စက္ဘီးပဲစီးတဲ့ အခ်မ္းသာဆုံးႏုိင္ငံ တစ္ႏုိင္ငံက ၀န္ႀကီးခ်ဳပ္

Posted on

၀န္ႀကီးခ်ဳပ္ဆုိတာ အစုိးရအဖြဲ႔မွာ အေရးႀကီးတဲ့ပုဂၢဳိလ္ျဖစ္တာနဲ႔အညီ ေဘာ္ဒီဂတ္ေတြ နဲ႔ က်ည္ဆန္ကာ ကားေတြကုိ စီးေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ဒီအထဲမွာ နယ္သာလန္၀န္ႀကီးခ်ဳပ္ မပါပါဘူး။ ဟုတ္ပါတယ္။ နယ္သာလန္၀န္ႀကီးခ်ဳပ္ Mark Rutte ဟာ သူရဲ႕လမ္းေၾကာင္းအမ်ားစုကုိ စက္ဘီးပဲစီးသြားေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က သူဟာ နယ္သာလန္ ဘုရင္နဲ႔ သြားေတြ႔စဥ္မွာ စက္ဘီးကို အိမ္ေတာ္ရဲ႕အျပင္ဘက္မွာရပ္ေနတဲ့ပုံဟာ အင္တာနက္က တစ္ဆင့္ ျပန္ႏွံ႔ခဲ့တာေၾကာင့္ ႏုိင္ငံတကာက ျပည္သူေတြအလြန္သေဘာက်ခဲ့ၾကပါတယ္။

တကယ္ေတာ့ Mark Rutte စက္ဘီးစီးခဲ့တာ သူ၀န္ႀကီးခ်ဳပ္စျဖစ္တဲ့ ၂၀၁၀ခုႏွစ္ေလာက္ကတည္းကပါ။ အားလုံးသိၾကတဲ့အတုိင္း နယ္သာလန္ႏုိင္ငံဆုိတာ ကမာၻမွာ စီးပြားေရး ၊ ပညာေရး ၊ ရာဇ၀တ္မႈကင္းစင္ေရးေတြမွာ ထိပ္တန္းကရပ္တဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။ အခ်မ္းသာဆုံးႏုိင္ငံေတြထဲမွာ ပါ၀င္ေနေပမယ့္ ဒီႏုိင္ငံရဲ႕ အေရးပါဆုံးလုိ႔ဆုိရမယ့္ ၀န္ႀကီးခ်ဳပ္က အေကာင္းဆုံးကားေတြ အၿမဲစီးလုိ႔ရေနပါလ်က္နဲ႔ ဘာေၾကာင့္ စက္ဘီးစီးရပါသလဲ…။

၀န္ႀကီးခ်ဳပ္ကေတာ့ စက္ဘီးစီးျခင္းဟာ က်န္းမာေရးကုိေကာင္းေစတယ္ ၊ ပတ္၀န္းက်င္ကုိထိမ္းသိမ္းၿပီးသားျဖစ္တယ္ ၊ ႏုိင္ငံ့၀င္ေငြကုိ ေခြ်တာၿပီးသားျဖစ္တယ္ လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း သူဟာ ရုံးတက္တဲ့အခါမွာ ဘာအေစာင့္အေရွာက္မွမပါပဲ သာမန္လူတစ္ေယာက္လုိ စက္ဘီးစီးကာ တက္ေလ့ရွိပါတယ္။ အမွတ္တမဲ့ဆုိရင္ ၀န္ႀကီးခ်ဳပ္မွန္းေတာင္ ဘယ္သူမွ မသိၾကပါဘူး။ အိႏၵိယ၀န္ႀကီးခ်ဳပ္ မုိဒီနဲ႔ ေတြ႔တုန္းကေတာင္ Rutte ဟာ မုိဒီကုိ စက္ဘီးတစ္စီး လက္ေဆာင္ေပးၿပီး စက္ဘီးစီးျခင္းရဲ႕ေကာင္းက်ဳိးေတြကို ေျပာျပခဲ့ပါေသးတယ္။ အဲဒီတုန္းက မုိဒီက စက္ဘီးစီးၿပီး Rutte က ေဘးကရပ္ေနတဲ့ ပုံေတြတက္လာတဲ့အတြက္ အားလုံးသေဘာက်ခဲ့ၾကပါေသးတယ္။

သူ႔ႏုိင္ငံကုိ အလည္လာတဲ့ အျခားႏုိင္ငံေတြက ေခါင္းေဆာင္ေတြနဲ႔ ေတြ႔တဲ့အခါမွာ သူဟာ သာမန္လူတစ္ေယာက္လုိ စက္ဘီးေလးစီးၿပီးလာေတြ႔တဲ့အတြက္ အားလုံးရဲ႕ေလးစားျခင္းကုိ ခံရပါတယ္။ အီရန္ႏုိင္ငံ နဲ႔ ေဆြးေႏြးစာခ်ဳပ္ခ်ဳပ္ဆုိပြဲ တစ္ခုမွာလည္း ဒီလုိပဲလာတဲ့အတြက္ အီရန္ေခါင္းေဆာင္က
“ေလးစားဖုိ႔ေကာင္းလုိက္တဲ့ ၀န္ႀကီးခ်ဳပ္ပါ။ ကမာၻေပၚက အဆင္းရဲဆုံးႏုိင္ငံေတြက ၀န္ႀကီးေတြေတာင္ ကားအေကာင္းစားႀကီးေတြကို မစီးရမျဖစ္ စီးၿပီး ျပည္သူ႔ေငြေတြ ျဖဳန္းေနတဲ့အခ်ိန္မွာ ဥေရာပရဲ႕အခ်မ္းသာဆုံး ႏုိင္ငံတစ္ႏုိင္ငံက ၀န္ႀကီးခ်ဳပ္က စက္ဘီးေလးစီးေနတာျမင္ရေတာ့ ကြ်န္ေတာ္ရွက္မိပါတယ္” လုိ႔ ခ်ီးက်ဴးေျပာဆုိခဲ့ဖူးပါတယ္။

အသက္ ၅၁ႏွစ္ရွိၿပီျဖစ္တဲ့ Mark Rutte ဟာ ၀န္ႀကီးခ်ဳပ္မျဖစ္ခင္က ပညာေရး ၊ ယဥ္ေက်းမႈ ၊ သိပၸံ နဲ႔ အလုပ္သမား၀န္ႀကီးဌာနေတြမွာ ထမ္းေဆာင္ခဲ့ဖူးပါတယ္။ ႏုိင္ငံအတြက္ အားက်ဳိးမာန္တက္ ထမ္းေဆာင္ေနတဲ့ ဒတ္ခ်္ျပည္သူေတြခ်စ္တဲ့ Mark Rutte ဟာ ၀န္ႀကီးခ်ဳပ္တာ၀န္ ထမ္းေဆာင္ေနရင္းနဲ႔ပဲ The Hague’s Johan de Witt ေကာလိပ္မွာ အခ်ိန္ပုိင္းေက်ာင္းဆရာအလုပ္ကုိ လုပ္ေနဆဲပါ။


စက်ဘီးပဲစီးတဲ့ အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးချုပ်

ဝန်ကြီးချုပ်ဆိုတာ အစိုးရအဖွဲ့မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တာနဲ့အညီ ဘော်ဒီဂတ်တွေ နဲ့ ကျည်ဆန်ကာ ကားတွေကို စီးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအထဲမှာ နယ်သာလန်ဝန်ကြီးချုပ် မပါပါဘူး။ ဟုတ်ပါတယ်။ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ဟာ သူရဲ့လမ်းကြောင်းအများစုကို စက်ဘီးပဲစီးသွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က သူဟာ နယ်သာလန် ဘုရင်နဲ့ သွားတွေ့စဉ်မှာ စက်ဘီးကို အိမ်တော်ရဲ့အပြင်ဘက်မှာရပ်နေတဲ့ပုံဟာ အင်တာနက်က တစ်ဆင့် ပြန်နှံ့ခဲ့တာကြောင့် နိုင်ငံတကာက ပြည်သူတွေအလွန်သဘောကျခဲ့ကြပါတယ်။

တကယ်တော့ Mark Rutte စက်ဘီးစီးခဲ့တာ သူဝန်ကြီးချုပ်စဖြစ်တဲ့ ၂၀၁ဝခုနှစ်လောက်ကတည်းကပါ။ အားလုံးသိကြတဲ့အတိုင်း နယ်သာလန်နိုင်ငံဆိုတာ ကမ္ဘာမှာ စီးပွားရေး ၊ ပညာရေး ၊ ရာဇဝတ်မှုကင်းစင်ရေးတွေမှာ ထိပ်တန်းကရပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပေမယ့် ဒီနိုင်ငံရဲ့ အရေးပါဆုံးလို့ဆိုရမယ့် ဝန်ကြီးချုပ်က အကောင်းဆုံးကားတွေ အမြဲစီးလို့ရနေပါလျက်နဲ့ ဘာကြောင့် စက်ဘီးစီးရပါသလဲ…။

ဝန်ကြီးချုပ်ကတော့ စက်ဘီးစီးခြင်းဟာ ကျန်းမာရေးကိုကောင်းစေတယ် ၊ ပတ်ဝန်းကျင်ကိုထိမ်းသိမ်းပြီးသားဖြစ်တယ် ၊ နိုင်ငံ့ဝန်ငွေကို ချွေတာပြီးသားဖြစ်တယ် လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ရုံးတက်တဲ့အခါမှာ ဘာအစောင့်အရှောက်မှမပါပဲ သာမန်လူတစ်ယောက်လို စက်ဘီးစီးကာ တက်လေ့ရှိပါတယ်။ အမှတ်တမဲ့ဆိုရင် ဝန်ကြီးချုပ်မှန်းတောင် ဘယ်သူမှ မသိကြပါဘူး။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တုန်းကတောင် Rutte ဟာ မိုဒီကို စက်ဘီးတစ်စီး လက်ဆောင်ပေးပြီး စက်ဘီးစီးခြင်းရဲ့ကောင်းကျိုးတွေကို ပြောပြခဲ့ပါသေးတယ်။ အဲဒီတုန်းက မိုဒီက စက်ဘီးစီးပြီး Rutte က ဘေးကရပ်နေတဲ့ ပုံတွေတက်လာတဲ့အတွက် အားလုံးသဘောကျခဲ့ကြပါသေးတယ်။

သူ့နိုင်ငံကို အလည်လာတဲ့ အခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ သူဟာ သာမန်လူတစ်ယောက်လို စက်ဘီးလေးစီးပြီးလာတွေ့တဲ့အတွက် အားလုံးရဲ့လေးစားခြင်းကို ခံရပါတယ်။ အီရန်နိုင်ငံ နဲ့ ဆွေးနွေးစာချုပ်ချုပ်ဆိုပွဲ တစ်ခုမှာလည်း ဒီလိုပဲလာတဲ့အတွက် အီရန်ခေါင်းဆောင်က
“လေးစားဖို့ကောင်းလိုက်တဲ့ ဝန်ကြီးချုပ်ပါ။ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေက ဝန်ကြီးတွေတောင် ကားအကောင်းစားကြီးတွေကို မစီးရမဖြစ် စီးပြီး ပြည်သူ့ငွေတွေ ဖြုန်းနေတဲ့အချိန်မှာ ဥရောပရဲ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံက ဝန်ကြီးချုပ်က စက်ဘီးလေးစီးနေတာမြင်ရတော့ ကျွန်တော်ရှက်မိပါတယ်” လို့ ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။

အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ Mark Rutte ဟာ ဝန်ကြီးချုပ်မဖြစ်ခင်က ပညာရေး ၊ ယဉ်ကျေးမှု ၊ သိပ္ပံ နဲ့ အလုပ်သမားဝန်ကြီးဌာနတွေမှာ ထမ်းဆောင်ခဲ့ဖူးပါတယ်။ နိုင်ငံအတွက် အားကျိုးမာန်တက် ထမ်းဆောင်နေတဲ့ Mark Rutte ဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေရင်းနဲ့ပဲ
The Hague’s Johan de Witt ကောလိပ်မှာ အချိန်ပိုင်းကျောင်းဆရာအလုပ်ကို လုပ်နေဆဲပါ။

Leave a Reply