အင္း၀ျပည္ႀကီး ေကာင္းစားခဲ့စဥ္က

Posted on

ဒဂုန္ခင္ခင္ေလး

(ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားသူ မိတ္ေဆြမ်ားကုိ ေက်းဇူးတင္ရွိပါတယ္)

ဘႀကီးေတာ္ဘုရား လက္ထက္၌ အင္း၀ျပည္ႀကီး၏ ေနာက္ဆံုးေခတ္ျဖစ္ခဲ့သလုိ အစည္ကား အႀကီး အက်ယ္ ဆံုးလည္း ျဖစ္ခဲ့ပါသည္။ ႀကီးက်ယ္ခမ္းနားေသာ ဖန္နန္းေတာ္ႀကီးႏွင့္တကြ မုိးထုိးျမင့္မား ေသာ ေက်ာင္းကန္ ဘုရား အေဆာက္အဦေပါင္း ေျမာက္ျမားစြာ႐ွိခဲ့သည္။ အင္း၀ေခတ္ အဆက္ဆက္မွ ေနာက္ဆံုးေခတ္ အထိ တည္႐ွိခဲ့ေသာ ထုိအေဆာက္အဦမ်ားတြင္ ပန္းဆယ္ပါးဟု ဆုိအပ္ေသာ ပန္းပု၊ ပန္းတဥ္း၊ ပန္းရန္၊ ပန္းတေမာ့ စေသာ လက္ရာမြန္မ်ားႏွင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ရာ၊ ေ႐ွးေဟာင္း လက္ရာ မြန္တုိ႔ႏွင့္ ေ၀ဆာလွ်ံညီး ႐ႈမၿငီးတင့္တယ္ဖြယ္ရာ ႐ွိခဲ့သည္။ သိမ္းက်ံဳး၍ ေျပာရပါမူ အင္း၀ျပည္၏ လက္ရာ ေျမာက္ေက်ာင္းကန္ဘုရားႏွင့္ ဇရပ္တန္ေဆာင္း စေသာဘံုဗိမာန္ေတြသည္ ဤအင္း၀မွာ စု၍ သာ ေနခဲ့ေပ သည္။

ေလာကီ ေလာကုတၱရာေၾကာင္းႏွင့္ နာမည္သတင္း ေက်ာ္ေစာျခင္းႏွင့္ ျပည့္စံုခဲ့ေသာ ပညာေက်ာ္ ေတာ္၀င္ က၀ိ႐ွင္ႀကီးမ်ားလည္း မေရမတြက္ႏိုင္ေအာင္ အင္း၀က ထြန္းကားႏုိင္ခဲ့ပါသည္။ အင္း၀ မုိးညႇင္းမင္းတရားႀကီး လက္ထက္ အလြန္ထင္႐ွားေက်ာ္ၾကားခဲ့ေသာ ဘားမဲ့ဆရာေတာ္၊ ဘားတေမာ့ ဆရာေတာ္ႀကီးမ်ား၏ ေလာကီ ေဆး၀ါး၊ အင္းအုိင္ လက္ဖဲြ႕၊ မႏၱန္မ်ားအေၾကာင္း၊ ဓမၼေစတီ၊ ဓမၼပါလ (ဓမၼညာ) စေသာမြန္ရဟန္းေတာ္ ႏွစ္ပါးႏွင့္ဘုရင္မႀကီး ႐ွင္ေစာပုတုိ႔အေၾကာင္းမ်ားကုိ ျပန္လည္ ေတြးေခၚ မိလွ်င္ အလြန္ပင္ စိတ္၀င္စားဖြယ္ရာေကာင္းေသာ ျဖစ္ရပ္ဌာနႀကီး တစ္ခုလည္း ျဖစ္ခဲ့ပါသည္။

အင္း၀မွာ ေ႐ွးေခတ္က်န္ ဘံုဗိမာန္ေတြ ေပ်ာက္ပ်က္ကုန္ေသာ္လည္း ႐ွင္မဟာသီလ၀ံသ၏ ပ်ိဳ႕၊ လကၤာ၊ ေမာ္ကြန္း စေသာ စာေပေတြ မေပ်ာက္၊ ႐ွင္မဟာရ႒သာရ စာေပေတြလည္း မေပ်ာက္႐ံုမက စုလည္း ထံုးတံု႔ မထံုးတံု႔၊ ရယ္႐ႊင္ၿပံဳးတံု႔ မၿပံဳးတံု႔ႏွင့္ ေ႐ႊရင္ဖံုးတံု႔ မဖံုးတံု႔တံု႔ ယေန႔ေခတ္အထိ ဆုိၾကတုန္း ေရးၾကတုန္း သံုးၾက တုန္း။ ၀န္ႀကီး ပေဒသရာဇာ၏ ပ်ိဳ႕ကဗ်ာသီခ်င္းေတြ မေပ်ာက္ေတာက္ပ၀င္းထိန္ ေရာင္႐ွိန္လွ်မ္းလွ်မ္း လက္ေနဆဲ ပင္ ျဖစ္ပါသည္။

ဘားကရာ ေက်ာင္းတုိက္ႀကီး၊ ဘားမဲ့ ေက်ာင္းတုိက္ႀကီး၊ ေလးထပ္ေက်ာင္းတုိက္ႀကီးႏွင့္ ရတနာဗိမာန္ ေက်ာင္းေတာ္ႀကီး စေသာ အဓိကရ ေက်ာင္းေတာ္ႀကီးေတြ ပ်က္စီး ကြယ္ေပ်ာက္ေသာ္လည္း ဘားမဲ့ ဆရာ ေတာ္ႀကီး၏ ေဆး၀ါး၊ မႏၱန္၊ အင္းအုိင္စေသာ ေလာကီအတတ္ပညာမ်ား လံုး၀ ကြယ္ေပ်ာက္ မသြားေသး ေပ။ ဘားမဲ့ ဆရာေတာ္ႀကီးကား လူစင္စစ္က ကုိယ္ေပ်ာက္ႏုိင္ေသာ ေဆးစြမ္းေကာင္း မ်ားကုိပင္ စီရင္ ဖန္တီးေတာ္မူႏိုင္ခဲ့သည္။

မိဖုရားႀကီး ႐ွင္မင္းမွစ၍ ျမ၀တီမင္းႀကီး ဦးစ၊ ျပင္စည္မင္းသားႀကီးတုိ႔ သီခ်င္းေတြ ေတးထပ္ ေတြဟာလည္း ယေန႔ ဂီတသမားတုိ႔ ပါးစပ္ဖ်ား၌ ၀ဲပ်ံေနဆဲ၊ ႏွလံုးသားမွ ပါးစပ္ဖ်ားသုိ႔ တုိက္႐ုိက္႐ြတ္ဆုိ ဆင္းသက္ေနၾကဆဲ၊ မညႇိဳးမႏြမ္း ပြင့္စ ပန္းကဲ့သုိ႔ လန္းဆန္း႐ွင္သန္ေနဆဲျဖစ္ပါသည္။ ႐ုပ္၀တၳဳေတြ ပ်က္ကုန္ၾကေစကာမူ ဟဒယ၀တၳဳ ႏွလံုးသားတြင္ စဲြထင္ေနရစ္မူတုိ႔က ဘယ္ခါမွ မပ်က္ျပယ္သေယာင္ ခုိင္ၿမဲစြာ ရပ္တည္ေနႏုိင္သည္မွာ အံ့တစ္ပါးျဖစ္ပါေပသည္။

အေဆာက္အအံုမ်ားႏွင့္အတူ စာဆုိအေက်ာ္ ေတြ၏ က်မ္းဂန္၊ စာေပ၊ ဂီတ၊ ကဗ်ာ၊ ရသတုိ႔က ဘယ္ေတာ့ မွ မေသမေပ်ာက္၊ အညြန္႔အေညွာက္ တလူလူႏွင့္ ႐ွင္သန္၍ ေနၾကတုန္းပင္႐ွိေလသည္။ ဆုိးတဲ့ဘက္၊ မုိက္တဲ့ဘက္က ထင္႐ွားခဲ့ေသာ သူခုိးႀကီးငတက္ျပားတုိ႔လည္း ဤအင္း၀ျပည္ႀကီးတြင္ ေက်ာ္ ေစာထင္႐ွားခဲ့၏။ “မ႐ွိခဏဘုရား” ၏ ဘုရားဒကာမွာ သူခုိးႀကီး ငတက္ျပား ျဖစ္ပါသည္။ မင္းႀကီး မဟာဗႏၶဳလ ထြန္းကားခိ်န္ မတုိင္မီကပင္ ဆယ့္သံုးႏွစ္သားႏွင့္ စစ္ကစားႏိုင္တဲ့ စစ္ဘုရင္အျဖစ္ တုိက္ပဲြႀကီးေတြ ၀င္ခဲ့သူ “မင္းရဲေက်ာ္စြာ” သည္လည္း ဤအင္း၀ျပည္ဘုရင္မင္းေခါင္၏ သား၊ သတၱိေသြး ထက္ျမက္ လွေသာ မင္းသားတစ္ပါးျဖစ္ပါသည္။

ယင္းသုိ႔လွ်င္ အံ့မခန္း လက္ရာေျမာက္ အေဆာက္အဦတုိ႔ အလယ္တြင္ လက္႐ံုးရည္၊ ႏွလံုးရည္ ျပည့္၀ ေသာပုဂၢိဳလ္မ်ားႏွင့္အတူ က်မ္းဂန္စာေပ၊ ကဗ်ာ၊ ဂီတ၊ ရသစံုတုိ႔ျဖင့္ ထံုမြမ္းႀကိဳင္လိႈင္ခဲ့ေသာ အင္း၀ ျပည္ႀကီး မွာ ပ်က္စီးတိမ္ေကာ ဇနပုဒ္ေတာ႐ြာကေလးဘ၀သုိ႔ က်ေရာက္ေနရပါသည္။ ယေန႔ မ်က္ ျမင္သ႑ာန္ႏွင့္ ယခင္ေ႐ွးအခါက ႀကီးက်ယ္ခမ္းနားျခင္း အတိတ္ကုိ ေဆာင္ေနရလွ်င္ ယံုႏုိင္ဖြယ္ပင္ မ႐ွိ ေတာ့ပါ။ ကေလးသူငယ္တုိ႔အား ေျပာျပေသာ ဒ႑ာရီပံုျပင္ တစ္ခုသဖြယ္သာလုိ႔ ထင္ေကာင္း ထင္မွတ္ၾက ပါေတာ့မည္။

ပထမ သေရေခတၱရာ၊ ဒုတိယ ပုဂံေခတ္တုိ႔က လက္ရာ အႂကြင္းအက်န္ေတြနွင့္စာလွ်င္ တတိယ အင္း၀ ေခတ္က အႂကြင္းအက်န္ လက္ရာမြန္မ်ား အေတြ႕ရ အလြန္နည္းပါးလွပါေတာ့သည္။ ယခုလက္႐ွိ ေတြ႕ျမင္ ေနရေသာ နန္းေတာ္ရာ၊ ေမွ်ာ္စင္၊ အုတ္ေက်ာင္းေတာ္ႀကီးႏွင့္ ဦးအုိ အုတ္တံတားႏွင့္ ယုဒသန္ ေက်ာက္တံုး အမွတ္အသားတုိ႔သာ ေတြ႕ရျမင္ရျခင္းျဖစ္ပါသည္။ တစ္ခု တည္းသာ က်န္႐ွိေတာ့ေသာ ေဒၚေဒၚႏု၏ အုတ္ေက်ာင္းေတာ္ႀကီး၏ယခုအေျခအေနမွာေတာ့ ဖုန္ အမိႈက္သ႐ုိက္ႏွင့္ လင္းႏုိ႔ေခ်းမ်ား ေပက်ံနံေစာ္ေနသည္မွအပ အုတ္ေက်ာင္းႀကီးမွာ အေတာ္ခုိင္ခံ့ပါေသး သည္။

သည့္ထက္ သန္႔႐ွင္းစင္ၾကယ္စြာထားၿပီး ျပဳျပင္ထိန္းသိမ္းသြားမည္ဆုိက ၿပိဳပ်က္ပဲ့႐ြဲ႕ျခင္းမ႐ွိ၊ ပကတိ အေကာင္းအတုိင္း ေနသြားဦးမည့္ ဟန္အေနအထားမွာ ႐ွိေနပါသည္။ စာေရးသူတုိ႔သည္ အုတ္ ေက်ာင္းေတာ္ႀကီးအား ထက္ေအာက္၀န္းက်င္ အႏွံ႔အျပားကုိ အားပါးတရ ၾကည့္႐ႈေလ့လာၾကၿပီး ေနာက္ ေက်ာင္းႀကီးေပၚမွ ဆင္းလာၾကၿပီး အေနာက္ဘက္မွ ဘုန္းႀကီးေက်ာင္း၀ုိင္းတစ္ခုကုိ ျဖတ္ကာ ဧရာ၀တီ ျမစ္ကမ္းစ ေသာင္စပ္သုိ႔ ေရာက္လာခဲ့ၾကပါသည္။ အရင္က ဆုိလွ်င္ သည္ေနရာသည္ နန္းေတာ္ ၿမိဳ႕႐ုိး အျပင္တံခါး၀က သဲေသာင္ခံုပင္ျဖစ္ပါသည္။

ေဒၚေဒၚႏု အုတ္ေက်ာင္းႀကီးအနီး႐ွိ ၿမိဳ႕တံခါးမွာ “တေကာင္းတံခါး”ဟု ေခၚသည္။ ေ႐ွးကေတာ့ ေလသာ တံခါးဟုေခၚေၾကာင္း မွတ္သားသိ႐ွိရပါသည္။ ယခုေတာ့ တံခါးလည္းမ႐ွိ၊ ၿမိဳ႕႐ုိးလည္းမ႐ွိေတာ့ဘဲ ဘုန္းႀကီး ေက်ာင္း၀ုိင္း အထိမ္းအမွတ္ ၿခံစည္း႐ုိးသစ္ပင္ခ်ံဳႏြယ္တုိ႔ျဖင့္သာၿပီးပါသည္။

ကၽြန္းဦးတည့္ သန္လ်က္ခံုဆုိသည့္အတုိင္း ကၽြန္းဦး႐ွိ အျမင့္အျမတ္ဆံုးေနရာ ဟူ၍လည္း မွတ္ယူစရာ ျဖစ္ ပါသည္။ သဲခံုေသာင္ႏုသည္ ယခုမ်က္ျမင္အားျဖင့္ေတာ့ ပဲခင္း ေျပာင္းခင္းအျဖစ္ႏွင့္ေတြ႕ေနရပါသည္။ ဒါ လည္း တစ္နည္းေတာ့ ေကာင္းသည္လုိ႔ ဆုိရမည္ေပါ့။ အလုပ္သမား ေတာင္သူလယ္သမားတုိ႔၏ လုပ္အားကုိ တန္ဖုိးထားရမည့္ အခ်ိန္အခါ ျဖစ္ေသာေၾကာင့္ အင္း၀ၿမိဳ႕၏ အေကာင္းဆံုး အျမတ္ဆံုးျဖစ္တဲ့ ကၽြန္းဦးတည့္ သန္လ်က္ခံုမွာ လယ္ယာကုိင္းကၽြန္းသီးႏွံမ်ား ေပါက္ေရာက္ရာ ဌာနႀကီးတစ္ခုအျဖစ္ ေျပာင္း လဲေနျခင္းသည္ပင္ မဂၤလာတစ္ခုဟု ဆုိရေတာ့မည္သာတည္း။

ေလသာ တံခါးေပါက္၀ ျဖစ္ဟန္႐ွိေသာ ေနရာေဟာင္း၊ ေက်ာင္းၿခံစည္း႐ုိး အျပင္ဘက္႐ွိ ပဲခင္းႀကီးထိပ္တြင္ အလြန္ႀကီးမားေသာ လက္ပံပင္ႀကီး တစ္ပင္ကုိလည္း ေတြ႕ရပါသည္။ ယင္းလက္ပံပင္ ႀကီး၏ ပင္စည္းလံုးပတ္မွာ အေတာ္ပင္ ႀကီးမားတုတ္ခုိင္လွသည္။ အနည္းဆံုး ဤအပင္၏ သက္တမ္းမွာ ႏွစ္ ႏွစ္ရာ ေလာက္ေတာ့႐ွိမည္ထင္၏။

ေက်ာင္းအစ္မ မိဖုရားႀကီး ေဒၚေဒၚႏုကုိမ်ား ဤအပင္ႀကီး မီလုိက္ေလမည္လား မေျပာတတ္ပါ။ သုိ႔မဟုတ္ မိဖုရားႀကီး အမိန္႔ႏွင့္ပင္ စုိက္ခဲ့ေသာ လက္ပံပင္ႀကီးေပလား။ အပြင့္ကလည္း ထူးျခားပါဘိသည္။ အ၀ါႏု ေရာင္ အပြင့္မ်ားျဖစ္၏။ လက္ပံပြင့္အေရာင္သည္ အမ်ားအားျဖင့္ နီနီရဲရဲျဖစ္၏။ ယခုေတာ့ လံုးလံုးမနီဘဲ၊ အ၀ါေရာင္ သက္သက္ပဲျဖစ္ပါသည္။ အေရာင္ထူးျခားလုိ႔မ်ား မိဖုရားႀကီးက ျမင့္ျမတ္တဲ့ေနရာမွာ လာၿပီး စုိက္ပ်ိဳးေစသည္လားဟု စဥ္းစားခ်င္လာပါသည္။ သုိ႔ေသာ္ အတူပါလာေသာ ေဒၚမမႀကီးကေတာ့ ေႂကြက် ေနေသာ လက္ပံပြင့္၀ါ၀ါ အစုိအေျခာက္ေတြ ေတြ႕သမွ်ကုိ လုိက္ေကာက္ၿပီး ေလွ်ာ္ႀကိဳးႏွင့္ သီလ်က္၊ အိမ္ ေရာက္လွ်င္ ပုန္းရည္ႀကီးႏွင့္ ခ်ဥ္ရည္က်ိဳခ်က္ရမည္ဟု ဆုိေနပါသည္။

ေၾသာ္ … ကၽြန္းဦးတည့္ သန္လ်က္ခံု တည္းဟူေသာ အျမင့္ျမတ္ဆံုးေနရာ အင္း၀ၿမိဳ႕ ေလသာတံခါး အထြက္က ရတဲ့ လက္ပံပြင့္ခ်ဥ္ရည္ဟာ အေတာ္ကုိ စားလုိ႔မ်ား ေကာင္းေနမလား။ အုန္းေပါင္ခံုမိႈင္းႀကီးတုိ႔ ႐ွမ္းျပည္က ထြက္တဲ့ ပဲအုပ္ကုိ င႐ုတ္စပ္စပ္ ေထာင္းကေလးႏွင့္ ေရာေလြးလုိက္ရလွ်င္ အင္မတန္ တည့္ သည့္ဟင္းစပ္တစ္ခြက္ပဲဟု ေ႐ွးအညာ ဟင္းထမင္းမ်ားကုိ ေတြးၾကည့္လုိက္မိပါေသး၏။

အင္း၀ျပည္ႀကီး၏ နန္းဦးေလသာ တံခါးထိပ္႐ွိ ကၽြန္းဦးသန္လ်က္ခံုျဖစ္သည့္ သဲခံုေသာင္ႏုေပၚတြင္ စုိက္ပ်ိဳး ထားေသာ ပဲခင္း၊ ေျပာင္းခင္း အတြင္းမွေနၿပီး ဧရာ၀တီျမစ္ႀကီးကုိ ႐ႈေမွ်ာ္လုိက္ေသာအခါ … ဤမွာဘက္ ဟု ဆုိအပ္ေသာ ဒု႒၀တီျမစ္ႏွင့္ ဧရာ၀တီျမစ္ေရခ်င္း ႏွီးေႏွာေရာစပ္ရာ ျမစ္၀၌ အလုိက္သင့္ တည္႐ွိေန ေသာသေျပတန္းခံတပ္ေဟာင္းႀကီးကုိ လည္းေကာင္း၊ ေ႐ႊၾကက္ယက္ဘုရား၊ ေ႐ႊၾကက္က် ဘုရား ႏွစ္ဆူ တည္ရာ ၾကက္ညီေနာင္ ကုန္းေတာ္ညိဳ႕ညိဳ႕ကုိလည္းေကာင္း၊ အေနာက္ဘက္ မင္း၀ံ ေတာင္တန္း စိမ္းလန္း လန္းႀကီးေပၚတြင္ ျဖဴျဖဴေဖြးေဖြး ဗ်ိဳင္းကေလးေတြ တစ္အုပ္ တစ္သင္းလုိက္ နားေန ၾကသလုိ ထုိထုိေသာ ထံုးျဖဴျဖဴေဖြးေနေသာ ေစတီအဆူဆူ၊ ဂူပုထုိး အမ်ိဳးမ်ိဳးမ်ားအား လွပ ၾကည္ႏူး ဖြယ္ရာ ေတြ႕ျမင္ဖူးေျမာ္ေနရ ပါသည္။

ဧရာ၀တီျမစ္နဒီကုိ နီနီရဲရဲႏွင့္ တစ္ဘက္ႏွင့္တစ္ဘက္ အေရာက္တံတားေဖာက္ထားေသာ အင္း၀တံတား ႀကီးကလည္း ေခတ္အျမင္ႏွင့္ အင္မတန္မွ ေပၚလြင္လ်က္ ႐ွိပါေတာ့သည္။ နဒီေရဖလာမွာ ေလွနာ၀ါေတြ၊ သေဘၤာေတြကလည္း ေပါေလာေပါေလာႏွင့္ ေမ်ာၿပီး ခရီးကုိ စုန္ဆန္ သြားလာေနၾကပါသည္။ တစ္ခါတစ္ခါ လည္းအထက္အညာက ခ်လာသည့္ စဥ့္အုိးေဖာင္ႀကီးမ်ား၊ သစ္ေဖာင္ ၀ါးေဖာင္ႀကီးမ်ားက တံတားနီနီေအာက္တြင္ တစ္ေယာက္၀င္ တစ္ေယာက္ထြက္ အဆက္ျပတ္သည္ပင္ မ႐ွိပါေလ၊ သာယာ ေသာ ႐ႈခင္းပါေပတကား။

တကယ္လုိ႔မ်ား ဤေနရာက အင္း၀ၿမိဳ႕ႀကီး မပ်က္မစီး၊ ဇနပုဒ္လည္း မျဖစ္ဘူးဆုိလွ်င္ ေ႐ႊေရာင္ လွ်မ္းလွ်မ္း ႏွင့္ ဘံုနန္းျပာသာဒ္ ေက်ာင္းကန္ဘုရားေတြႏွင့္ ဘယ္ေလာက္ က်က္သေရ႐ွိလုိက္မလဲ။ ဒါေၾကာင့္ လည္း ျမ၀တီမင္းႀကီး ဦးစဟာ အင္း၀ၿမိဳ႕ဘဲြ႕ေတြ အမ်ားအျပား ေရးသားစပ္ဆုိေတာ္မူသြားေပ တာပဲ။ ဒီအထဲက ႏွစ္ပုဒ္၊ သံုးပုဒ္ ထုတ္ႏုတ္ျပရမည္ဆုိလွ်င္ …

၄င္းပတ္ပ်ိဳးမ်ာ အင္း၀ၿမိဳ႕ရဲ႕အဂၤါမ်ားပါ ထည့္သြင္းစပ္ဆုိထားပါတယ္။ အျပင္ၿမိဳ႕ရုိးဟာ ေျဖာင့္ေျဖာင့္ အလုပ္ ဘဲ တစ္မူဆန္းၿပီး ၿမိဳ႕႐ုိးေရာ က်ံဳးပါ ခုိနန္းခ်ိဳး ေထာင့္တြန္႔ေတြေဖာ္ၿပီး တည္ခဲ့ျခင္း ကုိလည္းေကာင္း၊ ပံုသ႑ာန္အားျဖင့္ ျခေသၤံထုိင္ေနဟန္ ျမင္ႏုိင္ျခင္း၊ ဧရာ၀တီ၊ ဒု႒၀တီ၊ စမံု၊ ပန္းေလာင္ စတဲ့ ျမစ္မ်ား၊ ေခ်ာင္း မ်ားေလးမ်က္ႏွာရံ၀န္းေနတဲ့အသြင္ ေ႐ႊဖလားကုိ ေရေပၚတင္ထားသလုိ ႐ွိေၾကာင္း၊ အင္း ကုိးအင္း၊ ကန္ ကုိးကန္ကုိ ဖုိ႔တည္ထားေၾကာင္း၊ ေအာင္ေျမသန္လ်က္စြန္းေပၚ၌လည္း တည္႐ွိေၾကာင္း မ်ား ပါ႐ွိပါသည္။

ေနာက္ႏွစ္ပုဒ္မွာလည္း ျမ၀တီမင္းႀကီး၏ လက္ရာ ရတနာပူရ အင္း၀ၿမိဳ႕ေတာ္ဘဲြ႕မ်ားျဖစ္ပါသည္။ ႀကံဳတုန္း ထပ္မံ၍ ေဖာ္ျပရပါဦးမည္။

ျမ၀တီမင္းႀကီး ေရးသားေသာ ရတနာပူရ အင္း၀ၿမိဳ႕ဘဲြ႕။
မင္း၀ံေတာင္ညြန္႔ ျမတ္ေ႐ႊဘံု၊ ျမရည္လွက္ကူး၊ ကၽြန္းဦးတည့္သန္လ်က္ခံု၊ စမံုငယ္ေလ ပန္းေလာင္၊ သီတာ ငယ္၀န္းေျမာင္၊ နဖားေတာင္၊ ပန္းေလာင္ေခြ၍ ရစ္ပါလုိ႔ေလး၊ ေတာင္ခုနစ္ကယ္ႏွင့္ ျမစ္ခုနစ္သြယ္၊ ျမင္းမုိရ္ ထိပ္စြန္း၊ နတ္နန္းေ၀ယံႏွယ္၊ သာက်ယ္ေလ၊ ေပ်ာ္ဖြယ္ေလ ႐ႈမၿငီး၊ ေ႐ႊဘုန္းေတာ္ေ၀ဆာ၊ ပေဒသာလုိ ရာမက သိးပါလုိ႔ေလး၊ အံ့မၿပီးႏုိင္လုိ႔၊ ျပည္ႀကီးငယ္ဖြယ္၊ စံုစြာၿဖိဳးလွေလ၊ ရာမင္းနတ္ကယ္မုိ႔၊ ျမတ္က်က္သေရ ေ၀ေ၀တုိးရေလ

တစ္ခု ထူးျခားသည္မွာေတာ့ ၀န္ႀကီးပေဒသရာဇာတုိ႔၊ ျမ၀တီမင္းႀကီးတုိ႔ လက္ထက္ကထက္ ယေန႔ ႐ႈခင္း တစ္ခုတုိးေနတာက “အင္း၀တံတားႀကီး” ပါပဲ။ ဧရာ၀တီျမစ္ကုိ တစ္ဘက္ႏွင့္ တစ္ဘက္ ျဖတ္ကူးေပးထား၍ မီးရထား၊ ေမာ္ေတာ္ကားႏွင့္ ေျခလ်င္ လူသားမ်ားပါ သြားလာကူးသန္းေနၾကတဲ့ အဲဒီ အင္း၀တံတားႀကီးဟာ လည္း စာဖဲြ႕ေလာက္တဲ့ တံတားႀကီးေပေပါ့။ ျမ၀တီမင္းႀကီးတုိ႔ လက္ထက္ကသာ အင္း၀တံတားႀကီး႐ွိခဲ့မယ္ဆုိရင္ အင္း၀ၿမိဳ႕ဘဲြ႕ခ်င္းထဲမွာ ပါရမွာပင္ တည္း။ သုိ႔ပင္တည္း အင္း၀တံတားႀကီး မေပၚလာမီ ႏွစ္ေပါင္းမ်ားစြာက လူအမ်ား သီဆုိေလ့႐ွိတဲ့ သီခ်င္းတေပါင္ တစ္ခုဟာ ႐ွိေနပါေသး၏။

ထုိ တေပါင္သီခ်င္းကား … ” ေ႐ႊၾကက္ယက္ မိေက်ာင္းေပၚ၊ မရာေက်ာ္ ကုိက္တဲ့မိေက်ာင္း”လုိ႔ ဆုိၾကပါ သည္။ ၄င္းသီခ်င္းသည္ စာေရးသူ ၄၊ ၅ ႏွစ္သမီးေလာက္ကပင္ လူႀကီးမ်ား သီဆုိၾကသည္ကုိ ၾကားေနခဲ့ရပါ သည္။ ယခု စာေရးသူ၏ အသက္ပင္ (၇၀)ပတ္၀န္းက်င္တြင္ ႐ွိေနပါၿပီ။ စာေရးသူ မေမြးမီ ဘယ္ ရာစုႏွစ္ဆီ ကေပၚေနေသာသီခ်င္းဟုမည္သူ ခန္႔မွန္းႏုိင္ပါမည္နည္း။ ၎သီခ်င္းမွာ အင္း၀တံတားႀကီး တည္ေဆာက္ေသာအခ်ိန္တြင္ပုိ၍ ေခတ္စားၿပီး ဆန္းသစ္ လာျပန္သည္ကုိ ေတြ႕ရပါသည္။

၁၉၃၅-၃၆ ခုႏွစ္ေလာက္တြင္ အင္း၀တံတား တည္ေဆာက္ၿပီးခဲ့သည္ထင္၏။ အလြန္႐ွင္းလင္းေနေသာ ဧရာ၀တီျမစ္ႀကီး အလယ္တြင္ နီနီရဲရဲ တံတားႀကီးက ျဖတ္ကူးထားသျဖင့္ ၾကည့္ရသည္မွာ သတၱ၀ါႀကီးတစ္ ေကာင္ျမစ္ကုိ ကန္႔လန္႔ျဖတ္ ေပၚေနသလုိလုိ ထင္ရပါသည္။ တံတားတစ္ဘက္မွာ စစ္ကုိင္းဘက္တြင္႐ွိ၍ တစ္ဘက္ေသာ တံတားထိပ္မွာ ေ႐ႊၾကက္ယက္ဘုရားႏွင့္ သေျပတန္းခံတပ္၏ အလယ္ၾကား တြင္ တည္႐ွိပါ သည္။

ဤတြင္ ေ႐ႊၾကက္ယက္ မိေက်ာင္းေပၚေသာ သီခ်င္းႏွင့္ အံ၀င္ခြင္က် ျဖစ္ေနပါသည္။ ဧရာ၀တီျမစ္နံေဘး ေ႐ႊၾကက္ယက္ကမ္းစမွ စစ္ကုိင္းဘက္သုိ႔ ကန္႔လန္႔ျဖတ္ကူးထားေသာ အင္း၀တံတား နီနီရဲရဲႀကီးမွာ ႐ုတ္တ ရက္ ဧရာ၀တီျမစ္ထဲမွာ မိေက်ာင္းႀကီး ကန္႔လန္႔ေပၚေနသေယာင္ ျဖစ္ေနပါသည္္။ ဤမွ်မက သီခ်င္း၏ ေနာက္တစ္ပုိဒ္ျဖစ္ေသာ (မရာေက်ာ္ကုိက္တဲ့မိေက်ာင္း)မွာလည္း တစ္နည္းအားျဖင့္ ဆက္ႏြယ္ေနျပန္ပါသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္းတစ္ရာေက်ာ္က အဂၤလန္ႏုိင္ငံကုိ အုပ္စုိးသူသည္ ၀ိတုိရိယ ဘုရင္မႀကီးျဖစ္ပါသည္။ ၄င္းဘုရင္မ လက္ထက္မွာပဲ ျမန္မာျပည္ေအာက္ပုိင္း ေရး-ၿမိတ္-ထား၀ယ္ထိ သိမ္းယူျခင္း၊ ဒုတိယရန္ကုန္မွ ျပည္-သရက္အထိ အလယ္ပုိင္းကုိ သိမ္းယူျခင္း၊ တတိယ အထက္ျမန္မာျပည္ မႏၱေလး အထိ အလံုးစံု သိမ္း ယူလုိက္ျခင္းျဖစ္၍ ျမန္မာတစ္ျပည္လံုး စံုးစံုးျမွဳပ္ သူ႔ကၽြန္ျဖစ္ခဲ့ရသည္မွာ အႏွစ္တစ္ရာ ေလာက္႐ွိခဲ့ၿပီ။

သုိ႔ေၾကာင့္ ၀ိတုိရိယဘုရင္မကုိ မရာေက်ာ္လုိ႔ ဆုိလုိရင္း႐ွိခဲ့သည္။ ၁၉၂၀ ခုႏွစ္ သပိတ္ႀကီးမွအစ ဂ်ီစီဘီေအ၊ မႏၱေလး ကြန္ဖရင့္ႀကီး အၿပီးအထိ ျမန္မာတုိ႔ ႏုိင္ငံေရး မ်ိဳးခ်စ္စိတ္ဓာတ္မ်ား ႏိႈးဆြတက္ႂကြခ်ိန္ ၁၉၃၅ ခုႏွစ္ေလာက္အတြင္း ကုိယ္ပုိင္အုပ္ခ်ဳပ္ေရး မရမေန ေတာင္းဆုိလာခဲ့၏။ ဟုမၼ႐ူးေခၚ ကုိယ္ပုိင္အုပ္ ခ်ဳပ္မႈရ႐ွိရန္ ႀကိဳးစားၿပီး ၀ံသာႏုတရားေတြ လိႈင္လိႈင္ႀကီး ေဟာေနခ်ိန္ျဖစ္သည္။ ေထာင္က်ခံ တုိက္ပဲြ၀င္ၾက သည္။

ထုိအခ်ိန္ႏွင့္ ကုိက္၍ အင္း၀တံတားႀကီး ေပၚလာေသာအခါ မရာေက်ာ္ကုိက္တဲ့ မိေက်ာင္း (သုိ႔မဟုတ္) (ကုိက္မယ့္မိေက်ာင္း)ဟု တပ္အပ္စဲြၾကေတာ့သည္။ ႏွစ္တစ္ရာေက်ာ္၀ိတုိရိယဘုရင္မ၏ လက္ေအာက္ခံ ကၽြန္ ဘ၀မွ ႐ုန္းကန္ထၾကေတာ့မည္ အတိတ္နိမိတ္ဆုိၿပီး အေတာ္စိတ္၀င္စားခဲ့ၾကသည္ကုိ ေတြ႕ျမင္ၾကား သိခဲ့ ရပါသည္။

ဟုတ္ေတာ့လည္း အဟုတ္သားပါပဲ။ အဲဒီ တေပါင္းသီခ်င္းအတုိင္း ျမန္မာျပည္ႀကီး လြတ္လပ္၍ ျပည္ေထာင္စု ျမန္မာႏိုင္ငံႀကီး ျဖစ္လာတဲ့ ယေန႔အထိဆုိလွ်င္ ၂၅ ႏွစ္ပင္ ႐ွိခဲ့ပါၿပီေကာ။ ဒီသီခ်င္း ကုိ ဟုိအခ်ိန္တုန္းက မည္သူ ေရးစပ္ခဲ့ေလသနည္း။ အလုိလုိေပၚရင္ တေပါင္လုိ႔ေခၚသည္။ လြန္ခဲ့ တဲ့ ႏွစ္တစ္ရာ ေလာက္ကဆုိရင္ စစ္ကုိင္းနဲ႔ ေ႐ႊၾကက္ယက္ တစ္ဘက္ကမ္းႏွင့္ တစ္ဘက္ကမ္းကုိ မည္သူ ကေကာ တံတားႀကီးေဆာက္ဖုိ႔ စိတ္ကူးေပါက္ပါဦးမည္နည္း။

ေ႐ႊၾကက္ယက္မွာ မိေက်ာင္းေပၚၿပီးသည့္ေနာက္ မရာေက်ာ္၏ အင္ပါယာႀကီး ပ်က္စီးလိမ့္မည္လုိ႔ေကာ ဘယ္ေဗဒင္ကမွ အေဟာမထြက္ခဲ့ဖူးပါတကားလုိ႔ စဥ္းစားစရာပင္ ျဖစ္ပါသည္။ သုိ႔ေၾကာင့္လည္း အင္း၀တံတားႀကီးကုိ ၾကည့္ရင္း ေနာက္ေၾကာင္းျပန္ စဥ္းစားလုိ႔ အေတာ္ေကာင္းေနပါ သည္။ အတိတ္ျဖစ္စဥ္မ်ားဟာလည္း တကယ္ မွတ္မွတ္ထင္ထင္ထားၿပီး စဥ္းစားလွ်င္ ေကာင္းေသာ အေတြ႕ အႀကံဳကုိျဖစ္ေစ၊ မေကာင္းေသာ အေတြ႕အႀကံဳကုိ ျဖစ္ေစ၊ ရာဇ၀င္အေျခခံ၊ သမုိင္း အေျခခံ ကေလး ေတြ ျဖစ္ေနတတ္ျပန္ပါသည္။

အင္း၀တံတားႀကီး ဖြင့္ပဲြလုပ္စဥ္အခါက စာေရးသူ မႏၱေလးမွာ ႐ွိေနခုိက္ႏွင့္ ႀကံဳေသာေၾကာင့္ သြားခဲ့ရပါ ေသး၏။ ထုိစဥ္က ေ႐ႊၾကက္ယက္ မိေက်ာင္းေပၚေသာကိန္းႏွင့္ အင္း၀တံတားႀကီး ဖြင့္ပဲြမွာ အထက္ျမန္မာ ႏိုင္ငံ၏ အုတ္ေအာ္ေသာင္းတင္း ပဲြႀကီးပဲြေကာင္း တစ္ခုလည္း ျဖစ္ခဲ့ပါသည္။ ေအာက္ရပ္ကလူေတြလည္း လာၾကသည္။ အညာပုိင္းကလည္း လာၾကသည္။ ႐ွမ္းျပည္ေတာင္ပုိင္း၊ ေျမာက္ ပုိင္းစေသာ ေတာင္ေပၚပုိင္းကလည္း လာၾကပါသည္။ မႏၱေလးတစ္ၿမိဳ႕လံုးလည္း ဤပဲြအတြက္ လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနၾကပါသည္။ အင္း၀ဘက္ႏွင့္ စစ္ကုိင္းဘက္၏ ျမစ္ကမ္းနားတစ္ေလွ်ာက္မွာလည္း မ႑ပ္ကနားႀကီးေတြ ထုိးလုိ႔၊ အစုိးရပုိင္ဆုိင္ရာ ဧရာမ ပါ၀ါ တန္ခုိး႐ွင္ႀကီးမ်ား “႐ိႈး”အျပည့္ႏွင့္ ႐ွိၾကပါသည္။

စာေရးသူတုိ႔ မႏၱေလးမွ မနက္အေစာႀကီး ႏြားလွည္းႏွင့္တေပ်ာ္တပါး လာခဲ့ၾကပါသည္။ လွည္းခကလည္း ေပါလုိက္သည့္ျဖစ္ခ်င္း၊ မနက္ ၅ နာရီက ညေန ၆ နာရီအထိ တစ္က်ပ္သာ ေပးရပါသည္။ ႏြားကေလး ေတြကလည္း ေၾကာ့ေၾကာ့ေမာ့ေမာ့၊ လွည္းဆရာႀကီးကလည္း အေမာင္းေတာ္လွသည္။ လွည္းေပါင္းမုိး ေပၚ မွာ ေနပူသက္သာေအာင္ ကန္႔လန္႔ကာအနီႀကီး အုပ္ေပးထားေသး၏။ ေအာက္မွ ႏြားစာ ေကာက္႐ုိး ေျခာက္ ျမက္ေျခာက္ေတြ ထု တစ္ေပေလာက္ ခံထားၿပီးမွ အေပၚက သင္ျဖဴးေခ်ာေခ်ာ ခင္းေပးထားေသာ ေၾကာင့္ လွည္းေပၚ ထုိင္လုိက္ရသည္မွာ ဆုိဖာေပၚ ထုိင္လုိက္ရသလုိ ၿငိမ့္ေညာင္းလွပါ၏။

ဧရာ၀တီျမစ္ေရတုိးေသာ အခ်ိန္ဆုိလွ်င္ စာေရးသူတုိ႔ စတည္းခ်ခဲ့ေသာ တတိယ တံတားအုတ္တုိင္ႀကီးမွာ ျမစ္လယ္ေလာက္တြင္ ေရာက္ေနပါသည္။ အႏွစ္ ၃၀ ေက်ာ္ ၃၅ ႏွစ္အတြင္း အထက္ပုိင္း ေရာက္ တုိင္း မႏၱေလးမွေနၿပီး စစ္ကုိင္း၊ မံု႐ြာ၊ ေ႐ႊဘုိ စသည္တုိ႔ကုိ အလည္အပတ္ ေရာက္ၿမဲ။ ေရာက္တုိင္း သည္တံတားႀကီး ကုိကူးရၿမဲျဖစ္ပါသည္။ တံတားႀကီးေပၚ ေရာက္တုိင္းလည္း ဖြင့္ပဲြတုန္းက စတည္း ခ်ခဲ့ေသာ တတိယအုတ္တုိင္ႀကီးကုိ အၿမဲငံု႔ၾကည့္မိ သတိရမိခဲ့ၿမဲပင္ျဖစ္ပါသည္။

အဲ … သည္ တံတားႀကီးေအာက္၌ လာေရာက္ စားေသာက္ခဲ့ၾကသူမ်ားအနက္မွာ ဤစာေရးသူ တစ္ေယာက္တည္းသာ က်န္ပါေတာ့လား။ လွည္းေမာင္းပုိ႔ခဲ့ေသာ လွည္းဆရာႀကီးလည္း ကြယ္လြန္႐ွာၿပီ။ ေမာင္ငယ္ႏွင့္ ေယာက္မငယ္တုိ႔လည္း ကြယ္လြန္ကုန္ၾကၿပီ။ တပည့္ လူငယ္ကေလးႏွစ္ေယာက္တုိ႔ပင္ ဒုတိယ ကမၻာစစ္၏ စစ္ဦးဘီလူးေၾကာင့္ ကြယ္လြန္ကုန္ၾကသည္။ ယုတ္စြအဆံုး ေဟာဒီ အင္း၀တံတားႀကီး ေတာင္မွ အဂၤလိပ္တုိ႔ဆုတ္ခြာအေျပးမွာ ဖ်က္ဆီးခ်ိဳးဖဲ့ပစ္ခဲ့လုိ႔ ပ်က္စီးက်ိဳးပဲ့ က်န္ရစ္ခဲ့ရသည္။ ျမန္မာျပည္ လြတ္လပ္ေရးရခါစကမွ ျပန္ၿပီး ျပင္ဆင္ အသံုးျပဳရျခင္းျဖစ္ပါသည္။ တံတားႀကီးလည္း အနိစၥ၊ နယ္ခ်ဲ႕အစုိး ရလည္း အနိစၥ၊ တံတားဖြင့္ပဲြတုန္းက ေရာက္ခဲ့ၾကရတဲ့ လူေတြလည္း အနိစၥပါကလား။

Posted by SHWE ZIN U
ဒဂုန္ခင္ခင္ေလး ၏ ကၽြန္းဦးတည္႕သန္လ်က္ခံု


အင်း၀ပြည်ကြီး ကောင်းစားခဲ့စဉ်က (unicode)

ဒဂုန်ခင်ခင်လေး

ဘကြီးတော်ဘုရား လက်ထက်၌ အင်း၀ပြည်ကြီး၏ နောက်ဆုံးခေတ်ဖြစ်ခဲ့သလို အစည်ကား အကြီး အကျယ် ဆုံးလည်း ဖြစ်ခဲ့ပါသည်။ ကြီးကျယ်ခမ်းနားသော ဖန်နန်းတော်ကြီးနှင့်တကွ မိုးထိုးမြင့်မား သော ကျောင်းကန် ဘုရား အဆောက်အဦပေါင်း မြောက်မြားစွာရှိခဲ့သည်။ အင်း၀ခေတ် အဆက်ဆက်မှ နောက်ဆုံးခေတ် အထိ တည်ရှိခဲ့သော ထိုအဆောက်အဦများတွင် ပန်းဆယ်ပါးဟု ဆိုအပ်သော ပန်းပု၊ ပန်းတဉ်း၊ ပန်းရန်၊ ပန်းတမော့ စသော လက်ရာမွန်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ၊ ရှေးဟောင်း လက်ရာ မွန်တို့နှင့် ဝေဆာလျှံညီး ရှုမငြီးတင့်တယ်ဖွယ်ရာ ရှိခဲ့သည်။ သိမ်းကျုံး၍ ပြောရပါမူ အင်း၀ပြည်၏ လက်ရာ မြောက်ကျောင်းကန်ဘုရားနှင့် ဇရပ်တန်ဆောင်း စသောဘုံဗိမာန်တွေသည် ဤအင်းဝမှာ စု၍ သာ နေခဲ့ပေ သည်။

လောကီ လောကုတ္တရာကြောင်းနှင့် နာမည်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံခဲ့သော ပညာကျော် တော်ဝင် ကဝိရှင်ကြီးများလည်း မရေမတွက်နိုင်အောင် အင်းဝက ထွန်းကားနိုင်ခဲ့ပါသည်။ အင်း၀ မိုးညှင်းမင်းတရားကြီး လက်ထက် အလွန်ထင်ရှားကျော်ကြားခဲ့သော ဘားမဲ့ဆရာတော်၊ ဘားတမော့ ဆရာတော်ကြီးများ၏ လောကီ ဆေးဝါး၊ အင်းအိုင် လက်ဖွဲ့၊ မန္တန်များအကြောင်း၊ ဓမ္မစေတီ၊ ဓမ္မပါလ (ဓမ္မညာ) စသောမွန်ရဟန်းတော် နှစ်ပါးနှင့်ဘုရင်မကြီး ရှင်စောပုတို့အကြောင်းများကို ပြန်လည် တွေးခေါ် မိလျှင် အလွန်ပင် စိတ်ဝင်စားဖွယ်ရာကောင်းသော ဖြစ်ရပ်ဌာနကြီး တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

အင်းဝမှာ ရှေးခေတ်ကျန် ဘုံဗိမာန်တွေ ပျောက်ပျက်ကုန်သော်လည်း ရှင်မဟာသီလဝံသ၏ ပျို့၊ လင်္ကာ၊ မော်ကွန်း စသော စာပေတွေ မပျောက်၊ ရှင်မဟာရဋ္ဌသာရ စာပေတွေလည်း မပျောက်ရုံမက စုလည်း ထုံးတုံ့ မထုံးတုံ့၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နှင့် ရွှေရင်ဖုံးတုံ့ မဖုံးတုံ့တုံ့ ယနေ့ခေတ်အထိ ဆိုကြတုန်း ရေးကြတုန်း သုံးကြ တုန်း။ ဝန်ကြီး ပဒေသရာဇာ၏ ပျို့ကဗျာသီချင်းတွေ မပျောက်တောက်ပဝင်းထိန် ရောင်ရှိန်လျှမ်းလျှမ်း လက်နေဆဲ ပင် ဖြစ်ပါသည်။

ဘားကရာ ကျောင်းတိုက်ကြီး၊ ဘားမဲ့ ကျောင်းတိုက်ကြီး၊ လေးထပ်ကျောင်းတိုက်ကြီးနှင့် ရတနာဗိမာန် ကျောင်းတော်ကြီး စသော အဓိကရ ကျောင်းတော်ကြီးတွေ ပျက်စီး ကွယ်ပျောက်သော်လည်း ဘားမဲ့ ဆရာ တော်ကြီး၏ ဆေးဝါး၊ မန္တန်၊ အင်းအိုင်စသော လောကီအတတ်ပညာများ လုံး၀ ကွယ်ပျောက် မသွားသေး ပေ။ ဘားမဲ့ ဆရာတော်ကြီးကား လူစင်စစ်က ကိုယ်ပျောက်နိုင်သော ဆေးစွမ်းကောင်း များကိုပင် စီရင် ဖန်တီးတော်မူနိုင်ခဲ့သည်။

မိဖုရားကြီး ရှင်မင်းမှစ၍ မြဝတီမင်းကြီး ဦးစ၊ ပြင်စည်မင်းသားကြီးတို့ သီချင်းတွေ တေးထပ် တွေဟာလည်း ယနေ့ ဂီတသမားတို့ ပါးစပ်ဖျား၌ ဝဲပျံနေဆဲ၊ နှလုံးသားမှ ပါးစပ်ဖျားသို့ တိုက်ရိုက်ရွတ်ဆို ဆင်းသက်နေကြဆဲ၊ မညှိုးမနွမ်း ပွင့်စ ပန်းကဲ့သို့ လန်းဆန်းရှင်သန်နေဆဲဖြစ်ပါသည်။ ရုပ်ဝတ္ထုတွေ ပျက်ကုန်ကြစေကာမူ ဟဒယဝတ္ထု နှလုံးသားတွင် စွဲထင်နေရစ်မူတို့က ဘယ်ခါမှ မပျက်ပြယ်သယောင် ခိုင်မြဲစွာ ရပ်တည်နေနိုင်သည်မှာ အံ့တစ်ပါးဖြစ်ပါပေသည်။

အဆောက်အအုံများနှင့်အတူ စာဆိုအကျော် တွေ၏ ကျမ်းဂန်၊ စာပေ၊ ဂီတ၊ ကဗျာ၊ ရသတို့က ဘယ်တော့ မှ မသေမပျောက်၊ အညွန့်အညှောက် တလူလူနှင့် ရှင်သန်၍ နေကြတုန်းပင်ရှိလေသည်။ ဆိုးတဲ့ဘက်၊ မိုက်တဲ့ဘက်က ထင်ရှားခဲ့သော သူခိုးကြီးငတက်ပြားတို့လည်း ဤအင်း၀ပြည်ကြီးတွင် ကျော် စောထင်ရှားခဲ့၏။ “မရှိခဏဘုရား” ၏ ဘုရားဒကာမှာ သူခိုးကြီး ငတက်ပြား ဖြစ်ပါသည်။ မင်းကြီး မဟာဗန္ဓုလ ထွန်းကားချိန် မတိုင်မီကပင် ဆယ့်သုံးနှစ်သားနှင့် စစ်ကစားနိုင်တဲ့ စစ်ဘုရင်အဖြစ် တိုက်ပွဲကြီးတွေ ဝင်ခဲ့သူ “မင်းရဲကျော်စွာ” သည်လည်း ဤအင်း၀ပြည်ဘုရင်မင်းခေါင်၏ သား၊ သတ္တိသွေး ထက်မြက် လှသော မင်းသားတစ်ပါးဖြစ်ပါသည်။

ယင်းသို့လျှင် အံ့မခန်း လက်ရာမြောက် အဆောက်အဦတို့ အလယ်တွင် လက်ရုံးရည်၊ နှလုံးရည် ပြည့်၀ သောပုဂ္ဂိုလ်များနှင့်အတူ ကျမ်းဂန်စာပေ၊ ကဗျာ၊ ဂီတ၊ ရသစုံတို့ဖြင့် ထုံမွမ်းကြိုင်လှိုင်ခဲ့သော အင်း၀ ပြည်ကြီး မှာ ပျက်စီးတိမ်ကော ဇနပုဒ်တောရွာကလေးဘဝသို့ ကျရောက်နေရပါသည်။ ယနေ့ မျက် မြင်သဏ္ဍာန်နှင့် ယခင်ရှေးအခါက ကြီးကျယ်ခမ်းနားခြင်း အတိတ်ကို ဆောင်နေရလျှင် ယုံနိုင်ဖွယ်ပင် မရှိ တော့ပါ။ ကလေးသူငယ်တို့အား ပြောပြသော ဒဏ္ဍာရီပုံပြင် တစ်ခုသဖွယ်သာလို့ ထင်ကောင်း ထင်မှတ်ကြ ပါတော့မည်။

ပထမ သရေခေတ္တရာ၊ ဒုတိယ ပုဂံခေတ်တို့က လက်ရာ အကြွင်းအကျန်တွေနှင့်စာလျှင် တတိယ အင်း၀ ခေတ်က အကြွင်းအကျန် လက်ရာမွန်များ အတွေ့ရ အလွန်နည်းပါးလှပါတော့သည်။ ယခုလက်ရှိ တွေ့မြင် နေရသော နန်းတော်ရာ၊ မျှော်စင်၊ အုတ်ကျောင်းတော်ကြီးနှင့် ဦးအို အုတ်တံတားနှင့် ယုဒသန် ကျောက်တုံး အမှတ်အသားတို့သာ တွေ့ရမြင်ရခြင်းဖြစ်ပါသည်။ တစ်ခု တည်းသာ ကျန်ရှိတော့သော ဒေါ်ဒေါ်နု၏ အုတ်ကျောင်းတော်ကြီး၏ယခုအခြေအနေမှာတော့ ဖုန် အမှိုက်သရိုက်နှင့် လင်းနို့ချေးများ ပေကျံနံစော်နေသည်မှအပ အုတ်ကျောင်းကြီးမှာ အတော်ခိုင်ခံ့ပါသေး သည်။

သည့်ထက် သန့်ရှင်းစင်ကြယ်စွာထားပြီး ပြုပြင်ထိန်းသိမ်းသွားမည်ဆိုက ပြိုပျက်ပဲ့ရွဲ့ခြင်းမရှိ၊ ပကတိ အကောင်းအတိုင်း နေသွားဦးမည့် ဟန်အနေအထားမှာ ရှိနေပါသည်။ စာရေးသူတို့သည် အုတ် ကျောင်းတော်ကြီးအား ထက်အောက်ဝန်းကျင် အနှံ့အပြားကို အားပါးတရ ကြည့်ရှုလေ့လာကြပြီး နောက် ကျောင်းကြီးပေါ်မှ ဆင်းလာကြပြီး အနောက်ဘက်မှ ဘုန်းကြီးကျောင်းဝိုင်းတစ်ခုကို ဖြတ်ကာ ဧရာဝတီ မြစ်ကမ်းစ သောင်စပ်သို့ ရောက်လာခဲ့ကြပါသည်။ အရင်က ဆိုလျှင် သည်နေရာသည် နန်းတော် မြို့ရိုး အပြင်တံခါးဝက သဲသောင်ခုံပင်ဖြစ်ပါသည်။

ဒေါ်ဒေါ်နု အုတ်ကျောင်းကြီးအနီးရှိ မြို့တံခါးမှာ “တကောင်းတံခါး”ဟု ခေါ်သည်။ ရှေးကတော့ လေသာ တံခါးဟုခေါ်ကြောင်း မှတ်သားသိရှိရပါသည်။ ယခုတော့ တံခါးလည်းမရှိ၊ မြို့ရိုးလည်းမရှိတော့ဘဲ ဘုန်းကြီး ကျောင်းဝိုင်း အထိမ်းအမှတ် ခြံစည်းရိုးသစ်ပင်ချုံနွယ်တို့ဖြင့်သာပြီးပါသည်။

ကျွန်းဦးတည့် သန်လျက်ခုံဆိုသည့်အတိုင်း ကျွန်းဦးရှိ အမြင့်အမြတ်ဆုံးနေရာ ဟူ၍လည်း မှတ်ယူစရာ ဖြစ် ပါသည်။ သဲခုံသောင်နုသည် ယခုမျက်မြင်အားဖြင့်တော့ ပဲခင်း ပြောင်းခင်းအဖြစ်နှင့်တွေ့နေရပါသည်။ ဒါ လည်း တစ်နည်းတော့ ကောင်းသည်လို့ ဆိုရမည်ပေါ့။ အလုပ်သမား တောင်သူလယ်သမားတို့၏ လုပ်အားကို တန်ဖိုးထားရမည့် အချိန်အခါ ဖြစ်သောကြောင့် အင်း၀မြို့၏ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ ကျွန်းဦးတည့် သန်လျက်ခုံမှာ လယ်ယာကိုင်းကျွန်းသီးနှံများ ပေါက်ရောက်ရာ ဌာနကြီးတစ်ခုအဖြစ် ပြောင်း လဲနေခြင်းသည်ပင် မင်္ဂလာတစ်ခုဟု ဆိုရတော့မည်သာတည်း။

လေသာ တံခါးပေါက်၀ ဖြစ်ဟန်ရှိသော နေရာဟောင်း၊ ကျောင်းခြံစည်းရိုး အပြင်ဘက်ရှိ ပဲခင်းကြီးထိပ်တွင် အလွန်ကြီးမားသော လက်ပံပင်ကြီး တစ်ပင်ကိုလည်း တွေ့ရပါသည်။ ယင်းလက်ပံပင် ကြီး၏ ပင်စည်းလုံးပတ်မှာ အတော်ပင် ကြီးမားတုတ်ခိုင်လှသည်။ အနည်းဆုံး ဤအပင်၏ သက်တမ်းမှာ နှစ် နှစ်ရာ လောက်တော့ရှိမည်ထင်၏။

ကျောင်းအစ်မ မိဖုရားကြီး ဒေါ်ဒေါ်နုကိုများ ဤအပင်ကြီး မီလိုက်လေမည်လား မပြောတတ်ပါ။ သို့မဟုတ် မိဖုရားကြီး အမိန့်နှင့်ပင် စိုက်ခဲ့သော လက်ပံပင်ကြီးပေလား။ အပွင့်ကလည်း ထူးခြားပါဘိသည်။ အဝါနု ရောင် အပွင့်များဖြစ်၏။ လက်ပံပွင့်အရောင်သည် အများအားဖြင့် နီနီရဲရဲဖြစ်၏။ ယခုတော့ လုံးလုံးမနီဘဲ၊ အဝါရောင် သက်သက်ပဲဖြစ်ပါသည်။ အရောင်ထူးခြားလို့များ မိဖုရားကြီးက မြင့်မြတ်တဲ့နေရာမှာ လာပြီး စိုက်ပျိုးစေသည်လားဟု စဉ်းစားချင်လာပါသည်။ သို့သော် အတူပါလာသော ဒေါ်မမကြီးကတော့ ကြွေကျ နေသော လက်ပံပွင့်ဝါဝါ အစိုအခြောက်တွေ တွေ့သမျှကို လိုက်ကောက်ပြီး လျှော်ကြိုးနှင့် သီလျက်၊ အိမ် ရောက်လျှင် ပုန်းရည်ကြီးနှင့် ချဉ်ရည်ကျိုချက်ရမည်ဟု ဆိုနေပါသည်။

ဪ … ကျွန်းဦးတည့် သန်လျက်ခုံ တည်းဟူသော အမြင့်မြတ်ဆုံးနေရာ အင်း၀မြို့ လေသာတံခါး အထွက်က ရတဲ့ လက်ပံပွင့်ချဉ်ရည်ဟာ အတော်ကို စားလို့များ ကောင်းနေမလား။ အုန်းပေါင်ခုံမှိုင်းကြီးတို့ ရှမ်းပြည်က ထွက်တဲ့ ပဲအုပ်ကို ငရုတ်စပ်စပ် ထောင်းကလေးနှင့် ရောလွေးလိုက်ရလျှင် အင်မတန် တည့် သည့်ဟင်းစပ်တစ်ခွက်ပဲဟု ရှေးအညာ ဟင်းထမင်းများကို တွေးကြည့်လိုက်မိပါသေး၏။

အင်း၀ပြည်ကြီး၏ နန်းဦးလေသာ တံခါးထိပ်ရှိ ကျွန်းဦးသန်လျက်ခုံဖြစ်သည့် သဲခုံသောင်နုပေါ်တွင် စိုက်ပျိုး ထားသော ပဲခင်း၊ ပြောင်းခင်း အတွင်းမှနေပြီး ဧရာဝတီမြစ်ကြီးကို ရှုမျှော်လိုက်သောအခါ … ဤမှာဘက် ဟု ဆိုအပ်သော ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ရေချင်း နှီးနှောရောစပ်ရာ မြစ်၀၌ အလိုက်သင့် တည်ရှိနေ သောသပြေတန်းခံတပ်ဟောင်းကြီးကို လည်းကောင်း၊ ရွှေကြက်ယက်ဘုရား၊ ရွှေကြက်ကျ ဘုရား နှစ်ဆူ တည်ရာ ကြက်ညီနောင် ကုန်းတော်ညို့ညို့ကိုလည်းကောင်း၊ အနောက်ဘက် မင်းဝံ တောင်တန်း စိမ်းလန်း လန်းကြီးပေါ်တွင် ဖြူဖြူဖွေးဖွေး ဗျိုင်းကလေးတွေ တစ်အုပ် တစ်သင်းလိုက် နားနေ ကြသလို ထိုထိုသော ထုံးဖြူဖြူဖွေးနေသော စေတီအဆူဆူ၊ ဂူပုထိုး အမျိုးမျိုးများအား လှပ ကြည်နူး ဖွယ်ရာ တွေ့မြင်ဖူးမြော်နေရ ပါသည်။

ဧရာဝတီမြစ်နဒီကို နီနီရဲရဲနှင့် တစ်ဘက်နှင့်တစ်ဘက် အရောက်တံတားဖောက်ထားသော အင်းဝတံတား ကြီးကလည်း ခေတ်အမြင်နှင့် အင်မတန်မှ ပေါ်လွင်လျက် ရှိပါတော့သည်။ နဒီရေဖလာမှာ လှေနာဝါတွေ၊ သင်္ဘောတွေကလည်း ပေါလောပေါလောနှင့် မျောပြီး ခရီးကို စုန်ဆန် သွားလာနေကြပါသည်။ တစ်ခါတစ်ခါ လည်းအထက်အညာက ချလာသည့် စဉ့်အိုးဖောင်ကြီးများ၊ သစ်ဖောင် ဝါးဖောင်ကြီးများက တံတားနီနီအောက်တွင် တစ်ယောက်ဝင် တစ်ယောက်ထွက် အဆက်ပြတ်သည်ပင် မရှိပါလေ၊ သာယာ သော ရှုခင်းပါပေတကား။

တကယ်လို့များ ဤနေရာက အင်း၀မြို့ကြီး မပျက်မစီး၊ ဇနပုဒ်လည်း မဖြစ်ဘူးဆိုလျှင် ရွှေရောင် လျှမ်းလျှမ်း နှင့် ဘုံနန်းပြာသာဒ် ကျောင်းကန်ဘုရားတွေနှင့် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ။ ဒါကြောင့် လည်း မြဝတီမင်းကြီး ဦးစဟာ အင်း၀မြို့ဘွဲ့တွေ အများအပြား ရေးသားစပ်ဆိုတော်မူသွားပေ တာပဲ။ ဒီအထဲက နှစ်ပုဒ်၊ သုံးပုဒ် ထုတ်နုတ်ပြရမည်ဆိုလျှင် …

၎င်းပတ်ပျိုးမျာ အင်း၀မြို့ရဲ့အင်္ဂါများပါ ထည့်သွင်းစပ်ဆိုထားပါတယ်။ အပြင်မြို့ရိုးဟာ ဖြောင့်ဖြောင့် အလုပ် ဘဲ တစ်မူဆန်းပြီး မြို့ရိုးရော ကျုံးပါ ခိုနန်းချိုး ထောင့်တွန့်တွေဖော်ပြီး တည်ခဲ့ခြင်း ကိုလည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့် ခြင်္သေံထိုင်နေဟန် မြင်နိုင်ခြင်း၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ပန်းလောင် စတဲ့ မြစ်များ၊ ချောင်း များလေးမျက်နှာရံဝန်းနေတဲ့အသွင် ရွှေဖလားကို ရေပေါ်တင်ထားသလို ရှိကြောင်း၊ အင်း ကိုးအင်း၊ ကန် ကိုးကန်ကို ဖို့တည်ထားကြောင်း၊ အောင်မြေသန်လျက်စွန်းပေါ်၌လည်း တည်ရှိကြောင်း များ ပါရှိပါသည်။

နောက်နှစ်ပုဒ်မှာလည်း မြဝတီမင်းကြီး၏ လက်ရာ ရတနာပူရ အင်း၀မြို့တော်ဘွဲ့များဖြစ်ပါသည်။ ကြုံတုန်း ထပ်မံ၍ ဖော်ပြရပါဦးမည်။

မြဝတီမင်းကြီး ရေးသားသော ရတနာပူရ အင်း၀မြို့ဘွဲ့။
မင်းဝံတောင်ညွန့် မြတ်ရွှေဘုံ၊ မြရည်လှက်ကူး၊ ကျွန်းဦးတည့်သန်လျက်ခုံ၊ စမုံငယ်လေ ပန်းလောင်၊ သီတာ ငယ်ဝန်းမြောင်၊ နဖားတောင်၊ ပန်းလောင်ခွေ၍ ရစ်ပါလို့လေး၊ တောင်ခုနစ်ကယ်နှင့် မြစ်ခုနစ်သွယ်၊ မြင်းမိုရ် ထိပ်စွန်း၊ နတ်နန်းဝေယံနှယ်၊ သာကျယ်လေ၊ ပျော်ဖွယ်လေ ရှုမငြီး၊ ရွှေဘုန်းတော်ဝေဆာ၊ ပဒေသာလို ရာမက သိးပါလို့လေး၊ အံ့မပြီးနိုင်လို့၊ ပြည်ကြီးငယ်ဖွယ်၊ စုံစွာဖြိုးလှလေ၊ ရာမင်းနတ်ကယ်မို့၊ မြတ်ကျက်သရေ ဝေဝေတိုးရလေ

တစ်ခု ထူးခြားသည်မှာတော့ ဝန်ကြီးပဒေသရာဇာတို့၊ မြဝတီမင်းကြီးတို့ လက်ထက်ကထက် ယနေ့ ရှုခင်း တစ်ခုတိုးနေတာက “အင်းဝတံတားကြီး” ပါပဲ။ ဧရာဝတီမြစ်ကို တစ်ဘက်နှင့် တစ်ဘက် ဖြတ်ကူးပေးထား၍ မီးရထား၊ မော်တော်ကားနှင့် ခြေလျင် လူသားများပါ သွားလာကူးသန်းနေကြတဲ့ အဲဒီ အင်းဝတံတားကြီးဟာ လည်း စာဖွဲ့လောက်တဲ့ တံတားကြီးပေပေါ့။ မြဝတီမင်းကြီးတို့ လက်ထက်ကသာ အင်းဝတံတားကြီးရှိခဲ့မယ်ဆိုရင် အင်း၀မြို့ဘွဲ့ချင်းထဲမှာ ပါရမှာပင် တည်း။ သို့ပင်တည်း အင်းဝတံတားကြီး မပေါ်လာမီ နှစ်ပေါင်းများစွာက လူအများ သီဆိုလေ့ရှိတဲ့ သီချင်းတပေါင် တစ်ခုဟာ ရှိနေပါသေး၏။

ထို တပေါင်သီချင်းကား … ” ရွှေကြက်ယက် မိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့မိကျောင်း”လို့ ဆိုကြပါ သည်။ ၎င်းသီချင်းသည် စာရေးသူ ၄၊ ၅ နှစ်သမီးလောက်ကပင် လူကြီးများ သီဆိုကြသည်ကို ကြားနေခဲ့ရပါ သည်။ ယခု စာရေးသူ၏ အသက်ပင် (၇၀)ပတ်ဝန်းကျင်တွင် ရှိနေပါပြီ။ စာရေးသူ မမွေးမီ ဘယ် ရာစုနှစ်ဆီ ကပေါ်နေသောသီချင်းဟုမည်သူ ခန့်မှန်းနိုင်ပါမည်နည်း။ ၎င်းသီချင်းမှာ အင်းဝတံတားကြီး တည်ဆောက်သောအချိန်တွင်ပို၍ ခေတ်စားပြီး ဆန်းသစ် လာပြန်သည်ကို တွေ့ရပါသည်။

၁၉၃၅-၃၆ ခုနှစ်လောက်တွင် အင်းဝတံတား တည်ဆောက်ပြီးခဲ့သည်ထင်၏။ အလွန်ရှင်းလင်းနေသော ဧရာဝတီမြစ်ကြီး အလယ်တွင် နီနီရဲရဲ တံတားကြီးက ဖြတ်ကူးထားသဖြင့် ကြည့်ရသည်မှာ သတ္တဝါကြီးတစ် ကောင်မြစ်ကို ကန့်လန့်ဖြတ် ပေါ်နေသလိုလို ထင်ရပါသည်။ တံတားတစ်ဘက်မှာ စစ်ကိုင်းဘက်တွင်ရှိ၍ တစ်ဘက်သော တံတားထိပ်မှာ ရွှေကြက်ယက်ဘုရားနှင့် သပြေတန်းခံတပ်၏ အလယ်ကြား တွင် တည်ရှိပါ သည်။

ဤတွင် ရွှေကြက်ယက် မိကျောင်းပေါ်သော သီချင်းနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။ ဧရာဝတီမြစ်နံဘေး ရွှေကြက်ယက်ကမ်းစမှ စစ်ကိုင်းဘက်သို့ ကန့်လန့်ဖြတ်ကူးထားသော အင်းဝတံတား နီနီရဲရဲကြီးမှာ ရုတ်တ ရက် ဧရာဝတီမြစ်ထဲမှာ မိကျောင်းကြီး ကန့်လန့်ပေါ်နေသယောင် ဖြစ်နေပါသည်။ ဤမျှမက သီချင်း၏ နောက်တစ်ပိုဒ်ဖြစ်သော (မရာကျော်ကိုက်တဲ့မိကျောင်း)မှာလည်း တစ်နည်းအားဖြင့် ဆက်နွယ်နေပြန်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အင်္ဂလန်နိုင်ငံကို အုပ်စိုးသူသည် ဝိတိုရိယ ဘုရင်မကြီးဖြစ်ပါသည်။ ၎င်းဘုရင်မ လက်ထက်မှာပဲ မြန်မာပြည်အောက်ပိုင်း ရေး-မြိတ်-ထားဝယ်ထိ သိမ်းယူခြင်း၊ ဒုတိယရန်ကုန်မှ ပြည်-သရက်အထိ အလယ်ပိုင်းကို သိမ်းယူခြင်း၊ တတိယ အထက်မြန်မာပြည် မန္တလေး အထိ အလုံးစုံ သိမ်း ယူလိုက်ခြင်းဖြစ်၍ မြန်မာတစ်ပြည်လုံး စုံးစုံးမြှုပ် သူ့ကျွန်ဖြစ်ခဲ့ရသည်မှာ အနှစ်တစ်ရာ လောက်ရှိခဲ့ပြီ။

သို့ကြောင့် ဝိတိုရိယဘုရင်မကို မရာကျော်လို့ ဆိုလိုရင်းရှိခဲ့သည်။ ၁၉၂၀ ခုနှစ် သပိတ်ကြီးမှအစ ဂျီစီဘီအေ၊ မန္တလေး ကွန်ဖရင့်ကြီး အပြီးအထိ မြန်မာတို့ နိုင်ငံရေး မျိုးချစ်စိတ်ဓာတ်များ နှိုးဆွတက်ကြွချိန် ၁၉၃၅ ခုနှစ်လောက်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေး မရမနေ တောင်းဆိုလာခဲ့၏။ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ် ချုပ်မှုရရှိရန် ကြိုးစားပြီး ဝံသာနုတရားတွေ လှိုင်လှိုင်ကြီး ဟောနေချိန်ဖြစ်သည်။ ထောင်ကျခံ တိုက်ပွဲဝင်ကြ သည်။

ထိုအချိန်နှင့် ကိုက်၍ အင်းဝတံတားကြီး ပေါ်လာသောအခါ မရာကျော်ကိုက်တဲ့ မိကျောင်း (သို့မဟုတ်) (ကိုက်မယ့်မိကျောင်း)ဟု တပ်အပ်စွဲကြတော့သည်။ နှစ်တစ်ရာကျော်ဝိတိုရိယဘုရင်မ၏ လက်အောက်ခံ ကျွန် ဘဝမှ ရုန်းကန်ထကြတော့မည် အတိတ်နိမိတ်ဆိုပြီး အတော်စိတ်ဝင်စားခဲ့ကြသည်ကို တွေ့မြင်ကြား သိခဲ့ ရပါသည်။
ဟုတ်တော့လည်း အဟုတ်သားပါပဲ။ အဲဒီ တပေါင်းသီချင်းအတိုင်း မြန်မာပြည်ကြီး လွတ်လပ်၍ ပြည်ထောင်စု မြန်မာနိုင်ငံကြီး ဖြစ်လာတဲ့ ယနေ့အထိဆိုလျှင် ၂၅ နှစ်ပင် ရှိခဲ့ပါပြီကော။ ဒီသီချင်း ကို ဟိုအချိန်တုန်းက မည်သူ ရေးစပ်ခဲ့လေသနည်း။ အလိုလိုပေါ်ရင် တပေါင်လို့ခေါ်သည်။ လွန်ခဲ့ တဲ့ နှစ်တစ်ရာ လောက်ကဆိုရင် စစ်ကိုင်းနဲ့ ရွှေကြက်ယက် တစ်ဘက်ကမ်းနှင့် တစ်ဘက်ကမ်းကို မည်သူ ကကော တံတားကြီးဆောက်ဖို့ စိတ်ကူးပေါက်ပါဦးမည်နည်း။

ရွှေကြက်ယက်မှာ မိကျောင်းပေါ်ပြီးသည့်နောက် မရာကျော်၏ အင်ပါယာကြီး ပျက်စီးလိမ့်မည်လို့ကော ဘယ်ဗေဒင်ကမှ အဟောမထွက်ခဲ့ဖူးပါတကားလို့ စဉ်းစားစရာပင် ဖြစ်ပါသည်။ သို့ကြောင့်လည်း အင်းဝတံတားကြီးကို ကြည့်ရင်း နောက်ကြောင်းပြန် စဉ်းစားလို့ အတော်ကောင်းနေပါ သည်။ အတိတ်ဖြစ်စဉ်များဟာလည်း တကယ် မှတ်မှတ်ထင်ထင်ထားပြီး စဉ်းစားလျှင် ကောင်းသော အတွေ့ အကြုံကိုဖြစ်စေ၊ မကောင်းသော အတွေ့အကြုံကို ဖြစ်စေ၊ ရာဇဝင်အခြေခံ၊ သမိုင်း အခြေခံ ကလေး တွေ ဖြစ်နေတတ်ပြန်ပါသည်။

အင်းဝတံတားကြီး ဖွင့်ပွဲလုပ်စဉ်အခါက စာရေးသူ မန္တလေးမှာ ရှိနေခိုက်နှင့် ကြုံသောကြောင့် သွားခဲ့ရပါ သေး၏။ ထိုစဉ်က ရွှေကြက်ယက် မိကျောင်းပေါ်သောကိန်းနှင့် အင်းဝတံတားကြီး ဖွင့်ပွဲမှာ အထက်မြန်မာ နိုင်ငံ၏ အုတ်အော်သောင်းတင်း ပွဲကြီးပွဲကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အောက်ရပ်ကလူတွေလည်း လာကြသည်။ အညာပိုင်းကလည်း လာကြသည်။ ရှမ်းပြည်တောင်ပိုင်း၊ မြောက် ပိုင်းစသော တောင်ပေါ်ပိုင်းကလည်း လာကြပါသည်။ မန္တလေးတစ်မြို့လုံးလည်း ဤပွဲအတွက် လှုပ်လှုပ်ရွရွ ဖြစ်နေကြပါသည်။ အင်းဝဘက်နှင့် စစ်ကိုင်းဘက်၏ မြစ်ကမ်းနားတစ်လျှောက်မှာလည်း မဏ္ဍပ်ကနားကြီးတွေ ထိုးလို့၊ အစိုးရပိုင်ဆိုင်ရာ ဧရာမ ပါဝါ တန်ခိုးရှင်ကြီးများ “ရှိုး”အပြည့်နှင့် ရှိကြပါသည်။

စာရေးသူတို့ မန္တလေးမှ မနက်အစောကြီး နွားလှည်းနှင့်တပျော်တပါး လာခဲ့ကြပါသည်။ လှည်းခကလည်း ပေါလိုက်သည့်ဖြစ်ချင်း၊ မနက် ၅ နာရီက ညနေ ၆ နာရီအထိ တစ်ကျပ်သာ ပေးရပါသည်။ နွားကလေး တွေကလည်း ကြော့ကြော့မော့မော့၊ လှည်းဆရာကြီးကလည်း အမောင်းတော်လှသည်။ လှည်းပေါင်းမိုး ပေါ် မှာ နေပူသက်သာအောင် ကန့်လန့်ကာအနီကြီး အုပ်ပေးထားသေး၏။ အောက်မှ နွားစာ ကောက်ရိုး ခြောက် မြက်ခြောက်တွေ ထု တစ်ပေလောက် ခံထားပြီးမှ အပေါ်က သင်ဖြူးချောချော ခင်းပေးထားသော ကြောင့် လှည်းပေါ် ထိုင်လိုက်ရသည်မှာ ဆိုဖာပေါ် ထိုင်လိုက်ရသလို ငြိမ့်ညောင်းလှပါ၏။

ဧရာဝတီမြစ်ရေတိုးသော အချိန်ဆိုလျှင် စာရေးသူတို့ စတည်းချခဲ့သော တတိယ တံတားအုတ်တိုင်ကြီးမှာ မြစ်လယ်လောက်တွင် ရောက်နေပါသည်။ အနှစ် ၃၀ ကျော် ၃၅ နှစ်အတွင်း အထက်ပိုင်း ရောက် တိုင်း မန္တလေးမှနေပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို စသည်တို့ကို အလည်အပတ် ရောက်မြဲ။ ရောက်တိုင်း သည်တံတားကြီး ကိုကူးရမြဲဖြစ်ပါသည်။ တံတားကြီးပေါ် ရောက်တိုင်းလည်း ဖွင့်ပွဲတုန်းက စတည်း ချခဲ့သော တတိယအုတ်တိုင်ကြီးကို အမြဲငုံ့ကြည့်မိ သတိရမိခဲ့မြဲပင်ဖြစ်ပါသည်။

အဲ … သည် တံတားကြီးအောက်၌ လာရောက် စားသောက်ခဲ့ကြသူများအနက်မှာ ဤစာရေးသူ တစ်ယောက်တည်းသာ ကျန်ပါတော့လား။ လှည်းမောင်းပို့ခဲ့သော လှည်းဆရာကြီးလည်း ကွယ်လွန်ရှာပြီ။ မောင်ငယ်နှင့် ယောက်မငယ်တို့လည်း ကွယ်လွန်ကုန်ကြပြီ။ တပည့် လူငယ်ကလေးနှစ်ယောက်တို့ပင် ဒုတိယ ကမ္ဘာစစ်၏ စစ်ဦးဘီလူးကြောင့် ကွယ်လွန်ကုန်ကြသည်။ ယုတ်စွအဆုံး ဟောဒီ အင်းဝတံတားကြီး တောင်မှ အင်္ဂလိပ်တို့ဆုတ်ခွာအပြေးမှာ ဖျက်ဆီးချိုးဖဲ့ပစ်ခဲ့လို့ ပျက်စီးကျိုးပဲ့ ကျန်ရစ်ခဲ့ရသည်။ မြန်မာပြည် လွတ်လပ်ရေးရခါစကမှ ပြန်ပြီး ပြင်ဆင် အသုံးပြုရခြင်းဖြစ်ပါသည်။ တံတားကြီးလည်း အနိစ္စ၊ နယ်ချဲ့အစိုး ရလည်း အနိစ္စ၊ တံတားဖွင့်ပွဲတုန်းက ရောက်ခဲ့ကြရတဲ့ လူတွေလည်း အနိစ္စပါကလား။

Posted by SHWE ZIN U
ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ

Leave a Reply