်ားသည္ လူအမ်ားသြားလာ ေနၾကေသာ္လည္း တူးေျမာင္းမ်ားတြင္ မည္သည့္ အမိႈက္မွ် မရွိျခင္းသည္ ေဒသခံမ်ားႏွင့္ လာေရာက္လည္ပတ္ၾကသူမ်ား၏ တူးေျမာင္းမ်ားအေပၚတန္ဖိုးထား ေလးစားမႈတစ္ရပ္ျဖစ္ပါေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၅ ခုႏွစ္ ၊စက္တင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ


ထူးခြားထင်ရှား ကမ္ဘာတစ်လွှားတူးမြောင်းများ (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာ့နိုင်ငံများတွင် ကျယ်ဝန်းသောသမုဒ္ဒရာများမှ သေးငယ်သောရေလမ်းကြောင်းများသို့ဆက်သွယ်သည့်တူးမြောင်း များကို အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ တူးဖော်ထားသည်ကိုမြင်နိုင်ကြသည်။ ကမ္ဘာ့နိုင်ငံ မြို့တော်အများစုမှ လူအများသည် အီတလီနိုင်ငံ ၊ ဗင်းနစ်စ် တူးမြောင်းကို မိမိတို့ နိုင်ငံများရှိတူးမြောင်းများ နှင့် ခိုင်းနှိုင်းရန် စိတ်အားထက်သန်စွာရွေးထုတ် ဖော်ပြ လေ့ရှိကြသည်။

ထို့ကြောင့်လည်း ကမ္ဘာတစ်ဝန်းရှိ မြို့တော်များသည် မိမိတို့နိုင်ငံများမှ တူးမြောင်းများအား ဗင်းနစ် အမည်ကို ထည့်သွင်းအမည်ပေးလေ့ရှိကြသည်။ နိုင်ငံအသီးသီးရှိ တူးမြောင်းများသည် မိမိတို့ကိုယ်ပိုင်ဟန်နှင့် မိမိတို့ သမိုင်းကြောင်းအရ ခရီးသွားများ လာရောက် ကြည့်ရှုလိုဖွယ်များသာ ဖြစ်ပေသည်။

စတော့ဟုမ်း တူးမြောင်း(Stockholm Canals )

ဆွီဒင်နိုင်ငံမှ မြောက်ပိုင်း ဗင်းနစ်စ်ဟု အမည်ပေးထားသော တူးမြောင်းသည် ကျွန်းပေါင်း ၁၄ ကျွန်းပေါ်တွင် တည်ရှိ သည်။များပြားသောကျွန်းများပေါ်တွင် တည်ဆောက်ထားသော တူးမြောင်းဖြစ်သဖြင့် ရေလမ်းကြောင်းများ နှင့် မော်တော်များ၊ လှေများကို နေရာတိုင်းတွင် တွေ့မြင်ကြရသည်။ စတော့ဟုမ်း တူးမြောင်းများကို လေ့လာရန် အကောင်းဆုံးသော နည်းလမ်းမှာ ကနိုးသို့မဟုတ် ကယက်လှေတစ်စီး ကို ငှားရမ်းကာ မြို့တော်၏ ကျွန်းများအကြား တူးမြောင်းများတွင် တစ်နာရီကြာမျှ လှော် ခတ်ရန်ပင်ဖြစ်သည်။

အလပ်ပူဇဟာ တူးမြောင်း (Alappuzha)

အိန္ဒိယနိုင်ငံရှိ အရှေ့ ဗင်းနစ်ဟု အမည်ပေးထားသည့် အလပ်ပူဇဟာ သည် တူးမြောင်းများ စုစည်း တည်ရှိနေသည့် လှပသောရှေးဟောင်းဒေသ တစ်ခုဖြစ်သည်။ အလပ်ပူဇဟာသည် နာမည်ကျော် နောက်ပြန်စီးဆင်းနေသည့် ကီရလာရေလမ်း ကြောင်း နှင့် ဆက်သွယ်နေပြီး အလပ်ပူဇဟာသို့ လာရောက်လည်ပတ်ကြသူများသည် နောက်ပြန် ရေစီးကြောင်းကိုစူးစမ်းနိုင် ရန် အိမ်ကဲ့သို့နေထိုင်ပြီး အပေါ်တွင်ချက်ပြုတ်စားနိုင်သော လှေတစ်စီးကို ငှားရမ်းနိုင်ကြသည်။ ထိုလှေဖြင့် တစ်ရက်နှစ်ရက်မှ သည် ရက်အတန်ကြာသည်အထိ တူးမြောင်းများအတွင်းလှည့်လည်နိုင်ကြသည်။ အလပ်ပူဇဟာ တူးမြောင်းအတွင်းတွင် ထင် ပေါ်ကျော်ကြားသည့် နေရူးဖလား မြွေလှေ ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ လှေထိုးသမားများပါဝင်သည့် အဖွဲ့များသည် နေရူး ဖလားလှေပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်လေ့ရှိသည်။

ဘန်ကောက်ကလောင် (Bangkok Klong)

ကလောင်သည် ထိုင်းဘာသာဖြင့် တူးမြောင်းဖြစ်သည်။ ထိုင်းလူမျိုးတို့သည် သမိုင်းတစ်လျောက် သယ်ယူပို့ဆောင် ရေး နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ကလောင်များကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ဘန်ကောက်မြို့အား အရှေ့ ဗင်းနစ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါတွင် ထိုင်းနိုင်ငံတွင် ကလောင်အများစုကို လမ်းများအဖြစ်အသုံးပြုလျက် ရှိသည်။ ထိုင်းနိုင်ငံ ရတ်ချာဘူရီ ပြည်နယ်တွင် ရှေးအစဉ်အလာ ရေပေါ်ဈေးများကို ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ကြည့်ရှု နိုင်ကြသည်။ ဘန်ကောက်တူးမြောင်းတစ်လျောက် လှေတစ်စီးငှားကာ လိုရာနေရာသို့ သွားရောက်ခြင်း ဖြင့် ဘန်ကောက်မြို့၏ ကားလမ်းပိတ်ဆို့မှုဒဏ်ကို ရှောင်လွှဲနိုင်ကြပေသည်။

နန်မဒေါ (Nan Madol)

နန်မဒေါ တူးမြောင်း ခေါ် ပစိဖိတ်ဗင်းနစ်သည် လူလုပ်ကျွန်းငယ်များစုစည်းထားသည့် နေရာဖြစ်ပြီး မိုက်ခရိုနီးရှား၊ ပိုပေ ကျွန်းအရှေ့ကမ်းလွန်တွင် တည်ရှိသည်။ ထိုကျွန်းငယ်များအား ၈ ရာစုနှစ်တွင် စတင်ပြုလုပ်နိုင်ဖွယ်ရှိသည် ဟုယူဆကြသည်။ သို့သော်လည်း ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားသော ထင်ရှားသည့် နန်မဒေါ ဗိသုကာ လက်ရာများသည် ၁၂ ရာစု နှင့် ၁၃ ရာစု အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။ယင်းနေရာသည် ဆော်ဒီလျူရာမင်းဆက်တွင် နှစ်ပေါင်း ၄၀၀ တိုင် အခမ်းအနားများကျင်းပရာ နေရာအဖြစ်အသုံးပြုခဲ့ပြီး ရှင်ဘုရင်နန်းထိုင်ရာ ရာဇ ဌာနီအဖြစ် နန်းမြို့တော်ကျဆုံးချိန်အထိ အသုံးပြုခဲ့သည်။

စူချောင် (Suzhou)

တရုတ်နိုင်ငံ၏ ဗင်းနစ် ဟုခေါ်ဆိုကြသည့် စူချောင်သည် ယန်စီမြစ်အောက်ပိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဘီစီ ၅ ရာစုတွင် ပြုလုပ်ခဲ့သည့် စူချောင်သည် လှပသော ရေလမ်းကြောင်းများကြောင့် ထင်ရှားကျော်ကြားသည်။ စူချောင် တွင် ရှုပ်ထွေးသော ဥယျာဉ်များနှင့် သမိုင်းဝင် ကျောက်တံတားများရှိသည်။ တစ်ချိန်က စူချောင်ကို ပိုးကုန်သွယ်မှုလုပ်ငန်း လမ်း ကြောင်းအဖြစ်အသုံးပြုခဲ့သဖြင့် လူသိများသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်ရေလမ်းကြောင်း တစ်ခု ဖြစ်သည့် ဂရန်းတူးမြောင်းနှင့် ကပ်လျက်တည်ရှိနေသည်။

ပနားမား တူးမြောင်း

ပနားမားတူးမြောင်းကို မသိသူ နည်းပါးပေလိမ့်မည်။လူတို့ ဖောက်လုပ်ခဲ့သော ၇၇ ကီလိုမီတာ( ၄၈)မိုင် ရှည်လားသည့် ပနားမား တူးမြောင်းသည် ကမ္ဘာ့ရေကြောင်းသွားလာမှုကို ပြောင်းလဲစေခဲ့သည်။ အတ္တလန်တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ပနားမားနိုင်ငံရှိ ကျဉ်းမြောင်းသော ကမ်းမျှောင်နေရာလေးဖြင့် ဆက်သွယ်နိုင်ခဲ့သဖြင့် သင်္ဘောများသည် ထိုလမ်းကြောင်းမှ သွားလာနိုင်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သော ပနားမားတူးမြောင်းအတွင်း သင်္ဘောများ တစ်ဖက်မှ တစ်ဖက်သို့ ဖြတ်သန်း ခုတ်မောင်းနိုင်ရန် ရေတံခါးများဖြင့် ရေပြင်ကို အနိမ့်အမြင့် လိုသလို ထိန်းညှိပေးသည်။ ပင်လယ်ကူးသင်္ဘာများသည် တောင်အမေရိကတိုက်ကို ပတ်ကာ သွားရသည့် အလွန်ရှည်လျားပြီး အန္တရာယ်များသော ရေလမ်းကြောင်းကို အသုံးပြုရန် မလိုတော့ပဲ သမုဒ္ဒရာ တစ်ဖက်မှ တစ်ဖက်သို့ ပနားမား တူးမြောင်းကို ဖြတ်သန်းကာ သွားလာနိုင်ကြပေသည်။ ယနေ့အချိန်တွင် ပနားမား တူးမြောင်းအား သင်္ဘောပေါင်း ၁၄၀၀၀ နှစ်စဉ် ဖြတ်သန်းလျက်ရှိပေသည်။

ဟွိုင်အန်း တူးမြောင်း

ဗီယက်နမ်နိုင်ငံ၊ တောင်တရုတ်ပင်လယ်ကမ်းခြေရှိ ဟွိုင်အန်း အမည်ရှိ ရွာငယ်လေးသည် တံငါရွာ အဖြစ်မှ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ ဗီယက်နမ် ငါးဖမ်းလုပ်ငန်းဈေးကွက် သည် ဒါနန် မြို့တော်သို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ဟွိုင်အန်းသည် ၁၆ ရာစု ကတည်းက နိုင်ငံတကာ ငါးဆိပ်ကမ်း တစ်ခုဖြစ်ခဲ့သည်။ ဟွိုင်အန်းမြို့လယ် တွင် ယနေ့တိုင် ဟွိုင်အန် မြို့ဟောင်းရှိနေသည်။ တရုတ် ပုံစံ ဈေးဆိုင်များကို ယခုအထိမြင်တွေ့နိုင်သည်။ ဟွိုင်အန်းသည် မြို့ အစိတ်အပိုင်းများအား ဖြတ်သန်းဖောက်လုပ်ထားသည့် ကျဉ်းမြောင်းသော တူးမြောင်းတစ်ခုသဖြင့် ဗီယက်နမ် ဗင်းနစ် ဟု လည်း ခေါ်ကြသည်။

ဗရုစ် တူးမြောင်းများ

ဗရုစ်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ လူသိအများဆုံး နေရာ တစ်ခုဖြစ်သည်။ယနေ့တိုင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် ဥရောပအလယ်ခေတ် လက်ရာ မြို့တော်ဟောင်းတစ်ခုလည်းဖြစ်သည်။ ဗရုစ်ရှိ တူးမြောင်းများကြောင့် ဗရုစ်ကို မြောက်ပိုင်း ဗင်းနစ်ဟု ခေါ်ကြသည်။ အလယ်ခေတ် ကာလများတွင် ရီအီ မြစ်အား တူးမြောင်းများ ကွန်ယက်တစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ကုန် ပစ္စည်းရောင်းချကြသူများသည် မိမိတို့၏ ထုတ်ကုန်များအား ဈေးများရှိရာ ရေလမ်းများသို့ လွယ်ကူစွာ သယ်ယူနိုင်ခဲ့ကြသည်။ ယခုအခါတွင် ထင်ရှားသည့် ဗရုစ်တူးမြောင်းများ အတွင်း လှေတစ်စီးဖြင့် စီးနင်းလိုက်ပါကာ ဗရုစ်၏ လှပသော မြင်ကွင်းများကို ရှုမြင်ခံစားနိုင်ကြပေသည်။

အမ်စတာဒမ် တူးမြောင်းများ

ဥရောပမှ မြောက်ပိုင်းဗင်းနစ် အခြားတစ်ခုမှာ အမ်စတာဒမ် တူးမြောင်းများဖြစ်သည်။ နယ်သာလန် နိုင်ငံရှိ အမ်စတာဒမ် တူးမြောင်းများအား ဒတ်ခ်ျ တို့၏ ရွှေခေတ်ဟု ဆိုကြသည့် ၁၇ ရာစုတွင် စတင်ဖောက်လုပ်ခဲ့သည်။ အဓိက တူးမြောင်းသုံးခု ရှိသည်။ ယင်းတူးမြောင်းများသည် အမ်စတာဒမ်မြို့အား ဗဟိုချက်မ ရပ်ဝန်းများ ဖြစ်စေခဲ့သည်။ တူးမြောင်းများစုစုပေါင်း အရှည် သည် ကီလိုမီတာ ၁၀၀ ကျော်(မိုင်၆၀) ခန့်ရှည်လျားကာ တူးမြောင်းဖြတ် တံတားပေါင်း ၁၅၀၀ ရှိသည်။ အဓိက တူးမြောင်းများ တစ်လျောက် အမ်စတာဒမ်မြို့တွင် အဆောက်အအုံပေါင်း ၁၅၅၀ ခန့်ရှိပေသည်။

ဗင်းနစ် တူးမြောင်းများ

ရေပြင်မြို့တော်ဟု ရည်ညွှန်းလျက် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သည် ကမ္ဘာ့ရေပြင်မြို့တော်များတွင် အထင်ရှားဆုံးဖြစ် သည်။ ဗင်းနစ်မြို့၏ အဓိက တူးမြောင်း တစ်ဖက်တစ်ချက်တွင်ရှိသည့် ရောမ ဂွန်ဒိုလာနှင့် အီတလီ ဗိသုကာ လက်ရာများ က ဗင်းနစ်ကို ပိုမို ထင်ရှားစေခဲ့သည်။ တူးမြောင်းငယ် ၁၅၀ ကျော် ကို တွဲသီထားသကဲ့သို့ဖြစ်နေသည့် ဗင်းနစ်သည် အီတလီတို့၏ ကောင်းစားခဲ့စဉ် အထွတ်အထိပ် ကာလမှာပင် ယိုယွင်းမှုများရှိခဲ့သည်။ဗင်းနစ်သို့ လာရောက်လည်ပတ်ကြသူများက ဗင်းနစ် တွင်နေထိုင်သူများထက် များပြားသည့်အတွက် အလှပျက်မှုများရှိခဲ့သော်လည် ကြည်နူးဖွယ် အလှအပများက ကျန်ရှိနေဆဲဖြစ် သည်။ ဗင်းနစ်မြို့သည် ယနေ့တိုင် မော်တော်ယာဉ်များ မရှိသဖြင့် ရေပေါ် တက်စီဟု ခေါ်ကြသည့် လှေငယ်များမှလွဲ၍ မည်သည့် ယာဉ်တစ်စီးကိုမှ ခေါ်၍ရမည်မဟုတ်ပါချေ။

လူများနေထိုင်လျက်ရှိသည့် မြို့ပြများ အကြားတွင် ရှိနေသည့် ကမ္ဘာကျော် တူးမြောင်းများသည် လူအများသွားလာ နေကြသော်လည်း တူးမြောင်းများတွင် မည်သည့် အမှိုက်မျှ မရှိခြင်းသည် ဒေသခံများနှင့် လာရောက်လည်ပတ်ကြသူများ၏ တူးမြောင်းများအပေါ်တန်ဖိုးထား လေးစားမှုတစ်ရပ်ဖြစ်ပါပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ် ၊စက်တင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply