ေရႊ နဲ႔ ေငြ ဘယ္ဟာ ပိုတန္ဖိုး ရွိသလဲ

Posted on

ေရးသားသူ – သိဂၤါေက်ာ္( ႏွင္းဆီတစ္ခင္း ပန္းတစ္ျခင္း)

တစ္ခါက ရြာတစ္ရြာမွာ သခ်ၤာပညာရွင္ တစ္ေယာက္ ေနထိုင္ခဲ့ပါတယ္။ အဲဒီနယ္ရဲ႕ အၾကီးအကဲ ဘုရင္ ကိုယ္တိုင္ သူ႕ကို မၾကာခဏ ေခၚျပီး စီးပြားေရးနဲ႕ ပတ္သတ္တဲ့ ကိစၥရပ္ေတြမွာ အၾကံဥာဏ္ ေတာင္းတတ္ပါတယ္။ သူ႕ရဲ႕ နာမည္ ဂုဏ္သတင္းက အရပ္ေလးမ်က္ႏွာထိ ျပန္႔ႏွံ႔ေက်ာ္ေဇာ ေနပါတယ္။ ဒါေပမယ့္ ရြာ အၾကီးအကဲ က သူ႕ကို ေျပာတဲ့ စကားတစ္ခြန္းက သူ႕ကို အေတာ္ ထိခိုက္ နာက်င္ေစပါတယ္။
“ခင္ဗ်ားကသာ ဘုရင္ၾကီးရဲ႕ စီးပြားေရး အတိုင္ပင္ခံ ျဖစ္ေနတာ၊ ခင္ဗ်ား သားကေတာ့ ေရႊ နဲ႔ ေငြ မွာ ဘယ္ဟာ ပိုျပီး တန္ဖိုး ရွိတယ္ ဆိုတာကိုေတာင္ မသိဘူးေနာ္”

သခ်ၤာပညာရွင္လည္း သူ႕သားကို ေခၚျပီး ေမးရေတာ့တယ္။
“ေရႊ နဲ႕ ေငြ မွာ ဘယ္ဟာက ပိုျပီး တန္ဖိုး ရွိသလဲ သား” ဆိုေတာ့ “ေရႊ ေပါ့ အေဖရာ” လို႕ သူ႕သားက ခ်က္ခ်င္း ျပန္ေျပာပါတယ္။

“ဒါ အမွန္ပဲေလ၊ ဘာျဖစ္လို႕ ရြာသူၾကီးက မင္းကို ေရႊနဲ႕ ေငြရဲ႕ တန္ဖိုးကိုေတာင္ မသိတဲ့လူလို႔ ထင္ျပီး ရယ္စရာ ျဖစ္ေအာင္ လုပ္ေနရတာလဲ၊ သူက ငါ့ကို ေန႔တိုင္း ရိတယ္၊ တျခား ရြာလူၾကီး ေတြ ေရွ႕မွာ ငါ့ကို ကိုယ့္သားကိုယ္ ဂ႐ုမစိုက္တဲ့လူလို႕ မေလးမစား ေနာက္ေျပာင္ခ်င္တယ္၊ ဒါက ငါ့ကို နာက်င္ေစတာေပါ့၊ ငါ့သားက ေရႊ နဲ႕ ေငြမွာ ဘယ္ဟာ ပိုျပီး တန္ဖိုး ရွိမွန္းေတာင္ မသိဘူး ဆိုျပီး ရြာက လူအားလံုးက ငါ့ေနာက္ကြယ္မွာ ေျပာင္ေလွာင္ ေနၾကတယ္လို႕ ခံစားရတယ္၊ မင္း ဘာလို႕ အဲလို လုပ္ရတယ္ ဆိုတာ ငါ့ကို ရွင္းစမ္းပါဦး”

သခ်ၤာပညာရွင္ရဲ႕ သားက ရြာသူၾကီး သူ႕ကို အထင္အျမင္ေသးေအာင္ လုပ္မိတဲ့ အေၾကာင္းျပခ်က္ကို ခုလို ေျပာျပပါတယ္။
“ေန႕တိုင္း ကၽြန္ေတာ္ ေက်ာင္းသြားတဲ့လမ္းမွာ ရြာသူူၾကီးက သူ႕အိမ္ကို ေခၚတယ္။ ရြာက တစ္ျခား လူၾကီးေတြရဲ႕ ေရွ႕မွာပဲ သူ႕လက္ထဲမွာ ေငြျပား တစ္ျပား နဲ႕ ေရႊျပား တစ္ျပား ကိုင္ထားျပီး ကၽြန္ေတာ့္ကို ဘယ္ဟာ ပိုျပီး တန္ဖိုးရွိသလဲ လို႕ ေမးတယ္ေလ။ ကၽြန္ေတာ္က ေငြျပားကိုပဲ ေကာက္လာတယ္။ သူက ရယ္တယ္။ တစ္ျခားလူေတြလည္း ရယ္ၾကတယ္။ အဲလို ေန႕တိုင္းပဲ…။ အဲဒါေၾကာင့္ သူက အေဖ့ကို ကၽြန္ေတာ္က ေငြ နဲ႕ ေရႊ ဘယ္ဟာ ပိုတန္ဖိုးၾကီးမွန္းေတာင္ မသိဘူး လို႕ ေျပာတာေပါ့”

သူသားေျပာတာကို ၾကားတဲ့အခါ အေဖလည္း စိတ္႐ႈပ္သြားပါတယ္။ သူ႕သားဟာ ေရႊနဲ႕ ေငြရဲ႕ တန္ဖိုးကို သိရဲ႕သားနဲ႕ ဘာလုိ႕ အျမဲတမ္း ေငြျပားကိုပဲ ေကာက္လာရသလဲ ဆိုတာပဲ…။

“ဘာလို႕ မင္းက ေရႊျပားကို မေရြးရတာလဲ” သူကေမးေတာ့ သူ႕သားက အေဖကို အခန္းထဲ ေခၚသြားျပီးေတာ့ ေသတၱာေလး တစ္လံုးကို ဖြင့္ျပပါတယ္။ ေသတၱာထဲမွာေတာ့ ေငြျပား တစ္ရာေလာက္ အနည္းဆံုး ရွိေနပါတယ္။ သူ႕အေဖဘက္ ျပန္လွည့္ျပီးေတာ့ သခ်ၤာပညာရွင္ရဲ႕ သားက ေျပာပါတယ္။

“ကၽြန္ေတာ္က ေရႊျပားကို ေရြးလိုက္တဲ့ ေန႕မွာ ကစားပြဲက ျပီးသြားမွာေပါ့ အေဖရဲ႕၊ သူတို႕က ကၽြန္ေတာ့္ကို ရယ္စရာ လုပ္ေနတာ ရပ္သြားလိမ့္မယ္၊ ကၽြန္ေတာ္လည္း ပိုက္ဆံ မရေတာ့ပဲ ေနမွာေပါ့”

တစ္ခါတရံ ဘဝမွာ ကၽြန္ေတာ္တို႕ဟာ အ႐ူးလိုပဲ ကစားရပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ Senior ေတြ၊ Junior ေတြ၊ ၾကားမွာေပါ့…။ ဒါဟာ ဘဝရဲ႕ ကစားပြဲမွာ ႐ႈံးနိမ့္တယ္လို႕ မဆိုလိုပါဘူး။ ဒါက တစ္ျခား လူေတြကို ကစားပြဲရဲ႕ နယ္ပယ္ တစ္ခုမွာ အႏိုင္ေပးလိုက္ျပီး ကၽြန္ေတာ္တို႕က ကစားပြဲရဲ႕ တစ္ျခား တစ္ဖက္မွာ အႏိုင္ယူလိုက္တာပါပဲ။ ဘယ္လို နယ္ပယ္မ်ိဳးမွာ အႏိုင္ရေအာင္ လုပ္ျပီး ဘယ္လို နယ္ပယ္မ်ိဳးမွာ မလုပ္ပဲေနမလဲ ဆိုတာေတာ့ ကၽြန္ေတာ္တို႕ ေရြးခ်ယ္ရမွာပါ။

သိဂၤါေက်ာ္
ႏွင္းဆီတစ္ခင္း ပန္းတစ္ျခင္းဘေလာ့

The Smart Game – Gold or Silver? ကို ျပန္ဆိုပါသည္။


ရွှေ နဲ့ ငွေ ဘယ်ဟာ ပိုတန်ဖိုး ရှိသလဲ (unicode)

ရေးသားသူ – သိင်္ဂါကျော်( နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း)

တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဥာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ့ကျော်ဇော နေပါတယ်။ ဒါပေမယ့် ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။
“ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်”

သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။
“ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက ပိုပြီး တန်ဖိုး ရှိသလဲ သား” ဆိုတော့ “ရွှေ ပေါ့ အဖေရာ” လို့ သူ့သားက ချက်ချင်း ပြန်ပြောပါတယ်။

“ဒါ အမှန်ပဲလေ၊ ဘာဖြစ်လို့ ရွာသူကြီးက မင်းကို ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့လူလို့ ထင်ပြီး ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ၊ သူက ငါ့ကို နေ့တိုင်း ရိတယ်၊ တခြား ရွာလူကြီး တွေ ရှေ့မှာ ငါ့ကို ကိုယ့်သားကိုယ် ဂရုမစိုက်တဲ့လူလို့ မလေးမစား နောက်ပြောင်ချင်တယ်၊ ဒါက ငါ့ကို နာကျင်စေတာပေါ့၊ ငါ့သားက ရွှေ နဲ့ ငွေမှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိမှန်းတောင် မသိဘူး ဆိုပြီး ရွာက လူအားလုံးက ငါ့နောက်ကွယ်မှာ ပြောင်လှောင် နေကြတယ်လို့ ခံစားရတယ်၊ မင်း ဘာလို့ အဲလို လုပ်ရတယ် ဆိုတာ ငါ့ကို ရှင်းစမ်းပါဦး”

သင်္ချာပညာရှင်ရဲ့ သားက ရွာသူကြီး သူ့ကို အထင်အမြင်သေးအောင် လုပ်မိတဲ့ အကြောင်းပြချက်ကို ခုလို ပြောပြပါတယ်။
“နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့လမ်းမှာ ရွာသူကြီးက သူ့အိမ်ကို ခေါ်တယ်။ ရွာက တစ်ခြား လူကြီးတွေရဲ့ ရှေ့မှာပဲ သူ့လက်ထဲမှာ ငွေပြား တစ်ပြား နဲ့ ရွှေပြား တစ်ပြား ကိုင်ထားပြီး ကျွန်တော့်ကို ဘယ်ဟာ ပိုပြီး တန်ဖိုးရှိသလဲ လို့ မေးတယ်လေ။ ကျွန်တော်က ငွေပြားကိုပဲ ကောက်လာတယ်။ သူက ရယ်တယ်။ တစ်ခြားလူတွေလည်း ရယ်ကြတယ်။ အဲလို နေ့တိုင်းပဲ…။ အဲဒါကြောင့် သူက အဖေ့ကို ကျွန်တော်က ငွေ နဲ့ ရွှေ ဘယ်ဟာ ပိုတန်ဖိုးကြီးမှန်းတောင် မသိဘူး လို့ ပြောတာပေါ့”

သူသားပြောတာကို ကြားတဲ့အခါ အဖေလည်း စိတ်ရှုပ်သွားပါတယ်။ သူ့သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိရဲ့သားနဲ့ ဘာလို့ အမြဲတမ်း ငွေပြားကိုပဲ ကောက်လာရသလဲ ဆိုတာပဲ…။

“ဘာလို့ မင်းက ရွှေပြားကို မရွေးရတာလဲ” သူကမေးတော့ သူ့သားက အဖေကို အခန်းထဲ ခေါ်သွားပြီးတော့ သေတ္တာလေး တစ်လုံးကို ဖွင့်ပြပါတယ်။ သေတ္တာထဲမှာတော့ ငွေပြား တစ်ရာလောက် အနည်းဆုံး ရှိနေပါတယ်။ သူ့အဖေဘက် ပြန်လှည့်ပြီးတော့ သင်္ချာပညာရှင်ရဲ့ သားက ပြောပါတယ်။

“ကျွန်တော်က ရွှေပြားကို ရွေးလိုက်တဲ့ နေ့မှာ ကစားပွဲက ပြီးသွားမှာပေါ့ အဖေရဲ့၊ သူတို့က ကျွန်တော့်ကို ရယ်စရာ လုပ်နေတာ ရပ်သွားလိမ့်မယ်၊ ကျွန်တော်လည်း ပိုက်ဆံ မရတော့ပဲ နေမှာပေါ့”

တစ်ခါတရံ ဘဝမှာ ကျွန်တော်တို့ဟာ အရူးလိုပဲ ကစားရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Senior တွေ၊ Junior တွေ၊ ကြားမှာပေါ့…။ ဒါဟာ ဘဝရဲ့ ကစားပွဲမှာ ရှုံးနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ခြား လူတွေကို ကစားပွဲရဲ့ နယ်ပယ် တစ်ခုမှာ အနိုင်ပေးလိုက်ပြီး ကျွန်တော်တို့က ကစားပွဲရဲ့ တစ်ခြား တစ်ဖက်မှာ အနိုင်ယူလိုက်တာပါပဲ။ ဘယ်လို နယ်ပယ်မျိုးမှာ အနိုင်ရအောင် လုပ်ပြီး ဘယ်လို နယ်ပယ်မျိုးမှာ မလုပ်ပဲနေမလဲ ဆိုတာတော့ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။

သိင်္ဂါကျော်
နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းဘလော့

The Smart Game – Gold or Silver? ကို ပြန်ဆိုပါသည်။

Leave a Reply